← Chapters

အခန်း (၁၄၅၃)

Vol. 104 Ch. 1453

အခန်း (၁၄၅၃)

Vol. 104 Ch. 1453

“ငါ ငြင်းဆန်ရလိမ့်မယ်” ဝမ်ဝေ့က ပြောလိုက်သည်။

“ဘာလို့လဲ” ထျန်းရွှမ်က မျက်မှောင်ကြုတ်ရင်း မေးလိုက်၏။

“အဲဒါက မင်းနည်းစနစ်ရဲ့ တန်ဖိုးကြောင့်လား”

“အဲဒါက နည်းစနစ်လို့ ဘယ်သူက ပြောလဲ”

“ပြောလိုက်စမ်းပါကွာ … အသုံးအဆောင်ပစ္စည်းဖြစ်နေတယ်ဆိုရင် ယူဆောင်သွားလို့ရတဲ့အပြင် နယ်ခြားပစ္စည်းတစ်ခုဆိုတော့ မင်း တောင်းဆိုမှာမဟုတ်ဘူး။ မင်းက မဟာတာအိုဆီ မင်းရဲ့ မျက်လုံးကို မွန်းမံပြုပြင်ခွင့်လည်း ပေးမဲ့လူမျိုး မဟုတ်ဘူး။ အဲဆိုတော့ ပြဿနာတွေ့သွားဖို့ ဒါမှမဟုတ် လေ့လာဖို့အသုံးပြုနိုင်တဲ့ နည်းစနစ်မျိုးကိုပဲ ကျန်တော့တယ် ” ထျန်းရွှမ်က ပြောလိုက်သည်။

“ဟား ဟား ဟား” ဝမ်ဝေ့က ရယ်မောလိုက်၏။

“အဓိကအချက်က အဲဒါက အဖိုးတန်တယ်ဆိုတာကို ငါ နားလည်တယ်။ အခု လဲလှယ်ဖို့ ငါ့ဆီမှာ တူညီတဲ့တန်ဖိုး ရှိမနေဘူး။ မင်းက ငါ့ရဲ့ကောင်းကင်တာအိုမျက်ဝန်းကို မကျင့်ကြံရဲသရွေ့ပေါ့” ထျန်းရွှမ်က ပြောလိုက်ပြီး သူ့ကို စိုက်ကြည့်လိုက်သည်။ သူ့တည်ငြိမ်မှုကို မြင်တွေ့ပြီးသည့်နောက်တွင် သူက ဆက်ပြောလိုက်သည်။

“ငါ့ဘက်ကတော့ ငါ သိထားတဲ့သတင်းအချက်အလက်က  အလဲအလှဲလုပ်နိုင်တဲ့ အဖိုးတန်ဆုံးအရာပဲ”

“ပြဿနာက နည်းစနစ်ရဲ့ တန်ဖိုး မဟုတ်ဘူး။ အတိအကျပြောရမယ်ဆိုရင် အဲဒါက ပြဿနာကြီးတောင် မဟုတ်ဘူး” ဝမ်ဝေ့က ပြောလိုက်သည်။

“အဲ့ဆိုရင် ဘာက ပြဿနာလဲ”

“ကောင်းပြီလေ။ ပထမဦးဆုံးက ယုံကြည်မှုပြဿနာ ရှိတယ်။ ငါက မင်းကိုဘယ်လိုယုံရမှာလဲ။ မင်းက ငါ့တစ်ဘဝလုံး ငါနဲ့ နှိုင်းယှဉ်ခံရပြီးတော့ ကြီးပြင်းလာခဲ့တာ။ မင်းက မင်းရဲ့ စိတ်ခံစားချက်တွေကို ထိန်းချုပ်နိုင်တယ်ဆိုပေမယ့်လည်း ဖြစ်ပျက်ခဲ့သမျှအရာတွေအတွက် ငါ့အပေါ်မှာ ရန်ငြိုးထားမှာ အသေအချာပဲ။ မင်းလိုမျိုး မယုံကြည်ရတဲ့သူနဲ့ မဟာမိတ်ဖွဲ့ဖို့ မျှော်လင့်နေတာလား” ဝမ်ဝေ့က တဲ့တိုးသာ ပြောလိုက်သည်။

