အခန်း (၃၄)
Vol. 3 Ch. 34
ပြိုင်ပွဲရက်ကို ရောက်လာခဲ့ပြီ။
စာရင်းသွင်းထားတဲ့ လူငယ်တွေအကုန်ပြိုင်ပွဲ ကျင်းပတဲ့ စင်မြင်ကြီးမှာစုဝေးနေပြီး အစီစဥ် တင်ဆက်သူက ပြိုင်ပွဲရဲ့စည်းမျဥ်းနဲ့ဆုလာဒ် တွေကို ကြေငြာနေခဲ့တယ်။
သေချာစွာပဲ ဆုလာဒ်က ငွေစတသောင်းဖြစ်ပြီး ကျင့်ကြံရေးဆေးလုံး (ချီဆေးလုံးထက်မြင့်) နဲ့ လင်းမိသားစုလုပ်ငန်းခွဲကိုယ်စားလှယ် ခန့်အပ် လွှာကို ပထမဆုသမားအားပေးအပ်ပြီး ဒုတိယ နဲ့ တတိယကိုတော့ ငွေစ၅၀၀၀ ငွေစ၃၀၀၀နဲ့ ဆေးလုံးအချို့ အဆင့်၄ကနေ အဆင့်တဆယ် အတွင်းဝင်သူတွေကို ငွေစ၁၀၀၀ စီချီးမြင့်မယ် လို့ကြေငြာတယ်။
ဝိုးး ငွေစတသောင်းလား ရှယ်ပဲ
“ကိုယ်စားလှယ်ဆိုတာ သခင်လေးလို့ ဆိုလိုတာ ပဲမဟုတ်လား ပထမရတဲ့သူကတော့သေချာပေါ က်ဘဝသစ်တခု ရလိုက်သလိုနေမှာ”
လူငယ်အကုန်လုံးက တက်ကြွနေပြီး ပိုင်လင်း တယောက် ပြိုင်ပွဲဝင်တွေကို လေ့လာနေစဥ်မှာ ရတနာဂိုဏ်းအမှတ်အသားနဲ့ လူငယ်တဦးကို နောက်လိုက် လူငယ်၃ဦးနဲ့အတူ တွေ့လိုက်ရတ ယ်။ အခြားနေရာမှာတော့ ဇောင်မိသားစုက ဇောင်လင်းလို့ထင်ရတဲ့ ခန့်ညားတဲ့လူငယ်ကို ဝန်းရံနေပြီး မီးတောက်အမှတ်အသားနဲ့ လူငယ် တစုရဲ့အလယ်မှာ မီးတောက်နေသလို ဆံပင်နီရဲ နေပြီး ဖြူဖျော့နေတဲ့အသားအရေနဲ့ ယုလုံကို သတိပြုမိလိုက်တယ်။
ယုလုံရဲ့ ကျင့်ကြံဆင့်က အဆင့်၄ အလယ်လတ် အဆင့်မှာရှိတယ်။ အခြားပြိုင်ပွဲဝင်တွေက တော့အဆင့်၅ ၆ ဖြစ်ပြီး ထိုအထဲမှာရှန်ယု လျှို ချင်းဖုန်းနဲ့ မော့ပေတို့က အတူရှိနေကြတယ်။
ကျိလင်က များပြားလာတဲ့ပရိတ်သက်ကိုကြည့် ရင်း မှင်သက်နေတယ်။ မူလက သူမတို့သားအ မိကို မခေါ်ချင်ပေမယ့် တိုက်ပွဲကိုလေ့လာပြီး အတွေ့အကြုံရနိုင်တယ်လို့ ချီယောင်ကတိုက် တွန်းတာကြောင့်ကော ကျိလင်ကိုယ်တိုင်ကသူ့ ကိုအားပေးချင်လို့ လိုက်ပါရစေဆိုပြီး အပူကပ် နေတာကောကြောင့်ပါ မသက်သာစွာနဲ့ခေါ်လာ ခဲ့လိုက်ရတယ်။
