← Chapters

အခန်း (၃၆)

Vol. 3 Ch. 36

အခန်း (၃၆)

Vol. 3 Ch. 36

နောက်တနေ့ရောက်လာတယ်။

မဲခွဲမှုက ထင်မှတ်ထားစွာပဲ တကယ့်ထိပ်သီး လေးဦးကို ရင်ဆိုင်စေခဲ့တယ်။ ယုလုံကတော့ သာသာယာယာပြိုင်ဘက်နဲ့တွေ့ပြီး ဇောင်လင်း ကလည်း အဆင့်တူပြိုင်ဘက်နဲ့ဆုံတယ်။

ဒါပေမယ့် ပိုင်လင်းကတော့ ရှန်းကျန်းနဲ့ထိပ်တို က်တွေ့နေခဲ့တယ်။

“ရတနာဂိုဏ်းရဲ့ အဓိကတပည့်မဟုတ်လား”

“လက်ဗလာသူရဲကောင်းနဲ့ ထိပ်သီးဂိုဏ်းပါရမီ ရှင်တွေ့တာပဲ ကြည့်ကောင်းပြီဟေ့”

အကွက်မြင်တဲ့စီးပွားရေး သမားတွေက ကြေး တချို့ဖွင့်လှစ်ပြီး နောက်ခံအင်အားကောအရ ည်အချင်းအရပါ လူသိများတဲ့ ရှန်းကျန်းက 1:1.5 ဖြစ်ပြီး ပိုင်လင်းကတော့ 1:5 ထိတက်သွာ တယ်။

၅ဆ တောင်ရမှာပဲ မနည်းဘူးဟ။

ဒဏ်ရာကနေသက်သာသွားတဲ့ မော့ပေတို့ကသူ တို့ရှိတဲ့ငွေစအချို့ကို ပိုင်လင်းဘက်မှာပုံအော လိုက်တယ်။ အနိုင်အရှုံးဆိုတာထက် သူငယ်ချ င်းကို အားပေးတဲ့သဘောပါပဲ။

ထျန်းနင်တို့ကလည်း ငွေစအချို့ထပ်လောင်း တယ်။ ကျိလင်က ငွေစနည်းနည်းလောင်းချင် ပေမယ့် သူ့မှာငွေကိုလောင်းကစားဖို့ ဆုံးဖြတ် ပိုင်ခွင့်မရှိနေဘူး။ ဒါကိုသတိထားမိတဲ့ပိုင်လင်း က ပြောတယ်။

“အစ်မကျိလင် ရှိသမျှအကုန်လောင်းလိုက်ပါ”

“သေ သေချာလို့လား သခင်လေး”

ကျိလင်က ငွေကုန်မှာထက် ပိုင်လင်းရှုံးနိမ့်ပြီး ဒဏ်ရာရမှာကို စိုးရိမ်နေတယ်။

“စိတ်ချပါ ကျတော်သေချာပေါက်နိုင်တယ်”

ပိုင်လင်းရဲ့ တိုက်တွန်းမှုကြောင့် ငွေစ၂၀၀ ကို ကျိလင်လောင်းလိုက်တယ်။ မထင်မှတ်ထားစွာ ပဲ ယန်ရှုနဲ့ ချန်ရှင်းကလည်း ငွေစ၁၀၀၀ ဆီပိုင် လင်းဘက်က လောင်းကြေးတင်ကြတယ်။

ဒီနေရာမှာ အလောင်းအစားကြေးဖွင့်တာက ရှန်းမိသားစုကဖြစ်တယ်။ သူတို့ရဲ့အဓိကပါရမီ ရှင်ရှန်းကျန်းအနေနဲ့ ပိုင်လင်းကိုနိုင်မယ်လို့ယ တိပြတ်ယူဆထားတာကြောင့် ၅ဆထိ တိုးပေး ထားခဲ့တာပါ။

ပိုင်လင်းနဲ့ ရှန်းကျန်း

ပထမဆုံးပွဲအနေနဲ့ ပိုင်လင်းက အမှတ်စဥ်ကျခဲ့ တယ်။ နှစ်ဦးသားစင်ပေါ်ခုန်တက်လိုက်ပြီး မျ က်နှာချင်းဆိုင် ရပ်နေကြတယ်။

“ဟမ့် တွေ့ကြပြီပေါ့”