“အဲဒါက မျှတပါတယ်။ အဲဒါကြောင့် ငါက တည်ရှိမှုချုပ်နှောင်ရေးစာချုပ်ကို ချုပ်ဆိုဖို့ ပြင်ဆင်ထားတာပဲ” ထျန်းရွှမ်းက ခေါင်းညိတ်လိုက်သည်။

“ဘာ” ဝမ်ဝေ့က ထိုနာမည်ကိုယ်တိုင်က ရှင်းပြနေသော်လည်း မေးလိုက်သည်။

“စံပြအဆင့်မှာ ရှိတဲ့လူတွေက ကောင်းကင်တာအိုနဲ့ မဟာတာအိုစာချုပ်တွေကို မယုံကြည်ကြဘူး။ ပုံမှန်ဝိညာဉ်စာချုပ်နဲ့ တာအိုကျမ်းသစ္စာကလည်း သူတို့အတွက် အသုံးမဝင်ဘူးလေ။ သူတို့က တည်ရှိမှုချုပ်နှောင်ရေးစာချုပ်ကို ဖန်တီးခဲ့ကြတာ။ အဲ့ဒီအရာက ချိုးဖောက်ဖို့ ခက်ခဲတယ်။ တစ်စုံတစ်ယောက်က ချိုးဖောက်ဖို့ ကြိုးစားကြည့်တာနဲ့ တခြားလက်မှတ်ရေးထိုးထားတဲ့သူက တန်းသိပြီးတော့ တန်ပြန်သက်ရောက်မှုကို ထုတ်လွှင့်နိုင်လိမ့်မယ်”

“အဲ့လိုအရာမျိုးက ဘယ်လိုလုပ်မှာလဲ” ဝမ်ဝေ့က မေးလိုက်သည်။

ထျန်းရွှမ်က စဉ်းစားလိုက်၏။

“အခုမှတော့ ဖုံးကွယ်ထားလို့ အကျိုးမရှိဘူးလို့ ထင်တယ်။ ဆရာက ငါ့ကို ရှေးခေတ်ကတည်းက ကျန်ရှိနေတဲ့ စာအုပ်ကို ရဖို့ ကံပြောင်းအလဲအခွင့်အရေးတစ်ခုဆီ စေလွှတ်ခဲ့တာ။ အဲ့ဒီအရာက အဲ့ဒီစွမ်းရည်ရှိထားတဲ့ ထူးကဲသာလွန်မှုတစ်ပိုင်း စွမ်းရည်ရှိထားတဲ့ ပစ္စည်းလေ”

“အဲ့ဆိုတော့ သူက မင်းကို ဒီလိုကြီးကြီးမားမား အခွင့်အရေးကို ကြုံရာကျပန်းပေးလိုက်တာပေါ့။ ငါ မင်းကို တစ်ခါတလေတော့ အားကျမိသားပဲ” ဝမ်ဝေ့က ယပ်တောင်ခပ်ရင်း သက်ပြင်းချလိုက်သည်။

“သူက ကြင်နာလို့ပေးတာ မဟုတ်ဘူးလေ။ အဲ့ဒီစာအုပ်က တာအိုအခွင့်အလမ်းဂိုဏ်းနဲ့ ယှဉ်နိုင်တဲ့ ဂိုဏ်းတစ်ခုကို ကျွန်ပြုနိုင်အောင်လို့ပဲ။ အဲဒါမှ ငါ မင်းကို သတ်ဖို့ကြိုးစားတဲ့အခါမှ ဝင်ရောက်မစွက်ဖက်ကြမှာ” ထျန်းရွှမ်က လှောင်ပြုံးဖြင့် ပြောလိုက်သည်။

“မင်း ဘဝကြီးကလည်း ငါ့ကို ဗဟိုပြုပြီးတော့ လည်ပတ်နေတာပါလား။ သနားဖို့ကောင်းလိုက်တာ” ဝမ်ဝေ့က သက်ပြင်းချလိုက်သည်။

