← Chapters

ထျန်းရွှမ်နှင့်ကျိချန်းမင်တို့ ပြိုင်ဆိုင်ခြင်း အပိုင်း (၂)

Vol. 104 Ch. 1449

ထျန်းရွှမ်နှင့်ကျိချန်းမင်တို့ ပြိုင်ဆိုင်ခြင်း အပိုင်း (၂)

Vol. 104 Ch. 1449

[မင်းရဲ့ ရည်ရွယ်ချက်ကို နားလည်လား။ မင်းတည်ရှိနေရတဲ့ အကြောင်းရင်းကိုရော နားလည်လား …]

“နားလည်ပါတယ်။ စိတ်မပျက်စေရပါဘူး”

[နှေးလွန်းတယ်။ မင်းရဲ့ တိုးတက်နှုန်းက အရမ်းကို နှေးလွန်းတယ်။ ဝမ်ဝေ့က သူ့အထွတ်အထိပ်တားမြစ်ခံ စစ်ဆေးမှုကို အောင်မြင်သွားပြီ။]

“သူ့ကို မရှုံးနိမ့်စေရပါဘူး”

[ကောင်းပြီ။ မင်းဉာဏ်ရည်က သူနဲ့ယှဉ်နိုင်တယ်ဆိုတာကို သက်သေပြသွားပြီးပြီ။ ဒါပေမဲ့ မလုံလောက်သေးဘူး။ သူ့နဝမအဆုံးစွန်အုတ်မြစ်က ပြီးမြောက်လုနီးပါးဖြစ်နေပြီ။ မင်းက စတောင် မစရသေးဘူး။]

“ကျွန်တော် ရအောင် လုပ်ပါမယ်”

[မင်းက ဘာလို့အဲ့လောက်တောင် အသုံးမကျရတာလဲ။ မင်းက မိုးမြေရဲ့ အကောင်းဆုံး ကောင်းချီးတွေနဲ့ မွေးဖွားလာတဲ့ မဟာတာအိုရဲ့သားတော်လေ]

“ဒီတစ်ခါ ကျွန်တော်ဘာများအမှားလုပ်မိလို့လဲ”

[ဝမ်ဝေ့က စကြဝဠာထဲမှာ ဒုတိယမြောက် လူသားဧကရာဇ် ဖြစ်သွားပြီ။ တကယ်လို့ မင်း သူ့ကို နိုင်ချင်တယ်ဆိုရင် တတိယလူ ဖြစ်မှရမယ်။]

“ကျွန်တော် အကောင်းဆုံးကြိုးစားပါ့မယ်”

[ဘာ မင်းက သူ့ရှေ့ကနေ တာအိုသက်သေပြလို့ ကျေနပ်နေတာလား။ ကောင်းပြီလေ သူက အတိုင်းအတာမဲ့ဧကရာဇ်ဖြစ်လာတယ်။ စကြဝဠာကြီးရဲ့ ပထမဦးဆုံးသူပဲ။ ဆိုလိုတာက မင်းရဲ့ အောင်မြင်မှုသေးသေး‌လေးက ဘာမှမဟုတ်ဘူး။]

“ကျွန်တော် အတိုင်းအတာမဲ့ဧကရာဇ်ဖြစ်အောင် ဘယ်လိုလုပ်လို့ရလဲ”

[မင်းအတွက် နောက်ကျလွန်းသွားပြီ။ ဒါပေမဲ့ သူက သူ့တည်ရှိမှုကို သူဖန်တီးထားတဲ့ ကောင်းကင်ဧကရာဇ်ခေတ်ကာလနဲ့ ဆက်နွယ်ဖို့ ပြင်ဆင်နေတယ်။ မင်းက သူ့အတိုင်း လုပ်ကြည့်ပါလား။]

“ကျွန်တော် သူ့ထက် သာလွန်တဲ့ ခေတ်ကာလမျိုး ဖန်တီးပါမယ်”

[မင်းက ကောင်းကောင်းလုပ်ခဲ့တယ်။ နောက်ထပ်ပြိုင်ပွဲက တားမြစ်တိုက်ခိုက်ရေးအဆင့်ပဲ။ မင်း သူ့ကို ရှုံးလို့မရဘူး။]

“ကျွန်တော် မရှုံးနိမ့်စေရပါဘူး”

....

