ပုံရိပ်ယောင်!
Vol. 15 Ch. 217
ထိတ်လန့်သွားတယ်။
အရမ်းကို ထိတ်လန့်စရာကောင်းတယ်!
တကယ်တော့...
ချင်းဖုန်းယွီက ချီမင်ရဲ့လုပ်ရပ်ကြောင့် လန့်သွားတယ်။
အရမ်း ထိတ်လန့်စရာကောင်းတယ်။
ချင်းဖုန်းယွီရဲ့မျက်လုံးထဲမှာ သူ့ရှေ့က အင်မော်တယ်ဘုရင် ကောင်းကင်ဂူရဲ့စိတ်ဝိညာဉ်က အင်မော်တယ်ဘိုးဘေးနဲ့ခေတ်တစ်ခုတည်းကလာတဲ့ တည်ရှိမှုဖြစ်တယ်။ အဆင့်အတန်းအရဖြစ်စေ၊ အင်အားအရဖြစ်စေ သူက ချင်းဖုန်းယွီနဲ့တခြားသူတွေက မော့ကြည့်ရမယ့်တည်ရှိမှုဖြစ်တယ်။
အင်မော်တယ်ဘုရင် (၁၀၈) ပါးက ဒီမှာရှိရင်တောင် သူတို့က အင်မော်တယ်ဘုရင် ကောင်းကင်ဂူရဲ့စိတ်ဝိညာဉ်ကို လေးလေးစားစားနှုတ်ဆက်ရလိမ့်မယ်။
ချီမင်က တကယ်တိုက်ခိုက်လိုက်တယ်။
သူတကယ် တိုက်ခိုက်လိုက်တယ်။
သူက အင်မော်တယ်ဘုရင် ကောင်းကင်ဂူရဲ့စိတ်ဝိညာဉ်ကို တိုက်ခိုက်လိုက်တယ်။
“အတင့်ရဲလှချည်လား!”
မူလအစရဲ့အကြည့်က အေးစက်သွားပြီး အသံတိုးတိုးနဲ့ ကြိမ်းမောင်းလိုက်တယ်။
ထူးခြား ဖျက်ဆီးခြင်းအစီအရင်က ကျရောက်လာပြီး မူလအစကို ဖုံးလွှမ်းသွားတယ်။ ချင်းဖုန်းယွီရဲ့အံ့အားသင့်နေအကြည့်အောက်မှာ အင်မော်တယ်ဘုရင် ကောင်းကင်ဂူရဲ့စိတ်ဝိညာဉ်က မရေမတွက်နိုင်တဲ့အလင်းစက်တွေအဖြစ် ပြောင်းလဲသွားပြီး ပျောက်ကွယ်သွားတယ်။ ဒီလိုမြင်ကွင်းက အင်မော်တယ်ဘုရင် ကောင်းကင်ဂူရဲ့စိတ်ဝိညာဉ်က ပုံရိပ်ယောင်တစ်ခုဖြစ်ကြောင်းပြလိုက်တယ်။
“ဒါက...”
သူ အံ့အားသင့်သွားတယ်။
ချင်းဖုန်းယွီက နေရာမှာတင် လုံးဝကြောင်သွားတယ်။ သူက လေထဲမှာပျောက်ကွယ်သွားတဲ့မူလအစကို ကြည့်ပြီး အနည်းငယ်ကြောင်အသွားတယ်”ခုနက... ဘာဖြစ်သွားတာလဲ။”
နောက်တစ်ခဏမှာ ပတ်ဝန်းကျင်က ပြောင်းလဲသွားတယ်။ အင်မော်တယ်ဘိုးဘေးခန်းမက ပျောက်ကွယ်သွားတယ်။
ခရက်! ခရက်!
ပုံရိပ်ယောင်က ကွဲအက်သွားတယ်။
တကယ့်မြင်ကွင်းက ချီမင်နဲ့ချင်းဖုန်းယွီတို့ရဲ့မျက်စိရှေ့မှာ ပေါ်လာတယ်။
“ငါတို့...”