“ဝိုး လူတွေအများကြီးပဲ”
တန်တန်လေးက ကျိလင်နည်းတူ အံ့သြနေပြီး သူမလေးကတော့ ကျိလင်လို ပိုင်လင်းကိုစိုးရိမ် စိတ်မဖြစ်ပါဘူး။
ပါဝင်တဲ့သူအကုန်လုံး နံပါတ်ပြားတခုစီရွေးပြီး နောက် နေရာမှာပြန်ထိုင်ပြီး အလှည့်ကိုစောင့် နေရတယ်။ ပထမအဆင့်က ပြင်းထန်းစွာနဲ့ ၃၂ ဦးထိကျန်အောင် ဖြုတ်ချမယ့် ပုံစံဖြစ်တယ်။
“ပြိုင်ပွဲစတင်ပါပြီ”
အစီစဥ်ကြေငြာသူက ပြိုင်ပွဲကိုခပ်မြန်မြန်ပဲစ တင်လိုက်ပြီး စင်မြင်ကြီးရဲ့အဓိကနေရာမှာ တော့ ချန်သခင်ကြီးတို့လင်မယားနဲ့ ချန်သခင် မလေးနှစ်ဦးစလုံး ရှိနေကြတယ်။ သူတို့ဘေးမှာ ယန်ရှုနဲ့ ဝေမင်တို့က တဖက်တချက်စီရပ်ပြီး စောင့်နေကြတယ်။
ပထမအဆင့်ပြိုင်ပွဲက ရိုးရှင်းပါတယ်။ စင်မြင့် ပေါ် ဆယ်ယောက်တဖွဲ့စီတက်ပြီး မည်သူကိုမ ဆိုတိုက်ခိုက်ဖယ်ရှားခွင့်ရှိတယ်။
မော့ပေ လျှိုချင်းဖုန်းနဲ့ ရှန်ယုတို့က တဖွဲ့စီကွဲ သွားပြီး ပိုင်လင်းက တဖွဲ့ကျသွားတယ်။ မကြာ ခင်မှာပဲ အဖွဲ့လိုက်တိုက်ခိုက်မှုတွေ တဖွဲ့ပြီးတဖွဲ့ စတင်လာတယ်။
ပိုင်လင်းတို့အဖွဲ့မှာ ပိုင်လင်းလောက်ကျင့်ကြံဆ င့်မြင့်တဲ့သူမရှိတော့ သာသာယာယာပါပဲ။
လက်သီးနဲ့ ခြေကန်ချက်တွေကို ရိုးရိုးရှင်းရှင်း ထုတ်ဖော်ပြီး စင်ပေါ်ကနေတိုက်ရိုက်ကန်ချပစ် လိုက်တယ်။ ပိုင်လင်းရဲ့လက်သီးချက်တွေက အမြင်အရဆို အင်မတန်ရိုးစင်းပြီး ထိရောက်မှု ရှိနေတာကို တွေ့ရတယ်။
တံတောင်နဲ့ ဖြောင့်လက်သီးတွေက ပြိုင်ဘက် တယောက်ကို တချက်စီသာ တိုက်ခိုက်ရပြီးစင် ပေါ်ကနေ အောက်ပြုတ်ကျသွားစေတယ်။ တ ဖက်မှာ မော့ပေတို့ကလည်း အနည်းငယ်ကျပ် တည်းပေမယ့် စင်မြင်ပေါ်ရက်ကျန်နေအောင် တောင့်ခံထားနိုင်တုန်းပဲ။
နေ့တဝက်ခန့်ကြာပြီးချိန်မှာ သက်မှတ်ထားတဲ့ ၃၂ ဦးအဆင့်ကို ရောက်လာတယ်။ ကျန်တဲ့ပြိုင် ပွဲဝင်တွေက ထွက်ခွာသွားရပါပြီ။
