← Chapters

ရည်မှန်းချက် အသစ်

Vol. 104 Ch. 1454

ရည်မှန်းချက် အသစ်

Vol. 104 Ch. 1454

“တိအာ … ဘာတွေဖြစ်နေတာလဲ” ရှုကျင်းယောင်က မေးလိုက်သည်။ သူတို့ ထိုတိုက်ပွဲကို ကြည့်စဉ်ကတည်းက သူမတပည့်သည် အာရုံထွေပြားနေခဲ့ပြီး သူတို့၏ အမဲလိုက်နှုန်းကို လျော့ကျစေခဲ့သည်။

“အဲ့ဒီထျန်းရွှမ်လို့ခေါ်တဲ့ အမျိုးသားနဲ့ ပတ်သက်ပြီးတော့ တစ်ခုခု ထူးဆန်းနေတယ်”

“အဲဒါက သိသာတာပဲလေ”

“မဟုတ်ဘူး။ ကျွန်တော် ပြောတာက သူ့ဆီက တစ်စုံတစ်ခုက ကျွန်တော့်ကို ဆွဲဆောင်နေတယ်” ရှောင်ထျန်းတိက ရှင်းပြလိုက်သည်။

“အဲဒါ ဘာကိုပြောချင်တာလဲ” ရှုကျင်းယောင်က နားမလည်ပေ။

“သူ့ရဲ့ ခန္ဓာပေါ့။ သူ ဖျက်ဆီးခြင်းတာအိုအပြင် တခြားတာအိုတွေကို သုံးတဲ့အချိန်တိုင်းမှာ ရင်းနှီးတဲ့ အငွေ့အသက်ကို ခံစားမိတယ်” ရှောင်ထျန်းတိက ရှင်းပြလိုက်သည်။

“သူက ပင်ကိုယ်မဟာတာအိုအရင်းအမြစ် ရုပ်ခန္ဓာပိုင်ရှင်လို့ ပြောချင်တာလား”

“မဟုတ်ဘူး။ အဲဒါက ပြဿနာဖြစ်နေတာ။ သူ့အရှိန်အဝါက ပိုပြီးတော့ သန့်စင်နေတယ်”

“သေချာရဲ့လား။ ငါ အာရုံခံမိသလောက်ကတော့ ဖျက်ဆီးခြင်းစွမ်းအားပါပဲ”

“အဲဒါကြောင့် ကျွန်တော် မေးခွန်း ထုတ်နေမိတာပေါ့” ရှောင်ထျန်းတိက ပြောလိုက်၍ သူ့ဆရာက မျက်မှောင်ကြုတ်လိုက်သည်။

“အဲ့ဆိုတော့ ဒါက ဘယ်လိုဖြစ်လာတာလဲ။ မင်းက တစ်ခုခု အစီအစဉ်ရှိထားလား”

“ကျွန်တော် သူ့ရဲ့ သွေးကိုရပြီးတော့ တခြားစွမ်းအားတွေကို ဖယ်ထုတ်နိုင်ရင် ကျွန်တော့်ရဲ့ ရုပ်ခန္ဓာကို ပိုပြီးမြင့်မားတဲ့ အဆင့်တစ်ခုအထိ ရောက်အောင် မြှင့်တင်နိုင်မယ်လို့ ထင်တယ်”

“မင်းရဲ့အသံမှာ အလျင်လိုမှုကို ခံစားမိတယ်” သူမက ပြောလိုက်၍ ရှောင်ထျန်းတိက သက်ပြင်းချလိုက်သည်။

“ဒီတိုက်ပွဲကို ကြည့်နေပြီးရင်တောင်မှ စံပြအဆင့်ကို အလျင်စလိုဝင်တာက ကိစ္စကောင်း မဟုတ်ဘူးဆိုတာ သဘောပေါက်သွားတယ်” သူက ပြောလိုက်သည်။

