← Chapters

ဂျူနီယာညီလေးရန်ပေါင်ချီမှာ အင်မော်တယ်ဘိုးဘေးရဲ့အရည်အချင်းရှိတယ်

Vol. 15 Ch. 220

ဂျူနီယာညီလေးရန်ပေါင်ချီမှာ အင်မော်တယ်ဘိုးဘေးရဲ့အရည်အချင်းရှိတယ်

Vol. 15 Ch. 220

ချီမင်က ‘အဲ့ဒါ’ရဲ့လျှို့ဝှက်ဆန်းကြယ်မှုတွေကို နားလည်နေတယ်။ သူက ဖရိုဖရဲအရောင် ကောင်းကင်နဲ့မြေကြီးမဟာတာအိုစာလုံးတွေကို အဆက်မပြတ်နားလည်နေပြီး ကောင်းကင်နဲ့မြေကြီးမဟာတာအိုကို လေ့လာနေတယ်။ သူက သူ့တစ်ယောက်ပဲပိုင်တဲ့ တာအိုပေါင်းစည်းခြင်းနည်းလမ်းကို သဘာဝအတိုင်း ဖန်တီးနေတယ်။

ကျင့်ကြံခြင်းဆိုတာ တာအိုကိုလေ့လာခြင်းဖြစ်တယ်... သူသာ ကောင်းကင်နဲ့မြေကြီးရဲ့မဟာတာအိုကို နားလည်နေသမျှ သူ့ရဲ့ကျင့်ကြံမှုအဆင့်က သဘာဝအတိုင်း ချိုးဖြတ်သွားလိမ့်မယ်။

သူ့ရဲ့နားလည်မှုက အဲ့ဒီနယ်ပယ်ကိုရောက်နေသမျှ အခက်အခဲနဲ့ရှုပ်ထွေးမှုအားလုံးက ဖြေရှင်းပြီးသားဖြစ်သွားလိမ့်မယ်။

သေချာတာကတော့အရမ်းခက်ခဲတယ်။

မဟာတာအိုနည်းလမ်းတစ်ခုကို ဖန်တီးဖို့က လုံးဝမဖြစ်နိုင်သလောက်ဖြစ်တယ်။

ဖြစ်စဥ်အမျိုးမျိုးရဲ့မြင့်တင်မှုကို ရထားရင်တောင်မှ အဲ့ဒီလိုလုပ်ဖို့က ခက်ခဲတယ်။ အောင်မြင်နှုန်းက အရမ်းနိမ့်တယ်။

ဒီလိုအခြေအနေအောက်မှာ ချီမင်က ချင်းဖုန်းယွီတတိယအလွှာကို ဝင်ဖို့ကြိုးစားပေမဲ့ တတိယအလွှာကနေစိမ့်ထွက်လာတဲ့ လေဟာနယ်ကပ်ဘေးချီနဲ့ နီဗားနားလေရဲ့အစအနတစ်ခုကြောင့် အင်မော်တယ်ဘုရင် ကောင်းကင်ဂူထဲကနေ တိုက်ရိုက်ဖယ်ထုတ်ခံလိုက်ရတာကို သဘာဝအတိုင်း မသိလိုက်ဘူး။

ချင်းဖုန်းယွီက အင်မော်တယ်ဘုရင် ကောင်းကင်ဂူကနေ ထွက်သွားပြီးတဲ့နောက်မှာ အပြင်ဘက်မှာ ကြီးမားတဲ့လှုပ်ရှားမှုတစ်ခုကို ဖြစ်ပေါ်လာပြီး ကြီးမားတဲ့ဖြစ်စဥ်တစ်ခုကို ဖြစ်ပေါ်သွားစေတာကို သူ မသိတော့ဘူး။

တကယ်တော့...

အဲ့ဒါက နောက်ထပ်အရာတွေကို ဦးတည်သွားတယ်...

