← Chapters

ထျန်းရွှမ်နှင့် ကျိချန်းမင်တို့ ပြိုင်ဆိုင်ခြင်း

Vol. 104 Ch. 1448

ထျန်းရွှမ်နှင့် ကျိချန်းမင်တို့ ပြိုင်ဆိုင်ခြင်း

Vol. 104 Ch. 1448

သူတို့က မျှော်စင်ထဲ ရောက်သည်နှင့် လူကြီးမင်းလုက သူတို့ရှေ့မှာ ပေါ်ထွက်လာသည်။

“မင်းတို့တွေက စည်းမျဉ်းကို နားလည်လား။ မင်းတို့တွေက သေခြင်းရှင်ခြင်းတိုက်ပွဲကို ရွေးချယ်ထားတာဆိုတော့ လူတစ်ယောက် မသေသရွေ့ ပြင်ပကနေ ဝင်ရောက်စွက်ဖက်ခွင့် မရှိဘူး”

“ကျုပ်တို့သိပါတယ်” ကျိချန်းမင်က အေးစက်စက် ပြောလိုက်သည်။

“မဟုတ်ဘူး။ မင်းတို့နားမလည်ဘူး။ တစ်ယောက်ယောက် ရှုံးသွားရင် မျှော်စင်က ရှုံးနိမ့်သူကို ရှင်းထုတ်ဖို့ တာဝန်ရှိတယ်။ သူတို့က အဆုံးစွန်မဲ့စံပြ ဖြစ်ဖြစ် မဖြစ်ဖြစ်ပေါ့။ မင်းတို့တွေ ဒီလိုသဘောတူထားတာ ဟုတ်ရဲ့လား”

ထျန်းရွှမ်နှင့် ကျိချန်းမင်တို့က ထိုစကား၏ နောက်ကွယ်မှ အဓိပ္ပါယ်ကို နားလည်ကာ မျက်မှောင်ကြုတ်လိုက်ကြသည်။ သူတို့အမျိုးအစားက သတ်ဖို့ရာ မလွယ်ကူလှပေ။ ထို့ကြောင့် သူတို့၏ လက်ရှိရန်ငြိုးက သူတို့သည် အချင်းချင်း သတ်ဖြတ်ဖို့ မည်မျှခက်ခဲကြောင်းတွေ့ရှိပြီးနောက်တွင် ရန်ငြိုးက ဖြေရှင်းသွားနိုင်၏။ သို့သော်လည်း ဤစစ်ဆေးမှု၏ စည်းမျဉ်းအောက်တွင် တကယ့်အစစ်အမှန် သေခြင်းရှင်ခြင်းတိုက်ပွဲ ဖြစ်သွားလိမ့်မည်။

“ကျုပ်က ကိစ္စမရှိဘူး” ထျန်းရွှမ်က အရင်ဦးစွာပြောလိုက်သည်။

“ကျုပ်ကလည်း ငကြောက် မဟုတ်ဘူး” ကျိချန်းမင်က ယုံကြည်ချက်ရှိရှိ ပြန်ဖြေလိုက်သည်။

“ကောင်းပြီ” လူကြီးမင်းလုက ပြုံးကာ ခေါင်းညိတ်လိုက်၏။ သူတို့က စည်းမျဉ်းကို သိထားပြီး သဘောတူသည့်အတွက် နောက်ပိုင်းတွင် မည်သူကမှ မငြီးတွားနိုင်တော့ပေ။

“စစ်ဆေးမှုရဲ့ စည်းမျဉ်းတွေအရ မင်းတို့ရဲ့ တိုက်ပွဲကို ကြည့်ရှုနိုင်ဖို့ တခြားပြိုင်ပွဲဝင်တွေဆီကနေပြီးတော့ ဈေးနှုန်းတစ်ခု ကောက်ခံလိမ့်မယ်။  ၈၀ ရာခိုင်နှုန်းက အနိုင်ရရှိသူဆီ ရောက်သွားပြီးတော့ ကျန်တာက ငါတို့ဆီ ရောက်လာလိမ့်မယ်။ နားလည်လား”

