အခန်း (၃၇)
Vol. 3 Ch. 37
ပိုင်လင်းလည်း သတိအပြည့်ဖြစ်သွားတယ်။ ချွီ ပေ့လိုတော့ ရှန်းကျန်းရဲ့ဓားချက်ကို လက်ဗလာ နဲ့ရင်ဆိုင်ဖို့ မဖြစ်ပါဘူး။ ဒါပေမယ့် အဆုံးထိ တောင့်ခံပြီး ခြေကန်ချက်တွေနဲ့ တိုက်ခိုက်ဖို့ပဲ ဆုံးဖြတ်လိုက်တယ်။
ရှန်းကျန်းက ဓားကိုင်ပြီးတာနဲ့ ယုံကြည်မှုတွေ တိုးလာတယ်။ ရတနာဂိုဏ်းရဲ့ထိပ်တန်းဓားသိုင် ဖြစ်တဲ့ သွေးဓားကွက်ကို တရစပ်သုံးပြီးဖိအား ပေးလာတယ်။ ထိုဓားကွက်က အဆင့်မြင့်အ ဆင့်ကိုရောက်လုနီး ဖြစ်နေတဲ့အလယ်လတ်အ ဆင့်ကျင့်စဥ်တခုပါ။
ဒါပေမယ့် သတိအပြည့်ထားတဲ့ပိုင်လင်းက ဓား ချက်တွေကို အာရုံစိုက်ထားပြီး ခန္ဓာကိုယ်ကို ပေါ့ပါးအောင်ထားတယ်။ ဓားချက်တချက်ရှော င်လိုက်ပြီးတိုင်း ရှန်းကျန်းရဲ့ညာဘက်ပေါင်ကို ထိထိမိမိရအောင်ကန်တယ်။
ဖြောင်း…
ကန်ချက်တခုက ရှန်းကျန်းရဲ့ပေါင်ကိုထိမှန်ပြီး ယိုင်ထွက်သွားတယ်။ ခြေထောက်က လူ့ခန္ဓာကို ယ်ရဲ့အုတ်မြစ်ပဲ။ ယိုင်ထွက်နေတဲ့ကိုယ်ကိုဟန် ချက်ပြန်ထိန်းနေချိန်မှာပဲ ပိုင်လင်းက ရှန်းကျန်း အနားတိုးကပ်လာတယ်။
တဖက်ကဘယ်သူလဲ ရှန်းကျန်းပဲလေ..။ ပါရမီ ရှင်ဆိုတာ အလကားဖြစ်လတာမှမဟုတ်ပဲ။
တိုးကပ်လာတဲ့ ပိုင်လင်းကို ဓားချက်တခုနဲ့စီးခု တ်တယ်။ ပိုင်လင်းတယောက် အလျင်မြန်ရှောင် လိုက်ရပြီး အခွင့်ရေးတခုလွဲသွားတယ်။
“ဟုတ်ပြီကွ”
ရှန်းမိသားစုရဲ့ ဒုတိယသခင်လေးလည်းအားတ က်သွားတယ်။ ပိုင်လင်းသာအနားကပ်နိုင်ခဲ့ရင် သူ့အစ်ကိုတယောက် ချွီပေ့လိုအဆုံးသတ်သွား မှာကို သူကော အခြားသူတွေပါသိနေခဲ့တယ်။
ချန်ထန်းတို့ကတော့ တိုက်ပွဲကိုသာအလေးအန က်ကြည့်နေခဲ့ပြီး အခွင့်ရေးတခါလွတ်သွားတာ ကိုမြင်နိုင်ခဲ့တယ်။
“သိပ်ကောင်းတဲ့ အခွင့်အရေးကွာ”