အင်မော်တယ်ဘုရင် ကောင်းကင်ဂူအပြင်ဘက်မှာ။

အထူးအစီအရင်ထဲမှာ။

ကောင်းကင်မှာ။

ပထမဆုံးအနေနဲ့ ချင်းဖုန်းယွီက အင်မော်တယ်ဘိုးဘေးနန်းတော်ရဲ့ပထမအလွှာမှာ ရခဲ့တဲ့အံ့ဖွယ်စွမ်းအားဖြစ်တဲ့ အဆုံးမဲ့အံ့ဖွယ်ပညာက အဆုံးမဲ့အင်မော်တယ်အလင်းကို ဖွဲ့စည်းတဲ့ဖြစ်စဥ်တစ်ခုအဖြစ် ပြောင်းလဲသွားတယ်။ အဲ့ဒါက မျက်စိကျိန်းလောက်အောင်တောက်ပပြီး စူးရှတယ်။

“အံ့ဖွယ်စွမ်းအား!”

“ဒါက ပြည့်စုံတဲ့အံ့ဖွယ်စွမ်းအားပဲ!”

အင်မော်တယ်ဘုရင် အမွေခံတပည့်တွေက အော်ဟစ်လိုက်ကြတယ်။

“မဆိုးဘူး၊ မဆိုးဘူး။”

“ချင်းဖုန်းယွီက အင်မော်တယ်ဘုရင် ကောင်းကင်ဂူထဲမှာ ပြည့်စုံတဲ့အံ့ဖွယ်စွမ်းအားတစ်ခုကို ရလာတာကအရမ်းကောင်းတယ်။”

“ခဏလေး...”

“ဒါမပြီးသေးဘူး!”

“ချင်းဖုန်းယွီက ပြည့်စုံတဲ့အံ့ဖွယ်စွမ်းအားတစ်ခုတည်းကို ရခဲ့တာမဟုတ်ဘူး။”

အင်မော်တယ်ဘုရင်တွေက အခြေအနေကို မြင်ပြီး အော်ဟစ်လိုက်ကြတယ်။

“ဒါ...ဒါ...”

ရှိနေတဲ့အင်မော်တယ်အားလုံးက လှမ်းကြည့်လိုက်ကြတယ်။

နောက်တစ်ခဏမှာ ချင်းဖုန်းယွီက ဒုတိယအလွှာမှာရခဲ့တဲ့ အထွတ်အထိပ် အင်မော်တယ်ဘုရင်ကျင့်ကြံခြင်းနည်းလမ်းဖြစ်တဲ့ အဆုံးမဲ့သုံးထောင် အထွတ်အထိပ်နည်းစနစ်က ကမ္ဘာကိုတုန်လှုပ်သွားစေတဲ့ဖြစ်စဥ်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး အထူးအစီအရင်ကိုတောင် ထိခိုက်လာစေတယ်။

ကောင်းကင်မှာ အဆုံးမဲ့ဓမ္မရုပ်တုအမျိုးမျိုး ပေါ်လာတယ်။ စုစုပေါင်း (၃,၀၀၀) ရှိတယ်။ အတူတကွပေါင်းစည်းပြီးတဲ့နောက်မှာ သူတို့က အဆုံးမဲ့ဓမ္မရုပ်တုသုံးထောင်ရဲ့စစ်မှန်ခန္ဓာကို ဖွဲ့စည်းပြီး ချင်းဖုန်းယွီရဲ့ခန္ဓာကိုယ်ထဲကို ပြင်းထန်အလင်းစီးကြောင်းတစ်ခုသဖွယ် ပေါင်းစပ်သွားတယ်။

ချင်းဖုန်းယွီက တင်ပျဉ်ခွေထိုင်လိုက်တယ်။

သူက ကျွမ်းကျင်ပြီး နားလည်လာတယ်။

အံ့ဖွယ်စွမ်းအား အဆင့်သတ်မှတ်ချက် ပေါ်လာတယ်။

အဆင့်သတ်မှတ်ချက်က ချက်ချင်းပြောင်းလဲသွားတယ်။

ပထမနေရာ: ထာဝရငြိမ်သက်ခြင်း အင်မော်တယ်ဘုရင်ရဲ့ အမွေခံတပည့် ချင်းဖုန်းယွီ။ အံ့ဖွယ်စွမ်းအား: အဆုံးမဲ့အံ့ဖွယ်ပညာ (ပြည့်စုံ)ရရှိထား။အထွတ်အထိပ် အင်မော်တယ်ဘုရင်ကျင့်ကြံခြင်းနည်းလမ်း: အဆုံးမဲ့သုံးထောင် အထွတ်အထိပ်နည်းစနစ်ရရှိထား။

