← Chapters

ကောင်းကင်လျှို့ဝှက်ချက်ကို ဝင်စွက်ဖက်ခြင်း၊ လက်စားချေခြင်း၊ အမြွှာညီအစ်မ

Vol. 15 Ch. 212

ကောင်းကင်လျှို့ဝှက်ချက်ကို ဝင်စွက်ဖက်ခြင်း၊ လက်စားချေခြင်း၊ အမြွှာညီအစ်မ

Vol. 15 Ch. 212

“ဂျူနီယာမောင်လေးရန်ရဲ့ စွမ်းဆောင်ရည်နဲ့ယှဉ်ရင် ဒါတွေက ဘာမှမဟုတ်ပါဘူး။”

ယဲ့ဟန်ဖုန်းက ပြောတယ် “ကျွန်မ မှတ်မိသလောက်တော့ ဂျူနီယာမောင်လေးရန် အင်မော်တယ်ဘုရင် ကောင်းကင်ဂူထဲကို ဝင်လာကတည်းက စုစုပေါင်း ကိုးခါပဲလှုပ်ရှားခဲ့တယ်။ လှုပ်ရှားလိုက်တိုင်းမှာလည်း ကိုးရောင်ခြယ်အလင်းလမ်းဘေးမှာ အတိဒုက္ခတိမ်တိုက်တစ်ခုက တိုက်တိုက်ဆိုင်ဆိုင်ရှိနေတတ်တယ်။ ဂျူနီယာမောင်လေးရန်၊ ရှင်က လက်ဆန့်လိုက်ရုံနဲ့ အတိဒုက္ခတိမ်တိုက်ထဲက ရတနာကို အကြိမ်တိုင်း အလွယ်တကူရခဲ့တယ်။”

“ကိုးရောင်ခြယ်အလင်းလမ်းပေါ်ကနေ ထွက်ရတဲ့အန္တရာယ်ကို ပူစရာမလိုဘူး။”

“ဒီစွမ်းဆောင်ရည်က တကယ်ကို အထင်ကြီးစရာပဲ။”

“စီနီယာအစ်မယဲ့ ခင်ဗျား နောက်နေတာပဲဖြစ်မယ်။”

ချီမင်က ပြောတယ် “ကျွန်တော်က ကံကောင်းသွားရုံ‌ လေးပါ။”

“ကံကောင်းတာတစ်ခုတည်းလား။” ယဲ့ဟန်ဖုန်းက ခပ်ရေးရေးပြုံးလိုက်တယ်။ သူမက မယုံဘူး “တကယ်လို့သာ ဒီလိုဆိုရင် ဂျူနီယာမောင်လေးရဲ့ကံက တကယ်ကိုကောင်းလွန်းနေပြီ။ အရောင်ငါးမျိုးရှိတဲ့ အမြင့်ဆုံးအဆင့် ကံကြမ္မာတောင်မှ ရှင့်ကံလောက်ကောင်းမှာမဟုတ်ဘူး။”

ယဲ့ဟန်ဖုန်းက ပြောတယ် “ရှင်သိထားရမှာက ကျွန်မတို့ ရတနာတွေ ဒါမှမဟုတ် အခွင့်အရေးတွေရချင်ရင် စွန့်စားပြီးတော့ ကိုးရောင်ခြယ်အလင်းလမ်းရဲ့ကာကွယ်မှုအောက်ကနေ ထွက်ရတယ်။ ကျွန်မတို့က နီဗားနားကပ်ဘေးချီထဲမှာ အပိတ်ခံရပြီး သတ်ဖြတ်ခြင်းအတိဒုက္ခတိမ်တိုက်ထဲကိုတောင် ဝင်ပြီး အထဲက ရတနာတွေ ဒါမှမဟုတ် အခွင့်အရေးတွေကို အရယူရတယ်။”

“ဒါပေမဲ့ ဂျူနီယာမောင်လေးကတော့ မတူဘူး။”

“ကိုးရောင်ခြယ်အလင်းလမ်းပေါ်ကနေ လုံးဝထွက်စရာမလိုဘူး။ ရှင်က လက်ဆန့်လိုက်ရုံနဲ့ အခွင့်အရေးတွေနဲ့ ရတနာတွေကို အလွယ်တကူ ကောက်ယူနိုင်တယ်။”

“ကျွန်မတို့ တကယ့်ကို အားကျမိပါတယ်။”

ယဲ့ဟန်ဖုန်းက သက်ပြင်းချလိုက်တယ်။

“စီနီယာအစ်မ။”