ယန်ရှုက မချိတင်ကဲရေရွတ်လိုက်တယ်။ ချန်ရှ င်းကလည်း လက်သီးလေးတွေဆုပ်ပြီး အားမ လိုအားမရဖြစ်နေတယ်။
“သခင်လေးဘာမှမဖြစ်ပါစေနဲ့”
ကျိလင်က ပွဲစင်မြင်ကိုကြည့်ပြီး တိတိတဆိတ် ဆုတောင်းနေခဲ့တယ်။ ပိုင်လင်းကအသာစီးရမ နေဘူးလို့ သူမထင်နေတယ်လေ။
“စိတ်မပူပါနဲ့ ပိုင်လင်းကအသာကြီးပါ”
မော့ပေက ကျိလင်ကိုနှစ်သိမ့်ပေးတယ်။ သူ့လို လူရည်လည်တဲ့လူက ကျိလင်ရဲ့ခံစားချက်ကို ရိပ်မိနေတယ်လေ။
စင်ပေါ်မှာတော့ လူရိပ်နှစ်ခုနဲ့ ဓားရိပ်တခုကရှုပ် ထွေးနေတယ်။ ပိုင်လင်းကအနားတိုးကပ်ဖို့မ လောတော့ပဲ နောက်ထပ်အခွင့်ကောင်းကိုထပ် စောင့်တယ်။
“ဟုတ်ပြီ”
တကြိမ်မှာတော့ ရှန်းကျန်းရဲ့ခုတ်ပိုင်းမှုက အရှိ န်ကျော်သွားပြီး ဟန်ချက်ပြတ်သွားချိန်မှာ ပိုင် လင်းက ခါးကိုရုတ်တရက်ကွေးချလိုက်ပြီး စင် အောက်ခြေကနေ ရှန်းကျန်းရဲ့ခြေအစုံကို သိမ်း ပြီးကန်တယ်။ ရှန်းကျန်းက ဟန်ချက်ပြတ်နေခဲ့ ပေမဲ့ လုံးဝလဲကျမသွားဘူး။
ရုတ်တရက် ရှန်းကျန်းရဲ့အနားကို ထပ်ကပ်လို က်ပြီး ရင်ညွန့်ကိုလက်သီးနဲ့ထိုးချတယ်။ ရှန်း ကျန်းကအလန့်တကြား ခုန်ဆုတ်ပေမယ့် လက် သီးချက်မှာပါတဲ့ ခွန်အားက အဖျားခတ်သွားခဲ့ ပြီး အနောက်ကိုခြေလှမ်းအနည်းငယ် ထပ်ဆု တ်လိုက်ရတယ်။
“ဟိုင်းယား”
ပိုင်လင်းတယောက် မာန်သွင်းပြီးတော့ ညာခြေ နဲ့ရှန်းကျန်းရဲ့ နားထင်ကိုဝိုက်ကန်တယ်။ ညာ ခြေက တိကျစွာပဲ ထိခတ်သွားပြီး မူးဝေသွား ချိန်မှာ အဆုံးသတ်အနေနဲ့ ရင်ဝကို ကန်ထုတ်ပ စ်လိုက်တယ်။
အုန်း…
ကန်ချက်မှာ ခွန်အားတဝက်တိတိထည့်ထားခဲ့ တာကော ကန်ချက်ကရင်ဝကိုထိထိမိမိ ဖြစ်သွာ ခဲ့တာကော အခြေနေနှစ်ခုကြောင့် ရှန်းကျန်းလဲ စင်ပေါ်လဲကျသွားပြီး သွေးအန်လိုက်ရတယ်။
“မင်း..”
