ဆွေးနွေးခြင်း
Vol. 3 Ch. 43
“အရင်ဆုံးမင်းရဲ့ အောင်မြင်မှုအတွက် ဂုဏ်ပြု ပါတယ်”
ချန်ထန်းက ပြုံးရင်း ပိုင်လင်းကိုအဖွင့်စကားမှာ တင်ချီးကျူးလာတယ်။ သူတို့ရောက်လာရတဲ့ ကိစ္စကို အတိအကျမသိပေမယ့် ဒါက ကိုယ်စား လှယ်ခန့်အပ်တာနဲ့ ဆက်စပ်နေမယ်ဆိုတာက တော့ ပိုင်လင်းရိပ်မိပါတယ်။
“ချီးကျူးလွန်းနေပါပြီ သခင်ချန်ပြောလိုရာကို ပြောပါ”
ပိုင်လင်းက လက်ဖက်ရည်ကိုတငုံ သောက်ရင်း လမ်းကြောင်းခင်းပေးလိုက်တယ်။
ချန်ထန်းဘေးမှာထိုင်နေတဲ့ ချန်သခင်မကြီးက ပိုင်လင်းကိုစေ့စေ့စပ်စပ်ကြည့်ရင်း လေ့လာနေ ပုံရတယ်။ ပိုင်လင်းကတော့ သူတို့အပေါ်ဆက် ဆံတာနဲ့ပက်သက်ပြီး မောက်မာတာမျိုး နိမ့်ချ တာမျိုးမဖြစ်အောင် ဂရုစိုက်နေခဲ့တယ်။
“မင်းကိုမင်း နိမ့်ချစရာမလိုပါဘူး ငါတို့အခုလာ ရင်းကိစ္စကိုလည်း မင်းရိပ်မိမှာပါ”
ချန်ထန်းရဲ့စကားကို ပိုင်လင်းကခေါင်းညိတ်ပြ လိုက်တယ်။ ချန်ထန်းကဆက်ပြီး
“ပြိုင်ပွဲရဲ့ပထမနေရာက ငွေစနဲ့ ကျင့်ကြံရေး ဆေးလုံးအပြင် ကိုယ်စားလှယ်ခန့်အပ်တဲ့ကိစ္စ ကမင်းဘယ်လိုထင်မြင်ချက်ရှိထားလဲ ငါသိချင် တယ်”
ပိုင်လင်းက
“ပြိုင်ပွဲက ပွင့်လင်းရာသီမှာလုပ်မယ့် ပြိုင်ပွဲနဲ့ ဆက်စပ်တယ်မဟုတ်လား”
ပိုင်လင်းရဲ့အမေးကို ချန်သခင်မကြီးက
“အမှန်ပဲ တချို့အကြောင်းအရာတွေကို မပြော နိုင်ပေမယ့် လာမယ့်လေးလမှာလုပ်မယ့်ပြိုင်ပွဲ ကချန်မိသားစုတခုလုံးရဲ့ ကံကြမ္မာကိုအဆုံးဖြ တ်ပေးသွားနိုင်တယ်”
“အဲ့လောက်တောင်လား..”
