← Chapters

ထျန်းရွှမ်နှင့်ကျိချန်းမင်တို့ ပြိုင်ဆိုင်ခြင်း အပိုင်း(၃)

Vol. 104 Ch. 1450

ထျန်းရွှမ်နှင့်ကျိချန်းမင်တို့ ပြိုင်ဆိုင်ခြင်း အပိုင်း(၃)

Vol. 104 Ch. 1450

ကြည့်ရတာ မဟာတာအိုရဲ့သား‌တော်ကတောင် သက်သက်သာသာ ပျော်ပျော်ရွှင်ရွှင် နေထိုင်ရတာ မဟုတ်ဘူးပဲ …

ဝမ်ဝေ့က ထျန်းရွှမ်၏ စိတ်ဝိညာဉ်ဒိုင်မေးရှင်းကို ချောင်းကြည့်ပြီးသည့်နောက်တွင် တွေးလိုက်မိသည်။

အဲ့ဒီအနက်ရောင်နဲ့အမျိုးသမီးက ...

မဟာတာအိုက သူမကို ထျန်းရွှမ်ရဲ့ ဇနီးအဖြစ်နဲ့ ရွေးချယ်ခဲ့တာလား။ ငါနဲ့ဝူဟုန်ကြားက ဆက်ဆံရေးကို တန်ပြန်ရင်ဆိုင်နိုင်အောင်လို့လေ။

ဝူဟုန်က ဝမ်ဝေ့၏ အကြီးမားဆုံးအင်အားတစ်ခု ဖြစ်လေသည်။ ထို့ကြောင့် မဟာတာအိုက ထျန်းရွှမ်အား တူညီသည့် စွမ်းရည်ရှိထားသည့်သူမျိုးဖြင့် တွဲဖက်ပေးသည်က အဓိပ္ပါယ်ရှိပေသည်။

တကယ်လို့ ဒါသာအမှန်ဖြစ်မယ်ဆိုရင် သူမက အရမ်းကို ပါရမီထူးချွန်ပြီးတော့ အားကောင်းလောက်တယ်။ မဟာတာအိုက ငါ့ဝူဟုန်ကို ရင်ဆိုင်နိုင်တဲ့လူမျိုးကို ‌ရွေးချယ်ထားတာဆိုတော့လေ …

ဝမ်ဝေ့က တွေးပြီး ထိုနာမည်အား မှတ်သားထားလိုက်သည်။ သူမက ရန်သူဖြစ်လာနိုင်ချေ ရှိ၏။

ဟမ်

ဝမ်ဝေ့က ကျိချန်းမင် ဖန်တီးထားသည့် သည်းထိပ်ရင်ဖိုကမ္ဘာကို မြင်သည့်အခါ ရေရွတ်မိသွားသည်။

ငါ ဒီလူရဲ့ နောက်ခံကို အားကျမိသားပဲ …

သူက ကျိချန်းမင်၏ နည်းစနစ်အားလုံးသည် အပေါ်ယံမျှသာဖြစ်ကြောင်း သဘောပေါက်သွားလေသည်။ ထိုအရာက သူ့ပါရမီကြောင့် မဟုတ်ဘဲ စွမ်းအားနှင့် ထူးကဲမှု အဓိကဇစ်မြစ်က တခြားပြီးပြည့်စုံသည့် နည်းစနစ်များကို လေ့လာပြီးသည့်နောက်တွင် ဖန်တီးထားရုံမျှသာ ဖြစ်၏။

ကျိမျိုးနွယ်က ထူးကဲသာလွန်မှုအဆင့်က ပြီးပြည့်စုံတဲ့ နည်းစနစ်အများကြီးရှိနေတဲ့ပုံပဲ။ အဲ့ဒါကြောင့် သူတို့ရဲ့ မျိုးဆက်တွေက အဲဒါတွေအသုံးချနိုင်တာပေါ့။

ဤကဲ့သို့ ခိုင်မာသည့် အုတ်မြစ်ကို အသုံးပြုကာ တဆင့်မြင့်တင်ပြီးသားဖြစ်သည့်အတွက် ကျိမျိုးနွယ်နှင့် နန်းဆောင်မျိုးနွယ်ဝင်များက သူတို့၏ သာလွန်သည့် ကိုယ်ပိုင်နည်းစနစ်များကို ရှိလာနိုင်ကြသည်။