“ကျွန်တော် မရှုံးနိမ့်စေရပါဘူး”

....

ထျန်းရွှမ်၏ မျက်ဝန်းထဲ ဟာကွက်တစ်ခု ပေါ်ထွက်လာကာ အဝေးသို့ လွင့်စင်သွားလေသည်။ ဆိုးရွားလှသည့် နာကျင်မှုက သူ့အား အိမ်မက်ဆိုးမှ  နိုးထလာစေ၏။ သူ၏အသိစိတ်က ထပ်မံအာရုံလွဲသွားတာ သတိထားမိပြီး သူ့စိတ်၊ စိတ်ဝိညာဉ် သို့မဟုတ် ဝိညာဉ်အပေါ် သက်ရောက်မှုရှိနေသည့် ဆိုးကျိုးအားလုံးကို ဖျက်ဆီးခြင်းဖြင့် အလျင်အမြန် တုန့်ပြန်လိုက်သည်။

ထျန်းရွှမ်က ယခုသူ့ခန္ဓာကိုယ်ကို ထိန်းချုပ်လိုက်သော်လည်း ထိုတိုက်ကွက်က သူ့ကို ဒဏ်ရာအပြင်းအထန် ရရှိစေခဲ့သည်။

သူ့တာအိုဆန္ဒက အတော်လေး မနှစ်မြို့စရာပဲ …

သူက သုံးသပ်လိုက်၏။ ထျန်းရွှမ်၏ တာအိုဆန္ဒနှင့် စိတ်ဆန္ဒသဏ္ဌာန်ပေါင်းစည်းမှုက ကျိချန်းမင်၏ တာအိုဆန္ဒကို ပိတ်ဆို့နိုင်ရုံမျှသာ ဖြစ်၏။ သူ့အစစ်အမှန် ဆန္ဒထဲတွင် ဖျက်ဆီးခြင်းတာအို အနှစ်သာရတချို့ ကိန်းအောင်းနေသည်။ ကံကောင်းစွာဖြင့် သူ့ဝိညာဉ်က ကောင်းမွန်သည့် ဝိညာဉ်ကာကွယ်ရေးပစ္စည်းဖြင့် ကာကွယ်ခြင်း ခံထားရလေသည်။ ထို့ကြောင့် သက်ရောက်ခြင်း မခံရပေ။

ထျန်းရွှမ်၏ နောက်တွင် ယင်ယန်သင်္ကေတတစ်ခု ပေါ်ထွက်လာသည်။ ဖျက်ဆီးခြင်းတာအိုမှ ဖန်ဆင်းမှုအသွင် ပြောင်းလဲသွားလေ၏။ ထို့နောက် ထျန်းရွှမ်၏ ပြီးပြည့်စုံသည့် ပုံပွားတစ်ခုက ထိုသင်္ကေတထဲ ပေါ်ထွက်လာသည်။ ထို့နောက် ထျန်းရွှမ်က သူ့ဝိညာဉ်အားခန္ဓာကိုယ်အသစ်ထဲ ပြောင်းထည့်ကာ ယခင်ဒဏ်ရာများကို ကုစားလိုက်၏။

“အသုံးမဝင်ဘူး” ကျိချန်းမင်က သူ့ဆင့်ခေါ်ထားသည့် ဝိညာဉ်သုံးခုက တစ်ခုနှင့်တစ်ခု သဟဇာတဖြစ်လာရင်း ဒုတိယအကြိမ် တိုက်ခိုက်လာသည်။

 ထျန်းရွှမ်က ယခင်ကိုယ်ကို ရုပ်သေးရုပ်အသွင် ထိန်းချုပ်၍ ထိုဝိညာဉ်သုံးခုနှင့် ရင်ဆိုင်လိုက်၏။

