← Chapters

ဖုန်းရွှေအထွတ်အထိပ်နည်းစနစ်

Vol. 15 Ch. 218

ဖုန်းရွှေအထွတ်အထိပ်နည်းစနစ်

Vol. 15 Ch. 218

ချီမင်ရဲ့မျက်လုံးထဲမှာတော့ အားနည်းချက်တွေနဲ့ပြည့်နေတဲ့ ပုံရိပ်ယောင်တစ်ခုဖြစ်ပေမဲ့ ချင်းဖုန်းယွီရဲ့မျက်လုံးထဲမှာတော့ အရမ်းကို အစစ်အမှန်ဆန်နေတယ်။

ပုံရိပ်ယောင်ထဲမှာ သူကလည်း အင်မော်တယ်ဘိုးဘေးကို တွေ့လိုက်ရတယ်။ ချင်းဖုန်းယွီက ချီမင်လို ပုံရိပ်ယောင်ကို ချိုးဖြတ်ချင်ပေမဲ့ သူက အင်မော်တယ်ဘိုးဘေးရဲ့စွမ်းအားကြောင့် မြေပေါ်ကိုအတင်းအကြပ် ဒူးထောက်ခိုင်းတာခံလိုက်ရတယ်။ သူ့တစ်ကိုယ်လုံးက တုန်ခါနေပြီး သူ့ရဲ့အမူအရာက အရမ်းကို လေးစားနေတယ်။

ချင်းဖုန်းယွီက ပုံရိပ်ယောင်ကြောင့် နောက်တစ်ကြိမ်ပြုစားခံလိုက်ရပြီး အစီအရင်ကို ချိုးဖျက်ဖို့ခက်ခဲနေတယ်။

ဒါက အင်မော်တယ်ဘိုးဘေးနန်းတော်ရဲ့ပုံရိပ်ယောင်က အရမ်းအားနည်းလို့မဟုတ်သလို ပုံရိပ်ယောင်ထဲမှာ အားနည်းချက်တွေအရမ်းများနေလို့လည်း မဟုတ်ဘူး။ အဲ့ဒီအစား ဒါက ချီမင်ရဲ့အင်အားနဲ့အဆင့်က အရမ်းမြင့်မားလွန်းလို့ သူက ပုံရိပ်ယောင်တွေနဲ့အစစ်မှန်ကို အလွယ်တကူမြင်နိုင်တာဖြစ်တယ်။

ချီမင်က ဒုတိယအလွှာကို အရင်ရောက်သွားတယ်။ သူက ပတ်ပတ်လည်ကိုကြည့်လိုက်တော့ အင်မော်တယ်ဘိုးဘေးနန်းတော်ရဲ့ဒုတိယအလွှာမှာ ဒုတိယရုပ်တုတစ်ခုကို တွေ့လိုက်ရတယ်။ အဲ့ဒါကလည်း ကြီးမားတဲ့တိုင်ကြီးဘေးမှာရှိပြီး ရုပ်တုရဲ့ပုံစံအများစုကို ကွယ်ထားတယ်။

သူက လျှောက်သွားလိုက်ပြီး ရုပ်တုကိုချဉ်းကပ်လိုက်တယ်။

ရုပ်တုရဲ့ပုံရိပ်နဲ့ပုံစံက သူ့မျက်စိရှေ့မှာ ပေါ်လာတယ်။

“ဒါက...”

ချီမင်ရဲ့မျက်လုံးတွေက အံ့အားသင့်မှုတွေနဲ့ ပြည့်နေတယ်။ ဒါက ဘာလို့လဲဆိုတော့ ဒီရုပ်တုရဲ့ပုံရိပ်နဲ့ပုံစံကလည်း လူတစ်ယောက်ရဲ့နောက်ကျောပဲဖြစ်နေလို့ဖြစ်တယ်။ အဲ့ဒါက သူ့ရဲ့ပုံစံအမှန်မရှိဘူး။

ချီမင်က ဘယ်လိုပဲကြည့်ကြည့် သူက ခမ်းနားတဲ့နောက်ကျောတစ်ခုကိုပဲ မြင်နိုင်တယ်။

ဒါက ချီမင် ပုံရိပ်ယောင်ထဲမှာတွေ့ခဲ့ရတဲ့ အဆုံးမရှိတဲ့ခမ်းနားတဲ့ပုံရိပ်နဲ့ တူတူပဲ။

သူ့ရဲ့နောက်ကျောပဲ ရှိတယ်!

