← Chapters

ဖရိုဖရဲအရောင် ကောင်းကင်နဲ့မြေကြီး မဟာတာအိုစာလုံး

Vol. 15 Ch. 221

ဖရိုဖရဲအရောင် ကောင်းကင်နဲ့မြေကြီး မဟာတာအိုစာလုံး

Vol. 15 Ch. 221

ချင်းဖုန်းယွီက ခဏလောက်တိတ်ဆိတ်သွားတယ်။ သူက ခေါင်းခါလိုက်တယ်။ သူက အင်မော်တယ်ဘုရင်တွေရှေ့မှာ မလိမ်ရဲဘဲ အမှန်အတိုင်းပဲ ဖြေနိုင်တယ်”ဂျူနီယာညီလေးရန်ပေါင်ချီနဲ့ကျွန်တော်က ဒုတိယအလွှာရဲ့ပုံရိပ်ယောင်စမ်းသပ်မှုထဲကို ဝင်ပြီးနောက်မှာ ကွဲသွားကြတယ်။ သူတတိယအလွှာကို ဝင်သွားတာကို ကျွန်တော်ကိုယ်ပိုင်မျက်စိနဲ့မမြင်ခဲ့ပါဘူး။”

“မင်းကိုယ်ပိုင်မျက်စိနဲ့မမြင်ကတည်းက ဒါက မင်းရဲ့ခန့်မှန်းချက်သက်သက်ပဲ။” သွေးအရှင် အင်မော်တယ်ဘုရင်က ချက်ချင်းပြောတယ် “ဒါက ဘယ်လိုလုပ်အမှန်ဖြစ်နိုင်မှာလဲ။”

“ကျွန်တော့်ကိုယ်ပိုင်မျက်စိနဲ့မမြင်ခဲ့ပေမဲ့ ဂျူနီယာညီလေးရန်ပေါင်ချီက တတိယအလွှာကို ဝင်ရောက်ဖို့ (၈၀)% အခွင့်အရေးရှိနေတုန်းပဲလို့ ကျွန်တော်ထင်ပါတယ်။” ချင်းဖုန်းယွီက ပြောတယ်။

“ဒါ့အပြင် အင်မော်တယ်ဘိုးဘေးနန်းတော်ရဲ့အစီအစဉ်က ရိုးရှင်းပုံရပေမဲ့ တကယ်တော့ ကြောက်စရာကောင်းတဲ့စွမ်းအားနဲ့ တားမြစ်ချက်အမျိုးမျိုး ပါဝင်နေတယ်။ ကျွန်တော်က တတိယအလွှာရဲ့အခြေအနေကို လုံးဝမမြင်နိုင်ဘူး။”

“ဒါကြောင့် ကျွန်တော်က ဂျူနီယာညီလေးရန်ပေါင်ချီ တတိယအလွှာကို ဝင်သွားတာကိုကိုယ်ပိုင်မျက်စိနဲ့ဘယ်လိုမြင်နိုင်မှာပါလဲ။”

“ဟီးဟီး။” သွေးအရှင် အင်မော်တယ်ဘုရင်က လှောင်ရယ်ပြီး အေးစက်စွာပြောတယ်”ဒီလိုဆိုရင်တောင်မှ ရန်ပေါင်ချီက တတိယအလွှာရဲ့ပုံရိပ်ယောင်စမ်းသပ်မှုထဲမှာ သေသွားလောက်ပြီ။ သူသာ ပုံရိပ်ယောင်ထဲမှာမသေခဲ့ရင်တောင်မှ လေဟာနယ်ကပ်ဘေးချီနဲ့ နီဗားနားလေကို ခုခံနိုင်မှာမဟုတ်ဘူး။”

“မင်းရဲ့အင်အားနဲ့ကျင့်ကြံခြင်းနဲ့တောင် လေဟာနယ်ကပ်ဘေးချီနဲ့ နီဗားနားလေရဲ့အစအနတစ်ခုတည်းက မင်းကိုနေရာမှာတင် ဖျက်ဆီးလုနီးပါးဖြစ်သွားတယ်။ ရန်ပေါင်ချီသာ တတိယအလွှာကို တကယ်ခြေချခဲ့ပြီး မုန်တိုင်းတစ်ခုလိုဖြစ်နေတဲ့ လေဟာနယ်ကပ်ဘေးချီနဲ့ နီဗားနားလေကို ရင်ဆိုင်ရရင် သူရှင်သန်နိုင်နှုန်းကဘယ်လောက်ရှိမှာလဲ။”

“ဟုတ်တယ်!”

