← Chapters

ဗိုလ်လုပွဲ

Vol. 3 Ch. 45

ဗိုလ်လုပွဲ

Vol. 3 Ch. 45

ကျန်နှစ်ရက်အတွင်းမှာ ပိုင်လင်းတယောက် လျှပ်စီးခြေလှမ်းကို အပြင်းအထန်လေ့ကျင့်ရင် တဖက်မှာလည်း အဆင့်ချိုးဖြတ်ဖို့ ကြိုးစားနေ ခဲ့တယ်။

လျှပ်စီးခြေလှမ်းမှာ ပိုင်လင်းက တစတစအသာ ကျနေခဲ့ပြီး သူရွေ့လျားလိုက်တိုင်း သေးငယ်တဲ့ လျှပ်စီးကြောင်းလေးတွေက အနောက်မှာလူရိပ် သဏ္ဍန်ကျန်နေခဲ့တာကို သာမန်မျက်စိနဲ့တောင် မြင်နိုင်ခဲ့တယ်။

ဒီရက်တွေမှာ ထျန်းနင်တို့က လက်ဝေ့နည်းစနစ် ကိုအခြေခံထိ ပိုင်နိုင်သွားခဲ့ပြီး တဖက်မှာလည်း ကျိလင်က အဆင့်၇ အလယ်လတ်ထိ ထိုးတက် သွားခဲ့တယ်။

ဇောင်လင်းနဲ့ပွဲကရတဲ့ ဒဏ်ရာတွေကတော့အရှ င်းပျောက်ကင်းသွားခဲ့ပြီး အမာရွတ်တောင်မ ကျန်တော့ပါဘူး။ မူလကထက်ပိုတောက်ပြောင် တဲ့အသားအရေဖြစ်လာပြီး ကြွက်သားတည် ဆောက်ပုံက အတော်လေးကြည့်ကောင်းလာနေ တာကို သူသတိပြုလိုက်တယ်။

ကြွက်သားတွေက ထုထည်ကြီးမားတာမျိုးမဟု တ်ပဲ တင်းရင်းပြီး နေရာအလိုက်အသားတကျ ရှိနေတာမျိုးဖြစ်တော့ ယောက်ကျားတယောက် အနေနဲ့ အတော်လေးကြည့်ကောင်းတဲ့ ခန္ဓာကို ယ်ပုံစံတခု ပိုင်ဆိုင်ထားတာလို့ ဆိုနိုင်တယ်။

ပိုင်လင်းက လျှပ်စီးခြေလှမ်းကိုသုံးပြီး ခြံဝန်း ထဲရွေးလျားနေတယ်။ မြန်ဆန်တဲ့ရွေ့လျားမှုက တစက္ကန့်ကို မီတာ၂၀ နီးပါးရောက်နေပြီး ဒါက သူ့ကန့်အသတ်မဟုတ်သေးပါဘူး။

ကျယ်ဝန်းတဲ့နေရာမှာဆိုရင် မီတာ၅၀ လောက် ထိရွေ့လျားနိုင်မှာပါ။ ကျိလင်ကပိုင်လင်းအတွ က်မနက်စာစီမံပေးပြီးနောက် တန်တန်လေးကို ထိန်းရင်း ခြံဝန်းထဲလေ့ကျင့်နေတဲ့ ပိုင်လင်းကို ချစ်မြတ်နိုးစွာ ငေးကြည့်နေခဲ့တယ်။

“ဒီကောင်စုတ်က အခြေခံထိရောက်သွားခဲ့တာ လား နှစ်ရက်တည်းနဲ့လေ”

ချီယောင်ကတော့ ပိုင်လင်းရဲ့လှုပ်ရှားမှုပုံစံကို ကြည့်ရင်းမှင်သက်နေတယ်။ သူမလိုပါရမီရှင် တောင် အခြေခံအဆင့်ကိုရောက်ဖို့ ၃ပတ်တိတိ ကြာမြင့်ခဲ့တာပါ။

“ဒီကောင်က နည်းစနစ်ပိုင်းနားလည်မှုမှာ ထိပ် ဆုံးထဲက ထိပ်ဆုံးဖြစ်နေမှာတောင် ကြောက်ရ တယ်”

