အခန်း (၃၉)
Vol. 3 Ch. 39
ရှန်းကျန်းကို အနိုင်ရပြီးနောက် ပိုင်လင်းရဲ့အမ ည်က သင်းပျံ့ကောင်းကင်မြို့မှာ တရှိန်ထိုးထင် ရှားလာခဲ့တယ်။
ရှန်းကျန်းဆိုတာ ဘယ်သူလဲ။ ရတနာဂိုဏ်းရဲ့အ ဓိကတပည့် ရှန်းမိသားစုရဲ့ ပထမသခင်လေး စ တဲ့နောက်ခံတွေကို ဖယ်ထုတ်မယ်ဆိုရင်တောင် အသက်၂၀ အရွယ်နဲ့အဆင့်၄ နှောင်းပိုင်းရော က်နေတဲ့ ပါရမီက အသိအမှတ်ပြုပေးရမှာပါ။
ဒါပေမယ့် ပါရမီရှင်တဦးက အမည်မထင်ရှား တဲ့ ကျင့်ကြံသူလေးကို အရှက်တကွဲရှုံးနိမ့်သွား ခဲ့ရတယ်။ ဒါက ရတနာဂိုဏ်းနဲ့ ရှန်းမိသားစုကို မျက်နှာဖြတ်ရိုက်ခြင်း တမျိုးပဲ။
“ပြိုင်ပွဲနဲ့ပက်သက်ပြီး ဘာတွေများထူးလဲ”
သက်လတ်ပိုင်းအရွယ် အမျိုးသမီးတဦးက သူ မအရှေ့က လက်ဖက်ရည်တခွက်ကို အသာငှဲ့ သောက်ရင်း မေးလိုက်တယ်။
“စတုတ္ထအဆင့်ကိုရောက်နေပါပြီ ပြိုင်ပွဲဝင်တွေ အနေနဲ့ ဇောင်လင်း ယုလုံ ပိုင်လင်းနဲ့ ဇီချီပါ”
သူမရဲ့အမေးကို အသက်၂၀ အရွယ်အမျိုးသ မီးငယ်လေးက ရိုရိုသေသေပြန်ဖြေတယ်။ သ က်လတ်ပိုင်းအရွယ် အမျိုးသမီးက ကျားဖြူခ န်းမသခင် စုလဲ့ဖြစ်ပြီး သူမရှေ့ကမိန်းကလေး ကတော့ သူမရဲ့ထိပ်တန်းအစေခံမလေး စုကျီပဲ ဖြစ်တယ်။
စုလဲ့က သူမရဲ့အဓိကတပည့် စုမင်အပါအဝင် ထိပ်တန်းအစေခံများကို စုမျိုးရိုးအမည်ခံစေပြီ သူမရဲ့ခွန်အားက အဆင့်၁ အလယ်အလတ်ကို ရောက်နေခဲ့ပါပြီ။
စုကျီရဲ့စကားအဆုံးမှာ စုလဲ့က
“ဇီ ချီဆိုတာ ပန်းပဲမိသားစုက ကောင်လေးမဟု တ်လား”
“ဟုတ်ပါတယ် သခင်မ”
“အင်း… ဇီချီက အဆင့်၄ အလယ်အလတ်ဆို ပေမယ့် သူ့ခွန်အားကတော့ နှောင်းပိုင်းနဲ့ယှဥ်နို င်တယ် ငါတကယ်သိချင်တာ ပိုင်လင်းပဲ သူ့အ ကြောင်းသိထားတာရှိရင် ပြောပါဦး”
“ဟုတ်ကဲ့ ပိုင်လင်းက ချန်ကုန်သွယ်ရေးလုပ်ငန် မှာ အစောင့်အနေနဲ့လုပ်ကိုင်နေပြီး ခုပြိုင်ပွဲကို ချန်ဟယ်ကုန်သွယ်ရေး အမည်အောက်ကနေဝ င်ပြိုင်တာတော့မဟုတ်ပါဘူး အသက်၂၀ အရွ ယ်ဖြစ်ပြီး ကျင့်ကြံဆင့်က အဆင့်၄ အလယ်အ လတ်ပါ”
