← Chapters

အင်မော်တယ်ဘိုးဘေးနန်းတော်

Vol. 15 Ch. 215

အင်မော်တယ်ဘိုးဘေးနန်းတော်

Vol. 15 Ch. 215

“စီနီယာအစ်ကို ချင်းဖုန်းယွီ။”

ချီမင်ရဲ့အကြည့်က ချင်းဖုန်းယွီပေါ်ကို ကျရောက်သွားပြီး သူ့ကို အကဲခတ်လိုက်တယ်။ သူလည်း အတော်လေး အံ့အားသင့်သွားပြီးသူ့ကိုဒီမှာတွေ့မယ်လို့ မထင်ထားဘူး။

“ရန်ပေါင်ချီ။” ချင်းဖုန်းယွီက ချီမင့်ကို အကြိမ်အနည်းငယ် အကဲခတ်လိုက်တယ်”မကြာသေးခင်က မှ မင်းအကြောင်း သတင်းတွေက အသင်္ချေအင်မော်တယ်တောင်တန်းတစ်ခုလုံးမှာ ပျံ့နှံ့နေတာပဲ။ မင်းအကြောင်းကို ငါလည်း ကြားလိုက်ရတယ်။”

“ဒါက ကျွန်တော့်အတွက် ဂုဏ်ယူစရာပါ။”

“ဟဲဟဲ။” ချင်းဖုန်းယွီက ရယ်လိုက်တယ်”မင်း ဒီလောက်ထိ နှိမ့်ချနေစရာ မလိုပါဘူး။ မင်းက ကိုးရောင်ခြယ်အလင်းလမ်းပေါ်မှာ အကြိမ်ပေါင်းများစွာ လှုပ်ရှားခဲ့ပေမဲ့ တစ်ခါမှ အပြင်မထွက်ဘူး။ ဒါပေမဲ့ မင်းက လက်ဆန့်လိုက်ရုံနဲ့ ပစ္စည်းတော်တော်များများကို ရလိုက်တယ်။”

“ဒါကိုကြည့်ရင် ဒါက ကံကောင်းခြင်းတစ်ခုတည်းနဲ့ မရှင်းပြနိုင်ဘူးဆိုတာ သိနိုင်တယ်။”

ချင်းဖုန်းယွီက ဆက်ပြောတယ် “ငါထင်တာ မမှားဘူး။ အင်မော်တယ်ဘုရင် အမွေခံတပည့်အားလုံးထဲမှာ မင်းတစ်ယောက်တည်းပဲ ငါ့မျက်စိထဲကို တကယ်ဝင်လာနိုင်တယ်။”

“ချီးကျူးပေးလို့ ကျေးဇူးတင်ပါတယ် စီနီယာအစ်ကို ချင်းဖုန်းယွီ။” ချီမင်က လက်ကိုယှက်လိုက်တယ်။

“ဒါက ဘာလဲဆိုတာ မင်းသိလား။” ချင်းဖုန်းယွီက မေးပြီး သူ့လက်တွေကို နောက်ကျောမှာ ယှက်ထားလိုက်တယ်။ သူ့အကြည့်က ရှေးဟောင်းနန်းတော်ပေါ်မှာ ကျရောက်သွားတယ်။

“ကျွန်တော် မသိဘူး။” ချီမင်က ခေါင်းခါလိုက်တယ်။

“ဒါက အင်မော်တယ်ဘိုးဘေးနန်းတော်ပဲ။” ချင်းဖုန်းယွီက ပြောတယ် “အင်မော်တယ်ဘိုးဘေးဘယ် လောက်တောင်ခမ်းနားလိုက်တဲ့တည်ရှိမှုလဲ။ အင်မော်တယ်ဘိုးဘေးရဲ့တည်ရှိမှုကြောင့် ငါတို့ အင်မော်တယ်မျိုးနွယ်က လုံးဝမြင့်တက်လာနိုင်ခဲ့တာ။”

