အခန်း (၄၁)
Vol. 3 Ch. 41
ဇောင်လင်းရဲ့နောက်ထပ် တိုက်ကွက်ထွက်မလာ ခင်ပဲ ပိုင်လင်းရဲ့လှုပ်ရှားမှုက စတင်လာတယ်။
ညာဘက်လက်သီးကို အဖြောင့်ထားပြီး ဘယ် ဘက်ကိုအနည်းငယ် ခပ်ကွေးကွေးပုံစံနဲ့ တဖက် ကတန်ပြန်ဓားချက်တွေကို လက်ဗလာနဲ့ခုခံဖို့ စိတ်ကူးနေတယ်။
ဒါကချီယောင်ပြောတဲ့ နည်းလမ်းပါပဲ။ ရုပ်ပိုင်း ဆိုင်ရာကို နှောင်းပိုင်းအထိတက်သွားခဲ့ရင် ဗိုလ် လုပွဲမှာ ယုလုံကိုရင်ဆိုင်နိုင်ပါပြီ။
ပိုင်လင်ူရဲ့လှုပ်ရှားမှုက ပညာရှင်ဆန်တယ်။ သိ မ်မွေ့ပြီး တည်ငြိမ်တယ်။ လက်သီးကိုဟန်ပြအ နေနဲ့ထားပြီး သူအားသာတဲ့ တံတောင်ရိုက်ချက် အချို့နဲ့ ဇောင်လင်းကိုအနီးကပ်ဝင်လုံးတယ်။
ပုံမှန်တိုလက်နက်နဲ့ရန်သူအပေါ် လက်ဗလာနဲ့ဝင် လုံးတာက ရယ်စရာကြီးဖြစ်နေမှာပါ။ ဒါပေမဲ့ ပိုင်လင်းက သူ့ရဲ့ရုပ်ခွန်အားကိုဖိအားပေးချင် တာကြောင့် တမင်ထိုအတိုင်းတိုက်ခိုက်နေတာ ကိုတော့ တခြားသူတွေမသိကြပါဘူး။
“မိုက်ရူးရဲဆန်လိုက်တာ”
“သူ့ခန္ဓာကိုယ်ဘယ်လောက်မာပါစေ အဆင့်မြင့် လက်နက်နဲ့ထိပ်တန်းဓားကွက်ကို ခုခံဖို့ကတော့ မဖြစ်နိုင်ဘူးလေ”
ယန်ရှုက မချိတင်ကဲရေရွတ်လိုက်တယ်။
“စောင့်ကြည့်လိုက်ပါ သူ့မှာအကြောင်းရှိတယ်”
ချန်သခင်မကြီးက တီးတိုးပြောလိုက်တယ်။ သူ မကကျင့်ကြံဆင့်မမြင့်ပေမယ့် နားလည်မှုအပိုင် နဲ့ ဉာဏ်ရည်မှာ ချန်ထန်းထက်အပြတ်အသတ် သာလွန်ပါတယ်။
“ရုပ်ခန္ဓာကိုလေ့ကျင့်နေတာလား”
သူ့မိန်းမရဲ့အတွေးကိုမြင်လိုက်တဲ့ ချန်ထန်းက တီးတိုးရေရွတ်တယ်။ ဒါကတိုက်ပွဲအလယ်မှာ အဆင့်တက်တာနဲ့ တူညီပါတယ်။
ရှုပ်ထွေးတဲ့ လက်သီး တံတောင် ခြေကန်ချက် တွေကိုဇောင်လင်းက တားဆီးနိုင်နေပြီး ပိုင်လ င်းကိုအနားမကပ်နိုင်အောင် ကာကွယ်နေခဲ့တ ယ်။ မဟုတ်ရင် သူ့အနေနဲ့အဆုံးသတ်သွားတော့ မှာပါ။
“တတိယဓားကွက်ကို မြည်းကြည့်စမ်း”