“အချိန်ဖြုန်းမနေနဲ့တော့”

“ငါ့ကို အလျင်လာမလိုနဲ့။ နောက်ဆုံးတစ်ခုအနေနဲ့ မင်းတို့တွေက ဒီတိုက်ပွဲအတွက် ပတ်ဝန်းကျင်ကို ရွေးချယ်လို့ရတယ်။ ဒီလေဟာနယ်ထဲမှာ တိုက်ခိုက်မှာလား” လူကြီးမင်းလုက ပြောလိုက်သည်။

“အဲ့ဒီအရှုံးသမားက ပတ်ဝန်းကျင်ကို ရွေးချယ်ပြီး သူ့ကိုယ်သူ အရေးသာချက်ရှိအောင် လုပ်မယ်ဆိုရင်လည်း ကျုပ်ကတော့ စိတ်ထဲမထားဘူး” ထျန်းရွှမ်က ပုံမှန်အတိုင်း ပြန်ဖြေလိုက်သည်။

“လေဟာနယ်က အဆင်ပြေပါတယ်” ကျိချန်းမင်က ပြန်ဖြေလိုက်သည်။ မည်သို့ပင်ဆိုစေကာမူ အရာအားလုံးက ပျက်စီးသွားမည်ဖြစ်လေသည်။ တစ်ဖက်သူ အကြံပြုသည့်အတိုင်း သူ့အနေဖြင့် အရေးသာချက် မလိုအပ်ပေ။

“ကောင်းပြီလေ။ တိုက်ပွဲကို စလိုက်ကြရအောင်” လူကြီးမင်းလုက ကြေညာလိုက်သည်။ အပြင်ဖက်တွင် ရှိနေသည့်လူများက ဤတိုက်ပွဲအတွက် ကြည့်ရှုခ ပေးအပ်လိုက်ရသည်။ သူတို့၏ အမှတ်အသားပြားမှတဆင့် သူတို့သည် တိုက်ခိုက်သူအနီးတဝိုက်တွင်ရှိသကဲ့သို့ ကြည့်ရှုနိုင်လေ၏။ လူကြီးမင်းလုက ထိုစကားများကို ရေရွတ်လိုက်သည်နှင့် ထျန်းရွှမ်နှင့်ကျိချန်းမင်တို့က အရှိန်အဝါချင်း ထိပ်တိုက်တွေ့ဆုံလိုက်ကြသည်။

ဟမ် ထျန်းရွှမ်ရဲ့ ကျင့်ကြံဆင့်က ပထမကောင်းကင်အဆင့်ကို ရောက်နေပြီပဲ။

(ကောင်းကင်အဆင့်လို့ ပြောင်းသုံးပါ့မယ်။ ကောင်းကင်ဘုံအဆင့်နဲ့ လွဲနေမှာစိုးလို့ပါ … ပဥ္စမကောင်းကင်အဆင့်က ၉၅ ရာခိုင်နှုန်းပါ )

ဝမ်ဝေ့က ချက်ချင်း သတိထားမိလိုက်၏။ သို့သော်လည်း ဤသည်က အံ့အားသင့်မှုအနည်းဆုံး အရှိန်အဝါ ဖြစ်ပေသည်။

ဒီအရှိန်အဝါအရဆိုရင် သူက တာအိုနယ်ရှင်တစ်ယောက်ပဲ …

သူ့အရှိန်အဝါက တားမြစ်ခံတာအိုကို အသုံးပြုထားသည့် လူတစ်ယောက်နှင့် မတူသော်လည်း မဟာတာအိုက ခြွင်းချက်အနေဖြင့် ချီးမြှင့်လာခြင်း ဖြစ်၏။ ထိုအရာက တားမြစ်ခံစစ်ဆေးမှုကို ကျော်လွန်သွားသည့် လူတစ်ယောက်သဖွယ် ဖြစ်နေသည်။