ဒုတိယနေရာ: အင်မော်တယ်ဘုရင် လင်းလုံရဲ့ အမွေခံတပည့် ယဲ့ဟန်ဖုန်း။ မြို့အရှင်အဆင့် တာအိုပေါင်းစည်းခြင်းနည်းလမ်း: အသင်္ချေစိတ်ဝိညာဉ် အထွတ်အထိပ်ကျမ်း (ပြည့်စုံ)ရရှိထား။

တတိယနေရာ: ကောင်းကင်ကြယ် အင်မော်တယ်ဘုရင်ရဲ့ အမွေခံတပည့် ကျူကျိလင်။အံ့ဖွယ်စွမ်းအား: မဟာအပြစ်ပေးခြင်းအံ့ဖွယ်စွမ်းအား (မပြည့်စုံ)ရရှိထား။

စတုတ္ထနေရာ: မရှိ!

ပဉ္စမနေရာ: မရှိ!

“ဒါ...ဒါ...”

“’အထွတ်အထိပ် အင်မော်တယ်ဘုရင်ကျင့်ကြံခြင်းနည်းလမ်း!”

“အင်မော်တယ်ဘုရင်ဖြစ်နိုင်တဲ့ အလားအလာ! ချင်းဖုန်းယွီက အင်မော်တယ်မျိုးနွယ်ရဲ့စစ်မှန်တဲ့ပါရမီရှင်ပဲ!”

“ငါဒါကိုမမျှော်လင့်ထားဘူး။ ငါတကယ်ဒါကိုမမျှော်လင့်ထားဘူး။”

“ငါတို့အင်မော်တယ်မျိုးနွယ်က အနာဂတ်မှာ နောက်ထပ်အင်မော်တယ်ဘုရင်တစ်ပါး ရတော့မှာလား။”

“ကောင်းတယ်၊ ကောင်းတယ်၊ ကောင်းတယ်...”

ရှိနေတဲ့အင်မော်တယ်အားလုံးက အံ့အားတကြီးအော်ဟစ်လိုက်ကြတယ်။

“ဂုဏ်ယူပါတယ် ထာဝရငြိမ်သက်ခြင်း အင်မော်တယ်ဘုရင်!”

“ဂုဏ်ယူပါတယ်၊ ဂုဏ်ယူပါတယ်။”

“ဒီအင်မော်တယ်ဘုရင် ကောင်းကင်ဂူက ငါတို့ကိုတကယ် ကြီးမားတဲ့အံ့အားသင့်စရာတစ်ခု ပေးခဲ့တာပဲ။”

“အင်မော်တယ်ဘုရင် လင်းလုံရဲ့အမွေခံတပည့် ရန်ပေါင်ချီမှာ အင်မော်တယ်ဘုရင်ဖြစ်နိုင်တဲ့အလား အလာတကယ်ရှိ၊မရှိကိုမပြောကြရအောင်။ချင်းဖုန်းယွီက အထွတ်အထိပ် အင်မော်တယ်ဘုရင်ကျင့်ကြံခြင်းနည်းလမ်းကို ရလိုက်တည်းက သူက အင်မော်တယ်ဘုရင်ဖြစ်နိုင်တဲ့အလားအလာတကယ်ရှိတဲ့ အင်မော်တယ်မျိုးနွယ်ရဲ့စစ်မှန်တဲ့ပါရမီရှင်ဖြစ်တယ်ဆိုတာ သက်သေပြဖို့ လုံလောက်နေပြီ။ သူသာ လမ်းခုလတ်မှာမသေရင် သူက အနာဂတ်မှာ ငါတို့နဲ့တန်းတူဖြစ်နိုင်တဲ့အခွင့်အရေးရှိတယ်။”

“ဟားဟားဟား...”