ချီမင်က ပြန်ဖြေတယ်။ “ကံကောင်းခြင်းဆိုတာလည်း အရည်အချင်းတစ်ခုပဲ မဟုတ်လား။”

“အဲ့ဒါလည်း ဟုတ်တာပဲ။”

ယဲ့ဟန်ဖုန်းက ပြောတယ်”ဒါဆိုရင်တော့ ဂျူနီယာမောင်လေးရဲ့ကံကောင်းခြင်းက ဆက်ရှိနေပါစေလို့ မျှော်လင့်ပါတယ်။”

“ရှိနေမယ်လို့လည်းကျွန်တော်ယုံကြည်ပါတယ်။”

ချီမင်နဲ့ ယဲ့ဟန်ဖုန်းတို့ စကားပြောနေတုန်းမှာပဲ ပတ်ဝန်းကျင်က ချင်းဖုန်းယွီနဲ့ တခြားအင်မော်တယ်ဘုရင် အမွေခံတပည့်နှစ်ယောက်က လှမ်းကြည့်လိုက်ကြတယ်။

သူတို့က တကယ်တော့ ချီမင့်ကို အစကတည်းက သတိထားမိနေခဲ့ကြတယ်။ ဘာပဲဖြစ်ဖြစ် ကိုးရောင်ခြယ်အလင်းလမ်းတစ်ခုလုံးမှာ ချီမင်အပါအဝင် အင်မော်တယ်ဘုရင် အမွေခံတပည့်ငါးယောက်ပဲ ကျန်တော့တယ်။

ဒီအချိန်မှာတော့ ချီမင်နဲ့တခြားသူတွေက ကိုးရောင်ခြယ်အလင်းလမ်းရဲ့အဆုံးကို ရောက်လာပြီ။ သူတို့က ပတ်ပတ်လည်ကို ကြည့်လိုက်တော့ လူသူကင်းမဲ့ပြီးပြီး မှောင်မိုက်နေတဲ့ စကြဝဠာလို ပတ်ဝန်းကျင်တစ်ခုကို တွေ့လိုက်ရတယ်။

နီဗားနားကပ်ဘေးချီနဲ့ မမြင်ရတဲ့သတ်ဖြတ်လိုစိတ်တွေက ပျံ့နှံ့နေတယ်။

ချက်ချင်းဆိုသလိုပဲ ချင်းဖုန်းယွီက လုံးဝမတုန့်ဆိုင်း တော့ဘဲ ကိုးရောင်ခြယ်အလင်းလမ်းအပြင်ဘက်ကို တိုက်ရိုက်ထွက်ပြီး အင်မော်တယ်ဘုရင် ကောင်းကင်ဂူရဲ့အနက်ရှိုင်းဆုံးနေရာဆီကို ဦးတည်သွားတယ်။ သူ့ပုံရိပ်က အလင်းတန်းတစ်ခုလိုပဲအဝေးကို‌ ရောက်ပြီးပျောက်ကွယ်သွားတယ်။

ချင်းဖုန်းယွီရဲ့ခန္ဓာကိုယ်ပေါ်မှာ စိမ်းဖျော့ဖျော့အလင်းတစ်ခု ပေါ်လာတယ်။ အလင်းက ပါးလွှာပေမဲ့ အလွန်အမင်းခိုင်မာတယ်။ အဲ့ဒါက ပတ်ဝန်းကျင်က နီဗားနားကပ်ဘေးချီနဲ့ မမြင်ရတဲ့သတ်ဖြတ်လိုစိတ်တွေကို တကယ်ပဲ တားဆီး‌ပေးတယ်။

“ဒါက စီနီယာအစ်ကို ချင်းဖုန်းယွီရဲ့ ခုခံခြင်း အံ့ဖွယ်စွမ်းအားပဲ။”

