← Chapters

ငါ့ကို ကပ်နေတာလား

Vol. 15 Ch. 223

ငါ့ကို ကပ်နေတာလား

Vol. 15 Ch. 223

ရုတ်တရက် ဆူညံမှုတစ်ခုကြောင့် အင်မော်တယ်ဘုရင်တွေ အကုန်လုံး ထိတ်လန့်သွားကြတယ်။ ဒါက သူတို့ ဒီလိုအခြေအနေမျိုးနဲ့ ပထမဆုံးအကြိမ် ကြုံဖူးလို့ဖြစ်တယ်။အထူးအစီအရင်ကြီးနဲ့ အင်မော်တယ်ဘုရင်ရဲ့ ကောင်းကင်ဂူပါသက်ရောက်ခံလိုက်ရတယ်။

ဒါက ဘာနဲ့တူလဲဆိုတော့...

အင်မော်တယ်ဘုရင်ကောင်းကင်ဂူထဲမှာ စွမ်းအားကြီးတဲ့ အထွတ်အထိပ်ဖြစ်တည်မှုတစ်ခု မွေးဖွားလာသလိုဖြစ်တယ်။ အဲဒီဖြစ်တည်မှုရဲ့ ဖိအားက အရမ်းကြောက်စရာကောင်းပြီးအဲ့ဒီဖြစ်တည်မှုက အထူးအစီအရင်ကိုတောင် သူ့အလိုလို လည်ပတ်သွားစေတယ်။

“ဒါ... ဒါက...”

“ဘာဖြစ်တာလဲ။”

“အင်မော်တယ်ဘုရင် ကောင်းကင်ဂူမှာ တစ်ခုခုဖြစ်ပုံရတယ်...”

“ဒီလို...”

“ဒါဆို... ရန်ပေါင်းချီ မသေသေးတာများလား...”

ပတ်ဝန်းကျင်မှာရှိတဲ့ အင်မော်တယ်ဘုရင်အမွေခံတပည့် (၂၀၀၀) ကျော်လောက်ကလည်း ဒီဆူညံမှုကြောင့်ထိတ်လန့်သွားကြတယ်။ အကုန်ကြည့်လာကြပြီး အံ့သြသွားကြတဲ့ မျက်နှာတွေနဲ့ ဆွေးနွေးနေကြတယ်။

ပထမဆုံး တုံ့ပြန်မှုက ရန်ပေါင်းချီ အသက်ရှင်နေသေးလားဆိုတာ ခန့်မှန်းကြတာဖြစ်တယ်။ ဒီဆူညံမှုက သူ့ကြောင့်ဖြစ်တာများလား။

သွေးအရှင် အင်မော်တယ်ဘုရင်က တကယ့်ကို ကြောင်သွားတယ်။ သူ အလိုလို ရပ်သွားပြီး ချိတ်စည်းဖွဲ့စည်းတာကို ဆက်မလုပ်တော့ဘူး။ ချိတ်စည်းက တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး အဆက် မပြတ်ပြောင်းလဲနေတဲ့ ဖရိုဖရဲမြူခိုးတွေကို ကြည့်လိုက်တယ်”ဘယ်လို... ဘယ်လိုဖြစ်နိုင်မှာလဲ!”

“ဟူး..”

“အံ့သြစရာပဲ။”

“ဒီလောက်ကြီးမားတဲ့အုတ်အုတ်သဲသဲကို ဖြစ်စေတယ်။”

“ရန်ပေါင်းချီက အင်မော်တယ်ဘုရင်ရဲ့ ကောင်းကင်ဂူထဲမှာ ဘာတွေလုပ်ခဲ့တာလဲ။”

“ရန်ပေါင်းချီက အင်မော်တယ်ဘိုးဘေးနန်းတော်ရဲ့ တတိယအလွှာကို တကယ်ရောက်ပြီး အင်မော်တယ်မျိုးနွယ်ရဲ့ စစ်မှန်တဲ့အမွေအနှစ်ကို ရသွားတာများလား။ ဒီဆူညံမှုက တကယ့်ကို လန့်စရာကောင်းလွန်းတယ်။”

“ဒီလို...”

