← Chapters

အခန်း (၃၁)

Vol. 3 Ch. 31

အခန်း (၃၁)

Vol. 3 Ch. 31

ဆေးလုံးထဲမှာပါတဲ့ စွမ်းအင်တွေက ချောင်းင ယ်လေးတခုလို အလင်းမှတ်တွေကိုဖြတ်ပြီးရစ် ခွေစီးဆင်းနေခဲ့တယ်။

အလင်းမှတ်အသစ်တခုထပ်မပွင့်လာပေမယ့် တတိယအလင်းမှတ်ပြီးနောက် နောက်ထပ်အ လင်းမှတ်တွေက ပိုင်လင်းရဲ့ခွန်အားကိုနောက် တဆင့်မြင့်စေမယ်ဆိုတာ သူသိနေတယ်။

အခြေခံအဆင့်ရဲ့ အစောပိုင်းတွေတုန်းကနဲ့မတူ ညီတာက အဆင့်၅ ကနေ ၄ကိုတက်လှမ်းတာ ကပိုခက်ခဲပီး ပိုကြာလာတာပဲ။ အဓိကအားဖြင့် ချီစီးကြောင်းတွေကို တနေရာတည်းမှာစုမနေဖို့ အချိန်တိုင်းသတိအပြည့်နဲ့ ဖြန့်ကြက်နေရတာပဲ ပိုင့်င်းရဲ့ခန္ဓာကိုယ်က တဆတ်ဆတ်တုန်ခါနေတ ယ်။

နာကျင်မှုက အစောပိုင်းအဆင့်တွေကထက်ပို များလာတာက ဘာသဘောလဲ။

“အဆင့်၄ကစပြီး အဆင့်မြင့်အဆင့်ရဲ့သဘော တရားမှာ ချီကိုယ်ထည်တခု ဖြစ်တည်လာတယ် အဲ့ဒါက အလင်းမှတ်တွေနဲ့ လုပ်ဆောင်ချက်တူ တယ် အဆင့်၅ အထက်ကျင့်ကြံသူတိုင်းမှာ အဲ့ လိုချီကိုယ်ထည်ရှိကြတယ်”

ချီကိုယ်ထည် တနည်းအားဖြင့် ချီပင်လယ်။

ချီယောင်က နာကျင်မှုကြောင့် ရှုံ့မဲ့နေတဲ့ပိုင်လ င်းကိုကြည့်ရင်း တဖြေးဖြေးရှင်းပြနေတယ်။ သူ ကသာမန်သူဘဝကနေ ကျင့်ကြံသူဖြစ်လာခဲ့ပြီး အသက်လွန်နေချိန်မှာမှ လမ်းကြောင်းစခဲ့ရသူ ဖြစ်နေတော့ အခက်ခဲပိုများပြီး ပိုလည်းကြိုး စားရတယ်။

“နာကျင်မှုကို ချီစီးကြောင်းနဲ့မျောချလိုက် အသိ ကပ်နေအောင်ထား ရွှေခန္ဓာကိုယ်ကျင့်စဥ်ကိုအ ဆက်မပြတ်လည်ပတ်နေ ချီစီးကြောင်းရဲ့ဖိအား က ရွှေခန္ဓာကိုယ်ပထမအဆင့်ရဲ့ အလယ်အလ တ်ထိ တွန်းပို့ပေးလိမ့်မယ် ဒါကနင့်အတွက်အ ကြီးမားဆုံးအပြောင်းအလဲပဲ”

ပိုင်လင်းက ချီယောင့်စကားအတိုင်း ကျင့်စဥ်ကို လှည့်ပတ်လိုက်တယ်။ နာကျင်မှုက တကိုယ်လုံး ကိုပြန့်နှံလြာပေမယ့် သူသာပထမအဆင့်ရဲ့အ လယ်အလတ်ကိုရောက်နိုင်ခဲ့ရင် သာမန်အဆင့် ၂ ကျင့်ကြံသူလောက်ကတော့ ရုပ်ပိုင်းဆိုင်ရာနဲ့ တင်အမှောက်သိပ်လို့ရလောက်တယ်။