“ဒါက ကောင်းတဲ့အရာပဲ၊ ကောင်းတဲ့အရာပဲ!”

အင်မော်တယ်ဘုရင်တွေရဲ့မျက်နှာပေါ်မှာ အပြုံးတစ်ခု ပေါ်လာတယ်။

ကမ္ဘာကြီးရဲ့ကပ်ဘေးဒုက္ခက ကျရောက်လာတော့မယ်။

အင်မော်တယ်တွေ သတ်မှတ်ထားတဲ့ အင်မော်တယ်ကမ္ဘာကိုဖန်တီးမယ့်အစီအစဉ်က အကောင် အထည်ဖော်နေပြီ။ အင်မော်တယ်တွေ ပိုသန်မာလေ အောင်မြင်နှုန်းက ပိုမြင့်မားလေဖြစ်တယ်။

ချင်းဖုန်းယွီက အနာဂတ်မှာ တကယ်အင်မော်တယ်ဘုရင်ဖြစ်လာနိုင်ရင် ဒါက အင်မော်တယ်မျိုးနွယ်တစ်ခုလုံးအတွက် ကြီးမားတဲ့ကိစ္စတစ်ခုဖြစ်လိမ့်မယ်။

ချင်းဖုန်းယွီက အဆုံးမဲ့သုံးထောင် အထွတ်အထိပ်နည်းစနစ်ကို ကျင့်ကြံပြီး နားလည်နေသေးတယ်။ထာဝရငြိမ်သက်ခြင်း အင်မော်တယ်ဘုရင်က ချင်းဖုန်းယွီဘေးမှာရပ်ပြီး သူအနှောင့်အယှက်မခံရအောင် ကာကွယ်ပေးနေတယ်။

“ကျွန်တော်မြင်ရသလောက်တော့” သွေးအရှင် အင်မော်တယ်ဘုရင်က ချင်းဖုန်းယွီကို မျက်လုံးထဲမှာ ချီးကျူးတဲ့အရိပ်အယောင်နဲ့ တစ်ချက်ကြည့်လိုက်တယ်။ သူက ပြောတယ်”အင်မော်တယ်ဘုရင် ကောင်းကင်ဂူထဲမှာ အင်မော်တယ်ဘုရင် အမွေခံတပည့်တွေ မကျန်တော့သင့်ဘူး။ ချင်းဖုန်းယွီက အထွတ်အထိပ် အင်မော်တယ်ဘုရင်ကျင့်ကြံခြင်းနည်းလမ်းကို ရပြီး ဘေးဘေးကင်းကင်းထွက်လာနိုင်ပြီ။ အင်မော်တယ်ဘုရင် ကောင်းကင်ဂူကို ပိတ်လို့ရပြီ။”

“ဟုတ်တယ်။” လက်နက်အရှင် အင်မော်တယ်ဘုရင်က ခေါင်းညိတ်လိုက်တယ်”ကျွန်တော်လည်း အင်မော်တယ်ဘုရင် ကောင်းကင်ဂူကို ပိတ်လို့ရပြီလို့ထင်တယ်။”

“အင်မော်တယ်ဘုရင် ကောင်းကင်ဂူထဲမှာ အင်မော်တယ်ဘုရင် အမွေခံတပည့်တွေ မရှိတော့သင့်ဘူး။”

ဒါ့အပြင် အင်မော်တယ်ဘုရင်အနည်းငယ်က သဘောတူလိုက်ကြတယ်။

“မဟုတ်ဘူး။” အင်မော်တယ်ဘုရင် လင်းလုံရဲ့အမူအရာက လေးနက်သွားပြီး အော်လိုက်တယ်”ရန်ပေါင်ချီက အင်မော်တယ်ဘုရင် ကောင်းကင်ဂူထဲမှာ ရှိနေတုန်းပဲ။ ဒါကြောင့် ကျုပ်တို့ဒီအချိန်မှာ သေချာပေါက်မပိတ်နိုင်ဘူး။”

