← Chapters

အထဲကနေရာလွတ်

Vol. 15 Ch. 219

အထဲကနေရာလွတ်

Vol. 15 Ch. 219

ချီမင်က ဒီရှေးဟောင်းတံခါးက သိပ်မမြင့်ဘူးဆိုတာ တွေ့လိုက်ရတယ်။ အဲ့ဒါက သုံးမီတာပဲမြင့်ပြီး တစ်မီတာပဲကျယ်တယ်။ တံခါးက ပိတ်ထားပေမဲ့ အက်ကွဲကြောင်းတွေရှိနေတယ်။

လေဟာနယ်ကပ်ဘေးချီနဲ့ နီဗားနားလေရဲ့ကြိုးမျှင်တွေက အချိန်တိုင်းအက်ကွဲကြောင်းတွေကနေ စိမ့်ဝင်လာတယ်။ ဒါက တတိယအလွှာတစ်ခုလုံးကို သိပ်သည်းတဲ့ လေဟာနယ်ကပ်ဘေးချီနဲ့ နီဗားနားလေတွေနဲ့ ပြည့်နှက်သွားစေတယ်။

“သြော် ဒီလိုကိုး။”

ချီမင်က သန့်စင်ရွှေခန္ဓာနဲ့ မဟာကပ်ဘေးဒုက္ခနည်းစနစ်ကို လည်ပတ်လိုက်တယ်။ အံ့ဖွယ်စွမ်းအားနှစ်ခုလုံးရဲ့စွမ်းအားကို တစ်ချိန်တည်းမှာ သုံးလိုက်တယ်။သူက တတိယအလွှာရဲ့ လေဟာနယ်ကပ်ဘေးချီနဲ့ နီဗားနားလေကို ခုခံနိုင်သွားတယ်။

အဲ့ဒီအချိန်မှာ ချီမင်က ဒီရှေးဟောင်းတံခါးကို ချဉ်းကပ်သွားလိုက်တယ်။

“ဒါက အရာအားလုံးရဲ့မူလအစပဲ။”

ချီမင်က ဒီရိုးရှင်းပြီး ပြင်ဆင်မထားတဲ့တံခါးကို ကြည့်ပြီး သူ့စိတ်ထဲမှာ နားလည်သွားတယ် “အင်မော်တယ်ဘုရင် ကောင်းကင်ဂူထဲမှာ အရမ်းကိုသိပ်သည်းတဲ့ နီဗားနားကပ်ဘေးချီနဲ့ မမြင်နိုင်တဲ့သတ်ဖြတ်ခြင်းကပ်ဘေးတွေပြည့်နေရတဲ့အကြောင်းရင်းက အင်မော်တယ်ဘုရင် ကောင်းကင်ဂူက မွေးဖွားပေးထားလို့မဟုတ်ဘူး။ဒီရှေးဟောင်းဆန်ပြီး ရိုးစင်းတဲ့တံခါးက လေဟာနယ်ကပ်ဘေးချီနဲ့ နီဗားနားလေကို အဆက်မပြတ်စိမ့်ဝင်လာစေလို့ပဲ။”

“ပြီးတော့...”

“လေဟာနယ်ကပ်ဘေးချီနဲ့ နီဗားနားလေက တဖြည်းဖြည်း အင်မော်တယ်ဘုရင် ကောင်းကင်ဂူတစ်ခုလုံးကို ပျံ့နှံ့လာပြီး အဆင့်နိမ့်တဲ့ နီဗားနားကပ်ဘေးချီနဲ့ မမြင်နိုင်တဲ့ကပ်ဘေးဒုက္ခအဖြစ် ကျဆင်းသွားတယ်။”

အင်မော်တယ်ဘုရင် ကောင်းကင်ဂူထဲမှာအခွင့်အ လမ်းအမျိုးမျိုးရှိနေရတဲ့အကြောင်းရင်းကိုတော့ ချီမင်အခုထိ မသိသေးဘူး။