ချင်းဖုန်းယွီက လန့်သွားတယ်။ သူက သတိပြန်ဝင်လာပြီး သူ့ရှေ့က ပွင့်လာတဲ့တံခါးကို ကြည့်လိုက်တယ်။ တကယ်တော့ သူနဲ့ချီမင်က အင်မော်တယ်ဘိုးဘေးနန်းတော်ရဲ့တံခါးအပြင်ဘက်မှာပဲ ရပ်နေသေးတယ်။
သူက ပတ်ပတ်လည်ကို ကြည့်လိုက်တယ်။
အစကနေအဆုံးအထိ သူတို့က အင်မော်တယ်ဘိုးဘေးနန်းတော်ထဲကို မဝင်ရသေးဘူး။
အင်မော်တယ်ဘိုးဘေးနန်းတော်ရဲ့တံခါးပွင့်လာတဲ့အချိန်တည်းက အင်မော်တယ်ဘိုးဘေးရဲ့စမ်းသပ်မှုက စတင်ခဲ့ပြီးပြီ။ပုံရိပ်ယောင်က တိတ်တဆိတ်ပွင့်လာပြီး ချီမင်နဲ့ချင်းဖုန်းယွီက ပုံရိပ်ယောင်ထဲကို ကျရောက်သွားတယ်။
ခုနက ပုံရိပ်ယောင်ထဲမှာပေါ်လာတဲ့ အင်မော်တယ်ဘုရင် ကောင်းကင်ဂူစိတ်ဝိညာဉ်က လုံးဝကိုအတုကြီးဖြစ်တယ်။ အဲ့ဒါက အင်မော်တယ်ဘိုးဘေးနန်းတော်ထဲကို ဝင်ချင်တဲ့အင်မော်တယ်တွေကို ရှုပ်ထွေးစေပြီး စမ်းသပ်ဖို့အတွက် ပုံရိပ်ယောင်တစ်ခုသက်သက်ဖြစ်တယ်။
“အဲ့ဒီနေရာက...”
ချင်းဖုန်းယွီက နောက်ထပ်အကြိမ်အနည်းငယ်ကြည့်ပြီး အနက်ရောင်ဝဲဂယက်နှစ်ခုရဲ့တည်နေရာကို အတည်ပြုလိုက်တယ်။ အဲ့ဒါတွေက ဘေးမှာရှိနေတယ်။ တကယ်လို့ချင်းဖုန်းယွီသာ အနက်ရောင်ဝဲဂယက်ထဲကို တကယ်လျှောက်ဝင်သွားပြီး ရှေ့ဆက်သွားနေရင် သူက ခြေလှမ်းအနည်းငယ်အတွင်းမှာပဲ အင်မော်တယ်ဘိုးဘေးနန်းတော်ရဲ့နေရာကနေ ထွက်သွားလိမ့်မယ်။ အဲ့ဒီအချိန်မှာ သူက အတိဒုက္ခတိမ်တိုက်ထဲကို ထပ်ကျသွားလိမ့်မယ်။
ချင်းဖုန်းယွီရဲ့လက်ရှိအခြေအနေအရ သူ့ခန္ဓာကိုယ်ထဲက ဓမ္မစွမ်းအားတွေက တစ်ဆယ်ပုံတစ်ပုံအောက်ပဲရှိတယ်။ သူသာ မီတာတစ်သန်းရှိတဲ့ အတိဒုက္ခတိမ်တိုက်ထဲကို ထပ်ကျသွားရင် မသေရင်တောင်မှ အပြင်းအထန်ဒဏ်ရာရသွားလိမ့်မယ်။ သူကံကောင်းရင်သူ့ကို လေဟာနယ်ကြေးမုံက ကယ်တင်လိမ့်မယ်။ သူကံမကောင်းရင် နေရာမှာတင် တိုက်ရိုက်သေသွားလိမ့်မယ်။