ကောင်းပြီလေ။ အဓိပ္ပါယ်တော့ရှိပါတယ်။ တကယ်လို့ မဟာတာအိုက ငါ့ကို တားဆီးဖို့ တစ်စုံတစ်ယောက်ကို လိုချင်တယ်ဆိုရင် ငါနဲ့ ရုပ်ပိုင်းဆိုင်ရာရော၊  ဉာဏ်ရည်ပိုင်းဆိုင်ရာရော ယှဉ်နိုင်တဲ့သူမျိုးဖြစ်ရမှာပေါ့။

ဝမ်ဝေ့က သုံးသပ်ပြီးသည့်နောက်တွင် တိုက်ပွဲကို ဆက်လက်ကြည့်ရှုလိုက်သည်။

ပြိုင်ပွဲဝင်နှစ်ယောက်က အင်အားချင်း စတင်စမ်းသပ်နေကြ၏။ စက္ကန့်ပိုင်းလေးအတွင်း သူတို့နှစ်ဦးသားက ရှစ်ဆ တိုက်ခိုက်ရေးအဆင့်သို့  ရောက်ရှိသွားကြသည်။

ထင်ထားတဲ့အတိုင်း အဲ့ဒီကျိချန်းမင်က မရိုးရှင်းဘူးပဲ …

ဝမ်ဝေ့က တွေးလိုက်သည်။ ထျန်းရွှမ်၏ ကျင့်ကြံဆင့်က ထိုတစ်ယောက်ထက် ပိုမိုမြင့်မားသော်လည်း ကျိချန်းမင်၏ တိုက်ခိုက်မှုအဆင့်ကလည်း တူညီသည့်အဆင့်သို့ ရောက်ရှိနေလေသည်။ ပို၍အရေးကြီးသည်က ဝမ်ဝေ့သည် ထိုသူ အသုံးပြုသည့် နည်းစနစ်တစ်ခုတွင် စွဲလန်းမှုပါဝင်နေသည်ကို ခံစားမိလိုက်၏။ ဤသည်က ရှုရှစ် သို့မဟုတ် သူ့နည်းစနစ်ထက်ပင် ပိုမိုကောင်းမွန်နေသည်။

ဝှစ်

နှစ်ဦးသားက တစ်ဦးဆီ တစ်ဦးပျံသန်းသွားကာ လက်သီးချင်း ယှဉ်ထိုးလိုက်ကြသည်။ သူတို့၏ ထိပ်တိုက်တွေ့ဆုံမှုမှ ဖန်တီးလာသည့် စွမ်းအင်လှိုင်းက ကမ္ဘာများကိုပင် ဖျက်ဆီးပစ်နိုင်စွမ်း ရှိသည်။ သို့သော်လည်း မည်သူကမျှ ဂရုမစိုက်ကြပေ။ ဤထိပ်တိုက်တွေ့ဆုံမှုအတွင်း ထျန်းရွှမ်က နဂိုအတိုင်း ကျန်ရှိနေစဉ် ကျိချန်းမင်ကမူ မီတာအနည်းငယ် နောက်ဆုတ်လိုက်ရသည်။

“မင်းတို့လူတွေက ဝိညာဉ်ထက် ခန္ဓာကိုယ်ကို ပိုတန်ဖိုးထားတဲ့ လူဝံတွေဆိုတာ မေ့သွားတယ်” ကျိချန်းမင်က နောက်ထပ် နည်းစနစ်တစ်ခုဖြစ်သည့် စိတ်ဝိညာဉ်အဆီအနှစ်သဟဇာတဖြစ်ရေး နည်းစနစ်တစ်ခုကို အသုံးပြုလိုက်သည်။ သူ့အားကောင်းသည့် ဝိညာဉ်က ခန္ဓာကိုယ်နှင့် သဟဇာတဖြစ်သွားကာ စက္ကန့်ပိုင်းလေးအတွင်း အားနည်းနေသည့် ခန္ဓာကိုယ်က မငြိမ်းသက်နိုင်ဖွယ် စံပြတစ်ယောက်သဖွယ် ဖြစ်သွားလေသည်။