“ရန်ပေါင်းချီမှာ အင်မော်တယ်ဘိုးဘေး ဖြစ်လာနိုင်တဲ့ အလားအလာ တကယ်ရှိနေတာလား။”

ဒီအချိန်မှာ အင်မော်တယ်ဘုရင်ကောင်းကင်ဂူကို ပိတ်ဖို့ စိတ်ကူးထားတဲ့ အင်မော်တယ်ဘုရင်တွေက ရပ်လိုက်ကြတယ်။ သူတို့က ဖရိုဖရဲမြူခိုးတွေ ပြောင်းလဲလာတာနဲ့ ဖြစ်ပေါ်လာတဲ့ ထူးခြားဖြစ်စဉ်ကို စောင့်ကြည့်နေကြတယ်။ အထူးအစီအရင်ကြီးကလည်း အနည်းငယ်တုန်ခါသွားတယ်။

ဟိန်းဟောက်သံတစ်ခု ပေါ်လာတယ်။

သားရဲအော်သံလည်း မဟုတ်သလို နဂါးအော်သံလည်း မဟုတ်ဘူး။ အဲဒီအစား ကောင်းကင်နဲ့မြေကြီးမဟာတာအိုတွေ ပဲ့တင်ထပ်နေတယ်။ ဒါက ရှိနေတဲ့အင်မော်တယ်တွေကိုတုန်လှုပ်သွားစေတဲ့အရမ်းကို နက်နဲတဲ့ ကောင်းကင်နဲ့မြေကြီးရဲ့ တာအိုသံစဉ်ဖြစ်တယ်။

“ဒါက...”

“ကောင်းကင်နဲ့မြေကြီး တာအိုသံစဉ်။”

“အာ...” အင်မော်တယ်ဘုရင် (၁၀၈) ပါးလုံး အရမ်းကို အံ့အားသင့်နေကြတယ်။

သူတို့ ကောင်းကောင်းသိကြတယ်။

ကောင်းကင်နဲ့မြေကြီးတာအိုသံစဉ်ကို ထုတ်လုပ်နိုင်တယ်ဆိုတာ ဘယ်လောက်တောင် ကြောက်စရာကောင်းပြီး မယုံနိုင်စရာကောင်းလဲဆိုတာကိုဖြစ်တယ်။ မဟာယနအဆင့် တည်ရှိမှုတစ်ခုက အထက်ကမ္ဘာကို တက်လှမ်းတဲ့အခါမှသာ ကောင်းကင်နဲ့မြေကြီးတာအိုသံစဉ်ကို ထုတ်လုပ်နိုင်တယ်။ ဒါက ကောင်းကင်နဲ့မြေကြီးရဲ့ လက်ဆောင်ဖြစ်တယ်။

အင်မော်တယ်ဘုရင်တစ်ပါးက စစ်မှန်ဝိညာဉ် တာအိုချိတ်စည်းကို ပုံဖော်ပြီး သူရဲ့ စစ်မှန်ဝိညာဉ်ကို ကမ္ဘာတစ်ခုဆီ အောင်မြင်စွာ ပေးအပ်လိုက်တဲ့အခါမှာလည်း ကောင်းကင်နဲ့မြေကြီးတာအိုသံစဉ်ကို ထုတ်လုပ်လေ့ရှိတယ်။

ချီမင်က အခြေတည်ဝိညာဉ်အဆင့် ၊ဗလာနယ်စွန့်ခွာခြင်းအဆင့် နဲ့ ဝိညာဉ်ဖွဲ့တည်ခြင်းအဆင့် ကို ရောက်တုန်းကလည်း မယုံနိုင်လောက်အောင်ကြီးမားပြီးတက်လှမ်းခြင်းနဲ့တောင်ယှဉ်နိုင်တဲ့ထူးခြားဖြစ်စဉ်တွေကို ဖန်တီးခဲ့ဖူးတယ်။

ဒီတစ်ကြိမ်မှာ ချီမင်က ဖရိုဖရဲ မဟာတာအိုကျမ်းရဲ့ ပထမအတွဲကို ဖန်တီးခဲ့တာကြောင့် ဖြစ်ပေါ်လာတဲ့ ထူးခြားဖြစ်စဉ်ကအစကတည်းက ပိုပြီး ကြောက်စရာကောင်းပြီး မယုံနိုင်စရာကောင်းတယ်။ ဒါပေမဲ့ အထူးအစီအရင်ကြီးကြောင့် ထူးခြားဖြစ်စဉ်ကို ဖိနှိပ်ထားပြီး ဖုံးကွယ်ထားနိုင်တယ်။

