← Chapters

အင်မော်တယ်မျိုးနွယ်ရဲ့ အမှန်တရား

Vol. 15 Ch. 224

အင်မော်တယ်မျိုးနွယ်ရဲ့ အမှန်တရား

Vol. 15 Ch. 224

ချီမင်က ဖရိုဖရဲ မဟာတာအိုကျမ်း ပထမအတွဲကို အခုမှ ဖန်တီးနိုင်သေးတာဖြစ်ပြီး ကျွမ်းကျင်တာမျိုးတော့ မဟုတ်သေးဘူး။ ဒါကြောင့် ချီမင်ရဲ့ ကျင့်ကြံခြင်းအဆင့်က ဝိညာဉ်ဖွဲ့တည်ခြင်း နှောင်းပိုင်းအဆင့်မှာပဲ ရှိသေးတယ်။

သူ့ရဲ့ ဒန်ထျန်းထဲမှာရှိတဲ့ သောင်းပြောင်းကြာပန်းစိမ်းတာအိုအခြေခံ၊ သန့်စင်ခြင်းသုံးပါးအခြေတည်ဝိညာဉ်၊ ပြောင်းလဲခြင်းပါ့ကွားအ‌ခြေတည်ဝိညာဉ်တွေကတော့ သိပ်မပြောင်းလဲပေမဲ့ ဖရိုဖရဲအရောင်တွေတော့ စွန်းထင်းနေသေးတယ်။

အဲဒီအချိန်တုန်းက ချီမင်သာ ဖရိုဖရဲ မဟာတာအိုကျမ်း ပထမအတွဲကို တကယ်ကျွမ်းကျင်ပြီး သူ့ရဲ့ကျင့်ကြံခြင်းအဆင့် အောင်မြင်စွာ ချိုးဖြတ်သွားမယ်ဆိုရင် သက်ဆိုင်ရာ ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာမှာဖြစ်တယ်။

ဒါ့အပြင် အချိန်ကာလရတနာကမ္ဘာ့တံခါးရဲ့ တုံ့ပြန်မှုက ချီမင်ရဲ့ မျှော်လင့်ချက်တွေကို ကျော်လွန်သွားတယ်။ သဘာဝကျကျ ပြေရရင် အချိန်ကာလရတနာကမ္ဘာ့တံခါးက အင်မော်တယ်တွေရဲ့ အထွတ်အထိပ်ရတနာဖြစ်သင့်တယ်။ အခုတော့ သူက သူ့ရဲ့ မူလအစစွမ်းအင်ရဲ့ တစ်စိတ်တစ်ပိုင်းကို ခွဲထုတ်ပြီး ချီမင်ရဲ့ ခန္ဓာကိုယ်ထဲကို ပေါင်းစပ်ဝင်ရောက်သွားတဲ့ ကိုယ်ပွားတစ်ခု ဖြစ်ပေါ်လာတယ်။

အခြေအနေကို ကြည့်ရတာ သူက ချီမင်ရဲ့ ဒန်ထျန်းထဲမှာပဲ နေဖို့ ပြင်ဆင်ထားပုံရပြီး ဘယ်မှမသွားဘူး။

သူက အချိန်ကာလရတနာကမ္ဘာ့တံခါးရဲ့ ကိုယ်ပွားကို သူ့ရဲ့ ဒန်ထျန်းထဲကနေ ရွှေ့ဖို့ ကြိုးစားပေမဲ့ သူ မလုပ်နိုင်ဘူးဆိုတာ တွေ့လိုက်ရတယ်။ အမြစ်တွယ်သွားသလိုဖြစ်နေတယ်။