ဒီလိုစဉ်းစားလိုက်တော့ ချင်းဖုန်းယွီရဲ့နဖူးမှာ ချွေး အေးတွေထွက်လာတယ်။ သူ့ရဲ့ခြေလက်တွေက နည်းနည်းအေးစက်နေပြီး သူချီမင်ကိုကြည့်တဲ့အကြည့်က ကျေးဇူးတင်မှုနဲ့လေးစားမှုတွေနဲ့ ပြည့်နှက်သွားတယ်။
“ငါ့အသက်ကိုကယ်တင်ပေးလို့ ကျေးဇူးတင်ပါတယ် ဂျူနီယာညီလေးရန်။”
ချင်းဖုန်းယွီက ချီမင့်ကို ဦးညွှတ်ပြီး အရမ်းရိုးသားတဲ့လေသံနဲ့ပြောတယ်”ဂျူနီယာညီလေးရန်က ပုံရိပ်ယောင်ကို မမြင်နိုင်ခဲ့ရင် ငါသေသွားလောက်ပြီ။”
“ငါက အင်မော်တယ်ဘုရင်အမွေခံတပည့်တွေထဲမှာ နံပါတ်တစ်လို့ ထင်ခဲ့မိတာ၊ ဒါပေမဲ့ အမွေအနှစ်ရဲ့သွေးဆောင်မှုအောက်မှာ ငါ့ရဲ့ဆန္ဒတွေကို မထိန်းချုပ်နိုင်ဘူး၊ မှန်ကန်တဲ့ဆုံးဖြတ်ချက်ကိုလည်း မချနိုင်လိုက်ဘူး။ ပုံရိပ်ယောင်ထဲကိုတောင် ကျရောက်သွားတယ်။”
“ဂျူနီယာညီလေးရန်သာ အချိန်မီလှုပ်ရှားပြီး ပုံရိပ်ယောင်ကို မချိုးဖျက်ခဲ့ရင် ငါတကယ်...” ချင်းဖုန်းယွီက သက်ပြင်းချလိုက်တယ်။
ချီမင်က ညာလက်ကိုဝှေ့ယမ်းလိုက်တယ်။
ထူးခြားသံလိုက်အိမ်မြှောင်က သူ့လက်ထဲကို ပျံဝင်လာပြီး သူ့ခန္ဓာကိုယ်ထဲကို ပြန်ဝင်သွားတယ်။ သူက ပွင့်လာတဲ့တံခါးကို တစ်ချက်ကြည့်ပြီး ဝင်သွားတယ်။
“စီနီယာအစ်ကိုချင်း၊ ခင်ဗျား အရမ်းအလေးအနက်ထားလွန်းနေပြီ။”
ချီမင်က ပြောတယ်၊ “ဘာမှမဟုတ်ပါဘူး။ ခင်ဗျား သတ်ဖြတ်ခြင်းတိမ်တိုက်ထဲကို ခြေလှမ်းဝင်တာကို ကျွန်တော်မကြည့်နေနိုင်ဘူး။ အဲ့ဒါက ခင်ဗျားသေတာကို ကြည့်နေရသလိုပဲ။”
“ကျေးဇူးတင်ပါတယ်။”
ချင်းဖုန်းယွီက ထပ်ဦးညွှတ်လိုက်တယ်၊ “ဒီကျေးဇူးကို ငါမှတ်ထားပါ့မယ်။ အနာဂတ်မှာငါသေချာပေါက်ပြန်ဆပ်ပါ့မယ်။”
“စီနီယာအစ်ကို၊ ခင်ဗျား အရမ်းယဥ်ကျေးလွန်းနေပြီ။”
ချီမင်က ပြောတယ် “အရင်ဆုံး အင်မော်တယ်ဘိုးဘေးနန်းတော်ထဲကို ဝင်ကြရအောင်။”