“ဒဏ္ဍာရီအရ အင်မော်တယ်ဘိုးဘေးက သူ့ရဲ့ အထွတ်အထိပ်ဓမ္မစွမ်းအားတွေကိုသုံးပြီး ကောင်းကင်နဲ့မြေကြီးကို ချိတ်ပိတ်လိုက်ပြီးနောက်မှာလျှို့ဝှက်နက်နဲကမ္ဘာရဲ့ တန်ပြန်မှုကို ခံစားခဲ့ရတယ်။ သူက သူ့ခန္ဓာကိုယ်နဲ့ တာအိုကို ပေါင်းစည်းရုံအပြင်တခြားရွေးချယ်စရာမရှိပေမယ့် နောက်ဆုံးမှာ သေဆုံးသွားတယ်။”

“အင်မော်တယ်ဘိုးဘေးရဲ့နန်းတော်က အင်မော်တယ်ဘုရင် ကောင်းကင်ဂူရဲ့ အနက်ရှိုင်းဆုံးနေရာမှာ ပုန်းကွယ်နေတယ်။”

“မင်းသာ အင်မော်တယ်ဘိုးဘေးနန်းတော်ထဲကို ဝင်နိုင်ရင် အင်မော်တယ်ဘိုးဘေးရဲ့အမွေကို ရရှိနိုင်တယ်။ အမွေနဲ့ယှဉ်ရင်အပြင်ဘက်က အခွင့်အရေးနဲ့ ကံကောင်းခြင်းတွေက ဖော်ပြဖို့တောင်မထိုက်တန်ဘူး။”

“အင်မော်တယ်ဘိုးဘေးနန်းတော်။”

ချီမင်ရဲ့အကြည့်က ရှေ့က ရှေးဟောင်းနန်းတော်ပေါ်ကို ကျရောက်သွားတယ်။

သူက ဒီအချိန်အတွင်းမှာ အလကားနေတာမဟုတ်ဘူး။ သူက အင်မော်တယ်မျိုးနွယ်ကိုလည်း နားလည်သွားပြီး အင်မော်တယ်ဘိုးဘေးဆိုတဲ့တည်ရှိမှုက အင်မော်တယ်မျိုးနွယ်တစ်ခုလုံးမှာ အထွတ်အထိပ်အဆင့်ထိ အမွှမ်းတင်ခံထားရတယ်။

အင်မော်တယ်မျိုးနွယ်မှာ အင်မော်တယ်ဘိုးဘေးနဲ့ပတ်သက်တဲ့ ဒဏ္ဍာရီတွေ မရေမတွက်နိုင်အောင်ရှိတယ်။ သူက တကယ့်ကို စစ်မှန်ပြီးစွမ်းအားကြီးတဲ့တည်ရှိမှုတစ်ယောက်ဖြစ်တယ်။

အင်မော်တယ်မျိုးနွယ်ရဲ့ အထွတ်အထိပ်ဖြစ်တည်မှုတောင် အင်မော်တယ်ဘိုးဘေးနဲ့ မယှဉ်နိုင်ဘူး။

“ဟုတ်တယ်။” ချင်းဖုန်းယွီက ပြောတယ်”ငါက အင်မော်တယ်ဘုရင် ကောင်းကင်ဂူထဲကို သုံးကြိမ်ဝင်ခဲ့ဖူးတယ်။ ဒါက သုံးကြိမ်မြောက်ပဲ။ ပထမအကြိမ်မှာ ငါက အင်မော်တယ်ဘိုးဘေးရဲ့နန်းတော်ကို ရှာတွေ့ခဲ့တယ်။ ဒါပေမဲ့ ငါ့မှာ ဓမ္မစွမ်းအားတွေ အများကြီးသုံးစွဲထားလို့ မီတာ (၇၀၀,၀၀၀) လောက်ပဲ နီးကပ်နိုင်ပြီးခုံခံနိုင်တယ်။ ငါ့ရဲ့ဓမ္မစွမ်းအားတွေ ကုန်ဆုံးသွားလို့ အင်မော်တယ်ဘုရင် ကောင်းကင်ဂူကနေ အတင်းအကျပ် နေရာရွှေ့ပြောင်းခံလိုက်ရတယ်။”

“ဒုတိယအကြိမ်မှာတော့...”