အချိန်ကာလရတနာ ကမ္ဘာ့တံခါးက အင်မော်တယ်တွေရဲ့ အသက်သွေးကြောဖြစ်တယ်။ အင်မော်တယ်တွေရဲ့ အင်မော်တယ်ဘုရင် (၁၀၈) ပါးက အချိန်ကာလရတနာကမ္ဘာ့တံခါးကို အားကိုးပြီး သူတို့ရဲ့ စစ်မှန်ဝိညာဉ် တာအိုချိတ်စည်းတွေကို ကမ္ဘာတစ်ခုထဲ ပေါင်းစည်းကာ အင်မော်တယ်ဘုရင်တွေ ဖြစ်လာကြတယ်။ အခုတော့ အချိန်ကာလရတနာကမ္ဘာ့တံခါးရဲ့ မူလအစရဲ့ တစ်စိတ်တစ်ပိုင်းက ချီမင်ရဲ့ ခန္ဓာကိုယ်ထဲကို တကယ်ပဲ ရောက်လာတယ်။ ဒါက တကယ်ကို လန့်စရာကောင်းတယ်။ ချီမင်က အဓိကအားဖြင့် စိုးရိမ်နေတဲ့ ကိစ္စတစ်ခုပဲရှိတယ်။ သူသာ အချိန်ကာလရတနာကမ္ဘာ့တံခါးရဲ့ မူလအစစွမ်းအင်ရဲ့ တစ်စိတ်တစ်ပိုင်းကို တကယ်ယူသွားမယ်ဆိုရင် သေစေနိုင်တဲ့ အန္တရာယ်ကို ဆွဲဆောင်မိမလားဆိုတာပဲ။

အချိန်ကာလရတနာကမ္ဘာ့တံခါးမှာ ပါတာတွေ အရမ်းများတယ်။ အရင်တုန်းက ချီမင်က အချိန်ကာလရတနာကမ္ဘာ့တံခါးကို သန့်စင်ဖို့ ကြိုးစားကြည့်ဖို့ စိတ်ကူးဖူးတယ်။ သူ မလုပ်ခင်မှာပဲ သေစေနိုင်တဲ့ အန္တရာယ်တစ်ခု ဆင်းသက်လာတာကို ခံစားလိုက်ရတယ်။

အခုတော့ သူက မူလအစစွမ်းအင်ရဲ့ တစ်စိတ်တစ်ပိုင်းကိုတောင် ယူသွားချင်နေပြီ... ချီမင်က ဖရိုဖရဲ မဟာတာအိုကျမ်း ပထမအတွဲကို လည်ပတ်လိုက်တယ်။ ထူးခြားတဲ့တုန်ခါမှုတစ်ခု ရှိလာတယ်။ သူ့ရဲ့ ဒန်ထျန်းထဲက အချိန်ကာလရတနာကမ္ဘာ့တံခါးရဲ့ ကိုယ်ပွားကလည်း လှုပ်ရှားသွားတယ်။

ပြီးတော့ ဖရိုဖရဲ မဟာတာအိုကျမ်း ပထမအတွဲကနေတစ်ဆင့် ချီမင်က အချိန်ကာလရတနာကမ္ဘာ့တံခါးရဲ့ မူလအစစွမ်းအင်ရဲ့ တစ်စိတ်တစ်ပိုင်းကနေ ဖြစ်ပေါ်လာတဲ့ ကိုယ်ပွားကို ဖြည်းဖြည်းချင်း နားလည်လာတယ်။

သူ့ခန္ဓာကိုယ်တစ်ခုလုံး တုန်ခါသွားတယ်။

နောက်တစ်ခဏမှာ များပြားတဲ့ သတင်းအချက် အလက်တွေက အချိန်ကာလရတနာကမ္ဘာ့တံခါးကနေ သူ့စိတ်ထဲကို တိုးဝင်လာတယ်။

အချိန်ကာလရတနာကမ္ဘာ့တံခါးက မှတ်တမ်းတင်ထားတဲ့ များပြားတဲ့သတင်းအချက်အလက်တွေကို နားလည်ပြီး ချီမင်က အရာအားလုံးရဲ့ မြူခိုးတွေကို ဖယ်ရှားပြီး အရာအားလုံးရဲ့ အမှန်တရားကို ရလိုက်တယ်။ အရာအားလုံးက ချီမင်ရဲ့ စိတ်ထဲမှာ ပြည့်ပြည့်စုံစုံနဲ့ ရှင်းရှင်းလင်းလင်း ပေါ်လာတယ်။

သူ အရာအားလုံးကို အခုသိသွားပြီ။

အာရုံထဲမှာ ချီမင်က မြင်ကွင်းတွေနဲ့ အမှန်တရားတွေကို တစ်ခုပြီးတစ်ခု မြင်လိုက်ရတယ်...