ယဲ့ဟန်ဖုန်းရဲ့မျက်လုံးထဲမှာ အလင်းတစ်ချက်လက်သွားတယ်။ အဲ့ဒီထဲမှာ လေးစားမှု၊ အားကျမှုနဲ့ ပုန်းကွယ်နေတဲ့ သဘောကျမှုအရိပ်အယောင်တစ်ခု ပါဝင်နေတယ် “အဲ့ဒါကို အစိမ်းရောင်ပိုးချည်သုံးထောင်လို့ခေါ်တယ်။ အသင်္ချေကပ်ဘေးကို ကာကွယ်နိုင်တဲ့ဂုဏ်သတ္တိကို ပိုင်ဆိုင်ထားတယ်။ ဒီအင်မော်တယ်ဘုရင် ကောင်းကင်ဂူထဲမှာ စီနီယာအစ်ကို ချင်းဖုန်းယွီက ဒီအံ့ဖွယ်စွမ်းအားနဲ့ သူ့ခန္ဓာကိုယ်ကို ကာကွယ်ထားတယ်။ သူက တခြားလူ တွေမ‌သွားနိုင်တဲ့နေရာ ဘယ်နေရာကိုမဆို သွားနိုင်တယ်။”

“ဒါပေမဲ့...”

ယဲ့ဟန်ဖုန်းက အသက်ကိုပြင်းပြင်းရှူလိုက်တယ်။ အတွေးတစ်ချက်နဲ့ သူမက လက်ကိုဝှေ့ယမ်းလိုက်တော့ ရတနာထီးတစ်လက် ပေါ်လာတယ်။ အဲ့ဒါက ရေခဲပြာရောင်‌ တောက်‌ပနေတယ်။ အဲ့ဒါက လေထဲမှာပျံဝဲပြီး သူမခေါင်းပေါ်မှာ ရပ်သွားတယ်။ ရေခဲပြာရောင်အလင်းတန်းတွေက ရေတံခွန်လို ကျဆင်းလာပြီး သူမကို အလယ်မှာ လိုက်ကာသဖွယ်ကာကွယ်ထားတယ်။

ယဲ့ဟန်ဖုန်းကို ကောင်းကင်ကိုးထပ် နက်နဲရေခဲထီးက ကာကွယ်ပေးထားတယ်။ ဒါက အထူးဓမ္မရတနာတစ်မျိုးဖြစ်ပြီး ကပ်ဘေးချီအမျိုးမျိုးနဲ့ သတ်ဖြတ်လိုစိတ်တွေအတွက် အထူးရည်ရွယ်ထားတဲ့ ကာကွယ်ရေးရတနာတစ်ခုဖြစ်တယ်။

ဒါ့အပြင် ယဲ့ဟန်ဖုန်းက ကောင်းကင်ကိုးထပ် နက်နဲစွမ်းအင်လို့ခေါ်တဲ့ အသေးစားအံ့ဖွယ်စွမ်းအားတစ်ခုကို ကျင့်ကြံထားပြီး ကောင်းကင်ကိုးထပ် နက်နဲရေခဲထီးနဲ့ပေါင်းစပ်လိုက်တော့ သူမက အင်မော်တယ်ဘုရင် ကောင်းကင်ဂူရဲ့ ကပ်ဘေးချီကို ခံနိုင်သွားတယ်။

“ဂျူနီယာမောင်လေးရန်။”

ယဲ့ဟန်ဖုန်းက ချီမင်ကိုကြည့်ပြီး ပြောတယ်”စီနီယာအစ်မ အရင်သွားနှင့်ပြီ။”

ယဲ့ဟန်ဖုန်းက ကောင်းကင်ကိုးထပ် နက်နဲရေခဲထီးကို ကိုင်ပြီး ကိုးရောင်ခြယ်အလင်းလမ်းအပြင်ဘက်ကို ပြေးထွက်သွားကာ အင်မော်တယ်ဘုရင် ကောင်းကင်ဂူရဲ့အနက်ရှိုင်းဆုံးနေရာဆီကို ဦးတည်သွားတယ်။ မကြာခင်မှာပဲ သူမကို မမြင်ရတော့ဘူး။

“ကျွန်တော် မကြာခင်လိုက်လာမယ်။” ချီမင်က ပြန်ဖြေလိုက်တယ်။

“ကပ်ဘေးဒုက္ခငယ်အံ့ဖွယ်စွမ်းအား။”

ကျန်တဲ့ အင်မော်တယ်ဘုရင် အမွေခံတပည့်နှစ်ယောက်ထဲမှာ ငွေရောင်ဆံပင်နဲ့လူငယ်တစ်ယောက်ရှိတယ်။ သူက ညာလက်ကိုဝှေ့ယမ်းပြီး ကပ်ဘေးဒုက္ခတာအိုကို နားလည်ထားကာ ကပ်ဘေးဒုက္ခနဲ့သက်ဆိုင်တဲ့ အသေးစားအံ့ဖွယ်စွမ်းအားတစ်ခုကို ကျင့်ကြံထားတယ်။

