အခန်း (၃၈)
Vol. 3 Ch. 38
ရက်အနည်းငယ်အတွင်း အဆင့်၄ထိ ခုန်တက် သွားတဲ့ အပြင် တိုက်ခိုက်ရေးနည်းစနစ်တွေက အားရကျေနပ်စေတာကြောင့် ပရိတ်သတ်တွေ ရဲ့ပါးစပ်ဖျားမှာ ပိုင်လင်းက ရေပန်းစားနေခဲ့တ ယ်။
အိမ်ကိုပြန်ရောက်တော့ ခဏအနားယူပြီးရေချို လိုက်တယ်။ တကိုယ်လုံးနာကျင်နေပေမယ့် ခံ နိုင်ရည်တိုးလာပြီး ရွှေခန္ဓာကိုယ်ကျင့်စဥ်က အ လယ်လတ်ကနေ စတင်တိုးတက်လာတယ်။ ပထမအဆင့်ရဲ့ နှောင်းပိုင်းကိုသာရောက်ရင် သာမန်အဆင့်၃ လောက်ကတော့ လက်ဗလာနဲ့ ရင်ဆိုင်လို့ရပါပြီ။
ဒါပေမယ့် တဆင့်ချင်းစီမှာတိုးတက်ဖို့က အရင် ဆုံးနာကျင်ရဖို့လိုပါတယ်။ အခုလိုရုပ်ပိုင်းဆိုင် ရာနဲ့ ပြိုင်ဘက်ကိုရင်ဆိုင်ရတာမျိုးပါ။ ကျိလင် ကပိုင်လင်းအတွက် ရေနွေးအိုးတည်ပေးပြီး ရေနွေးနဲ့ ရေချိုးဖို့စီစဥ်ပေးတယ်။
ရေချိုးပြီးချိန်မှာတော့ ထျန်းနင်နဲ့ထျန်းချင်တို့ ပြန်ရောက်လာပြီး ကျိလင်ရဲ့လက်ထဲငွေစ ၁၀၀၀ ကိုတိုက်ရိုက်ပဲပေးလိုက်တယ်။ သူတို့လဲ ငွေစအချို့အနိုင်ရလိုက်တာကြောင့် ဝမ်းသာနေ ကြတယ်။
“ပိုင်လင်း မင်းရဲ့လက်သီးနည်းစနစ်ကဘာလဲ”
စကားနည်းတဲ့ ထျန်းချင်က စပ်စုလာတယ်။ ပိုင်လင်းက အပေါင်းအသင်းကိုအလေးအနက် ထားသူဖြစ်ပြီး ထျန်းနင်တို့ကို ယုံကြည်တာနေ တာကြောင့် လက်ဝှေ့နဲ့ မွှေထိုင်းအခြေခံနည်းစ နစ်ကို ပြောပြလိုက်တယ်။
“တကယ့် အံ့ဖွယ်နည်းစနစ်ပဲ”
ထျန်းနင်က မယုံနိုင်ဟန်နဲ့ပြောလာတယ်။ ဘယ် တိုက်ခိုက်ရေးနည်းလမ်းက ဦးခေါင်းတွေနဲ့ပါ တိုက်ခိုက်လို့လဲ။ လက်ဝှေ့ကတော့ ဒူး တံတော င်လက်သီးနဲ့ ဦးခေါင်းတိုက်ချက်တွေကိုပါ ခွင့် ပြုထားပြီး ဂျူဂျစ်ဆုလို ပညာရပ်တွေကတော့ ဒီလောကမှာ သိပ်အသုံးမတည့်ပါဘူး။
လက်နက်အားသာချက်ကို အသာစီးယူတတ်တဲ့ ပြိုင်ဘက်နဲ့တွေ့ရင် ချုပ်ကိုင်တာက ခက်ခဲတ ယ်ဆိုတာ ပိုင်လင်းသတိပြုမိတယ်။ ဒါပေမဲ့ အပျော့ အမာနဲ့ ယင်ယန်သဘောတရားပါတဲ့ ကွန်ဖူးနည်းစနစ်ကိုတော့ သူသဘောကျတယ်။
“ဂိုဏ်းကိုမပြန်ခင် အခြေခံလောက်ရအောင် မင်းသင်ပေးလို့ရမလား”
ပိုင်လင်းက ထျန်းချင်ရဲ့တောင်းဆိုချက်ကိုအ သာတကြည်ပဲ လက်ခံပေးလိုက်တယ်။ ခန္ဓာကို ယ်သန်မာမှုအပိုင်းကို အရင်လေ့ကျင်စေပြီး အ ဓိကအနေနဲ့ တဖက်ကတိုက်ခိုက်မှုကို အရင်ဆုံး ခံနိုင်ရည်ရှိဖို့လိုတယ်။
ညနေစောင်းရောက်တော့ ထျန်းနင်တို့အပြင်ပြ န်ထွက်သွားခဲ့ပြီး ပိုင်လင်းက ကျိလင်ရဲ့လေ့ ကျင့်မှုကို ချီယောင်ပြောတာကနေတဆင့် လမ်း ညွှန်ပေးနေခဲ့တယ်။ တန်တန်လေးက ခြံဝန်းထဲ ဆော့ကစားနေတယ်။
“ချီစွမ်းအင်ကို ချက်အောက်ကနေ စဖြန့်”