ဒါက အင်မော်တယ်ဘုရင် ကောင်းကင်ဂူရဲ့ထူးခြားချက်ဖြစ်နိုင်တယ်။ အဲ့ဒါက အခွင့်အလမ်းနဲ့ကံကောင်းခြင်းအမျိုးမျိုးအဖြစ် ဆင့်ကဲပြောင်းလဲနိုင်ပေမဲ့ အများစုကတော့ အင်မော်တယ်ဘုရင် ကောင်းကင်ဂူထဲမှာအင်မော်တယ်ဘိုးဘေးက ချန်ထားခဲ့တဲ့ရတနာတွေ ဖြစ်နိုင်တယ်။

တိတိကျကျပြောရရင်...

ချီမင်က တကယ်မခန့်မှန်းနိုင်ဘူး။ အံ့ဖွယ်စွမ်းအားတွေနဲ့ ရလဒ်ကိုတွက်ချက်ဖို့က ပိုလို့တောင်မဖြစ်နိုင်ဘူး။

ချီမင်က ဒီသုံးမီတာမြင့်တဲ့ရှေးဟောင်းတံခါးရှေ့မှာ ရပ်နေတယ်။ သူက တည့်တည့်ကြည့်လိုက်တယ်။ သူအနားပို ကပ်လေလေ ပတ်ဝန်းကျင်က လေဟာနယ်ကပ်ဘေးချီနဲ့ နီဗားနားလေက ပိုကြောက်စရာကောင်းလေဖြစ်လာတယ်။

အံ့ဖွယ်စွမ်းအားနှစ်ခုက သူ့ကိုကာကွယ်ပေးထားရင်တောင်မှ ချီမင်က မခုခံနိုင်ဘူး။

ဒီအချိန်မှာ သန့်စင်ခြင်းသုံးပါး အခြေတည်ဝိညာဉ်က သန့်စင်ခြင်းသုံးပါး တာအိုကျမ်းကို နောက်တစ်ကြိမ်ရွတ်ပြီး မဟာတာအိုကို ပဲ့တင်ထပ်လာစေတယ်။ မသိမသာနဲ့ အဲ့ဒါက ဒီသုံးမီတာမြင့်တဲ့ရှေးဟောင်းတံခါးနဲ့ ထူးဆန်းတဲ့ဆက်သွယ်မှုတစ်ခုကို ဖွဲ့စည်းလိုက်တယ်။

“ဒါက...”

ချီမင်က အနည်းငယ်အံ့အားသင့်သွားတယ်။ သူ့မျက်လုံးကိုချက်ချင်းမှိတ်လိုက်ပြီး သူ့ရင်ဘက်ထဲက စိတ်လှုပ်ရှားမှုကို ထိန်းချုပ်လိုက်တယ်။ သူ ဂရုတစိုက်ဆင်ခြင်လိုက်တော့ သူ့ရဲ့အသိစိတ်ကဝင်ရောက်သွားတာကို ခံစားလိုက်ရတယ်။ ပြီးတော့ ချီမင်က သူက ဒီသုံးမီတာမြင့်တဲ့ရှေးဟောင်းတံခါးအထဲကို ရောက်သွားတာကို ခံစားလိုက်ရတယ်။ အတွင်းထဲမှာ သီးခြားနေရာလွတ်နဲ့ကမ္ဘာတစ်ခုရှိနေတယ်။

ချီမင်နဲ့ မဟာတာအိုပဲ့တင်ထပ်ခြင်းဖြစ်ပေါ်လာတာက သူ့ရှေ့က သုံးမီတာမြင့်တဲ့ရှေးဟောင်းတံခါးမဟုတ်ဘဲ တံခါးအထဲကနေရာလွတ်မှာ တည်ရှိနေတဲ့ပစ္စည်းတစ်ခုကြောင့်ဖြစ်တယ်။

“ဒါက...”