“ကောင်းပြီ။” ချင်းဖုန်းယွီက လိုက်သွားတယ်။
ဒီတစ်ခေါက်တော့ ချီမင်နဲ့ချင်းဖုန်းယွီက နောက်ဆုံးတော့ အင်မော်တယ်ဘိုးဘေးနန်းတော်ထဲကို ဝင်ရောက်လာကြတယ်။ အပြင်ကကြည့်ရင် အင်မော်တယ်ဘိုးဘေးနန်းတော်က စုစုပေါင်းကိုးမီတာမြင့်တယ်။ ဝင်သွားပြီးတော့လည်း တကယ်ကိုးမီတာပဲမြင့်တယ်။ စုစုပေါင်းအလွှာသုံးလွှာရှိတယ်။
အလယ်မှာ ရှေးဟောင်းကျတဲ့မီးခိုးရောင်ဖြစ်တဲ့ ကြီးမားတဲ့တိုင်ကြီးတစ်ခုရှိတယ်။ အဲ့ဒီပေါ်မှာ ကမ္ဘာပေါ်ကအရာအားလုံးကို ထွင်းထုထားပြီး တောင်တန်းနဲ့မြစ်ချောင်းတွေလိုမျိုး ခမ်းနားထည်ဝါတယ်။
မြင်ကွင်းက တကယ်ကိုအသက်ဝင်နေတယ်။
အဲ့ဒါက အသက်ဝင်လာတော့မလိုထင်ရတယ်။
ဒီကြီးမားတဲ့တိုင်က အင်မော်တယ်ဘိုးဘေးနန်းတော်တစ်ခုလုံးကို ထိုးဖောက်ထားတယ်။ နန်းတော်ရဲ့အလယ်မှာ အခေါင်းပေါက်တစ်ခုရှိပြီး ပထမအလွှာကနေ နန်းတော်ရဲ့ ပြောင်းပြန်ကတော့ပုံ မျက်နှာကျက်ကို မြင်နိုင်တယ်။
ဒါ့အပြင် ခရုပတ်လှေကားတစ်ခုလည်းရှိပြီး ဒီခရုပတ်လှေကားကနေ ဒုတိယနဲ့တတိယအလွှာကို ဆက်တက်သွားနိုင်တယ်။
ပထမအလွှာမှာ ချီမင်နဲ့ချင်းဖုန်းယွီက သူတို့ရှေ့မှာထိုင်နေတဲ့ရုပ်တုတစ်ခုကို တွေ့လိုက်ရတယ်။ အဲ့ဒါက ကြီးမားတဲ့တိုင်နဲ့မဝေးတဲ့ နေရာမှာရှိပြီးအဲ့ဒါနဲ့ကွယ်လုနီးပါးဖြစ်နေတယ်။
“ဂျူနီယာညီလေးရန်၊ သွားကြည့်ကြမလား။” ချင်းဖုန်းယွီက မေးတယ်။
ချီမင်က ခေါင်းညိတ်လိုက်တယ်။
သူတို့နှစ်ယောက်က ရုပ်တုကိုချဉ်းကပ်လိုက်ပြီး အနီးကိုလျှောက်သွားကြတယ်။ သူတို့သေသေချာချာလေ့လာကြည့်တော့ ဒီရုပ်တုက နှစ်မီတာထက်မမြင့်ဘူး။ သူ့ရဲ့ပုံစံအတိအကျက ချီမင်နဲ့ချင်းဖုန်းယွီတို့ကြုံခဲ့ရတဲ့ အင်မော်တယ်ဘုရင် ကောင်းကင်ဂူစိတ်ဝိညာဉ် မူလအစနဲ့ တစ်ပုံစံတည်းတူတယ်။
“ဒါက...”