မဟုတ်ရင် ဗဟိုဒေသတစ်ခုလုံး ကောင်းကင်နဲ့မြေကြီး တာအိုသံစဉ်နဲ့ ပဲ့တင်ထပ်နေလောက်ပြီ။

အင်မော်တယ်ဘုရင် (၁၀၈) ပါးလုံး ဒါကို သဘာဝအတိုင်း သိကြတယ်။အထူးအစီအရင်က ထူးခြားဖြစ်စဉ်ကို ဖိနှိပ်ထားပြီး ဖုံးကွယ်ထားလို့အခုလို အံ့အားသင့်နေကြတယ်။ ဒီအချိန်မှာ ဖရိုဖရဲ မဟာတာအိုကျမ်း ပထမအတွဲက ဖန်တီးထားတဲ့ကမ္ဘာ့ထူးခြားဖြစ်စဉ်က နောက်ဆုံးတော့ အပြည့်အဝ ဖြစ်ပေါ်လာတယ်။ ကောင်းကင်ပေါ်ကအထူးအစီအရင်မှာ ဖရိုဖရဲတွေ ပျံ့နှံ့ပြီး ဖရိုဖရဲကမ္ဘာတစ်ခု ဖြစ်ပေါ်လာတယ်။

ဒီဖရိုဖရဲကမ္ဘာထဲမှာ အထွတ်အထိပ်ပုဂ္ဂိုလ်တစ်ဦးကအဆုံးမဲ့စွမ်းအားနဲ့ရပ်တည်နေတယ်။

သူက အနိုင်မခံအရှုံးမပေးသလိုမျိုး ပြင်းထန်မှုမျိုးရှိတယ်။

သူက ဖရိုဖရဲတွေကို ထောက်ပံ့ပေးထားတယ်။

သူက အရာအားလုံးကို ဖိနှိပ်ထားတယ်။

ဒါက ဖရိုဖရဲ စစ်မှန်ခန္ဓာရဲ့ ထူးခြားတဲ့ဖြစ်စဉ်ဖြစ်တယ်။

“အားလုံး ရပ်ကြ။”

ပထမ အင်မော်တယ်ဘုရင်က ကောင်းကင်မှာ ပေါ်လာတဲ့ ဖရိုဖရဲစစ်မှန်ခန္ဓာ ထူးခြားဖြစ်စဉ်ကို စူးစိုက်ကြည့်နေတယ်။သူက ထိတ်လန့်သွားပြီးပြောတယ် “ငါတို့ အင်မော်တယ်ဘုရင်ရဲ့ ကောင်းကင်ဂူကို ဒီအချိန်မှာ ပိတ်လို့မရသေးဘူး။”

“ဟုတ်ကဲ့။”

ကျန်တဲ့ အင်မော်တယ်ဘုရင်တွေကလည်းရပ်နေကြတာကြာပြီ။

ဒီလို မမျှော်လင့်ထားတဲ့ အခြေအနေမျိုးနဲ့ ကြုံရတော့ သူတို့ အင်မော်တယ်ဘုရင်ရဲ့ ကောင်းကင်ဂူကို သဘာဝအတိုင်း ဆက်ပိတ်ထားလို့ မရနိုင်တော့ဘူး။

“လေဟာနယ် ကြေးမုံ။”

ပထမ အင်မော်တယ်ဘုရင်က ညင်သာစွာ အော်လိုက်တယ်။သူကသူ့ ညာလက်ကို ဝှေ့ယမ်းလိုက်တော့ ကြီးမားဝိုင်းစက်တဲ့ကြေးမုံတစ်ချပ် ပေါ်လာတယ်။ အဲဒါကစက်ဝိုင်းပုံ လေဟာနယ်ကြေးမုံဖြစ်တယ်။ကြေးမုံက အဆုံးမဲ့လေဟာနယ်ရဲ့ မြင်ကွင်းကို ထင်ဟပ်နေပုံရတယ်။ ကြေးမုံရဲ့ ဘောင်ကကိုယ့်အမြီးကိုယ် ကိုက်နေတဲ့ မြွေပုံစံကိုအဝိုင်းပုံစံဖြစ်တယ်။ ကြေးမုံရဲ့ နောက်ဘက်မှာတော့ နက်နဲ ပုံစံတွေကို ဖန်တီးထားတယ်။