ချီမင်ရဲ့တစ်ကိုယ်လုံး တုန်ခါသွားတယ်။ သူက သူ့ရဲ့မဟာတာအိုနဲ့ ပဲ့တင်ထပ်နိုင်တဲ့ပစ္စည်းကို ဒီသုံးမီတာမြင့်တဲ့ရှေးဟောင်းတံခါးရဲ့အထဲကနေရာလွတ်မှာ မြင်လိုက်ရတယ်။

အဲ့ဒါက ဖရိုဖရဲကောင်းကင်နဲ့မြေကြီးရဲ့မဟာတာအိုအဆောင်တစ်ခုဖြစ်ပေမဲ့ အဲ့ဒါက ပုံစံအမျိုးမျိုးအဖြစ် ပြောင်းလဲနေတယ်။တစ်ခါတလေ နဂါးနဲ့ဖီးနစ်တို့ ဝမ်းမြောက်နေကြသလို၊ တစ်ခါတလေ သားရဲတစ်ရာက ဝတ်ပြုနေသလို၊ တစ်ခါတလေ ကောင်းကင်ကနေ ပန်းတွေကျဆင်းလာသလို၊ တစ်ခါတလေ ဧကရာဇ်တစ်ပါးပေါ်လာသလို၊ တစ်ခါတလေ ကပ်ဘေးဒုက္ခတစ်ခုရဲ့ဆင့်ကဲပြောင်းလဲမှုလိုပေါ်လာတယ်။

တိတိကျကျပြောရရင် စစ်မှန်တဲ့ပုံသေအခြေအနေမရှိဘူး။

အဲ့ဒါက ပုံစံအမျိုးမျိုးအဖြစ် ဆင့်ကဲပြောင်းလဲနိုင်တယ်။

အထဲနေရာလွတ်မှာ လွင့်မြောနေရင်း အဲ့ဒါက မဟာတာအိုရဲ့နက်နဲမှုတွေပါဝင်နေပုံပေါ်တယ်။ အဲ့ဒါမှာ မူလအစအားလုံးရဲ့လျှို့ဝှက်ချက်တွေပါဝင်ပြီး ဖော်ပြလို့မရလောက်အောင် နက်နဲပြီး ခမ်းနားထည်ဝါတယ်။

နားလည်ရခက်တယ်။

သဘောပေါက်ဖို့ခက်တယ်။

ကျင့်ကြံဖိုခက်တယ်။

ဒါက ချီမင်ရဲ့နားလည်မှုကို ကျော်လွန်သွားပုံ‌ပေါ်တယ်။မဟာရွှေအမြူတေတာအိုကျမ်းနဲ့ သန့်စင်ခြင်းသုံးပါး တာအိုကျမ်းတို့နဲ့မတူဘဲ သူတို့က ကျင့်ကြံခြင်းနည်းလမ်းကို တာအိုကျမ်းပုံစံနဲ့ မှတ်တမ်းတင်ထားတယ်။

အဲ့ဒါက ကောင်းကင်နဲ့မြေကြီးမဟာတာအိုရဲ့စစ်မှန်ရည်ရွယ်ချက်ကို အထူးပုံစံတစ်ခုနဲ့ ပြသနေတယ်။

ချီမင် အထဲက ကောင်းကင်နဲ့မြေကြီးရဲ့မဟာတာအိုကို နားလည်ပြီး သဘောပေါက်ရုံပဲလိုတယ်။

အဲ့ဒါက ချီမင်က နားလည်ပြီး သူ့ကိုယ်တိုင်ဖန်တီးရမယ့် မဟာတာအိုနည်းလမ်းတစ်ခု မဟုတ်ဘူး။

အခုတော့ ချီမင်က သန့်စင်ခြင်းသုံးပါး တာအိုကျမ်းကို ကျင့်ကြံထားလို့ သူက အဲ့ဒါနဲ့ပဲ့တင်ထပ်နိုင်တယ်။ သူတစ်ယောက်တည်းပဲ ပဲ့တင်ထပ်နိုင်တယ်။

နောက်တစ်ခဏမှာ အတွေးတစ်ချက်နဲ့ ချီမင်ရဲ့ခန္ဓာကိုယ်က အဲ့ဒါနဲ့ ထိတွေ့လိုက်တယ်။ သူ့တစ်ကိုယ်လုံး တုန်ခါသွားပြီး ပတ်ဝန်းကျင်က မြင်ကွင်းက ပြောင်းလဲသွားတယ်။ သူက ချက်ချင်း ကမ္ဘာသစ်တစ်ခုထဲကို ဝင်ရောက်သွားတယ်။

“ဒါက...”

