ဆင်တူသော
Vol. 104 Ch. 1452
“မြန်လိုက်တာ” ထျန်းရွှမ်က ပြောလိုက်သည်။
“ငါတို့တွေ မစခင် မင်း ငါ ဒီတွေ့ဆုံမှုအတွက် သုံးခဲ့တဲ့အမှတ်တွေ ပြန်ပေးပါ့မယ်ဆိုတဲ့ ကံချုပ်နှောင်ရေး ကတိစကားကို လက်မှတ်ထိုးရမယ်” ဝမ်ဝေ့က သူ့အား မှတ်စုတစ်ခုကို ပေးကာ ပြောလိုက်သည်။
“သတင်းအချက်အလက်တွေကတော့ မင်းက အတော်လေးကို ကပ်စေးနည်းပြီးတော့ ဆုံးရှုံးမှုမလိုချင်တဲ့သူလို့ ပြောတယ်။ ငါ ဒီလောက်အထိ ထင်မှတ်မထားမိဘူး” ထျန်းရွှမ်က လှောင်ပြောင်လိုက်၏။ သူ့စကားများက မည်သို့ပင်ဆိုစေကာမူ သူက မှတ်စုကို ဖတ်ရှုပြီးသည့်နောက်တွင် လက်မှတ်ရေးထိုးလိုက်သည်။
“မင်းက ဘာမှတောင် တွက်ကပ်မနေဘူးဆိုတော့ အတော်လေးကို စိတ်လောနေတာပဲ ဖြစ်လောက်တယ်” ဝမ်ဝေ့က ပြောလိုက်သည်။
“မင်းကို ငါ့ရဲ့ လေးနက်မှုကို ပြသရုံပါပဲ”
ဝမ်ဝေ့က စာချုပ်ကို သိမ်းဆည်းပြီးသည့်နောက်တွင် စာသင်သားသဖွယ် ယပ်တောင်ကို ဆင့်ခေါ်ပြီး သူ့ကိုယ်သူ ဂုဏ်ကျက်သရေကြီးမားယောင် ဟန်ဆောင်လိုက်သည်။
“အဲ့ဆိုတော့ မင်း ဘာပြောချင်တာလဲ”
ထျန်းရွှမ်က သူ့ကို ကြည့်ကာ ခေါင်းယမ်းလိုက်သည်။ သူသိထားသည့် သတင်းအချက်များအရ ထိုအမျိုးသား၏ အကျင့်စရိုက်သည် ထူးဆန်းကာ ဟန်ဆောင်မှုရှိပြီး အမျိုးသမီးတစ်ယောက်၏ စိတ်အနေအထားနှင့် အမျိုးသားတစ်ယောက်၏ ဒေါသကြားတွင် ပြောင်းလဲနေသည်ဟု ပြောထားလေသည်။
“မင်း လုပ်ခဲ့တယ်မလား။ မင်းရဲ့ အတားအဆီးကို ဖယ်ရှားပစ်ခဲ့တယ်လေ” ထျန်းရွှမ်က မေးလိုက်သည်။
“ဟမ် မင်းက ဘာတွေလာပြောနေတာလဲ” ဝမ်ဝေ့က စိတ်ရှုပ်ထွေးစွာ ပြန်မေးလိုက်၏။ သူ့မျက်နှာအမူအရာက အစစ်အမှန်မသိမှုတို့ကို ညွှန်ပြနေလေသည်။
“ဘာမှ ဟန်ဆောင်နေစရာမလိုဘူး။ မင်း အတိုင်းအတာမဲ့စမ်းသပ်ချက်တုန်းက အရှိန်အဝါက သက်သေထက် လုံလောက်တယ်။ နိမ့်ကျတဲ့ကျင့်ကြံဆင့်နဲ့ မတူဘဲနဲ့ စမ်းသပ်ချက်အတွင်းမှာ မဟာတာအိုကို ရန်စလို့ ဘာအကျိုးမှမထူးဘူး။ မင်းက သူ့စွမ်းအားကို ငှားယူချင်တာ မဟုတ်သရွေ့ပေါ့” ထျန်းရွှမ်က ဆက်ပြောလိုက်သည်။