“ငါက အင်မော်တယ်ဘုရင် ကောင်းကင်ဂူထဲကို ထပ်ဝင်တယ်။ လမ်းတစ်လျှောက်လုံးမှာ ဓမ္မစွမ်းအားတွေကို မဖြုန်းတီးဘူး။ဒါပေမဲ့ အင်မော်တယ်ဘိုးဘေးနန်းတော်ရဲ့ပတ်ဝန်းကျင်ကို ဖုံးလွှမ်းထားတဲ့ သတ်ဖြတ်ခြင်းအတိဒုက္ခတိမ်တိုက်တွေက အရမ်းစွမ်းအားကြီးတယ်။ ဒါ့အပြင် အင်မော်တယ်ဘိုးဘေးနန်းတော်နဲ့ နီးကပ်လေလေ ပိုအားကောင်းလေလေပဲ။”

“ဒုတိယအကြိမ်မှာ ငါက အင်မော်တယ်ဘိုးဘေးနန်းတော်နဲ့ မီတာ (၁၀,၀၀၀) ပဲဝေးတော့တယ်။ ဒါပေမဲ့ ငါမကျော်နိုင်တော့ဘူး။ ငါ့ရဲ့ဓမ္မစွမ်းအားတွေ ကုန်ဆုံးသွားတယ်။ ငါက လေဟာနယ်ရဲ့စွမ်းအားကို စတင်လိုက်ပြီး အင်မော်တယ်ဘုရင် ကောင်းကင်ဂူကနေ ထွက်လာရတယ်။”

“ဒီတစ်ခေါက်တော့...”

ချင်းဖုန်းယွီရဲ့အကြည့်က ခိုင်မာပြီး သူ့ရဲ့ရည်ရွယ်ချက်က အရမ်းရှင်းလင်းတယ်။ သူ့အကြည့်က အင်မော်တယ်ဘိုးဘေးနန်းတော်ပေါ်မှာပဲ ကျရောက်နေတယ်”ငါသေချာပေါက် ခြေချနိုင်ရမယ်။”

ချင်းဖုန်းယွီရဲ့ခန္ဓာကိုယ်ပတ်လည်က အစိမ်းရောင်ပိုးချည်သုံးထောင်က ပျံ့ကျဲသွားပြီး ပြိုင်ဘက်ကင်းအခြေအနေလိုမျိုး ပတ်ဝန်းကျင်က ကပ်ဘေးချီကိုခွဲထုတ်ထားတယ်။ ဒါပေမဲ့ ချီမင်က ဒါက စိတ်မချရဘူးဆိုတာ သိတယ်။

တိတိကျကျပြောရရင် သူနားလည်ထားတဲ့ အံ့ဖွယ်စွမ်းအားဖြစ်တဲ့ အစိမ်းရောင်ပိုးချည်သုံးထောင်က တကယ်ကို အားကောင်းပေမဲ့ အဲ့ဒါကသန့်စင်ရွှေခန္ဓာရဲ့ အားနည်းတဲ့ပုံစံဖြစ်တယ်။ အစိမ်းရောင်ပိုးချည်သုံးထောင်က သီးခြားနေရာတစ်ခုကို ဖွဲ့စည်းပြီး အပြင်ကအရာအားလုံးကို သီးခြားခွဲထုတ်ထားကာ အသုံးပြုသူကို မထိခိုက်စေဘူး။