“ဒီလိုကိုး။”

ချီမင် အရာအားလုံးကို အပြည့်အဝ နားလည်သွားတယ်။ အရာအားလုံးကို သိပြီးတဲ့နောက်မှာ သူ့မျက်နှာမှာ အရမ်းအံ့အားသင့်တဲ့ အမူအရာ ပေါ်လာတယ်။ သူ စိတ်မတည်ငြိမ်နိုင်တော့ဘူး”တကယ်တော့ ဒီလိုဖြစ်နေတာကိုး...”

ပထမဆုံးအနေနဲ့ အချိန်ကာလရတနာကမ္ဘာ့တံခါးက သူ့ရဲ့ မူလအစစွမ်းအင်ရဲ့ တစ်စိတ်တစ်ပိုင်းကို ဘာကြောင့် ခွဲထုတ်ပြီး ချီမင်ရဲ့ ခန္ဓာကိုယ်ထဲကို ပေါင်းစည်းဝင်ရောက်သွားကာ ကိုယ်ပွားအဖြစ် ပြောင်းလဲရတာလဲဆိုတာကိုနားလည်သွားတယ်။

ဒါက ချီမင်က ဖရိုဖရဲ ကောင်းကင်နဲ့မြေကြီး မဟာတာအို စာလုံးကို နားလည်ပြီး အဲဒါကို အခြေခံကာဖရိုဖရဲ မဟာတာအိုကျမ်း ပထမအတွဲကို ဖန်တီးခဲ့လို့ဖြစ်တယ်။

အချိန်ကာလရတနာကမ္ဘာ့တံခါးကို တကယ်ကျွမ်းကျင်ဖို့အတွက် အမှန်ကန်ဆုံးနည်းလမ်းကတော့ အထဲကနေရာလွတ်ထဲမှာရှိတဲ့ ဖရိုဖရဲ ကောင်းကင်နဲ့မြေကြီး မဟာတာအို စာလုံးကို နားလည်ဖို့ဖြစ်တယ်။ ဖရိုဖရဲ ကောင်းကင်နဲ့မြေကြီး မဟာတာအို စာလုံးက အချိန်ကာလရတနာကမ္ဘာ့တံခါးကို ကျွမ်းကျင်ဖို့အတွက် သော့ချက်ဖြစ်တယ်။ အဲဒါက အခြေခံလည်း ဖြစ်တယ်။

အခုတော့ ချီမင်က တကယ်ပဲ လုပ်နိုင်ခဲ့ပြီ။ သူက ဖရိုဖရဲအရောင် ကောင်းကင်နဲ့မြေကြီး မဟာတာအို စာလုံးကို နားလည်ခဲ့ပြီ။ သဘာဝကျကျပြောရရင် ချီမင်က အချိန်ကာလရတနာကမ္ဘာ့တံခါးရဲ့ကိုယ်ထည်အစစ်ကို ယူသွားနိုင်ခဲ့သင့်တာ။ မူလကိုယ်ပွားကိုပဲ ယူသွားခဲ့သင့်တာ မဟုတ်ဘူး။

အဲဒီတုန်းက မူလအစအင်မော်တယ်ဘုရင်က အချိန်ကာလရတနာကမ္ဘာ့တံခါးကို ရပြီးတဲ့နောက်မှာ အထဲကနေရာလွတ်ရဲ့ တည်ရှိမှုကို မသိခဲ့ဘူး။ ဒါကြောင့် ဖရိုဖရဲအရောင် ကောင်းကင်နဲ့မြေကြီး မဟာတာအို စာလုံးကို နားမလည်နိုင်ခဲ့ဘူး။

မူလအစအင်မော်တယ်ဘုရင်က နေ့ရောညပါ အဆက်မပြတ် သန့်စင်ခဲ့တယ်။ အချိန်ကြာလာတော့ သူက အချိန်မမှတ်မိနိုင်လောက်တော့တဲ့အထိအသုံးပြုရင်း အချိန်ကာလရတနာကမ္ဘာ့တံခါးကို တဖြည်းဖြည်းချင်း ကျွမ်းကျင်လာတယ်။