ချင်းဖုန်းယွီက အံ့အားသင့်သွားပြီး သူ့စိတ်ထဲမှာ အရမ်းရဲတင်းတဲ့ခန့်မှန်းချက်တစ်ခုရှိလာတယ် “ဒီရုပ်တုက အင်မော်တယ်ဘုရင် ကောင်းကင်ဂူရဲ့တကယ့်စိတ်ဝိညာဉ်ဖြစ်နိုင်မလား။ အဲ့ဒါက ဒီရုပ်တုထဲမှာ စည်းခတ်ခံထားရတာလား။”
“ကျွန်တော် မသေချာဘူး။”
ချီမင်က ခေါင်းခါပြီး ပြန်မဖြေလိုက်ဘူး။
နောက်တစ်ခဏမှာ ဒီရုပ်တုက အနည်းငယ်တုန်ခါသွားတယ်။ အလင်းတန်းနှစ်ခုက သူ့ရဲ့မျက်ခုံးအလယ်ကနေ တိုက်ရိုက်ကျဆင်းလာတယ်။ အဲ့ဒါတွေက မရေမတွက်နိုင်တဲ့စာလုံးတွေကနေ သိပ်သည်းသွားပြီး ကျောက်စိမ်းစလစ်နှစ်ခုအဖြစ် ပြောင်းလဲသွားပြီးချီမင်နဲ့ချင်းဖုန်းယွီတို့ရဲ့လက်ထဲကိုကျရောက်လာတယ်
“ဒါက...”
ချင်းဖုန်းယွီက လက်ဆန့်ပြီး ဖမ်းလိုက်တယ်။ သူက ဓမ္မစွမ်းအားကို ထည့်သွင်းလိုက်တော့ ကျောက်စိမ်းစလစ်ထဲကသတင်းအချက်အလက်တွေက သူ့စိတ်ထဲကို တိုးဝင်လာတယ်။ သူ့မျက်နှာပေါ်မှာအရမ်းကိုအံ့အားသင့်တဲ့အမူအရာတစ်ခု ပေါ်လာတယ် “အံ့ဖွယ်စွမ်းအားနည်းစနစ်! ဒါက ပြည့်စုံတဲ့ အံ့ဖွယ်စွမ်းအားနည်းစနစ်ပဲ! ဒါ့အပြင် ဒီအံ့ဖွယ်စွမ်းအားနည်းစနစ်က ငါ့အတွက် အရမ်းသင့်တော်တယ်!”
“ကောင်းတယ်။”
စိတ်လှုပ်ရှားခြင်း။
ချင်းဖုန်းယွီက အရမ်းစိတ်လှုပ်ရှားနေတယ်။
ချီမင်နဲ့ချင်းဖုန်းယွီက ပထမပုံရိပ်ယောင်စမ်းသပ်မှုကို အောင်မြင်ပြီး အင်မော်တယ်ဘိုးဘေးနန်းတော်ရဲ့ပထမအလွှာကို ဝင်ရောက်လာကြတယ်။ ဒါကြောင့် သူတို့က သက်ဆိုင်ရာဆုလာဘ်ကို ရရှိလိုက်ကြတယ်။
ချင်းဖုန်းယွီက ပြည့်စုံတဲ့အံ့ဖွယ်စွမ်းအားနည်းစနစ်တစ်ခုကို ရလိုက်တယ်။
ချီမင်ကလည်း ကျောက်စိမ်းစလစ်ကို ဖမ်းပြီး ဓမ္မစွမ်းအားကို ထည့်သွင်းလိုက်တယ်။ ကျောက်စိမ်းစလစ်ကနေ သတင်းအချက်အလက်တွေ ထွက်ပေါ်လာတယ်။ သူကလည်း အံ့ဖွယ်စွမ်းအားနည်းစနစ်တစ်ခုကို ရလိုက်တယ်။