“ရန်ပေါင်ချီက အရမ်းမဆင်မခြင်နိုင်လွန်းတယ်။ သူက တတိယအလွှာကို လက်လွတ်စပယ် ဘယ်လိုစိန်ခေါ်ရဲတာလဲ။”

“အရင်တုန်းက အရမ်းမြင့်မားတဲ့အရည်အချင်းရှိတဲ့ အင်မော်တယ်မျိုးနွယ်ရဲ့ပါရမီရှင်တော်တော်များများက ဒုတိယအလွှာကို ဝင်ရောက်ပြီး အင်မော်တယ်ဘုရင်တွေဖြစ်နိုင်တဲ့အလားအလာရှိပေမဲ့ သူတို့က တတိယအလွှာကို ဝင်ချင်နေတုန်းပဲ။ နောက်ဆုံးမှာတော့ သူတို့က တတိယအလွှာကိုသွားတဲ့လမ်းမှာ သေဆုံးသွားကြတယ်။ သူတို့ရဲ့အလောင်းတွေအပြင်အရိုးတွေတောင် မကျန်ခဲ့ဘူး။”

“ဟုတ်တယ်။”

“သူတို့သာ တတိယအလွှာကို မသွားခဲ့ရင် အခုအချိန်လောက်ဆို ငါတို့အင်မော်တယ်မျိုးနွယ်မှာ အင်မော်တယ်ဘုရင်တွေရဲ့အရေအတွက်က (၁၀၈) ဆိုတဲ့ ပုံသေကန့်သတ်ချက်ကို ချိုးဖြတ်ပြီးတာကြာလောက်ပြီ။”

“ဒီလိုဆိုရင် ရန်ပေါင်ချီက ဒုတိယအလွှာကို ဝင်ရောက်ပြီး အင်မော်တယ်ဘုရင်ဖြစ်နိုင်တဲ့အလားအလာ တကယ်ရှိတာဖြစ်နိုင်တယ်။ ဒါပေမဲ့ သူက တတိယအလွှာရဲ့ပုံရိပ်ယောင်စမ်းသပ်မှုထဲမှာ သေသွားဖို့ အလားအလာအရမ်းများတယ်။”

အင်မော်တယ်ဘုရင်တော်တော်များများက ရန်ပေါင်ချီရဲ့ရလဒ်ကို တွက်ချက်လိုက်ကြတယ်။

သူတို့က သူ့ကို အထင်မကြီးကြဘူး။

“ရန်ပေါင်ချီ မသေဘူး။” အင်မော်တယ်ဘုရင် လင်းလုံက အသံတိုးတိုးနဲ့ပြောတယ်။

“ရန်ပေါင်ချီမသေဘူးဆိုတာ ခင်ဗျားဘယ်လိုသိလဲ။” သွေးအရှင် အင်မော်တယ်ဘုရင်က မေးခွန်းထုတ်တယ်။

“ဘာလို့လဲဆိုတော့ ရန်ပေါင်ချီရဲ့ကံကြမ္မာက မပျောက်ကွယ်သေးလို့ပဲ။” အင်မော်တယ်ဘုရင် လင်းလုံက ပြောတယ်။

“ရယ်စရာပဲ။” သွေးအရှင် အင်မော်တယ်ဘုရင်က အော်လိုက်တယ်”လျှို့ဝှက်နက်နဲကမ္ဘာတစ်ခုလုံးရဲ့ကောင်းကင်လျှို့ဝှက်ချက်တွေက ဒီလောက်ရှုပ်ထွေးနေပြီ။ လုံးဝယုံလို့မရတော့ဘူး။”