သူ့ကျင့်ကြံဆင့်က ဤကဲ့သို့အချိန်တိုအတွင်း ၇၉ ရာခိုင်နှုန်းသို့ ရောက်ရှိနေပြီဖြစ်သည့်အတွက် ထိပ်တန်းကောင်းကင်ဘုံအဆင့် ဖြစ်လာဖို့ သိပ်မကြာတော့ပေ။ သို့သော်လည်း ထျန်းရွှမ်နှင့် ကျိချန်းမင်တို့ အားကောင်းလာသည်ကို မြင်တွေ့ပြီးသည့်နောက်တွင် ရှောင်ထျန်းတိအနေဖြင့် အလျင်စလိုပြုမူခြင်းက အကောင်းဆုံးရွေးချယ်မှု မဟုတ်ကြောင်း သဘောပေါက်သွားလေ၏။

“ဟမ် မင်းက ငါ့ကို သူနဲ့ တိုက်စေချင်တာလား။ အရှင်းဆုံးပြောရရင် ငါ စံပြဖြစ်လာပြီးရင်တောင် သူ့ပြိုင်ဖက်တော့ ဖြစ်မှာမဟုတ်ဘူး” ရှုကျင်းယောင်က ရေရွတ်လိုက်သည်။

“သူက ထူးကဲသာလွန်မှုအင်အားစုနဲ့ ပတ်သက်နေတဲ့အကြောင်းကို ထည့်မပြောရသေးဘူး” ရှောင်ထျန်းတိက ထပ်ပြောလိုက်၏။ သူက သူ့မှတ်ဉာဏ်များ လွဲချော်နေသည်ကို ချက်ချင်း သဘောမပေါက်ခဲ့သော်လည်း အမှန်တရားတချို့ကို ကောက်ချက်ချနိုင်သေးသည်။

“ကြည့်ရတာ သူ့ကို ရင်ဆိုင်ဖို့ အဖွဲ့ဖွဲ့ရမယ့်ပုံပဲ။ ငါတို့ရဲ့ရည်ရွယ်ချက်က သူ့ကိုသတ်ဖို့ မဟုတ်ဘဲနဲ့ သွေးကို ရဖို့ပဲလေ။ ဒါပေမဲ့ ငါတို့တွေနှစ်ယောက်လုံး သူ့အဆင့် ရောက်သွားတဲ့အချိန်မှာ သူက အဲ့ဒီအချိန်ကျရင် ဘယ်လောက်တောင် အားကောင်းနေမလဲ” ရှုကျင်းယောင်က အကြံပြုလိုက်သည်။

“ဒီလိုဆိုရင်တော့ ကျွန်တော်တို့တွေ အားသုံးမဲ့အစား ခေါင်းသုံးသင့်တယ်”

“မင်းက ဝမ်ဝေ့ကို တောင်းဆိုချင်တာလား။ မင်းက ငါတို့တွေ သူ့အပေါ် ဆက်တိုက်မှီခိုနေတာကို မကြိုက်ဘူးလို့ထင်တာ” ရှုကျင်းယောင်က သူမ၏လေသံထဲ မကျေနပ်မှုကို ဖုံးကွယ်ထားခြင်း မရှိဘဲ ပြောလိုက်သည်။

“သူက ဆရာတို့နှစ်ယောက်ကြား ကံကြမ္မာနဲ့ ကံကြွေးကို တိုးမြှင့်ပြီးတော့ ချစ်ခြင်းမေတ္တာကံကြိုးမျှင်ကို ချိုးဖောက်ဖို့ကြိုးစားနေတယ်ဆိုတာ သိသာတယ်။ ကျွန်တော်တို့တွေက အဲဒါကိုအခွင့်ကောင်း ယူလို့ရတယ်” ရှောင်ထျန်းတိက အကြံပြုလိုက်သည်။