အဲ့ဒါကို ဖုန်းရွှေအစီအရင် အံ့ဖွယ်စွမ်းအားလို့ခေါ်တယ်။
ချီမင်ရဲ့ ရုပ်ခန္ဓာပြောင်းလဲခြင်းက အရာအားလုံးကို ဖုံးကွယ်ထားတယ်။ အင်မော်တယ်ဘိုးဘေးနန်းတော်က သူ့ကိုပေးတဲ့ဆုလာဘ်တောင်မှ ရန်ပေါင်ချီရဲ့အခြေအနေကိုအခြေခံထားတယ်။
ရလဒ်အနေနဲ့ ချီမင်က ဖုန်းရွှေအစီအရင်အံ့ဖွယ်စွမ်းအားကို ရလိုက်တယ်။
“မဆိုးဘူး။”
ချီမင်က ဒီ ဖုန်းရွှေအစီအရင်အံ့ဖွယ်စွမ်းအားကို သူ့ရဲ့ပစ္စည်းစာရင်းထဲကို ယာယီထည့်ထားလိုက်တယ်။ သူက ဒီနေရာကနေထွက်သွားပြီးရင်ကျင့်ကြံဖို့အခွင့်အရေးတစ်ခု ရှာရမယ်။
ချင်းဖုန်းယွီက ပြောတယ်”ဂျူနီယာညီလေးရန်၊ အင်မော်တယ်ဘုရင် ကောင်းကင်ဂူထဲမှာ အံ့ဖွယ်စွမ်းအားနည်းစနစ်တစ်ခုကို ရနိုင်တာက အရမ်းကြီးမားတဲ့အခွင့်အရေးပဲ။ ဒီတစ်ခေါက် ငါတို့က ပြည့်စုံတဲ့အံ့ဖွယ်စွမ်းအားနည်းစနစ်တစ်ခုကို ရလိုက်တယ်။ဒါက မဆိုးပါဘူး။”
“ဒါပေမဲ့...”
“အင်မော်တယ်ဘိုးဘေးနန်းတော်မှာ အင်မော်တယ်ဘိုးဘေးရဲ့အမွေအနှစ်ရှိတယ်။ ပြည့်စုံတဲ့အံ့ဖွယ်စွမ်းအားနည်းစနစ်တစ်ခုထက် ပိုရှိရမယ်။”
“ကျွန်တော်လည်း ဒီလိုပဲထင်တယ်။”
ချီမင်က ခေါင်းညိတ်ပြီးပြောတယ်”အဲ့ဒီအပြင် ဒါက ပထမအလွှာပဲရှိသေးတယ်။ အပေါ်မှာ ဒုတိယနဲ့တတိယအလွှာတွေ ကျန်သေးတယ်။ ကျွန်တာ်တို့က ဒုတိယနဲ့တတိယအလွှာကို သွားကြည့်လို့ရတယ်။”
“အင်မော်တယ်ဘိုးဘေးရဲ့အမွေ တကယ်ရှိနိုင်တယ်။”
“ဟုတ်တယ်။”
ချင်းဖုန်းယွီက လေးလေးနက်နက်ခေါင်းညိတ်လိုက်ပြီး အနည်းငယ်စိတ်လှုပ်ရှားသွားတယ်”အင်မော်တယ်ဘိုးဘေးနန်းတော်က အရမ်းအန္တရာယ်များပေမဲ့ ငါတို့က မီတာတစ်သန်းရှိတဲ့ သတ်ဖြတ်ခြင်းအတိဒုက္ခတိမ်တိုက်ကို ဖြတ်လာရတဲ့အပြင် တံခါးပွင့်ပြီးတော့ ငါတို့ကို ပုံရိပ်ယောင်ထဲကို မသိလိုက်ရဘဲကျရောက်သွားစေတယ်။”
“ဒါပေမဲ့...”