“စကြဝဠာထွန်းလင်းခြင်း။”

ပထမ အင်မော်တယ်ဘုရင်က လေဟာနယ်ကြေးမုံကို ထပ်ပြီး အသက်သွင်းလိုက်ပြီး အင်မော်တယ်ဘုရင် ကောင်းကင်ဂူမြင်ကွင်းကို ထင်ဟပ်ပြလိုက်ပေမဲ့ ချီမင်ကို ရှာမတွေ့ဘူး။

အင်မော်တယ်ဘိုးဘေးနန်းတော်က ကောင်းကင်လျှို့ဝှက်ချက်တွေကို ဖုံးကွယ်ထားတယ်။ လေဟာနယ်ကြေးမုံတောင် ဘာခြေရာမှ ရှာမတွေ့ဘူး။

“အင်မော်တယ်ဘုရင် ကောင်းကင်ဂူမှာ ဘာတွေဖြစ်နေတာလဲ”

“ရန်ပေါင်းချီကို ရှာတွေ့ပြီလား” “အတိအကျ ဘာဖြစ်သွားတာလဲ”

အင်မော်တယ်ဘုရင်တွေက ကြည့်လိုက်ကြတယ်။

လေဟာနယ်ကြေးမုံထဲမှာ အင်မော်တယ်ဘုရင်ကောင်းကင်ဂူမှာ ဘာမှ ထူးခြားတာမရှိဘူး။ ရန်ပေါင်းချီရဲ့ သဲလွန်စကိုမတွေ့သလိုအခြားအင်မော်တယ်ဘုရင်အမွေခံတပည့်တွေကိုလည်း ရှာမတွေ့ဘူး။ အင်မော်တယ်ဘိုးဘေးနန်းတော်ရဲ့ နေရာကိုလည်း ရှာမတွေ့ဘူး။

“ဒါက...”

အင်မော်တယ်ဘုရင်တွေ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး အတွေးနက်သွားကြတယ်။ ပထမ အင်မော်တယ်ဘုရင်က လက်ကို ထပ်ဝှေ့ယမ်းလိုက်တော့ ဖရိုဖရဲမြူခိုးတွေ ပတ်ပတ်လည်မှာ ပျံ့နှံ့လာပြီး လေဟာနယ်ကြေးမုံကို မြှုပ်နှံလိုက်ကာ ပျောက်ကွယ်သွားတယ်။ သူ လေဟာနယ်ကြေးမုံကို သိမ်းလိုက်တယ်ဆိုတာ သိသာတယ်။

“လေဟာနယ်ကြေးမုံက အင်မော်တယ်ဘုရင်ကောင်းကင်ဂူထဲမှာ ရန်ပေါင်းချီရဲ့ ခြေရာကို ရှာမတွေ့ဘူး။”

ပထမ အင်မော်တယ်ဘုရင်ကပြောတယ် “တခြား အင်မော်တယ်ဘုရင်အမွေခံတပည့်တွေကိုလည်း ငါတို့ ရှာမတွေ့ဘူး။ တစ်နည်းအားဖြင့် ရန်ပေါင်းချီက အင်မော်တယ်ဘိုးဘေးနန်းတော်ထဲမှာပဲ ရှိနေ‌သေးတယ်။ ဒါကြောင့် ဒီလိုဖြစ်လာတာ။”

“ဒါဆို အခု ဘာလုပ်ကြမလဲ” အင်မော်တယ်ဘုရင်တစ်ပါးက မေးတယ်။

“ဆက်စောင့်ရအောင်။”

ပထမ အင်မော်တယ်ဘုရင်က အသံတိုးတိုးနဲ့ ပြောတယ် “ဒီလိုထူးခြားဖြစ်စဉ် ပေါ်လာပြီဆိုတော့ ရန်ပေါင်းချီ မသေသေးဘူးဆိုတာကို ဆိုလိုတယ်။ သူ အပြင်ထွက်တော့မယ်ထင်တယ်။” “ဒီလိုဆို...”