ချီမင်ရဲ့အသိစိတ်က အဲ့ဒါကနေတစ်ဆင့် ခုလေးတင်မွေးဖွားလာတဲ့ကမ္ဘာတစ်ခုကို ရောက်ရှိသွားတယ်။ ဒီကမ္ဘာမှာ ချီမင်က မြေ၊ ရေ၊ မီးနဲ့လေရဲ့ဆင့်ကဲပြောင်းလဲမှုအပြင် ကမ္ဘာပေါ်ကအရာအားလုံးရဲ့ဆင့်ကဲပြောင်းလဲမှုကို ကြည့်ရှုနေရတယ်... ဒီခံစားချက်က သူက ကမ္ဘာတစ်ခုရဲ့ဖန်တီးမှုကို သက်သေခံနေရတာနဲ့တူတယ်။

အဲ့ဒီကနေ ချီမင်က နားလည်မှုအမျိုးမျိုးကို ရလိုက်တယ်။

ချီမင်က အရမ်းထူးဆန်းတဲ့ ဉာဏ်အလင်းပွင့်ခြင်းအခြေအနေတစ်ခုထဲကို ဝင်ရောက်သွားတယ်။ သန့်စင်ခြင်းသုံးပါး တာအိုကျမ်းက သူ့အလိုလိုလည်ပတ်သွားတယ်။ ချီမင်ရဲ့နောက်မှာ ကျောက်စိမ်းသန့်စင်၊ အထွတ်အထိပ်သန့်စင်နဲ့ မဟာသန့်စင်တို့ရဲ့ဓမ္မရုပ်တုသုံးခုက ချက်ချင်းပေါ်လာတယ်။

သူတို့ရဲ့ခေါင်းပေါ်မှာရွှေအမြူတေ မဟာတာအို ဓမ္မရုပ်တု’တစ်ခုကနေလိုတောက်ပနေတယ်။

ကောင်းကင်ဘုံကြယ်တာရာသုံးဆယ့်ခြောက်ပညာရပ်ကလည်း ဖြစ်စဥ်တစ်ခုကိုပြလာတယ်။ ကောင်းကင်မှာ ကြယ်သုံးဆယ့်ခြောက်လုံး လွင့်မြောလာပြီး အရမ်းနက်နဲတဲ့ကြယ်မြေပုံတစ်ပုံကို ဖွဲ့စည်းထားတာနဲ့တောင်တူတယ်။ မဟာကပ်ဘေးဒုက္ခနည်းစနစ်ကလည်း အသင်္ချေကပ်ဘေးမွေးဖွားလာတဲ့ ဖြစ်စဥ်တစ်ခုကိုဖော်ပြလိုက်တယ်။

အသေးစားအံ့ဖွယ်စွမ်းအားတွေကလည်း ဖြစ်စဥ်တချို့ကို ပြသကြပေမဲ့ သူတို့က လုံးဝဖယ်ထုတ်ခြင်းခံလိုက်ရတယ်။

ထူးခြားဖြစ်စဥ်အမျိုးမျိုး ပေါ်လာတယ်။

အရမ်း ထိတ်လန့်စရာကောင်းတယ်။

ဒီအခြေအနေမှာ ချီမင်က အဲ့ဒါရဲ့လျှို့ဝှက်ဆန်းကြယ်မှုတွေကို ဆက်တိုက်နားလည်နေပြီး သူ့ရဲ့ကိုယ်ပိုင်တာအိုကို ဖန်တီးချင်နေတယ်။