နှစ်ခုက အရမ်းဆင်တူတယ်။

နောက်တစ်ခဏမှာ ဒီရုပ်တုက မျက်လုံးကျိန်းစရာကောင်းတဲ့အလင်းတစ်ခု ထုတ်လွှတ်လိုက်တယ်။ အဲ့ဒါက ရှုပ်ထွေးနေပြီး ကောင်းကင်ရဲ့ဆင့်ကဲပြောင်းလဲမှုတွေ ပါဝင်တယ်။ သင်္ကေတတွေက ထွက်ပေါ်လာတယ်။ ချီမင်က သေသေချာချာကြည့်လိုက်တော့ စုစုပေါင်းစာလုံး (၁၂၉,၆၀၀)နဲ့ သိပ်သည်းထားတာကို တွေ့လိုက်ရတယ်။

နောက်ဆုံးမှာ စာလုံးတွေက စုစည်းသွားတယ်။

အဲ့ဒါက ကြည်လင်နေတဲ့ကျောက်စိမ်းစလစ်တစ်ခုအဖြစ် ပြောင်းလဲသွားတယ်။

အဲ့ဒါက လက်ဖဝါးအရွယ်အစားပဲရှိတယ်။

အဲ့ဒါက လုံးဝမီးခိုးစိမ်းရောင်ဖြစ်နေတယ်။

ကျောက်စိမ်းစလစ်က ကျဆင်းလာပြီး ချီမင်က လက်ဆန့်ကာ ဖမ်းလိုက်တယ်။

ချက်ချင်းဆိုသလိုပဲ သူက ဓမ္မစွမ်းအားကို ထည့်သွင်းလိုက်တော့ စာလုံးတွေပေါ်လာတယ်။ ချီမင်က သတင်းအချက်အလက်တစ်စိတ်တစ်ပိုင်းကို ရလိုက်တယ်။ ဒါက စွမ်းအားကြီးတဲ့ကျင့်ကြံခြင်းနည်းလမ်းတစ်ခုဖြစ်တယ်။

တိတိကျကျပြောရရင် ဒါက အထွတ်အထိပ် အင်မော်တယ်ဘုရင်အဆင့်အထိ ကျင့်ကြံနိုင်တဲ့ အင်မော်တယ်ကျင့်ကြံခြင်းနည်းလမ်းတစ်ခုဖြစ်တယ်။

လျှို့ဝှက်နက်နဲကမ္ဘာရဲ့အင်မော်တယ်ဘုရင်နဲ့ အထက်ကမ္ဘာရဲ့အင်မော်တယ်ဘုရင်က တကယ်တော့ မတူညီတဲ့သဘောတရားနှစ်ခုဖြစ်တယ်။ အထက်ကမ္ဘာရဲ့အင်မော်တယ်ဘုရင်က မူလအစ အင်မော်တယ်ဘုရင်နဲ့ ယှဉ်နိုင်တဲ့တည်ရှိမှုတစ်ခုဖြစ်တယ်။

မူလအစ အင်မော်တယ်ဘုရင်သေဆုံးပြီးတဲ့နောက်မှာ သူ့ရဲ့အင်မော်တယ်ခန္ဓာကိုယ်က လျှို့ဝှက်နက်နဲကမ္ဘာအဖြစ် ဆင့်ကဲပြောင်းလဲသွားခဲ့တယ်။

လျှို့ဝှက်နက်နဲကမ္ဘာက အင်မော်တယ်မျိုးနွယ်ရဲ့အင်မော်တယ်ဘုရင်ရဲ့အဆင့်နဲ့နယ်ပယ်က လျှို့ဝှက်နက်နဲကမ္ဘာရဲ့မဟာယနအဆင့်နဲ့ ညီမျှတယ်။ ဒါပေမဲ့ အထွတ်အထိပ် အင်မော်တယ်ဘုရင်အဆင့်က မဟာယနအဆင့်နဲ့ မတူဘူး။ အထွတ်အထိပ် အင်မော်တယ်ဘုရင်အဆင့်ကို ကျင့်ကြံပြီးတဲ့နောက်မှာ ကမ္ဘာ့မူလအစကို ပိုပြီးကျွမ်းကျင်နိုင်ပြီး သူတို့ရဲ့စစ်မှန်ဝိညာဉ်ကို ကမ္ဘာတစ်ခုမှာ ထားနိုင်တယ်။အဲ့ဒီ ကမ္ဘာကြီးဖျက်ဆီးမခံရသရွေ့ အင်မော်တယ်ဘုရင်က မသေဘူး။ ဒါက အင်မော်တယ်ပုံစံတစ်မျိုးဖြစ်တယ်။