ပိုင်လင်းက ကျိလင်ရဲ့အနည်းငယ်အဆီတက် နေတဲ့ခါးကို ဆုပ်ကိုင်ပြီး ချီလည်ပတ်မှုကိုအ သားကျစေဖို့ ပြောနေတယ်။ သူမကအဆင့်၇ အစောပိုင်းကနေ ကျော်လွန်တော့မှာပါ။ နောက် ပြီး ပြင်းထန်တဲ့စိတ်ဆန္ဒကြောင့် ဇွဲကြီးတဲ့သူမ ကိုပိုင်လင်းကလည်း သဘောကျနေခဲ့တယ်။
အချိန်တခုအကြာနေပြီး တဖြေးဖြေးသိလာခဲ့ တာက ကျင့်ကြံသူဖြစ်ဖို့က အင်မတန်ခက်ခဲတ ယ်ဆိုတာပဲ။ အဆင့်၁ ထိကျင့်ကြံနိုင်ရင်သက် တမ်းကလည်း နောက်ထပ်နှစ်၁၀၀ လောက်ထ ပ်ပေါင်းနိုင်တာကြောင့် ကျင့်ကြံသူတွေကသူ တို့ဘဝမှာ အသေးဆုံးပန်းတိုင်အဖြစ် အဆင့်၁ ထိပ်သီးကျင့်ကြံသူဖြစ်လိုကြတယ်။
သိုင်းသခင်နဲ့အထက်ကတော့ ရှုပ်ထွေးတဲ့စိတ် စွမ်းအင်တွေပါလာပြီး သိုင်းလမ်းစဥ်တွေက လည်း အရင်ထက်ပိုများလာတယ်။ ဆိုကြပါစို့ ဓားလမ်းစဥ်လိုက်စားသူက ဓားသဘောတရား ကိုကျေညက်မှ သိုင်းသခင်အဆင့်ကိုရောက်နိုင် ပြီး ပိုင်လင်းလိုရုပ်ပိုင်းဆိုင်ရာကျင့်ကြံသူကလဲ ရုပ်ခွန်အားလမ်းစဥ်က ရုပ်ပိုင်းဆိုင်ရာသဘော တရားကို နားလည်ဖို့လိုပါတယ်။
ဒါပေမယ့် ပိုင်လင်းက လက်နက်အဖြစ်ဓားကို လည်းကျင့်ကြံခဲ့တယ်။ တကယ့်တိုက်ပွဲမှာလ က်နက်ပါတာက မပါတာထက်ပိုအားသာချက် ရှိနေတယ်လေ။ နောက်ပြီးထိပ်တန်းအဆင့် လက်နက်တွေက မာကြောတဲ့ခန္ဓာကိုယ်ကိုထိုး ဖောက်နိုင်တာကြောင့် တိုက်ပွဲတိုင်းကိုသူ့အနေ နဲ့ရုပ်ခွန်အားတခုတည်း အားကိုးမရနိုင်ဘူးဆို တာတွေးထားပြီးသား ဖြစ်တယ်။
ညမှောင်စပြုတော့ ထျန်းနင်တို့ပြန်ရောက်လာ တယ်။ စျေးအသင့်တင့်အရက်အိုးအနည်းငယ် ဝယ်လာခဲ့ပြီး ဆောင်းနှောင်းရဲ့အအေးဓာတ်ကို အရက်နဲ့ကာကွယ်မယ်လို့ ဟစ်ကြွေးနေတယ်။
ထိုနေ့ညက ညလယ်လောက်ထိ သောက်ပြီးအ နားယူလိုက်တယ်။ နောက်တဆင့်မှာ ယုလုံ ဇောင်လင်းတို့နဲ့ တွေ့နိုင်ချေရှိပေမယ့် အသက်ရှု လေ့ကျင့်ခန်းကြောင့် သူ့ရဲ့ချီဓာတ်က အဆင့်၄ နှောင်းပိုင်းထိ ကပ်လာတယ်။
မတော်တဆသာမဖြစ်ရင် မနက်ဖန်မှာအဆင့်၄ နှောင်းပိုင်းကိုရောက်မယ်လို့ တွေးတယ်။ ဒီလို သာဆို မည်သည့်ပြိုင်ဘက်ဖြစ်ဖြစ် စိုးရိမ်စရာ မလိုတော့ပါဘူး။
နောက်တနေ့မနက်မှာတော့ ခပ်စောစောထပြီး လေ့ကျင့်ခန်းပြန်လုပ်တယ်။ ဒါကပိုင်လင်းရဲ့ အလေ့ကျင့်တခုဖြစ်ပြီး မနက်ခင်းအစောဆုံးအ ချိန်က ချီဓာတ်သိပ်သည်းဆုံးပါပဲ။
ထျန်းနင်တို့လည်း နိုးလာပြီး ပိုင်လင်းနဲ့အတူ ခြံဝန်းထဲမှာ လေ့ကျင့်ကြတယ်။ ကျိလင်က မ နက်စာပြင်ပြီးချိန်မှာတော့ လေ့ကျင့်ရေးကိုရပ် တပ်လိုက်ပြီး မနက်စာစားတယ်။ ပြီးတော့ ပြိုင်ပွဲကွင်းရှိရာကို အစောဆုံးပဲ ကြိုထွက်လာ ခဲ့တော့တယ်။
……………………………………………….