“ကောင်းကင်လျှို့ဝှက်ချက်တာအိုရဲ့နက်နဲမှုကို မင်းကဘယ်လိုသိမှာလဲ။” အင်မော်တယ်ဘုရင် လင်းလုံက အေးစက်စွာပြောတယ်။

ချင်းဖုန်းယွီက ဒီအချိန်မှာ ရန်ပေါင်ချီအတွက် စကားပြောရတဲ့အကြောင်းရင်းက သဘာဝအတိုင်းပဲ အရင်တုန်းက သူ့အသက်ကိုကယ်တင်ပြီး ပထမအလွှာရဲ့ပုံရိပ်ယောင်စမ်းသပ်မှုကို အောင်မြင်စေခဲ့လိုဖြစ်တယ်။

ချင်းဖုန်းယွီက ရန်ပေါင်ချီကို ကျေးဇူးတင်နေတယ်။

ဘာပဲဖြစ်ဖြစ် သူက သူ့အသက်ကို ကယ်တင်ခဲ့တယ်။

ဒီကနေကြည့်ရင် ချင်းဖုန်းယွီရဲ့စိတ်နေစိတ်ထားက တကယ်ကိုပွင့်လင်းပြီး ဖြောင့်မတ်တယ်ဆိုတာ ထင်ရှားတယ်။ သူက ကျေးဇူးနဲ့ရန်ငြိုးကို ရှင်းရှင်းလင်းလင်းခွဲခြားတယ်။ သူက ရန်ပေါင်ချီရဲ့အသက်ကယ်တင်ခဲ့တဲ့ကျေးဇူးကို မှတ်ထားပြီး သူ့ကိုပြန်ဆပ်ချင်နေတယ်။

ချင်းဖုန်းယွီရဲ့စိတ်နေစိတ်ထားက ယုတ်မာပြီး သစ္စာဖောက်တစ်ယောက်ဖြစ်ခဲ့ရင် ဒီလိုအခြေအနေအောက်မှာ သူက ရန်ပေါင်ချီကို အင်မော်တယ်ဘုရင် ကောင်းကင်ဂူထဲက အင်မော်တယ်ဘိုးဘေးနန်းတော်ပတ်လည်က မီတာတစ်သန်းရှိတဲ့အတိဒုက္ခတိမ်တိုက်ထဲမှာ သေဆုံးသွားတာကို တွေ့ခဲ့တယ်လို့ ပြောလို့ရတယ်။

အဲ့ဒီအချိန်မှာ အင်မော်တယ်ဘုရင် လင်းလုံ ဘယ်လောက်ပဲဇွဲရှိရှိ အသုံးမဝင်တော့ဘူး။

အင်မော်တယ်ဘုရင် ကောင်းကင်ဂူက သေချာပေါက်ပိတ်သွားလိမ့်မယ်။

ချီမင်ကလည်း အင်မော်တယ်ဘုရင် ကောင်းကင်ဂူထဲမှာ ပိတ်မိနေလိမ့်မယ်။

ချင်းဖုန်းယွီက အသက်ကိုပြင်းပြင်းရှူပြီး သူ့ရဲ့စိတ်ကို တည်ငြိမ်အောင်လုပ်လိုက်တယ်။ သူက ဖရိုဖရဲဖြစ်နေတဲ့မြူခိုးထဲက အင်မော်တယ်ဘုရင် ကောင်းကင်ဂူရဲ့တံခါးကို ကြည့်ပြီးပြောတယ်”ဂျူနီယာညီလေးရန်၊ ငါပြောသင့်တာအားလုံးပြောပြီးပြီ၊ လုပ်သင့်တာအားလုံးလုပ်ပြီးပြီ။”