သူကသူ့ရဲ့စစ်မှန်ဝိညာဉ်ကို ကမ္ဘာတစ်ခုမှာ ထားချင်ရင် သူက အချိန်ကာလရတနာ: ကမ္ဘာ့တံခါးရဲ့စွမ်းအားကို ချေးယူရမယ်။ ဒါ့အပြင် ကျရှုံးနိုင်ခြေတစ်ခုလည်း ရှိတယ်။

ကမ္ဘာတိုင်းကို သူတို့ရဲ့စစ်မှန်ဝိညာဉ်ကို အပ်နှံဖို့အတွက် မသုံးနိုင်ဘူး။

အဲ့ဒါက ကမ္ဘာငယ်တစ်ခုရဲ့အဆင့်ကို ရောက်ရမယ်။

အင်မော်တယ်ဘုရင် လင်းလုံက ကမ္ဘာငယ်တစ်ခုကို ထုတ်ပေးပြီးတဲ့နောက်မှာ ကျန်တဲ့အင်မော်တယ်ဘုရင်တွေကတည်ငြိမ်သွားကြပြီး အင်မော်တယ်ဘုရင် လင်းလုံက စည်းမျဉ်းတွေကိုမလေးစားဘဲ တိုက်ခိုက်တဲ့တာဝန်ကို ဆက်မယူခိုင်းတော့ဘူး။

ကမ္ဘာငယ်တစ်ခုရဲ့တန်ဖိုးနဲ့ဆိုရင် ဒါက လျော်ကြေးပေးဖို့ လုံလောက်တယ်။

မဟာယနအဆင့်။

ဒါက လျှို့ဝှက်နက်နဲကမ္ဘာရဲ့ထိပ်ဆုံးအဆင့်ဖြစ်တယ်။ အဲ့ဒါက လျှို့ဝှက်နက်နဲကမ္ဘာရဲ့အကန့်အသတ်ကို ရောက်နေပြီ။အဲ့ဒီအပြင် ကျင့်ကြံသူက သူတို့ရဲ့ပြောင်းလဲမှုကို ပြီးမြောက်သွားပြီ။ အင်မော်တယ်ဘိုးဘေးက ကောင်းကင်နဲ့မြေကြီးကို ချိတ်မပိတ်ခင်မှာ လေဟာနယ်ကိုချိုးဖြတ်ပြီး အထက်ကမ္ဘာကို တက်လှမ်းနိုင်တယ်။

ပုံမှန်အားဖြင့်တော့ မဟာယနအဆင့်တည်ရှိမှုက အထက်ကမ္ဘာကို အောင်အောင်မြင်မြင်တက်လှမ်းပြီးရင် သူတို့က အထက်ကမ္ဘာရဲ့နှစ်ခြင်းခံရပြီး နောက်ထပ်ပြောင်းလဲမှုတစ်ခုကို တွေ့ကြုံရလိမ့်မယ်။ သူတို့က လုံးဝပြီးပြည့်စုံသွားပြီး ထာဝရနီးပါးအသက်ကို ရလိမ့်မယ်။

ဒါပေမဲ့ သူတို့မတက်လှမ်းခင်မှာ မဟာယနအဆင့်ကျင့်ကြံသူက သက်တမ်းအကန့်အသတ်ရှိနေသေးတယ်။ သူတို့မှာ အနှစ် (၁၀၀,၀၀၀) သက်တမ်းပဲရှိတယ်။ အနှစ် (၁၀၀,၀၀၀) ပြီးနောက်မှာ သူတို့က ကောင်းကင်လူသား ငါးပါးကျဆင်းခြင်းကို ရင်ဆိုင်ရပြီး နေရာမှာတင် သေဆုံးလိမ့်မယ်။

အင်မော်တယ်ဘုရင်က အထွတ်အထိပ် အင်မော်တယ်ဘုရင်အဆင့်ထိကို ကျင့်ကြံပြီးရင် သူက သူ့ရဲ့သက်တမ်းအကန့်အသတ်ကို စိတ်ပူစရာမလိုတော့ဘူး။ သူက အင်မော်တယ်ရဲ့နောက်ပုံစံတစ်မျိုးကို ရောက်သွားပြီလို့ ဆိုနိုင်တယ်။

“ဒါက...”