“မင်း ပြောတော့ ယုံကြည်မှုက မင်းရဲ့ ပထမပြဿနာဆိုတော့ နောက်ထပ် ဘာတွေရှိသေးတာလဲ” ထျန်းရွှမ်က မှတ်ချက်ကို လျစ်လျူရှုထားပြီး မေးလိုက်သည်။

“မင်း အစီအစဉ်က ငါ့အကြိုက်နဲ့ မကိုက်ဘူး။ ငါ့အမြင်အရဆိုရင် မင်းက ငါ့စမ်းသပ်ချက်မတိုင်ခင်အထိ မင်းရဲ့တာဝန်ကို ဖြည့်ဆည်းဖို့ စီစဉ်ထားတာ။ အဲ့ဒီမှာမှ  မင်းက မျှော်လင့်ချက်ကို မြင်ပြီးတော့ အစီအစဉ်ကို စွန့်လွှတ်လိုက်တာ။ ဒါပေမဲ့ အရာအားလုံးက အလျင်စလိုဖြစ်နေတဲ့ပုံပဲ။ မဟာတာအိုက မင်းရဲ့ သစ္စာဖောက်မှုကို သတိထားမိသွားတယ်ဆိုရင်တောင်မှ ငါ အံ့ဩမိမှာ မဟုတ်ဘူး။ မင်း ဒါမှမဟုတ် မင်းဆရာဆီ နတ်ဘုရားအပြစ်ဒဏ် ပို့လွှတ်ပြီးတော့ မင်းအတွက် အကျင့်စရိုက်အသစ် ပေးလာလိမ့်မယ်”

ဝမ်ဝေ့က ခေါင်းရမ်းလိုက်သည်။ မြင့်မားသည့် သက်ရှိအပေါ် လှည့်စားဖို့အတွက် စိတ်ရှည်မှု၊ သတိထားမှုတို့ လိုအပ်ပေသည်။ သို့သော်လည်း ထျန်းရွှမ်၏ အစီအစဉ်က နှစ်၅၀၀အတွင်း အကောင်အထည် ဖော်လိုက်ခြင်းဖြစ်ကာ ဟာကွက်များနှင့် ကျရှုံးနိုင်ဖို့ ဖြစ်နိုင်ချေများစွာ ရှိနေလေ၏။

“ငါ အဲဒါကို တွေးထားပြီးပြီ”

“အို”

“ငါ မင်းနဲ့သဘောတူညီမှုရသရွေ့ မင်းရဲ့ အနာဂတ်ကိုယ်က ငါ့ရဲ့သစ္စာဖောက်မှုကို ဖုံးကွယ်နိုင်လိမ့်မယ်ဆိုတာ သိတယ်။ အဲ့ဒီအခါကျရင် ငါ့အတွက် အချိန်အနည်းငယ် ဆွဲပေးနိုင်လိမ့်မယ်”

ဝမ်ဝေ့က ရှုံ့မဲ့သွားလေသည်။ ထိုကောင်စုတ်က သူ့အနာဂတ်ကိုယ်ကိုပင် လှည့်စားဖို့ ရည်ရွယ်နေလေ၏။ သို့သော်လည်း ထိုစကားတစ်ခွန်းက ထိုကောင်စုတ်သည် သူ့အကြောင်း များများသိထားကြောင်း ထုတ်ဖော်ပြသလိုက်လေသည်။

“မင်းက ပုံရိပ်ယောင်အပေါ်မှာ မျှော်လင့်ချက်တွေ ပုံအောနေသလို ဖြစ်မနေဘူးလား”

“ဟွင်သွမ်းစကြဝဠာကြီးရဲ့ အားအကောင်းဆုံးနဲ့ ရင်ဆိုင်နေရတာလေ။ ငါ့မှာလည်း လွတ်မြောက်ဖို့ အစီအစဉ်ရှိပါတယ်” ထျန်းရွှမ်က တည်ငြိမ်စွာ ပြောလိုက်သည်။