“ဒါပေမဲ့ မင်းက သူ့စွမ်းအားကို ဘာလို့ငှားဖို့ လိုတာလဲ။ မင်း အသက်ကိုတောင် စတေးပြီးတော့ လုပ်ချင်တဲ့ဟာ တစ်ခုပဲ ရှိတယ်။ မင်းရဲ့ လွတ်လပ်ခွင့်နောက်ကို လိုက်ဖို့။ ငါ ဒီအမြင်ကနေ သုံးသပ်လိုက်တာနဲ့ အရာအားလုံးက ဆက်နွယ်မိသွားတယ်။ နမူနာအနေနဲ့ဆိုရင် မင်းက မင်းရဲ့အတိုင်းအတာမဲ့ဧကရာဇ် အောင်မြင်မှုကို ဘာကြောင့်သုံးခဲ့တာလဲဆိုတာကို ပြောဖို့မလိုတော့ဘူး။ မင်းက မဟာတာအိုကို မယုံကြည်ဘူး။ အဲ့ဆိုတော့ မင်းရဲ့အတားအဆီးတွေကို ဖယ်ရှားဖို့ တိုက်ရိုက်နည်းလမ်းတောင်းမှာ မဟုတ်ဘူး။ သူ ပေးတဲ့ နည်းလမ်းတွေကိုလည်း မင်းက ယုံမှာ မဟုတ်ဘူး။ အဲ့ဆိုတော့ အကောင်းဆုံးနည်းလမ်းက အဲ့ဒီအတားအဆီးတွေကို အာရုံခံမိဖို့ နည်းလမ်းကို တောင်းဆိုလိမ့်မယ်။ ပြီးသွားရင် မင်းကိုယ်မင်း ဖယ်ရှားပစ်လိုက်မယ်။ ငါ ပြောတာမှားသွားလား”
နှစ်ဦးသားက အချင်းချင်း စိုက်ကြည့်ပြီးသည့်နောက်တွင် ဝမ်ဝေ့က ရယ်မောခြင်းဖြင့် တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။
“စိတ်ဝင်စားစရာပဲ။ အခုအားလုံးက အဓိပ္ပါယ်ရှိသွားပြီ”
ထျန်းရွှမ်က မျက်မှောင်ကြုတ်လိုက်၏။
“ငါ့စမ်းသပ်ချက်အပြီးမှာ ငါ့အပေါ် မင်းရန်လိုမှု ဘာကြောင့်ပျောက်သွားတာလဲလို့ စဉ်းစားနေတာ။ ကျိချန်းမင်က မတော်တဆဖြစ်ရပ် မဟုတ်ဘူးမလား။ သူက မင်းကို စိန်မခေါ်ဘူးဆိုရင်က မင်းက သူ့ကို ရန်စပြီးတိုက်ဦးမှာပဲ။ မင်းက သူ့ကို သူ့နောက်ကွယ်က ထူးကဲသာလွန်မှုအဆင့်ကို မျှားခေါ်ဖို့ အန္တရာယ်ထဲ ထည့်အောင် လုပ်မှာပဲ။ အဲ့ဒါမှ မင်းရဲ့ ဆရာကို ဆက်သွယ်လို့ရမှာ မဟုတ်ဘူးလား။ သူက မင်းရဲ့ဆရာတင်မကဘူး မင်းကို စောင့်ကြည့်သူပဲ။ မင်းက ခဏအာရုံထွေပြားအောင် လုပ်ပြီးတော့ ဒီမှတ်စုကို ချန်ထားချင်တာ။ မင်းအစီအစဉ်ရဲ့ ကဏ္ဍကတော့ မင်းကို ဖမ်းမိသွားတယ်ဆိုရင်တောင် ဒီမှတ်စုက ငါ့ရဲ့လျှို့ဝှက်ချက်တွေကို သိလာအောင် ကြိုးစားမှုလို့ အကြောင်းပြချက်သုံးလိမ့်မယ်။ မင်းက ငါ ဒီပထမအခန်းကို သုံးမယ်ဆိုတာ သိထားတာပဲလေ”
ဝမ်ဝေ့က လှောင်ပြုံးဖြင့် ပြောလိုက်သည်။
“မင်းက လွတ်လပ်ခွင့်ကို လိုချင်တာမလား။ အဲ့ဒါက အဓိပ္ပါယ်တော့ရှိပါတယ်။ မင်းလိုမျိုးဉာဏ်ကောင်းတဲ့သူက တစ်စုံတစ်ယောက်ရဲ့ ရုပ်သေးရုပ်ဖြစ်ဖို့ ဘယ်လိုလုပ် လက်ခံမှာလဲ။ မင်းနဲ့ ငါက လွတ်လပ်ခွင့်ကို လိုချင်တဲ့နေရာမှာ တူနေလိမ့်မယ်လို့တော့ ထင်မထားမိဘူး” ဝမ်ဝေ့က ရယ်မောလိုက်သည်။