“မင်း ပြောတာဟုတ်တယ်” သူမက ခေါင်းညိတ်လိုက်၏။ အကယ်၍ ဝမ်ဝေ့က ကံကြမ္မာကြိုးမျှင်ကို အက်ကြောင်း မထင်စေပါက သူတို့၏ဆက်ဆံရေးသည် ပိုမိုနေရခက်လာလိမ့်မည်။ ကံကြမ္မာက သူတို့အား မတော်တဆ တွေ့ဆုံမိအောင် ဆက်တိုက်ဖိအားပေးမည်ဖြစ်ကာ သူတို့အား ထူးကဲသည့် ဒိုင်မေးရှင်း သို့မဟုတ် ကံအပြောင်းအလဲအခွင့်အရေးများဖြင့် ပိတ်မိစေပြီး သူတို့အား အချင်းချင်း သိကျွမ်းလာစေလိမ့်မည်။

“ကောင်းပြီလေ။ အဲ့ဆိုရင် မင်းဘာသာမင်း ဆက်သွယ်လိုက်”

“သူ အားပါစေလို့ပဲ မျှော်လင့်ရမှာပဲ” ရှောင်ထျန်းတိက ရေရွတ်ပြီးသည့်နောက်တွင် ဆက်သွယ်ရေးအဆောင်ကို အသုံးပြုလိုက်သည်။

“ဟမ် တစ်စုံတစ်ခုဖြစ်သွားတာလား” ဝမ်ဝေ့၏ ပုံရိပ်ယောင်က မေးလာလေသည်။ သူက ထျန်းရွှမ်နှင့် ပတ်သက်သည့်အရာအားလုံးကို သုံးသပ်ပြီးကာစဖြစ်ပြီး ကျင့်ကြံတော့မည် ဖြစ်၏။

“မင်းကို တစ်ခု မေးချင်လို့ပါ” ရှောင်ထျန်းတိက လေ့လာတွေ့ရှိချက်နှင့် ရည်ရွယ်ချက်ကို ယှဉ်ပြရင်း စကားဝိုင်းကို စတင်လိုက်သည်။

“အဲ့ဆိုတော့ မင်းက သူ့ရဲ့အသင်္ချေရုပ်ခန္ဓာအကြောင်းကို ပြောနေတာလား”

“အဲဒါက အဲ့လိုခေါ်တာလား”

“ငါလည်းမသိဘူး။ ငါက အဲ့လိုခေါ်တာ” ဝမ်ဝေ့က ဝန်ခံလိုက်သည်။ သူ့အာရုံခံနှုန်းက ထိုနှစ်ယောက်ထက် ပိုမိုမြင့်မားသည့်အတွက် သတင်းအချက်အလက်များစွာကို အာရုံခံမိပြီး ကောက်ချက်ချမိခြင်း ဖြစ်၏။ သူ့သုံးသပ်ချက်အရ ထျန်းရွှမ်အတွက် အကောင်းဆုံးတာအိုသည် ဟွင်သွမ်း ဖြစ်သင့်ပေသည်။ ထိုအရာက တာအိုအားလုံးကို အသုံးပြုခွင့်ပြုထားပြီး မဟာတာအိုအတွက် အကောင်းဆုံးအခွံ တစ်ခု ဖြစ်လာစေမည် ဖြစ်၏။ ထို့ကြောင့် သူသည် ရှောင်ထျန်းတိနှင့် ရုပ်ခန္ဓာတူညီပြီး ပိုမိုမြင့်မားသည့်အဆင့်တစ်ခုသို့ ရောက်ရှိနေသည့် အကြောင်းအရင်းလည်း ဖြစ်ပေသည်။

ထျန်းရွှမ်၏ ပုန်ကန်လိုသည့် ပထမဆုံးအပြုအမူက ဖျက်ဆီးခြင်းတာအိုကို ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး သူ့အသင်္ချေတာအိုရုပ်ခန္ဓာအား အကြွင်းမဲ့ဖျက်ဆီးခြင်းခန္ဓာဟု ခေါ်ဆိုသည့်အရာတစ်ခု ပြောင်းလဲလိုက်ခြင်း ဖြစ်၏။