“နောက်ဆုံးရလဒ်က ဘယ်လိုဖြစ်လာမလဲဆိုတာကိုတော့ ငါဝင်စွက်ဖက်လို့မရသလို ဆုံးဖြတ်လို့လည်းမရဘူး။ ငါက အင်မော်တယ်ဘုရင်တွေကို ဘာဖြစ်ခဲ့လဲဆိုတာပဲ ပြောပြနိုင်တယ်။ ရိုးရိုးသားသားပြောရရင် ငါတကယ်အရမ်းစိတ်လှုပ်ရှားနေတယ်။ မင်းတကယ်တတိယအလွှာကို ခြေချပြီး အင်မော်တယ်မျိုးနွယ်ရဲ့အင်မော်တယ်ဘိုးဘေးရဲ့စစ်မှန်တဲ့အမွေအနှစ်ကို ရနိုင်တယ်။ အဲ့ဒီအချိန်ကျရင် ငါသေချာပေါက် လမ်းညွှန်မှုတောင်းဖို့ လာခဲ့မယ်!”

“မင်းမသေဖို့ ငါမျှော်လင့်တယ်! မဟုတ်ရင် နှမြောစရာကောင်းလိမ့်မယ်!”

အင်မော်တယ်ဘုရင် လင်းလုံနဲ့ သွေးအရှင် အင်မော်တယ်ဘုရင်က ငြင်းခုံနေကြသေးတယ်။ ပတ်ဝန်းကျင်မှာ ကျန်တဲ့အင်မော်တယ်ဘုရင်တွေကလည်း အမြင်အမျိုးမျိုးရှိကြတယ်။

အဓိကအမြင်နှစ်မျိုးရှိတယ်။

တစ်ခုက အင်မော်တယ်ဘုရင် ကောင်းကင်ဂူကို ပိတ်ဖို့ဖြစ်တယ်။

နောက်တစ်ခုက အင်မော်တယ်ဘုရင် ကောင်းကင်ဂူကို မပိတ်ဖို့ဖြစ်တယ်။

သူတို့က လုံးဝဆန့်ကျင်ဘက်ဖြစ်နေတယ်။

“မင်းတို့ ရန်ဖြစ်နေစရာမလိုတော့ဘူး။”

ဒီအချိန်မှာ အခြေအနေကို ထိန်းသိမ်းဖို့အတွက် ပထမ အင်မော်တယ်ဘုရင်က ထွက်လာတယ် “ရန်ပေါင်ချီ သေ၊ မသေဆိုတာကို ယာယီဆုံးဖြတ်ဖို့မဖြစ်နိုင်ဘူး။ ငါတို့သာ အင်မော်တယ်ဘုရင် ကောင်းကင်ဂူရဲ့အခြေအနေကို စုံစမ်းစစ်ဆေးနိုင်ရင်တောင်မှ အင်မော်တယ်ဘိုးဘေးနန်းတော်ကို စစ်ဆေးလို့မရဘူး။ လေဟာနယ်ကြေးမုံကို သုံးရင်တောင်မှ မရဘူး။”

“သေချာတာကတော့...”

“ရန်ပေါင်ချီက အင်မော်တယ်ဘိုးဘေးနန်းတော်ထဲကို တကယ်ဝင်ရောက်သွားပြီ။ သူက အင်မော်တယ်ဘိုးဘေးနန်းတော်ရဲ့ဒုတိယအလွှာကို ရောက်ဖို့ (၉၀)% အခွင့်အရေးရှိတယ်။ သူက အထွတ်အထိပ် အင်မော်တယ်ဘုရင်ကျင့်ကြံခြင်းနည်းလမ်းကို ရခဲ့မှာ သေချာတယ်။”

“ရန်ပေါင်ချီက ချင်းဖုန်းယွီနဲ့အတူတူပဲ ဖြစ်နိုင်တယ်။ သူက အင်မော်တယ်ဘုရင်ဖြစ်နိုင်တဲ့အလားအလာကို ပိုင်ဆိုင်ထားတဲ့ အင်မော်တယ်မျိုးနွယ်ရဲ့ပါရမီရှင်တစ်ယောက်ပဲ။အရင်တည်းက ချမှတ်ထားတဲ့စည်းမျဉ်းတွေအရ သူသေ၊ မသေဆိုတာကို ငါတို့မသိရတဲ့အခြေအနေအောက်မှာ အင်မော်တယ်ဘုရင် ကောင်းကင်ဂူက သူ့အတွက် နောက်ထပ်နှစ်တစ်ရာ ဆက်ဖွင့်ထားနိုင်တယ်!”

