အခန်း (၄၀)
Vol. 3 Ch. 40
ယုလုံရဲ့ ဓားကွက်တွေက ရှုပ်ထွေးတဲ့ကြိုးမျှင် တွေလို ဖြာထွက်နေပြီး ပုဆိန်ကတော့ လေပြင်း တခုလို ဧရိယာတခုလုံးကို တိုးတိုက်နေခဲ့တယ်။
ဒါပေမယ့် တိုက်ပွဲပရိယာယ်နဲ့ တည်ငြိမ်ရင့်ကျ က်မှုမှာ ယုလုံကအသက်ရွယ်နဲ့မလိုက်အောင် ရင့်ကျက်တည်ငြိမ်နေပြီး သူ့ပုံစံကသေရေးရှင် ရေးတိုက်ပွဲတွေကို ဖြတ်သန်းထားရတဲ့ပုံရှိတယ်
“နောက်တဆင့်မှာ သူနဲ့ဆုံနိုင်ချေရှိတယ် နင်သ တိထားရလိမ့်မယ်”
ချီယောင်က ပိုင်လင်းကိုတီးတိုးသတိပေးတယ် သူကိုယ်တိုင်ကလည်း ခေတ်တခုရဲ့ပါရမီရှင် တွေကို အံ့သြနေခဲ့ပြီး မထင်မှတ်ထားတဲ့မြို့င ယ်လေးမှာ ဒီလိုအရည်သွေးရှိတဲ့ ပါရမီရှင်တဦး ထွက်ပေါ်လာမယ်လို့ ချီယောင်မထင်ထားပါဘူး
“သူ့ဓားကျင့်စဥ်က ဘယ်အဆင့်လဲ”
ပိုင်လင်းရဲ့အမေးကို ချီယောင်က
“ထိပ်တန်းတဝက်အဆင့်”
မှင်သက်သွားရတယ်။ ဒါကထိပ်တန်းအဆင့်နီး ပါးအားကောင်းတဲ့ သိုင်းကျင့်စဥ်တခုဖြစ်ပြီး ဒီ လိုကျင့်စဥ်ကိုပိုင်ဆိုင်တဲ့ မီးတောက်ဂိုဏ်းကလဲ ဇီပန်းပဲမိသားစုထက်ပို အလေးအနက်ထားသင့် တဲ့ အင်အားစုပါ။
ပိုင်လင်းအနေနဲ့ လုံလောက်တဲ့အင်အားတခုမရ ခင်သင်းပျံ့ကောင်းကင်မှာနေသရွေ့ ပြိုင်ဘက် အင်အားစုတွေကို သိထားဖို့လိုအပ်ပါတယ်။ ဒါ မှရန်သူ မိတ်ဆွေကွဲပြားလာတဲ့အခါ ကိုင်တွယ် မယ့်နည်းလမ်းကို စဥ်းစားနိုင်မှာပါ။
“သူ့ဓားက ထိပ်တန်းအဆင့်မှာရှိတယ် နင့်ရဲ့ရုပ် ပိုင်းဆိုင်ရာကို ဖိအားပေးဖို့အကောင်းဆုံးပဲ”
ဟ… ဒီဟာမ ငါ့အပေါ်မကျေနပ်ချက်များရှိနေ လို့လား။ ထိပ်တန်းအဆင့်လက်နက်ကို လက်ဗ လာနဲ့ခုခံဖို့ပြောနေတယ် ဘယ်လိုဟာသလဲ။
“ဘာလဲ နင်ကြောက်လို့လား”
ပိုင်လင်းရဲ့အတွေးကို သတိထားမိတဲ့ချီယောင် ကမထေ့မဲ့မြင်အသံနဲ့ လှောင်ပြောင်လာတယ်။
“ခွန်အားကော လက်နက်အဆင့်အရပါသာလွန် နေတဲ့ပြိုင်ဘက်ကို ကျတော်ကရုပ်ခန္ဓာသီးသန့် နဲ့ခုခံနိုင်မယ်လို့ ခင်ဗျားတကယ်ကြီးထင်နေတ ယ်ပေါ့”
“နင့်ရဲ့ရွှေခန္ဓာကိုယ်ကို ပထမအဆင့်နှောင်းပိုင်း ထိရောက်ချင်ရင် အနာခံမှပဲရမယ် ဆေးဝါးအ ကူညီနဲ့ တခြားနည်းလမ်းက ဒီလောက်မထိရော က်ဘူး”
ပိုင်လင်းတယောက် စိတ်မသက်သာစွာခေါင်း ယမ်းလိုက်ရတယ်။ ဗိုလ်လုပွဲမတိုင်ခင် ရက်အ နည်းငယ်ရမယ်ဆိုရင် အဆင့်၄ နှောင်းပိုင်းထိ တွန်းတင်ပြီး ခွန်အားတိုးလာတာက ဖြေရှင်းဖို့ နည်းလမ်းတခုလို့ သူထင်တယ်။ ဇောင်လင်းကို တော့ သူအနိုင်ရချေများပါတယ်။