“ငါက အမှန်တရားကို ဖုံးကွယ်ထားဖို့ ဘယ်တုန်းကမှ မစီစဉ်ထားဘူး” ထျန်းရွှမ်က ဝန်ခံလိုက်သည်။ သူက သူ့လိုလူမျိုးနှင့် ဆက်သွယ်ပြောဆိုသည့်အခါ မည်သည်ကို မှန်းဆထားရမည်မှန်း သိလေသည်။ ထို့ကြောင့် သရုပ်ပြမှုက သူတို့အတွက် ဘာမှမဟုတ်ပေ။
“အခု ငါ စိတ်ဝင်စားသွားပြီ။ မင်းရဲ့ ရည်မှန်းချက်က ငါ့ရဲ့ လေ့လာရေးနည်းလမ်း ဖြစ်သင့်တာပေါ့။ အဲ့ဒါကို ဘာနဲ့အလဲအလှယ်လုပ်ဖို့ ပြင်ဆင်ထားလဲ” ဝမ်ဝေ့က မေးလိုက်သည်။
“မင်းရဲ့ အသက်နဲ့ဘေးကင်းမှုဆိုရင်ရော”
“ဟားဟားဟား ကြားရတာ စိတ်ဝင်စားဖို့ကောင်းသားပဲ”
“မင်းက ငါ လိုချင်တာ ပေးမယ်ဆိုရင် မင်းက အလုံးစုံသိမြင်ပကတိဘုံကျောင်းထဲက ဟောစာတမ်းထဲက အရူးကံကြမ္မာဧကရာဇ်ဆိုတာကို မထုတ်ဖော်ဘူး” ထျန်းရွှမ်က တည်ငြိမ်စွာပြောလိုက်သည်။
“အဲ့ဒီအသုံးမဝင်တဲ့ ကစားပွဲတွေ ကစားမနေနဲ့တော့။ မင်းက ငါ့အကြောင်းကို ပြောလိုက်တာနဲ့ ငါက မဟာတာအိုကို ချက်ချင်းဆက်သွယ်ပြီးတော့ မင်း လုပ်နေတာကို ပြောပြလိုက်မှာ” ဝမ်ဝေ့က ပြန်လည်တုန့်ပြန်လိုက်သည်။ သူက ထျန်းရွှမ်အား စိုက်ကြည့်လိုက်၏။
“မဟာတာအိုက မင်းအပေါ်မှာ အများကြီး ရင်းနှီးမြှုပ်နှံထားတယ်ဆိုတော့ မင်းကို သတ်မှာတော့ မဟုတ်ဘူး။ ဒါပေမဲ့ မင်းရဲ့အကျင့်စရိုက်ကို ပြောင်းလဲပြီးတော့ မင်းရဲ့ မှတ်ဉာဏ်နဲ့အတွေ့အကြုံအသစ်တွေ ပေးလာလောက်တယ်”
ထျန်းရွှမ်၏ မျက်လုံးထဲတွင် အလင်းတချက် ဖြတ်ပြေးသွားလေသည်။ မည်သူက သူတို့၏ အကျင့်စရိုက် ပြောင်းလဲသွားသည်ကို မလိုချင်ကြပေ။
“ကောင်းပြီလေ။ ငါ ကြိုးစားကြည့်ဖို့လိုတယ်ဆိုတာကိုတော့ မင်း နားလည်သင့်တယ်။ ငါ့ရဲ့ အပေးအယူက ငါတို့ကြားက မဟာမိတ်ပဲ” သူက ပြောလိုက်သည်။
“ဒါပဲလား”
“ငါက မင်းအတွက် အကူအညီဖြစ်မဲ့ လျှို့ဝှက်ချက်တွေ အများကြီးသိထားတယ်”
“ဘယ်လိုမျိုးလဲ” ဝမ်ဝေ့က မေးလိုက်၏။
ထျန်းရွှမ်က သူ့ကို စိုက်ကြည့်လိုက်သည်။ သူက ထိုခွေးကောင်သည် အခြေအနေကို အခွင့်ကောင်းယူကာ တစ်ခုအလကားရဖို့ ကြံစည်နေကြောင်း သိလိုက်၏။ သူက ရေရွတ်လိုက်သည်။
“ကျိတင်းရှန်းနဲ့ ပတ်သက်တဲ့အရာဆိုရင်ရော။ သူက ....”