ပိုင်လင်းက ရှန်းကျန်းရဲ့စကားကို ခွန်းတုန့်ပြန်မ နေပဲ စူးစိုက်ကြည့်နေတယ်။ တဖက်သူက ချွီပေ့ ထက်အဆများစွာ ပိုအားကောင်းပြီး ဓားရေးမှာ လည်း အသေးစားအောင်မြင်မှုနဲ့ ကပ်နေတယ်။ သူသာ ဓားသုံးရင်နိုင်ချေရှိပေမယ့် သူကခုထိ ဓားသုံးဖို့မတွေးဘူး။

“မင်းလက်နက်ထုတ်လိုက်”

ပိုင်လင်းက ခေါင်းယမ်းပြီး

“မင်းကိုရင်ဆိုင်ဖို့ လက်နက်မလိုဘူး”

ပိုင်လင်းရဲ့စကားကြောင့် ရှန်းကျန်းဒေါသတ ကြီးဖြစ်သွားပြီးတော့ သူ့ရဲ့ဓားကိုပြန်သိမ်းလို က်တယ်။

“မင်းလက်နက်မဲ့တိုက်တာကို ငါကလက်နက်နဲ့ အနိုင်မကျင့်ချင်ဘူး”

“မင်းသဘောပဲ”

မလိုအပ်တဲ့စကားတွေပြောနေတာက အချိန်ကု န်တယ်လို့ ပိုင်လင်းထင်တယ်။ ဒါကြောင့်တုံးတိ ပဲ ပြန်ဖြေလိုက်တယ်။

“စလို့ရပြီ”

ပွဲစတာနဲ့ ရှန်းကျန်းရဲ့ လက်သီးချက်က ရိပ်ခနဲ တိုးဝင်လာတယ်။ မြန်ဆန်လွန်းတဲ့အရှိန်ကြောင့် လက်သီးကိုရှောင်ဖို့ခက်သွားတယ်။ ဒါပေမယ့် ပိုင်လင်းက ပြာမသွားဘူး။ လက်သီးချက်ကို လက်ဖျံနဲ့ ခပ်ထုတ်လိုက်တယ်။

ပြင်းထန်တဲ့ခွန်အားကြောင့် လက်တခုလုံးထုံ သွားပေမယ့် ပထမဆုံးလက်သီးချက်ကိုတော့ ရင်ဆိုင်နိုင်လိုက်တယ်။

“ဟမ် လက်သီးချက်ကို ဒီလိုနည်းနဲ့ကာတာလား ဘယ်လိုနည်းစနစ်ကြီးလဲ”

အမှန်တော့ ပိုင်လင်းက လက်ဝှေ့ကို မွှေထိုင်းနဲ့ ရောပြီး ခုခံနေတာပါ။ တံတောင် လက်ဖျံစတာ တွေက မာကြောပြီး ထိပ်တိုက်ခုခံရာမှာအား သာချက်ရှိတာကို သူသိထားတယ်လေ။

“မဆိုးဘူး ထပ်လာပြီ”

ရှန်းကျန်းက ကြုံးဝါးပြီးတော့ ထပ်တိုးဝင်လာ တယ်။ ဒီတကြိမ်မှာတော့ လက်သီးချက်တွေက ပိုင်လင်းရဲ့ ခန္ဓာကိုယ်အနှံ့ တိုးဝင်နေပြီးရှောင်ရ ခက်တာကြောင့် ပိုင်လင်းကလည်း စောနကအ တိုင်းပဲ တံတောင် ဒူးတွေနဲ့ ခပ်ထုတ်ပစ်တယ်။

“သောက်ကျိုးနည်း နည်းစနစ်ကြီးဟ”

“ဒူးနဲ့တိုက်တာကို အခုမှငါမြင်ဖူးတယ်”

ရှန်းကျန်းက ရုပ်ပိုင်းဆိုင်ရာ ကျင့်ကြံထားပေ မယ့် အခြေခံပဲရှိသေးပါတယ်။ ကျင့်ကြံဆင့်တ ဆင့်သာတာကို အားပြုပြီးပိုင်လင်းကိုဖိနှိပ်ဖို့ ကြိုးစားနေခဲ့တာပါ။ ဒါပေမယ့်ပိုင်လင်းက လ က်ဝှေ့ကိုကျွမ်းကျင်အဆင့်ရောက်နေပြီး ချီဓာ တ်ကလည်းသိပ်သည်းတာကြောင့် ရှန်းကျန်းရဲ့ တိုက်ခိုက်ချက်တွေကို အသာအယာပဲ ခုခံနိုင် နေခဲ့တယ်။

“သခင်လေး အဲ့ကောင်ရိုက်ပစ်”

“အစ်ကိုကြီး လုံးဝမညှာနဲ့သေအောင်ရိုက်”