ပိုင်လင်းတို့ဆွေးနွေးနေတုန်း စင်ပေါ်မှာတော့ဇီ ချီတယောက် လေးလံတဲ့ပုဆိန်ကိုကိုင်ဆွဲတိုက် ခိုက်ရတာကြောင့် ချီဓာတ်လျော့ကျလာပြီး ယု လုံကဖိအားပေးနိုင်လာတယ်။ သိသာစွာပဲ ယုလုံကသူ့ခွန်အားကို ဖုံးကွယ်ထားပြီး အပြည့် အဝမသုံးသေးပါဘူး။ သူသာအပြည့်အဝသုံးမ ယ်ဆိုရင် ပွဲကဒီထက်ပိုမြန်မှာပါ။
ယုလုံရဲ့ ဓားအဖျားက ဇီချီရဲ့ပုခုံးကိုထိုးစိုက် သွားပြီး ဓားမှာပါလာတဲ့ခွန်အားကြောင့် ဇီချီ တယောက် ပေအနည်းငယ်လွင့်ထွက်သွားတ ယ်။ ပုခုံးပေါ်ကသွေးစီးကြောင်းတခု ဖြစ်လာပြီး သက်လုံကျဆင်းလာတဲ့ ဇီချီကသူ့အခြေနေကို သူသိတာကြောင့် ဆက်တိုက်ဖို့လက်လျော့လို က်တယ်။
ဆက်တိုက်သင့်တယ်ကွာ နောက်ထပ်ဖိအားနည် နည်းပေးနိုင်ရင် ယုလုံရဲ့ဓားကွက်ကိုပိုလေ့လာ နိုင်ပြီ။
ပိုင်လင်းက ဇီချီကို ကြည့်ပြီးအားမလိုအားမရနဲ့ ရေရွတ်နေတယ်။ ပရိတ်သတ်တွေက သွေးအေ ပြီးခွန်အားကြီးတဲ့ ယုလုံကိုသွေးအေးသခင်ဆို ပြီး အော်ဟစ်အားပေးနေတယ်။
ဘာလဲသွေးအေးသခင် အမည်ကလဲတလွဲကြီး။ ပိုင်လင်းက နှာခေါင်းရှုံ့လိုက်တယ်။ သူ့ကိုလ က်ဗလာသူရဲကောင်းလို့ အမည်ပေးတာကမှယု လုံထက်စာရင် တော်သေးတယ်လို့ ထင်မိသွား တယ်။
ပထမပွဲစဥ်ပြီးတော့ ခနတဖြုတ်နားကြတယ်။ ဒုတိယပွဲစဥ်က ပိုင်လင်းရဲ့ပွဲစဥ်ဖြစ်ပြီး ခုပွဲမှာ လည်းပိုင်လင်းတယောက် လက်ဗလာနဲ့တိုက်ဖို့ ရှိမရှိ လောင်းကြေးပါထွက်လာတယ်။
ဒါက….
ပိုင်လင်းအပါအဝင် မော့ပေတို့လည်း ဆွံ့အသွာ ကြတယ်။ ဘယ်လိုအလောင်းအစားနည်းလမ်း မျိုးလဲ။
ဇောင်လင်းက ဇောင်မိသားစုတွေရှိတဲ့နေရာက နေပိုင်လင်းကို သတ်ဖြတ်လိုစိတ်နဲ့ စိုက်ကြည့် နေတယ်။ ဇောင်လင်းလိုလူက သူ့ထက်သာတာ ကိုမနာလိုစိတ်များတဲ့ တကိုယ်ကောင်းသမားပါ ပိုင်လင်းကတော့ ပတ်ဝန်းကျင်ကိုလျစ်လျူရှု ထားပြီး အသက်ရှုလေ့ကျင့်ခန်းကိုထိန်းညှိနေ တယ်။
ဇောင်လင်းကိုအနိုင်ရချေရှိပေမယ့် မပေါ့ဆရဲ ဘူး။ ကျင့်ကြံဆင့်က အဆင့်၄ နှောင်းပိုင်းကိုဖိ တင်ဖို့ခုထဲက သူကြိုးစားနေတာဖြစ်တယ်။ တို က်ခိုက်ရေးနည်းလမ်းဖြစ်တဲ့ လက်ဝေ့ကတော့ ကျွမ်းကျင်အဆင့်ကို ကျော်စပြုနေပြီးပညာရှင် အဆင့်ရောက်တော့မှာပါ။