ဒီလိုနဲ့ သူကလည်း အင်မော်တယ်ဘုရင် ကောင်းကင်ဂူထဲက ကပ်ဘေးချီကို အတိုင်းအတာတစ်ခုအထိ တားဆီးနိုင်တယ်။

သူက သူ့ရဲ့အံ့ဖွယ်စွမ်းအားကို ထုတ်သုံးလိုက်တယ်။

ငွေရောင်ဆံပင်နဲ့လူငယ်ရဲ့ခန္ဓာကိုယ်ပတ်လည်က ကပ်ဘေးဒုက္ခချီက သူ့ခန္ဓာကိုယ်ကို ကာကွယ်ပေးပြီး မီးခိုးရောင်အလင်းမြူခိုးတွေ ထွက်ပေါ်လာတယ်။ အဲ့ဒါက ပတ်ဝန်းကျင်က နီဗားနားကပ်ဘေးချီကို တားဆီးထားပြီး သူကအင်မော်တယ်ဘုရင် ကောင်းကင်ဂူရဲ့အနက်ရှိုင်းဆုံးနေရာဆီကို ဦးတည်လိုက်တယ်။

“ရန်ပေါင်ချီ။”

ဒီအချိန်မှာ ကိုးရောင်ခြယ်အလင်းလမ်းပေါ်မှာ ချီမင်နဲ့ မျက်နှာကိုဖုံးကွယ်ထားတဲ့ အနက်ရောင်ဝတ်ရုံခြုံထားတဲ့ တခြားအင်မော်တယ်ဘုရင် အမွေခံတပည့်တစ်ယောက်ပဲ ကျန်တော့တယ်။

“ငါဒါကို စောင့်နေတာကြာပြီ။”

နောက်တစ်ခဏမှာတော့ ဒီအနက်ရောင်ဝတ်ရုံခြုံထားတဲ့ အင်မော်တယ်ဘုရင် အမွေခံတပည့်က ရန်ပေါင်ချီကို လုံးဝမတုန့်ဆိုင်းဘဲ တိုက်ခိုက်လိုက်တယ်။ သူ့ပုံရိပ်က နေရာကနေ ချက်ချင်းပျောက်ကွယ်သွားပြီး ချီမင်ရဲ့ရှေ့ကို ရောက်လာတယ်။

“သတ်ဖြတ်ခြင်းဓားသွား။”

အဲ့ဒါက ဘယ်ကမှန်းမသိဘဲ ပေါ်လာတဲ့ ချွန်ထက်တဲ့ဓားမြှောင်တစ်လက်ဖြစ်တယ်။ အဲ့ဒီထဲမှာ အင်မော်တယ်ဘုရင် ကောင်းကင်ဂူရဲ့နေရာလွတ်ကို ခွဲခြမ်းပစ်လိုက်နိုင်တဲ့ စွမ်းအားကြီးတဲ့ဓမ္မစွမ်းအားတွေ ပါဝင်နေတယ်။

ဒီတစ်ချက်က ချီမင်ရဲ့နှလုံးကို ပစ်မှတ်ထားတယ်။

သူက ချီမင့်ကို တစ်ချက်တည်းနဲ့ သတ်ချင်နေတယ်။

“မင်းက...”

ချီမင်ရဲ့အကြည့်က အေးစက်‌သွားပြီး လျင်မြန်စွာ နောက်ဆုတ်လိုက်တယ်။ ညာလက်ကိုဝှေ့ယမ်းလိုက်တော့ ထူးခြားသံလိုက်အိမ်မြှောင်ကပေါ်လာတယ်။ သူက သူ့ရဲ့တွက်ချက်ခြင်းနည်းစနစ်ကို ထုတ်သုံးလိုက်တော့ ကောင်းကင်ဘုံလျှို့ဝှက်ချက် တာအိုက လည်ပတ်သွားတယ်။ ဓမ္မစွမ်းအားတွေက ထွက်ပေါ်လာတယ်။

ချက်ချင်းဆိုသလိုပဲ ထူးခြားအစီအရင်တစ်ခုဖွဲ့စည်းလိုက်တယ်။

ချီမင်က ဒီအင်မော်တယ်ဘုရင် အမွေခံတပည့်ရဲ့တိုက်ခိုက်မှုကို တားဆီးလိုက်တယ်။ ထူးခြားအစီအရင်က လုံးဝမထိခိုက်သွားဘူး။ ချီမင်က သူ့ရဲ့ဘယ်လက်ကို ထပ်ဝှေ့ယမ်းလိုက်တော့ ဓမ္မစွမ်းအားဓားသွားတွေက ဒီအနက်ရောင်ဝတ်ရုံခြုံထားတဲ့ အင်မော်တယ်ဘုရင် အမွေခံတပည့်ကို တိုက်ခိုက်လိုက်တယ်။