“နှစ်တစ်ရာကြာပြီးတဲ့နောက်မှာ ရန်ပေါင်ချီသာ အင်မော်တယ်ဘုရင် ကောင်းကင်ဂူထဲကနေ ထွက်မလာသေးရင် ပိတ်လိုက်ပါ။”

“ရန်ပေါင်ချီက အင်မော်တယ်ဘုရင်ဖြစ်နိုင်တဲ့အလားအလာ ဘယ်လိုရှိနိုင်မှာလဲ။” သွေးအရှင် အင်မော်တယ်ဘုရင်က လေးနက်စွာပြောတယ်။

အင်မော်တယ်ဘုရင် လင်းလုံက လှောင်ရယ်လိုက်တယ်”လူတိုင်းမြင်နိုင်တယ်။ ရန်ပေါင်ချီမှာ အင်မော်တယ်ဘုရင်ဖြစ်နိုင်တဲ့အလားအလာ ရှိ၊ မရှိဆိုတာ မင်းပြောတာနဲ့မဆိုင်ဘူး။”

“လူတိုင်းက အမှန်တရားကို စိတ်ထဲမှာ သိပြီးသားပဲ။”

“နှစ်တစ်ရာ!”

“အရမ်းမကြာဘူးလား။”

“ဟုတ်တယ်!”

“ဘာပဲဖြစ်ဖြစ် အစီအစဉ်က စတင်ခဲ့ပြီးပြီ။ ငါတို့ဒီမှာနေရင် အစီအစဉ်ရဲ့တိုးတက်မှုကို ထိခိုက်စေမှာလား။”

အင်မော်တယ်ဘုရင်တွေက ပြောတယ်။

ပထမ အင်မော်တယ်ဘုရင်ရဲ့အကြည့်က နက်ရှိုင်းသွားတယ်။ သူက နေရာတစ်ခုကို ကြည့်ပြီး မထူးမခြားနားပြောတယ်”မထိခိုက်စေပါဘူး။ နတ်ဘုရားမျိုးနွယ်၊မိစ္ဆာမျိုးနွယ်၊ နတ်ဆိုးမျိုးနွယ်၊ လူသားမျိုးနွယ်၊ သရဲမျိုးနွယ်ဖြစ်စေ အရာအားလုံးက ငါတို့ထိန်းချုပ်မှုအောက်မှာ ရှိနေတယ်။”

“အစီအစဉ်က စတင်ပြီးတာနဲ့ ရပ်တန့်မှာမဟုတ်ဘူး၊ ဒါကြောင့် တားဆီးဖို့ကြိုးစားတဲ့အရာအားလုံးက ကြေမွသွားလိမ့်မယ်။”

ဒီအချိန်မှာ ပထမ အင်မော်တယ်ဘုရင်က ဆက်မပြောတော့ဘူး။

“နှစ်တစ်ရာ။” ချင်းဖုန်းယွီက ခဏလောက်စဉ်းစားလိုက်တယ် “ဒါလုံလောက်သင့်တယ်။”

တကယ်တော့...

ယဲ့ဟန်ဖုန်း၊ ရှကျွမ်းနဲ့တခြားသူတွေက အရမ်းထိတ်လန့်နေကြတယ်။ တကယ်ပဲ သူတို့က အရင်ကမသိခဲ့ကြတဲ့ သိပ်မထူးချွန်တဲ့ရန်ပေါင်ချီမှာ အင်မော်တယ်ဘုရင်ဖြစ်နိုင်တဲ့အလားအလာ တကယ်ရှိလိမ့်မယ်လို့ မမျှော်လင့်ထားဘူး။ ဒါ့အပြင် အင်မော်တယ်ဘုရင် (၁၀၈)ပါးက သူ့အတွက် နောက်ထပ်နှစ်တစ်ရာ စောင့်ဆိုင်းနေကြတယ်။

“နှစ်တစ်ရာ!”