“ ငါ့အစီအစဉ်မှာ ကံကောင်းဖို့နဲ့ ယုံကြည်ဖို့ကလွဲပြီး လုံးဝရွေးချယ်စရာ မရှိဘူး”

ဝမ်ဝေ့က သက်ပြင်းချလိုက်၏။ သူတို့လို လူမျိုးက သဘောတရား၊ အချက်အလက်၊ ဗဟုသုတ၊ သတင်းအချက်အလက်နဲ့ ဖြစ်နိုင်ချေအားလုံး၏ ကောက်ချက်ချမှုများအပေါ် သုံးသပ်လေ့ရှိသည်။ သို့သော်လည်း ရှားပါးလှသည့် ရံဖန်ရံခါအချိန်မျိုး၌ သူတို့က ရွေးချယ်စရာမရှိဘဲ ကံကောင်းမှု၊ ယုံကြည်မှုတို့အပေါ်  မှီခိုရလေ့ ရှိသည်။ သူတို့က တွက်ဆထားသည့် စွန့်စားမှုအခိုက်အတန့်မျိုးကို ယူရသည့်အခါမျိုးပင် ရှိ၏။

“မင်း ပြောတာမှန်တယ်။ ငါ့ရဲ့အနာဂတ်ကိုယ်က မင်းကို အချိန်တစ်ခု ဆွဲပေးနိုင်လိမ့်မယ်။ မင်းက ဘာလုပ်မှာလဲ” အကယ်၍ ထျန်းရွှမ်က မဟာတာအိုအတွက်  အရေးကြီးနေပါက သူ၏သစ္စာဖောက်မှုကို အချိန်ကြာကြာဖုံးကွယ်ထားနိုင်ရန် နည်းလမ်း မရှိပေ။

“ငါ ပြည်နှင်ဒဏ်ကုန်းမြေဆီ ထွက်ပြေးမယ်”

“အဲဒါက”

“အဲဒါက အချိန်စက်ဝန်း ဒါမှမဟုတ်ဘူးဆိုလည်း အစုအဝေးတစ်ခုပေါ့။ ငါလည်း သေချာမသိဘူး။ ဒါပေမဲ့ မဟာတာအိုက အကြောင်းအရင်းတချို့ကြောင့် စွန့်ပယ်ထားတာ”

“စွန့်ပယ်ထားတာလား” ဝမ်ဝေ့က မေးလိုက်သည်။ သူက တားမြစ်ချက် ၁၃ခုထဲမှာ တစ်ခုသည် ပျောက်ဆုံးအချိန်စက်ဝန်းဖြစ်ကြောင်း သိထားလေ၏။ ထိုအချိန်စက်ဝန်းက မဟာတာအိုသည် အကြောင်းအရင်းတချို့ကြောင့် ပယ်ဖျက်ခဲ့သည့် အချိန်စက်ဝန်းတစ်ခုဖြစ်သော်လည်း သူက စွန့်ပစ်ထားသည့် အချိန်စက်ဝန်းအုပ်စုလိုက်ရှိသည်ဟု မကြားခဲ့ဖူးပေ။

“တကယ်လို့ အဲ့ဒီအချိန်စက်ဝန်းတွေနဲ့ ပတ်သက်ပြီး တစ်ခုခုမှားနေတယ်ဆိုရင် သူတို့ကို စွန့်ပယ်မဲ့အစား ဖျက်ဆီးပစ်လိုက်တာက ပိုပြီးတော့ မကောင်းဘူးလား။ ဒါမှမဟုတ် … ” ဝမ်ဝေ့က သုံးသပ်လိုက်သည်။