ကျိချန်းမင်က လက်ကိုမြှောက်ကာ အငြိုးအတေးဖြင့် ပြည့်နှက်နေသည့် တိုင်လုံးသုံးခုကို ဖန်တီးလိုက်သည်။ သူက ထိုအခွံ့ကို ပိတ်ဆို့ပြီး သူ့တိုက်ကွက်အတွက် အချိန်လုံလုံလောက်လောက် ဆွဲဖို့ ပြင်ဆင်ထား၏။

သို့သော်လည်း ထျန်းရွှမ်က ရက်စက်စွာဖြင့် ထိုရုပ်သေးရုပ်ကို ဖောက်ခွဲလိုက်ကာ ပြင်းထန်သည့် အဖျက်စွမ်းအား ထွက်ပေါ်လာစေသည်။ ထိုတိုက်ကွက် ကျိချန်းမင်ဝန်းကျင်တွင် ရှိနေသည့် ကာကွယ်ရေးနည်းလမ်းကလွဲ၍ အရာအားလုံးကို ရှင်းထုတ်သွားလေသည်။

ထျန်းရွှမ်က သူနှင့်တစ်ဖက်သူကြားမှ အကွာအဝေးကို ဖျက်ဆီးပြီး မြန်နှုန်းမြင့် ပြောင်းရွှေ့ရေးကို အရယူခဲ့သည်။ သူက ကျိချန်းမင်နောက်တွင် ပေါ်ထွက်လာပြီး ဖျက်ဆီးရေးအတွက် ဖွဲ့စည်းထားသည့် ဓားတစ်ချောင်းကို ကိုင်ဆောင်ထားလေ၏။

“သေလိုက်တော့” သူက အော်ပြောလိုက်သည်။

“ငါက ဒီလိုသိသာတဲ့ လှည့်ကွက်မျိုးမှာ ကျဆင်းမယ်များ ထင်နေလား” ကျိချန်းမင်က လှောင်ပြောင်လိုက်ပြီးသည့်နောက်တွင် သူ့ဝန်းကျင်၌ ရွှေရောင်တောင်ပံရှိသည့် သက်ရှိ ပေါ်ထွက်လာသည်။ ဤသည်က သူ့ခံနိုင်ရည်စိတ်ဝိညာဉ်က မွန်မြတ်ခြင်းခုနစ်ပါးမှ ဖွဲ့စည်းထားသည့် အကြွင်းမဲ့ကာကွယ်ရေး ပုံစံတစ်မျိုး ဖြစ်ပေသည်။

ဝှစ်

ထျန်းရွှမ်၏ ဓားက သူ့ခုခံမှုကို ထိုးဖောက်သွားလေသည်။

“ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ” ကျိချန်းမင်က တစ်ဖက်သူနှင့် အကွာအဝေးကို ချဲရင်း အံ့အားသင့်သွားသည်။ ထျန်းရွှမ်က ထိုအခွင့်အရေးကို လက်လွှတ်မခံဘဲ ဆက်တိုက် တိုက်ခိုက်လာလေ၏။

ကျိချန်းမင်က ထိုဝိညာဉ်သုံးခုကို ပြန်လည်ဖွဲ့စည်းခြင်းဖြင့် အလျင်အမြန် တုန့်ပြန်လိုက်သည်။ ဝိညာဉ်တစ်ခုချင်းစီက စကြဝဠာသုံးခုကို ဖန်တီးပြီး ထျန်းရွှမ်၏ လမ်းစဉ်ကို ပိတ်ဆို့လိုက်လေ၏။ ထိုချဉ်းကပ်မှုက သက်ရောက်မှုရှိပေသည်။ အကြောင်းအရင်းကမူ အိမ်မက်ဆိုး၊ အကြောက်တရားနှင့် သည်းထိပ်ရင်ဖို စကြဝဠာကြီးကို ဖျက်ဆီးဖို့ အချိန်တစ်ခု ကြာမြင့်ခဲ့သည်။