“သူ့နောက်ခံကကော…”
“ကျမတို့စုံစမ်းရသလောက် မသိရသေးပါဘူး”
စုလဲ့က ခေါင်းတဆတ်ဆတ်ညိတ်ပြီး အနည်းင ယ်ပြုံးလိုက်တယ်။ သူမက ချန်ထန်းတို့ရဲ့အစီ အစဥ်ကို သေချာပေါက်သတိပြုမိထားပြီးသား ပါ။ ကျားဖြူခန်းမ မြို့မကုန်သွယ်ရေးနဲ့ ထန်းမိ သားစု စတဲ့အင်အားစုက ဖိအားပေးနေတာကို ဖြေရှင်းဖို့ နောက်ထပ်ရွေ့ကွက်တခုဆိုတာ သူမ အပါအဝင် အခြားခေါင်စဆောင်နှစ်ဦးစလုံးသိ ထားကြတယ်။
ဒါပေမယ့် သူတို့ကိုယ်စီရဲ့ သခင်လေးဆိုသူတွေ အားလုံးက အဆင့်၃ ကိုလတ်တလောပြိုင်တူ ချိုးဖြတ်ထားကြတဲ့ ထိပ်တန်းပါရမီရှင်တွေဖြစ် ကြတဲ့အတွက် ပိုင်လင်းရဲ့အောင်မြင်မှုက ဖုန်ထ ရုံပဲရှိတယ်လို့ သူမထင်တယ်။
“ထွက်သွားတော့ ပြိုင်ပွဲကို ဆက်စုံစမ်းချေ”
“ဟုတ်ကဲ့ပါ သခင်မ”
သူမလိုပဲ အခြားအင်အားစုခေါင်းဆောင်များက ပြိုင်ပွဲရဲ့သတင်းကို စုံစမ်းနေခဲ့ပြီး ရှန်းကျန်းထိ ခိုက်မှုကို အခွင့်ရေးယူပြီး ပိုင်လင်းရဲ့ခွန်အားနဲ့ ပါရမီကို စမ်းသပ်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။ တဆက်တည်း လိုအပ်ရင်သူတို့လက်အောက် ဖိတ်ခေါ်ပြီး ငြင်းဆန်ရင်လည်း သတ်ဖြတိဖို့ဝ န်မလေးကြပါဘူး။
“အဖေ. ပိုင်လင်းဆိုတာ ထူးဆန်းတဲ့တိုက်ခိုက် ရေးနည်းစနစ်ကြောင့် ကျော်ကြားနေတာပါ ခွန် အားအရကော ပါရမီအရပါ ကျတော့်ကိုဘယ် လိုလုပ်ယှဥ်နိုင်မှာလဲ”
ထန်းစန်းက ဖခင်ဖြစ်သူကို ပြောလိုက်တယ်။ ထန်းမိသားစုခေါင်းက အသာပြုံးလိုက်ပြီး
“ဒါကို အဖေသိတယ် ဒါပေမယ့် ဘယ်လိုအရာ မျိုးမဆို ပေါ့ပေါ့တန်တန်သဘောထားလို့မရဘူ ကောင်လေးရဲ့ပါရမီက မင်းထက်မသာရင်တော င်မင်းအောက် မကျဘူးလို့ အဖေထင်တယ် နော က်ပြီး ကောင်လေးကို အဖေ့အပြင်အခြားအင် အားစုတွေကလည်း လိုချင်နေကြတယ် အဖေ ပြောတာကိုမင်းနားလည်လား”
ထန်းစန်းက နှာခေါင်းရှုံ့လိုက်တယ်။ သူ့အထင် သင်းပျံ့ကောင်းကင်မြို့မှာ သူ့ကိုယှဥ်နိုင်တဲ့လူ ငယ်ပါရမီရှင်က စုမင် မြို့မသခင်လေးတို့ပဲရှိ တယ်လို့ ယတိပြတ်ယူဆထားတယ်လေ။