ချီမင်ရဲ့ သန့်စင်ရွှေခန္ဓာက ဒီလိုမဟုတ်ဘူး။

သန့်စင်ရွှေခန္ဓာကို ကောင်းကင်နဲ့မြေကြီးရဲ့ မဟာတာအိုက ထောက်ပံ့ပေးထားပြီး နည်းစနစ်အားလုံးကို ခုခံနိုင်စွမ်းရှိတယ်။အကန့်အသတ်ကို မကျော်လွန်သရွေ့ သန့်စင်ရွှေခန္ဓာက နည်းစနစ်အားလုံးကို ခုခံနိုင်တယ်။

ချီမင်က မဟာကပ်ဘေးဒုက္ခနည်းစနစ်ကို နားလည်ထားပြီး အကြီးစားအောင်မြင်ခြင်းအဆင့်အထိ ကျင့်ကြံထားတယ်။ သူက အင်မော်တယ်ဘုရင် ကောင်းကင်ဂူရဲ့ကပ်ဘေးချီကိုတောင် ထိန်းချုပ်ပြီး သူ့အတွက်အသုံးပြုနိုင်တယ်။

ဒါပေမဲ့ ချီမင်က ဒီလိုမလုပ်ဘူး။ ဘာလို့လဲဆိုတော့ သူသာ အဲ့ဒီလိုလုပ်ရင် အရမ်းထိတ်လန့်စရာကောင်းသွားလိမ့်မယ်။ ရန်ပေါင်ချီက ဒီအံ့ဖွယ်စွမ်းအားကို မကျွမ်းကျင်ဘူး။

တကယ်တော့...

ချီမင်က သန့်စင်ရွှေခန္ဓာကို သုံးရင် ဖော်ထုတ်ခံရနိုင်တဲ့အန္တရာယ်ရှိတယ်။

ဒါပေမဲ့ ရွေးချယ်စရာမရှိဘူး။

ချီမင်က သူလိုချင်တာကို ရှာချင်ရင် အင်မော်တယ်ဘုရင် ကောင်းကင်ဂူထဲကို ဝင်ရမယ်။ သူက အင်မော်တယ်ဘုရင် ကောင်းကင်ဂူရဲ့ကပ်ဘေးချီကို ခုခံဖို့အတွက် သန့်စင်ရွှေခန္ဓာကို သုံးရမယ်။

ဒီအချိန်မှာ ချင်းဖုန်းယွီက အင်မော်တယ်ဘိုးဘေးနန်းတော်ပတ်လည်က သတ်ဖြတ်ခြင်းအတိဒုက္ခတိမ်တိုက်ရဲ့အကွာအဝေးထဲကို ဝင်ရောက်သွားတယ်။ အစိမ်းရောင်ပိုးချည်သုံးထောင်က တလိမ့်လိမ့်တက်လာပြီးကျဆင်းလာတဲ့ ကြောက်မက်ဖွယ်ကပ်ဘေးချီကို တားဆီးထားတယ်။

သူက တဖြည်းဖြည်း အင်မော်တယ်ဘိုးဘေးနန်းတော်ကို ချဉ်းကပ်သွားတယ်။

“ငါလိုချင်တာကို မင်းမတားနိုင်ဘူး။”

ချီမင်ရဲ့မျက်လုံးတွေက လင်းလက်သွားတယ်။ သူက အချိန်အကြာမတုန့်ဆိုင်းဘဲ ချင်းဖုန်းယွီရဲ့နောက်ကို လိုက်သွားတယ်။ သူ့ခန္ဓာကိုယ်ပတ်လည်မှာ ရွှေရောင်အလင်းတွေ လင်းလက်နေပြီး သူက မြင့်တက်လာတဲ့ကပ်ဘေးချီကို တားဆီးကာ အင်မော်တယ်ဘိုးဘေးနန်းတော်ပတ်လည်က အတိဒုက္ခတိမ်တိုက်ရဲ့အကွာအဝေးထဲကို ခြေချလိုက်တယ်။