“သူက သူ့ကိုယ်သူအသက်ပြန်သွင်းမယ်လို့ ပြောမလို့လား။ အဲ့ဆိုရင်တော့ ပြောမနေနဲ့တော့”
“မင်း သိနေတာလား”
“အဲ့ဒါက ကောက်ချက်ချကြည့်ဖို့ ခက်ခဲလို့လား။ သူက အသက်ပြန်မရှင်နိုင်လောက်မှန်း သိတယ်လေ။ မဟာတာအိုက သူ့ကို အပြီးတိုင် ပယ်ဖျက်ပစ်လိမ့်မယ်။ အဲ့ဆိုရင်တော့ သူ့အနေနဲ့ အသက်ရှင်နိုင်တဲ့တစ်ခုတည်းသော နည်းလမ်းက အစွဲအလမ်းစွမ်းအားပဲ။ နှလုံးသားဆန္ဒနန်းဆောင်က အစွဲအလမ်းအကြောင်း လေ့လာခဲ့တာ ကြာလှပြီ။ သူတို့ရဲ့ဘိုးဘေးကို ပြန်လည်အသက်သွင်းဖို့ ရည်ရွယ်ချက်နဲ့ပေါ့”
ထျန်းရွှမ်က သက်ပြင်းချလိုက်၏။
“မင်းနဲ့ဉာဏ်ရည်တူတဲ့သူကို ပထမဆုံး ရင်ဆိုင်ဖူးတာမလား။ မင်းက ငါ့ထက်နိမ့်ကျနေတာ မထူးဆန်းတော့ဘူး။ မင်းရဲ့ ကျင့်ကြံရေးအတွေ့အကြုံက အရမ်းကို နည်းလွန်းတယ်”
ဝမ်ဝေ့က ပြောလိုက်သည်။ ထျန်းရွှမ်၏ မျက်လုံးအထက် ဒေါသနှင့်အမုန်းတရား အရိပ်အယောင် ဖြတ်ပြေးသွားလေသည်။ သို့သော်လည်း သူ့မျက်နှာအမူအရာနှင့် အရှိန်အဝါတို့က မပြောင်းမလဲ ကျန်ရှိနေသေး၏။
မည်သို့ပင်ဆိုစေကာမူ ဝမ်ဝေ့က အာရုံခံမိလိုက်၏။
သူက ခံစားချက်ကို ကောင်းကောင်းထိန်းချုပ်နိုင်တာပဲ။
ဝမ်ဝေ့က တွေးလိုက်၏။
“ဒီစစ်ဆေးမှုရဲ့ လျှို့ဝှက်ချက်ကို ပြောပြမယ်ဆိုရင်ကော ဘယ်လိုလဲ” ထျန်းရွှမ်က တည်ငြိမ်စွာပြောလိုက်သည်။
“ပြောလေ” ဝမ်ဝေ့က ပြန်ပြောလိုက်သည်။
“ဒီနေရာက ဘာလဲဆိုတာသိလား”
“မိုးမြေလျှို့ဝှက်ဆန်းကျယ်မှုတစ်ခု နေမှာပေါ့”
“အတိအကျပဲ။ မိုးမြေလျှို့ဝှက်ဆန်းကျယ်မှုတွေက ဘယ်လိုဖန်တီးထားတာလဲဆိုတာ သိလား” ထျန်းရွှမ်က ထိုအနေအထားထိ သိလိမ့်မည်ဟု ထင်မှတ်ထားပြီးသားဖြစ်၏။
“ကောင်းကင်တာအို ဒါမှမဟုတ် မဟာတာအိုက ဖန်တီးထားတယ်ဆိုတာပဲသိတာ” ဝမ်ဝေ့က ခေါင်းညိတ်ကာ ဝန်ခံလိုက်သည်။
