← Chapters

အခန်း (၃၃)

Vol. 3 Ch. 33

အခန်း (၃၃)

Vol. 3 Ch. 33

စားပွဲဝိုင်းက မိနစ်အနည်းငယ် တိတိဆိတ်ပြီး သွားချိန်မှာတော့ ထျန်းနင်ကစကားစတယ်။

“ဒီကိစခဏထားဦး မင်းအခုဘယ်မှာနေလဲ အ ဆင်ပြေရဲ့လား မင်းရဲ့ကျင့်ကြံဆင့်ကိုတောင် ငါမမြင်နိုင်တော့ဘူး ဘယ်ထိရောက်နေပြီလဲ”

ထျန်းနင်က အဆက်မပြတ်မေးလာတယ်။

“ငါ ချန်ဟယ်ကုန်သွယ်ရေးမှာ အလုပ်ဝင်နေခဲ့ တာ အကြောင်းစုံကိုအိမ်ရောက်ရင် ပြောပြမယ် လေ”

“ကောင်းပြီ ငါတို့လည်းခွင့်ရက်ရတုန်း မင်းဆီ မှာရက်နည်းနည်းနေတာပေါ့”

ထွေရာလေးပါး စကားအချို့ထပ်ပြောပြီး ပိုင် လင်းတို့ပြန်လာကြတယ်။ သူ့အမှားသူသိထား တဲ့ကျိလင်က တလမ်းလုံးတိတ်နေပြီး အိမ်ရော က်တော့ ပိုင်လင်းတို့အတွက် လက်ဖက်ရည်တ အိုးပြင်ဆင်ပေးပြီး တန်တန်လေးကိုဆွဲခေါ်သွား တယ်။

ကျိလင်ထွက်သွားတော့ ထျန်းနင်က သိလိုစိတ် နဲ့မေးလာတယ်။

“ငါတို့ကို အကြောင်းစုံပြောပြပါဦး”

ထျန်းနင်ရဲ့စကားအဆုံးမှာပဲ ပိုင်လင်းကအလုပ် ဝင်တာကစပြီး လက်ရှိချိန်ထိ ဖြစ်ပျက်သမျှကို အလေးအနက်ရှင်းပြလိုက်တယ်။

“ဒါဆို အခုမင်းကအဆင့်၄ ရောက်နေပြီးတော့ မကြာခင်လုပ်မယ့် ပြိုင်ပွဲမှာဝင်ပြိုင်မယ်ပေါ့”

ထျန်းနင်ရဲ့အမေးကို ပိုင်လင်းက

“ဟုတ်တယ် မင်းတို့ကကော ဘာအတွက်အပြင် ထွက်လာကြတာလဲ”

ထျန်းချင်က

“ပထမက ငါတို့လည်းအတွေ့အကြုံရအောင် ဝင်ပြိုင်မလားလို့တွေးသေးတယ် ဒါပေမယ့် ငါတို့ဂိုဏ်းက အဓိကတပည့်တယောက်နဲ့ အတွ င်းစည်းတပည့်အနည်းငယ် စာရင်းသွင်းပြီးနော က်ငါတို့ကို ပြိုင်ခွင့်မပေးတော့ဘူး”

“ဒါဆို မင်းတို့ရတနာဂိုဏ်းက ဝင်ပြိုင်မယ့်သူရှိ တယ်ပေါ့”

ထျန်းနင်ကပြုံးပြီး ပြောတယ်။

“ရှိတယ် အကြီးအကဲတဦးရဲ့ တိုက်ရိုက်တပည့် ပဲ သူ့အမည်က ရှန်းကျန်း အဆင့်၄ဘအစောပိုင် အဆင့်မှာရှိတယ် နောက်ပြီးအဆင့်၅ မှာရှိတဲ့ အ တွင်းစည်းတပည့်အချို့နဲ့ပေါ့”

“အဆင့်၄ အစောပိုင်းဟုတ်လား”