အချိန်ကတရွေ့ရွေ့ ကုန်ဆုံးသွားပြီး ညစာစား ချိန်ကိုရောက်လာတယ်။ ကျိလင်တယောက်ဧ ည့်ခန်းထဲမှာထိုင်ပြီး ပိုင်လင်းအခန်းထဲကထွက် မလာသေးတဲ့အတွက် စိုးရိမ်နေပုံရှိတယ်။

ခဏကြာတော့ စိတ်ပိုင်းဖြတ်လိုက်ပြီး ပိုင်လင်း ရဲ့အခန်းဆီသွားဖို့ ဆုံးဖြတ်လိုက်တယ်။ ပိုင်လ င်တခုခုဖြစ်နေလား သူမသိချင်တယ်လေ။ တ ဖက်မှာ တန်တန်ကိုလည်း အိမ်ထဲမှာဆော့နေဖို့ မှာရတယ်။

ကျိလင်တယောက် ပိုင်လင်းအခန်းနားရောက် တော့ တိုးညင်းတဲ့ညီးတွားသံကြောင့် ထိတ်ခနဲ ဖြစ်သွားရပြီး အခန်းတံခါးကို ခပ်မြန်မြန်ပဲတွန်း ထွင့်လိုက်တယ်။

အို!

သူမရဲ့မျက်နှာက နီရဲသွားပြီး ဦးခေါင်းကိုချက် ချင်းပြန်လှည့်လိုက်တယ်။ သူမမြင်လိုက်ရတာ က သွေးချင်းချင်းရဲနေတဲ့ ခန္ဓာကိုယ်တခုကမ ည်သည့်အဝတ်အစားမှမပါပဲ ကုတင်ပေါ်မှာတ င်ပျဥ်ခွေထိုင်နေတာပါပဲ။

ပိုင်လင်းကတော့ သူမဝင်လာတာကိုသတိပြုမိ တဲ့ပုံမပေါ်ဘူး။ သူ့စိတ်ထဲမှာ ကျင့်စဥ်ကိုသာအ ဆတ်မပြတ်လည်ပတ်ရင်း လက်စသတ်ခါနီးအ ခြေနေကို အမြန်ကျော်လွှားချင်တာပဲရှိတယ်။

မိနစ်အနည်းငယ်ကြာတော့ ကျိလင်လည်းစိတ် ကိုတည်ငြိမ်အောင် ထားလိုက်ပြီးပိုင်လင်းနား ချဥ်းကပ်သွားတယ်။ ပြီးတော့ ဒါကပြင်းထန်တဲ့ လေ့ကျင်ရေးဖြစ်စဥ်တခုဆိုတာကို ရိပ်မိလိုက် တာနဲ့ သက်ပြင်းချလိုက်ပြီး အခန်းထဲကပြန်ထွ က်သွားခဲ့တယ်။

သူမရဲ့မျက်နှာလေးကတော့ စတော်ဘယ်ရီအ သီးတခုလား ရဲရဲနီနေတုန်းပဲ။

ဒီလိုနဲ့ ပိုင်လင်းသတိပြန်ဝင်လာတော့ ညလယ် ကိုရောက်နေလေပြီ။ ခန္ဓာကိုယ်ပေါ်ကသွေးတွေ ကိုသတိပြုမိလိုက်တော့ နှာခေါင်းတချက်ရှုံ့လို က်ပြီး ကျင့်ကြံရေးလမ်းစဥ်က အသက်အန္တရာ ယ်အပြင် နာကျင်မှုကိုခံစားရမှန်း သဘောပေါ က်သွားတော့တယ်။