“မင်းတို့ရဲ့ အမျိုးအနွယ်က ခန္ဓာကိုယ်ရဲ့ အရေးပါမှုကို သဘောမပေါက်ကြသေးဘူးလား။ မင်းတို့တည်ထောင်သူ ကျရှုံးသွားတာ မထူးဆန်းဘူး”

“အဲ့စကားကို ပြန်ရုတ်သိမ်းလိုက်စမ်း”

“ငါ ပြောတာမှားလို့လား။ မင်းတို့လူတွေက သူ့တုံးအမှုကို အမွေဆက်ခံတာ ငါ့အမှားမှ မဟုတ်တာ” ထျန်းရွှမ်က တည်တည်ငြိမ်ငြိမ် တုန့်ပြန်လိုက်၏။ သူစကားက မိုးမြေ၏အမှန်တရား သို့မဟုတ် စည်းမျဉ်းအလားဖြစ်နေသည့်ပုံဖြင့် ပြောသွားလေသည်။

ဒီလူက မရိုးရှင်းဘူးပဲ။ အဲ့ဆိုတော့ သူက နှလုံးသားဆန္ဒနန်းဆောင်ကို ဘာလို့ရန်စနေရတာလဲ။ သူက မဟာတာအိုရဲ့ ကာကွယ်မှုကို အဲ့လောက်တောင် ယုံကြည်ချက်ရှိနေတာလား။

ဝမ်ဝေ့က တွေးလိုက်သည်။ သူ့အာရုံက အမျိုးသားဝတ်စုံဝတ်ဆင်ထားသည့် အမျိုးသမီးသည် ထျန်းရွှမ်အား သတ်ဖြတ်မှုအပြည့်ဖြစ်နေသည့် မျက်လုံးများဖြင့် ကြည့်နေကြောင်း အာရုံခံမိလိုက်၏။

“ကောင်းပြီ ကောင်းပြီ။ မင်းက ငါ့ဘိုးဘေးကို စော်ကားရဲတယ်ပေါ့။ ကောင်းပြီလေ။ မင်းကို ဒီနေ့ ဒီလောကကနေ မရှင်းထုတ်နိုင်ရင် ငါ့မျိုးရိုးက ကျိ မဟုတ်တော့ဘူး”

အကြောက်တရားဝိညာဉ်

ကျိချန်းမင်က သူ့ထူးကဲသည့် ဝိညာဉ်နှင့် စိတ်ခံစားချက်တာအိုကို အသုံးပြုကာ ဝိညာဉ်သက်ရှိတစ်ယောက်ကို ဖန်တီးလိုက်၏။ ထိုအရာ ပေါ်ထွက်လာသည်နှင့် ဝမ်ဝေ့အပါအဝင်အားလုံးက အံ့အားသင့်သွားကြသည်။ ထိုသက်ရှိက ရေဘဝဲဦးခေါင်းနှင့် အနီရောင်မျက်လုံးရှိထားသော လူသားအသွင် ဖြစ်၏။ သို့သော် ထိုအရာပေါ်ထွက်လာမှုက အံ့အားသင့်စရာ မဟုတ်ဘဲ ထိုအရာ၏တည်ရှိမှုက အံ့အားသင့်စရာ ဖြစ်၏။

ထိုသက်ရှိကို မြင်လိုက်သည့်သူတိုင်းက သူတို့၏ ဝိညာဉ်ထဲ အလျင်အမြန် ကြီးစိုးလာသည့် အကြောက်တရားကို ခံစားကြလိမ့်မည်။ ကံကောင်းစွာဖြင့် စစ်ဆေးမှုက သူတို့၏ ကာကွယ်ရေးစက်ယန္တရားကို အသက်သွင်းလိုက်လေသည်။ မဟုတ်ပါက ဤပြိုင်ပွဲဝင်အများစုသည် ရူးသွပ်သွားပြီး ကိုယ့်ကိုကိုယ် သတ်သေနိုင်လောက်၏။

ဒါက ကတ်သုလုပဲ …

နှလုံးသားဆန္ဒနန်းဆောင်က ကတ်သုလုရဲ့ ခန္ဓာကိုယ်ကို လေ့လာပြီးတော့ ဒီနည်းစနစ်ကို ဖန်တီးခဲ့တာပဲ ဖြစ်ရမယ်။