ရှန်းမိသားစုရဲ့ ဒုတိယသခင်လေးကလည်း သူ့ မိသားစုကအစောင့်တွေနဲ့အတူ အစ်ကိုဖြစ်သူ ကိုအဆက်မပြတ်အားပေးနေတယ်။ ပိုင်လင်း ဘက်မှာတော့ မော့ပေ ထျန်းနင်တို့နဲ့ ကျိလင်တို့ သားအမိက အားပေးနေခဲ့တယ်။ တန်တန်လေး က တိုက်ခိုက်နေတာကို လုံးဝကြောက်ရွံခြင်းမရှိ ပဲ လက်ဖောင်းဖောင်းလေးတွေကို ဆုပ်ပြီးလေ ထဲဝေ့ယမ်းနေတယ်။

“ဦးဦး ချချ..အဲ့လူဆိုးကြီးကိုချပစ်”

သူမရဲ့အသံလေးက လူအုပ်ကြီးကိုမကျော်ပေမဲ့ ပိုင်လင်းကတော့ တစွန်းတစကြားနေခဲ့တယ်။ နှုတ်ခမ်းထောင့်တွေ တွန့်ကွေးပြီးပြုံးလိုက်တ ယ်။ ချစ်စရာကလေးမလေးက အားပေးနေတာ ကိုတွေ့ရတော့ စိတ်ထဲကြည်နူးသလိုခံစားသွား ရတယ်။

ဒါပေမယ့် ရှန်းကျန်းကတော့ ပိုင်လင်းသူ့ကို လှောင်နေတယ်ထင်ပြီး တိုက်ကွက်တွေကိုပို အားထည့်လာတယ်။

“မင်းကငါနဲ့လက်သီးချင်း ယှဥ်ထိုးချင်တာပေါ့”

ရှန်းကျန်းရဲ့လက်သီးချက်တွေကို ခုခံနေရင်းက နေတိုက်စစ်ပုံစံပြောင်းလိုက်တယ်။ ခန္ဓာကိုယ် ကိုလည်း ပုံစံပြောင်းလိုက်တာကြောင့် လက်သီး ချက်တွေက ပစ်မှတ်ပမာဏသေးငယ်သွားပြီး ဘေးကိုရှော်ထွက်ကုန်တယ်။

ယား..

လေထဲတချက်ခုန်ပြီး ရှန်းကျန်းရဲ့ညာဘက်ခါး စောင်းကို ဖြတ်ကန်တယ်။ ရန်သူကညာသန်ဖြစ် ရင်ညာဘက်ကို နာကျင်အောင်အရင်လုပ်တာ ကနောက်တဆင့်တိုက်ခိုက်ရာမှာ လွယ်ကူစေတ ယ်။ အတိကျပဲ ရှန်းကျန်းက ခြေကန်ချက်ကိုမ ရှောင်နိုင်လိုက်ဘူး။

ကန်ချက်မှာအားမပါတာကြောင့် တချက်ယိုင်ရုံ ဖြစ်သွားပြီး ခါးစောင်းမှာ နာကျင်မှုတခုဖြစ်သွာ တယ်။ ပိုင်လင်းလိုချင်တာက အာ့ပဲ။ တဖက်က သူ့တိုက်ခိုက်မှုတွေကို အထင်သေးလာအောင် လှည့်စားတယ်။

ရှန်းကျန်းက ပိုင်လင်းရဲ့လှည့်ကွက်ထဲ ကွက်တိ ဝင်လာတယ်။ အားနည်းတဲ့ကန်ချကိတွေကို ဂရု မစိုက်တဲ့ဟန်နဲ့ ဒီတိုင်းခုခံနေတယ်။ ပိုင်လင်းက အားပျော့တဲ့ကန်ချက်တွေနဲ့ ရှန်းကျန်းရဲ့ပေါင် ဒူးခေါင်းတွေကို အဆက်မပြတ်ကန်နေခဲ့တယ်။

အချိန်အနည်းငယ်ကြာလာတော့ ပွဲကြည့်စင်က ရှန်းသခင်ကြီးအနေနဲ့ သူ့သားအခြေနေမကောင် တာကို သတိပြုမိလိုက်တယ်။ သူကအဆင့်၁အ စောပိုင်းပညာရှင်ဖြစ်တော့ ပိုင်လင်းရဲ့လှည့်ကွ က်ကို အချိန်တိုအတွင်းမြင်တယ်။

“မကောင်းတော့ဘူး ကျန်းအာပွဲကိုမြန်မြန်ဖြတ်”

