ချန်လင်မယားရောက်လာခြင်း
Vol. 3 Ch. 42
ပိုင်လင်းအနိုင်ရပြီးနောက် ကြေငြာသူကဗိုလ်လု ပွဲကိုနောက်၃ရက်အကြာမှာ ကျင်းပဖို့ဆုံးဖြတ် ပြီးကြေငြာလိုက်တယ်။
ဒါကချန်ထန်းရဲ့အစီစဥ်ဖြစ်ပုံရမယ်လို့ ပိုင်လင် ထင်ပြီးသားဖြစ်တယ်။ ချန်ထန်းကသူ့ဒဏ်ရာ တွေကိုကုသဖို့ အခွင့်ရေးပေးလိုက်တာပါ။
အကုန်လုံးက နားလည်ပေမယ့် ထုတ်မပြောကြ ပဲ ပိုင်လင်းရဲ့လက်ဗလာသူရဲကောင်းဆိုတဲ့ အ မည်ကိုသာအဆက်မပြတ် ဟစ်ကြွေးနေခဲ့တယ် သေးငယ်တဲ့ မြို့ငယ်လေးမှာ ပိုင်လင်းရဲ့ဂုဏ် သတင်းတည်ဆောက်မှုက စတင်ခဲ့ပါပြီ။
ပြိုင်ပွဲပြီးတော့ မော့ပေတို့အကူညီနဲ့ အိမ်ကိုချ က်ချင်းပြန်သွားခဲ့တယ်။ ဒဏ်ရာတွေကမပြင်း ထန်ပေမယ့် ချက်ချင်းကုသဖို့တော့လိုအပ်နေခဲ့ ပါတယ်။
ကျိလင်က ပိုင်လင်းရဲ့ ဓားဒဏ်ရာတွေကိုရေနဲ့ ဆေးကြောပေးပြီး လိမ်းဆေးအချို့လိမ်းပေး လိုက်တယ်။ သူမရဲ့သေးသွယ်တဲ့လက်ချောင်း လေးတွေက သန်မာတဲ့ဗိုက်ကြွက်သားတွေကို ထိခတ်မိချိန်မှာ ဆတ်ခနဲတုန်ယင်သွားပြီး ဒါက ယောက်ကျားတယောက်ရဲ့ သန်မာမှုဆိုတာကို သူမသိလိုက်တယ်။
သူမမျက်နှာက နီရဲသွားခဲ့တယ်။ ပိုင်လင်းဆီက ယောက်ကျားပီသတဲ့အငွေ့အသက်အချို့ လွင့် ထုတ်နေပြီး သူမရဲ့ရင်အစုံက နိမ့်ချည်မြင့်ချည် ဖြစ်လာတယ်။ မော့ပေ ထျန်းနင် ထျန်းချင်တို့ က ဘေးနားမှာစိတ်ပူစွာနဲ့ ရပ်ကြည့်နေပြီး တန် တန်ကတော့လက်ထဲက ကြက်ပေါင်ကိုအဆတ် မပြတ်ကိုက်ဝါးရင်း အပူပင်ကင်းကင်းရှိနေတ ယ်။
ဆေးလိမ်းရင်း အမူအရာပျက်နေတဲ့ကျိလင်ကို ပိုင်လင်းသတိထားမိပြီး အနည်းငယ်ပြုံးလိုက်မိ တယ်။ ဒါပေမယ့်ဘေးမှာ မော့ပေတို့ရှိနေတာ ကြောင့်စနောက်ချင်စိတ်ကို မြိုသိပ်လိုက်ပြီး
“ငါသက်သာနေပါပြီ မင်းတို့သွားနားတော့လေ”
သိသာစွာပဲ ပိုင်လင်းကမောင်းထုတ်လိုက်တာပါ လူရည်လည်တဲ့မော့ပေက ငါသိပါတယ်ဆိုတဲ့ အထာနဲ့ မခိုးမခန့်တချက်ကြည့်လိုက်ပြီး ထျန်း နင်တို့ကို ဆွဲခေါ်သွားတယ်။
ကျိလင်က ဦးခေါင်းကိုငုံ့ထားရင်းမှ ဒဏ်ရာကို ပတ်တီးစည်းပြီးတာနဲ့ တန်တန်လေးကိုချီမပြီး အခန်းထဲကထွက်ခွာသွားတယ်။ ကျိလင်ရှက်ရွံ နေတာကို ပိုင်လင်းသတိထားမိပါတယ်။
ထိုနေ့ညက ဒဏ်ရာကြောင့်ကော ပင်ပန်းနေတာ ကြောင့်ပါ ပိုင်လင်းမလေ့ကျင့်နိုင်ပဲ အိပ်ပျော် သွားတယ်။ တရေးနိုးတော့ မနက်လင်းစဖြစ်နေ ပြီး နေရောင်က အခန်းထဲကိုဝင်ရောက်နေပြီ။
ထူးခြားစွာပဲ ဒဏ်ရာတွေအကုန်လုံးကအမာရွ တ်ပဲ ကျန်တော့တာကို ပတ်တီးဟ ကြည့်ရင်းသူ သတိပြုမိလိုက်တယ်။
ဟမ်… ဒီလောက်တောင်မြန်တာလား။
“ပထမအဆင့်ရဲ့ နှောင်းပိုင်းကိုရောက်သွားပြီ လေ ဘာမှမထူးဆန်းဘူး”
ချီယောင်ရဲ့ ထေ့ငေါ့သံလေးထွက်လာတယ်။ ဒါ ကသူမတွက်ဆမှုထဲမှာ ရှိပြီးသားပါ။
ဟူး… တကယ်မိုက်တဲ့ကျင့်စဥ်ပဲ အခုအနေထာ အရဆို ဇောင်လင်းကိုအသာလေးရိုက်ချနိုင်ပြီ။