ချီမင်က သူခုလေးတင်ရလိုက်တဲ့ အထွတ်အထိပ် အင်မော်တယ်ဘုရင်ရဲ့ကျင့်ကြံခြင်းနည်းလမ်းကို သေသေချာချာနားလည်လိုက်တယ် “စိတ်ဝင်စားစရာပဲ။ ဒီ အထွတ်အထိပ် အင်မော်တယ်ဘုရင်ကျင့်ကြံခြင်းနည်းလမ်းက ဖုန်းရွှေတာအိုကို အဓိကကျင့်ကြံတာပဲ။”

“ဖုန်းရွှေတာအို။”

“အဲ့ဒါက တကယ်ကို အဆုံးမရှိတဲ့ပြောင်းလဲမှုတွေ ပါဝင်နေတယ်။”

“အစပိုင်းမှာ ဖုန်းရွှေတာအိုက သူတို့နေထိုင်တဲ့ပတ်ဝန်းကျင်ကို ပြောင်းလဲပြီး သူတို့ဘိုးဘေးတွေရဲ့သင်္ချိုင်းတွေကို စနစ်တကျမြှုပ်နှံပြီး လူတစ်ယောက်ရဲ့ကံကြမ္မာကို ပြောင်းလဲပေးနိုင်တယ်။ အဲ့ဒါက မိသားစုတစ်ခုရဲ့ရလဒ်ကိုတောင် ပြောင်းလဲပေးနိုင်တယ်။”

“ပိုကြီးမားတဲ့အတိုင်းအတာနဲ့ဆိုရင် ဖုန်းရွှေတာအိုက နဂါးသွေးကြောရဲ့ကံကြမ္မာကို မြင်နိုင်တယ်။ တောင်တွေနဲ့မြစ်တွေရဲ့စွမ်းအားကို ပြောင်းလဲပြီး အဲ့ဒါက နိုင်ငံတစ်ခုရဲ့မြင့်တက်လာမှုကို တားဆီးနိုင်ပြီး နိုင်ငံတစ်ခုကိုတောင် ဖျက်ဆီးနိုင်တယ်။”

“တကယ်တော့ ဖုန်းရွှေတာအိုက နေ၊ လနဲ့ကြယ်တွေကို လေ့လာနိုင်တယ်။ အဲ့ဒါက တောင်တွေနဲ့မြစ်တွေရဲ့စွမ်းအားကို ပေါင်းစပ်နိုင်ပြီး ကမ္ဘာတစ်ခုရဲ့ဖွဲ့စည်းပုံကိုတောင် ပြောင်းလဲနိုင်တယ်။ အဲ့ဒါက စကြဝဠာရဲ့ပြောင်းလဲမှုလျှို့ဝှက်ချက်တွေလည်း ပါဝင်တယ်။”

“ဖုန်းရွှေအထွတ်အထိပ်နည်းစနစ်။”

ချီမင်ရဲ့စိတ်ထဲမှာ စကားလုံးလေးလုံး ပေါ်လာတယ်။

အဲ့ဒါကို ဖုန်းရွှေအထွတ်အထိပ်နည်းစနစ်လို့ ခေါ်တယ်။

ဒါက ချီမင်ရလိုက်တဲ့ အထွတ်အထိပ် အင်မော်တယ်ဘုရင်ကျင့်ကြံခြင်းနည်းလမ်းဖြစ်တယ်။ အမြင့်ဆုံးနယ်ပယ်ထိကိုကျင့်ကြံပြီးရင် သူတို့ရဲ့စစ်မှန်ဝိညာဉ်ကို ဖုန်းရွှေတာအိုချိတ်စည်းအဖြစ် ပြောင်းလဲပြီး ကမ္ဘာတစ်ခုထဲကို ပေါင်းစပ်ကာ ဖုန်းရွှေအထွတ်အထိပ် အင်မော်တယ်ဘုရင်ဖြစ်လာနိုင်တယ်။

“ဒီလိုဆိုရင်တော့...”