ထိပ်တန်းဂိုဏ်းကြီးရဲ့ တိုက်ရိုက်တပည့်ကသူ့ ထက်တောင်အနည်းငယ် နိမ့်ကျနေတာကိုသတိ ပြုမိလိုက်တော့ စိတ်ထဲသက်သာရာရသွားခဲ့တ ယ်။ အကြောင်းတချို့ကြောင့် စာရင်းသွင်းခဲ့ရ ပေမယ့် အင်အားကြီးရန်သူတွေနဲ့ ဆုံဖို့ဝန်လေး နေခဲ့တယ်လေ။

“ဟုတ်တယ် မင်းထက်တော့ နည်းနည်းနိမ့်ပါတ ယ်”

ပိုင်လင်းတို့က ချန်ဟယ်ကုန်သွယ်ရေးကလုပ် တဲ့ပြိုင်ပွဲအကြောင်း ဆက်ဆွေးနွေးနေခဲ့ပြီး ထျန်းနင်တို့ကလည်း ပြိုင်ပွဲမှာပိုင်လင်းကိုပဲအ ဓိကအားပေးမယ်ဆိုတဲ့အကြောင်း ပြောကြတ ယ်။

“လက်ရှိမင်းနေထိုင်မှုအရ မဆိုးလျပေမယ့်မင်း သာလုပ်ငန်းခွဲကိုယ်စားလှယ်ဖြစ်ရင် ဒီထက်ပို တဲ့အကျိုးအမြတ်နဲ့ ကျော်ကြားမှုကိုရနိုင်လိမ့် မယ်လို့ ငါထင်တယ်”

ထျန်းချင်ကလည်း ထျန်းနင်ရဲ့စကားကိုထော က်ခံဟန်နဲ့ ခေါင်းညိတ်ပြတယ်။

“ကိစ္စတွေက မင်းထင်သလောက်မရိုးရှင်းဘူး ဒါပေမယ့်လတ်တလောတော့ ငါမပြောနိုင်သေး ဘူး ပြိုင်ပွဲရလာဒ်ကိုမူတည်ပြီး နောက်ကျငါအ နည်းငယ်ရှင်းပြမယ်”

ပိုင်လင်းက ပွင့်လင်းရာသီမှာလုပ်မယ့် သခင် လေး၃ဦးနဲ့ ပြိုင်ပွဲအကြောင်း မရှင်းပြလိုက်ဘူး။ သူတို့သိထားလည်း ဘာမှထူးမလာဘူးလေ။ တဖက်မှာ ရှုပ်ထွေးတဲ့အကြောင်းအရာကြောင့် သူ့သူငယ်ချင်းတွေ သူ့ကိုစိတ်ပူနေစေမှာကိုသူ တကယ်မလိုလားပါဘူး။

ခနကြာတော့ ကျိလင်က ဧည့်သည်တွေအတွက် အခန်းပြင်ဆင်ပြီးပြီဖြစ်ကြောင်း အသိပေးလာ ခဲ့တယ်။ ထိုနေ့က တနေကုန်စကားပြောနေခဲ့ပြီး ညစာစားပြီးချိန်မှာတော့ ကိုယ်စီအခန်းထဲဝင်လို က်ကြတယ်။

“ ဒီရွေးချယ်မှုမှာ နင့်ကိုယှဥ်နိုင်တဲ့သူမရှိဘူး ဒါ ပေမယ့်ပေါ့ဆမယ်လို့တော့ မတွေးနဲ့ မတော်တ ဆသေဆုံးတာမျိုးက ပြိုင်ပွဲတွေမှာဖြစ်လေ့ရှိ တယ်”

ချီယောင်က သတိပေးတယ်။

“ကျတော်သိပါတယ် အလေးအနက်ထားမှာပါ”

“ကောင်းတယ် ပြိုင်ပွဲမတိုင်ခင် အသင့်ဖြစ်နေဖို့ သေချာအနားယူတော့ ဒီရက်ထဲကျင့်ကြံတာကို နားလိုက်”