သွေးအရှင် အင်မော်တယ်ဘုရင်က အေးစက်စွာပြောတယ်”အဲ့ဒါက မင်းမှားတာပဲ။ ခုနက မင်းက မင်းရဲ့အမွေခံတပည့် ရန်ပေါင်ချီမှာ အင်မော်တယ်ဘုရင်ဖြစ်နိုင်တဲ့အလားအလာရှိတယ်လို့ ကျိန်ထားတယ်။ နောက်ဆုံးမှာလူတိုင်းမြင်ပြီးကြပြီ။ ရန်ပေါင်ချီရဲ့စိတ်ထားက အင်မော်တယ်ဘုရင်ဖြစ်ဖို့ မလုံလောက်တာကို မပြောနဲ့...”

“ချင်းဖုန်းယွီက အထွတ်အထိပ် အင်မော်တယ်ဘုရင်ကျင့်ကြံခြင်းနည်းလမ်းကို ရရှိပြီးတော့ ငါတို့က ချင်းဖုန်းယွီက အင်မော်တယ်ဘုရင်ဖြစ်နိုင်တဲ့အလားအလာရှိတဲ့ အင်မော်တယ်မျိုးနွယ်ရဲ့စစ်မှန်တဲ့ပါရမီရှင်ဖြစ်တယ်ဆိုတာ အတည်ပြုပြီးပြီ။ မင်းရဲ့အမွေခံတပည့် ရန်ပေါင်ချီမှာ သာမန်စိတ်ဓာတ်နဲ့ ရွံ့ဖို့‌ကောင်းတဲ့ဝါသနာတစ်ခုပဲရှိတယ်။”

“အင်မော်တယ်ဘုရင် လင်းလုံ၊ ခင်ဗျားတကယ်မှားနေပြီ။”

“မဖြစ်နိုင်ဘူး။” အင်မော်တယ်ဘုရင် လင်းလုံက အော်လိုက်တယ်”ကျုပ်ရဲ့တွက်ချက်မှုက မမှားနိုင်ဘူး။”

“ဟားဟားဟား...” သွေးအရှင် အင်မော်တယ်ဘုရင်က ကျယ်လောင်စွာရယ်မောလိုက်တယ် “ဒီအချိန်ရောက်နေပြီ၊ မင်းက ယုတ္တိမတန်တာတွေပြောပြီး အဖြစ်မှန်ကိုလက်မခံဘဲ ငြင်းနေတုန်းပဲလား။ မင်းက ငါတို့ကိုမင်းနဲ့အတူ အချိန်ဖြုန်းပြီး ဆက်စောင့်စေချင်တာလား။”

“ဟုတ်တယ်!”

“သွေးအရှင် အင်မော်တယ်ဘုရင် ပြောတာမှန်တယ်။”

“ရန်ပေါင်ချီက အင်မော်တယ်ဘုရင်ဖြစ်နိုင်တဲ့အလားအလာ ဘယ်လိုရှိနိုင်မှာလဲ။ ကျွန်တော့်အမြင်မှာတော့ အင်မော်တယ်ဘုရင် လင်းလုံက ဒီတစ်ခေါက် မှားပြီးအကဲဖြတ်လိုက်မိတယ်။ ဘာပဲဖြစ်ဖြစ် ကောင်းကင်နဲ့မြေကြီးကပ်ဘေးဒုက္ခရဲ့မူလအစက ရောက်လာတော့မယ်။ ကောင်းကင်ရဲ့လုပ်ဆောင်မှုတွေက ရှုပ်ထွေးနေတယ်။ သတ်ဖြတ်လိုစိတ်က ကောင်းကင်နဲ့မြေကြီးမှာ ပြည့်နေတယ်။ ဒါကြောင့် အင်မော်တယ်ဘုရင် လင်းလုံရဲ့တွက်ချက်မှုမှာ ပြဿနာရှိတာက အရမ်းပုံမှန်ပဲ။”

အင်မော်တယ်ဘုရင်တော်တော်များများက ဒီလိုစကားတွေကို သဘောတူကြတယ်။

“ခင်ဗျားတို့...”