ချီမင်က ခဏလောက်စဉ်းစားပြီး သူ့လက်ထဲက ဖုန်းရွှေအထွတ်အထိပ်နည်းစနစ်ရဲ့ကျောက်စိမ်းစလစ်ကို သိမ်းလိုက်ပြီး သူ့ရဲ့ပစ္စည်းစာရင်းထဲကို ထည့်လိုက်တယ်”အင်မော်တယ်မျိုးနွယ်ရဲ့ အင်မော်တယ်ဘုရင် (၁၀၈)ပါးက အင်မော်တယ်ဘိုးဘေးနန်းတော်ထဲကို ဝင်ရောက်ပြီး ဒုတိယအလွှာမှာ အင်မော်တယ်ဘုရင်ရဲ့အထွတ်အထိပ် အင်မော်တယ်နည်းစနစ်ကို ရခဲ့သင့်တယ်။ သူတို့က အင်မော်တယ်ဘုရင်တွေဖြစ်လာဖို့ ကျင့်ကြံကြပြီး အင်မော်တယ်ရဲ့နောက်ပုံစံတစ်မျိုးကို ရသွားကြတယ်။”

“သူတို့တတိယအလွှာကို ရောက်ခဲ့ကြလားမသိဘူး။”

“တတိယအလွှာကို သွားရမယ့်အချိန်ပဲ။”

ချီမင်က ခေါင်းမော့လိုက်တယ် “ဘာလို့လဲဆိုတော့ ငါလိုချင်တဲ့အရာက တတိယအလွှာမှာ ရှိနေတယ်။”

ပြီးတော့ ချီမင်က ခရုပတ်လှေကားအတိုင်း တတိယအလွှာကို တက်သွားတယ်။ လှေကားပေါ်မှာ ချင်းဖုန်းယွီက ပုံရိပ်ယောင်ထဲမှာ ရှိနေ‌သေးပေမဲ့ သူက တဖြည်းဖြည်းစိတ်တည်ငြိမ်လာပုံပေါ်တယ်။

သူက ဒါကို အရမ်းကြီးအာရုံမစိုက်တော့ဘူး။

ချီမင်က တတိယအလွှာကို တစ်ဝက်ပဲလျှောက်ရသေးတယ်၊ ထူးဆန်းတဲ့စွမ်းအင်တုန်ခါမှုတစ်ခု ပျံ့နှံ့လာတယ်။

အဲ့ဒါက ချီမင့်ကို သက်ရောက်လာပြီး သူ့ကို မသိလိုက်ဘဲနဲ့ ပုံရိပ်ယောင်ထဲကို ကျရောက်သွားစေတယ်။

တတိယစမ်းသပ်မှု ပေါ်လာတယ်။

ဒီတစ်ခေါက် ချီမင်ရင်ဆိုင်နေရတဲ့ ပုံရိပ်ယောင်က အရမ်းကိုမယုံနိုင်စရာကောင်းတယ်။ သူက တကယ်တော့ အဆုံးမဲ့လေဟာနယ်စကြဝဠာပင်လယ်ကို ရောက်နေတယ်။ ဒါ့အပြင် သူက ကျဆုံးသွားတဲ့ မူလအစ အင်မော်တယ်ဘုရင်ဖြစ်လာပုံပေါ်တယ်

ဒီပုံရိပ်ယောင်ထဲမှာ ချီမင်က သူ့ရဲ့အသိစိတ်က မူလအစ အင်မော်တယ်ဘုရင်ရဲ့အင်မော်တယ်ခန္ဓာကိုယ်မှာ ကပ်တွယ်နေတာကို ခံစားမိတယ်။ ဒါ့အပြင် သူက အင်မော်တယ်ခန္ဓာကိုယ်ရဲ့ပြောင်းလဲမှုနဲ့ဆင့်ကဲပြောင်းလဲမှုကို ကြုံနေရတယ်။

မူလအစ အင်မော်တယ်ဘုရင်ရဲ့အင်မော်တယ်ခန္ဓာကိုယ်က တဖြည်းဖြည်း မြေ၊ ရေ၊ မီးနဲ့လေအဖြစ် ဆင့်ကဲပြောင်းလဲသွားတယ်။ အဲ့ဒါက ကမ္ဘာပေါ်ကအရာအားလုံးအဖြစ် ဆင့်ကဲပြောင်းလဲသွားပြီး အင်မော်တယ်ခန္ဓာကိုယ်က တဖြည်းဖြည်း လျှို့ဝှက်နက်နဲကမ္ဘာအဖြစ် ဆင့်ကဲပြောင်းလဲသွားတယ်။

အရေးအကြီးဆုံးက...