ပိုင်လင်းလည်း ခေါင်းညိတ်ပြလိုက်တယ်။ သူ့ အတွေးကလည်း ဒီရက်အနည်းငယ်ကိုအပြည့် အဝအနားယူမယ်လို့ စိတ်ကူးထားပြီးသားပါ။

လေ့ကျင့်ဖို့မရှိနာကြောင့် ခပ်စောစောပဲအိပ်ရာ ဝင်လိုက်တယ်။ နောက်တနေ့မနက်ရောက်တော့ ကျိလင်က ပိုင်လင်းတို့အတွက်မနက်စာပြင်ဆင် ပေးပြီး ပိုင်လင်းကတော့ ထျန်းနင်တို့နဲ့အတူ ခြံ ဝန်းထဲထိုင်ရင်း စကားစမြည်းပြောနေခဲ့တယ်။

ထိုချိန်မှာပဲ

“အံမယ် ဇိမ်ကျလို့ပါလားကွ”

မော့ပေရဲ့ အသံထွက်ပေါ်လာတယ်။ မော့ပေနဲ့ အတူ ရှန်ယု လျှိုချင်းဖုန်းတို့လည်းပါလာကြတ ယ်။ ဧည့်သည့်အသစ်တွေ ထပ်ရောက်လာတာ ကြောင့် ကျိလင်လည်းနောက်ထပ် ပြင်ဆင်ရပြ န်တယ်။

“ပြိုင်ပွဲနဲ့ပက်သက်ပြီး ဘာကြားသေးလဲ”

မော့ပေနဲ့ထျန်းနင်တို့ အပြန်အလှန် နှုတ်ဆက် နေစဥ်မှာပဲ ပိုင်လင်းကသူသိချင်တာကိုမေးတ ယ်။ မော့ပေက သူကိုယ်တိုင်စုံစမ်းတာထက်ပို များတဲ့ သတင်းတွေကိုသိထားလောက်တယ် လေ။

“ပြိုင်ပွဲအတွက် စာရင်းပေးတာ လူ၂၀၀ ကျော်ရှိ တယ် အဲ့ထဲမှာ ရတနာဂိုဏ်းက ရှန်းကျန် မီးတေ ာက်ဂိုဏ်းက ယုလုံ ဇောင်အိမ်တော်က ဇောင် လင်းနဲ့ တခြားပါရမီရှင်အချို့ပါတယ်”

မော့ပေက သူသိထားတဲ့အချက်အလက်အချို့ ပြောလာတယ်။ သူကိုယ်တိုင်လည်း စာရင်းသွ င်းပြီး အတွေ့အကြုံယူမယ်လို့ ဆိုတယ်။

“ငါကတော့ ပထမဆုကို မမှန်းပါဘူး အတွေ့ကြုံပဲ ယူချင်တာ ထိပ်တန်းပါရမီရှင်နဲ့ ငါတို့ကြားကွာဟမှုကို သိချင်တယ်လေ”

မော့ပေရဲ့စကားကြားတော့ ကျန်တဲ့သူတွေက ခေါင်းညိတ်ပြတယ်။ မထင်မှတ်ထားစွာပဲ မော့ ပေကအဆင့်၆ ကိုရောက်နေပြီး လျှိုချင်းဖုန်းက အဆင့်၆ နှောင်းပိုင်းနဲ့ ရှန်ယုကတော့ အဆင့်၅ အလယ်အလတ်ကိုရောက်နေကြတယ်။

ပိုင်လင်းရဲ့အဆင့်ကိုတော့ သူတို့မမြင်နိုင်ကြ တော့ပါဘူး။ ဒီအတွက်သူတို့အကုန်လုံးအံ့သြ နေကြပြီး ပိုင်လင်းကိုလည်း တကယ့်မွန်းစတား တကောင်လို့ သက်မှတ်လိုက်ကြတယ်။