အင်မော်တယ်ဘုရင် လင်းလုံရဲ့အမူအရာက အနည်းငယ်ညိုမဲသွားတယ်။

ဒီအခြေအနေအရဆိုရင် အင်မော်တယ်ဘုရင် ကောင်းကင်ဂူက တကယ်ကို ကြိုပိတ်သွားနိုင်တယ်။

အဲ့ဒီအချိန်မှာ ချီမင်သာ အင်မော်တယ်ဘုရင် ကောင်းကင်ဂူထဲမှာ ပိတ်မိနေရင် အန္တရာယ်များလိမ့်မယ်။

“ဟီးဟီး။” သွေးအရှင် အင်မော်တယ်ဘုရင်က လှောင်ရယ်လိုက်တယ်။

သူက လက်စားချေနေတာဖြစ်တယ်။

သူက အင်မော်တယ်ဘုရင် လင်းလုံကို လက်စားချေနေတဲ့အပြင် ရန်ပေါင်ချီကိုလည်း ဖြေရှင်းချင်နေတယ်။သူ့ရဲ့ရည်ရွယ်ချက်က အရမ်းရှင်းလင်းတယ်: ယွမ်ချင်းယွီအတွက် လက်စားချေဖို့ဖြစ်တယ်။ ဘာပဲဖြစ်ဖြစ် ယွမ်ချင်းယွီက သွေးအရှင် အင်မော်တယ်ဘုရင်ရဲ့အမွေခံတပည့်ဖြစ်တယ်။ သူသာ ဘာမှမလုပ်ရင် ဒါမှမဟုတ် ဘာမှမပြရင် ကျန်တဲ့အမွေခံတပည့်တွေက အရမ်းစိတ်ပျက်သွားလိမ့်မယ်။

သဘာဝကျကျပြောရရင် သွေးအရှင် အင်မော်တယ်ဘုရင်က လက်စားချေရမယ်။

“ကျုပ်သေချာပေါက်သဘောမတူဘူး။” အင်မော်တယ်ဘုရင် လင်းလုံက ပြောတယ်။

“အင်မော်တယ်ဘုရင် လင်းလုံ၊ မင်းအရမ်းတစ်ကိုယ်ကောင်းဆန်တယ်လို့ မထင်ဘူးလား။” သွေးအရှင် အင်မော်တယ်ဘုရင်က အော်လိုက်တယ်၊ “အခုသဘောမတူတာ မင်းတစ်ယောက်ပဲရှိတယ်။ မင်းက ငါတို့ကိုမင်းနဲ့အတူ စောင့်စေချင်တာလား။ အတူတူအချိန်ဖြုန်းစေချင်တာလား။ အမှိုက်တစ်စထွက်လာတာကို စောင့်စေချင်တာလား။”

“မင်းသဘောမတူတော့ရော ဘာဖြစ်လဲ။အနည်းစုက အများစုကို နာခံရတယ်!”

“ခဏလေး။”

ဒီအချိန်မှာ ချင်းဖုန်းယွီက နိုးလာတယ်။ သူက အဆုံးမဲ့သုံးထောင် အထွတ်အထိပ်နည်းစနစ်ရဲ့ အစောပိုင်းကျွမ်းကျင်မှုကို အခြေခံအားဖြင့် ဆုပ်ကိုင်ထားပြီးပြီ။ ဒါ့အပြင် သူ့ရဲ့ဒဏ်ရာတွေက လုံးဝပြန်ကောင်းသွားပြီ။

သူ့ရဲ့အခြေအနေတစ်ခုလုံးက အထွတ်အထိပ်ကို ရောက်ရှိသွားတယ်။

“တပည့် ချင်းဖုန်းယွီက အင်မော်တယ်ဘုရင်တွေကို ဂါရဝပြုပါတယ်။” ချင်းဖုန်းယွီက ဦးညွှတ်လိုက်တယ်။