ကိုယ်ပေါ်က သွေးနဲ့အညစ်အကြေးတွေကိုရှင်း ဖို့ရေချိုးခန်းထဲ ဝင်လိုက်တယ်။ ကျင့်ကြံရေးအ ဆင့်က အဆင့်၄ အလယ်အလတ်ထိရောက်နေ ခဲ့ပြီး ရွှေခန္ဓာကိုယ်ကလည်း ပထမအဆင့်အလ ယ်အလတ်ထိ ရောက်သွားတော့ ရုပ်ပိုင်းဆိုင်ရာ သန်မာမှုကို လှုပ်ရှားမှုမပြုပါပဲ သူ့အလိုလိုခံစား မိနေတယ်။

အသက်၂၀ အဆင့်၄ ဒါကထိပ်တန်းပါရမီရှင် တွေနဲ့ ယှဥ်လို့ရနေပါပြီ တခုရှိတာက ပိုင်လင်း လေ့ကျင့်ချိန်က တနှစ်အတွင်းပဲရှိနေတာကိုပဲ။ ကိုယ်လက်သန့်စင်ပြီး အပြင်ပြန်ရောက်တော့ ဗိုက်ထဲအနည်းငယ်ဆာသလို ခံစားနေတာကြော င့်အောက်ထပ်က မီးဖိုချောင်ဆီ သွားတယ်။

မီးဖိုချောင်က ရှင်းနေပြီး ကျိလင်က ပိုင်လင်း ပြီးရင်စားဖို့ ညစာအချို့ချန်ထားပုံရပါတယ်။ ပိုင်လင်းလည်း ကျိလင်ချန်ထားတဲ့ ညစာကိုဒီ အတိုင်းစားမယ်တွေးနေတုန်း မီးဖိုချောင်ထဲကို ကျိလင်ဝင်လာတယ်။

“ခနစောင့်ပါသခင်လေး ကျွန်မပြန်နွှေးပေးပါ့မ ယ်”

ကျိလင်ရဲ့အသံကြားတော့ ပိုင်လင်းအံ့သြသွား တယ်။ သူမကအခုထိမအိပ်သေးဘူးလား။

“အစ်မကျိလင်ခုထိ မအိပ်သေးဘူးလား”

ကျိလင်က ဦးခေါင်းကိုငုံ့ချလိုက်ပြီး တိုးညင်း တဲ့လေသံလေးနဲ့

“ဟင့်အင်း သခင်လေး လေ့ကျင့်ပြီးရင်ဗိုက်ဆာ မှာစိုးလို့ ညစာချန်ထားတာ ပထမပအိပ်မလို့ပါ ပဲ အိပ်မရတာနဲ့ အောက်ဆင်းလာတော့သခင် လေးနဲ့တွေ့တာပဲ ခနစောင့်ပါ ​ကျွန်မပြင်ဆင် ပေးပါ့မယ်”

သူမက ပိုင်လင်းရှေ့က ညစာကိုဆွဲယူပြီးမီးဖို ပေါ်ပြန်တင်တယ်။ ပြီးတော့ အချိန်အနည်းင ယ်အပူပေးနေလိုက်တယ်။

လရောင်က မီးဖိုချောင်ရဲ့ပြတင်းပေါက်ကနေ တဆင့် ကျိလင်ရဲ့ မျက်နှာကို စလိုက်မီးထိုးသ လိုဖြာဆင်းနေတယ်။ အရင်က အာဟာရချို့တဲ့ ခဲ့လို့ ပိန်ပါးတဲ့ကိုယ်က အခုတော့ပြည့်ဖြိုးသန် မာတဲ့ အမျိုးသမီးတဦးအသွင် ဆောင်နေခဲ့ပြီ။

လရောင်ရဲ့အလင်းကြောင့် အနည်းငယ်နီရဲနေ တဲ့ မျက်နှာလေးက ပန်းချီကားတချပ်အလား လှပသက်ဝင်နေတယ်။ ပိုင်လင်းလည်းအတန် ကြာငေးမောနေပြီးမှ အသိဝင်လာပြီးမျက်နှာ လွှဲလိုက်ရတယ်။