သူက အချိန်ကာလရတနာကမ္ဘာ့တံခါးရဲ့ (၉၀)% ကို နားလည်ခဲ့တယ်။

ချီမင်က ကျန်ရှိတဲ့ မူလအစစွမ်းအင်ကနေ ဖြစ်ပေါ်လာတဲ့ ကိုယ်ပွားရဲ့ (၁၀)% ကိုပဲ ယူသွားနိုင်တယ်။

တစ်နည်းအားဖြင့် မူလအစအင်မော်တယ်ဘုရင်က အသက်ရှင်နေသေးတယ်။

ဒါက အမှန်တရားဖြစ်တယ်။

အဲဒီတုန်းက အထက်ကမ္ဘာမှာ ကမ္ဘာကြီးကို လှုပ်ခတ်စေမယ့် တိုက်ပွဲကြီး ဖြစ်ပွားခဲ့တယ်။

ဒီတိုက်ပွဲနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်က အချိန်ကာလရတနာကမ္ဘာ့တံခါးထဲမှာ သိပ်မရှိဘူး။ ဒါပေမဲ့ အဲဒီတုန်းက တိုက်ပွဲမှာ မူလအစအင်မော်တယ်ဘုရင်က အဝိုင်းခံရပြီး အဆင့်မြင့်ကမ္ဘာမှာ အက်ကွဲကြောင်းတစ်ခု ဖြစ်ပေါ်လာတယ်။

နောက်ဆုံးတော့ မူလအစအင်မော်တယ်ဘုရင်က တိုက်ပွဲမှာ သေလုနီးပါး ဖြစ်သွားခဲ့တယ်။ သူ့ရဲ့ အသက်အန္တရာယ်ရှိလာတဲ့အခါ သူကိုယ်ကို ကာကွယ်ဖို့အတွက် အချိန်ကာလရတနာကမ္ဘာ့တံခါးကို အသုံးပြုပြီး အက်ကွဲကြောင်းထဲကို ပြုတ်ကျသွားတယ်။ သူ့ရဲ့ အင်မော်တယ်ခန္ဓာကိုယ်က လေဟာနယ်စကြဝဠာ ပင်လယ်ထဲကို ကျရောက်သွားတယ်။ အဲဒီအချိန်ကစပြီး မူလအစအင်မော်တယ်ဘုရင်ရဲ့သိစိတ်က အပြည့်အဝ အိပ်ပျော်သွားခဲ့တယ်။

ဘယ်လောက်ကြာသွားမှန်းမသိတဲ့ အချိန်တစ်ခုကြာပြီးတဲ့နောက်မှာ မူလအစအင်မော်တယ်ဘုရင်ရဲ့ အင်မော်တယ်ခန္ဓာကိုယ်က ကမ္ဘာတစ်ခုအဖြစ် ပြောင်းလဲလာတယ်။ ဓာတ်ငါးပါး လေဟာနယ်သားရဲတွေရဲ့ ထောက်ပံ့မှုနဲ့အတူ လျှို့ဝှက်နက်နဲကမ္ဘာကို ဖန်တီးခဲ့တယ်။

မူလအစအင်မော်တယ်ဘုရင်က တကယ်ပဲ မသေဆုံးသေးဘူး။ သူ့ရဲ့ သိစိတ်က အိပ်မောကျနေပြီး နိုးထဖို့ ခက်ခဲနေတယ်။

တစ်နေ့တော့ အင်မော်တယ်ဘိုးဘေးက အင်မော်တယ်ဘုရင်ကောင်းကင်ဂူထဲကို မတော်တဆ ဝင်လာခဲ့တယ်။

အင်မော်တယ်ဘုရင်ကောင်းကင်ဂူက မူလအစအင်မော်တယ်ဘုရင်ရဲ့ ဝိညာဉ်သိစိတ်ကနေ ဖြစ်ပေါ်လာတဲ့ ကောင်းကင်ဂူကမ္ဘာဖြစ်တယ်။