နောက်ဆုံးတံတောင်ရိုက်ချက်ကို ခတ်ထုတ်ပြီး ချက်ချင်းပဲ ဓားကွက်ကိုဖော်လိုက်ရတယ်။ ဆ က်ပြီး ခုခံတာကအသုံးမဝင်တော့ပါဘူး။ ရေရှ ည်မှာလက်ပန်းကျနိုင်တယ်လေ။
ဓားချက်က ရေပြင်ညီအတိုင်း ၃ချက်ဆင်းတိုး ဝင်လာတယ်။ ပါးလွှာတဲ့ဓားက လေထဲတုန်ခါ နေပြီး မြွေတကောင်လိုလှုပ်ရှားနေရင်း နောက် ဆက်တွဲဓားချက်ငယ်လေးတွေ ထုတ်ဖော်နေခဲ့ တယ်။
ပိုင်လင်းတယောက် ထိတ်ခနဲ ဖြစ်သွားတယ်။ ဒီဓားချက်၃ခုက ရင်ဆိုင်ရခက်မှန်းသူသိလိုက် တယ်။ ဒါပေမယ့်နောက်ဆုတ်ဖို့ လုံးဝစိတ်မကူး ပဲ ရှေ့ကိုတိုးတက်လိုက်သေးတယ်။
ဝုန်း
ဓားချက်၃ ချက်က ရှေ့နောက်ဆင့်ပြီး ပိုင်လင်း ကိုဖြတ်ပိုင်းသွားပေမယ့် နက်ရှိုင်းတဲ့ဒဏ်ရာသာ ရစေပြီး ပိုင်လင်းကတော့နာကျင်မှုနဲ့သွေးတွေ ဖြာထွက်သွားတာကို ချသ်လျူရှုပြီး အနားရော က်တာကို အခွင့်ရေးအပြည့်ယူလိုက်တယ်။
ခြေကန်ချက်တချက်….
ညာဘက်ခါးကို အရှိန်နဲ့ထိခတ်ပြီး တဆက်တ ည်းဘယ်ခြေက ညာဘက်လက်မောင်းကိုပါဆ င့်ပြီး ထပ်ကန်တယ်။ လှုပ်ရှားမှုတခု ခြေကန်ချ က်နှစ်ချက်…
ဇောင်လင်းတယောက် လက်သီးနဲ့တိုးဝင်မယ်ထ င်ပြီးအကွာအဝေးကိုဂရုစိုက်ဖို့ သတိလွတ်သွား တာက ပွဲကိုအဆုံးဖြတ်ပေးလုနီးပါး ဖြစ်သွား စေတယ်။
ဒါပေမယ့် ဇောင်လင်းက သတိအလွတ်မခံဘူး။ ဟန်ချက်ကို ပြန်ထိန်းရင်း ခန္ဓာကိုယ်ကိုဓားချ က်တွေနဲ့ ကာကွယ်ထားတဲ့အတွက် နောက်ထပ် ခြေကန်ချက်တွေ ထပ်လုပ်ဖို့ခက်သွားတော့တ ယ်။
“ကောင်းတယ် ဒါမှငါ့သားကွ”
ဇောင်သခင်ကြီးက အားရဝမ်းသာစွာ ကြွေး ကြော်လိုက်တယ်။ အရင်ပွဲတွေတုန်းက ဟန်ချ က်ပျက်တာကို ပိုင်လင်းကအခွင့်ကောင်းယူခဲ့ ပြီးယခုမှာတော့ ထိုခြေနေကို ဇောင်လင်းကဖြေ ရှင်းနိုင်ခဲ့တယ်။
“ဟမ့်.. ဒီလောက်ပဲလား ဒါဆိုငါ့ရဲ့နောက်ထပ် ဓားကွက်ကိုခံကြည့်လိုက်တော့”
ဇောင်လင်းလက်ထဲက ဓားတချောင်းလုံးနီရဲ လာတယ်။ ပတ်ဝန်းကျင်အပူရှိန်လည်း တိုးနေ ပြီး ဓားကပိုင်လင်းလက်ထဲက လွတ်ထွက်လုမ တတ်ယမ်းခါနေတာကိုကြည့်ရတာ ထိတ်လန့်စ ရာပင်ကောင်းနေတယ်။