ကမ္ဘာက ဆင့်ကဲပြောင်းလဲပြီး မွေးဖွားလာတာနဲ့အမျှ ချီမင်ရဲ့အသိစိတ်က တဖြည်းဖြည်းဝေဝါးလာပြီး ပေါင်းစပ်သွားတယ်။

ဒါက အရမ်းကြောက်စရာကောင်းတဲ့အရာဖြစ်တယ်။ ချီမင်ရဲ့အသိစိတ်က တကယ်သာပေါင်းစပ်သွားရင် သူက လုံးဝသေဆုံးသွားပြီး အသိစိတ်မရှိတဲ့အခွံတစ်ခုပဲ ကျန်ခဲ့လိမ့်မယ်။

“ပြောပြလို့ရတဲ့ တာအိုက ထာဝရတာအိုမဟုတ်ဘူး။ နာမည်တပ်လို့ရတဲ့ နာမည်က ထာဝရနာမည်မဟုတ်ဘူး။”

“တာအိုက တစ်ကိုမွေးဖွားတယ်၊ တစ်က နှစ်ကိုမွေးဖွားတယ်၊ နှစ်က သုံးကိုမွေးဖွားတယ်၊ ပြီးတော့ သုံးက အရာအားလုံးကို မွေးဖွားတယ်”

“တကယ် ကောင်းတဲ့ လူက သူ့ရဲ့ ကောင်းခြင်းကို မသိဘူး၊ ဒါကြောင့် ကောင်းတယ်။ မိုက်မဲတဲ့ လူက ကောင်းဖို့ ကြိုးစားတယ်၊ ဒါကြောင့် မကောင်းဘူး။”

“ကောင်းကင်ရဲ့ လှုပ်ရှားမှုက စွမ်းအားနဲ့ ပြည့်နေတယ်။ ကောင်းကင် အထက်၊ ကောင်းကင် အောက်။ ကောင်းကင်က ကြီးမြတ်ပြီး၊ စတင်မှု၊ထိုးထွင်းသိမြင်မှု၊အကျိုးရှိမှုကို ကိုယ်စားပြုတယ်။ နဂါးက နက်ရှိုင်းတဲ့ နေရာမှာ ဖုန်းကွယ်နေတယ်။ တက်ကြွစွာ လုပ်ဆောင်ရမယ့် အချိန် မဟုတ်ဘူး။ မြေကြီးရဲ့ အခြေအနေကအလေးထားမှုကိုလက်ခံနိုင်တယ်။ မြေကြီး အထက်၊ မြေကြီး အောက်။ မြေကြီးက ကြီးမြတ်ပြီးစတင်မှု၊ထိုးထွင်းသိမြင်မှု၊အကျိုးရှိမှုကိုကိုယ်စားပြုတယ်။မြည်းတစ်ကောင်ရဲ့ ခိုင်မာမှု ရှိတာကို ကိုယ်စားပြုတယ်...”

ချက်ချင်းဆိုသလိုပဲ ချီမင်ရဲ့ခန္ဓာကိုယ်ထဲက သန့်စင်ခြင်းသုံးပါး အခြေတည်ဝိညာဉ်နဲ့ ပါ့ကွား အခြေတည်ဝိညာဉ်က တာအိုကျမ်းရဲ့စစ်မှန်တဲ့အဓိပ္ပာယ်ကို ရွတ်ဖတ်ပြီး တာအိုကျမ်းရဲ့အသံက သူ့နားထဲမှာ အဆက်မပြတ်မြည်လာတယ်။

ချီမင်က ဆတ်ခနဲနိုးပြီး လုံးဝလန့်နိုးလာတယ်။

“ဖျက်ဆီး!” ချီမင်က ကျယ်လောင်စွာအော်လိုက်တယ်။ တာအိုကျမ်းက လည်ပတ်သွားပြီး ဓမ္မစွမ်းအားတွေ မြင့်တက်လာတယ်။ အဲ့ဒါက အရပ်မျက်နှာတိုင်းကို တုန်ခါသွားစေပြီး ပတ်ဝန်းကျင်ကပုံရိပ်ယောင်တွေကို တိုက်ရိုက်ချိုးဖျက်လိုက်တယ်။ မြင်ကွင်းအမျိုးမျိုးက ပျောက်ကွယ်သွားတယ်။

သူက ပုံရိပ်ယောင်ထဲကနေ နိုးလာတယ်။

“ဟူး...”

