အခန်း (၃၂)
Vol. 3 Ch. 32
ညအချိန်တိတ်ဆိတ်နေတဲ့ကာလတခုမှာ အမျိုး သားတဦးနဲ့ အမျိုးသမီးတို့က ခန်းမထဲမှာထိုင် ပြီး ကျင့်ကြံရေးနဲ့ပက်သက်ပြီး ဆွေးနွေးနေခဲ့ တယ်။
“အစ်မအနေနဲ့ ကျင့်ကြံတာကိုဆန္ဒရှိတယ်ဆိုပေ မယ့် ပြင်းပြင်းထန်ထန်လုပ်စရာမလိုပါဘူး”
“ကျွန်မသိပါပြီ”
ကျိလင်ကိုတချက်ကြည့်ရုံနဲ့ သူမကသူ့လောက် နီးနီးကြိုးစားနေတာကို သတိပြုမိတယ်။ အပြင် ပန်းမှာ ပစ်ချက်မရှိပေမယ့် အချိန်အများစုကို လေ့ကျင့်နေတာကြောင့် နွမ်းနယ်နေတဲ့ပုံရှိတယ်
“ကောင်းပြီ မနက်ကျ တန်တန်လေးကိုခေါ်ပြီး မြို့ထဲအလည်ပတ်သွားကြတာပေါ့ ဒီရက်ပိုင်း တန်တန်လေးအပြင်မထွက်ဖြစ်ဘူးလေ”
အဓိက ပြိုင်ပွဲနီးကပ်လာချိန် အခြေနေကိုသိလို ပြီး နောက်ကွယ်က အနေထားကြောင့် တခြား အင်အားစုတွေက ဒီတိုင်းကြည့်နေမလားဆိုတာ သိချင်တာပဲ။
“ဟုတ်ကဲ့ သခင်လေး အနားယူလိုက်ပါ ကျွန်မ သွားပါတော့မယ်”
ကျိလင်က အရိုအသေပေးပြီး အပေါ်ထပ်တက် သွားတယ်။ သိမ်သိမ်မွေ့မွေ့ထွက်ခွာသွားတဲ့ ကျိလင်ရဲ့နောက်ကျောကို ကြည့်ပြီး မီးစတခုလို ပူလောင်လာတယ်။
ဟူး… ဒီရက်ပိုင်း ငါအစ်မကျိလင်ကိုခံစားချက် တွေရှိလာတာလား။
“ဒါက ပုံမှန်ပဲ အဆင့်၄ အထက်မှာ ချီကိုယ်ထ ည်တည်ဆောက်တာက ခန္ဓာကိုယ်ရဲ့လုပ်ငန်း ဆိုင်ရာအချို့ကို နှိုးဆွပေးတော့ လိင်စိတ်ထ ကြွမှု ဖြစ်လေ့ရှိတယ်”
ချီယောင်က ရှင်းပြတယ်။ ပိုင်လင်းလည်းခေါင် ညိတ်ပြလိုက်ပြီး ဘုရင်မကော သူ့လိုဖြစ်ခဲ့သ လား ဘယ်လိုဖြေရှင်းခဲ့သလဲ သိချင်စိတ်ဖြစ်မိ သွားတယ်။
“ပေါက်ကရအတွေးတွေ ဖယ်လိုက်စမ်းငါ့တုန်း ကငါ့မှာအဲ့ပြဿနာကိုဖြေရှင်းဖို့ နည်းလမ်း ထောင်ချီရှိတယ်”
ပိုင်လင်းရဲ့မတော်တလျော် အတွေးကိုသတိပြု မိဟန်နဲ့ ချီယောင်က ငေါက်ငမ်းလာတယ်။
“ကောင်းပါပြီ”
ပိုင်လင်းလည်း ရှက်ရွံစွာနဲ့ ညစ်ညမ်းတဲ့အတွေး တွေကိုဖယ်ထုတ်လိုက်တယ်။ သူတို့ကစိတ်ဝိ ဉာဥ်ချိတ်ဆတ်ထားလို့ အချို့အတွေးတွေက သိနိုင်မယ်ဆိုတာ ပိုင်လင်းနားလည်ထားတယ်။
တညလုံး အနားယူပြီးနောက်မှာ လန်းလန်းဆန်း ဆန်းပဲနိုးလာတယ်။ ကိုယ်လက်သန့်စင်ပြီးနော က် ကျိလင်တို့နဲအတူ မနက်စာစားတယ်။ ပြီး တော့တန်တန်လေးကိုချီပြီး မြို့ထဲထွက်လာခဲ့ တယ်။
“ဦးဦး မီးမီးအတွက် မုန့်တွေအများကြီးဝယ် ကျွေးမှာလား”
“ဒါပေါ့မီးမီရဲ့”
“ဟေး..”