တစ်ဖက်မှာတော့ ချင်းဖုန်းယွီက ဒုတိယအလွှာရဲ့စမ်းသပ်မှုကို ခက်ခက်ခဲခဲအောင်မြင်သွားတယ်။ သူ့မျက်နှာက ဖြူဖျော့နေပြီး ကြောက်လန့်တကြားဖြစ်နေတယ်။ ခုနကတင် သူနောက်တစ်ကြိမ်ကျရှုံးလုနီးပါးဖြစ်သွားတယ်။ ကံကောင်းတာက သူက နောက်ဆုံးအချိန်မှာ နိုးလာပြီး ပုံရိပ်ယောင်ကို ချိုးဖျက်နိုင်သွားတယ်။

“ဂျူနီယာညီလေးရန်”

ချင်းဖုန်းယွီက ပြန်ကြည့်လိုက်တော့ ရန်ပေါင်ချီရဲ့ပုံရိပ်ကို ခရုပတ်လှေကားပေါ်မှာ မတွေ့တော့ဘူး။ သူက ဒုတိယအလွှာကို အကြိမ်ပေါင်းများစွာ ရှာလိုက်‌ သေးတယ်။

“ဒါက...”

ချင်းဖုန်းယွီက ခဏလောက်စဉ်းစားလိုက်တယ်။ သူက ခေါင်းမော့ပြီး တတိယအလွှာကို ကြည့်လိုက်ပေမဲ့ ဘာမှမမြင်ရသေးဘူး။ သူခေါင်းမော့လိုက်တော့ သူက ပြောင်းပြန်ကတော့ပုံနန်းတော်မျက်နှာကျက်ကိုပဲ မြင်လိုက်ရတယ် “ဂျူနီယာညီလေးရန်ရဲ့အရည်အချင်းနဲ့နည်းလမ်းတွေနဲ့ဆိုရင် သူက ငါ့ထက်အရင် ပုံရိပ်ယောင်နယ်ပယ်ကို ချိုးဖျက်နိုင်မှာ သေချာတယ်။ သူက တတိယအလွှာကို သွားဖို့ကြိုးစားနေလောက်ပြီ ဒါမှမဟုတ် တတိယအလွှာကို ရောက်နေလောက်ပြီ။”

“ဟူး...”

ချင်းဖုန်းယွီက အသက်ကိုပြင်းပြင်းရှူလိုက်တယ်”ဒုတိယအလွှာရဲ့စမ်းသပ်မှုက ဒီလောက်ကြောက်စရာကောင်းနေပြီ။ တတိယအလွှာကို သွားရမယ့်စမ်းသပ်မှုက ဘယ်လောက်ကြောက်စရာကောင်းမလဲဆိုတာ စိတ်ကူးလို့တောင်မရဘူး။”

“ဒီရုပ်တုက...”

ချင်းဖုန်းယွီ စဉ်းစားနေတုန်းမှာ သူက နောက်ကျောပဲရှိတဲ့ရုပ်တုက သူပုံရိပ်ယောင်ထဲမှာတွေ့ခဲ့ရတာနဲ့ တစ်ပုံစံတည်းဖြစ်နေတာကို တွေ့လိုက်ရတယ်”ဒါတွေအားလုံးက အင်မော်တယ်ဘိုးဘေးရဲ့ရုပ်တုတွေ တကယ်ဖြစ်နိုင်မလား။”

နောက်တစ်ခဏမှာ ဒုတိယအလွှာကရုပ်တုကနေ မျက်လုံးကျိန်းလောက်တဲ့အလင်းတစ်ခု ထွက်ပေါ်လာတယ်။ စုစုပေါင်းစာလုံး (၁၂၉,၆၀၀) ထွက်ပေါ်လာပြီး အတူတကွစုစည်းကာ နှိုင်းယှဉ်လို့မရနိုင်လောက်အောင် နက်နဲတဲ့လျှို့ဝှက်နက်နဲနည်းစနစ်တစ်ခုအဖြစ် ဖွဲ့စည်းကာ ချင်းဖုန်းယွီရဲ့မျက်ခုံးအလယ်ကို ပေါင်းစပ်သွားတယ်။

“ဒါက...”