ကြီးမားတဲ့ကပ်ဘေးချီက ကြောက်မက်ဖွယ်ကောင်းတဲ့လှိုင်းလုံကြီးလိုမျိုး မြင့်တက်လာတယ်။

ဒီအချိန်မှာ ချီမင်က ဆူနာမီမုန်တိုင်းထဲက လှေငယ်လေးတစ်စင်းလို ဖြစ်နေတယ်။ အဲ့ဒါက ဘယ်အချိန်မှာမဆို မြင့်တက်လာတဲ့ကပ်ဘေးချီကြောင့် မှောက်သွားနိုင်သလို ထာဝရပျက်စီးသွားနိုင်တယ်။

“ဂျူနီယာညီလေးရန်။”

ချင်းဖုန်းယွီက လှည့်ကြည့်လိုက်တော့ ချီမင်ရဲ့ခန္ဓာကိုယ်ပတ်လည်မှာ လင်းလက်နေတဲ့ ရွှေရောင်အလင်းကို တွေ့လိုက်ရပြီး ပတ်ဝန်းကျင်က ကပ်ဘေးချီကို တားဆီးထားတာကို တွေ့လိုက်ရတယ်။ သူက နည်းနည်းအံ့အားသင့်သွားတယ် “မင်းက အစိမ်းရောင်ပိုးချည်သုံးထောင်နဲ့ ဆင်တူတဲ့ အံ့ဖွယ်စွမ်းအားနည်းစနစ်တစ်ခုကို နားလည်ထားမယ်လို့ ငါမထင်ထားဘူး။”

“မဆိုးရုံ‌လေးပါ၊ ကျွန်တော်က စီနီယာအစ်ကိုရဲ့အံ့ဖွယ်စွမ်းအားနဲ့ မယှဉ်နိုင်ပါဘူး။” ချီမင်က ပြန်ဖြေတယ်။

“ဂျူနီယာညီလေးရန်၊ မင်းက ငါ့ကို တဖြည်းဖြည်း အံ့အားသင့်အောင် လုပ်နေတာပဲ။” ချင်းဖုန်းယွီက ပြောတယ်။

ချီမင်က ဆူနာမီမုန်တိုင်းထဲက လှေငယ်လေးတစ်စင်းလို ထင်ရပေမဲ့ တကယ်တော့ ဒီများပြားတဲ့ကပ်ဘေးချီက သူ့ကို လုံးဝမထိခိုက်နိုင်သလို သူ့ရဲ့စွမ်းအားအားလုံးက ခုခံနိုင်စွမ်းရှိတယ်။

ဒီခံစားချက်က ချီမင်အတွက် လေတိုက်သလောက်ပဲရှိတယ်။

သူ့ကို လုံးဝမထိခိုက်စေဘူး။

အချိန်တွေကုန်လွန်သွားတယ်။

ချင်းဖုန်းယွီက ချီမင်ရဲ့ရှေ့မှာ လျှောက်နေတယ်။ သူ့နောက်မှာ ဖြည်းဖြည်းချင်း လိုက်နေရင်း ချီမင်က သူ့ကို ကျော်တက်ဖို့ စိတ်ကူးမရှိဘူး။ ချီမင်က အလွယ်တကူ ကျော်တက်နိုင်ပေမဲ့ သူက ဒီလိုမလုပ်ဘူး။

မကြာခင်မှာပဲ နှစ်ယောက်သား မီတာ (၁၀၀,၀၀၀) အကွာကို တက်သွားကြတယ်။

ချင်းဖုန်းယွီက လှည့်ကြည့်ပြီး သတိပေးလိုက်တယ်”ဂျူနီယာညီလေးရန်၊ ရှေ့ကို မီတာ (၁၀၀,၀၀၀) တိုးသွားတိုင်း သတ်ဖြတ်ခြင်းကပ်ဘေးနဲ့ ကပ်ဘေးချီရဲ့စွမ်းအားက အဆင့်တစ်ခု တိုးမြင့်လာလိမ့်မယ်။ မင်း သတိထားရမယ်။”