တန်တန်လေးက ပိုင်လင်းရဲ့လက်ပေါ်ကနေပြီး ပျော်ရွှင်နေဟန်နဲ့ ခန္ဓာကိုယ်လေးကို လူးလွန့်နေ တယ်။ ပြည့်ဖောင်းတဲ့ပါးလေးတွေ ဝိုင်းစက်ရွှန် လဲ့တဲ့မျက်လုံးဝိုင်းကြီးတွေကြောင့် သူမလေး ကိုတွေ့သူတိုင်းက ချစ်စရာလေးလို့ မပြောပဲမ နေနိုင်အောင်ဖြစ်သွားစေတယ်။
အသားအရေကလည်း နူးညံ့ပြီးကြည်စင်နေတ ယ်။ နက်မှောင်တဲ့ ဆံပင်ရှည်တွေကို ကျိလင်က အသေအချာစည်းနှောင်ထားပြီးတော့ စျေးအ သင့်တင့်ရှိပြီး လှပတဲ့ ပန်းရောင်ဂါဝန်လေးဝတ် ဆင်ထားတာကြောင့် မင်းသမီးငယ်လေးလား ထင်မှတ်မှားစေတယ်။
မြို့လယ်လမ်းမက ထုံးစံအတိုင်းလူပြည့်နေပြီး ပြိုင်ပွဲနီးကပ်လာတာနဲ့အမျှ ဒီထက်ပိုများလာဖို့ ပဲရှိတယ်ဆိုတာ ပိုင်လင်းသတိထားမိတယ်။ တ န်တန်လေးက လမ်းဘေးဝဲယာက စားစရာဆိုင် အချို့ကို လက်ညှိုးထိုးပြီး ပိုင်လင်းကလည်း သူမလေးပူဆာသမျှ လုံးဝငြင်းပယ်ခြင်းမရှိပါ ဘူး။
ကျိလင်တို့သားအမိက သူ့ရဲ့ဆွေမျိုးတွေဖြစ်နေ ပြီလို့ယူဆထားတဲ့အပြင် သူကိုယ်တိုင်ကလည်း ဒီသားအမိအပေါ် လေးနက်တဲ့ခံစားချက်အချို့ ရှိနေပြီးသားပါ။ ကျိလင်ကတော့ အရမ်းအလို လိုက်နေတဲ့ ပိုင်လင်းကိုသာ ခေါင်းတယမ်းယမ်း နဲ့စိတ်မသက်သာစွာကြည့်နေခဲ့ပြီး တဆက်တ ည်းမှာလဲ ဒါကမိသားစုတခုစျေးဝယ်ထွက်နေ သလိုခံစားရတာကြောင့် အနည်းငယ်ရှက်ရွံသ လိုခံစားနေမိသေးတယ်။
အချိန်အနည်းငယ်ကြာတော့ စားသောက်ဆိုင် တခုဝင်ပြီး အနားယူကြတယ်။ ဆိုင်ကမြို့လ ယ်မှာဖွင့်ထားတဲ့အတွက် လူစုံပြီးသတင်းအချို့ ရနိုင်လိမ့်မယ်လို့ ပိုင်လင်းထင်တယ်။
“ရေနွေးတအိုး ပေါက်စီနှစ်ပွဲနဲ့ အသားပေါင်းနှစ် ပွဲပေးပါ”
စားသောက်စရာအချို့ မှာလိုက်တယ်။ တန်တန် လေးက လက်ထဲကသားရေစာကို အပြတ်ဖြတ် လိုက်ပြီး ပေါက်စီလာတာကိုစောင့်လိုဟန်ပြတ ယ်။