ချင်းဖုန်းယွီက လန့်သွားပြီး ချက်ချင်း တင်ပျဉ်ခွေထိုင်လိုက်တယ်။ သူက သူခုလေးတင်ရလိုက်တဲ့ကျင့်ကြံခြင်းနည်းလမ်းကို သေသေချာချာဆင်ခြင်ပြီး လေ့လာလိုက်တယ်။ သူ့မျက်နှာပေါ်က ပျော်ရွှင်မှုနဲ့စိတ်လှုပ်ရှားမှုကို မဖုံးကွယ်နိုင်ဘူး။

“အထွတ်အထိပ် အင်မော်တယ်ဘုရင်ရဲ့ကျင့်ကြံခြင်းနည်းလမ်း။”

ချင်းဖုန်းယွီက စိတ်လှုပ်ရှားစွာနဲ့ပြောတယ်”ဒါက အထွတ်အထိပ် အင်မော်တယ်ဘုရင်ကျင့်ကြံခြင်းနည်းလမ်းပဲ။အရမ်းကောင်းတယ်။အရမ်းကောင်းတယ်။ ငါအင်မော်တယ်ဘိုးဘေးရဲ့အမွေနဲ့ အထွတ်အထိပ် အင်မော်တယ်ဘုရင်ရဲ့ကျင့်ကြံခြင်းနည်းလမ်းကို ရလိုက်တယ်။”

ပြီးတော့ ချင်းဖုန်းယွီက ဆက်ပြီးတော့ သေသေ ချာချာနားလည်ပြီး သဘောပေါက်လိုက်တယ်။

“အထွတ်အထိပ် အင်မော်တယ်ဘုရင်ကျင့်ကြံခြင်းနည်းလမ်းကို အဆုံးမဲ့သုံးထောင် အထွတ်အထိပ်နည်းစနစ်လို့ခေါ်တယ်။”

ချင်းဖုန်းယွီက အများကြီးနားလည်သွားတယ်။ “အမြင့်ဆုံးနယ်ပယ်ထိကိုကျင့်ကြံပြီးရင် ငါက အဆုံးမဲ့သုံးထောင် တာအိုချိတ်စည်းကိုသိပ်သည်းနိုင်ပြီး အဲ့ဒါကို ငါ့ရဲ့စစ်မှန်ဝိညာဉ်ရယ် ကမ္ဘာတစ်ခုရယ်နဲ့ပေါင်းစပ်ပြီး အဆုံးမဲ့ အထွတ်အထိပ် အင်မော်တယ်ဘုရင်ဖြစ်လာနိုင်တယ်။”

နာရီဝက်ကြာပြီးနောက်မှာ ချင်းဖုန်းယွီက အဆုံးမဲ့သုံးထောင် အထွတ်အထိပ်နည်းစနစ်ကို နားလည်သွားပြီး ပေါင်းစပ်လိုက်တယ်။ သူက ဖြည်းဖြည်းချင်းထရပ်ပြီး တတိယအလွှာကို ကြည့်လိုက်တယ်။ သူက အချိန်အကြာကြီးစဉ်းစားနေတယ်။

“ငါက အင်မော်တယ်ဘုရင်ရဲ့အင်မော်တယ်ကျင့်ကြံခြင်းနည်းလမ်းကို ရပြီးပြီ။ ဒီတစ်ခေါက် အင်မော်တယ်ဘိုးဘေးနန်းတော်ထဲဝင်ပြီး ငါ့ရဲ့အကျိုးအမြတ်တွေက အရမ်းကြီးနေပြီ။”

ချင်းဖုန်းယွီက ခဏလောက်စဉ်းစားပြီးပြောတယ် “ငါက ဒုတိယအလွှာမှာ အထွတ်အထိပ် အင်မော်တယ်ဘုရင်ရဲ့ကျင့်ကြံခြင်းနည်းလမ်းကို ရတယ်။ ငါသာ တတိယအလွှာကို အောင်အောင်မြင်မြင်ရောက်သွားပြီးရင် ငါက အင်မော်တယ်မျိုးနွယ်ရဲ့အင်မော်တယ်ဘိုးဘေးရဲ့စစ်မှန်တဲ့အမွေအနှစ်ကို တကယ်ရနိုင်လောက်တယ်လို့ တွေးကြည့်နိုင်တယ်။”

“ဒါပေမဲ့...”