သူက ထိုတာအိုအား အမြင့်မားဆုံးတိုက်ခိုက်ရေးစွမ်းအား ရှိကာ ထိန်းချုပ်နိုင်စွမ်းနှင့် စွယ်စုံသုံးနိုင်စွမ်းရှိသည့် ကံကြမ္မာတာအို၏ သဘာဝရန်သူဟု အကြောင်းပြချက် သုံးခဲ့သေးသည်။

“အဲ့ဆိုတော့ ငါတို့ကို ကူညီပေးလို့ရလား”

“မင်းက သူ့ရဲ့ သွေးကိုယူချင်တယ်ဆိုရင်တော့ တူညီတဲ့ တန်ဖိုးနဲ့ လဲလှယ်လို့ရတယ်” ဝမ်ဝေ့က ပြောလိုက်သည်။

“တူညီတဲ့ တန်ဖိုးတဲ့လား။ မင်း ပြောတာက ငါ့ဆရာရဲ့ ပြီးပြည့်စုံမှုလား”

“ဒါက ...” ရှောင်ထျန်းတိက သူမကို ကြည့်ပြီးသည့်နောက်တွင် ရေရွတ်လိုက်၏။

“အဲဒါက ကျွန်မကို အန္တရာယ်ထဲ တွန်းပို့နေတာ မဟုတ်ဘူးလား” ရှုကျင်းယောင်က မျက်နှာပြကာ မေးလိုက်သည်။ ဤနေရာသို့မလာခင် သူမက သူမပြီးပြည့်စုံမှုကို ဝှက်ထားဖို့အကောင်းဆုံးကြိုးစား အားထုတ်ခဲ့၏။ ဝမ်ဝေ့၏ သော့ခလောက်က သူမ၏ တည်ရှိမှုသည် ကမ္ဘာ၏ အကြီးမားဆုံး လျှို့ဝှက်ချက်အဖြစ် မှတ်ယူကာ အကူအညီပေးခဲ့ခြင်း ဖြစ်ပေသည်။ ယခု သူက ထိုသတင်းအချက်အလက်ကို ထုတ်ဖော်ဖို့ အကြံပြုနေလေ၏။

“သူက မင်းအကြောင်းကို သိပြီးသား” ဝမ်ဝေ့က ထုတ်ဖော်လိုက်သည်။

“ဘယ်လိုလဲ မင်း ပြောလိုက်တာလား”

“ငါက ဘာကြောင့်အဲ့လိုလုပ်ရမှာလဲ”

“ဒါပေမဲ့ တခြားကျင့်ကြံသူက ဘယ်လိုလုပ် အဲ့ဒီလျှို့ဝှက်ချက်ကို သိသွားတာလဲ” ရှုကျင်းယောင်က မေးလိုက်သည်။

“သူ့ရဲ့ အခြေအနေက ထူးကဲတယ်။ အဲ့ဆိုတော့ သူက ငါတို့ကမ္ဘာရဲ့ အခြေအနေနဲ့ လက်ရှိအကြောင်းကို အများကြီး သိထားတယ်”

“ခဏလေး အဲ့ဆိုတော့ သူက တခြားဟွင်သွမ်းကမ္ဘာတွေမှာ ထုတ်ဖော်ပြောလို့ရတယ်ဆိုတဲ့ အဓိပ္ပါယ်လား” ရှောင်ထျန်းတိက ဝင်ပြောလိုက်သည်။

“အဲ့လိုဖြစ်နိုင်တယ် ဒါပေမဲ့ စိုးရိမ်စရာ မလိုဘူး”

“ဘာကိုစိုးရိမ်စရာ မလိုတာလဲ”

“မင်းက အပေးအယူလုပ်ပြီးသွားပြီလား” သူ့အကြည့်ထဲ နားလည်သွားသည့် အလင်းတချက် ဖြတ်ပြေးသွားလေသည်။

“ငါက အဲ့လိုလုပ်ဖို့ ဘယ်တုန်းကများ အချိန်ရှိလို့လဲ”

“အဲ့ဆိုရင် အစီအစဉ်ရှိနေတာလား” ရှောင်ထျန်းတိက မေးလိုက်သည်။

“ဟုတ်တယ်”