“ငါတို့က အင်မော်တယ်ဘိုးဘေးနန်းတော်ထဲကို ဝင်ဖို့ အများကြီးအားစိုက်ထုတ်ထားရတယ်။ အသေးစားအံ့ဖွယ်စွမ်းအားတစ်ခုရရုံနဲ့ ထွက်သွားရမှာကို ငါတကယ်မကျေနပ်ဘူး။”
“ဘာပဲဖြစ်ဖြစ် ငါက အင်မော်တယ်ဘိုးဘေးရဲ့အမွေကို ရဖို့ကြိုးစားရမယ်။”
ချက်ချင်းဆိုသလိုပဲ ချီမင်နဲ့ချင်းဖုန်းယွီက ပထမအလွှာကို အရင်ပတ်ပြီး သေသေချာချာလေ့လာကြတယ်။ တကယ်ပဲ သူတို့က ပထမအလွှာမှာ တခြားဘာမှမတွေ့ တော့ဘူး။ အဲ့ဒီတော့မှ သူတို့က ခရုပတ်လှေကားအတိုင်း ဒုတိယအလွှာကို တက်သွားကြတယ်။
ချီမင်နဲ့ချင်းဖုန်းယွီက ခရုပတ်လှေကားတစ်ဝက်ကို လျှောက်သွားတာနဲ့ သူတို့ရဲ့ခန္ဓာကိုယ်တွေက ချက်ချင်းတုန်ခါသွားတယ်။ သူတို့ရဲ့နားထဲမှာ ကြီးမားတဲ့မြည်သံတစ်ခု ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်က မြင်ကွင်းကဆက်တိုက်ပြောင်းလဲသွားတယ်။
“အိုး၊ မဟုတ်ဘူး!” ချင်းဖုန်းယွီက အော်လိုက်တယ်”ဒါ ပုံရိပ်ယောင်ပဲ!”
စမ်းသပ်မှုက ထပ်ကျရောက်လာတယ်။ မြင်ကွင်းက အဆက်မပြတ်ပြောင်းလဲသွားတယ်။ ဒီတစ်ခေါက်မှာတော့ ချီမင်နဲ့ချင်းဖုန်းယွီက တူညီတဲ့ပုံရိပ်ယောင်ထဲမှာ မရှိတော့ဘူး။ သူတို့က ခွဲထွက်သွားပြီး ချီမင်က သူက အထီးကျန်သဲကန္တာရတစ်ခုကို ရောက်နေတာကို တွေ့လိုက်ရတယ်။
“ငါက အင်မော်တယ်ဘိုးဘေးပဲ။”
ဒီအချိန်မှာ ချီမင်က မော့ကြည့်လိုက်တော့ အဆုံးမဲ့ ခမ်းနားတဲ့ပုံရိပ်တစ်ခုကို တွေ့လိုက်ရတယ်။ အဲ့ဒါက မယုံကြည်နိုင်လောက်အောင်အစစ်ဖြစ်နေလွန်းတယ်။ သူက သူ့လက်တွေကို နောက်ကျောမှာထားပြီး ချီမင်ကို ကျောပေးထားတယ်။ ရှင်းရှင်း လင်းလင်းလုံးဝမမြင်ရဘဲ သူ့ရဲ့အဆုံးမဲ့ခမ်းနားတဲ့နောက်ကျောကိုပဲ မော့ကြည့်နိုင်တယ်။
“ရန်ပေါင်ချီ။”
ဒီအဆုံးမရှိ စွမ်းအားကြီးတဲ့ပုံရိပ်က သူ့ကိုယ်သူ အင်မော်တယ်ဘိုးဘေးလို့ခေါ်ပြီး အသံတိုးတိုးနဲ့ပြောတယ် “မင်းနဲ့ငါက ကံကြမ္မာပါလာတယ်၊ မင်းငါ့ရဲ့အမွေကို ဆက်ခံနိုင်တယ်။”
“လာခဲ့!”
“ရှေ့ကိုလာခဲ့...”