“တန်တန် သမီးစားတာအရမ်းများနေပြီနော်”
ကျိလင်က သမီးဖြစ်သူကို သတိပေးတယ်။
“နည်းနည်းပဲ ရှိသေးတာပါ မေမေရဲ့ မီးမီးနော က်ထပ်အများကြီး စားနိုင်သေးတယ်”
တန်တန်ရဲ့ချစ်စဖွယ်အသံစာစာလေးက ဆိုင်ထဲ ပျံ့သွားပြီး သူမရဲ့အသွင်ပြင်လေးအပြင် လူင ယ်စုံတွဲလေးရဲ့ ခန့်ညားချောမောတဲ့အသွင်ပြင် ကြောင့် ပတ်ဝန်းကျင်ကလည်း သတိပြုမိသွား တယ်။
“သူက ဘယ်သူလဲ လူစိမ်းနဲ့တူတယ်”
“ငါတော့ ဒီမိသားစုကို တခါမှမမြင်ဖူးဘူး”
ပိုင်လင်းက ပတ်ဝန်းကျင်ရဲ့တီးတိုးပြောဆိုနေ တာကို လျစ်လျူရှုထားပြီး စားစရာရောက်တာ နဲ့ ပေါက်စီတလုံးကို တန်တန်လေးလက်ထဲထ ည့်ပေးလိုက်တယ်။ ပိုင်လင်းတို့စားသောက်နေ စဥ်အတွင်းမှာပဲ အသက်၁၈ အရွယ်လူငယ်တစ် ဦး ဦးဆောင်တဲ့ အဖွဲ့က ဆိုင်ထဲဝင်လာတယ်။
သူ့နောက်မှာတော့ အဖော်လူငယ်၃ဦးလောက်ပါ လာသေးတယ်။ အဲ့ဒီလူငယ်က ဆိုင်ထဲဝင်ဝင် ချင်းမှာပဲ ကျယ်လောင်တဲ့အသံနဲ့ စားပွဲထိုးကို လှမ်းခေါ်တယ်။
“ဟေ့ စားပွဲထိုးတယောက် ဒီကိုလာခဲ့စမ်း”
“ဟုတ်ကဲ့ လာပါပြီသခင်လေးရှန်း”
စားပွဲထိုးက အထိတ်တလန့်ရောက်လာပြီး သ ခင်လေးရှန်းဆိုသူကို နေရာချပေးရတယ်။
“အကောင်းဆုံးအရက်နဲ့ အကောင်းဆုံးအသား ကင်ရှိတာအကုန်ယူခဲ့”
သခင်လေးရှန်းဆိုသူက ထိုင်ခုံပေါ်မှာဟန်ကျ ကျထိုင်လိုက်ပြီး စားစရာအချို့မှာတယ်။
“သခင်လေး အဲ့ဒါက”
“ဘာလဲ အရက်မရှိတော့လို့လား”
သခင်လေးရှန်းက ဒေါသတကြီးမေးတယ်။
“မဟုတ် ဟုတ်ပါဘူး”
“ဒါဆိုဘာတွေကြာနေတာလဲ အခုသွားယူ”
သခင်လေးရှန်းဆိုသူရဲ့ စကားဆုံးမှာ စားပွဲထိုး လည်းစိတ်ရှုပ်ထွေးစွာနဲ့ ထွက်သွားရတယ်။
“အဲ့ဒါ ရှန်းမိသားစုက ဒုတိယသခင်လေးရှန်းမ ဟုတ်လား သူလာတိုင်း အမြဲအလကားစားနေ ကြလေ”
“ဟုတ်တယ် သူကသူ့အဖေအမည်နဲ့စားတယ်ဆို ပေမယ့် ရှန်းသခင်ကြီးကတခါမှ ငွေရှင်းတယ် လို့မကြားမိဘူး”