လို့ ပိုင်လင်းတွေးနေတယ်။
ရုပ်ပိုင်းဆိုင်ရာတိုးတက်လာမှုကို ချီယောင်နဲ့အ ပြန်အလှန်ဆွေးနွေးနေစဥ်မှာပဲ ကျိလင်ကမနက် စာထည့်ထားတဲ့ လင်ဗန်းတချက်ယူလာပြီးအခ န်းထဲဝင်လာတယ်။ ပိုင်လင်းတယောက်ထထိုင် နေတာကိုတွေ့တော့ သူမက အံ့သြမှင်သက်သွား တယ်။
“သခင်လေး ဒဏ်ရာတွေသက်သာသွားပြီလား”
ကျိလင်ကမေးတယ်။ မူလကအမှန်တိုင်းဖြေချ င်ပေမယ့် ကျိလင်ရဲ့စိတ်ပူနေတဲ့မျက်နှာလေးကို တွေ့တော့ စနောက်ချင်စိတ်ပေါ်လာပြီး သက်ပြ င်းမောကိုချလိုက်ရင်း ပြောတယ်။
“သက်သာသွားပြီဆိုပေမယ့် အနည်းအကျဥ်းပါ ပဲ”
ပိုင်လင်းစကားကိုကြားတော့ ကျိလင်ကချက်ချ င်းပဲ မနက်စာလင်ပန်းကိုဆွဲယူပြီး ပိုင်လင်းနား ကပ်ထိုင်လိုက်တယ်။ ပြီးနောက်
“သခင်လေး လှုပ်ရှားဖို့အဆင်မပြေရင်လည်း ကျွန်မကျွေးပါ့မယ်”
ကျိလင်က ဆန်ပြုတ်ပန်းကန်လုံးထဲက ဆန်ပြု တ်တဇွန်းခပ်ပြီး ပိုင်လင်းကို ခွံ့ပေးဖို့ပြင်တယ်။ ဒါပေမယ့်သူမလက်လေထဲရောက်နေတုန်း ပိုင် လင်းက ဆုပ်ကိုင်လိုက်တယ်။
ဟမ်…
ကျိလင်ရဲ့မျက်လုံးအစုံက ပြူးကျယ်သွားပြီး ထိတ်လန့်သွားတဲ့အမူအရာနဲ့ ပိုင်လင်းကိုမော့ ကြည့်လာတယ်။ ပိုင်လင်းက အသာအယာပြုံး လိုက်ပြီး သူမလက်ထဲက ဆန်ပြုတ်ပန်းကန်ကို ကုတင်ဘေးကစားပွဲပေါ်တင်လိုက်တယ်။ ပြီး နောက် ကျိလင်ရဲ့လက်နှစ်ဖက်ကို တင်းနေ အောင်ဆုပ်ကိုင်ထားရင်း သူမရဲ့မျက်လုံးအစုံ ကိုစေ့စေ့စိုက်ကြည့်တယ်။
“သ.. သခင်လေး”
ရှက်ရွံမှုကြောင့် နီရဲနေတဲ့သူမမျက်နှာလေးက ခေတ်ပေါ်အလှပြင်ပစ္စည်းတွေ ချယ်သထားသ လို ချစ်စရာကောင်းနေပြီး တုန်ယင်နေတဲ့မျက် တောင်ကော့လေးတွေကို အနီးကပ်မြင်နေရတာ ကပိုင်လင်းကို ရင်ခုန်စေတယ်။
ဟွန့်. ယောက်ကျားတွေအကုန်ဒီတိုင်းပဲ။
ချီယောင်ရဲ့ နှာမှုတ်သံထွက်ပေါ်လာတယ်။ ပိုင် လင်းကလျစ်လျူရှုလိုက်ပြီး ကျိလင်ကိုသူ့အနာ တဖြေးဖြေးဆွဲကပ်လိုက်ပြီး ကိုယ်ချင်းထိစပ် သွားချိန်မှာတော့ နီရဲရွှန်းလဲနေတဲ့ နှုတ်ခမ်းသာ လေးတွေကို ဖွဖွလေးနမ်းလိုက်တယ်။
ဟင်း…
အစောတည်းက ခံစားချက်ရှိနေတဲ့ကျိလင်တစ် ယောက် အထိတွေ့ကနေတဆင့် တိမ်းမူးစရာ အငွေ့အသက်ကို ခံစားရင်း မျက်လုံးအစုံကိုမှိ တ်ချလိုက်တယ်။
မနက်ခင်းနေရောင်ခြည်က လူနှစ်ဦးကိုမီးရောင် ထိုးပေးထားသလို ဖြစ်နေပြီး နှုတ်ခမ်းနှစ်စုံက နေရောင်အောက်မှာ ထိကပ်နေတယ်။
နူးညံ့တယ် ပြီးတော့ ချိုတယ်။ ဒါပိုင်လင်းခံစား မိတာပဲ။ မိနစ်အနည်းငယ်ကြာတော့ ပိုင်လင်းရဲ့ လက်တွေက အသားစိုင်တွေကို ပွတ်သပ်လာရ င်း ကျိလင်တယောက်မိန်းမောနေတာကို အခွင့် အရေးအပြည့်ဝယူပြီး ကုတင်ပေါ်ဆွဲလှဲချလိုက် တယ်။
နောက်တော့.. လက်တွေက အဝတ်အစားရဲ့အ တွင်းထဲ တိုးဝင်သွားတာက မြွေတကောင်လို..