“ပြိုင်ပွဲကနောက်၃ရက်နေရင်စမယ် မင်းအသင့် ဖြစ်ပြီလားပိုင်လင်း”

မော့ပေကမေးတယ်။

“အသင့်ပဲ ပြိုင်ဘက်တွေအကြောင်းသိထားရ တော့ ငါ့အတွက်တပန်းသာအောင် မေးနေတာ ပါ”

“ကောင်းပြီ ဒီရက်ပိုင်း တခြားအင်အားစုတွေက ထူးထူးခြားခြားပဲ ဘာအနှောင့်ယှက်မှမပေးပဲ ငြိမ်သက်နေတယ် ချန်သခင်ကြီးတို့ဘက်ကရွေ့ ကွက်ကို သတိထားမိပုံရပေမယ့် အဆင့်၃ ရော က်လုနီးဖြစ်နေတဲ့ သခင်လေး၃ဦးကို အနိုင်ယူ နိုင်တဲ့ လူငယ်ကျင့်ကြံသူ မရှိနိုင်ဘူးလို့ သူတို့ ထင်နေပုံပဲ ဟက်… မင်းကိုသတိပြုမိရင်ဘယ် လောက်တုန်လှုပ်သွားကြမလဲ ငါသိချင်တယ်”

မော့ပေက တခုခုကိုစိတ်ကျေနပ်နေဟန် ပြော တယ်။ ပိုင်လင်းက ခေါင်းယမ်းလိုက်ပြီး

“ငါ့အနေထားကို အမှန်တိုင်းချပြတာက အရမ်း အန္တရာယ်များတယ် ပြိုင်ပွဲပြီးမှ သိတာကိစ္စမရှိ ဘူး ဒါပေမယ့်ငါ့စိတ်ထဲစိုးရိမ်နေတုန်းပဲ”

ပိုင်လင်းရဲ့စကားကို ရှန်ယုက

“မင်းတွေးနေတာကို ငါနားလည်တယ်မင်းလိုပါ ရမီရှင်တယောက် ချန်ဟယ်လုပ်ငန်းခွဲထဲပါသွား ရင် သူတို့ကမင်းရဲ့အနာဂတ်ကိုစိုးရိမ်ပြီးအန္တရ ယ်ပေးလာနိုင်တယ်”

“ဟုတ်တယ် ဒီအင်အားစုတွေကမြေခွေးအသို က်ကြီးလိုပဲ အရမ်းကောက်ကျစ်တယ်”

လျှိုချင်းဖုန်းရဲ့စကားအဆုံးမှာ ထျန်းနင်က

“ငါတို့ဂိုဏ်းလည်းဘာထူးလဲ လမ်းမှန်ဂိုဏ်းဆို ပေမယ့် အတွင်းထဲခြစားနေတာ မြင်လို့တောင် မကောင်းဘူး မသက်သာလို့သာနေနေရတာ ပြ န်တောင်ထွက်ချင်နေပီ”

ထျန်းနင်ရဲ့လေသံက တစုံတရာကိုမကျေမနပ် ဖြစ်နေပုံပါပဲ။ ထျန်းချင်ကလည်း

“ဟုတ်တယ် ဂိုဏ်းအတွင်းဖိနှိပ်မှုတွေကတနေ့ တခြားပိုပိုဆိုးလာတယ် အထူးသဖြင့်ရှန်းကျန်ပဲ သူ့နောက်ခံက ထိပ်တန်းအကြီးအကဲဖြစ်နေတဲ့ အပြင်ရှန်းမိသားစုလည်းရှိနေတော့ ဂိုဏ်းမှာအဲ့ ကောင်က ဘုရင်လိုပဲမောက်မာနေတာ”

ရှန်းမိသားစု။ ဒါက စားသောက်ဆိုင်မှာတွေ့ခဲ့တဲ့ သခင်လေးရှန်းနဲ့ပက်သက်နေပုံရတယ်။

“အင်အားစု၄ခုအပြင် တခြားအင်အားကြီးမိ သားစုတွေထပ်ရှိနေသေးတာလား”