“ဒါက...”

“ငါတို့ဒီမှာ နောက်ထပ်နှစ်တစ်ရာ နေချင်တာလား။”

“ဒါက အင်မော်တယ်ဘုရင်တွေက ချမှတ်ထားတဲ့ဆုံးဖြတ်ချက်ဖြစ်ကတည်းက ငါတို့လိုက်နာရုံပဲတတ်နိုင်တယ်။”

“ဒါဆိုရင် စောင့်ကြရအောင်...”

အင်မော်တယ်ဘုရင် အမွေခံတပည့်တွေက ဆွေးနွေးနေကြတယ်။

သာမန်လူသားတွေအတွက်တော့ နှစ်တစ်ရာက တစ်သက်တာဖြစ်နေပြီ။

အင်မော်တယ်ဘုရင် (၁၀၈) ပါးအတွက်တော့ နှစ်တစ်ရာက ကျင့်ကြံပြီးနောက်မှာ ကုန်ဆုံးသွားလိမ့်မယ်။

မကြာပါဘူး။

ရှိနေတဲ့အင်မော်တယ်ဘုရင် အမွေခံတပည့်တွေအတွက်တောင် နှစ်တစ်ရာက လက်မခံနိုင်စရာမဟုတ်ဘူး။

သူတို့စောင့်နိုင်တယ်။

အထူးအစီအရင်ထဲမှာ လေဟာနယ်ကြေးမုံက ထိန်းချုပ်ထားပြီး ကြွယ်ဝတဲ့ဝိညာဉ်စွမ်းအင်တွေနဲ့အတူ သူတို့က ပြည့်ပြည့်ဝဝကျင့်ကြံနိုင်ပြီး ရန်ပေါင်ချီထွက်လာတာကို စောင့်နိုင်တယ်။

ဒါကြောင့် အရေးကြီးတဲ့အရာတစ်ခုခုကို မသက် ရောက်စေဘူး။

အင်မော်တယ်ဘုရင် ကောင်းကင်ဂူရဲ့အနက်ရှိုင်းဆုံးနေရာမှာ။

အင်မော်တယ်ဘိုးဘေးနန်းတော်ရဲ့တတိယအလွှာမှာ။

ချီမင်က တင်ပျဉ်ခွေထိုင်နေတယ်။ သူ့ပတ်လည်မှာ ဖြစ်စဥ်အမျိုးမျိုးပေါ်လာပြီး သူက ဉာဏ်အလင်းပွင့်တဲ့အခြေအနေထဲကို ဝင်ရောက်သွားတယ်။အဲ့ဒီ့အပြင် သူက အမှန်တရားတော်တော်များများကို သိရှိပြီးပြီ။

ပထမဆုံးအနေနဲ့ သူက သူ့ရှေ့က သုံးမီတာမြင့်ပြီး တစ်မီတာကျယ်တဲ့ရှေးဟောင်းတံခါးက အင်မော်တယ်တွေရဲ့အထွတ်အထိပ်ရတနာဖြစ်ပြီး အဲ့ဒါကို အချိန်ကာလရတနာ: ကမ္ဘာ့တံခါးလို့ခေါ်တယ်ဆိုတာ သိလိုက်တယ်။