“အမှန်ပဲ.. ဒါကြောင့်ပြိုင်ပွဲလုပ်ပြီး တချို့နည်း လမ်းတွေနဲ့ ဖြေရှင်းဖို့ငါတို့တွေးထားခဲ့တာပေါ့”
ချန်သခင်မကြီးက စိတ်ရှုပ်ထွေးနေတဲ့အမူအရာ နဲ့ ချန်မိသားစုရင်ဆိုင်နေရတဲ့ ပြဿနာကိုရှင်းပြ လာတယ်။
“လွန်ခဲ့တဲ့နှစ်အနည်းငယ်ကစပြီး ငါ့ယောက္ခမ ထွက်သွားတာက မြို့က ပြိုင်ဘက်အင်အားစု တွေကို အသိပေးလိုက်သလိုဖြစ်သွားစေတယ် နောက်ပိုင်း ချန်မိသားစုဘိုးဘေးပြန်မရောက် လာနိုင်တော့တဲ့အခြေနေဖြစ်လာပြီး ငါတို့ကိုလဲ အဘက်ဘက်က ဖိအားပေးလာကြတယ်လေ”
“အဆိုးဆုံးက ငါ့သမီးနှစ်ယောက်ကို ဖိအားပေး တောင်းဆိုလာတာပဲ ဒါကငါတို့အတွက်ဘယ်လို မှမဖြစ်နိုင်ဘူး”
ချန်သခင်မကြီးရဲ့ စကားအဆုံးမှာ ပိုင်လင်းက
“ဒါဆို ပြိုင်ပွဲမှာကျတော်အနိုင်ရခဲ့ရင်တောင် သခင်မလေးတွေက လက်ခံဖို့စိတ်ကူးမရှိဘူးလို့ ဆိုလိုတာလား”
ဟုတ်တယ်လေ အသက်နဲ့ရင်းပြီး ယှဥ်ပြိုင်ပြီး ကာမှ ချန်ညီအစ်မကိုမရခဲ့ရင် ဒါကနစ်နာမှုကြီး ပဲမဟုတ်လား။
“ပုံမှန်အတိုင်းဆို မင်းပြောတာမှန်တယ် ဒါပေမဲ့ ငါတို့ဘာလို့ သခင်လေး၃ဦးနဲ့ သဘောမတူရတဲ့ အကြောင်းထဲမှာ ငါ့သမီးတွေသာ တဖက်မိသား စုထဲရောက်သွားခဲ့ရင် ငါတို့အပါအဝင်ငါတို့ကို မှီခိုနေတဲ့ ချန်အိမ်တော်ကလူတွေအားလုံး ဘဝ ပျက်ပြီပဲ”
ချန်ထန်းရဲ့စကားက နည်းလမ်းကျပါတယ်။ တ ဖက်အင်အားစုက ချန်ညီအစ်မကိုတောင်းဆိုနေ ရတာက လုပ်ငန်းပိုင်းဆိုင်ရာနဲ့ ချန်အိမ်တော်ကို လွှမ်းမိုးချင်တာဖြစ်ပြီး အရည်အချင်းရှိတဲ့လူင ယ်ပါရမီရှင်ကိုလည်း သူတိူ့ဘက်ဆွဲခေါ်နိုင်တာ ကြောင့် တချက်ခုတ် ၃ချက်လောက်ပြတ်တဲ့အ စီစဥ်ပါ။
“အခုမင်းက မင်းရဲ့အရည်အချင်းကိုပြပြီး ဗိုလ် လုပွဲကိုတက်နိုင်ခဲ့တယ် တကယ်လို့မင်းသာပထ မရခဲ့ရင် ကတိပေးထားတဲ့အတိုင်း ဆုလာဒ်တွေ ကိုငါပေးမှာပါ ဒါကပထမအဆင့်ပေါ့ နောက်တ ဆင့်က မင်းအနေနဲ့ လင်းမိသားစုခွဲလုပ်ငန်းရဲ့ သခင်လေးနေရာကို ရယူလိုက်ရင် ပြိုင်ပွဲကိုလဲ သေချာပေါက်ဝင်ပြိုင်ဖို့လိုတယ်”
ချန်ထန်းက အလေးအနက်ပြောလာတယ်။
“ကျတော်သဘောပေါက်တယ်”
ချန်သခင်မကြီးက ခေါင်းညိတ်လိုက်ပြီး
“ဒါဆို မင်းသဘောထားကိုအဒေါ်သိချင်တယ်”
ချန်သခင်မကြီးရဲ့အခေါ်ဝေါ်က သိသိသာသာပဲ ပြောင်းသွားတယ်။ ပိုပြီးရင်းနီးတဲ့ဆက်ဆံရေး ဖြစ်အောင် ကြိုးစားလာမှန်း ပိုင်လင်းရိပ်မိပါတ ယ်။