ထိုစဉ် ကျိချန်းမင်က ထိုအခွင့်အရေးကို အသုံးပြုကာ ယခင်တိုက်ကွက်အကြောင်း စဉ်းစားနေလေ၏။

ဒါက ကံကောင်းမှုတာအိုပဲ။ အဲ့ဒီကောင်စုတ်က သူ့ဓားကို တားဆီးနိုင်တဲ့ ဖြစ်နိုင်ချေအားလုံးကို ဖျက်ဆီးပစ်ခဲ့တာ။ အဲ့တာကြောင့် ငါ့ရဲ့ခုခံမှုထဲက ဟာကွက်ကနေ ဝင်ရောက်လာတာပဲ။

ကျိချန်းမင်က သူ့ရင်ဘတ်မှ ဓားခုတ်ရာကို အံကြိတ်ကာ ကြည့်လိုက်သည်။

ကံကောင်းတာက အဲ့ဒီနိမ့်ကျတဲ့သူတွေရဲ့ အစစ်အမှန်ဆန္ဒအသုံးပြုမှုကလည်း နိမ့်ကျနေတာပဲ။

သူ့အနေဖြင့် ထျန်းရွှမ်၏ အစစ်အမှန်ဆန္ဒကို ပြန်လည်ဖယ်ရှားဖို့ အချိန်တစ်ခု ယူခဲ့ရသည်။

ကျိချန်းမင်က သူ့ခေါင်းကို လှုပ်ယမ်းကာ ဖျက်ဆီးခြင်းမြှားကို ‌ရှောင်ရှားလိုက်သည်။

“မင်းရဲ့ အစွဲအလမ်းက ဘာလဲ” ကျိချန်းမင်က လှောင်ပြုံးဖြင့် မေးလိုက်သည်။ ထျန်းရွှမ်က ပြန်မဖြေဘဲ နောက်မြှားတစ်စင်း ပစ်ခတ်လာလေ၏။ မွန်မြတ်ခြင်းစိတ်ဝိညာဉ်က အလင်းဓားဖြင့် မြှားချက်ကို ရိုက်ထုတ်လိုက်သည်။

“ကြည့်ရတာ မင်းဆီမှာ အစွဲအလမ်းနှစ်ခု ရှိနေတာပဲ။ တစ်ခုနဲ့တစ်ခုက ဆန့်ကျင်နေတယ်။ ပထမတစ်ခုက တစ်စုံတစ်ယောက်ကို စွန့်ပစ်ပြီးတော့ သူတို့ရဲ့ အရိပ်ထဲမှာ မနေချင်တာ။ စိတ်ဝင်စားစရာပဲ။ မင်းလိုလူမျိုးကိုတောင် အစွဲအလမ်းရှိစေတယ်တဲ့လား”

ထျန်းရွှမ်က မြှားမိုးကို ဆက်လက် ထုတ်လွင့်လာသည်။ သို့သော်လည်း အသုံးမဝင်ခဲ့ပေ။ မွန်မြတ်ခြင်း စိတ်ဝိညာဉ်က ဒိုင်းကာတစ်ခုလို ဖွဲ့စည်းထားပြီး ဓားချက်နှင့်အတူ သူ့သခင်ထံ မည်သည့်အထိအခိုက်မှ မရှိအောင် တားဆီးထားလေ၏။

“မင်းရဲ့ ဒုတိယအစွဲအလမ်းက အတော်လေး ဖုံးကွယ်ထားတာပဲ။ ငါတောင် မမြင်နိုင်ဘူး။ ဒါပေမဲ့ ငါတို့မှာ အချိန်တွေအများကြီး ရှိပါသေးတယ်” ကျိချန်းမင်က ဆက်ပြောလိုက်သည်။ သူက အားပါးတရ ရယ်မောလိုက်ပြီးသည့်နောက်တွင် တိုက်ခိုက်လာသည်။