“အဲ့ဒီအစီအစဉ်က ယုံကြည်ရရဲ့လား”

ဝမ်ဝေ့က သူ့ကို စိုက်ကြည့်လိုက်၏။

“‌ကောင်းပြီလေ။ ငါက အများကြီး ပြောမိသွားတယ်” ရှောင်ထျန်းတိက နောက်ဆုတ်လိုက်သည်။

“ဟမ် တခြားတစ်ယောက်က ဆက်သွယ်နေတယ်။ ဘာပဲဖြစ်ဖြစ် ငါ မင်းကို အကြံပြုချက် ပေးပြီးသွားပြီဆိုတော့ လုပ်တာမလုပ်တာက မင်းရဲ့အပိုင်းပဲ” ဝမ်ဝေ့က ပြောလိုက်သည်။

ဤအပေးအယူဖြစ်နိုင်ချေက အတော်လေး မြင့်မားလှ၏။ ပြီးပြည့်စုံမှုထဲတွင် မဟာတာအို၏ အစီအစဉ် သို့မဟုတ် လျှို့ဝှက်ချက်တစ်ခု ကိန်းအောင်းနေသည့်အတွက် ထိုအရာ၏ အနှောင်အဖွဲ့မှလွတ်မြောက်လိုသည့် ထျန်းရွှမ်အတွက် အင်မတန် အဖိုးတန်နေသည်။

“နောက်တစ်ခု ရှိသေးတယ်။ မင်းရဲ့ ရုပ်ခန္ဓာတိုးတက်ဖို့အတွက် သူ့ရဲ့သွေးကို တိုက်ရိုက်မစုပ်ယူမိစေနဲ့။ မင်းက အခါပေါင်းသိန်းသောင်းချီ သန့်စင်ထားတယ်ဆိုရင်တောင်ပေါ့။ မင်း လေ့လာပြီးတော့ သူ့ရဲ့သွေးကို ပြန်လည်ဖန်တီးလို့ရတယ်။ ဒါပေမဲ့ ဘယ်လိုအခြေမျိုးမှာပဲဖြစ်ဖြစ် အဲဒါကို တိုက်ရိုက်မစုပ်ယူသင့်ဘူး”

“အဲ့‌လောက်တောင် ပြင်းထန်တာလား” ‌ရှောင်ထျန်းတိက မျက်မှောင်ကြုတ်လိုက်သည်။

“တခြားတနည်းနဲ့ ပြောရမယ်ဆိုရင် မင်း စုပ်ယူခဲ့မယ်ဆိုရင် မင်းကငါရဲ့ ရန်သူ ဖြစ်သွားလိမ့်မယ်။ အဲ့ခါကျရင် မင်းကို အမဲလိုက်မယ်။ ငါတို့ရဲ့ အရင်ဆက်ဆံရေးတွေ ထည့်သွင်းစဉ်းစားနေမှာ မဟုတ်ဘူး။ ပြီးတော့ မင်းကို ကြီးထွားဖို့ အခွင့်အရေးလည်း ပေးနေမှာ မဟုတ်ဘူး”

ရှောင်ထျန်းတိက ကြက်သီးဖြန်းဖြန်းထသွားမိ၏။

“ကောင်းပြီလေ ငါ သိပါပြီ”

“ ကောင်းပြီ” ဆက်သွယ်ရေးက အဆုံးသတ်သွားကာ သူက သူ့ဆရာကို ကြည့်လိုက်သည်။

“အဲဒါက မလွန်လွန်းဘူးလား”

“သတင်းကောင်းက ငါတို့တွေအခု သူတို့နှစ်ယောက်ရှိထားတဲ့ ဆက်ဆံရေးကို ကောက်ချက်ချလို့ရပြီလေ” ရှုကျင်းယောင်က ထပ်ပြောလိုက်သည်။

“အမှန်ပဲ”

........