ချီမင်က စိတ်သက်သာရာရတဲ့အနေနဲ့သက်ပြင်းချပြီး ကြောက်လန့်တကြားနဲ့ပြောတယ်”ခုနက တကယ်အန္တရာယ်များတယ်။ ငါတကယ်နည်းနည်းပေါ့ဆသွားတယ်။”

“ပထမပုံရိပ်ယောင်နှစ်ခုက အရမ်းလွယ်လွယ်ကူကူအောင်မြင်သွားတယ်။ နောက်ဆုံးပုံရိပ်ယောင်ကလည်း အတူတူဖြစ်မယ်လို့ ငါထင်ထားတာ။ ခြားနားချက်က ဒီလောက်ကြီးလိမ့်မယ်လို့ ငါမထင်ထားဘူး။ အဲ့ဒါက ငါ့ကို လျှို့ဝှက်နက်နဲကမ္ဘာရဲ့မွေးဖွားလာမှုကို တိုက်ရိုက်တွေ့ကြုံခိုင်းတယ်။ ငါ့အသိစိတ်က ပေါင်းစပ်လုနီးပါးဖြစ်သွားတယ်။”

စိတ်တည်ငြိမ်သွားပြီးတော့မှ ချီမင်က သူ့ရဲ့တည်ငြိမ်မှုကို ပြန်ရလိုက်တယ်။ သူက ရှေ့ဆက်သွားတယ်။ ပြီးတော့ သူက အင်မော်တယ်ဘိုးဘေးနန်းတော်ရဲ့တတိယအလွှာကို အောင်မြင်စွာရောက်ရှိသွားတယ်။

နောက်တစ်ခဏမှာ ချီမင်ရဲ့တစ်ကိုယ်လုံး တုန်ခါသွားတယ်။ သူက အင်မော်တယ်ဘိုးဘေးနန်းတော်ရဲ့တတိယအလွှာကို ခြေချလိုက်တဲ့အခါ သူက တတိယအလွှာက နှိုင်းယှဉ်လို့မရလောက်အောင် ပြင်းထန်တဲ့ လေဟာနယ်ကပ်ဘေးချီနဲ့ ဖျက်ဆီးခြင်းလေတွေနဲ့ ပြည့်နေတာကို တွေ့လိုက်တယ်။

လေဟာနယ်ကပ်ဘေးချီနဲ့ နီဗားနားလေရဲ့စွမ်းအားက နီဗားနားကပ်ဘေးချီနဲ့ မမြင်နိုင်တဲ့ကပ်ဘေးထက် ပြင်းထန်တယ်။ နှစ်ဖက်ရဲ့စွမ်းအားက အဆင့်တစ်ခုခြားတယ်။

နီဗားနားကပ်ဘေးချီနဲ့ မမြင်နိုင်တဲ့သတ်ဖြတ်ခြင်းကပ်ဘေးက အတိဒုက္ခကျော်လွှားခြင်းအဆင့်ရဲ့တည်ရှိမှုကို ဖျက်ဆီးနိုင်တယ်။ ဒါဆိုရင် လေဟာနယ်ကပ်ဘေးချီနဲ့ နီဗားနားလေက မဟာယနအဆင့်ရဲ့တည်ရှိမှုကိုတောင် ဖျက်ဆီးနိုင်တယ်။

တတိယအလွှာမှာ တကယ်တော့ အရမ်းကြောက်စရာကောင်းတဲ့ လေဟာနယ်ကပ်ဘေးချီနဲ့ နီဗားနားလေတွေနဲ့ ပြည့်နေတယ်။

ချီမင်က ဒါကို မမျှော်လင့်ထားဘူး။

“သန့်စင်ရွှေခန္ဓာ။”

ချီမင်က ကျယ်လောင်စွာဟိန်းဟောက်လိုက်တယ်။ သူ့တစ်ကိုယ်လုံးမှာ ရွှေရောင်အလင်းတွေ လင်းလက်လာပြီး နည်းစနစ်အားလုံးကို ခုခံနိုင်စွမ်းရှိသွားတယ်။ ကောင်းကင်နဲ့မြေကြီးရဲ့မဟာတာအိုက ပျံ့နှံ့လာပြီး သန့်စင်ခြင်းသုံးပါး တာအိုကျမ်းက သူ့တစ်ကိုယ်လုံးကို ကာကွယ်ပေးဖို့ လည်ပတ်သွားတယ်။

ခရက်! ခရက်!