ဒီအနက်ရောင်ဝတ်ရုံခြုံထားတဲ့ အင်မော်တယ်ဘုရင် အမွေခံတပည့်က ဓားသွားအလင်းတန်းတွေ ထုတ်ပြီး ချီမင်ရဲ့ဓမ္မစွမ်းအားအလင်းဓားသွားတွေကို တားဆီးလိုက်တယ်။ ဒါပေမဲ့ ချီမင်ထုတ်လွှတ်လိုက်တဲ့ ဓမ္မစွမ်းအားအလင်းဓားသွားတွေက အရမ်းများလွန်းနေတယ်။

တခြားတစ်ဖက်က အပြည့်အဝမကာကွယ်နိုင်လိုက်ဘူး။

တခြားတစ်ယောက်ရဲ့ခေါင်းပေါ်က ခေါင်းစွပ်ကို ချီမင်က ရိုက်ချလိုက်တယ်။

သူတို့ရဲ့သွေးရောင်ဆံပင်တွေက ဝေ့ဝဲသွားတယ်။

“ဒါက...”

ချီမင်က အံ့အားသင့်ပြီး မယုံနိုင်တဲ့အမူအရာတစ်ခုပြပြီး မေးလိုက်တယ် “ယွမ်ချင်းယွီ၊ ဘာလို့မင်းဖြစ်နေရတာလဲ။ ဘာလို့ဒီလိုလုပ်ရတာလဲ။ ဘာလို့ငါ့ကိုသတ်ချင်ရတာလဲ။”

“ရန်ပေါင်ချီ။” ယွမ်ချင်းယွီက ခေါင်းမော့လိုက်တယ်။ သူမရဲ့သွေးရောင်ဆံပင်တွေက လွင့်မျောနေပြီး မျက်နှာကလှပသိမ်မွေ့ပြီးကိုယ်လုံးကိုယ်ပေါက်ပုံစံက ပြိုင်ဘက်ကင်းလှပလွန်းတယ်။ သူမရဲ့ရုပ်ရည်က ယွမ်ချင်းရွှယ်နဲ့ (၈၀)-(၉၀) ရာခိုင်နှုန်းလောက် တူညီတယ်။

ယွမ်ချင်းရွှယ်နဲ့ ယွမ်ချင်းယွီက အမြွှာညီအစ်မတွေဖြစ်ကြတယ်။

အရင်တုန်းက ရန်ပေါင်ချီ၊ ချိုကျိလင်၊ ရှဲ့လင်းရွှမ်၊ ယွမ်ချင်းရွှယ်နဲ့ ကုန်းဟိုတဲ၊ အင်မော်တယ်ဘုရင်ရဲ့ အမွေခံတပည့်ငါးယောက်က အင်မော်တယ်ဘုရင် လင်းလုံရဲ့တာဝန်ကို လက်ခံပြီး ချီမင့်ကို အရှင်ဖမ်းပြီး ဗဟိုဒေသကို ပြန်ခေါ်သွားချင်ခဲ့ကြတယ်။ ရန်ပေါင်ချီနဲ့တခြားသူတွေက ကျရှုံးသွားကြတယ်။

သူတို့အားလုံး ချီမင်ရဲ့လက်ထဲမှာ သေဆုံးသွားကြတယ်။

ချီမင်က ရန်ပေါင်ချီရဲ့အထောက်အထားကို အစားထိုးပြီး ပြီးပြည့်စုံစွာသရုပ်ဆောင်နိုင်ခဲ့တယ်။ အင်မော်တယ်မျိုးနွယ်တစ်ခုလုံးမှာ ဘယ်သူမှသူ့ရဲ့တကယ့်အထောက်အထားကို မသိကြဘူး။

ရန်ပေါင်ချီတစ်ယောက်ပဲ အသက်ရှင်ကျန်ရစ်ခဲ့တယ်။

ယွမ်ချင်းယွီက ယွမ်ချင်းရွှယ်ရဲ့အမြွှာအစ်မဖြစ်တယ်။ သူတို့ရဲ့ဆက်ဆံရေးက အရမ်းနက်ရှိုင်းတယ်။ အခုတော့ ယွမ်ချင်းရွှယ်က သေသွားပြီ။