“အဲဒါက မဖျက်ဆီးနိုင်သရွေ့ပေါ့” ထျန်းရွှမ်က စကားကို အဆုံးသတ်ပေးလိုက်၏။

“ကိစ္စတွေက ပိုပြီးတော့ စိတ်ဝင်စားဖို့ကောင်းလာပြီပဲ” ဝမ်ဝေ့က ပြုံးကာ ယပ်တောင်ခပ်လိုက်၏။ မဟာတာအိုက အသင်္ချေဘုံမှာ သူတို့ကိုခွဲထုတ်ထားရုံကလွဲ၍ ရွေးချယ်စရာ မရှိလောက်အောင် ထိုအချိန်စက်ဝန်းများတွင် မည်သည့်စွမ်းအား သို့မဟုတ် မည်သည့်အကြောက်တရား ကိန်းအောင်းနေသနည်း။

“တကယ်လို့ ငါသာ ဒီဟာကို သဘောတူမယ်ဆိုရင် သတင်းအချက်အလက်က ဘယ်လိုလဲလှယ်မှာလဲ။ မင်း ထူးကဲသာလွန်မှုတပိုင်းအဆင့် ရောက်တဲ့အထိ စောင့်ရမယ်ဆိုတဲ့ စကားတော့ မပြောနဲ့နော်”

ထျန်းရွှမ်က ရှုံ့မဲ့သွားလေသည်။

“ငါတို့က ဆက်သွယ်ဖို့ အချိန်စက်ဝန်းတစ်ခုကို ရွေးချယ်လို့ရတယ်လေ။ ဒါပေမဲ့ ငါ့ကိုယ်ပေါ်က အနှောင်အဖွဲ့တချို့ကို ဖယ်ရှားပြီးတဲ့အချိန်အထိတော့ စောင့်ရမယ်”

“အဲဒါက မျှတပါတယ်”

“အဲ့ဆိုတော့ သဘောတူပြီလား”

“အင်း ဒါပေမဲ့ ငါ့ဆီမှာ အခြေအနေတချို့တော့ ရှိတယ်”

“ပြောလေ”

“ငါက နည်းစနစ်ကို တိုက်ရိုက်ပေးလို့ မရဘူး” ဝမ်ဝေ့က ထျန်းရွှမ်အား စိတ်လှုပ်ရှားခြင်းမှ တားဆီးဖို့ လက်ကိုမြှောက်ကာ ပြောလိုက်သည်။

“တူညီတဲ့ သက်ရောက်မှုမျိုးရှိတဲ့ အသုံးအဆောင်ပစ္စည်းကို ပေးမယ်။ မင်းဆီကနေ တူညီတဲ့ တန်ဖိုးရှိတဲ့ သတင်းအချက်အလက်နဲ့ လဲလှယ်ပြီးတဲ့နောက်မှာ နည်းစနစ်ကို ရလိမ့်မယ်”

ထျန်းရွှမ်က ထိုမျှော့သည် မည်သည့်ဆုံးရှုံးမှုမျိုးမှ ခံစားရသည်ကို မကြိုက်ကြောင်း အမှတ်ရကာ ငြီးတွားလိုက်သည်။

“ကောင်းပြီလေ။ ဒါပေမဲ့ အဲ့ဒီနည်းစနစ်ရဲ့ တန်ဖိုးကို ဆုံးဖြတ်ဖို့ စနစ်တစ်ခုကိုတော့ ရေးဆွဲရမယ်”

“ဒါပေါ့”

“အဲဒါပဲလား” ထျန်းရွှမ်က မေးလိုက်သည်။

“နောက်တစ်ခု ရှိသေးတယ်။ ဒါပေမဲ့ အဲဒါက တောင်းဆိုမှုတော့ မဟုတ်ဘူး။ မေးခွန်းတစ်ခုပဲ”

ထျန်းရွှမ်က သူ့ကို ပြောဖို့အချက်ပြလိုက်သည်။

“မင်းရဲ့ အပြုအမူဆီတွေကနေ မျှော်လင့်ချက်ကုန်ဆုံးမှုမျိုးကို ခံစားမိနေတယ်။ မင်းရဲ့ လှုပ်ရှားပုံက လွတ်လပ်ခွင့်ကို အစစ်အမှန်လိုချင်နေတဲ့သူမျိုးနဲ့ မတူဘူး။ လွတ်လပ်ခွင့်လိုချင်တာကတော့ ငါ့ရဲ့အစွဲအလမ်းမျိုးလေ။ ဒါပေမဲ့ မင်းက မဟုတ်သေးဘူး … မင်းက တစ်စုံတစ်ခုဆီကနေ ထွက်ပြေးနေတာနဲ့ တူတယ်။ တစ်စုံတစ်ခု ဖြစ်မှာကို တားဆီးဖို့ ကြိုးစားနေတဲ့ပုံပဲ”