ကျိလင်လို မုဆိုးမတယောက်က ဒီလောကမှာ တော့နောက်ထပ် အိမ်ထောင်ပြုဖို့ မဖြစ်နိုင် တော့ပါဘူး။ ဒါက တင်းကြပ်စွာဖိနှိပ်ထားတဲ့ စည်းမျဥ်းတခုဖြစ်ပြီး အမျိုးသမီးတွေရဲ့အရေး ပါမှုက အသ်မတန်သေးငယ်ပါတယ်။

ပိုင်လင်းအတွက်ကတော့ ပျိုတာအိုတာထက် ရိုးသားပြီး မိန်းမပီသတဲ့ အမျိုးသမီးတွေကပို အလေးအနက်ထားခံရဖို့ သင့်တယ်လို့ယူဆသူ ဖြစ်တယ်။ ကျိလင်က ပိုင်လင်းသူမကိုငေးမော နေတာကို သတိပြုမိပုံရတယ်။ မျက်နှာကပိုနီရဲ သွားပြီး လက်တွေလည်းမသိမသာတုန်ယင် သွားတယ်။

ဒါပေမယ့် အချိန်ခဏအကြာမှာတော့ ညလယ် စာကိုအဆင်ပြေပြေ ရလာပြီးပိုင်လင်းလည်းစိ တ်မလုံသလိုခံစားရတာကြောင့် ခပ်သွက်သွက် စားလိုက်တယ်။ ပိုင်လင်းညလယ်စာစားနေုတုန် ကျိလင်က ပိုင်လင်းဘေးနားမှာထိုင်ပြီး လိုအပ် တာလုပ်ပေးဖို့အသင့်ထိုင်စောင့်နေခဲ့တယ်။

“သခင်လေး ညအစောပိုင်းတုန်းက လေ့ကျင့် နေတာဘာကျင့်စဥ်လဲ အရမ်းပြင်းထန်မယ့်ပုံ”

ပိုင်လင်းက သူမကိုတချက်ကြည့်လိုက်တယ်။ သူ့အနေနဲ့ သူမကိုယုံတဲ့အတွက် ဖုံးကွယ်ဖို့မလို ပါဘူး။

“ ရွှေခန္ဓာကိုယ်ကျင့်စဥ်လို့ ခေါ်တယ် ရုပ်ပိုင်း ဆိုင်ရာအတွက် သင့်တော်တယ်”

ကျိလင်က အတန်ကြာငြိမ်သက်သွားတယ်။ သူ တို့နှစ်ဦးကြား တိတ်ဆိတ်နေပြီး လေထုကတ မျိုးဖြစ်နေတယ်။ ပိုင်လင်းနဲ့အတူရှိနေစဥ်အ ချိန်တွင်းမှာပဲ ပိုင်လင်းက ရိုးသားပြီးယောကျား ပီသတဲ့စိတ်ရှိသူဆိုတာ သူမသိလာတယ်။

လေ့ကျင့်ချိန်နဲ့ မော့ပေတို့လာရောက်စကား ပြောနေချိန်ကလွဲရင် ကျန်အချိန်အများစုကိုသူ မနဲ့ တန်တန်လေးအတွက် အချိန်ပေးလေ့ရှိတ ယ်။ တန်တန်လေးကလည်း ဦးဦး ဦးဦးနဲ့ပိုင် လင်းကိုခင်တွယ်လွန်းပါတယ်။

“ဒါနဲ့ ကျင့်ကြံရတာ အဆင်ပြေရဲ့လား”

“ဟုတ်ကဲ့ ပြေပါတယ်”

ညစာကိုလက်စသတ်လိုက်ပြီး မီးဖိုချောင်ထဲက ပြန်ထွက်ဖို့ ပြင်တယ်။ ကျိလင်ကလည်း ပန်းက န်တွေကို အလျင်အမြန်ဆေးပြီး ပိုင်လင်းနော က်ထွက်လိုက်လာတယ်။

………………………………………………..

All Chapters