“အဒေါ်တို့ပြောတဲ့အခြေနေကို ကျတော်တွက် ဆထားပြီးသားပါ ဒါကြောင့်လည်းဒီပြိုင်ပွဲမှာ ဝင်ပြိုင်ခဲ့တာပေါ့”
အဒေါ်…။ ဒါက ရင်းနီးတဲ့အခေါ်ဝေါ်ဖြစ်ပြီး ပ မာဏဆွေးနွေးမှုကို လက်ခံတယ်လို့ အဓိပ္ပါယ် သက်ရောက်သွားစေတယ်။
ချန်ထန်းနဲ့ချန်သခင်မကြီးတို့ တယောက်နဲ့တစ် ယောက်ပြုံးပြီးကြည့်လိုက်တယ်။ ပြီးနောက်
“နောက်ထပ်ပြိုင်ပွဲတခုမှာ မင်းအနိုင်ရခဲ့ရင် ငါ့ သမီးနဲ့လက်ထပ်တာကလွဲပြီး ဘာလိုချင်လဲ ဒီ လိုငါမေးတာက မင်းကိုသဘောမကျလို့မဟုတ် ဘူးနော် ငါ့သမီးတွေဘက်က လက်ခံမခံမသိရ သေးလို့ ကြိုပြောထားတာ”
“အခြေနေ ၃ခု ရှိတယ်”
ပိုင်လင်းရဲ့စကားအဆုံးမှာ ချန်ထန်းက သိလိုဟ န်နဲ့မေးတယ်။ လွန်ကြူးတဲ့အခြေနေဆိုရင်တော့ သူစဥ်းစားမှာမဟုတ်ပါဘူး။
“ဘယ်လိုအခြေနေလဲ”
“ပထမ.. ပြိုင်ပွဲဝင်ပြိုင်တာနဲ့ ကျတော်ကတဖ က်အင်အားစုတွေရဲ့ ရန်သူဖြစ်သွားပြီ ဒီအတွ က်ချန်မိသားစုက ဘယ်လိုကူညီမှာလဲ…”
“ဒုတိယ.. ချန်သခင်မလေးတွေကို လက်ထပ် တာနဲ့ပက်သက်ပြီး ကျတော့်ဘက်က တောင်း ဆိုစရာမရှိပါဘူး ခံစားချက်မပါတဲ့အိမ်ထောင် ရေးမျိုးကို ကျတော့်ဘက်ကလည်းစိတ်မဝင် စားဘူး ဒါကြောင့် သူမတို့လက်ခံမှကျတော်လ က်ထပ်တာကို ဆက်ဆွေးနွေးမယ်”
“တတိယကတော့..”
ပိုင်လင်းက စကားကိုရပ်တန့်လိုက်ပြီး မလှမ်းမ ကမ်းမှာရပ်နေတဲ့ ကျိလင်ကိုတချက်ကြည့်ပြီး နောက်..
“အဲ့အချက်က ဒုတိယအချက်ပေါ်မူတည်တယ် တကယ်လို့များ ချန်သခင်မလေးတွေကလက်ခံ ခဲ့ရင် ဆိုပါတော့ အစ်မကျိလင်က ကျတော့်ရဲ့ ဇနီးလောင်းဖြစ်နေတော့ သူမရဲ့အဆင့်တန်းက လဲ ချန်သခင်မလေးတွေနဲ့ တူညီလိမ့်မယ်”
ချန်ထန်းတို့လင်မယား နှစ်ယောက်စလုံးအလို မကျဟန်နဲ့ မျက်မှောက်ကြုတ်သွားကြတယ်။
“အကယ်၍ ချန်သခင်မလေးတွေကလက်မခံခဲ့ ရင် တတိယအချက်က အကြုံးမဝင်တော့ဘူး”
ပိုင်လင်းရဲ့စကားအဆုံးမှာ ချန်ထန်းတို့လည်း တွေဝေသွားတယ်။ သူတို့ရဲ့သမီးနှစ်ယောက်စ လုံးက ထက်မြတ်တဲ့ပါရမီရှင် အချောအလှ လေးတွေဖြစ်ပြီး ကျေးရွာဇနပုဒ်က သာမန်မိန်း မငယ်တဦးနဲ့အဆင့်တူ ထားခံရတာကို သိပ် တော့သဘောမကျခင်ကြဘူး။
ပိုင်လင်းရဲ့အတွေးကတော့ လက်ရှိမှာ ချန်ညီအ မနဲ့ ဆက်ဆံရေးက သူစိမ်းဖြစ်နေပြီး အနီးမှာရှိ တဲ့ကျိလင်က သူတန်ဖိုးထားရတဲ့အတွက် အခု ရှုပ်မှနောင်ရှင်း ကြိုအသိပေးထားခြင်းဖြစ်တ ယ်။