ဝမ်ဝေ့က တွေးလိုက်သည်။ ဝမ်ဝေ့က အသူရာချောက်နက်ထဲရှိ သက်ရှိသည် တကယ့်ကတ်သုလု၏ နောက်လိုက် သို့မဟုတ် ပုံရိပ်ယောင်တစ်ခုမျှသာဟု နားလည်ထား၏။ ယခုသူက ပိုမိုသေချာသွားမိသည်။

ဒီထုတ်ဖော်မှုက ရှုပ်ထွေးမှု အများကြီးရှိနေတယ် …

ဝမ်ဝေ့က ထျန်းရွှမ်ကို အာရုံစိုက်ရင်း တွေးလိုက်မိသည်။

ထိုသူ၏ ခန္ဓာကိုယ်က ရွံ့ရှာသည့် အငွေ့အသက်မျိုး ထုတ်လွင့်လာလေ၏။ ကြည့်ရသည်မှာ မိုးမြေကြားတွင် အရွံ့အရှာဆုံးအရာကို ဆင့်ခေါ်ထားသကဲ့သို့ ဖြစ်နေသည်။

အဲ့စိတ်ခံစားချက်တွေက သူ့ဆီကနေ မဟုတ်ဘဲနဲ့ မဟာတာအိုသားတော်ဆိုတဲ့ သူ့အဆင့်အတန်းဆီကနေ ထွက်ပေါ်လာတာပဲ။ ငါ့ရဲ့ ကောက်ချက်ချမှုက မှန်ကန်တယ်။ ကတ်သုလုက ဒီဟွင်သွမ်းစကြဝဠာမဟုတ်ဘဲနဲ့ ဟုန်မင် သို့မဟုတ် တခြားဟွင်သွမ်းစကြဝဠာကနေ ကျူးကျော်သူပဲ။

အဲဒါကြောင့် မဟာတာအိုက ပုန်ကန်နေသလို ခံစားခဲ့ရတာ။ ဒီစကြဝဠာက နယ်ခြားအင်အားစုကနေ ကျူးကျော်ခံရတဲ့အချက်ကို ကိုယ်စားပြုနေတာပဲ။

ဝမ်ဝေ့က မျက်မှောင်ကြုတ်လိုက်၏။

ဒဏ္ဍာရီအရတော့ သက်တမ်းရင့်နတ်ဘုရားတွေက အဆုံးမဲ့ကိုယ်ပွားတွေကို ဖန်တီးနိုင်တယ်တဲ့။ အဲ့ဆိုတော့ စကြဝဠာထဲမှာရှိတဲ့တစ်ခုက ကတ်သုလုရဲ့ အဆုံးမဲ့ကိုယ်ပွားထဲက တစ်ခုဖြစ်နိုင်တယ်။

ဝမ်ဝေ့က ထိုနည်းစနစ်တစ်ခုဖြင့် ကိစ္စရပ်များစွာကို ကောက်ချက်ချလိုက်ကာ အတည်ပြုလိုက်နိုင်သည်။

ကမ္ဘာမြေက ဒဏ္ဍာရီတွေက အမှန်တရားတချို့ကိန်းအောင်းနေတယ်ဆိုတာကို ငါ အမြဲသိခဲ့တာ။

ဆိုတော့ ဒါက အမှန်ဖြစ်နေတယ်ဆိုတာကို သိသွားမိပြီ။ အဲ့တာကြောင့် မဟာတာအိုက သမိုင်းမတိုင်မီကမ္ဘာကို အတော်လေး စိတ်ဝင်စားနေခဲ့တာပဲ။ ဒါပေမဲ့ အဲ့ဒါကြောင့်ရော ဟုတ်ရဲ့လား။