ပိုင်လင်းက သူ့ဝမ်းဗိုက်မှာကန့်လန့်ဖြတ်ထိထား တဲ့ဒဏ်ရာ၃ခုကို ငုံ့ကြည့်လိုက်တယ်။ တူညီတဲ့ နေရာကိုနောက်တကြိမ် ထပ်ထိခွင့်မရှိတော့ဘူး မဟုတ်ရင် ဒီပွဲမှာ သူရှုံးသွားနိုင်တယ်လေ။
တခုကံကောင်းတာက ဓားချက်ကြောင့် ရုပ်ပိုင်း ဆိုင်ရာခုခံမှုက နှောင်းပိုင်းအဆင့်ထိတိုးကပ် သွားပြီး နောက်ထပ် အားပါတဲ့ခုခံမှုကိုသာလုပ် နိုင်ရင် သေချာပေါက် ချိုးဖြတ်တော့မှာပါ။
ဟုတ်ပြီး တချက်ပဲခုခံနိုင်မယ်။ တချက်ပဲ..။ ဓားချက်က သူ့ခံနိုင်ရည်အကုန်ပါပဲ..။ တချက် ကိုခုခံပြီး ပြိုင်ဘက်ကိုအမှောက်သိပ်ရမှာဖြစ် လို့အရမ်းခက်ခဲပါတယ်။
လူတယောက်ရဲ့ ခန္ဓာကိုယ်မှာ လည်ပင်းကအား အနည်းဆုံးနေရာပါ။ ဒါကိုသိထားတဲ့ပိုင်လင်း က ဇောင်လင်းရဲ့လည်မြိုကို ထိထိမိမိတိုက်ခိုက် နိုင်ဖို့ မွှေထိုင်းအကွက်တခုကို ပုံဖော်လိုက်တယ် ပုံမှန်ခုခံမှုဖြစ်တဲ့ လက်ဖျံနဲ့အပြင် ညာဘက်ဒူး ကိုပါ ကွေးညွတ်ထားပြီး လေထဲမြှောက်ထားတ ယ်။
အကုန်လုံးက လက်နှစ်ဖက်ကို ကွေးထားပြီးတ ဆက်တည်း ညာခြေထောက်ကိုမြှောက်ရင်း ဒူး ကွေးထားတဲ့ကိုယ်ဟန်ကို မှင်သက်စွာစိုက်ကြ ည့်နေတယ်။
နောက်ဆုံးတချက်…..
ဇောင်လင်းက ကျယ်လောင်စွာ ကြုံးဝါးပြီး ဓားချက်တခုဓားလွယ်ခုတ် ပိုင်းချတယ်။ ဇောင် လင်းသာ ဓားလွယ်ခုတ်ကိုမှ ကြက်ခြေခတ်ပိုင်း နိုင်ရင် ပိုင်လင်းရှုံးမှာပါ။ ဒါပေမယ့် လိုအပ်တဲ့ ချီမရှိတော့တာကြောင့် တချက်သာပိုင်းလိုက်ရ တဲ့ ဇောင်လင်းရဲ့ဓားချက်က သူ့တွက်ဆမှုထဲ မှာရှိနေသေးတာကို သိလိုက်ရတော့ ဝမ်းသာ သွားတယ်။
ဟိတ်…
ဓားချက်ကို လက်နှစ်ဖက်နဲ့အပြင် အရင်ဆုံး ညာဘက်ဒူးနဲ့ ခုခံပြီး ထပ်တိုးလာတဲ့အားကို တော့လက်နှစ်ဖက်က ချေဖျက်သွားတယ်။