နေ့လည်ခင်းရောက်တော့ ဒုတိယပွဲစဥ်ပြန်စတ ယ်။
“ဇောင်လင်းနဲ့ပိုင်လင်း စင်ပေါ်တက်ခဲ့ပါ”
ဇောင်လင်းက မခိုးမခန့်အမူအရာနဲ့ ပိုင်လင်းကို စိုက်ကြည့်နေပြီး သူ့မျက်လုံးထဲမှာတော့ သူ့ထ က်ကျင့်ကြံဆင့်နိုင်ပြီး လက်သီးတိုက်ကွက်သာ ရှိတဲ့ ပိုင်လင်းကပမွှားအဆင့်ပါပဲ။
“စလို့ရပြီ”
ပြိုင်ပွဲစစချင်းမှာ နှစ်ဖက်စလုံးကခြေနေကိုတွ က်ဆနေပြီး ပိုင်လင်းကတော့ တိုက်ခိုက်ရေးနဲ့ ခုခံရေးကိုယ်ဟန်ကို အပြည့်အဝအသက်သွင်း ပြီး ဇောင်လင်းကိုစောင့်ကြည့်နေတယ်။
တဖက်မှာဇောင်လင်းက မိနစ်အနည်းငယ်ကြာ ပိုင်လင်းရဲ့ဟာကွက်ကို တွေ့ပြီးချိန်မှာတော့ ချက်ချင်းပဲ လှုပ်ရှားလာတယ်။
ချွင်…
ပါးလွှာပြီး ထက်မြတ်တဲ့ ဓားတလက်…
လောကမှာရှိတဲ့အရာအားလုံးကို ထိုးခွဲတော့မဲ့ ဟန်အပြည့်….။
ဓားချက်က တကယ့်သေကွင်းကိုပဲ ဦးတည်ထာ ပြီးခုခံနိုင်ရင်တောင် ဒဏ်ရာတော့ရသွားဦးမှာ ပါ။
“ကြောက်ဖို့ကောင်းလိုက်တာ ဒါကဇောင်မိသား စုရဲ့သွေးဓားကွက်ထဲက ပထမဓားကွက်မဟုတ် လား”
“ဟုတ်တယ်လေ.. သွေးဓားကျင့်စဥ်က ထိပ်တ န်းအဆင့်နီးပါးဖြစ်နေပြီး ဇောင်မိသားစုကအဲ့ဒိ သွေးဓားကျင့်စဥ်ထဲက ဓားကွက်၇ကွက်လုံးကို ပိုင်နိုင်တယ်လို့ ငါကြားတယ်”
“ဇောင်သခင်လေးကကော ဘယ်နှစ်ကွက်ထိတ တ်မြောက်မယ်ထင်လဲ”
“ ၃ကွက်ပေါ့..”
“မဟုတ်ဘူး သူ့ပါရမီအရဆို သေချာပေါက် ၅ ကွက်ပဲ”
စင်အောက်က ငြင်းခုန်သံတွေက ကျယ်လောင် လာတယ်။ ချန်ထန်းကလည်း အနည်းငယ်စိတ် လှုပ်ရှားနေပြီး နုစဥ်အခါက ဇောင်မိသားစုခေါ င်းဆောင်နဲ့ရင်ဆိုင်ဖူးပြီး သွေးဓားကွက်ကိုကြုံ ဖူးတာကြောင့် ကျင့်စဥ်ရဲ့စွမ်းအားကိုသူသိနေ တယ်လေ။
“ သွေးဓားလား”
ချန်ဟယ်က မျက်ခုံးအစုံကိုတွန့်ကွေးပြီး စိတ်ထဲ တခုခုပေါ်ဘဝင်မကျသလို ခံစားနေရ တယ်။ ဒါကမသိစိတ်ကပိုင်လင်းကို အနိုင်ရစေ ချင်ပြီး ဇောင်လင်းရဲ့ဓားကွက်ကြောင့် ပိုင်လင်း ရှုံးနိမ့်သွားမှာကို စိတ်ပူနေတဲ့ပုံစံပါ။
“ဟမ့် မင်းရဲ့လက်ဗလာနဲ့ခုခံကြည့်စမ်း”
ဓားချက်က လေထဲဝေ့ဝိုက်သွားရာက ဓားချွန် ကအနားကပ်ရောက်တော့ ဖြောင့်တန်းသွားတ ယ်။ ဒါကပထမအကွက်ရဲ့ လှည့်ကွက်ပဲဖြစ်တ ယ်။ ပြိုင်ဘက်က ခုတ်ပိုင်းမှုကိုသာ အာရုံစိုက်မိ ရင်ထိုးဖောက်လာမယ့် ဓားဖျားကဇီဝိန်ချွေလို က်မှာပါ။