“ဒါပဲ လုပ်နိုင်တယ်။”

“တကယ်မမျှော်လင့်ထားဘူး။”

“နောက်ဆုံးအချိန်မှာ ဒီလိုထူးခြားဖြစ်စဉ်နဲ့ ဆူညံမှုကရုတ်တရက် ပေါ်လာတယ်။ ဒါကသာ ခမ်းနားပြီး ဖရိုဖရဲအဖြစ် ပြောင်းလဲသွားမယ်ဆိုရင် တကယ့်ကိုမယုံနိုင်စရာပဲ။”

“ရန်ပေါင်းချီ ထွက်လာရင် ဘာဖြစ်မလဲဆိုတာ ကြည့်ရမယ်။”

အင်မော်တယ်ဘုရင်တွေက ဆွေးနွေးနေကြတယ်။

အင်မော်တယ်ဘုရင် လင်းလုံရဲ့ မျက်နှာမှာလည်း စိတ်လှုပ်ရှားတဲ့ အမူအရာ ပေါ်လာတယ်။ “သေစမ်း...” သွေးအရှင် အင်မော်တယ်ဘုရင်ရဲ့ မျက်နှာက မည်းသည်းသွားတယ်။

အင်မော်တယ်ဘိုးဘေးနန်းတော်ရဲ့ တတိယအလွှာမှာ။

ချီမင်က ဖရိုဖရဲ မဟာတာအိုကျမ်း ပထမအတွဲကို အပြည့်အဝ တွက်ချက်ပြီးပြီ။ ဒါ့အပြင် သူက ပထမအတွဲရဲ့ အစောပိုင်းအဆင့်ကို ကျွမ်းကျင်ပြီး သူရဲ့ သ်ိုင်းနည်းစနစ်နဲ့ အံ့ဖွယ်စွမ်းအားအားလုံးကို ထိန်းချုပ်နိုင်ပြီ။

ပြီးတော့ သူက ဖရိုဖရဲ မဟာတာအိုကျမ်းပထမအတွဲကို စတင်ကျင့်ကြံဖို့ ကြိုးစားတယ်။ ဒီမဟာတာအိုနည်းစနစ်က ချီမင်ရဲ့ မျှော်လင့်ချက်တွေထက် ကျော်လွန်နေတယ်။ ဒါက အရမ်းကို ကြောက်စရာကောင်းပြီး စွမ်းအားကြီးတယ်။

တကယ်တော့...

ကျင့်ကြံနေတုန်းမှာ ချီမင်က ဝိညာဉ်စွမ်းအင်ကို စုပ်ယူနိုင်တဲ့အပြင် ပတ်ဝန်းကျင်က လေဟာနယ်ကပ်ဘေးချီနဲ့ နီဗားနားလေကိုလည်း စုပ်ယူပြီး သူရဲ့ ကိုယ်ပိုင်စွမ်းအင် ဖြစ်အောင် သန့်စင်နိုင်တယ်။

လျှို့ဝှက်ဆန်းကြယ်မှု အမျိုးမျိုးက သူ့စိတ်ထဲကို တိုးဝင်လာတယ်။

ဖရိုဖရဲ မဟာတာအိုကျမ်းပထမအတွဲကဘက်စုံရတဲ့ မဟာတာအိုနည်းလမ်းတစ်ခုဖြစ်တယ်။

ချီမင်က ဖရိုဖရဲ မဟာတာအိုကျမ်းရဲ့ ပထမအတွဲကို ကိုယ်တိုင်ကျင့်ကြံဖို့ အတော်လေးခက်ခဲတာ တွေ့ရတယ်။ လိပ်တစ်ကောင် တွားသွားနေသလိုဖြစ်နေတယ်။ သူ့ရဲ့ တိုးတက်မှုနှုန်းက အရမ်းနှေးပြီးပိတ်မိသလိုဖြစ်နေတယ်။

နောက်တစ်စက္ကန့်မှာတော့ အချိန်ကာလရတနာ ကမ္ဘာ့တံခါးအထဲမှာ ဖရိုဖရဲ ကောင်းကင်နဲ့မြေကြီး မဟာတာအိုစာလုံးက ဖရိုဖရဲ မဟာတာအိုကျမ်း ပထမအတွဲကို ဆွဲဆောင်လိုက်တယ်။ နှစ်ဖက်လုံးက နောက်ထပ် မဟာတာအိုပဲ့တင်သံကို ထုတ်လုပ်လိုက်တယ်။