“နှိမ့်ချတာလည်းမရှိဘူး။မာနထောင်လွှားတာလည်းမရှိဘူး။ မဆိုးဘူး၊ မဆိုးဘူး။”

“အင်မော်တယ်ဘုရင်ဖြစ်နိုင်တဲ့အလားအလာရှိတဲ့ အင်မော်တယ်မျိုးနွယ်ပါရမီရှင်တစ်ယောက်ဆိုတဲ့အတိုင်းပဲ။”

“ဘာကိစ္စရှိလို့လဲ။”

“ပြောလိုက်ပါ။”

အင်မော်တယ်ဘုရင်တွေရဲ့အကြည့်တွေက ချင်းဖုန်းယွီပေါ်ကို တစ်ယောက်ပြီးတစ်ယောက်ကျရောက်လာပြီး သူ့ကို ကြီးမားတဲ့ဖိအားကို ခံစားစေရတယ်။ သူ့တို့အကြည့်က ဖန်တီးလိုက်တဲ့ဖိအားသက်သက်က သူ့ကို အသက်ရှုကြပ်သွားစေတယ်။

ချင်းဖုန်းယွီက အသက်ကိုပြင်းပြင်းရှူပြီး သူ့ကိုယ်သူ စိတ်တည်ငြိမ်အောင်လုပ်လိုက်တယ် “အင်မော်တယ်ဘုရင်တို့၊ ကျွန်တော်ခင်ဗျားတို့ ရန်ပေါင်ချီအကြောင်း ပြောနေတာကို ခုနကကြားလိုက်ပါတယ်။”

“ကျွန်တော့်အမြင်မှာတော့ ကျွန်တော်သာ ခင်ဗျားတို့ပြောသလို အင်မော်တယ်ဘုရင်ရဲ့အလားအလာကို တကယ်ပိုင်ဆိုင်တယ်ဆိုရင် ဂျူနီယာညီလေးရန်ပေါင်ချီမှာ အင်မော်တယ်ဘိုးဘေးရဲ့အလားအလာရှိပါတယ်။”

“ဘာ”

“ရယ်စရာပဲ!”

“အင်မော်တယ်ဘိုးဘေးရဲ့အရည်အချင်း မင်းဘာတွေပြောနေလဲဆိုတာ မင်းသိရဲ့လား။”

“အင်မော်တယ်ဘိုးဘေးက ထူးခြားပြီး ခမ်းနားတဲ့တည်ရှိမှုတစ်ခုပဲ။”

“မင်းက အင်မော်တယ်ဘိုးဘေးကို စော်ကားနေတာပဲ။”

“သာမန်ရန်ပေါင်ချီ၊ သာမန်အင်မော်တယ်ဘုရင်ရဲ့အမွေခံတပည့်တစ်ယောက်က အင်မော်တယ်ဘိုးဘေးနဲ့ ယှဉ်ရဲတယ်ဟုတ်လား။”

ချက်ချင်းပဲ အင်မော်တယ်ဘုရင်တွေရဲ့အမူအရာက မည်းမှောင်သွားတယ်။

“ကျွန်တော် လက်လွတ်စပယ်မပြောရဲပါဘူး။”

ချင်းဖုန်းယွီက ဆက်ပြောတယ် “ဂျူနီယာညီလေးရန်ပေါင်ချီက ကျွန်တော်နဲ့အတူတူ အင်မော်တယ်ဘိုးဘေးနန်းတော်ထဲကို ဝင်ခဲ့ပါတယ်။ ဒါ့အပြင် ပထမအလွှာရဲ့ပုံရိပ်ယောင်စမ်းသပ်မှုအတွင်းမှာ ဂျူနီယာညီလေးရန်ပေါင်ချီက ကျွန်တော့်ကိုမကယ်ခဲ့ရင် ကျွန်တော်လောဘကြောင့် ကန်းပြီး စမ်းသပ်မှုကို အောင်မြင်နိုင်မှာမဟုတ်လောက်ဘူး။”