“သခင်..သခင်လေး.”
ကျိလင်တယောက် သတိဝင်လာပြီး ဆတ်ခနဲရု န်းတယ်။ အခြေနေကိုတွက်ဆမိတဲ့ ပိုင်လင်းက ရှေ့ဆက်မတိုးတော့ပဲ ကျိလင်ရဲ့ခန္ဓာကိုယ်ကိုဖိ ကပ်ထားပြီး ငြိမ်နေလိုက်တယ်။
“အစ်မက ကျတော့်ကိုမချစ်လို့လား”
“မဟုတ်ပါဘူး..”
“ဒါဆိုဘာဖြစ်လို့လဲ..”
ပိုင်လင်းရဲ့မေးခွန်းကိုကြားတော့ ကျိလင်အန ည်းငယ်တိတ်ဆိတ်သွားပြီး ခဏအကြာမှာပဲ ခြင်တကောင်ရဲ့အသံလို တိုးညင်းစွာနဲ့ ပြန်ဖြေ တယ်။
“ကျွန်မ အဆင်သင့်မဖြစ်သေးလို့ပါ”
ပိုင်လင်းလည်း သူမရဲ့စိတ်ခြေနေအသင့်မဖြစ် သေးတာကို သိလိုက်တာကြောင့် ပွေ့ဖက်ထား ရာကနေ လွှတ်ပေးဖို့ပြင်တော့ ကျိလင်ကဆက် ပြီး ပွေ့ဖက်လိုက်တယ်။ ဒါက…
“ကျွန်မ ဒီလိုဖက်ထားရတာကို ကြိုက်တယ်”
ထိုစကားကိုပြောရင်း ကျိလင်ကရှက်ရွံစွာနဲ့မျ က်နှာလွှဲလိုက်တယ်။ ကျစ်လျစ်တဲ့ခန္ဓာကိုယ် လေးကလည်း ပိုင်လင်းရဲ့ကိုယ်အောက်မှာတုန် ယင်နေတယ်။
“ကောင်းပါပြီ”
သူတို့နှစ်ဦးက ကုတင်ပေါ်ထပ်လျက်လဲလျောင် ရင်း အချိန်အတော်ကြာပွေ့ဖက် နမ်းရှိုက်ပြီးမှ တယောက်နဲ့တယောက် လူချင်းပြန်ခွာလိုက်တ ယ်။ မနက်စာက ကျိလင်ရဲ့ချစ်မေတ္တာကြောင့် ပိုအရသာရှိနေပုံရတယ်။
နာရီအနည်းငယ်ကြာတော့ အခန်းပြင်ဘက်က တန်တန်လေးရဲ့အသံထွက်ပေါ်လာတယ်။
“မေမေ မီးမီးဗိုက်ဆာတယ်”
သူမလေးက ကျိလင်အခန်းထဲမှာရှိနေတာကို သတိထားမိပုံနဲ့ လှမ်းပြောတာပါ။
“ဟုတ်ပြီ မေမေခုထွက်လာမယ်နော်”
နေ့လည်ရောက်တော့ အပြင်ထွက်သွားတဲ့မော့ ပေ တို့ပြန်ရောက်လာပြီး သူနဲ့အတူသက်လတ် ပိုင်းအရွယ် အမျိုးသားနဲ့အမျိုးသမီးတဦး ပါ လာတယ်။ ပိုင်လင်းသူတို့ကို ကောင်းကောင်း သိပါတယ်။
သူတို့က ချန်သခင်ကြီးနဲ့သခင်မကြီးတို့ပါ။
………………………………………………