ဖရိုဖရဲ ကောင်းကင်နဲ့မြေကြီး မဟာတာအိုစာလုံးက အချိန်ကာလရတနာကမ္ဘာ့တံခါးရဲ့ အထဲနေရာလွတ်ကနေ မမြင်နိုင်တဲ့ အလင်းစီးကြောင်းတစ်ခုလို ထွက်လာတယ်။ အဲဒါက ချီမင်ရဲ့ နဖူးအလယ်ကနေ သူ့ခန္ဓာကိုယ်ထဲကို ပေါင်းစည်းဝင်ရောက်သွားတယ်။

ဖရိုဖရဲ ကောင်းကင်နဲ့မြေကြီး မဟာတာအိုစာလုံး ရောက်သွားတဲ့နေရာက ချီမင်ရဲ့ ဒန်ထျန်း မဟုတ်ဘူး။ အဲဒီအစား ချီမင်ရဲ့ ဦးနှောက်ရဲ့ အနက်ရှိုင်းဆုံးအပိုင်းကို ရောက်သွားတယ်။

အဲဒါက ချီမင်ရဲ့ ဝိညာဉ်၊ သိစိတ်နဲ့ စစ်မှန်ဝိညာဉ်တို့ရဲ့ နေရာဖြစ်တယ်။

အခုတော့ ဖရိုဖရဲ ကောင်းကင်နဲ့မြေကြီး မဟာတာအိုစာလုံး ဝင်လာတယ်။

ချီမင်ရဲ့ ဝိညာဉ်၊ သိစိတ်နဲ့ စစ်မှန်ဝိညာဉ်တွေက ဖရိုဖရဲ ကောင်းကင်နဲ့မြေကြီး မဟာတာအိုစာလုံးနဲ့စွန်းထင်းသွားတယ်။ အချိန်တိုင်းမှာ ဖရိုဖရဲ ကောင်းကင်နဲ့မြေကြီး မဟာတာအိုစာလုံးကို နားလည်နေတာနဲ့တူတယ်။

ချီမင် အရမ်းပျော်သွားတယ်။

ဖရိုဖရဲ ကောင်းကင်နဲ့မြေကြီး မဟာတာအိုစာလုံးက အရမ်းနက်နဲတယ်။ဉာဏ်အလင်းပွင်းတဲ့အခြေအနေမှာအလိုအလျောက်ကျင့်ကြံခြင်းစနစ်ရဲ့ အဆသန်း(၁၀၀)မြှင့်တင်မှုနဲ့အတူ ချီမင်က နှစ် (၁၀၀)ပြည့်တဲ့အထိ နားလည်ခဲ့တယ်။ ဒါပေမဲ့ သူက လျှို့ဝှက်ဆန်းကြယ်မှုရဲ့ တစ်စိတ်တစ်ပိုင်းကိုပဲ နားလည်ပြီး အဲဒါကို အခြေခံပြီး ဖရိုဖရဲ မဟာတာအိုကျမ်း ပထမအတွဲကို ဖန်တီးခဲ့တာဖြစ်တယ်။

ဒါက မယုံနိုင်စရာကောင်းတယ်။

ချီမင်က ဖရိုဖရဲအရောင် ကောင်းကင်နဲ့မြေကြီး မဟာတာအိုစာလုံးတစ်ခုလုံးကို နားလည်နိုင်မယ်ဆိုရင် သူ ဘယ်အဆင့်ကို ရောက်နိုင်မလဲ။ မူလအစအင်မော်တယ်ဘုရင်ရဲ့ အဆင့်ကို ရောက်နိုင်မလား။ ဒါမှမဟုတ် အဲဒါကိုတောင် ကျော်လွန်နိုင်မလား။

“ထိပ်တန်းအဆင့် ဝိညာဉ်ကျောက်တုံး (၁၀၀,၀၀၀)ကို ဖြည့်မယ်။” ချီမင်ကပြောတယ် “ဖရိုဖရဲ မဟာတာအိုကျမ်း ပထမအတွဲကို ကျင့်ကြံမယ်။”

တင်း!

“ဖြည့်သွင်းခြင်း အောင်မြင်ပါတယ်။”

“အဆသန်း (၁၀၀)မြှင့်တင်မှုအောက်မှာ ဖရိုဖရဲ မဟာတာအိုကျမ်း ပထမအတွဲကို ကျင့်ကြံနေပါတယ်။”

သတိပေးချက်တစ်ခု ပေါ်လာတယ်။

“ထိပ်တန်းအဆင့် ဝိညာဉ်ကျောက်တုံး (၁၀၀,၀၀၀) ကို ဖြည့်မယ်။” ချီမင်က ဆက်ပြောတယ် “အလိုအလျောက်ကျင့်ကြံခြင်းကနေတစ်ဆင့် ဖရိုဖရဲ ကောင်းကင်နဲ့မြေကြီး မဟာတာအိုစာလုံးကို နားလည်မယ်။”

တင်း!