ပိုင်လင်းရဲ့အမူအရာလေးနက်သွားတယ်။ ဓား ဖျားကို ကာဖို့လက်နှစ်ဖက်ရဲ့လက်ဖျံကိုမျက်နှာ ရှေ့တည့်တည့်မှာ ကာလိုက်တယ်။ ဒါကရူးမိုက် တဲ့ခုခံနည်းပါ။ သူ့ရဲ့ရွှေခန္ဓာကိုယ်သာ အလယ် လတ်ဆင့်ကိုမရောက်ထားရင် ဒီလိုလုပ်ရဲမှာမ ဟုတ်ပါဘူး။
ဝုန်း…
ပြင်းထန်တဲ့တိုက်ခိုက်မှုက ပိုင်လင်းကိုအနောက် ဆုတ်သွားစေပြီး လက်ဖျံနှစ်ဖက်အနည်းငယ် နာကျင်သွားပေမယ့် မာကြောတဲ့ရုပ်ပိုင်းဆိုင်ရာ ကြောင့် ရှရာတခုတောင်မပေါ်လာဘူး။
“ဘယ်လောက်တောင်သန်မာလိုက်လဲ”
“ဒီကောင်လေးကရုပ်ပိုင်းဆိုင်ရာကို ဘယ်ထိ ကျင့်ကြံထားတာလဲဟ”
ယန်ရှုရဲ့တုန်လှုပ်နေတဲ့အသံကြီး ကျယ်လောင် စွာထွက်ပေါ်လာတယ်။ သူ့လိုပဲကျန်တဲ့သူတွေ အပါအဝင် ဇောင်လင်းကိုယ်တိုင်လည်းမှင်သ က်နေပြီး ဒါကရုပ်ပိုင်းဆိုင်ရာမှာ အဆင့်တခုထိ ရောက်နေပြီဆိုတာကို သိသာစေတယ်။
“ကောင်းတယ် သိပ်ကောင်းတယ် မင်းသာပထ မအကွက်လေးနဲ့ရှုံးသွားရင် အတော်လေးအထ င်သေးစရာကောင်းသွားမှာ အခုတော့ငါ့ရဲ့အထ င်ကြီးမှုကိုနည်းနည်းတော့ ရသွားခဲ့ပြီ”
ဘယ်လောက်တောက်မောက်မာလိုက်သလဲ။ ဒါ မျိုးက ဇာတ်လိုက်တွေပြောရမယ့်လေသံပါကွ မင့်က ဇာတ်ပို့အဆင့်နဲ့များ……..။
ပထမအကွက်ကို ရင်ဆိုင်ပြီးချင်းမှာပဲ မူလကို ယ်ဟန်ကို ပြန်တည်တယ်။ နောက်ထပ်တိုက်ခို က်မှုကို ခုခံရုံနဲ့မရတော့ဘူးဆိုတာ သူသိတယ် လေ။
“လာပြီ ဒါကဒုတိယဓားကွက်”
ဇောင်လင်းက ဓားကိုလက်နှစ်ဖက်နဲ့ဆုပ်ကိုင်ပြီ ညင်သာစွာခုတ်ပိုင်းလိုက်တယ်။
တချက်
နှစ်ချက်
ငါးချက်
ခုနှစ်ချက်….
တမိနစ်အတွင်း ပုံစံ၇မျိုးနဲ့ ဓားချက်၇ချက်..
ဒါက အတော်လေးပြင်းထန်တဲ့ တိုက်ကွက်ပါ။ ကိုယ်ဟန်တည်ထားတဲ့ ပိုင်လင်းက ဓားချက်၇ ချက်ကို တချက်ကြည့်လိုက်ပြီး ဓားချက်ရဲ့ပထ မ၃ ချက်ကို လက်ဖျံနဲ့ခုခံပြီး ကျန်လေးချက်ကို တော့ လက်သီးချက်သုံးပြီး တိုက်ရိုက်ပဲချေမွ လိုက်တယ်။
အဆင့်မြင့်လက်နက်နဲ့ ခွန်အားကြောင့် ပိုင်လင်း ရဲ့လက်သီးနှစ်ခုစလုံး သွေးချင်းချင်းနီသွားပြီး စင်မြင်ရဲ့အဖျားထိ နောက်ဆုတ်ပေးလိုက်ရတ ယ်။
“ခုခံနိုင်သေးတာလား”
အကုန်လုံး နောက်တကြိမ်မှင်သက်သွားတယ်။ ပိုင်လင်းကတော့ မှင်သက်နေချိန်မရပဲ ဒီတကြိ မ်သူ့ဘက်က တိုက်ခိုက်သင့်ပြီလို့ ယူဆတဲ့အတွ က်စတင်လှုပ်ရှားလာတယ်။
………………………………………………..