ဒါပေမဲ့ ရန်ပေါင်ချီက အသက်ရှင်လာတယ်။

“ငါ့ညီမ ယွမ်ချင်းရွှယ် ဘာလို့သေသွားရတာလဲ။ နင်ကဘာလို့အသက်ရှင်ကျန်ရစ်ခဲ့တာလဲ။ ဘာလို့လဲ။ ဘာလို့နင်က ငါ့ညီမကိုမကယ်ခဲ့တာလဲ။ ဘာလို့လဲ။”

ယွမ်ချင်းယွီရဲ့အကြည့်က အေးစက်ပြီး သတ်ဖြတ်လိုစိတ်တွေနဲ့ ပြည့်နှက်နေတယ် “နင်ငါ့ညီမ ယွမ်ချင်းရွှယ်ကိုဒိုင်းအဖြစ်သုံးခဲ့တာလား။ ဒါကြောင့်ငါ့ညီမသေပြီး နင်ကအသက်ရှင်ခဲ့တာလား။”

“ယွမ်ချင်းယွီ။”

ချီမင်ရဲ့အကြည့်က အေးစက်သွားပြီး အော်လိုက်တယ် “မင်းရူးနေလား။ အင်မော်တယ်ဘုရင် ကောင်းကင်ဂူထဲမှာ တခြားအင်မော်တယ်ဘုရင် အမွေခံတပည့်တွေကို တိုက်ခိုက်ရင် အကျိုးဆက်တွေကဘာလဲဆိုတာ မင်းသိလား။”

“မင်းညီမသေတာ ငါနဲ့ဘာမှမဆိုင်ဘူး။ သူက ချီမင်ရဲ့လက်ထဲမှာသေသွားတာ၊ ငါသတ်ခဲ့တာမဟုတ်ဘူး။”

“ပြီးတော့...”

“မင်းမှာသက်သေမရှိရင် အဓိပ္ပာယ်မရှိတာတွေ မပြောနဲ့။ ငါကမင်းညီမကိုအကာအကွယ်အဖြစ်သုံးခဲ့တယ် ဟုတ်လား။ ရယ်စရာကောင်းလိုက်တာ။ မင်းနဲ့မင်းညီမကြားက ဆက်ဆံရေးကို ငါနားလည်တယ်။ ပြီးတော့ ယွမ်ချင်းရွှယ် သေသွားတဲ့အဖြစ်မှန်ကို မင်းလက်မခံနိုင်တာကိုလည်း ငါနားလည်တယ်။ ဒါပေမဲ့ ဒါကမင်းအကြမ်းဖက်ဖို့ အကြောင်းပြချက် ဒါမှမဟုတ် ဆင်ခြေမဟုတ်ဘူး။”

“ဟားဟားဟား...” ယွမ်ချင်းယွီက ကောင်းကင်ကိုမော့ပြီး ရယ်လိုက်တယ်။ သူမရဲ့မျက်လုံးတွေက နီရဲနေပြီး အမူအရာက နည်းနည်းရူးသွပ်နေတယ် “ရန်ပေါင်ချီ၊ နင့်မှာအပြစ်ရှိတယ်မလား။ နင်ကအပြစ်ရှိတယ်၊ ဟုတ်တယ်မလား။”

“အခု ကိုးရောင်ခြယ်အလင်းလမ်းတစ်ခုလုံးမှာ နင်နဲ့ငါပဲရှိတယ်။ ငါအခုနင့်ကိုသတ်လိုက်ရင်တောင် ဘယ်သူက ငါလုပ်တယ်လို့သိမှာလဲ။နင်သေဆုံးရတဲ့အကြောင်းရင်းက ငါနဲ့ဘာမှမဆိုင်ဘူး။ နင်က အင်မော်တယ်ဘုရင် ကောင်းကင်ဂူရဲ့ နီဗားနားကပ်ဘေးချီအောက်မှာ သေသွားတာပဲ။”

“သွားသေလိုက်!”