“ဖြည့်သွင်းခြင်း အောင်မြင်ပါတယ်။”

“အဆသန်း(၁၀၀) မြှင့်တင်မှုအောက်မှာ ဖရိုဖရဲ ကောင်းကင်နဲ့မြေကြီး မဟာတာအိုစာလုံးကို နားလည်ခဲ့ပါတယ်။”

သတိပေးချက်တစ်ခု ပေါ်လာတယ်။

“တော်ပြီ။”

ချီမင်က ထရပ်လိုက်ပြီး သူ့လက်ချောင်းတွေနဲ့ တွက်ချက်လိုက်တယ်”ငါ ဒီမှာ အနှစ်တစ်ရာတိတိနားလည်ခဲ့တာပဲ။ ကံကောင်းလို့ အင်မော်တယ်ဘုရင်ရဲ့ ကောင်းကင်ဂူက မပိတ်သေးဘူး။ မဟုတ်ရင် ထွက်ဖို့ ဒုက္ခရောက်နေမှာ။”

ရုတ်တရက် အချိန်ကာလရတနာကမ္ဘာ့တံခါးက နည်းနည်း တုန်ခါသွားတယ်။ မူလအစစွမ်းအင်ရဲ့ တစ်စိတ်တစ်ပိုင်းက ပင်မကိုယ်ထည်ကနေ ခွဲထွက်ပြီး ကိုယ်ပွားအဖြစ် ပြောင်းလဲသွားတယ်။

ပြီးတော့ ဒီကိုယ်ပွားက ချီမင်ရဲ့ ခန္ဓာကိုယ်ထဲကို လျင်မြန်စွာ ပေါင်းစပ်သွားတယ်။

“ဒါက...”

ချီမင် ချက်ချင်း လန့်သွားတယ်။

သိပ်မစဉ်းစားဘဲ သူက ထပ်ပြီး တင်ပျဉ်ခွေထိုင်လိုက်ပြီး သူ့ခန္ဓာကိုယ်ကို အာရုံခံလိုက်တယ်။ သူက အချိန်ကာလရတနာကမ္ဘာ့တံခါးကနေ ဖြစ်ပေါ်လာတဲ့ ကိုယ်ပွားကို ချက်ချင်းခံစားမိလိုက်တယ်။

အချိန်ကာလရတနာကမ္ဘာ့တံခါးနဲ့ အတော်လေးတူတဲ့ သေးငယ်တဲ့တံခါးလေးတစ်ခု ရှိတယ်။

ဒါက အချိန်ကာလရတနာကမ္ဘာ့တံခါးရဲ့ မူလအစစွမ်းအင်ရဲ့ တစ်စိတ်တစ်ပိုင်းကနေ ဖြစ်ပေါ်လာတဲ့ကိုယ်ပွားတစ်ခု ဖြစ်ပေမဲ့ မယုံနိုင်စရာကောင်းတဲ့ စွမ်းအားတွေလည်း ပါဝင်နေတယ်။

ချီမင်က ဒီကိုယ်ပွားကို အသုံးပြုပြီး အချိန်ကာလရတနာကမ္ဘာ့တံခါးရဲ့ကိုယ်ထည်အစစ်နဲ့ အချိန်မရွေး ဆက်သွယ်နိုင်တယ်။

“ဘာကိုဆိုလိုတာလဲ”

ချီမင် မျက်မှောင်ကြုတ်လိုက်တယ်။ သေးငယ်တဲ့တံခါးလေးက သူ့ရဲ့ ဒန်ထျန်းထဲမှာ နေထိုင်နေတယ်။ အဲဒါက သန့်စင်ခြင်းသုံးပါးအခြေတည်ဝိညာဉ် သုံးခုရဲ့ ဘေးမှာ လွင့်မျောနေပြီး လုံးဝမလှုပ်ရှားဘူး။ “ငါ့ကို ကပ်နေတာလား”

All Chapters