ဒီစွမ်းအားက ကောင်းကင်တာအိုလား။ အတုံ့အလှည့် ပြောင်းလဲသွားတော့မှာလား …

ဝမ်ဝေ့က တွေးလိုက်သည်။

ထျန်းရွှမ်၏ လက်ထဲ၌ အနက်‌‌ရောင်မီးတောက်ဖြင့် လွှမ်းခြုံထားသည့် ဓားတစ်ချောင်း ပေါ်ထွက်လာကာ ဝေ့ယမ်းလိုက်သည်။ ဓားက ရုတ်ခြည်းဆိုသလို အရွယ်အစားအားဖြင့် ကြီးမားလာပြီး မီတာ၂၀ခန့်ရှည်လျားကာ ၅မီတာခန့် ကြီးမားလာသည်။ ထျန်းရွှမ်၏ ခန္ဓာကိုယ်မှ အဖျက်စွမ်းအားက ပြင်းထန်လွန်းပြီး မူမမှန်လွန်းသည့်အတွက် ပြိုင်ပွဲဝင်များစွာက နားမလည်နိုင်ဖြစ်သွားကြ၏။

တချို့ကသာ ဤသည်က သူ့တာအိုချည်းသက်သက် အသုံးပြုနေသည့် ပုံမှန်တိုက်ကွက်မျိုး မဟုတ်ကြောင်း အာရုံခံမိကြသည်။ ထိုအရာက အရင်းအမြစ်ချီနေရာလွတ်မှ ထူးကဲသော အဖျက်စွမ်းအားချီဖြင့် အားဖြည့်ထားသည့်အရာတစ်ခုမျှသာ ဖြစ်၏။ ကြောက်မက်ဖွယ်ကောင်းသည့် မီးတောက်ဓား ကျဆင်းလာသည့်အခါ ကျိချန်းမင်၏ အပြုအမူက ပထမဦးအကြိမ်အနေဖြင့် ပြောင်းလဲသွားလေသည်။ သူ့မွန်မြတ်သောစိတ်ဝိညာဉ်က ပေါ်ထွက်လာပြီး ဒိုင်းကာတစ်ခု ထုတ်ဖော်လာသည်။

နှမြောစရာ‌ကောင်းစွာဖြင့် ထိုအရာက အလုပ်ဖြစ်ရုံမျှသာ ဖြစ်၏။ ကျိချန်းမင်၏ အဝတ်အစားများက အပေါက်များစွာဖြစ်ပေါ်လာသော်လည်း အ‌ရေပြား၌ အသေးစားဒဏ်ရာများသာ ရရှိလိုက်လေသည်။ သို့သော်လည်း ဤသည်က သူ့ဆုံးရှုံးမှုတစ်ခုမျှသာ မဟုတ်သေးပေ။ သူ့စိတ်ဝိညာဉ်နှင့် ဝိညာဉ်သုံးခုက သုတ်သင်ခံလိုက်ရ၏။ သူ့နည်းစနစ်က အလုပ်ဖြစ်ခဲ့သည်မှာ ထိုဝိညာဉ်များနှင့် စိတ်ဝိညာဉ်များက သူ့အသက်ရှင်နေသရွေ့ မသေမျိုးဖြစ်နေသောကြောင့် ဖြစ်သည်။

သို့သော်လည်း ထျန်းရွှမ်၏ တိုက်ကွက်က ထိုနည်းစနစ်အားလုံးကို ဖျက်ဆီးပစ်ခဲ့၏။ တခြားနည်းဖြင့်ပြောရလျှင် ကျိချန်းမင်က ထိုနည်းစနစ်ကို ထပ်မံ အသုံးပြုလိုပါက ပြန်လည်သင်ယူဖို့ သို့မဟုတ် ပြန်လည်ဖန်တီးဖို့ လိုအပ်နေသည်။ ဤကဲ့သို့ ဖျက်ဆီးခြင်းက လုပ်ဆောင်ခဲ့ခြင်း ဖြစ်၏။

“ခွေးကောင်” သူက အော်ဟစ်သော်လည်း ထျန်းရွှမ်က သူ့ကို စိတ်ထဲမထားပေ။ ထို့နောက် သူ့မီးတောက်ဓားဝန်းကျင်တွင် အစိမ်းရင့်ရင့်ပိုးအိမ်တစ်ခု ပေါ်ထွက်လာ၏။ သူက အချိန်မြစ်ကြောင်းမှ အသန့်စင်ဆုံးစွမ်းအားကို စစ်ယူကာ ထိုအရာကို လှုံ့ဆော်ပြီး အချိန်သဘောတရား၏ အဖျက်စွမ်းအားကဏ္ဍအားလုံးကို ခြုံငုံနိုင်စွမ်းရှိအောင် လှုံ့ဆော်လိုက်သည်။