ယွမ်ချင်းယွီက အော်လိုက်တယ်။ သူမက သူမရဲ့ဓမ္မစွမ်းအားအားလုံးကို ထုတ်သုံးပြီး အံ့ဖွယ်စွမ်းအားသိုင်းနည်းစနစ်တစ်ခုကို သုံးလိုက်တယ်။ သွေးရောင်အလင်းတစ်ခုက ထွက်ပေါ်လာပြီး သွေးပင်လယ်တစ်ခုအဖြစ် ပြောင်းလဲသွားတယ်။

“သွေးပင်လယ်အကျဥ်းထောင်။”

ယွမ်ချင်းယွီက ကျယ်လောင်စွာ ဟိန်းဟောက်လိုက်တယ်။

“မင်းကခေါင်းမာမာနဲ့ သေလမ်းရှာနေတာပဲ။”

ချီမင်ရဲ့အကြည့်က အေးစက်သွားတယ်။ သူက ညာလက်ကိုဝှေ့ယမ်းလိုက်တော့ ဓမ္မစွမ်းအားတွေက ထွက်ပေါ်လာတယ်။ ထူးခြားသံလိုက်အိမ်မြှောင်က တိုက်ရိုက်ပျံထွက်သွားပြီး ယွမ်ချင်းယွီရဲ့ခေါင်းပေါ်က လေထဲမှာ လွင့်မြောနေတယ်။

“ထူးခြား ဖျက်ဆီးခြင်းအစီအရင်။”

ချက်ချင်းဆိုသလိုပဲ ချီမင်က ထူးခြားဖျက်ဆီးခြင်းအစီအရင်ကို အသက်သွင်းပြီး ထူးခြားသံလိုက်အိမ်မြှောင်ကို အစီအရင်ရဲ့အမြူတေအဖြစ်သုံးကာ ကြီးမားတဲ့အစီအရင်တစ်ခုကို ဖြန့်ကျက်ပြီး ယွမ်ချင်းယွီကို လုံးဝဖုံးလွှမ်းသွားစေတယ်။

အရင်တုန်းက ရန်ပေါင်ချီနဲ့တခြားသူတွေက အင်မော်တယ်ဘုရင် အမွေခံတပည့်ငါးယောက်ပေါင်းပြီး ထူးခြား ဖျက်ဆီးခြင်းအစီအရင်ကို တည်ဆောက်ခဲ့ရတယ်။ ဒါပေမဲ့ အခုတော့ ချီမင်တစ်ယောက်တည်း တည်ဆောက်နိုင်ပြီ။

ထူးခြား ဖျက်ဆီးခြင်းအစီအရင်ရဲ့စွမ်းအားက ထွက်ပေါ်လာပြီး မိုးကြိုးတွေ ကျဆင်းလာတယ်။ ယွမ်ချင်းယွီရဲ့သွေးပင်လယ်က တိုက်ရိုက်ရှုံးနိမ့်သွားပြီး ကြောက်စရာကောင်းတဲ့ အစီအရင်ရဲ့စွမ်းအားက သူမကို လုံးဝချေမှုန်းပစ်လိုက်တယ်။

ယွမ်ချင်းယွီက နာကျင်စွာ အော်ဟစ်လိုက်တယ်။

သူမ လုံးဝမခုခံနိုင်ဘူး။

ဒါက ချက်ချင်းနီးပါးသတ်လိုက်နိုင်တယ်။

ပြီးတော့ ချီမင်က ညာလက်ကိုဝှေ့ယမ်းပြီး ထူးခြား ဖျက်ဆီးခြင်းအစီအရင်ကို ပယ်ဖျက်လိုက်တယ်။ ထူးခြားသံလိုက်အိမ်မြှောင်က သူ့လက်ထဲကို ပြန်ပျံဝင်လာတယ်။ ဘယ်လက်ကိုဝှေ့ယမ်းလိုက်တော့ ဓမ္မစွမ်းအားတွေက ထွက်ပေါ်လာပြီး ယွမ်ချင်းယွီရဲ့အလောင်းကို ကိုးရောင်ခြယ်အလင်းလမ်းအပြင်ဘက်ကို ပစ်လိုက်တယ်။ ကြီးမားတဲ့ နီဗားနားကပ်ဘေးချီက အလောင်းတစ်ခုလုံးကို ဖျက်ဆီးပြီး လုံးဝပျက်စီးသွားစေတယ်။

“ဒါက...”