“ငါတို့ရဲ့ ဦးစားပေးက စံပြတစ်ယောက် ဖြစ်လာဖို့ပဲ” လင်းဖန်က ပြောလိုက်သည်။

“အဲ့တိုက်ပွဲမှာ ဘာတွေဖြစ်ခဲ့လဲဆိုတာကို မင်းလည်း မြင်တာပဲ။ ဝမ်ဝေ့ပြောတာက မှန်တယ်။ အဖြစ်အပျက်တွေက စတင်လာပြီ။ ငါတို့တွေ အချိန်ဘယ်လောက်ကြာကြာရမယ်ဆိုတာကို ဘယ်သူကများ သိမှာလဲ”

“ရှင်က ဘာလို့ပြောတာလဲဆိုတာကို ကျွန်မ နားလည်တယ်။ ဒါပေမဲ့ ကျွန်မတို့တွေက အားအနည်းဆုံးဖြစ်နေရင် စံပြတစ်ယောက်ဖြစ်လာလို့ ဘာများအကျိုးရှိမှာလဲ” ရှုကျစ်က ငြင်းခုံလိုက်သည်။

“သာမန်အခြေအနေအောက်ဆိုရင်တော့ မင်း ပြောတာ မှန်လိမ့်မယ်။ ဒါပေမဲ့ စစ်ဆေးမှုက ကောင်းကင်ဘုံက စေလွှတ်လိုက်တဲ့ အခွင့်အရေးတစ်ခုပဲလေ။ ငါတို့တွေက စတုတ္ထမြောက် ဒါမှမဟုတ် တတိယအဆင့်ကို ရယူနိုင်တာနဲ့ ငါတို့ရဲ့ကျင့်ကြံဆင့်က တိုက်ခိုက်ရေးလိုအပ်နေတာကို ကာမိပြီးသားဖြစ်သွားလိမ့်မယ်” လင်းဖန်က ပြောလိုက်သည်။

“ရှင်က နက်နဲတဲ့ အုတ်မြစ်ရဲ့ အရေးပါပုံကို သိထားရက်နဲ့ ကျင့်ကြံဆင့် မြင့်အောင် အာရုံစိုက်နေရတဲ့ အကြောင်းအရင်းကို နားမလည်ဘူး”

လင်းဖန်က သက်ပြင်းချလိုက်သည်။

“အခြေခံအုတ်မြစ်ဆိုတာက ပြန်လည်ကာမိအောင် လုပ်လို့ရတယ်။ ဒါပေမဲ့ ဒါက တစ်သက်မှာတစ်ခါရတဲ့ အခွင့်အရေးမျိုးပဲ”

“ကျွန်မတို့တွေက လုပ်ဆောင်နိုင်မလား ဒါမှမဟုတ်ဘူးဆိုရင်လည်း ဒီလိုလုပ်ဆောင်နိုင်မဲ့ တန်ကြေးမျိုးကို ရှင် မသိသေးဘူးလေ”

“မင်းက တားမြစ်တိုက်ခိုက်ရေးအဆင့်ကို ဘယ်လိုဝင်ရောက်ရမလဲဆိုတာ မသိသေးဘူး။ ပြောရမယ်ဆိုရင် မင်းက ဆရာတောင် စိတ်လောနေတာ မမြင်ဘူးလား” လင်းဖန်က ပြန်လည်ချေပလိုက်၏။

“အဲဒါက သူက ဖိအားအောက်မှာရှိနေပြီး တစ်စုံတစ်ခုကို စီစဉ်နေတာကြာင့်လေ။ ဒါပေမဲ့ သူ့ရဲ့ ကာကွယ်မှုအောက်မှာ ကျွန်မတို့တွေက ‌ဖြည်းဖြည်းချင်း ပြင်ဆင်လို့ရတယ်” ရှုရှစ်က ပြန်လည်ပြောလိုက်သည်။

လင်းဖန်က ပါးစပ်ဟကာ ပြန်လည်ပိတ်လိုက်၏။ သူက အသက်ပြင်းပြင်းရှူကာ စိတ်ငြိမ်အောင် ထိန်းလိုက်သည်။