“ဒါကြောင့်နေမယ် စားသောက်ဆိုင်တွေကသူ့ ဆို မရောင်းပေးချင်တာ”
“ဒါက သက်သက်မိုက်ကြေးခွဲတာလေကွာ”
တီးတိုးစကားသံတွေ ထွက်လာချိန်မှာတော့သ ခင်လေးရှန်းဆိုသူက ပတ်ဝန်းကျင်ကိုစူးစိုက် ကြည့်လိုက်တယ်။ အကုန်လုံးကသူ့ကိုကြည့်မရ ပေမယ့် နောက်ခံကြောင့် ခေါင်းလွှဲလိုက်ကြရ တယ်။
ဟမ့်… ငကြောက်တွေ…။
ပိုင်လင်းကတော့ ထိုအဖြစ်ပျက်ကိုမသိဟန် ဆောင်ပြီး ဆက်စားနေတယ်။ထိုချိန် လူနှစ်ဦး ဝင်လာတယ်။
“ဟာ ဟိုမှာထိုင်နေတာ ပိုင်လင်းမဟုတ်လား”
ထိုလူနှစ်ဦးက ထျန်းနင်နဲ့ ထျန်းချင်ပါပဲ။
ပိုင်လင်းလည်း ထျန်းနင်တို့ကိုအမှတ်မထင်တွေ့ လိုက်ရတော့ ဝမ်းသာသွားတယ်။
“လာကြလေ ဒီမှာပဲထိုင်လိုက်”
ချက်ချင်းပဲ နေရာဖယ်ပေးလိုက်တယ်။ မတွေ့ တာအချိန်တခုကြာတော့ သူငယ်ချင်းအချို့ကို သူတကယ်ရနေခဲ့တာပါ။
ထျန်းနင်က ထိုင်ထိုင်ချင်းမှာပဲ ကျိလင်နဲ့တန်တ န်လေးကိုသတိပြုမိသွားပြီး မျက်ခုံးပင့်လိုက် တယ်။ ပြီးတော့
“ဒါက မရီးလား မိတ်ဆက်ပေးဦးလေ”
ထျန်းနင်ရဲ့စကားက ကျိလင်ကိုရှက်ရွံသွားစေ တယ်။ သူမကချက်ချင်းပဲတုန့်ပြန်လာတယ်။
“မဟုတ်ပါဘူး ကျွန်မက သခင်လေးအစေခံပါ”
“အစေခံဟုတ်လား”
ထျန်းနင်တို့က ပိုင်လင်းကိုပြန်လှည့်ကြည့်တယ် ဘယ်အစေခံက သခင်နဲ့အတူထိုင်စားခွင့်ရှိလို့ လဲ။ ပိုင်လင်းလည်း ကျိလင်ရဲ့စကားကြောင့် ရုတ်တရက်ကြောင်အ သွားပြီးချက်ချင်းပဲစိတ် တိုသွားတယ်။
“အစ်မဘယ်လိုပြောလိုက်တာလဲ အစ်မက ကျ တော့်ရဲ့အစေခံမဟုတ်ဘူးလို့ ပြောခဲ့တယ်လေ”
သူ့လေသံကို သတိထားမိတဲ့ကျိလင်က ခေါင်း ကိုချက်ချင်းငုံ့ချလိုက်ပြီး တိုးညင်းတဲ့သနားစ ဖွယ်လေသံလေးနဲ့ ပြောလာတယ်။
“ကျွန်မ သိပါပြီသခင်လေး”
ထျန်းနင်တို့ကတော့ ပိုင်လင်းတို့ကိုပဲ သေချာ စိုက်ကြည့်နေတယ်။
………………………………………………..