“အမှန်ပဲ ဒါပေမဲ့ ဒီကိစ္စရဲ့အရင်းအမြစ်က သူတို့ဘယ်လိုဖန်တီးထားတာလဲဆိုတာပဲ။ သူတို့ကို မျိုးရိုးဗီဇသက်ရှိတွေရဲ့ အလောင်းကနေ ဖန်တီးထားတာ” ထျန်းရွှမ်က သူမသိသေးတာကို မြင်ကာ ခေါင်းညိတ်ပြီး ဆက်ပြောလိုက်သည်။
“မျိုးရိုးဗီဇသက်ရှိလား။ မျိုးရိုးဗီဇခေတ်ကာလက သက်ရှိတွေကို ပြောတာလား” ဝမ်ဝေ့က အတည်ပြုကာ မေးလိုက်သည်။
“ဟုတ်တယ်လေ”
“အဲ့ဆိုတော့ သူတို့တွေက စည်းမျဉ်းတွေနဲ့ကန့်သတ်ချက်တွေကို ချိုးဖောက်နိုင်တဲ့အကြောင်းအရင်းတွေကို ရှင်းပြပြီးသားဖြစ်သွားပြီ” ဝမ်ဝေ့က ရုတ်တရက် သဘောပေါက်သွားလေ၏။ မဟာတာအိုက မဖြုန်းတီးစေမိအောင် အမြဲလုပ်ဆောင်သည့်အတွက် ထိုရှေးကျကာ အားကောင်းသည့်သက်ရှိများ၏ အလောင်းကို ဤကဲ့သို့ ဟွင်သွမ်းစကြဝဠာ၏ အကျိုးအမြတ်ရရှိစေဖို့အရာ ဖန်တီးသည်က အဓိပ္ပါယ်ရှိပေသည်။
“ဒါပေမဲ့ အဲ့ဒါပဲလား။ ဒါက မင်းနဲ့ လဲချင်တဲ့သတင်းအချက်လား”
ထျန်းရွှမ်က သူ့ကိုစိုက်ကြည့်လိုက်သည်။
“မင်းရဲ့မျှော့လို ဂုတ်သွေးစုပ်တဲ့ သဘာဝက အတော်လေးကို မသက်မသာဖြစ်စေတာပဲ”
“ငါ့ရဲ့ဇနီးလေးကတော့ အရမ်းသဘောကျတယ်လေ” ဝမ်ဝေ့က ယပ်တောင်ခပ်ရင်း ပြန်ပြောလိုက်လေသည်။
“မူမမှန်မှု တစ်ခုရှိတယ်လေ” ထျန်းရွှမ်က ထပ်ပြောလိုက်သည်။
“ဒီစစ်ဆေးမှုက အလောင်းမှာ အသိစိတ်ရှိတယ်။ အတိအကျပြောရမယ်ဆိုရင်တော့ ယခင်တစ်ခုရဲ့ မှတ်ဉာဏ် အကြွင်းအကျန်တွေကနေ မွေးဖွားလာတဲ့ အသိစိတ်အသစ်ပေါ့။ အဲ့ဆိုတော့ မင်းကလည်း တခြားထူးကဲသာလွန်မှုအင်အားစုက လူတွေကို သတိထားမိမယ်ဆိုတာ သေချာတယ်။ သူတို့ရဲ့ထူးကဲသာလွန်မှုက အဲ့ဒီသက်ရှိအသစ် ပြောရမယ်ဆိုရင်တော့ အသိစိတ်အသစ်ကို ထိန်းချုပ်ပြီးတော့ ဝါးမျိုဖို့ပဲ”
“အဲ့ဒါကြောင့် စစ်ဆေးမှုစိတ်ဝိညာဉ်တွေက လူတွေကို အမှတ်တွေသုံးအောင် အားပေးနေတာလား” ဝမ်ဝေ့က မေးလိုက်သည်။