“အဲ့ဆိုရင် သူ့နဲ့ စကားသွားပြောကြည့်ရင်ကော ဘယ်လိုလဲ”

“ကောင်းပြီလေ”

သိပ်မကြာခင် သူတို့က ခုံဆီ ရောက်ရှိလာကာ အခြေအနေကို ရှင်းပြလိုက်သည်။

“မင်းတို့နှစ်ယောက်လုံး ဘာကြောင့်ရောက်လာတာလဲဆိုတာ နားလည်တယ်” ခုံက ပြောလိုက်သည်။

“အဲ့ဆိုတော့ ဘယ်သူမှန်တယ်လို့ ထင်လဲ”

“မင်းတို့နှစ်ယောက်လုံး မှန်တယ်”

“ဟမ်”

“တားမြစ်တိုက်ခိုက်ရေးအဆင့်က ပုံမှန်သိကြတဲ့အသိမျိုး မဟုတ်ရတဲ့အကြောင်းအရင်းကို နားလည်လား”

“အဲဒါက ထိပ်တန်းအင်အားစုတွေက သတင်းအချက်အလက်တွေကို ဝှက်ထားလို့မလား” လင်းဖန်က ပြောလိုက်သည်။

“မဟုတ်ဘူး။ အဲဒါက ကဏ္ဍအသေးလေးပဲ ရှိသေးတယ်။ လူအများကြီးက အသုံးမဝင်ဘူးလို့ ထင်ကြလို့ပဲ” ခုံက ရှင်းပြလိုက်သည်။

“အဲဒါက ဘယ်လိုလုပ် အဓိပ္ပါယ်ရှိတာလဲ” ရှုရှစ်က မေးလိုက်သည်။

“အဓိပ္ပါယ်ရှိတာပေါ့။ အဲ့ဒီကိုရောက်ဖို့ နည်းလမ်း ဖန်တီးရမယ်။ အချိန်က နောက်တစ်ဆင့်ကို ဝင်ရောက်တာထက်တောင် ပိုပြီးကြာမြင့်သွားနိုင်တယ်” လင်းဖန်က ပြောလိုက်သည်။

“အတိအကျပဲ။ ပြီးတော့ သိသားတဲ့ အကျိုးကျေးဇူးဆိုတာလဲ မရှိဘူးလေ။ မင်းရဲ့အဆင့်ထက် ကျော်လွန်တဲ့သူကို တိုက်ခိုက်နိုင်စွမ်းက ဒီအဆင့်ကို ရောက်တာလောက် အဖိုးမတန်တော့ဘူး”

“ဒါပေမဲ့ ဝမ်ဝေ့က တားမြစ်တိုက်ခိုက်ရေးအဆင့်က နေမင်းနှစ်စင်းအဆင့်မှာ အကျိုးကျေးဇူးအများကြီး ရှိလာမယ်လို့ အကြိမ်အများကြီး ပြောခဲ့ဖူးတယ်” ရှုရှစ်က ထပ်ပြောလိုက်သည်။

“ဒါက အမှန်ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ သူတို့တွေ ပေါ်ထွက်မလာခင် ကျင့်ကြံသူတွေရဲ့ ၉၉.၉၉က စံပြအဆင့်က ကျင့်ကြံခြင်းရဲ့ ထိပ်သီးအဆင့်လို့ မှတ်ယူထားခဲ့ကြတာလေ။ ငါ စုစည်းထားသလောက်ဆိုရင် ဒုတိယမူလ စစ်ပွဲအတွင်းမှာ လူအများကြီးက ပါဝင်ဆင်နွဲခြင်းမရှိသလို တခြားတစ်ဖက်ကို ဝင်ရောက်သွားခဲ့တာက သူတို့က ချီယွမ်က လျှောက်ပြောနေပြီးတော့ သူ့အစီအစဉ်က အဓိပ္ပါယ်မရှိဘူးလို့ ယုံကြည်ကြလို့ပဲ။

All Chapters