ထျန်းရွှမ်က ‌ခေတ္တ တိတ်ဆိတ်သွားပြီးသည့်နောက်တွင် ပြန်ဖြေလိုက်သည်။

“ငါက သူမကို ကယ်တင်ဖို့ ကြိုးစားနေတာ”

“အဲဒါက ဘာပြောတာလဲ”

“ငါ့ဆရာ ဒါမှမဟုတ် မဟာတာအိုက ငါ့ရဲ့ တုံ့ဆိုင်းနေမှုကို သတိထားမိသွားပြီလေ။ တွက်ဆထားမှုတွေအရ သူတို့ရဲ့ နောက်လေ့ကျင့်ရေးအစီအစဉ်က မင်းကို သူမကို သတ်ပစ်စေဖို့ ကြိုးကိုင်လိမ့်မယ်။ အဲဒါမှ ငါ့အမုန်းတရားက ပိုမိုကြီးထွားလာပြီးတော့ ငါ့ရဲ့ ကံကြမ္မာကို ဘယ်လိုပဲဖြစ်ဖြစ် လက်ခံသွားလိမ့်မယ်။ သူမအတွက် လက်စားချေပေးဖို့ပေါ့”

“မင်းက ...”

“ကြိုးကိုင်လှုံ့ဆော်မခံရဘူးလို့ တုံးတုံးအအ အရာတွေ မပြောနဲ့။ မဟာတာအိုရဲ့ ဉာဏ်ရည်က မင်းအထက်မှာရှိတယ်။ သူက မင်းထက် အသိဉာဏ်ပိုများပြီးတော့ ဗဟုသုတလည်း ကြွယ်ဝတယ်။ မင်းက သူ့စွမ်းအားနဲ့ယှဉ်လိုက်ရင် ပုရွက်ဆိတ်တစ်ကောင်လိုပဲ။ သူသာ မင်းကို အစစ်အမှန်ကြိုးကိုင်ချင်တယ်ဆိုရင် ဘာမှတားဆီးလို့ရမှာ မဟုတ်ဘူး။ မင်းဆီမှာ ကပ်ငြိနေတဲ့ ကံဆက်နွယ်မှုနှစ်ခု ရှိတယ်ဆိုတာလဲ မမေ့နဲ့ဦး။ အဲဒါတွေက အာရုံခံလို့ရတဲ့အရာတွေပဲ”

“ကောင်းပြီလေ” ဝမ်ဝေ့က ခေါင်းညိတ်လိုက်၏။ သူက နောင်အနာဂတ်တွင် မဟာတာအိုနှင့်ယှဉ်နိုင်သော်လည်း လက်ရှိအခြေအနေကမူ လမ်းပေါ်မှ ပိုးမွှားတစ်ကောင်လိုသာ ဖြစ်နေ၏။

မဟာတာအိုအပေါ် သူ့လက်ရှိအနိုင်ရရှိမှုများက ထူးကဲ့သည့် သီးသန့်စည်းမျဉ်းနှင့် ကန့်သတ်ချက်များအတွင်း လှုပ်ရှားမှုများ ဖြစ်ပေသည်။

သူ့အနာဂတ်ကိုယ်က မဟာတာအိုနှင့် ဟွင်သွမ်းစကြဝဠာကြီးကို စစ်တုရင်ခုံအဖြစ် အသုံးပြုနေလျှင်ပင် အသုံးမဝင်နိုင်ပေ။ စစ်တုရင်က ကစားသမားနှစ်ယောက်ရှိသည့် ကစားပွဲဖြစ်သည့်အတွက် လူတစ်ယောက်ချင်းစီက တလှည့်စီ လှုပ်ရှားရမည် ဖြစ်၏။ အကယ်၍ မဟာတာအိုက ဤကဲ့သို့လှုပ်ရှားလိုက်ပါက အနာဂတ်ဝမ်ဝေ့သည် တားဆီးနိုင်မည် မဟုတ်ပေ။