 ပထမဦးစွာ သူက သည်းထိပ်ရင်ဖိုဝိညာဉ်ကို အကြောက်တရားဝိညာဉ်အဖြစ် ပေါင်းစည်းကာ လက်လေးဖက်၊ ရေဘဝဲဦးခေါင်းနှင့် ခန္ဓာကိုယ်အနှံ့ မျက်လုံးများစွာ ရှိထားသည့်သက်ရှိအသွင် ပြောင်းလဲလိုက်သည်။

ထိုသက်ရှိကာ ထျန်းရွှမ်အား စိုက်ကြည့်လာပြီးသည့်နောက်တွင် သူ့ခန္ဓာကိုယ်က စတင်ဆင့်ကဲပြောင်းလဲလာသည်။

သူ့ဘယ်ဖက်လက်က ကြွက်သားများကြီးထွားလာ တစ်ရှူးများကို မထိန်းချုပ်နိုင်တော့ဘဲ ဧရာမအသားစိုင်ကြီးအသွင်ပြောင်းလဲသွားသည်။

ထျန်းရွှမ်က တည်ငြိမ်နေ၏။ ခန္ဓာကိုယ်လေ့ကျင့်သူအနေဖြင့် ထိုသို့သောအခြေအနေမျိုးကို ရင်ဆိုင်ရသည်က ပထမဦးဆုံးအကြိမ် မဟုတ်ပေ။ ထို့ကြောင့် သူက ထိန်းချုပ်မှုကို ရယူဖို့ အာရုံစိုက်ထားလေ၏။ နှမြောစရာကောင်းလှစွာဖြင့် ဆင့်ကဲပြောင်းလဲမှုက ခွန်အားအစစ်အမှန်တာအိုနယ်ပယ် စမ်းသပ်ချက်ထက် ပိုမိုပြင်းထန်နေသည်။ ထို့ကြောင့် သူက လက်ကိုဖြတ်တောက်ကာ အသစ်ပြန်လည် ပေါက်စေခဲ့သည်။

သူက အဝေးတစ်နေရာဆီ ပျံသန်းသွားကာ ထိုသက်ရှိက ဤနည်းစနစ်ကို ထုတ်သုံးဖို့ အမြင်အာရုံ လိုအပ်တာလားဟု စဉ်းစားနေသည်။ သို့သော် သူ တစ်ဝက်သာ မှန်ကန်လေ၏။ ပထမဦးဆုံးတိုက်ကွက်က အမြင်အာရုံကို လိုအပ်သော်လည်း နောက်ထပ်တစ်ခုကမူ သူတို့ကြားမှ ကံစပ်နွယ်မှုကိုသာ အသုံးပြုထားလေ၏။ ထို့ကြောင့် ထျန်းရွှမ်က အလျင်အမြန် အာရုံခံမိကာ ကံဆက်နွယ်မှုအား ဖျက်ဆီးပစ်ခဲ့သည်။

သို့သော်လည်း သူ့ကို စောင့်ဆိုင်းနေသည်က ကျိချန်းမင်၏ လေးခုမြောက်ဆင့်ခေါ်မှု ဖြစ်သည်။ နောင်တတရားဝိညာဉ် ဖြစ်သည်။ မီတာ၂၀ကျော်မြင့်မားသည့် အနီတောက်တောက်နှလုံးသားက အနက်ရောင်ဓားမြှောင်တစ်ချောင်း ထိုးစိုက်နေသည့်အသွင်ဖြင့် အလျင်အမြန် ပေါ်ထွက်လာလေသည်။ ထို့နောက် ထိုနှလုံးသားက စတင်ခုန်လာလေ၏။

တိုက်ပွဲအလယ်တွင်ရှိနေသည့် ထျန်းရွှမ်က မြူခိုးများရှိနေသည့် အဖြူရောင်နေရာလွတ်ဆီသို့ ရောက်သွားသည်ကို တွေ့လိုက်ရသည်။ သူ့ပထမဦးဆုံး အလိုလိုသိစိတ်က အရာအားလုံးကို ဖျက်ဆီးဖို့ ဖြစ်၏။ သို့သော်လည်း သူက သူ့ကိုယ်သူ တားဆီးလိုက်သည်။