အင်မော်တယ်ဘုရင်ကောင်းကင်ဂူထဲမှာ အင်မော်တယ်ဘိုးဘေးက အချိန်ကာလရတနာကမ္ဘာ့တံခါးကို ရှာဖွေတွေ့ရှိခဲ့တယ်။ တစ်ချိန်တည်းမှာပဲ သူက အချိန်ကာလရတနာကမ္ဘာ့တံခါးထဲမှာ အိပ်ပျော်နေတဲ့ မူလအစအင်မော်တယ်ဘုရင်ရဲ့ နောက်ဆုံးသိစိတ်ကို လှုပ်နိုးလိုက်မိတယ်။

မူလအစအင်မော်တယ်ဘုရင်က ပြန်လည်ရှင်သန်လာတယ်၊ ဒါပေမဲ့ သူ့ရဲ့ အခြေအနေက အရမ်းအားနည်းနေတယ်။ ဒါပေမဲ့ သူ ဘယ်လောက်ပဲ အားနည်းနေပါစေ၊ အင်မော်တယ်မျိုးနွယ်ရဲ့ အင်မော်တယ်ဘိုးဘေးက ခုခံနိုင်တဲ့ တည်ရှိမှုမျိုး မဟုတ်ဘူး။

ဒီလိုအခြေအနေမျိုးမှာ အင်မော်တယ်ဘိုးဘေးရဲ့ ကိုယ်ပိုင်သိစိတ်နဲ့ သတိတွေကို မူလအစအင်မော်တယ်ဘုရင်ရဲ့ သိစိတ်က အင်မော်တယ်ဘိုးဘေးရဲ့ ခန္ဓာကိုယ်ကို သိမ်းပိုက်ပြီး ပြန်လည်ရှင်သန်လာတဲ့အခါ အပြည့်အဝ ဖျက်ဆီးပစ်လိုက်တယ်။

မူလအစအင်မော်တယ်ဘုရင်အတွက် လျှို့ဝှက်နက်နဲကမ္ဘာတစ်ခုလုံးက သူ့ရဲ့ အင်မော်တယ်ခန္ဓာကိုယ်ကနေ ပြောင်းလဲလာတာဖြစ်တယ်။ လျှို့ဝှက်နက်နဲကမ္ဘာရဲ့ သက်ရှိမျိုးစိတ်တွေက သူ့ရဲ့ အစိတ်အပိုင်းတွေဖြစ်တယ်။

မူလအစအင်မော်တယ်ဘုရင်က လျှို့ဝှက်နက်နဲကမ္ဘာတစ်ခုလုံးရဲ့ ‘ဖန်တီးရှင်’ ဖြစ်တယ်။

ဒီအတွက်ကြောင့် မူလအစအင်မော်တယ်ဘုရင်က အင်မော်တယ်မျိုးနွယ်ကအင်မော်တယ်ဘိုးဘေးရဲ့ ခန္ဓာကိုယ်ကို သိမ်းပိုက်ခဲ့တယ်။ သူက လျှို့ဝှက်နက်နဲကမ္ဘာမှာ ပြိုင်ဘက်ကင်းတည်ရှိမှုတစ်ခုဖြစ်တယ်။

အဲဒီအချိန်ကစပြီး အင်မော်တယ်ဘိုးဘေးကို တားဆီးလို့မရနိုင်တော့ဘူး။ သူက အခြေအနေကို ဖန်တီးခဲ့ပြီး ရှေးခေတ်နတ်ဆိုးနန်းတော်ကို ဖျက်ဆီးဖို့ အစီအစဉ်အမျိုးမျိုးကို ချမှတ်ခဲ့တယ်။ကောင်းကင်အရှင်ယင်းကို ကပ်ဘေးဒုက္ခကို ရင်ဆိုင်ရဖို့ တွန်းအားပေးခဲ့တယ်။

အင်မော်တယ်တွေက အခွင့်အရေးယူပြီး မြင့်တက်လာကြတယ်။

သူတို့က လျှို့ဝှက်နက်နဲကမ္ဘာမှာ အသန်မာဆုံးတွေ ဖြစ်လာပြီး ဗဟိုဒေသကို သိမ်းပိုက်ခဲ့တယ်။

အင်မော်တယ်ကမ္ဘာကို ဖန်တီးဖို့ဆိုတဲ့ အစီအစဉ်က မူလအစအင်မော်တယ်ဘုရင်ရဲ့ စစ်မှန်တဲ့ပန်းတိုင် လုံးဝမဟုတ်ဘူး။ အစကနေ အဆုံးထိ သူက ပန်းတိုင်တစ်ခုပဲ ရှိခဲ့တယ်။