ပိုင်လင်းကသိလိုစိတ်နဲ့ မေးတယ်။ မော့ပေက

“အဓိကအင်အားစုတွေကို မမီပေမယ့်သူအထွာ နဲ့သူတော့ အင်အားကောင်းတဲ့ ဇောင်မိသားစု ရှန်းမိသားစုတို့တွေတော့ရှိတယ် နောက်ပြီးမီး တောက်ဂိုဏ်းနဲ့ ရနောဂိုဏ်းပေါ့ ပန်းတရာဂိုဏ်း ကတော့ ဘာသတင်းမှထွက်မလာသေးဘူး”

မော့ပေရဲ့စကားကို ပိုင်လင်းလည်းခေါင်းညိတ် ပြလိုက်တယ်။

“ပြိုင်ပွဲကျဆုံမယ်ကွာ ငါတို့၄ ယောက်ထဲကဘ ယ်သူပဲအနိုင်ရရ ဝမ်းသာရမှာပဲ”

ပိုင်လင်းရဲ့စကားကို ထျန်းနင်ကကျယ်လောင် စွာရယ်မောလိုက်ပြီး

“ဟားးး မတော်တဆသာမရှိရင် ပထမကမင်းရ ဖို့ရာနှုန်းအများဆုံးပဲ မင်းသာအဆင်ပြေရင်ငါ တို့ဂိုဏ်းကထွက်ပြီး မင်းနောက်လိုက်မယ်”

“ကောင်းပြီ ငါအဆင်ပြေရင်မင်းတို့ကိုမေ့မ ထားပါဘူးကွ”

ပိုင်လင်းလည်း အခြေနေတခုရောက်ရင် ခုလို သစ္စာရှိတဲ့လူရင်းအချို့ကို ဆွဲခေါ်ဖို့စိတ်ကူးရှိ ထားပြီးသားဖြစ်တယ်။

မော့ပေတို့ပြန်ထွက်သွားချိန် ထျန်းနင်တို့လည်း ဆေးပင်အချို့ဝယ်ဖို့ အပြင်ထွက်သွားကြတယ် ဟုတ်သား ဆေးဖော်စပ်တာကို နည်းနည်းလေ့ လာကြည့်ရင် ကောင်းမလားပဲ။

အတွေးရလာတာနဲ့ချက်ချင်းပဲ အခန်းထဲပြန်ပြီး ချီယောင့်အကူညီနဲ့ ဆေးပင်တွေရဲ့သဘောတ ရားကို စတင်လေ့လာခဲ့တယ်။ စစချင်းတော့ ဆေးဖော်ဖို့အတွေးမရှိပဲ ပြိုင်ပွဲပြီးမှလိုအပ်တဲ့ ဆေးမီးဖိုဝယ်ပြီး လေ့လာမယ်လို့ဆုံးဖြတ်လိုက် တယ်။

နောက်ရက်မှာတော့ ပြိုင်ပွဲသတင်းကပိုကျယ်ပြ န့်လာပြီးစာရင်းသွင်းတာကိုလည်း ပိတ်လိုက်တ ယ်။ စုစုပေါင်း ၂၃၅ဦး ဒါက နည်းတယ်လို့မဆို နိုင်သလို များတယ်လို့လည်း မပြောနိုင်ပါဘူး။

ထို၃ရက်မှာ ပိုင်လင်းက ဆေးပင်အချို့လေ့လာ တာကလွဲပြီး တန်တန်လေးကိုထိန်းရင်းစိတ်ပိုင်း ဆိုင်ရာကို အပြည့်အဝအနားယူနေခဲ့တယ်။ ဒါမှ လည်းပြိုင်ပွဲမှာ အကောင်းဆုံးအရည်သွေးကို ထုတ်ပြနိုင်မယ်လို့ သူထင်တယ်။

………………………………………………..

All Chapters