တကယ်တော့ ထိုသူက သူ့အတိတ်ကိုယ်၏ ကြီးထွားမှုကို အရှိန်မြင့်တင်လိုသည့်အတွက် တားဆီးနေမည် မဟုတ်ပေ။

“မင်းက ချစ်ခြင်းမေတ္တာအတွက် လုပ်တာဆိုတော့ နားလည်လို့ရပါတယ်” ဝမ်ဝေ့က သက်ပြင်းချလိုက်သည်။

“အဲ့ဆိုတော့ ငါတို့တွေ အပေးအယူ ဖြစ်ပြီလား”

“ဒါပေါ့။ ဒါပေမဲ့ စာချုပ်ကို အရင်ဆုံး စစ်ဆေးကြည့်ရဦးမယ်”

“‌ကောင်းပြီလေ”

နှစ်ဦးသားက စတင်အလုပ်လုပ်လိုက်ကြပြီး စာချုပ်ကိုစစ်ဆေးကာ လက်မှတ်ရေးထိုးလိုက်ကြသည်။ ဤကဲ့သို့ အဖိုးတန်လှသည့် သတင်းအချက်အလက်များ စုစည်းပြီး သွားလာရမည့် အချိန်စက်ဝန်းမှတဆင့် သတင်းအချက်အလက်များကို လဲလှယ်ဖို့ စနစ်တစ်ခုကိုပါ ဖန်တီးခဲ့သည်။

ထျန်းရွှမ်က အရာအားလုံးပြီးမြောက်သွားပြီးသည့်နောက်တွင် ညင်သာစွာ ပြုံးလိုက်၏။

“မင်းကို သတင်းအချက်အလက်နှစ်ခု အလကားပေးလိုက်မယ်။ မင်းလည်း ဒါကို သိပြီးလောက်ပြီ။ ဒါပေမဲ့ ကောင်းကင်စာအုပ်စံပြကို သတိထား။ တကယ်လို့ ငါ ခန့်မှန်းထားတာမှန်မယ်ဆိုရင် သူက မဟာတာအို မင်းကို သုတ်သင်ဖို့ ပြင်ဆင်ထားတဲ့ တကယ့်အစစ်အမှန် ရန်သူပဲ” ထျန်းရွှမ်က ပြောလိုက်သည်။

“မင်းဆီမှာ သူ့သတင်းအချက်အလက် ရှိလား”

ထျန်းရွှမ်က ခေါင်းရမ်းလိုက်၏။

“ငါ ဆရာ့ကို သူ့အကြောင်းမေးတိုင်း အန္တရာယ်ကို ခံစားမိတယ်”

“ငါ သိပြီ”

“ဒုတိယသတင်းအချက်လက်ကတော့ သန့်စင်ငရဲ ဟွင်သွမ်းစကြဝဠာထဲမှာ မတည်မြဲခြင်း လူမှုအသိုင်းအဝိုင်းအတွက် ဝင်ခွင့်အမှတ်အသားရှိတယ်။ မင်း အဲဒါကို ယူချင်လောက်တယ်”

“ဘယ်လိုလူမှုအဖွဲ့အစည်းလဲ”

“ဟွင်သွမ်းစကြဝဠာကြီးရဲ့ လျှို့ဝှက်ချက်တွေကို လေ့လာပြီးတော့ ဖော်ထုတ်ရတာကြိုက်တဲ့ ပညာရှင်တွေပေါ့” ထျန်းရွှမ်က ရှင်းပြလိုက်သည်။

“မင်း အရူးကြီးချူးကို တွေ့ဖူးတယ်မလား”

“အင်း”

“သူကလည်း အဲဒီအဖွဲ့ဝင်တစ်ယောက်ပဲ”

“ငါ သိပြီ”

All Chapters