 မြူခိုးများက အမျိုးသမီးတစ်ယောက်အသွင် ဖွဲ့စည်းသွားသည့်အခါတွင် ဖြစ်၏။ သူမ၏မျက်နှာက မှုန်ဝါးနေသော်လည်း သူမ၏ ပုံစံက လှပကာကျော့ရှင်းသည့် အငွေ့အသက်ရှိကြောင်း ညွှန်ပြနေလေသည်။

ထျန်းရွှမ်က ထိုအမျိုးသမီးကို တည်ငြိမ်စွာကြည့်လိုက်၏။ သူက သူမကို ရှင်းလင်းစွာ မမြင်ရသော်လည်း သူမက ပြုံးနေကြောင်း ပြောနိုင်သည်။ သူမက လက်ကို မြှောက်လိုက်သည့်အချိန် သူကလည်း မသိလိုက်ဘဲ လက်ကို ဆန့်ထုတ်လိုက်သည်။ ကံဆိုးစွာဖြင့် သူ သူမကို မထိတွေ့နိုင်ခင် သူမက အနက်ရောင်ဝတ်ရုံဝတ်ဆင်ထားပြီး အနက်ရောင်လက်သည်းရှိကာ အနက်ရောင်နှင့်အနီရောင်အရိပ်ရှိထားပြီး အနက်ရောင်နှုတ်ခမ်းရှိထားသည့် အမျိုးသမီးတစ်ယောက် အသွင်ပြောင်းလဲသွားသည်။ ထိုအမျိုးသမီးက သူမ၏ ရှေးကျသော အာဏာအငွေ့အသက်တို့နှင့် အမှောင်တို့ဖြင့် ရင်သပ်ရှုမောဖွယ်လှပပေသည်။

“ရှင် ဘယ်သူနဲ့စေ့စပ်ထားတာကို မမေ့နဲ့ဦး” သူမက ကြေညာလိုက်သည်။

“အဲဒါဆို မင်းက စီစဉ်ထားတဲ့လက်ထပ်ပွဲတစ်ခုအတွက် မင်းဘဝရဲ့ ချစ်ခြင်းမေတ္တာကို စွန့်ပစ်လိုက်တာပဲ။ ဒါက မင်းရဲ့ နောင်တလား” ကျိချန်းမင်၏ လှောင်ပြောင်သံက ထိုဒိုင်မေးရှင်းအတွင်း ပဲ့တင်ထွက်လာသည်။

 ထျန်းရွှမ်က ထိုစိတ်ဝိညာဉ်နယ်ပယ်ကို ဖျက်ဆီးဖို့ ကြိုးစားလေ၏။

ကံဆိုးစွာဖြင့် သူ့ကိုစောင့်ဆိုင်းနေသည်က သူ စောင့်မျှော်နေသည့် လွတ်လပ်ခွင့်မျိုးမဟုတ်ဘဲ သည်းထိပ်ရင်ဖိုကမ္ဘာတစ်ခု ဖြစ်၏။ ထျန်းရွှမ်က လက်မောင်းများစွာ အောက်မှထွက်ပေါ်လာပြီး သူ့ကို ဆွဲယူဖို့ကြိုးစားနေသည့် ပုံရိပ်ယောင်အတွင်း ပိတ်ဆို့သွားသည်ကို တွေ့ရှိသွားသည်။ အဆိုးဆုံးအရာက ထိုအရာများသည် ကြက်သီးထဖွယ် အကောင်းဆုံးအရာမဟုတ်သေးဘဲ သူ့ကို ဆက်တိုက်ခေါ်နေသည့် ချိုမြိန်သည့် အသံကသာ ဖြစ်၏။

“ရှင်ဘာလို့ ကျွန်မကို စွန့်ပယ်ခဲ့တာလဲ”

