← Chapters

အခန်း (၃၅)

Vol. 3 Ch. 35

အခန်း (၃၅)

Vol. 3 Ch. 35

ပိုင်လင်းက ဓားချက်တွေကိုပွတ်ကာသီကာ ရှောင်ပြနေတော့ ချွီပေ့တယောက် ဒေါသထွက် လာပြီး ခွန်အားအကုန် ထုတ်သုံးလာတယ်။

တဖက်မှာလည်း ဒေါသကြီးလာတဲ့ရန်သူကအ မှားများလာပြီး ဟာကွက်အချို့ပေါ်လာတာကို သူသတိပြုမိလိုက်တယ်။ အမှန်ဆို အလယ်လ တ်ဆင့်ဓားချက်လောက်က လက်ဗလာခုခံနိုင် ပေမယ့် ပိုင်လင်းက သူ့ခွန်အားအမှန်ကိုဒီအဆ င့်မှာထုတ်ပြဖို့ စိတ်ကူးမရှိသေးဘူး။

ပရိတ်သတ်တွေက ပိုင်လင်းတယောက်သည်း ထိတ်ရင်ဖိုရှောင်တိမ်းပြနေတာကို ကြည့်ပြီးအ သည်းတယားယားဖြစ်လာတယ်နဲ့ တူပါရဲ့။

အဆက်မပြတ် အော်ဟစ်အားပေးနေတယ်။ အ ဓိကပွဲကြည့်စင်နေရာက ချန်ထန်းကတစစနဲ့ပိုင် လင်းရည်ရွယ်ချက်ကို ရိပ်မိစပြုလာတယ်။ ဒီ ကောင်လေး သူ့ခွန်အားကိုဖုံးကွယ်ဖို့ ကြိုးစား နေတာပဲ။

ချွီပေ့ရဲ့ဓားချက်က ဒေါင်လိုက်ကျဆင်းလာတ ယ်။ ဆက်တိုက်ရှောင်တိမ်းနေတဲ့ ပိုင်လင်းကဒီ တကြိမ်မှာ ဟာကွက်ကိုအပိုင်ကိုင်ဖို့ ဓားချက် ကိုဘေးတစောင်းရှောင်လိုက်ပြီး ချွီပေ့ရဲနံကြား ထဲလက်သီးချက်တချက် ပစ်သွင်းလိုက်တယ်။

အွတ်

ခပ်တိုးတိုးအသံနဲ့အတူ ချွီပေ့တယောက် ယိုင် ထွက်သွားပြီး ဟန်ချက်ပျက်သွားချိန်မှာ လျစ်ခ နဲ ပြေးကပ်လိုက်ပြီး ညာဘက်တံတောင်ကလဲ ချွီပေ့ရဲ့ အောက်မေးကနေတဆင့် အပေါ်ကိုပင့် ရိုက်လိုက်တော့တယ်။

ဖြောင်း ခနဲအသံနဲ့အတူ ချွီပေ့ပေအနည်းငယ်အ ပေါ်မြောက်တက်သွားပြီး ပြန်ကျလာတော့သတိ လစ်သွားချေပြီ။ လက်သီးနဲ့ တံတောင် တချက် စီကျွေးပြီး ရန်သူကိုလှဲသိပ်ခဲ့တာပါ။

ဟေးးးး

ပရိတ်သတ်က ပိုင်လင်းရဲ့သပ်ရပ်တဲ့ တိုက်ကွ က်ကိုကျေနပ်အားရနေကြပြီး ကျယ်လောင်စွာ အားပေးနေကြတယ်။

ပိုင်လင်း နိုင်တယ်

ဒိုင်လူကြီးက အစောင့်အချို့ကို ခေါ်ပြီးချွီပေ့ ကိုစင်ပေါ်က သယ်ထုတ်သွားစေတယ်။ ဒီ၃၂ ယောက်အဆင့်က သာမန်ပေမယ့် ပိုင်လင်းရဲ့ပွဲ ကတော့ ကြည့်ရသူတွေကို ခံစားမှုရသပေးစွမ်း နိုင်ခဲ့ပါတယ်။

“ဒါက ဘယ်လိုတိုက်ခိုက်ရေးပညာလဲ”

ယန်ရှုက တံတောင်ရိုက်ချက်ရဲ့ ပြင်းအားကိုပြ န်တွေးရင်း တုန်လှုပ်နေတယ်။ သူသာဆိုရင်လဲ တံတောင်ရိုက်ချက်ကြောင့် သတိမေ့ဖို့များတ ယ်လို့ ထင်နေတယ်လေ။

“ကောင်လေးရဲ့ ရုပ်ပိုင်းဆိုင်ရာက သန်မာတယ် ဒါပေမယ့်သူက ပါးနပ်တယ် နောက်ထပ်ပြိုင်ဘ က်တွေသတိမထားမိအောင် ခွန်အားအကုန်မပြ သွားဘူး”

ကျန်းထျန်းက သုံးသပ်တယ်။ ချန်ထန်းကလဲ

“ဟုတ်တယ် အမှန်ဆို ချွီပေ့ရဲ့ဓားချက်ကို သူ့အ နေနဲ့ဒီတိုင်း ခံလိုက်ရင်တောင် ခြစ်ရာအချို့ရရုံ ကလွဲပြီး ထိခိုက်မှာမဟုတ်ဘူး”

ချန်ဟယ်တို့သာမက ယန်ရှုနဲ့ ကျန်းထျန်းတို့ပါ မျက်လုံးပြူးကုန်တယ်။ ဒါကဘလိုရုပ်ပိုင်းဆိုင် ရာသန်မာမှုကြီးလဲ။