သူစကားပြောပြီးတာနဲ့ ချင်းဖုန်းယွီက အေးအေး ဆေးဆေး ဆက်သွားတယ်။

“သတိပေးလို့ ကျေးဇူးတင်ပါတယ် စီနီယာအစ်ကို။”

ချီမင်က ပြန်ဖြေတယ် “ကျွန်တော် သတိထားပါ့မယ်။”

ချီမင်က မီတာ (၉၀၀,၀၀၀) အကွာအဝေးထဲကို ခြေချလိုက်ပြီးတာနဲ့ ပတ်ဝန်းကျင်က သတ်ဖြတ်ခြင်းကပ်ဘေးနဲ့ ကပ်ဘေးချီရဲ့စွမ်းအားက အဆင့်တစ်ခု တိုးမြင့်လာပြီး ပိုအားကောင်းလာတာကို ရှင်းရှင်းလင်းလင်း သိလိုက်ရတယ်။

အဲ့ဒါက တူညီနေသေးတယ်။

သန့်စင်ရွှေခန္ဓာက နည်းစနစ်အားလုံးကို ခုခံနိုင်စွမ်းရှိတယ်။ ဒီကပ်ဘေးချီနဲ့ သတ်ဖြတ်ခြင်းကပ်ဘေးက ချီမင်ကို မထိခိုက်နိုင်သလို သူ့ရဲ့ဓမ္မစွမ်းအားတွေ ကုန်ဆုံးသွားပြီးမှ သူ့ကို အနည်းငယ်ထိခိုက်စေနိုင်တယ်။

ဒါပေမဲ့ ဒါက မဖြစ်နိုင်တာ သေချာတယ်။ ဘာလို့လဲဆိုတော့ ချီမင်ရဲ့ပစ္စည်းစာရင်းထဲမှာ ဝိညာဉ်ကျောက်တုံးအများကြီးနဲ့ အင်မော်တယ်သလင်းကျောက်တွေရှိတယ်။ ချီမင်က သူ့ရဲ့ဓမ္မစွမ်းအားတွေကို ပြန်လည်ကောင်းမွန်လာဖို့အတွက် ဒီအင်မော်တယ်သလင်းကျောက်ဒါမှမဟုတ် ဝိညာဉ်ကျောက်တုံးတွေကို ဘယ်အချိန်မဆို သန့်စင်လို့ရတယ်။

စဉ်းစားနေတုန်းမှာ ချီမင်နဲ့ချင်းဖုန်းယွီက အကွာအဝေးတစ်ခုကို ထပ်တိုးတက်သွားကြတယ်။ ဒါ့အပြင် ချင်းဖုန်းယွီက အင်မော်တယ်ဘိုးဘေးနန်းတော်နဲ့ မီတာ (၁၀,၀၀၀) အကွာကို ရောက်နေပြီ။

ဒါက ချင်းဖုန်းယွီက ဒုတိယအကြိမ်မြောက် အင်မော်တယ်ဘုရင် ကောင်းကင်ဂူထဲကို ဝင်လာပြီးနောက်မှာ ရပ်ခဲ့ရတဲ့နေရာဖြစ်တယ်။

အခု သူက ဒီကို နောက်တစ်ခေါက် ရောက်လာပြီ။

ချင်းဖုန်းယွီမှာ အင်အားတချို့ ကျန်သေးတယ်။

“ဟူး...”

ချင်းဖုန်းယွီက အသက်ကိုပြင်းပြင်းရှူလိုက်ပြီး သူ့ရှေ့က အင်မော်တယ်ဘိုးဘေးနန်းတော်ကို စိုက်ကြည့်လိုက်တယ်။ သူ့မျက်လုံးတွေက တောက်လောင်နေတဲ့ဆန္ဒကို ဖော်ပြနေပြီး သူ့ခန္ဓာကိုယ်ထဲက ဓမ္မစွမ်းအားတွေကို စုစည်းလိုက်ကာ သူ့ရဲ့အံ့ဖွယ်စွမ်းအားကို လည်ပတ်စေလိုက်တယ်။

အစိမ်းရောင်ပိုးချည်သုံးထောင်က တောက်ပလာတယ်။

အဲ့ဒါက သီးခြားနေရာတစ်ခုကို ဖွဲ့စည်းလိုက်တယ်။

“သွား!”