“ကျွန်မက ရှင့်အတွက် မလုံလောက်ဘူးလား”

“ရှင်က ကျွန်မတို့အတွက် မတိုက်ခိုက်ပေးနိုင်ဘူးလား”

ထျန်းရွှမ်က ထိုအသံကို ကောင်းကောင်းသိထားလေသည်။ ထိုအရာက သူ့ကို အိမ်မက်ထဲတွင် အမဲမလိုက်တော့ဘဲ လက်တွေ့အထိ လိုက်ပါလာ၏။

“သုတ်သင်ပစ်” ထျန်းရွှမ်က အေးစက်စက်ပြောကာ ဤဒိုင်မေးရှင်းထဲတွင် ရှိနေသည့် အရိပ်အားလုံးကို သုတ်သင်ပစ်လိုက်သည်။

“ဘာတွေများ အလျင်လိုနေတာလဲ။ ငါတို့က အခုမှစတင်ကာစ မဟုတ်ဘူးလား။ မင်းရဲ့အိမ်မက်ဆိုးကိုတောင် မကြည့်ရသေးဘူးလေ” ကျိချန်းမင်က ရယ်မောလိုက်သည်။

ထျန်းရွှမ်က အေးစက်စက်ဖြင့် အဝေးတစ်နေရာကို လှမ်းကြည့်လိုက်၏။ သူ့အကြည့်တို့က သူ့စိတ်ကိုရှုပ်ထွေးစေသည့် စွမ်းအားတို့ကို ထိုးဖောက်သွားပြီး ကျိချန်းမင်ဆီ ရောက်ရှိလာတော့သည်။

“ကောင်းကင်တာအိုမျက်ဝန်း သုံးသပ်ချက် ပြီးဆုံးသွားပြီ”

ကျိချန်းမင်က ကြက်သီးဖြန်းဖြန်းထသွားကာ သူသည် တစ်ဖက်လူရှေ့ကိုယ်လုံးတီး ရပ်နေရသလို ခံစားလိုက်ရသည်။

“တစ်ဖက်သူရဲ့ တာအိုဆန္ဒကျွမ်းကျင်မှုနဲ့ စိတ်ကာကွယ်မှုနည်းလမ်းကို ကူးယူမယ်” ထျန်းရွှမ်က ‌ရေရွတ်လိုက်သည်။ သူ့ခန္ဓာကိုယ်က ကျိချန်းမင်၏ ပုံရိပ်ယောင်အားလုံးကို ချိုးဖောက်နိုင်သည့် အရှိန်အဝါတစ်ခု ထုတ်လွင့်လာ၏။ သို့သော်လည်း ထျန်းရွှမ်က မပြီးဆုံးသေးပေ။

သူက နိုးထအသက်ဝင်မှုကို အသုံးပြုကာ အထွတ်အထိပ်ဖျက်ဆီးခြင်းချပ်ဝတ်ကို ဝတ်ဆင်လိုက်သည်။ အနက်‌ရောင်ချပ်ဝတ်က သူ့ခန္ဓာကိုယ်အထက် ပေါ်ထွက်လာပြီး သူ့ဆံပင်များက ခေါင်းဆောင်းမှအထက် ထွက်ပေါ်လာလေသည်။ သန့်စင်လှသည့် အဖျက်စွမ်းအားက သူ့မျက်လုံးအိမ်မှ ဖြတ်ပြေးသွားကာ ချပ်ဝတ်တွင်ရှိသည့် အစိတ်အပိုင်းအားလုံးနှင့် ဆက်နွယ်သွားပြီး အနီရင့်ရင့် ပုံရိပ်တစ်ခု သဏ္ဍာန်ပေါ်လာစေသည်။

“အခုတိုက်ပွဲကို အဆုံးသတ်ရမဲ့ အချိန်ပဲ” ထျန်းရွှမ်က အေးစက်စက် ရေရွတ်လိုက်သည်။

All Chapters