“ဒါပဲလား။”
ချီမင်က နည်းနည်းစိတ်ပျက်သွားတယ် “ငါက စမ်းသပ်မှုက အရမ်းခက်ခဲမယ်လို့အစကထင်ထားတာ၊ ဒါပေမဲ့ နောက်ဆုံးမှာတော့ အားနည်းချက်တွေ အများကြီးရှိနေတယ်။ ဒီလိုပုံရိပ်ယောင်က ငါ့ကိုဘယ်လိုလှည့်စားနိုင်မှာလဲ။”
“ဘယ်လောက်စိတ်ပျက်စရာကောင်းလိုက်လဲ!”
ချီမင်က တိုက်ရိုက်တိုက်ခိုက်လိုက်တယ်။ ထူးခြားသံလိုက်အိမ်မြှောင်က ပျံထွက်သွားပြီး သူ့ရှေ့က အဆုံးမဲ့ပုံရိပ်ပေါ်ကို ကျရောက်ကာ သူ့ကိုအနိုင်ယူလိုက်တယ်။
ပြီးတော့ ပုံရိပ်ယောင်ကို ချီမင်က အလွယ်တကူချိုးဖျက်လိုက်တယ်။ အရာအားလုံးက ပုံမှန်ပြန်ဖြစ်သွားတယ်။ ချီမင်က လှေကားပေါ်မှာပဲ ရှိနေသေးတယ်။ လှေကားတစ်ဝက်မှာ သူက နောက်ပြန်ကြည့်လိုက်တော့ ချင်းဖုန်းယွီရဲ့နဖူးမှာ ချွေးအေးတွေထွက်နေတာကို တွေ့လိုက်ရတယ်။ သူ့တစ်ကိုယ်လုံးက တုန်ခါနေတယ်။ သူက ပုံရိပ်ယောင်ထဲမှာ နက်နက်ရှိုင်းရှိုင်းရောက်နေပြီး သူ့ကိုယ်တိုင် မလွတ်မြောက်နိုင် သေးဘူး။
“ပုံရိပ်ယောင်က ဒီလောက်ခက်ခဲနေတာလား။”
ချီမင်က ချင်းဖုန်းယွီရဲ့အခြေအနေကို ကြည့်ပြီး နည်းနည်းသံသယဝင်သွားတယ်။ ချီမင်ရဲ့အမြင်မှာတော့ အရှေ့ကဟာကောအနောက်ကဟာကော ပုံရိပ်ယောင်နှစ်ခုလုံးက အပြစ်အနာအဆာတွေနဲ့ ပြည့်နေပြီးဒီထက် ပိုပြီးအတုအယောင်မဆန်နိုင်တော့ဘူး။
ချင်းဖုန်းယွီက အဲ့ဒီထဲမှာ နက်နက်ရှိုင်းရှိုင်းနစ်မြုပ်နေတယ်။
ခဏလောက်စဉ်းစားပြီးတဲ့နောက်မှာ ချီမင်က ချင်းဖုန်းယွီကို ဖမ်းဖို့လက်ဆန့်လိုက်ပေမဲ့ သူ့လက်ကတစ်ဖက်လူရဲ့ခန္ဓာကိုယ်ကို ဖြတ်သွားတယ်။ သူတို့နှစ်ယောက်က တကယ်တော့ မတူညီတဲ့နေရာလွတ်နှစ်ခုမှာ ရှိနေကြတယ်။
“နှမြောစရာကောင်းလိုက်တာ။” ချီမင်က ခေါင်းခါလိုက်တယ်”ချင်းဖုန်းယွီ၊ ငါမင်းကိုမကူညီချင်တာမဟုတ်ဘူး၊ ဒါပေမဲ့ ငါမင်းကို ကူညီနိုင်မယ်လို့လည်း မထင်ဘူး။ ဒါဆိုရင်တော့ မင်းက ပုံရိပ်ယောင်ထဲမှာ ဖြည်းဖြည်းချင်းရုန်းကန်လိုက်တော့။”