အဲဒါက အထက်ကမ္ဘာကို ပြန်လည်တိုက်ခိုက်ဖို့ဖြစ်တယ်။

ဒါ့အပြင် အထက်ကမ္ဘာနဲ့ ယှဉ်ပြိုင်နိုင်တဲ့ အင်မော်တယ်ကမ္ဘာတစ်ခုကို ဖန်တီးဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူး။ကမ္ဘာ့မူလအစအရင်းအမြစ်အမျိုးမျိုးကို စုပ်ယူပေါင်းစည်းရုံနဲ့ လုပ်နိုင်တဲ့ ကိစ္စ လုံးဝမဟုတ်ဘူး။

အင်မော်တယ်ကမ္ဘာကို ဖန်တီးဖို့ အစီအစဉ်က အတုဖြစ်တယ်။

အမှန်မဟုတ်ဘူး။

မူလအစအင်မော်တယ်ဘုရင်ရဲ့ ပန်းတိုင်အစစ်က အမြင့်ဆုံးအဆင့်ကို ပြန်ရောက်ဖို့နဲ့ သူ့ရဲ့ ကိုယ်ပိုင်အင်အားကို ပြန်ရဖို့ဖြစ်တယ်။ သူက နောက်တစ်ဆင့်တောင် ထပ်တိုးပြီး အထက်ကမ္ဘာကို တိုက်ရိုက်ပြန်လည်တိုက်ခိုက်နိုင်တယ်။

ပထမဆုံးအနေနဲ့ ဒါက လျှို့ဝှက်နက်နဲကမ္ဘာက မူလအစအင်မော်တယ်ဘုရင်ရဲ့ အင်မော်တယ်ခန္ဓာကိုယ်ကနေ ပြောင်းလဲလာရုံမကဘူး။ ဓာတ်ငါးပါး လေဟာနယ်သားရဲတွေရဲ့ မူလအစစွမ်းအင်လည်း ပါဝင်ပြီး အဲဒါတွေက ကမ္ဘာကို ဖိနှိပ်ထားတဲ့ နတ်ဘုရားတောင် ကောင်းကင်တိုင်ကြီးငါးခုအဖြစ် ပြောင်းလဲလာတယ်။

မူလအစအင်မော်တယ်ဘုရင်က လျှို့ဝှက်နက်နဲကမ္ဘာမှာ အက်ကွဲကြောင်းတစ်ခု လုပ်ဖို့ ကြီးမားတဲ့ အစီအစဉ်တစ်ခုကို ချမှတ်ခဲ့တယ်။ကောင်းကင်အရှင်ယင်းကို ကပ်ဘေးဒုက္ခကို ရင်ဆိုင်ဖို့၊ မျိုးနွယ်ခြောက်ခု တိုက်ခိုက်စေပြီး နတ်ဘုရားတောင် ကောင်းကင်တိုင်ကြီးလေးခုကို ပြိုကျစေခဲ့တယ်။

ဒီလိုနည်းနဲ့ မူလအစအင်မော်တယ်ဘုရင်က နတ်ဘုရားတောင်ငါးခုရဲ့ မူလအစစွမ်းအင်(၉၀)% ကို ထုတ်ယူပြီး (၁၀)% ကိုသာ လျှို့ဝှက်နက်နဲကမ္ဘာကို ထိန်းသိမ်းထားဖို့ ချန်ထားခဲ့တယ်။

လျှို့ဝှက်နက်နဲကမ္ဘာက ပျက်စီးလုနီးပါး ဖြစ်သွားတယ်။ မျိုးနွယ်ငါးခုရဲ့ အရှင်သခင်တွေက သူတို့ရဲ့ ခန္ဓာကိုယ်တွေကို အသုံးပြုပြီး ကမ္ဘာကြီးကို ပြည့်စုံအောင် လုပ်ရတော့တယ်။