မဟာတာအိုက ကမ္ဘာမြေ၏ ထူးကဲမှုအတွက် တာဝန်မရှိပေ။ သူက ကမ္ဘာမြေက အတွေးအခေါ်များကို ဟွင်သွမ်းစကြဝဠာ၏ တိုးတက်မှုအတွက် အသုံးချဖို့ ကံကြမ္မာမျိုးစေ့ကို ဆင့်ခေါ်နေဖို့ မလိုအပ်ပေ။

ကြည့်ရတာက ကမ္ဘာမြေကို ပြန်သွားဖို့က ငါ ထင်ထားတာထက် အရေးကြီးနေတာပဲ။

ဝမ်ဝေ့က တွေးလိုက်မိသည်။

“သေလိုက်တော့” ထျန်းရွှမ်က အော်ဟစ်ရင်းဖြင့် ဖျက်ဆီးရေးတာအိုကို လှုံ့ဆော်ကာ မိုးကြိုးချက်များစွာကို ဆင့်ခေါ်လိုက်သည်။ လူများစွာက ထိုအရာသည် အတိုင်းအတာမဲ့စမ်းသက်ချက်လားဟု ထင်သွားလောက်အောင် ပြင်းထန်လှ၏။

ရူးသွပ်မှုဟစ်ကြွေးသံ

ကြောက်မက်ဖွယ်ကောင်းသည့် သက်ရှိက ပါးစပ်ကိုဟကာ စတင်အော်ဟစ်လာပြီး ပါးစပ်မှ အနက်ရောင်အရှိန်အဝါတစ်ခုကို ထုတ်လွှတ်လာကာ မိုးကြိုးချက်များကို တားဆီးလိုက်၏။

သက်ရောက်မခံရဘူးလား …

ကျိချန်းမင်က တွေးလိုက်သည်။ ထိုနည်းစနစ်က အကောင်းဆုံး မငြိမ်းသတ်နိုင်ဖွယ် စံပြတချို့၏ စိတ်ဆန္ဒကိုပင် ဖျက်ဆီးပစ်နိုင်စွမ်းရှိပေသည်။ သို့သော်လည်း ထိုလူက အကောင်းတိုင်း ရှိနေဟန်ပေါ်သည်။

ကောင်းပြီလေ။ အရင်ဆုံး ထည့်ပေါင်းလိုက်ရအောင် …

အိမ်မက်ဆိုးဝိညာဉ်

နောက်ထပ် သက်ရှိတစ်မျိုး ပေါ်ထွက်လာသည်။ ထိုအရာက လူသားအသွင်ဖြစ်သော်လည်း မျက်နှာ သို့မဟုတ် သိသာထင်ရှားသည့် အင်္ဂါရပ်မျိုးမရှိဘဲ ခန္ဓာကိုယ်က အမှောင်ထုဖြင့်သာ ဖွဲ့စည်းထားလေ၏။ ထိုသက်ရှိက ခြေထောက်မရှိဘဲ မျောလွင့်နေသည့် ဝတ်ရုံတစ်ခုသာ ရှိနေသည်။ ထိုအရာ ပေါ်ထွက်လာသည်နှင့် သက်ရှိနှစ်‌ယောက်ကြားတွင် ပဲ့တင်မှုတစ်ခု ပေါ်ထွက်လာသည်။

ထို့နောက် ထျန်းရွှမ်၏ခန္ဓာကိုယ်က တိုက်ခိုက်နေစဉ်အတွင်း ရပ်တန့်သွားလေ၏။

သူ့မျက်နှာတွင် ရုန်းကန်သည့် အမူအရာ ပေါ်ထွက်လာသော်လည်း သူက သူ့စိတ်ကိုလွှမ်းမိုးနိုင်စွမ်းရှိသည့် အာရုံထွေပြားမှုအားလုံးကို ဖျက်ဆီးခြင်းဖြင့် အလျင်အမြန် တုန့်ပြန်လိုက်သည်။