ပိုင်လင်းရဲ့ကန်ချက်က ရင်ညွှန်ရိုးအနည်းငယ် ကျိုးကြေသွားပုံပါပဲ။ ပြန်မထလာနိုင်တာကြော င့် ဒိုင်လူကြီးက ပိုင်လင်းကိုအနိုင်ပေးလိုက်တ ယ်။
“ပိုင်လင်း အနိုင်ရတယ်”
“ဟေး ဒါမှဦးဦးကွ”
ကျယ်လောင်တဲ့ အားပေးသံတွေကြားမှာ တုန် ယင်နေတဲ့ ကျိလင်ရဲ့အားပေးသံက တန်တန်ရဲ့ စကားသံနဲ့အတူ ထွက်ပေါ်လာတယ်။ မော့ပေ တို့ကလည်း ဝမ်းသာနေခဲ့ပြီး ကြေးအရ ၅ဆထိ ရသွားတာမို့ နှစ်ဆ ပျော်ရွှင်နေကြတယ်။
ရှန်းမိသားစုခေါင်းဆောင်ကတော့ သူ့သားကို စင်ပေါ်ကသယ်ထုတ်စေပြီး ပိုင်လင်းကိုစူးစိုက် ကြည့်နေတယ်။ သူ့မျက်လုံးထဲမှာ ပိုင်လင်းရဲ့ပါ ရမီကို သတိပြုမိပုံရတယ်။ ဒါကနောင်မှာသူတို့ အတွက် ခက်ခဲတဲ့ရန်သူဖြစ်လာမှာကို သူသိနေ တယ်လေ။
ပိုင်လင်းက ဒိုင်ကိုအရိုအသေပေးပြီးနောက် ရှန်းမိသားစု ခေါင်းဆောင်ရဲ့အကြည့်ကို မမြင် ဟန်ဆောင်ပြီး စင်ပေါ်ကဆင်းသွားတယ်။ သူ့ တကိုယ်လုံးလည်း ထုံနေပြီး အစောပိုင်းက ရှန်း ကျန်းရဲ့လက်သီးချက်တွေက မပေါ့ပါဘူး။
ပွဲကြည့်စင်ကိုပြန်ရောက်တော့ ကျိလင်က နူးညံ့ သိမ်မွေ့စွာကြည့်ပြီး ပိုင်လင်းနှာဖူးပေါ်ကချွေး တွေကို ညင်ညင်သာသာ သုတ်ပေးနေတယ်။
ထိုမြင်ကွင်းကို ချန်သခင်မကြီးကမြင်တော့ သူ မတို့အစီစဥ်အတိုင်း ဆက်သွားဖို့သင့်လျော်ပါ့မ လားတွေးမိသွားတယ်။
ပိုင်လင်းကတော့ ထိုအရာတွေကို မသိပါဘူး။ လောင်းကြေးကို ထုတ်ပြီးယူလာဖို့ ထျန်းနင်ကို မှာလိုက်ပြီး တန်တန်လေးကိုချီလျက် တဖက်က ကျိလင်လက်ကိုဆွဲကိုင်ရင်း ထွက်သွားတော့တ ယ်။
“ခုထိ လက်နက်လုံးဝသုံးမသွားဘူး”
ယန်ရှုက တိုက်ခိုက်ရေးသမားစစ်စစ်ဖြစ်တော့ ပိုင်လင်းရဲ့တိုက်ခိုက်မှုတွေကို အားရနေပြီးအ ခွင့်အရေးရရင် ပိုင်လင်းနဲ့လက်ရေးစမ်းဖို့အထိ တွေးနေတယ်။
“နောက်အဆင့်က မလွယ်ဘူးသးလက်နက်သုံး မှရလိမ့်မယ်”
ချန်ထန်းက တွေးတွေးဆဆဟန်နဲ့ ပြောတယ်။ ချန်သခင်မကြီးနဲ့ ချန်ဟယ်က သဘောတူဟန်နဲ့ ခေါင်းညိတ်ပြတယ်။
“အခုပွဲမှာ သူက ပထမရဖို့အခွင့်ရေးများတယ်”
ချန်ဟယ်က မူလတည်းကပိုင်လင်းကိုသတိပြု မိထားသူဆိုတော့ အခုရလာဒ်ကို အထူးတော့ အံ့သြမနေခဲ့ပါဘူး။ တခုပဲ သူတွေ့ခဲ့တဲ့လက်သီး နည်းစနစ်ကိုပိုင်လင်းက ပိုကျွမ်းကျင်လာသတိ ပြုမိလိုက်တဲ့ အချက်ပါပဲ။