နောက်တစ်ခဏမှာ ချင်းဖုန်းယွီက အစိမ်းရောင်အလင်းစီးကြောင်းတစ်ခုလိုဖြစ်ပြီး နေရာကနေ ပျောက်ကွယ်သွားကာ အင်မော်တယ်ဘိုးဘေးနန်းတော်ဆီကို ပြေးသွားတယ်။ ချီမင်ရဲ့အမြင်ထဲမှာ မီတာတစ်သောင်းအကွာအဝေးကို တစ်စက္ကန့်တောင်မကြာဘဲ ဖြတ်သန်းသွားတယ်။ ချင်းဖုန်းယွီက မီတာတစ်သောင်းအကွာအဝေးကို ဖြတ်သန်းတဲ့အခါ သူ့ပတ်လည်က ကပ်ဘေးချီကမြင့်တက်လာပြီး ကြောက်ဖို့ကောင်းတဲ့မြင်ကွင်းတစ်ခုကိုဖန်တီးလိုက်ပြီး ဖျက်ဆီးခြင်းမြင်ကွင်းအမျိုးမျိုးပေါ်လာတယ်။

အစိမ်းရောင်အလင်းစီးကြောင်းက ရပ်တန့်သွားတယ်။

သူက နန်းတော်ရှေ့မှာ ရပ်တန့်သွားတယ်။

ချင်းဖုန်းယွီရဲ့ပုံရိပ်က ပေါ်လာတယ်။

သူ့မျက်နှာက ဖြူဖျော့နေတယ်။

သူ့ရဲ့ဓမ္မစွမ်းအားတွေက ကုန်လုနီးပါးဖြစ်နေပြီ။

သူက အင်မော်တယ်ဘိုးဘေးနန်းတော်ပတ်လည်က မီတာတစ်သန်းရှိတဲ့ အတိဒုက္ခတိမ်တိုက်ကို ကျော်ဖြတ်နိုင်ခဲ့ပြီ။ သူက စမ်းသပ်မှုကို အောင်မြင်ပြီး အင်မော်တယ်ဘိုးဘေးနန်းတော် ပိုင်နက်ထဲမှာ ရပ်နေတယ်။ သူ့ပတ်လည်မှာ မမြင်နိုင်တဲ့ဒိုင်းစွမ်းအားတစ်ခုရှိပြီး ပတ်ဝန်းကျင်က ကပ်ဘေးချီကို တားဆီးထားတယ်။

သူက လုံခြုံသွားပြီ။

“ဟားဟားဟား...”

ချင်းဖုန်းယွီက ကျယ်လောင်စွာ ရယ်မောလိုက်တယ်။ သူက အရမ်းစိတ်လှုပ်ရှားပြီး ပျော်ရွှင်နေတယ်။ သူ့တစ်ကိုယ်လုံးက အနည်းငယ်တုန်ခါနေတယ် “ညီလေးရန်၊ မင်းမြင်လား။ မင်းမြင်လား။ ငါအောင်မြင်သွားပြီ! ငါအောင်မြင်သွားပြီ!”

“ဟားဟားဟား...”