“ဟုတ်တယ်” ထျန်းရွှမ်က ခေါင်းညိတ်လိုက်၏။
“အသိစိတ်က မဟာတာအိုရဲ့ ထိန်းချုပ်မှုအောက်မှာရှိနေတုန်းပဲ။ မထိခိုက်စေနိုင်ဘူး။ ဒါပေမဲ့ ဒီစစ်ဆေးမှုမှာ လူတွေအများကြီးဝင်လာပြီးတော့ ဒီစစ်ဆေးမှုရဲ့ ထူးကဲစွမ်းအားတွေ ပိုပြီးတော့ဖွဲ့စည်းလာမယ်ဆိုရင်တော့ သူ့ရဲ့အသက်ပြန်ရှင်မှုက ပိုပြီးမြန်ဆန်သွားလိမ့်မယ်”
“စိတ်ဝင်စားစရာပဲ။ မဟာတာအိုရဲ့ ကဏ္ဍက ဘာလဲ။ အဲ့ဒါလောက်တော့ သိထားသင့်တယ်မလား။ သူက ဘာလို့ဘာမှမလုပ်ရသေးတာလဲ” ဝမ်ဝေ့က သူ၏အမွှေးအမျှင်မရှိသည့် မေးစေ့ကို ပွတ်ရင်းရေရွတ်လိုက်သည်။
“မင်း ဘယ်လိုထင်လဲ”
“ကြည့်ရတာ ဒီအသိစိတ်မွေးဖွားလာမှုအတွက် တာဝန်ရှိတဲ့ပုံပဲ” ဝမ်ဝေ့က သုံးသပ်လိုက်သည်။
“အဲ့လိုမဟုတ်ရင်တောင် သူက ဂရုမစိုက်တာမျိုးပေါ့။ ထူးကဲသာလွန်မှုခေတ်ကာလက ရောက်လာမှာလေ အဲ့ဆိုတော့ ထူးကဲသာလွန်မှုအဆင့် အရင်းအမြစ်တွေကို စတင်ထုတ်လုပ်ဖို့ အချိန်လိုတယ်။ ဒီသက်ရှိက အစဖြစ်နိုင်တယ်”
“အတိအကျပဲ” ထျန်းရွှမ်က ခေါင်းညိတ်လိုက်၏။ မဟာတာအိုက မျိုးရိုးဗီဇခေတ်ကာလတည်းက အတော်လေး ကြီးထွားလာခဲ့ပြီး ရောက်ရှိလာသည့် ထူးကဲသာလွန်မှုခေတ်ကာလအတွက် ကြိုတင်ပြင်ဆင်ထားခဲ့လေသည်။ ဤသည်က တည်ရှိပြီးသားစနစ်ကို အခွင့်ကောင်းယူဖို့ ပိုမိုနည်းပါးသွားပြီး စည်းမျဉ်းများ ပိုမိုများပြားလာမည် ဖြစ်သည်။ ကျင့်ကြံသူများအတွက်မူ သတင်းဆိုး ဖြစ်၏။
“အဲ့ဆိုတော့ မင်း ဘယ်လိုထင်လဲ။ ဒီသတင်းအချက်အလက်က ငါ သိထားတာရဲ့ အပေါ်ယံပဲ ရှိသေးတယ်။ ငါနဲ့ မဟာမိတ်ဖွဲ့ရင် ငါတို့နှစ်ယောက်လုံးအတွက် အကျိုးရှိလိမ့်မယ်” ထျန်းရွှမ်က မေးလိုက်သည်။
“ဟမ်” ဝမ်ဝေ့က ရေရွတ်ပြီး သေချာနက်နက်နဲနဲ စဉ်းစားလိုက်သည်။
“ငါ ..."
...