ထျန်းရွှမ်က ဓားကို ထပ်မံဝေ့ယမ်းလိုက်၏။ ဤတစ်ကြိမ်တွင် သူ့တိုက်ကွက်က ပိုမိုမြန်ဆန်လာသည်။ သူ ထည့်ပေါင်းလိုက်သည့် အချိန်တာအိုက တိုက်ကွက်ထိမှန်သည့်အချိန်ကိုပင် ကြိုးကိုင်လှုံ့ဆော်နိုင်စွမ်း ရှိ၏။ ထို့ကြောင့် တိုက်ကွက် ကျရောက်လာမည့်အချိန်က နဂိုရှိသင့်သည်ထက် ပိုမိုစောလာသည်။

မွန်မြတ်သော စိတ်ဝိညာဉ် - စွန့်ကြဲခြင်း

ထို့နောက် ကျိချန်းမင်၏ ရှေ့တွင် မိန်းမလှတစ်ဦးပုံရိပ် ထွက်ပေါ်လာလေသည်။ ထိုအမျိုးသမီးက အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး သူမ၏အနက်ရောင်ဆံပင်များက ကျောအထက် ဖြာကျနေသည်။ သူမ၏ မျက်နှာက ငယ်ရွယ်မှု၊ သန့်စင်မှုတို့နှင့် ပြည့်နှက်နေပြီး သူမ၏ခန္ဓာကိုယ်က ရွှေရောင်အလင်းမှိန်ဖျဖျ ထုတ်လွင့်နေလေ၏။ သူမကို ကြည့်မိသည့်သူတိုင်းက သူမသည် သေမျိုးကမ္ဘာသို့ လျှောက်လှမ်းလာသည့် သူတော်စင်မသဖွယ် မြင်ယောင်ကြလိမ့်မည်။

သို့သော်လည်း ထိုအမျိုးသမီး၏ ရည်ရွယ်ချက်က အမှန်တရားနှင့်အလှမ်းဝေးနေလေ၏။ စွန့်ကြဲခြင်းဆိုသည်က ရက်ရောသည့် စိတ်နှလုံးသားမျိုးရှိပြီး တစ်ဖက်သူကို ပေးကမ်းရက်ရောခြင်း ဖြစ်သည်။ သို့သော် ထိုအမျိုးသမီးကမူ လူအများကို ပေးကမ်းသည်က ကျိချန်းမင် ခံယူရမည့် အဖျက်စွမ်းအား အထိအခိုက်များ ဖြစ်၏။ ထိုနည်းစနစ်ကို ကျင့်ကြံဖို့အတွက် ကျိချန်းမင်က သူ့အတွက် အထိအခိုက်အပျက်အစီး မျှဝေပေးဖို့ လူများစွာကို ရွေးချယ်ထားလေသည်။

တကယ့်ကို နှမြောစရာပဲ …

ကျိချန်းမင်က အံကြိတ်ကာ တွေးလိုက်၏။ သူရွေးချယ်ထားသည့် အမြောက်စာအားလုံးက ထိုတိုက်ကွက်မှာ သေဆုံးသွားကြပြီး သူ့စိတ်ဝိညာဉ်လည်း အတူပါသွားလေသည်။ သူက ဆုံးရှုံးသွားရသည့် လက်တစ်ဖက်ကို ကြည့်လိုက်ပြီး သူ့ဒေါသက အမြင့်ဆုံးအနေအထားသို့ ရောက်ရှိလာသည်။

သူ့လက်မောင်းက ဖျက်ဆီးခံလိုက်ရပြီး ဤသည်က အစစ်အမှန်ပျက်စီးမှုဖြစ်သည့်အတွက် သူက အစွန်းရောက်နည်းလမ်းကို အသုံးမပြုသရွေ့ လက်တစ်ဖက် ထာဝရဆုံးရှုံးသွားရလိမ့်မည်။

ထိပ်သီးစံပြတွေကပဲ ဒီလိုသန့်စင်တဲ့ အဖျက်စွမ်းအားမျိုးကို ထုတ်ဖော်နိုင်စွမ်းရှိတာ။ ဒီခွေးကောင်က ဒီအဆင့်ကို ‌ရောက်ခါစနဲ့ ဒီလိုမျိုးဘယ်လိုလုပ် ထုတ်ဖော်နိုင်တာလဲ …