ချီယောင်လည်း မနာလိုစိတ်အနည်းငယ်နဲ့တီး တိုးရေရွတ်လိုက်တယ်။ လျှပ်စီးခြေလှမ်းရဲ့အ ခြေခံအဆင့်မှာ လျှပ်စီးကြောင်းလေးတွေထုတ် ဖော်နိုင်ပြီး ရွေ့လျားမှုက အလင်းတခုဖြတ်သန် သွားသလို ရိပ်ခနဲ ရွေ့လျားစေတာပါ။

သူမပိုင်လင်းကိုပေးလိုက်တဲ့ ကျင့်စဥ်က အင်မော်တယ်အဆင့် ထိပ်တန်းကျင့်စဥ်ဖြစ်ပြီး မဟာချီပြည်နယ်ကြီးထဲမှာတောင် သူမတဦးတ ည်းတတ်မြောက်တဲ့ ကျင့်စဥ်ဖြစ်တယ်။ သူမမ တိုင်ခင်ကတော့ အချို့ကျင့်ကြံသူတွေလေ့ကျင့် ခဲ့ကြပေမယ့် သူမလိုနှောင်းပိုင်းအဆင့်ထိရော က်အောင်တော့ ဘသူမှမကျင့်ကြံနိုင်ခဲ့ကြဘူး။

အကြောင်းရင်းက ကျင့်စဥ်က ရှုပ်ထွေးပြီး ရိုးရှင်းတဲ့ကိုယ်ဟန်နဲ့ ရှုပ်ထွေးတဲ့နည်းစနစ်နှစ်ခု ရောထားတာကြောင့် လှည့်ကွက်တခုလိုဖြစ်နေ တယ်လေ။

ပိုင်လင်းအတွက်ကတော့ လက်ဝေ့နဲ့ မွှေထိုင်းန ည်းစနစ်ကို ပိုင်နိုင်ထားခြင်းက ရိုးရှင်းတဲ့ကိုယ် ဟန်ကိုပုံဖော်ရာမှာအထောက်အကူ ပြုနိုင်စွမ်း မြင့်မားပြီး ထူးချွန်တဲ့နားလည်နိုင်စွမ်းကြောင့် လည်း ၂ရက်အတွင်း အခြေခံအဆင့်ထိအောင် မြင်ခဲ့တယ်။

ထိုရက်တွေမှာ သင်းပျံ့ကောင်းကင်မြို့တခုလုံး အုံးအုံးကြွတ်စည်ကားနေတယ်။ အဓိက ပိုင်လ င်းလို လူငယ်တဦးနဲ့ မီးတောက်ဂိုဏ်းရဲ့ ပါရမီရှ င်ကြားတိုက်ပွဲကြောင့်ဖြစ်တယ်။

ပြိုင်ပွဲသတင်းကို ကြားထားတဲ့အခြားမြို့ကလူ တွေလည်း ထပ်မံရောက်ရှိလာတာက မြို့အတွ င်းစီးပွားရေးလုပ်ငန်းတွေကို အကျိုးအမြတ်ရ စေပြီး လောင်းကစားဒိုင်တွေကလည်း အပြိုင် အဆိုင်ကြေးဖွင့်လာကြတယ်။

ဟုတ်ပါတယ်။ ဗိုလ်လုပွဲအတွက် ယုလုံက 1:2 ဆဖြစ်ပြီး ပိုင်လင်းကတော့ 1:3.5 ဖြစ်တယ်။ ကြေးဖွင့်ပြီးတဲ့နောက်မှာ များပြားတဲ့ကျင့်ကြံ သူတွေက ပုံအောလောင်းလာကြပြီး ယုလုံရဲ့ အစွမ်းအစကိုသိထားပြီး ဇောင်လင်းနဲ့ပွဲက ဒ ဏ်ရာရသွားတဲ့ပိုင်လင်းက ပုံမှန်အတိုင်းပဲကြေး အရတဆင့်ခွဲလောက်နိမ့်ကျသွားတယ်။

“ပိုင်လင်း ဒီဗိုလ်လုပွဲကအရေးကြီးတယ် လိုအပ် ရင်လက်နက်သုံးပါ”