ရှန်းသခင်ကြီးရဲ့စကားအဆုံးမှာ အများစုက မှင်သက်သွားတယ်။ သူတို့အထင်က ရှန်းကျန်း ရဲ့တိုက်ခိုက်မှုကို ပိုင်လင်းက ခုခံနေရပြီးပိုင်လ င်းရဲ့ခြေကန်ချက်တွေက မထိရောက်နေဘူး လေ။ ဒါပေမယ့် ပညာရှင်တွေဖြစ်တဲ့ မိသားစု ခေါင်းဆောင်တွေနဲ့ ယုလုံ ဇောင်လင်း ယန်ရှုတို့ က မြင်နိုင်ပါတယ်။

“ဒီကောင်နောက်ထပ် လှည့်ကွက်သုံးပြန်ပြီ”

ချန်ထန်းက သက်ပြင်းချရင်းဆိုတယ်။ ချန်သ ခင်မကြီးကတော့ ထူးဆန်းတဲ့တိုက်ခိုက်နည်းကို အာရုံစိုက်နေခဲ့ပြီး ထိုနည်းစနစ်က အင်အားကြီး လင်းအိမ်တော်မှာတောင် ရှိမနေပါဘူး။ လက်စွ ပ်လေးထဲက ချီယောင်တယောက် တိုက်ကွက် တွေကိုလေ့လာရင်း ရွှေခန္ဓာကိုယ်နဲ့ပေါင်းစည်း လို့ရနိုင်တယ်လို့ တဖြေးဖြေးမြင်လာတယ်။

သူမကအင်မော်တယ်ဖြစ်ခဲ့တာဆိုတော့ သူများ ထက်ပိုမြင်ပါတယ်။ ရှန်းကျန်းရဲ့လက်သီးချက် တွေကိုရုပ်ပိုင်းဆိုင်ရာနဲ့ တောင့်ခံတာကသူမ ပြောထားသလို ရွှေခန္ဓာကိုယ်ကျင့်စဥ် ပထမရဲ့ အလယ်လတ်ကို ကျော်လွန်အောင်လုပ်နေတယ် ဆိုတာ သူမပဲသိနေတယ်။

“တကယ့်ကောင်…”

ချီယောင်က အနည်းငယ်ပြုံးလိုက်ပြီး စကား နားထောင်တဲ့ တပည့်လေးကိုကျေနပ်နေသလို မျိုး တိတ်တဆိတ်ပြုံးနေခဲ့တယ်။

ဆက်တိုက်ခြေကန်ချက်မိထားတဲ့ ရှန်းကျန်းက ရုတ်တရက် ပေါင်ကြောကနေ နာကျင်မှုစဖြစ် လာတယ်။ ဒါက တိုက်ခိုက်ရေးနည်းလမ်းဖြစ် ပြီးအကြောတွေကို ဖိအားပေးနေခဲ့တာပါ။

တဆက်တည်း ပျော့ပျောင်းတဲ့ကန်ချက်တွေက တဖြေးဖြေးပြင်းထန်လာသလို သူခံစားလာရ တော့ သူ့ဖခင်ပြောတဲ့ပွဲမြန်မြန်ဖြတ်ဖို့ကိုသတိ ပြန်ရသွားတယ်။

“မဖြစ်ဘူး ငါဓားသုံးမှရမယ်”

ချက်ချင်းပဲ အနောက်ကိုခုန်ဆုတ်ပြီး ဓားဆွဲထု တ်လိုက်တယ်။

“ဟေး ရှန်းသခင်လေးက လက်နက်ထုတ်လိုက် ပြီဟ”

“မထုတ်လို့မရဘူးလေ ဒီတိုင်းဆက်သွားနေရင် သူပဲမောပြီးရှုံးတော့မှာကိုး”

“ဟက်. ပထမကတော့လေကြီးမိုးကြီးလုပ်ပြီး မ နိုင်တော့မှ ဓားဆွဲထုတ်တယ်”

ပရိတ်သတ်က ဝေဖန်စပြုလာတယ်။ ဒါပေမဲ့ ရှန်းကျန်းရဲ့စိတ်ထဲ လေးလံစပြုလာပြီးပေါင် တွင်းကြောတွေနာကျင်စပြုလာတာကြောင့် အ ရှက်ရတာကိုမေ့ဖို့ ဆုံးဖြတ်လိုက်တယ်။ အနိုင်ရ သူက ဘုရင်ပဲဘယ်သူတွေဝေဖန်ဝေဖန်ပေါ့။

………………………………………………

All Chapters