သူက ငြီးတွားလိုက်၏။

ကျိချန်းမင်၏ ငြီးတွားမှုက အသုံးမဝင်ပေ။ သာမန်အခြေအနေအောက်တွင် ထျန်းရွှမ်က ထိုသို့သော် သန့်စင်လှသည့် စွမ်းအားမျိုးကို ရယူနိုင်မည် မဟုတ်ပေ။ သို့သော်လည်း ကျိချန်းမင်၏ တာအိုဆန္ဒကျွမ်းကျင်မှုကို ကူးယူပြီးသည့်နောက်တွင် သူ့အစစ်အမှန်ဆန္ဒအားဖြည့်မှုက နောက်ထပ်အဆင့်တစ်ခု အနေအထားသို့ ရောက်ရှိသွားလေ၏။

ထျန်းရွှမ်က တတိယအကြိမ် တိုက်ခိုက်လာပြီး ကျိချန်းမင်က နောက်ထပ်သက်ရှိကို ဆင့်ခေါ်လိုက်လေသည်။ ဤတစ်ကြိမ် အမုန်းတရားဝိညာဉ် ဖြစ်၏။

ထို့နောက် သူ့ဘယ်ဖက်လက်၌ မျက်နှာငယ်တစ်ခု ပေါ်ထွက်လာသည်။ ထိုအရာက မျက်လုံးနှင့်ပါးစပ် မရှိဘဲ မျက်နှာအတွက် အင်မတန်ကြီးမားလွန်းနေသည့် သွားထောင်ချီနှင့် လျှာရာချီ ရှိပေသည်။ ကျိချန်းမင်က မတုန့်ဆိုင်းတော့ဘဲ ထိုရုပ်ဆိုးဆိုးသက်ရှိကို ဝါးမြိုလိုက်သည်။

ကျိချန်းမင်က သုတ်သင်ခံလိုက်ရ၏။ ထို့နောက် အရိပ်အမြွက်အားလုံးက သူ ရှုံးနိမ့်သွားကြောင်း ပြသနေလေသည်။ သို့သော် ထျန်းရွှမ်က ထိုအရာကို မယုံပေ။ သူ့အလိုလိုသိစိတ်က တစ်ဖက်သူသည် ပျောက်ကွယ်သွားတာ မဟုတ်ကြောင်း ပြောပြနေလေ၏။ သိပ်မကြာခင် သူ့မျက်ဝန်းနည်းစနစ်က သက်ရှိအရိပ်အယောင်ကို အာရုံခံမိခဲ့သည်။

ထို့နောက် အနက်ရောင်မြူခိုးတစ်ခုက ထျန်းရွှမ်၏ ခန္ဓာကိုယ်မှ ရုတ်ခြည်းဆိုသလို ထွက်လာသည်။ တစ်စုံတစ်ယောက်က သူ့ဆီမှ ဆွဲယူလိုက်သလိုမျိုး ဖြစ်၏။ ထို့နောက် ကျိချန်းမင်၏ခန္ဓာကိုယ်က တိမ်တိုက်မှ ဖြည်းဖြည်းချင်း ဖွဲ့စည်းလာလေ၏။

“မင်းဆီမှာ အမုန်းတရားတွေ အများကြီးရှိနေတာပဲ။ အဲ့ဒီအမုန်းတရားက ထူးဆန်းတာပဲ။ အရင်ဆုံးတော့ ဒီစစ်ဆေးမှုမှာ ရှိနေတဲ့လူတစ်ယောက်ဆီ ဦးတည်နေတဲ့ပုံပဲ။ ဒါပေမဲ့ အဲ့ဒီနောက်ကွယ်က လျှို့ဝှက်ချက်တွေလည်း ရှိနေသေးတယ်။” ကျိချန်းမင်က ရေရွတ်လိုက်သည်။

ထျန်းရွှမ်က သူ့အား ဂရုမစိုက်ဘဲ အေးစက်စက် စိုက်ကြည့်လိုက်သည်။ ထိုအစား သူက တစ်ဖက်သူကို သုတ်သင်ဖို့ ရွေးချယ်ခဲ့သည်။

ခဏ အဲ့ခွေးကောင်က သူ ငါ့ရဲ့စိတ်ကာကွယ်ရေးနည်းစနစ်ကို ကူးယူခဲ့တယ်လို့ ပြောတုန်းက အမှန်အတိုင်းပြောနေတာလား။