နောက်ထပ်ပြိုင်ပွဲတွေကတော့ တကယ်ကြည့် ကောင်းပြီ။

ညနေပိုင်းမှာတော့ မော့ပေက ရှန်ကျန်းနဲ့ဆုံပြီး ရှန်ယုက ဇောင်လင်းနဲ့ ထိပ်တိုက်တွေ့နေခဲ့တယ် ကံကောင်းတာက ပိုင်လင်းက သာမန်အဆင့်၅ နှောင်းပိုင်းနဲ့ ထပ်ဆုံတာပါပဲ။

၁၆ ယောက်အဆင့်မှာ ပိုင်လင်းတွက်ဆထားတဲ့ အတိုင်း မော့ပေက အပြတ်အသတ်အရေးနိမ့် သွားခဲ့ပြီး ရှန်ယုကတော့ တိုက်ကွက်အနည်းင ယ်ရင်ဆိုင်ပြီးမှ ရှုံးခဲ့တယ်။

ပိုင်လင်းအတွက် ပြိုင်ဘက်ကရိုးစင်းပါတယ်။ ဒီတကြိမ်တော့ ပွဲကိုမြန်မြန်ဖြတ်ချင်တဲ့အတွက် စစချင်းမှာပဲ ဖြောင့်လက်သီးနှစ်ချက်နဲ့ အဆုံး သတ်လိုက်တယ်။ ၈ ယောက်အဆင့်က မနက် ဖန်မှာ ဆက်ကျင်းပမှာဖြစ်တယ်။

ပိုင်လင်းလည်း ကျိလင်တို့သားအမိနဲ့အတူ ပြိုင် ပွဲကထွက်လာချိန်မှာ နှာမှုတ်သံတခုပေါ်လာတ ယ်။

“ဟမ့် လက်ဗလာသူရဲကောင်းဟုတ်လား မနက် ဖန်ငါနဲ့ဆုံရင် ငါ့ဓားချက်ကိုဘလိုကာမလဲ ငါသိ ချင်သေးတယ်”

ရှန်းကျန်းက ရန်စလာတာပါ။ သူကလည်းပိုင် လင်းရဲ့ တိုက်ခိုက်ရေးက အဆင့်တူရုံသာမက အနည်းငယ်သာလွန်နေတာကို သတိပြုမိတော့ စကားလုံးစစ်ထိုးတဲ့သဘောပါပဲ။

လက်ဗလာသူရဲကောင်းဆိုတာက ပရိတ်သတ် တွေက ပိုင်လင်းကိုပေးထားတဲ့အမည်ပါ။ ပိုင် လင်းကတော့ ရှန်းကျန်းရဲ့စကားကိုအဖက်ပင် မလုပ်ပါဘူး။ စကားတွေပြောပြီး တိုက်ခိုက်ရ တာကိုသူအင်မတန်ပျင်းပါတယ်။

တဖက်မှာတော့ ဇောင်လင်းနဲ့ယုလုံက ပိုင်လင်း ကိုအကဲခတ်နေကြတယ်။ ပိုင်လင်းကသူ့ကိုအ ဓိကစောင့်ကြည့်နေတဲ့ မျက်လုံးတွေကိုလျစ်လျ ရှုလိုက်ပြီး တည်ငြိမ်စွာနဲ့ ထွက်လာခဲ့တယ်။

ထိုနေ့ညက ကျိလင်စီစဥ်ပေးတဲ့စားစရာတွေကို စားပြီး အပြင်းအထန်လေ့ကျင့်တယ်။ သူ့ချီဓာ တ်က အဆင့်၄ အလယ်လတ်ကိုကျော်စပြုနေခဲ့ ပြီ။ ရှန်းကျန်းက ပါရမီရှင်ဖြစ်လို့ အဆင့်တူမှာ ပြိုင်ဘက်ကင်းတာကြောင့် သူသာအဆင့်ထပ် မတက်ထားရင် အနည်းငယ်ရုန်းကန်ရနိုင်တာ ကိုသတိပြုမိလိုက်တယ်။

နောက်ပြီး ဒုတိယဓားကွက်ကို စတင်ထိတွေ့နေ တဲ့အချက်က စိတ်သက်သာရာရစေပြီး အသေး စားအောင်မြင်မှုရခဲ့ရင်တော့ ဗိုလ်လုပွဲမှာအဆင် ပြေလောက်မယ်လို့ သူတွေးတယ်။ တကယ်ဆို ပိုင်လင်းက အတွေးလွန်နေခဲ့တာပါ။

တတိယအလင်းမှတ်ပွင့်စ ပြုနေတာက အပိုချီ ဓာတ်ကိုထိန်းသိမ်းထားပြီး သူသာစိတ်ရှည်ရှည် နဲ့အချိန်ယူမယ်ဆိုရင် ရှန်းကျန်းသုံးယောက်ကို လည်း ရင်ဆိုင်နိုင်ပါတယ်။ နောက်ပြီးသူ့ချီက တခြားလူတွေထက်ပိုသိပ်သည်းတာကို ချီယော င်က အသိမပေးပေမဲ့ အနည်းငယ်သတိပြုမိနေ တယ်။

ညာဘက်လက်သီးကို ဆုပ်ကြည့်တယ်။ ချီစွမ်း အင်တွေဖြာထွက်နေတဲ့ လက်သီးကအားအပြ ည့်ရှိသလိုခံစားနေရပြီး နောက်ထပ်အနည်းငယ် သာကျင့်ကြံဆင့် တိုးလာခဲ့ရင်ပိုကောင်းမယ်လို့ သူတွေးတယ်။

ထားတော့ ဒီလောက်ဆို ဟိုကောင်တွေထဲက ဘယ်သူနဲ့ဆုံဆုံ ရင်ဆိုင်နိုင်ပြီ။

………………………………………….

All Chapters