မိုးမြေအမျက်ဒေါသ

ထျန်းရွှမ်က လက်ကို ဝေ့ယမ်းပြီး အနီရင့်ရင့်လက်ကို ထုတ်ဖော်လိုက်သည်။ ထိုလက်က ကြီးမားလွန်းသည့်အတွက် တိုက်ပွဲကွင်းပြင်တွင် ရှိသည့်လူအားလုံးကို ပစ်မှတ်ထားနိုင်စွမ်းရှိ၏။ ထို့ကြောင့် ထိုအရာက အားပြင်းပြင်းဖြင့် ကျရောက်လာလေသည်။ ကျိချန်းမင်က သူ့ကိုယ်ပိုင်နည်းစနစ်ဖြင့် တုန့်ပြန်တော့မည့်ဆဲဆဲတွင် ထျန်းရွှမ်က ပိုမိုမြန်ဆန်လှသည်။

ခုခံမှုဖျက်ဆီးခြင်း

တစ်ဖက်သူ၏ခုခံမှုကို ဖျက်ဆီးခြင်းဖြင့် ကျိချန်းမင်နှင့် တခြားသက်ရှိနှစ်ယောက်က မလှုပ်ရှားနိုင်တော့ဘဲ ရပ်တန့်သွားလေတော့သည်။ သူတို့၏စိတ်က တန်ပြန်ရင်ဆိုင်ဖို့ နှေးကွေးစွာ တုန့်ပြန်နေပေသည်။

ဝုန်း

အဖျက်စွမ်းအားက လမ်းတွင်ရှိသမျှအရာအားလုံးကို ဖျက်ဆီးပစ်ခဲ့သည်။ ထိုသက်ရှိများက ပျောက်ကွယ်သွားသော်လည်း ကျိချန်းမင်ကမူ သူ့တာအိုဆန္ဒဖြင့် ဖွဲ့စည်းထားသည့် ဝိညာဉ်ဒိုင်းကာတစ်ခုဖြင့် ကာထားခြင်း ခံရလေ၏။

ဟမ် ... သူ့တာအိုဆန္ဒက သက်ရှိနေတာပဲ။ မဟုတ်သေးဘူး ပြောရမယ်ဆိုရင် ကျိချန်းမင်က သူ့တာအိုဆန္ဒထဲမှာ ကိုယ်ပိုင်စိတ်ခံစားချက်နဲ့လိုအင်ဆန္ဒတွေကို ထည့်သွင်းခဲ့ပြီးတော့ သူ့ကို လိုအပ်တာတဲ့အခါမှာ အလိုအလျောက် ကာကွယ်ပေးနိုင်တဲ့ ရည်ရွယ်ချက်မျိုးရှိနေတဲ့ အသိဉာဏ်တပိုင်းရှိတဲ့ သက်ရှိမျိုးကို ဖန်တီးခဲ့တာ။

တကယ့်ကို ပြောင်မြောက်တဲ့ လုပ်ဆောင်ချက်ပဲ။

ထိုနည်းစနစ်၏ အဆင့်က ထူးကဲသာလွန်မှုအင်အားစုဆီမှ သူ မျှော်လင့်ထားသည့်အရာမျိုး ဖြစ်ပေသည်။

ဝမ်ဝေ့က အားလုံးကို ခိုးယူကာ သူ့ကိုယ်ပိုင်အဖြစ် ပြောင်းလဲပစ်မည် ဖြစ်သည်။

“ကောင်းသားပဲ။ မင်းရဲ့ အိမ်မက်ဆိုးက ဒီကနေ စတင်ပြီ” ကျိချန်းမင်က စတင်လှောင်ပြောင်လိုက်သည်။ ဖျက်ဆီးခံလိုက်ရသည့် သက်ရှိက ရုတ်ခြည်းဆိုသလို ပေါ်ထွက်လာပြီး ထျန်းရွှမ်ထံ အေးစက်စက် စိုက်ကြည့်လာသည်။

အကြောက်တရားဝိညာဉ်

ကျိချန်းမင်က တတိယသက်ရှိကို ဆင့်ခေါ်လိုက်လေ၏။ ထိုအရာက ခန္ဓာကိုယ်အနှံ့ မျက်လုံးပေါင်းထောင်ချီရှိသည့် သက်ရှိအသွင် ဖြစ်ပေသည်။

All Chapters