“ငါ့ကိုအထွန့်မတက်နဲ့တော့ ပြိုင်ပွဲကိုသာဆက်စုံ စမ်းတာ ချန်ထန်းကမြေခွေးအိုဆိုရင် သူ့မိန်းမ က သူ့ထက်ပိုကြောက်ဖို့ကောင်းတယ် သူ့ရွေ့ကွ က်က ပွင့်လင်းရာသီမှာလုပ်မယ့်ပြိုင်ပွဲကိုသက် ရောက်လာနိုင်တယ် မင်းအနေနဲ့ချန်ညီအစ်မကို လိုချင်ရင် မပေါ့ဆနဲ့”
ထန်းမိသားစုခေါင်းဆောင်ရဲ့စကားအဆုံးမှာ တော့ ထန်းစန်းက အနည်းငယ်မကျေနပ်ပေမဲ့ ခေါင်းညိတ်ပြလိုက်ပြီး ခန်းမထဲက ပြန်လည် ထွက်ခွာသွားတယ်။
ပြိုင်ပွဲဝင်၄ဦးပဲ ကျန်ရှိတာကြောင့် ပြိုင်ပွဲက အမြင့်ဆုံးအဆင့်ရောက်လုနီးပါး ဖြစ်လာခဲ့တ ယ်။ နောက်ပြီး ကျန်ရှိနေတဲ့ ပြိုင်ပွဲဝင်တွေကလဲ ထိပ်တန်းအဆင့်တွေဖြစ်တာကြောင့် ပရိတ်သ တ်တွေက စိတ်လှုပ်ရှားနေကြပြီး ပိုင်လင်းကဲ့သို့ ပြိုင်ပွဲကွင်းကို အစောဆုံးရောက်နေကြတယ်။
ပိုင်လင်းတို့ရောက်ပြီး မကြာခင်မှာပဲ ပြိုင်ပွဲကို ခပ်စောစောပဲ စတင်လိုက်တယ်။ အစီစဥ်ကြေ ငြာသူက ပြိုင်ဘက်များကိုမဲနှိုက်ရွေးချယ်စေ ပြီး ပထမအတွဲက ယုလုံနဲ့ ဇီချီ တို့ရဲ့ပွဲစဥ်ဖြစ် တယ်။ နောက်တတွဲကတော့ ဇောင်လင်းနဲ့ပိုင် လင်း။
ပိုင်လင်းရဲ့နှုတ်ခမ်းထောင့်တွေက တွန့်ကွေး သွားပြီး သူကပြိုင်ပွဲရဲ့အားအကောင်းဆုံးသူ တွေကို ဗိုလ်လုပွဲထိ တဆင့်ပြီးတဆင့်ရင်ဆိုင် နေရတာက သိပ်တော့နည်းလမ်းမကျဘူးလို့ သူ ထင်တယ်လေ။ ဒါက ကမ္ဘာကူးပြောင်းသူတွေ ကြုံကိုကြုံရမယ့် အခက်ခဲမျိုးလား သောက် ကျိုးနည်းလှည့်ကွက်ကြီး။
ပြိုင်ပွဲမစခင်မှာပဲ ထွက်ရှိလာတဲ့ကြေးတွေမှာ ယုလုံက 1:2/ ပိုင်လင်း 1:3/ ဇောင်လင်း 1:4 ဇီချီ 1:6 ဖြစ်နေတယ်။ အတိအကျပဲ ပိုင်လင်း က ဒုတိယနေရာကိုခုန်တက်သွားခဲ့ပြီး ဒါကမာန ကြီးပြီးမောက်မာတဲ့ ဇောင်မိသားစုတွေကိုဒေါ သထွက်စေတယ်။
“ဟက်.. လက်သီးနည်းစနစ်လေးကျွမ်းကျင်တဲ့ သူက ငါ့အထက်ရောက်နေတာလား ဟာသပဲ”