ဟုတ်တယ်။

ဒါက အချိန်ကာလရတနာ: ကမ္ဘာ့တံခါးရဲ့တကယ့်ကိုယ်ထည်ဖြစ်တယ်။

ချီမင်က အချိန်ကာလရတနာ: ကမ္ဘာ့တံခါးကို မသန့်စင်နိုင်သလို မကျွမ်းကျင်နိုင်ဘူး။

သူ့မှာ ခံစားချက်တစ်ခုရှိတယ်။

သူသာ အချိန်ကာလရတနာ: ကမ္ဘာ့တံခါးကို သန့်စင်ပြီး ကျွမ်းကျင်ဖို့ကြိုးစားရင် သူက လက်ရှိမှာမခုခံနိုင်တဲ့ကပ်ဘေးတစ်ခုကို သေချာပေါက်ဆွဲဆောင်မိလိမ့်မယ်။

အချိန်ကာလရတနာ: ကမ္ဘာ့တံခါးက အင်မော်တယ်မျိုးနွယ်ရဲ့အခြေခံအုတ်မြစ်လို့ ဆိုနိုင်တယ်။ အချိန်ကာလရတနာ: ကမ္ဘာ့တံခါးသာမရှိရင် အင်မော်တယ်ကမ္ဘာကိုဖန်တီးမယ့်အစီအစဉ်က ဖြစ်နိုင်မှာမဟုတ်ဘူး။

အချိန်ကာလရတနာ: ကမ္ဘာ့တံခါးသာမရှိရင် အင်မော်တယ်မျိုးနွယ်မှာ အင်မော်တယ်ဘုရင်ရှိလာမှာမဟုတ်ဘူး။

ပြောရရင်...

အချိန်ကာလရတနာ: ကမ္ဘာ့တံခါးနဲ့ပတ်သက်ပြီး ချီမင်က ဒုတိယအလွှာရုပ်တုကနေရခဲ့တဲ့အင်မော်တယ်ဘုရင်ကျင့်ကြံခြင်းနည်းလမ်းဖြစ်တဲ့ ဖုန်းရွှေအထွတ်အထိပ်နည်းစနစ်ကနေ သိလိုက်ရတယ်။

ချီမင်က အချိန်ကာလရတနာ: ကမ္ဘာ့တံခါးက လေဟာနယ်စကြဝဠာပင်လယ်ရဲ့တခြားကမ္ဘာတွေကို ဆက်သွယ်နိုင်ပြီး ကမ္ဘာတွေကြားမှာ သွားလာနိုင်တဲ့စွမ်းအားရှိတယ်ဆိုတာပဲ သိတယ်။

ဒါကြောင့် အချိန်ကာလရတနာ: ကမ္ဘာ့တံခါးက တခြားကမ္ဘာတွေနဲ့ ဆက်သွယ်နိုင်တယ်။ အဲ့ဒါက တခြားကမ္ဘာတွေကို ဖြတ်သန်းသွားတဲ့အခါမှာ လေဟာနယ်စကြဝဠာပင်လယ်နဲ့ ဆက်သွယ်ပြီး လေဟာနယ်လေက အချိန်ကာလရတနာ: ကမ္ဘာ့တံခါးကနေတစ်ဆင့် စိမ့်ဝင်လာစေတယ်။ လေဟာနယ်လေက လေဟာနယ်ကပ်ဘေးချီနဲ့ နီဗားနားလေအဖြစ် ပြောင်းလဲသွားတယ်။

အချိန်ကာလရတနာ: ကမ္ဘာ့တံခါးရဲ့အထဲကနေရာလွတ်မှာ တည်ရှိနေတဲ့ ဖရိုဖရဲအရောင် ကောင်းကင်နဲ့မြေကြီး မဟာတာအိုစာလုံးက အချိန်အကြာကြီးကတည်းက တည်ရှိခဲ့တာဖြစ်တယ်။

မူလအစ အင်မော်တယ်ဘုရင်က အချိန်ကာလရတနာ: ကမ္ဘာ့တံခါးကို မရခင်မှာ ဒီလိုဖရိုဖရဲအရောင် ကောင်းကင်နဲ့မြေကြီး မဟာတာအိုစာလုံးတစ်ခု ရှိခဲ့တယ်။

အဲ့ဒါက အရမ်းရှေးကျတယ်။

အဲ့ဒါက တကယ်အမှန်လား၊အမှားလားဆိုတာကို ဆုံးဖြတ်ဖို့ခက်ခဲတယ်။

ဒါက ချီမင်က အဲ့ဒီထဲကနေ နားလည်ခဲ့တဲ့အခြေအနေနဲ့သတင်းအချက်အလက်ဖြစ်တယ်။

တကယ်တော့...