“တတိယအလွှာရဲ့စမ်းသပ်မှုက သေချာပေါက် အရမ်းအန္တရာယ်များလိမ့်မယ်။”

“ငါက ဒုတိယအလွှာရဲ့စမ်းသပ်မှုကို မကျော်ဖြတ်နိုင်မလ်ိုဖြစ်ပြီး ပုံရိပ်ယောင်ထဲမှာ သေလုနီးပါးဖြစ်သွားရတယ်။ ငါသာ တတိယအလွှာကို အတင်းသွားရင် ငါသေသွားမလား။”

ချင်းဖုန်းယွီက စဉ်းစားလိုက်တယ်။

သူ့ရဲ့သုံးသပ်ချက်က အရမ်းကျိုးကြောင်းဆီလျော်တယ်။

တစ်နည်းပြောရရင်...

ချင်းဖုန်းယွီက အခုကြောက်နေပြီ။

သူက သူ့ကိုယ်သူ ယုံကြည်ချက်မရှိဘူး။

ချင်းဖုန်းယွီက အသက်ကိုပြင်းပြင်းရှူလိုက်ပြီး သူ့အကြည့်က တဖြည်းဖြည်းခိုင်မာလာတယ်။ သူက မတုန့်ဆိုင်းတော့သလို စိတ်လည်းမပူတော့ဘူး။ အထွတ်အထိပ် အင်မော်တယ်ဘုရင်ကျင့်ကြံခြင်းနည်းလမ်းက အရမ်းအားကောင်းပေမဲ့ ချင်းဖုန်းယွီက အင်မော်တယ်မျိုးနွယ်ကအင်မော်တယ်ဘိုးဘေးရဲ့စစ်မှန်တဲ့အမွေအနှစ်ကို ပိုပြီးတောင့်တတယ်။

သူက ဆုံးဖြတ်ချက်ချပြီး အင်မော်တယ်ဘိုးဘေးနန်းတော်ရဲ့တတိယအလွှာကို တိုက်ရိုက်လျှောက်သွားတယ်။

သူက ခြေထောက်ကိုမြှောက်ပြီး တတိယအလွှာရဲ့လှေကားပေါ်ကို ခြေချလိုက်တယ်။

နောက်တစ်ခဏမှာ ကြောက်စရာကောင်းတဲ့စွမ်းအားတစ်ခုက တတိယအလွှာကနေ တိုးထွက်လာတယ်။ မယုံနိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းတဲ့ လေဟာနယ်ကပ်ဘေးချီနဲ့ နီဗားနားလေက တတိယအလွှာကနေ စိမ့်ထွက်လာတယ်။

ချင်းဖုန်းယွီက အော်လိုက်တယ်။ သူ့ရဲ့အံ့ဖွယ်စွမ်းအား အစိမ်းရောင်ပိုးချည်သုံးထောင်က တိုက်ရိုက်ဖျက်ဆီးခံလိုက်ရတယ်။ သူ့ရဲ့ဓမ္မစွမ်းအားတွေက ကုန်ဆုံးသွားပြီး သူ့ခန္ဓာကိုယ်ပေါ်က လေဟာနယ်စွမ်းအားက ချက်ချင်းအသက်ဝင်လာတယ်။ လေဟာနယ်ကြေးမုံရဲ့စွမ်းအားက ကျဆင်းလာတယ်။

ချင်းဖုန်းယွီက အင်မော်တယ်ဘုရင် ကောင်းကင်ဂူထဲကနေ ဖယ်ထုတ်တာခံလိုက်ရတယ်။ ခုနက သူက တတိယအလွှာကနေ စိမ့်ထွက်လာတဲ့ လေဟာနယ်ကပ်ဘေးချီနဲ့ နီဗားနားလေရဲ့ကြိုးမျှင်တစ်ခုကြောင့် ဖျက်ဆီးခံရလုနီးပါးဖြစ်သွားတယ်။ သူက နေရာမှာတင် သေလုနီးပါးဖြစ်သွားတယ်။