“အဲ့ဒီနောက်မှာ ကျွန်တော်က ဒုတိယအလွှာရဲ့ပုံရိပ်ယောင်အကဲဖြတ်မှုကို အရမ်းခက်ခက်ခဲခဲအောင်မြင်ပြီး ဒုတိယအလွှာမှာ အထွတ်အထိပ် အင်မော်တယ်ဘုရင်ကျင့်ကြံခြင်းနည်းလမ်းကို ရခဲ့ပါတယ်။ ဂျူနီယာညီလေးရန်ပေါင်ချီရဲ့နည်းလမ်းတွေနဲ့အရည်အချင်းတွေနဲ့ဆိုရင် သူက ပုံရိပ်ယောင်အကဲဖြတ်မှုကို အောင်မြင်ပြီး ကျွန်တော့်ထက်အရင် ဒုတိယအလွှာကို ဝင်ရောက်ခဲ့မှာ သေချာတယ်။”

“ဒါပေမဲ့...”

“ကျွန်တော်က ဒုတိယအလွှာမှာ ဂျူနီယာညီလေးရန်ပေါင်ချီကို မတွေ့ခဲ့ဘူး။ ဒါကြောင့် သူက တကယ်တော့ တတိယအလွှာကို ဝင်ရောက်သွားပြီလို့ ကျွန်တော်ထင်တယ်။”

“ကျွန်တော်တတိယအလွှာကို ဝင်ဖို့ကြိုးစားတဲ့အခါမှာ ပထမခြေလှမ်းကို ခြေချလိုက်တာနဲ့ လေဟာနယ်ကပ်ဘေးချီနဲ့ နီဗားနားလေရဲ့အစအနတစ်ခုကြောင့်နဲ့ကျရှုံးသွားတယ်။ ကျွန်တော်က လေဟာနယ်ကြေးမုံကြောင့် သီသီလေးကယ်တင်ခံလိုက်ရပါတယ်။”

တိတ်ဆိတ်ခြင်း!

လူတိုင်းတိတ်ဆိတ်သွားတယ်!

“တကယ်လား”

“ရန်ပေါင်ချီက အင်မော်တယ်ဘိုးဘေးနန်းတော်ရဲ့တတိယအလွှာကို ဝင်သွားတယ်”

“ဒါဘယ်လိုဖြစ်နိုင်မှာလဲ”

“ဒါပေမဲ့ သူလိမ်ဖို့အကြောင်းပြချက်မရှိဘူး!”

“ဟုတ်တယ်!”

“လူတိုင်း... ခင်ဗျားတို့တတိယအလွှာရဲ့စမ်းသပ်မှုက ဘယ်လောက်ကြောက်စရာကောင်းလဲဆိုတာ သိသင့်တယ်။ ခင်ဗျားတို့အဲ့ဒီတုန်းက မကြိုးစားခဲ့တာမှမဟုတ်တာ။ ကျွန်‌တော်တို့နေရာမှာတင် သေလုနီးပါးဖြစ်ခဲ့ရတယ်။”

“ဒါက...”

အင်မော်တယ်ဘုရင် (၁၀၈) ပါးက အချင်းချင်းမကြည့်ဘဲမနေနိုင်တော့ဘူး။ သူတို့က အချင်းချင်းရဲ့မျက်လုံးထဲက အံ့အားသင့်မှုကို တွေ့လိုက်ရပြီး တကယ်ကိုမယုံနိုင်စရာကောင်းတယ်လို့ ခံစားလိုက်ကြရတယ်။

“ချင်းဖုန်းယွီ!” သွေးအရှင် အင်မော်တယ်ဘုရင်က အသံတိုးတိုးနဲ့ကြိမ်းလိုက်တယ်”မင်းရန်ပေါင်ချီ တတိယအလွှာကို ဝင်သွားတာကို မင်းကိုယ်ပိုင်မျက်စိနဲ့မြင်ခဲ့တာလား။”

ယ်။

All Chapters