အရင်တုန်းက မူလအစ အင်မော်တယ်ဘုရင်က အထဲကနေရာလွတ်ရဲ့တည်ရှိမှုကို မတွေ့ခဲ့တာဖြစ်နိုင်ခြေအရမ်းများပြီး ဖရိုဖရဲအရောင် ကောင်းကင်နဲ့မြေကြီး မဟာတာအိုစာလုံးရဲ့တည်ရှိမှုကို မတွေ့ခဲ့ရဘူး။

အခုတော့ ချီမင်က သန့်စင်ခြင်းသုံးပါး တာအိုကျမ်းကို ကျင့်ကြံပြီး ကောင်းကင်နဲ့မြေကြီးမဟာတာအိုကို နားလည်ထားတယ်။ အဲ့ဒီတော့မှ သူက အထဲကနေရာလွတ်က ဖရိုဖရဲအရောင် ကောင်းကင်နဲ့မြေကြီး မဟာတာအိုစာလုံးနဲ့ ပဲ့တင်ထပ်လာတာဖြစ်တယ်။

“ငါ ထိပ်တန်းအ‌ဆင့်ဝိညာဉ်ကျောက်တုံး (၁၀၀,၀၀၀) ကို ဖြည့်မယ်။”

ဉာဏ်အလင်းပွင့်တဲ့အခြေအနေမှာ ချီမင်ကအလိုအလျောက်ကျင့်ကြံခြင်းစနစ်ကို မွေးရာပါအကျင့်အတိုင်းသုံးပြီး ပြောလာတယ်”အလိုအလျောက်ကျင့်ကြံခြင်းကိုစပြီး ဖရိုဖရဲအရောင် ကောင်းကင်နဲ့မြေကြီး မဟာတာအိုစာလုံးကို နားလည်ပါ။”

တင်း!

“ဖြည့်သွင်းခြင်းအောင်မြင်ပါတယ်။”

“လက်ခံသူက အဆသန်းတစ်ရာမြှင့်တင်မှုအောက်မှာ ကျင့်ကြံပါလိမ့်မယ်။သင်က ဖရိုဖရဲအရောင် ကောင်းကင်နဲ့မြေကြီး မဟာတာအိုစာလုံးကို နားလည်ပြီး ကောင်းကင်နဲ့မြေကြီးရဲ့မဟာတာအိုကို နားလည်ကာ မဟာတာအိုနည်းလမ်းကို တွက်ချက်နိုင်ပါလိမ့်မယ်...”

အသိပေးချက်တစ်ခု ပေါ်လာတယ်။

ချီမင်က ပိုကြောက်စရာကောင်းတဲ့အခြေအနေတစ်ခုထဲကို ဝင်ရောက်သွားတယ်။ သူက အလိုအ‌လျောက်ကျင့်ကြံခြင်းကနေတစ်ဆင့် ကျင့်ကြံနေတဲ့အပြင်ဉာဏ်အလင်းပွင့်တဲ့အခြေအနေအောက်မှာ အတူနားလည်နေတယ်။ ဒီလိုနဲ့ သူက နောက်ဆုံးတော့ ဖရိုဖရဲအရောင် ကောင်းကင်နဲ့မြေကြီး မဟာတာအိုစာလုံးကို နားလည်နိုင်တဲ့မျှော်လင့်ချက်နဲ့ ကောင်းကင်နဲ့မြေကြီးရဲ့မဟာတာအိုကို နားလည်ပြီး မဟာတာအိုနည်းလမ်းကို ဖန်တီးနိုင်မယ့်ဖြစ်နိုင်ခြေကို တွေ့လိုက်ရတ

All Chapters