အရမ်းအန္တရာယ်များတဲ့မြင်ကွင်းတစ်ခုဖြစ်တယ်။

ချင်းဖုန်းယွီက နီဗားနားကပ်ဘေးချီနဲ့ မမြင်နိုင်တဲ့သတ်ဖြတ်ခြင်းကပ်ဘေးကိုတောင်ဖိနှိပ်နိုင်တဲ့ လေဟာနယ်ကပ်ဘေးချီနဲ့ နီဗားနားလေကို ရင်ဆိုင်လိုက်ရတယ်။အစအနတစ်ခုတည်းဖြစ်ရင်တောင်မှ သူက လုံးဝပြန်မတိုက်ခိုက်နိုင်ဘူး။

ဒီကနေကြည့်ရင် သိသာနေပြီ။

ချီမင်က လေဟာနယ်ကပ်ဘေးချီနဲ့ နီဗားနားလေက ဖွဲ့စည်းထားတဲ့မုန်တိုင်းကို တားဆီးနိုင်လောက်အောင် ဘယ်လောက်အားကောင်းလိုက်မလဲ။

သူက ချင်းဖုန်းယွီထက် အများကြီးသာတယ်။

နှစ်ဖက်က လုံးဝတူညီတဲ့အဆင့်မှာ မရှိဘူး။

တတိယအလွှာမှာ ချီမင်က ဉာဏ်အလင်းပွင့်တဲ့အခြေအနေမှာ ရှိနေသေးတယ်။ သူက တာအိုကျမ်းအမျိုးမျိုးနဲ့ဖြစ်စဥ်တွေရဲ့မြှင့်တင်မှုကိုရထားပေမဲ့ ဒီရိုးရှင်းပြီးမပြင်ဆင်ထားတဲ့တံခါးရဲ့အထဲကနေရာလွတ်ကို နားလည်ဖို့က အရမ်းဝေးနေသေးတယ်။

နားလည်ဖိုခက်တယ်။

ချီမင်က အဲ့ဒီထဲက လျှို့ဝှက်ချက်တချို့ကို နားလည်နေပြီ။ အနည်းဆုံးတော့ ချီမင်က ‘အဲ့ဒါ’က ဘာလဲဆိုတာ သိလိုက်ရတယ်။

အင်မော်တယ်ဘုရင် ကောင်းကင်ဂူအပြင်ဘက်မှာ ချင်းဖုန်းယွီက လေဟာနယ်ကြေးမုံကနေ နေရာရွှေ့ပြောင်းခံလိုက်ရတယ်။ သူက ယိုင်နဲ့သွားပြီး မျက်နှာက ဖြူဖျော့နေတယ်။ သူက သွေးအန်ပြီး ယိမ်းယိုင်သွားကာ မြေပေါ်ကို လဲကျလုနီးပါးဖြစ်သွားတယ်။

ချင်းဖုန်းယွီက အင်မော်တယ်ဘုရင် ကောင်းကင်ဂူထဲမှာ ရခဲ့တဲ့ အသေးစားအံ့ဖွယ်စွမ်းအားနဲ့ အထွတ် အထိပ် အင်မော်တယ်ဘုရင်ကျင့်ကြံခြင်းနည်းလမ်းက ထူးခြားဖြစ်စဥ်တစ်ခုအဖြစ် ပြောင်းလဲသွားပြီးကောင်းကင်ကိုထိုးတက်သွားတယ်။

အဲ့ဒါက ရှိနေတဲ့အင်မော်တယ်ဘုရင် အမွေခံတပည့်အားလုံးကို ထိတ်လန့်သွားစေတယ်။

အင်မော်တယ်ဘုရင် (၁၀၈)ပါးကလည်း အံ့အားသင့်တဲ့အမူအရာကို ပြလိုက်ကြတယ်။

All Chapters