ဒီလိုအခြေအနေမျိုးမှာ နတ်ဘုရားတောင် ကောင်းကင်တိုင်ကြီးငါးခုရဲ့ ထောက်ပံ့မှုမရှိတော့ဘဲ၊ မူလအစအင်မော်တယ်ဘုရင်က နတ်ဘုရားတောင် ကောင်းကင်တိုင်ကြီးငါးခုရဲ့ မူလအစစွမ်းအင် (၉၀)% ကို နားလည်ထားတာကြောင့် သူက သူရဲ့ အထွတ်အထိပ်ဓမ္မစွမ်းအားတွေကို အသုံးပြုပြီး ကောင်းကင်နဲ့မြေကြီးကို စည်းခတ်ကာ လျှို့ဝှက်နက်နဲကမ္ဘာနဲ့ အထက်ကမ္ဘာကြားက ဆက်သွယ်မှုကို အပြည့်အဝ ဖြတ်တောက်ပြီး အထက်ကမ္ဘာက ရန်သူတွေရဲ့ ရှာတွေ့ခံရမှာကို ရှောင်ရှားနိုင်ခဲ့တယ်။

တစ်ချိန်တည်းမှာပဲ လျှို့ဝှက်နက်နဲကမ္ဘာရဲ့ မူလအစ ဆုံးရှုံးမှုကိုလည်း ကာကွယ်ပေးခဲ့တယ်။

ဒါက အထက်ကမ္ဘာကို တက်လှမ်းတဲ့ တက်လှမ်းသူတိုင်းက လျှို့ဝှက်နက်နဲကမ္ဘာရဲ့ မူလအစစွမ်းအင်ကို ယူသွားမှာဖြစ်ပြီး လျှို့ဝှက်နက်နဲကမ္ဘာရဲ့ မူလအစစွမ်းအင်က မူလအစအင်မော်တယ်ဘုရင်ရဲ့ အင်မော်တယ်ခန္ဓာကိုယ်ကနေ အစတည်းက ပြောင်းလဲလာတာဖြစ်တယ်။

ပြီးတော့...

မူလအစအင်မော်တယ်ဘုရင်က အင်မော်တယ်ကမ္ဘာကို ဖန်တီးဖို့ဆိုတဲ့ အစီအစဉ်ကို ချမှတ်ခဲ့တယ်။ သူက အင်မော်တယ်တွေကို ရှေ့တိုးစေပြီး ကမ္ဘာတစ်ခုပြီးတစ်ခုဆီကို သွားကာ စစ်မှန်ဝိညာဉ် တာအိုချိတ်စည်းကို ပုံဖော်ပြီး ကမ္ဘာတစ်ခုပြီးတစ်ခုထဲကို ပေါင်းစည်းကာ အင်မော်တယ်ဘုရင်တွေရဲ့ အရှင် ဖြစ်လာစေခဲ့တယ်။

ဒါပေမဲ့ တကယ်တမ်းမှာတော့ အင်မော်တယ်ဘုရင်တွေက မူလအစအင်မော်တယ်ဘုရင်အတွက် အလကားအလုပ်လုပ်နေကြတာဖြစ်တယ်။ အဲဒီကမ္ဘာတွေရဲ့ မူလအစတွေက မူလအစအင်မော်တယ်ဘုရင်ရဲ့ အိတ်ကပ်ထဲကို အခြေခံအားဖြင့် ရောက်သွားပြီး သူ့ရဲ့ အစာဖြစ်လာကြတယ်။

မူလအစအင်မော်တယ်ဘုရင်က ကောင်းကင်နဲ့မြေကြီးကို စည်းခတ်ပြီးတဲ့နောက်မှာ တကယ်ပဲ ဓမ္မစွမ်းအား အများကြီးကို ကုန်ဆုံးသွားတယ်။ ဒါပေမဲ့ တကယ်တမ်းမှာတော့ သူက ဒဏ်ရာပြင်းပြင်း ထန်ထန်မရခဲ့သလို မသေဆုံးသွားဘူး။

“သူ အသက်ရှင်နေ သေးတယ်။”