ကျိချန်းမင်က သူ့ကို မယုံကြည်ဘဲ လျှောက်ပြောနေသည်ဟုသာ ထင်ထားခဲ့မိသည်။ သူ့မျိုးနွယ်က သူ့သတင်းအချက်အလက်များကို ကာကွယ်ဖို့ အင်မတန် ဂရုစိုက်ခဲ့သည့်အတွက် နိမ့်ကျသည့် နည်းစနစ်မျိုးက သူ့ဆီမှ မည်သို့ကူးယူနိုင်မည်နည်း။

လူငယ်လေး ကျိချန်းမင်အတွက် ကံဆိုးသွားသည်က ထိုမောက်မာမှုသည် ထျန်းရွှမ် အောင်အောင်မြင်မြင် သူ့ကိုသုံးသပ်ပြီး အချိန်တိုအတွင်း လုပ်ဆောင်နိုင်ခဲ့သည့် အကြောင်းအရင်း ဖြစ်နေလေ၏။

စတုတ္ထအကြိမ် သုတ်သင်ခံရပြီးသည့်နောက်တွင် ကျိချန်းမင်က အမုန်းတရားစိတ်ဝိညာဉ်ကို စစ်ဆေးမှုပြင်ပသို့ ထုတ်လွင့်လိုက်သည်။

ထို့နောက် သူက ကမ္ဘာကြီး၏ အမုန်းတရားများကို စုစည်းပြီး နောက်ထပ် ခန္ဓာကိုယ်တစ်ခု ဖွဲ့စည်းလိုက်၏။

ထျန်းရွှမ်၏ ဦးခေါင်းအထက် မျောလွင့်နေသည့် သရဖူတစ်ခု ပေါ်ထွက်လာသည်။ ထိုအရာက နတ်သားတစ်ပါး၏ ရောင်ဝါကဲ့သို့ ဖြစ်၏။ သူက သူ့မြေကမ္ဘာဧကရာဇ်တစ်ယောက်၏ အဆင့်အတန်းကို အသက်သွင်းကာ မရဏနှင့် ဖျက်ဆီးခြင်းက သူ့လက်တွင်း ကျရောက်လာလေသည်။ ထို့ကြောင့် ထျန်းရွှမ်က သူ့ကံရာထူးကို အသုံးပြုကာ သံသရာမှ အသန့်စင်ဆုံးမရဏစွမ်းအားကို ထုတ်ဖော်ပြီး ထိုအဖျက်စွမ်းအားဖြင့် ပေါင်းစည်းလိုက်သည်။

“မင်းလိုမျိုးစိတ်နဲ့ ကစားတတ်တဲ့ နိမ့်ကျတဲ့လူတွေကို ရွံ့ရှာတာ ကြာလှပြီ။ ဒါကြောင့် သေလိုက်တော့။” ထျန်းရွှမ်က အေးစက်စက် ပြောလိုက်သည်။ ထို့နောက် အနက်ရောင်သံကြိုးများက သူ့ချပ်ဝတ်မှ ထွက်ပေါ်လာကာ လေဟာနယ်ထဲ ဝင်ရောက်သွားပြီး ကူးသန်းပြောင်းရွေ့ခြင်း သို့မဟုတ် အာကာသရွေ့ပြောင်းခြင်းတို့ကဲ့သို့ အရာအားလုံးကို ပိတ်ဆို့လိုက်သည်။ သူက တစ်ဖက်လူဆီ ပြေးဝင်သွားပြီး ဓားဖြင့် ခုတ်ချလိုက်၏။ သို့သော်လည်း ကျိချန်းမင် မျက်ဝန်းအထက် အလင်းတစ်ချက် ဖြတ်ပြေးသွားလေသည်။

ဝိညာဉ်လဲလှယ်ခြင်း

ကျိချန်းမင်က တွက်ဆထားသည့် အလောင်းအစားတစ်ခု ပြုလုပ်ခဲ့လေသည်။ သူက ထျန်းရွှမ်နှင့် ခန္ဓာကိုယ်ခြင်း လဲလှယ်နိုင်မည်ဆိုပါက သူ့တာအို၏ ကျွမ်းကျင်မှုဖြင့် သူသည် တစ်ဖက်သူ၏ ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်ခြေ ပိုမိုမြင့်မားကြောင်း ယုံကြည်ထားလေသည်။ ထို့နောက် သူက တစ်ဖက်သူ၏ တိုက်ကွက်ကို အသုံးပြုကာ ရင်ဆိုင်နိုင်လေ၏။