“ငါနောက်ဆုံးတော့ အောင်မြင်သွားပြီ။ ငါ အင်မော်တယ်ဘိုးဘေးနန်းတော်ကို ရောက်လာပြီ။”

ချင်းဖုန်းယွီရဲ့နောက်က ချီမင်ရဲ့အသံ ထွက်ပေါ်လာတယ်။ သူက အေးအေးဆေးဆေးနဲ့ ပြောလိုက်တယ်၊ “ဂုဏ်ယူပါတယ် စီနီယာအစ်ကို ချင်းဖုန်းယွီ။ ခင်ဗျားက အခွင့်အရေးသုံးကြိမ်သုံးပြီး နောက်ဆုံးမှာ အင်မော်တယ်ဘိုးဘေးနန်းတော်ကို အောင်မြင်စွာရောက်လာတယ်။”

“ဂုဏ်ယူပါတယ်။”

“ပထမနှစ်ကြိမ်က ငါအပြည့်အဝမပြင်ဆင်ထားလို့ပါ။”

ချင်းဖုန်းယွီက စိတ်တည်ငြိမ်သွားပြီး လက်ကိုဝှေ့ယမ်းကာ ပြောလိုက်တယ်”ဂျူနီယာညီလေးရန်၊ အင်မော်တယ်ဘိုးဘေးနန်းတော်ပတ်လည်က သတ်ဖြတ်ခြင်းအတိဒုက္ခတိမ်တိုက်ရဲ့စွမ်းအားက အရမ်းကြောက်စရာကောင်းတယ်။ အထူးသဖြင့် မီတာ (၁၀,၀၀၀) အကွာအဝေးမှာဆိုရင် အဲ့ဒီရဲ့စွမ်းအားက အရမ်းကြောက်စရာကောင်းပြီး မင်းကျော်ဖြတ်နိုင်တဲ့အရာ မဟုတ်ဘူး။ မင်း မြန်မြန်ထွက်သွားသင့်တယ်။”

“မင်းသာ အတင်းတိုးဝှေ့ပြီး ကျော်ဖြတ်ဖို့ ကြိုးစားရင် ဒီမှာပဲ သေလိမ့်မယ်။”

“သတိပေးလို့ ကျေးဇူးတင်ပါတယ် စီနီယာအစ်ကို။”

ချီမင်ရဲ့အသံက ချင်းဖုန်းယွီရဲ့ဘေးကနေ ထွက်ပေါ်လာတယ်”ဂျူနီယာညီလေးက အခုလေးတင် ခံစားမိလိုက်ပါတယ်။”

“မင်း...”

ချင်းဖုန်းယွီက လန့်သွားတယ်။ သူက တုံ့ပြန်ပြီး လှည့်ကြည့်လိုက်တယ်။ သူက ချီမင် သူ့ဘေးမှာ ရပ်နေတာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရတယ်။ သူ့မျက်လုံးတွေက ပြူးကျယ်သွားပြီး မျက်နှာမှာ မယုံနိုင်တဲ့အမူအရာတွေ ပြည့်နှက်သွားတယ်။ သူက အံ့အားသင့်စွာနဲ့ ပြောလိုက်တယ် “မင်း... မင်း ဒီမှာ ဘာလို့ရောက်နေတာလဲ။ မင်း... မင်း... ဘယ်အချိန်က...”

“ဘာဖြစ်လို့လဲ။ ဘာပြဿနာရှိလို့လဲ?”

ချီမင်က ပြုံးပြီးမေးလိုက်တယ်”ကျွန်တော်က စီနီယာအစ်ကို အခုလေးတင်ပြေးသွားတာကို မြင်လိုက်လို့ နောက်က လိုက်လာခဲ့တာ။ စီနီယာအစ်ကို ပြောတာမှန်တယ်။ အင်မော်တယ်ဘိုးဘေးနန်းတော်ပတ်လည်က သတ်ဖြတ်ခြင်းအတိဒုက္ခတိမ်တိုက်က တကယ်ကြောက်စရာကောင်းတယ်။ အထူးသဖြင့် မီတာ (၁၀,၀၀၀) အကွာအဝေးမှာဆိုရင် အဲ့ဒါက အန္တရာယ်အများဆုံးပဲ။ ကျွန်တော် အခုလေးတင် အဲ့ဒါကို မကျော်နိုင်တော့မလို ဖြစ်သွားတယ်။”

All Chapters