မော့ပေက သတိပေးတယ်။ ယုလုံရဲ့ခွန်အားအ ရ ရုပ်ပိုင်းဆိုင်ရာသက်သက်ရင်ဆိုင်ဖို့ဆိုတာမ ဖြစ်နိုင်မှန်း သူလည်းသိထားတယ်လေ။

“ငါသိပါတယ်”

ပိုင်လင်းကတော့ ဗိုလ်လုပွဲအတွက် ဖိအားလျော့ နည်းနေပြီး ပြိုင်ပွဲအတွင်းမှာ အဆင့်ချိုးဖြတ်ဖို့ တွေးနေခဲ့တယ်။ နောက်ပြီး ပထမအဆင့်နှောင်း ပိုင်း ရွှေခန္ဓာကိုယ်က ယုလုံရဲ့ဓားချက်ကိုခုခံနိုင် လိမ့်မယ်လို့ သူယူဆတယ်။

“နင့်ရဲ့အားသာချက်က ရုပ်ခွန်အားနဲ့အလျင်ပဲ ဒါပေမယ့် ယုလုံရဲ့ဝှက်ဖဲက ဘာဖြစ်မလဲငါမသိ ဘူး ဒါကြောင့်နင်လုံးဝမပေါ့ဆနဲ့”

ချီယောင်က ထိုစကားကိုအကြိမ်များစွာအသိ ပေးနေခဲ့တယ်။ သူမကိုယ်တိုင်တောင် ယုလုံကို ဖောက်မမြင်တဲ့အတွက် စိုးရိမ်နေခဲ့တာပါ။

ပြိုင်ပွဲနေ့ကိုရောက်လာတော့ လမ်းမကြီးတွေ ပေါ်မှာ လူတွေပြည့်ကျပ်နေပြီး စည်ကားနေတ ယ်။ တန်တန်လေးက စျေးသည်တွေနဲ့ ပြည့်ကျ ပ်နေတဲ့လူအုပ်ကြီးကိုကြည့်ပြီး တခစ်ခစ်နဲ့သ ဘောကျနေတယ်။

သူမက ကလေးမလေးသာဖြစ်လို့ အခြေနေကို မသိပါဘူး။ သူမရဲ့မိခင်ဖြစ်တဲ့ကျိလင်ကတော့ ပိုင်လင်းအတွက် စိတ်ပူနေခဲ့ပြီး အရေးကြီးဆုံး ဗိုလ်လုပွဲမှာ မတော်တဆဖြစ်သွားလေမလား စိုးရိမ်နေတယ်။

ပြိုင်ပွဲကွင်းရှိရာကို မော့ပေ ထျန်းနင် ထျန်းချင် ရှန်ယု လျှိုချင်းဖုန်းတို့နဲ့အတူသွားရင်း တဖက် ကလည်း ကျိလင်ရဲ့လက်ကို ဆွဲကိုင်ထားတယ် သူတို့ကြား ဆက်ဆံရေးကအတည်ပြုပြီးသား ဖြစ်သွားပါပြီ။ တန်တန်ကတော့ ပိုင်လင်းရဲ့လ က်ပေါ်မှာပေါ့လေ။

လူအုပ်ကြီးက ပိုင်လင်းတို့ဖြတ်သွားတာကိုမြင် တော့တီးတိုးပြောဆိုကြတယ်။ ထိုအထဲမှာ အစေခံမလေးကို ဇနီးတင်မြှောက်တဲ့အကြောင် အရာတွေပါ ပါနေတယ်။

ပိုင်လင်းက အရာအားလုံးကိုလျစ်လျူရှုလိုက် ပြီး ပြိုင်ပွဲနေရာကိုပဲ တည့်တည့်မတ်တ်သွားနေ ခဲ့တယ်။ ဒီတပွဲက သင်းပျံ့ကောင်းကင်မြို့မှာ သူ့ဖန်တီးမယ့် အင်အားတည်​ဆေက်ရေးလမ်းစ ဥ်အတွက် ပထမဆုံးခြေလှမ်းဖြစ်တယ်။

ပြီးရင်တော့ နောက်ထပ်အင်အားစုတွေကိုရင် ဆိုင်ပြီး မြို့တော်ကိုလွှမ်းမိုးတာမျိုးပေါ့လေ။

…………………………………………………

All Chapters