“ဒီနေ့အတွက်ကတော့ ဒီလောက်ပဲမနက်ဖန်မှာ ရှုံးထွက်အဆင့်တွေ ပြိုင်ရမှာဖြစ်ပြီး တတိယ အဆင့်ကို ၁၆ဦးပဲ တက်ရောက်ခွင့်ရှိမှာဖြစ်တ ယ်”
အစီစဥ်ကြေငြာသူက ဒုတိယအဆင့်ကိုမနက်ဖ န်မှာ ကျင်းပမည်ဖြစ်ကြောင်း ကြေငြာပြီးမှာ တော့ ပိုင်လင်းလည်းကျိလင်တို့သားအမိနဲ့အတူ ပြိုင်ပွဲကွင်းကနေ ပြန်ထွက်လာခဲ့တယ်။ ယခုထိ တော့ ပိုင်လင်းကို လူတွေသတိမထားမိသေးပါ ဘူး။ ဒါပေမယ့် ချန်သခင်ကြီးကပိုင်လင်းကို ကြည့်ပြီး ဦးခေါင်းညိတ်နေတာကို ပိုင်လင်းမသိ ခဲ့ဘူး။
နောက်တရက်မှာ ဒုတိယအဆင့်ဖြစ်တဲ့ ၃၂ဦးအ တွက် မဲနှိုက်ရွေးချယ်ကြရတယ်။ ပိုင်လင်းက လေလွင့်ကျင့်ကြံသူတဦးဖြစ်တဲ့ အဆင့်၅ ကျင့် ကြံသူတဦးနဲ့ ကြုံပြီး မော့ပေ လျှိုချင်းဖုန်းနဲ့ ရှန် ယုတို့က ရတနာဂိုဏ်းက အတွင်းစည်းတပည့် တွေနဲ့ ထိပ်တိုက်ကျသွားခဲ့တယ်။
ပထမဆုံး မော့ပေနဲ့ အတွင်းစည်းတပည့်တို့ယှဥ် ပြိုင်ကြပြီး အဆင့်တူဖြစ်နေတာကြောင့် မော့ ပေတယောက် ခက်ခက်ခဲခဲရင်ဆိုင် လိုက်ပြီးမှ ပွတ်ကာသီကာ အနိုင်ရသွားခဲ့တယ်။ လျှိုချင်း ဖုန်းကတော့ ပြိုင်ဘက်ကို ရှုံးနိမ့်ပြီးပြိုင်ပွဲက ထွက်လိုက်ရတယ်။ တဖက်မှာ ရှန်ယုက အသာ အယာနိုင်ပြီး နောက်တဆင့်တက်သွားခဲ့တယ်။
ပိုင်လင်းက သူအလေူအနက်ထားရတဲ့ ယုလုံနဲ့ ဇောင်လင်းတို့ ပြိုင်ပွဲနှစ်ခုကို လေ့လာနေပြီး နှစ်ယောက်စလုံးက ပြိုင်ဘက်ကိုသက်တောင့် သက်သာ အနိုင်ရသွားတာကြောင့် သူတို့ခွန်အာ ကိုမသိနိုင်တော့ပါဘူး။
မကြာခင်ပိုင်လင်းရဲ့ အလှည့်ကိုရောက်လာတ ယ်။
“ပိုင်လင်းနဲ့ ချွီပေ့”
ဒိုင်လူကြီးက အမည်အတွဲကိုကြောငြာပြီးတာနဲ့ ပိုင်လင်းလည်း စင်ပေါ်ခုန်တက်လိုက်တယ်။ စင်မြင်ပေါ်မှာ ချွီပေ့က အသင့်စောင့်နေခဲ့ပြီး ပိုင်လင်းကိုတွေ့တာနဲ့ နှုတ်ဆက်တယ်။
“တကိုယ်တော်ကျင့်ကြံသူ ချွီပေ့ပါ”
“ပိုင်လင်းပါ”
“လမ်းညွှန်ပေးပါဦး”
“လမ်းညွှန်ပေးပါဦး”