မဟာယနအဆင့်ကို ချေမှုန်းဖို့လုံလောက်တဲ့ လေဟာ နယ်ကပ်ဘေးချီနဲ့နီဗားနားလေက အရမ်းကြောက်စရာကောင်းတယ်။ ချီမင်ရဲ့သန့်စင်ရွှေခန္ဓာက ဘယ်လောက်အားကောင်းပါစေ ချီမင်ရဲ့ကျင့်ကြံမှုအဆင့်က ဝိညာဉ်ဖွဲ့တည်ခြင်းနှောင်းပိုင်းအဆင့်မှာပဲရှိတယ်။ သူက ဒီကပ်ဘေးချီကို ခုခံဖို့ခက်ခဲတယ်။

သူ့ရဲ့သန့်စင်ရွှေခန္ဓာပေါ်မှာ အက်ကြောင်းတွေ ပေါ်လာတယ်။

ဒီလိုဆက်သွားရင် သူ့ရဲ့သန့်စင်ရွှေခန္ဓာကပျက်ဆီးသွားလိမ့်မယ်။

“မဟာကပ်ဘေးဒုက္ခနည်းစနစ်။”

ဒီအရေးကြီးတဲ့အချိန်မှာ ချီမင်က မဖုံးကွယ်တော့ဘူး။ သူက ကျယ်လောင်စွာအော်လိုက်ပြီး မဟာအံ့ဖွယ်စွမ်းအား မဟာကပ်ဘေးဒုက္ခနည်းစနစ်ကို လည်ပတ်စေလိုက်တယ်။ ချီမင်ပတ်လည်မှာ အသင်္ချေကပ်ဘေးဖြစ်စဥ်တစ်ခု ပေါ်လာတယ်။

ချီမင်က မဟာကပ်ဘေးဒုက္ခနည်းစနစ်ရဲ့စွမ်းအားကိုသုံးပြီး လေဟာနယ်ကပ်ဘေးချီနဲ့ နီဗားနားလေရဲ့တစ်စိတ်တစ်ပိုင်းကို သုံးကာ ကပ်ဘေးချီကာကွယ်ရေးအလွှာတစ်ခုကို ဖွဲ့စည်းလိုက်တယ်။

သူက ကပ်ဘေးချီကို ခုခံဖို့ ကပ်ဘေးချီကို သုံးလိုက်တယ်။

ဒီလိုနဲ့ ချီမင်က မဟာကပ်ဘေးဒုက္ခနည်းစနစ်နဲ့ သန့်စင်ရွှေခန္ဓာရဲ့စွမ်းအားကို ပေါင်းစပ်ပြီး အဆက်မပြတ်လည်ပတ်စေလိုက်တယ်။ သူက အရမ်းကြောက်စရာကောင်းတဲ့ လေဟာနယ်ကပ်ဘေးချီနဲ့ နီဗားနားလေကို ခုခံနိုင်ရုံရှိသေးပေမယ့် ဓမ္မစွမ်းအားအများကြီး ကုန်ဆုံးသွားတယ်။

“ဟူး...”

ချီမင်က သက်ပြင်းချလိုက်တယ်”တကယ်အန္တရာယ်များတယ်။ ဒီတတိယအလွှာရဲ့စမ်းသပ်မှုက ပထမနဲ့ဒုတိယအလွှာတွေရဲ့စမ်းသပ်မှုတွေထက် အများကြီးပိုကြောက်စရာကောင်းတယ်။”

“တတိယအလွှာရဲ့စမ်းသပ်မှုပုံရိပ်ယောင်က လူတစ်ယောက်ရဲ့အသိစိတ်နဲ့စစ်မှန်ဝိညာဉ်ကို ဖျက်ဆီးနိုင်တယ်။ လေဟာနယ်ကပ်ဘေးချီနဲ့ နီဗားနားလေက ခန္ဓာကိုယ်နဲ့ဝိညာဉ်ကို ဖျက်ဆီးတယ်။ သေချာပေါက်ကို သေလုနီးပါးပဲ။”

“ဘယ်လောက်ကြောက်စရာကောင်းလိုက်လဲ။”

ဒီအချိန်မှ ချီမင်က နောက်ဆုံးတော့ တတိယအလွှာကို အကဲခတ်ဖို့အချိန်ရသွားတယ်။ တတိယအလွှာမှာ သူက အကြားအမြင်အာရုံအံ့ဖွယ်စွမ်းအားကို လည်ပတ်စေလိုက်တယ်။ သူ့အကြည့်က လေဟာနယ်ကပ်ဘေးချီနဲ့ နီဗားနားလေကို ထိုးဖောက်သွားပြီး သူက တတိယအလွှာရဲ့အနက်ရှိုင်းဆုံးနေရာက ရှေးဟောင်းတံခါးကို ရှင်းရှင်းလင်းလင်းမြင်လိုက်ရတယ်။

လေဟာနယ်ကပ်ဘေးချီနဲ့ နီဗားနားလေက ရှေးဟောင်းတံခါးရဲ့အက်ကွဲကြောင်းကနေ စိမ့်ထွက်လာတယ်။

All Chapters