သွေးတွေက စင်မြင့်ပေါ် ဖြာခနဲ ပန်းထွက်သွား တယ်။ ပိုင်လင်းတယောက် လွင့်စင်သွားမယ်လို့ ဇောင်လင်းနဲ့ကျန်တဲ့သူတွေ ထင်နေစဥ်မှာပဲ ပိုင် လင်းက ဇောင်လင်းရဲ့အနားကိုတိုးကပ်လိုက်ပြီး ပစ်မှတ်ဖြစ်တဲ့ လည်မြိုကို ဖြောင့်လက်သီးနဲ့ အားအကုန်ထိုးချလိုက်တယ်။
ဝုန်း…
လက်သီးချက်က ဇောင်လင်းကိုစင်ပေါ်ကနေ လွင့်စင်သွားစေပြီး ပိုင်လင်းကလည်း ဓားချက် ကြောင့် စင်ပေါ်ပြုတ်ကျသွားတယ်။
အား… နာလိုက်တာဟ။ ညာဒူးနဲ့လက်ဖျံနှစ်ဖ က်မှာ ဓားချက်ကြောင့် လက်မဝက်ခန့်နစ်ဝင်နေ တဲ့ဒဏ်ရာကြီးရှိနေတယ်။ ဒါပေမယ့် ဒါကသူ့ကို မလဲကျစေပဲ ယိုင်တိယိုင်တိုင်နဲ့ မတ်တပ်ပြန်ရပ် လိုက်ပြီး စင်ပေါ်ကလွင့်ထွက်သွားတဲ့ ဇောင်လ င်းကိုငုံ့ကြည့်လိုက်တယ်။
စင်အောက်မှာတော့ ဇောင်လင်းက ပက်လက် ကလေးလဲလျောင်းနေပြီး သတိလစ်သွားပါပြီ။ ပါးစပ်ထဲကသွေးတွေ အန်ထွက်သွားတာကြော င့် လက်သီးချက်ကပစ်မှတ်ကို တိုက်ရိုက်ထိသွာ ပုံရပါတယ်။
“ဟေး နိုင်ပြီကွ”
အကုန်လုံးရဲ့မှင်သက်နေမှုအောက်မှာ မော့ပေရဲ့ ကျာ်လောင်တဲ့အော်သံကြောင့် သတိဝင်လာကြ တယ်။
ထို့နောက်ပရိတ်သတ်အကုန်လုံးက တပြိုင်နက် အားပေးလိုက်ကြပြီး ကျိလင်တို့သားအမိကလဲ ပွဲကြည့်စင်ပေါ်ကနေ ပိုင်လင်းကိုငေးကြည့်ရင်း တုန်ယင်နေတယ်။ အထူးသဖြင့်မျက်ရည်ဝဲနေ တဲ့ကျိလင်ပါပဲ။ သူမကပိုင်လင်းရဲ့ဒဏ်ရာတွေ ကိုတွေးပူနေခဲ့တာပါ။
တန်တန်လေးကတော့ ကျိလင်နဲ့မတူညီပဲတခစ် ခစ်ရယ်နေပြီး လက်ကလေးနှစ်ဖက်ကိုအဆက် မပြတ်ဝေ့ယမ်းနေတယ်။
“ဟူး… ရဲတင်းလွန်းတယ်”
ချန်သခင်မကြီးက အဆုံးမှာတော့သက်ပြင်းချ လိုက်ပြီး စိတ်သက်သာရာရသွားတယ်။ ပိုင်လ င်းသာရှုံးရင် သူတို့အစီစဥ်က ပျက်စီးသွားတော့ မှာပါ။
ချီယောင်က နှစ်လိုဖွယ်ပြုံးရင်း သူမရွေးချယ် ထားတဲ့လူငယ်လေးရဲ့ သတ္တိကိုကျိတ်ပြီးချီး ကျူးနေခဲ့တယ်။ ဒီပွဲကပိုင်လင်းရဲ့ရုပ်ခွန်အား ကိုသေချာပေါက် နှောင်းပိုင်းအဆင့်ထိရောက် သွားစေမှာပါ။
……………………………………………….