အချင်းချင်းနှုတ်ဆက်ပြီးချိန်မှာတော့ တဖက် ကစတင်တိုက်ခိုက်လာတဲ့ ချွီပေ့က ဓားကျင့်ကြံ သူဖြစ်ပြီး စတင်တာနဲ့ အပြင်းထန်ဆုံးတိုက်ကွ က်တွေကို ထုတ်သုံးလာတယ်။
“ငါ့ဓားချက်တွေကိုခုခံဖို့ မင်းအနေနဲ့လက်နက် သုံးသင့်တယ်”
ချွီပေ့ကအဆက်မပြတ် တိုက်ခိုက်ရင်းသတိ ပေးတယ်။ ပိုင်လင်းက သူ့ဓားကွက်ကိုမထုတ် ဖော်ချင်တာကြောင့် ခေါင်းယမ်းလိုက်တယ်။
“ငါ့အတွက်မလိုဘူး”
ပိုင်လင်းရဲ့စကားက ချွီပေ့အပြင် လူအုပ်ကြီးကို လည်း ဆူညံသွားစေတယ်။ ဓားသမားကိုလက် ဗလာနဲ့ ရင်ဆိုင်ချင်တာက မိုက်မဲတာလို့သူတို့ ယူဆကြတယ်။
“ဒီကောင်လေးကတော့…”
ချန်ထန်းက စိတ်မသက်သာစွာနဲ့ ဦးခေါင်းကို ခါယမ်းလိုက်တယ်။ ချန်ဟယ်ကတော့ တည်ငြိ မ်နေပြီး ချန်သခင်မကြီးက ချန်ရှင်းနဲ့အတူ ပိုင် လင်းကို စေ့စေ့စပ်စပ်ကြည့်နေခဲ့တယ်။
ချန်ရှင်းရဲ့မျက်လုံးတွေက အရောင်လက်နေခဲ့ ပြီး သူမအတွေးထဲမှာတော့ ဒီတယောက်သာပ ထမရခဲ့ရင် သူ့အစ်မနဲ့လိုက်ဖက်မယ်လို့ တွေး နေတယ်။
ဓားချက်တွေက ရေလှိုင်းလိုဆင့်ကဲတိုးဝင်နေပြီ ပိုင်လင်းက သူ့အရှိန်ကိုသုံးပြီး ရှောင်တိမ်းနေခဲ့ တယ်။ ပိုင်လင်းလက်နက်ထုတ်မသုံးတာက ဓားကွက်ကိုမပြချင်တဲ့အပြင် နောက်တချက်က ချီယောင်က ရုပ်ပိုင်းဆိုင်ရာအလယ်လတ်ဆင့် ကနေတိုးတက်ဖို့ ခန္ဓာကိုယ်ထိခိုက်အောင်လက် နက်မဲ့ရင်ဆိုင်သင့်တယ်လို့ အကြံပေးလာတဲ့အ တွက်ပါပဲ။
သာမန်အဆင့်၃ တောင်သူ့ကိုမထိခိုက်စေတာ အဆင့်၅ လောက်က မပြောပလောက်ပါဘူး။ ဒါ ပေမယ့် ဓားချက်ကိုတိုက်ရိုက်ခုခံပြလိုက်ရင် တဖက်သူကိုမလေးစားရာရောက်တယ်လို့ သူ ထင်တဲ့အတွက် အချို့ဓားချက်တွေကိုမဖြစ်မ နေရှောင်သင့်တယ်လို့ သူတွက်တယ်။
“မင်းက ရှောင်ရုံပဲလား ပြန်တိုက်လေ”
ချွီပေ့က ဒေါသတကြီးပြောလာတယ်။ သူချည်း ပဲဆက်တိုက် တိုက်ခိုက်နေရတော့ မောပန်းလာ တယ်။
………………………………………………….