ချီမင်က ယွမ်ချင်းယွီရဲ့သိုလှောင်လက်စွပ်ကို သူ့လက်ထဲကို ယူလိုက်တယ်။ အတွင်းထဲမှာ အရင်းအမြစ်တွေအများကြီးရှိပြီး ယွမ်ချင်းယွီက အင်မော်တယ်ဘုရင် ကောင်းကင်ဂူထဲမှာ ရခဲ့တဲ့ရတနာတော်တော်များများလည်း ပါဝင်နေတယ်။

“မဆိုးဘူး။”

ချီမင်က ခေါင်းညိတ်ပြီး သိုလှောင်လက်စွပ်တစ်ခုလုံးကို သူ့ရဲ့သို‌လှောင်အိတ်ထဲကို ထည့်လိုက်တယ်။

အပြင်ဘက်ကအင်မော်တယ်ဘုရင် ကောင်းကင်ဂူရဲ့တဖက်မှာ တော့။

“မဆိုးဘူး၊ မဆိုးဘူး။”

အင်မော်တယ်ဘုရင် လင်းလုံက ကျေနပ်စွာ ခေါင်းညိတ်လိုက်တယ်။”ရန်ပေါင်ချီက အရင်ကထက် တကယ်ကိုပိုသန်မာလာတယ်။ အရင်တုန်းက သူတစ်ယောက်တည်း ထူးခြား ဖျက်ဆီးခြင်းအစီအရင်ကို မထုတ်လွှတ်နိုင်ဘူး။ ဒါပေမဲ့ အခုတော့ သူထုတ်လွှတ်နိုင်နေပြီပဲ။ ပြီးတော့လွယ်တဲ့ပုံပဲ။”

“အင်မော်တယ်ဘုရင် လင်းလုံ၊ ခင်ဗျားဘာကိုဆိုလိုတာလဲ။”

ဒီအချိန်မှာ သွေးအရှင် အင်မော်တယ်ဘုရင် ပေါ်လာပြီး အင်မော်တယ်ဘုရင် လင်းလုံရဲ့ရှေ့ကို ရောက်လာတယ်။ သူ့အကြည့်က အေးစက်နေတယ်”ခင်ဗျားဘာလို့ စည်းမျဉ်းတွေကိုလျစ်လျူရှုပြီး ခုနက အင်မော်တယ်ဘုရင် ကောင်းကင်ဂူကို စစ်ဆေးတာလဲ။အဲ့ဒီအပြင် ခင်ဗျားဝင်စွက်ဖက်ပြီး ကျွန်တော့်ရဲ့အမွေခံတပည့် ယွမ်ချင်းယွီကို ရန်ပေါင်ချီရဲ့လက်ထဲမှာ နာကျင်မှုတွေနဲ့သေဆုံးစေတာလဲ။”

မူလကတော့ ယွမ်ချင်းယွီက ရန်ပေါင်ချီကို မုန်းတီးပြီး သူ့ညီမ ယွမ်ချင်းရွှယ်သေဆုံးမှုကို သူ့အပေါ်ပုံချခဲ့ပေမဲ့ သူမက ဒီလောက်မဆင်မခြင်နဲ့ စိတ်လိုက်မာန်ပါလုပ်မှာမဟုတ်ဘူး။ အဲ့ဒီအစား သူမက သည်းခံပြီး လက်စားချေဖို့ အကောင်းဆုံးအခွင့်အရေးကို စောင့်ဆိုင်းနေလိမ့်မယ်။

အင်မော်တယ်ဘုရင် လင်းလုံရဲ့တွက်ချက်မှုထဲမှာ ယွမ်ချင်းယွီက အနာဂတ်မှာ ရန်ပေါင်ချီကို ကြီးကြီးမားမားထိခိုက်စေလိမ့်မယ်။ အနာဂတ်မှာ သူကပ်ဘေးကိုမကြုံရအောင် တားဆီးဖို့အတွက် အင်မော်တယ်ဘုရင် လင်းလုံက အတင်းအဓမ္မလှုပ်ရှားလိုက်တယ်။ သူက သူချမှတ်ထားတဲ့စည်းမျဉ်းတွေကို လျစ်လျူရှုပြီး အင်မော်တယ်ဘုရင် ကောင်းကင်ဂူကို စစ်ဆေးတယ်။ သူက ကောင်းကင်လျှို့ဝှက်ချက်ကိုတောင် ဝင်စွက်ဖက်ပြီး ယွမ်ချင်းယွီရဲ့စိတ်နဲ့ ဆုံးဖြတ်ချက်ကို ထိခိုက်စေကာ သူမကို မှားယွင်းတဲ့ဆုံးဖြတ်ချက်ချစေခဲ့တယ်။

အဆုံးမှာတော့သူမကဘာမှမလုပ်နိုင်ဘဲသေဆုံးသွားရတယ်။

All Chapters