ဇောင်လင်းတယောက် ကြေးဖွင့်မှုကိုကြည့်ပြီး ဒေါသထွက်လျက်ရှိတယ်။ သူကဘာ်သူမို့လဲ ဇောင်မိသားစုရဲ့ထိပ်တန်းပါရမီရှင် ပြီးတော့ အဆင့်၄ နှောင်းပိုင်းအဆင့် ဇောင်မိသားစုရဲ့ ထိပ်တန်းအဆင့်မြင့် သိုင်းကွက်ဖြစ်တဲ့ နေမီး လက်ဝါးကျင့်စဥ်က သင်းပျံ့ကောင်းကင်မြို့တ ခုလုံးမှာ ထင်ရှားပြီးသားပါ။ နောက်တခုကသူ့ အနေနဲ့ စတုတ္ထအဆင့်ထိ ရောက်နေခဲ့ပါပြီ။
ဒါကြောင့်ပိုင်လင်းက သူ့ပြိုင်ဘက်မဖြစ်နိုင်သ လို ယုလုံကိုလည်း ယှဥ်နိုင်မယ်လို့သူယူဆထား တယ်။
“မင်းကတော့ ကံဆိုးတာပဲ”
ပိုင်လင်းနဲ့ ထိပ်တိုက်တွေ့နေတာကိုတော့ သူ့အ နေနဲ့ကျေနပ်နေတယ်။
“ပထမပွဲစတင်မယ်”
ယုလုံက အေးစက်စက်အမူအရာနဲ့ စင်မြင့်ပေါ် ခုန်တက်သွားပြီး ဇီချီကတော့ အဆင့်မြင့်လက် နက်ဖြစ်တဲ့ ပုဆိန်ကိုဆုပ်ကိုင်ပြီး ခုန်တက်လာ တယ်။ ခွန်အားအရ တူညီပေမယ့် ဇီချီက ၂၅ ကျော်နေပြီမို့ ပါရမီကွာဟမှုတော့ ရှိနေတယ်လို့ အကြမ်းဖျင်းယူဆနိုင်တယ်။
“မင်းအသင့်ဖြစ်ပြီလား”
ယုလုံကအေးစက်စက်လေသံနဲ့ မေးလိုက်တယ်
“စကြတာပေါ့”
ဇီချီကတုန့်ပြန်ပြီးတာနဲ့ ချက်ချင်းပဲ လက်ထဲက ပုဆိန်ကိုဝေ့ယမ်းလိုက်တယ်။ အဆင့်မြင့်လက် နက်ဖြစ်တဲ့ ပုဆိန်ကလေထဲ အပြာဖျော့ဖျော့အ လင်းရောင်တောက်ပနေပြီး လေထုကိုတောင် ပုံ ပျက်သွားစေတယ်လို့ ထင်ရစေတယ်။
“သိပ်ကောင်းတဲ့ခွန်အားပဲ”
ချန်ထန်းက တိတ်တဆိတ်ချီးကျူးလိုက်တယ်။ ဇီမိသားစုက ပန်းပဲမိသားစုဖြစ်ပြီး သူတို့ရဲ့ခွန် အားအမှန်ကို ချန်ထန်းတို့ကိုယ်တိုင်တောင်သ တိမပြုမိပဲ ဇီချီထွက်ပေါ်လာမှ ပေါ့တန်တန်သ ဘောထားလို့မရတဲ့ အင်အားစုဖြစ်မှန်းသူသိလို က်တာပါ။
ယုလုံက အနားကပ်လာတဲ့ ပုဆိန်ဝေ့ယမ်းမှုကို လက်ထဲက ဓားနဲ့ခုခံရင်း ပြင်းထန်တဲ့ခွန်အား ကြောင့်အနောက်ကို ခြေနှစ်လှမ်းဆုတ်ပေးလို က်ရတယ်။
“မဆိုးဘူး”
ပထမတိုက်ကွက်မှာတင် ဇီချီရဲ့ခွန်အားက ယု လုံနဲ့သိပ်မကွာမှန်း အားလုံးတွက်ဆလိုက်နိုင်ကြ တယ်။ တကယ့်ကိုပွဲကောင်းပဲ။
……………………………………………….