ကျိချန်းမင်၏ အစီအစဉ်က အလုပ်ဖြစ်ခဲ့ပေသည်။ မီလီစက္ကန့်ပိုင်းအတွင်း သူက ထျန်းရွှမ်၏ ခန္ဓာကိုယ်ကို အတင်းအကြပ် စိုးမိုးရယူကာ တိုက်ကွက်ကို ဆက်လက်လုပ်ဆောင်ဖို့ ဖိအားပေးခဲ့သည်။ ထိုစဉ် တစ်ဖက်သူက ထိုရုတ်တရက်အပြောင်းအလဲကို တုန့်ပြန်ရုံမျှသာ ဖြစ်၏၊

ဓားက ပစ်မှတ်ကို ထိမှန်သွားစဉ် အနက်ရောင်စွမ်းအားက မျှော်စင်၏ အားဖြည့်ထားသော ကာလံဒေသံအတားအဆီးပင် အပါအဝင် လမ်းတွင်ရှိသည့်အရာအားလုံးကို သုတ်သင်ပစ်လိုက်၏။ ခေတ္တမျှအချိန်လေးအတွင်း ပြင်ပဆီ ဦးတည်နေသည့်‌ လေဟာနယ်အက်ကြောင်းများက ပေါ်ထွက်လာလေသည်။

စစ်ဆေးမှုစိတ်ဝိညာဉ်များက ဤကဲ့သို့ သန့်စင်လှသည့် စွမ်းအားမျိုးကို မထင်မှတ်ထားသည့်အတွက် ပြိုင်ပွဲကွင်းကိုအားဖြည့်ဖို့ အချိန်ပိုလုပ်ဆောင်နေရသည်။

“ကောင်းပြီလေ။” ထျန်းရွှမ်၏ ပြီးပြည့်စုံသည့် ဝိညာဉ်က ကျိချန်းမင်၏ ခန္ဓာကိုယ်မပါဘဲ ပေါ်ထွက်လာလေသည်။

“မင်းအတွက် ကံဆိုးသွားတာက ငါကိုယ်တိုင်က ဖျက်ဆီးမှုပဲ”

သူ့ဝိညာဉ်က ချပ်ဝတ်၊ ဓားနှင့် အဖျက်စွမ်းအား အားလုံးကို ဆွဲဆောင်ကာ ခန္ဓာကိုယ်အသစ်တစ်ခု ဖွဲ့စည်းလိုက်ပြီး ကျိချန်းမင်၏ ဝိညာဉ်ကိုသာ ချန်ထားခဲ့လေသည်။ ထျန်းရွှမ်က ဓားကိုမြှောက်ကာ နောက်ထပ်စွမ်းအားအရင်းအမြစ်တစ်ခုကို စုဝေးပြီး ကမ္ဘာဦးဟွင်သွမ်းစွမ်းအားဖြစ်သည့် သူ့မီးတောက်ဓားဖြင့် ပေါင်းစည်းလိုက်လေသည်။

ကျိချန်းမင်က ထိုအနက်ရောင်နှင့်အဖြူရောင် မီးတောက်ဓားကို ကြည့်နေရင်းဖြင့် သူ့အမူအရာက ပျက်ယွင်းလာလေသည်။ ထိုတိုက်ကွက်၏ စွမ်းအားက စံပြထိပ်သီးအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည့်အတွက် ရှောင်ရှားနိုင်ချေက အင်မတန် နည်းပါးနေသည်။

ငါ့ဝိညာဉ်နဲ့ စိတ်ဝိညာဉ်တွေက ဒီအချိန်မှာ အကူအညီ မဖြစ်တော့ဘူး …

သူက သုံးသပ်လိုက်၏။ သေခြင်းတရားက ချဉ်းကပ်လာသော်လည်း ကျိချန်းမင်က တည်ငြိမ်နေသည်။ သူ့ဘဝ၌ သူသည် တစ်ခါသာ ကြောက်ခဲ့ဖူးလေသည်။ ထိုအရာက မျိုးနွယ်၏ အထွတ်အထိပ်အကြီးအကဲနှင့် ရင်ဆိုင်ခဲ့စဉ်အခါက ဖြစ်၏။ ဤအခြေအနေက သူ့ကို ကြောက်ရွံ့စေသည်မဟုတ်ဘဲ ဒေါသထွက်စေရုံမျှသာ ဖြစ်သည်။

ငါက အဲ့ဒီနည်းလမ်းကို သုံးမှ ဖြစ်တော့မှာလား ...

All Chapters