မူလအစအင်မော်တယ်ဘုရင်သာ သူ့ရဲ့ ရည်ရွယ်ချက်ကို အောင်မြင်ချင်တယ်ဆိုရင် ပထမဆုံးအနေနဲ့ လျှို့ဝှက်နက်နဲကမ္ဘာရဲ့ ကမ္ဘာသိစိတ် ကို ဖိနှိပ်ရမှာဖြစ်တယ်။ နှစ်ပေါင်းများစွာကြာအောင် မူလအစအင်မော်တယ်ဘုရင်က လျှို့ဝှက်နက်နဲကမ္ဘာရဲ့ သိစိတ်ကို အမြဲတမ်း ဖိနှိပ်နေခဲ့ရတာမို့ သူကိုယ့်ကိုခွဲခြမ်းလို့ မရဘူး။

တစ်ချိန်တည်းမှာပဲ မူလအစအင်မော်တယ်ဘုရင်က နောက်ပြန်ဆုတ်သွားပြီး အရာအားလုံးကို ထိန်းချုပ်ခဲ့တယ်။

အင်မော်တယ်ဘုရင် (၁၀၈) ပါး ပေါ်ပေါက်လာတာနဲ့ အချိန်ကာလရတနာကမ္ဘာ့တံခါးကနေ ကမ္ဘာ့မူလအစ တွေကို ပေါင်းစည်းပြီး မူလအစအင်မော်တယ်ဘုရင်က လျှို့ဝှက်နက်နဲကမ္ဘာရဲ့သိစိတ်ကို တဖြည်းဖြည်း ဖိနှိပ်နိုင်ခဲ့တယ်။

သူ့ရဲ့ အစီအစဉ်ကို မကြာခင်မှာ အကောင်အထည် ဖော်နိုင်တော့မယ်။

“ဘယ်လောက် ကြောက်စရာကောင်းလိုက်လဲ။”

ချီမင်က အသက်ပြင်းပြင်းရှူလိုက်တယ်။ ကိစ္စရဲ့ အမှန်တရားကို နားလည်ပြီးတဲ့နောက်မှာ သူ အရမ်းကို အံ့အားသင့်သွားတယ်”ဒါကြောင့်မို့ အစကနေ အဆုံးထိ အင်မော်တယ်တွေက တကယ်တော့ အသနားဖို့အကောင်းဆုံးပဲ။” “သူတို့က အရာအားလုံးကို ထိန်းချုပ်ထားတယ်လို့ ထင်ထားပြီးမဟာအစီအစဉ်တစ်ခုကို အကောင်အထည်ဖော်နေတယ်လို့ ထင်ကြပေမဲ့ သူတို့ အကောင်အထည်ဖော်တဲ့မဟာအစီအစဉ်က သူတို့ကို အပြည့်အဝ မြှုပ်နှံပစ်လိမ့်မယ်ဆိုတာ မသိကြဘူး။”

“အင်မော်တယ်မျိုးနွယ်တစ်ခုလုံးက မူလအစအင်မော်တယ်ဘုရင်နဲ့ ပတ်သက်ပြီး လုံးဝအမှောင်ထဲမှာပဲရှိတယ်။”

“အစကနေ အဆုံးထိ မူလအစအင်မော်တယ်ဘုရင်က သူရဲ့ မူလအစစွမ်းအားကို ပြန်ရဖို့နဲ့ လျှို့ဝှက်နက်နဲကမ္ဘာတစ်ခုလုံးကို သူ့ရဲ့ စွမ်းအားနဲ့ အင်မော်တယ်ခန္ဓာကိုယ်အဖြစ် ပြန်ပြောင်းဖို့အတွက် အစွမ်းကုန် ကြိုးစားနေတယ်။”

“မူလအစအင်မော်တယ်ဘုရင်က လျှို့ဝှက်နက်နဲကမ္ဘာရဲ့ ဖန်တီးရှင်ဖြစ်တယ်။ သူက ဖျက်ဆီးသူလည်း ဖြစ်တယ်။ လျှို့ဝှက်နက်နဲကမ္ဘာက မူလအစအင်မော်တယ်ဘုရင်ရဲ့ အင်မော်တယ်ခန္ဓာကိုယ်ကနေ ပြောင်းလဲလာတယ်။ နောက်ဆုံးတော့ မူလအစအင်မော်တယ်ဘုရင်ကပဲ ဝါးမြိုပစ်မှာလား။ ရိုးရိုးသားသားပြောရရင် ငါလည်း မသိဘူး။”

All Chapters