ကျိလင်က ပိုင်လင်းရဲ့ဇနီးလောင်းဆိုတဲ့ စကား ကိုကြားတော့ တုန်လှုပ်သွားတယ်။ ဒါကသူမ ဆန္ဒရှိတဲ့အရာဖြစ်ပေမယ့် မတောင်းဆိုရဲခဲ့တဲ့ အရာလည်းဖြစ်တယ်။ သူမက ချန်ညီအစ်မနဲ့ ဘယ်လိုလုပ်ယှဥ်နိုင်မှာတဲ့လဲ။
အတန်ကြာ တိတ်ဆိတ်နေပြီးမှ ချန်သခင်မကြီး ဆီကစကားသံထွက်လာတယ်။
“မင်းရဲ့စိတ်ဓာတ်နဲ့ခံယူချက်ကို အဒေါ်လေးစား မိပါတယ် မင်းပြောသလိုအဒေါ်တို့ဘက်က လ က်ခံနိုင်ဖို့ ခဲယဥ်းပေမယ့် ပြန်စဥ်းစားပေးပါ့မ ယ် နောက်ပြီး သမီးတွေသာ လက်ခံခဲ့ရင်မင်းအ နေနဲ့ ချန်မိသားစုကို တိုးတက်အောင်ပြုလုပ် ပေးချင်စိတ်ကော ရှိရဲ့လား”
သူမက သွေးတိုးစမ်းလိုဟန်နဲ့ မေးတယ်။ ပိုင် လင်းရဲ့သဘောထားက ရိုးရှင်းတဲ့ထင်ရပေမယ့် ဒီလူငယ်လေးကို သူတို့ခန့်မှန်းမိသလောက် ပြို င်ပွဲဝင်ရတဲ့ကိစ္စမှာ ပိုလေးနက်တဲ့အကြောင်းကိ စ္စတွေရှိနေမယ်လို့ ထင်နေကြတယ်။
“ကျတော်သာ လုပ်ငန်းခွဲရဲ့သခင်လေးဖြစ်သွား ခဲ့ရင် ချန်အိမ်တော်ရဲ့အကျိုးကိုမယုတ်စေရပါ ဘူး ပထမအချက်ပြောသလိုပဲ ချန်အိမ်တော်က လည်းအဆုံးထိ ကျတော့်ဘက်မှာရပ်တည်ပေး ရလိမ့်မယ်”
ပိုင်လင်းမှာ နောက်ခံအင်အားမရှိပါဘူး။ ချန် ညီအမကိုရရမရရ ပြိုင်ပွဲဝင်မှာဖြစ်ပြီး ချန်အိမ် တော်နောက်ခံနဲ့ သင်းပျံ့ကောင်းကင်မြို့အပါအ ဝင်အနီးနားမြို့တွေကို လွှမ်းမိုးဖို့ကြိုးစားချင် တာပါ။ ဒါက ချီယောင်ရဲ့ဆယ်နှစ်တာဝန်ကို ပထမခြေလှမ်းစတင်ခြင်း ဖြစ်တယ်။
တာဝန်က မည်သို့ခြေနေမှန်းမသိရချိန် တကိုယ် တော်လှုပ်ရှားတာက ပိုခက်ခဲပြီးအချိန်ကုန်နိုင် တယ်လို့သူတွေးတဲ့အပြင် ချီယောင်ကိုယ်တိုင် ကလည်း ချန်မိသားစုအင်အားကို ရယူစေချင် နေတာကြောင့် ဖြစ်တယ်။
ဒါပေမယ့် ဘလိုယောက်ကျားသားက ထက်မြ တ်ပြီးရုပ်ရည်ချောမောလှပတဲ့ ချန်ညီအမကို ငြင်းချင်မှာလဲ။ ဒါကြောင့်လည်း ယတိပြတ်ငြင် ဆိုတာမျိုးမလုပ်ပဲ ချန်ညီအစ်မနဲ့ဆက်ဆံရေး တခုတိုးတက်လာချိန်မှာ သူမတို့လက်ခံခဲ့ရင် တော့ ပိုင်လင်းကသူတော်စင်တပါးလိုမြင့်မြတ် သူမဟုတ်တဲ့အတွက် လက်ခံလိုက်မှာပါ။
“ကောင်းတယ် မင်းအတွေးကပွင့်လင်းတယ် ရိုးသားတယ်”
မိန်းမသားဖြစ်တဲ့ ချန်သခင်မကြီးက ပိုင်လင်းရဲ့ အတွေးကိုရိပ်မိဟန်ရှိတယ်။ အတင်းအကြပ် တောင်းဆိုတာမျိုး မလုပ်တဲ့အတွက် ကျေးဇူး တင်နေခဲ့ပြီး ပိုင်လင်းသာလက်မခံရင် သူတို့အ နေနဲ့ယုလုံကို ချဥ်းကပ်ရတော့မှာပါ။
ပိုင်လင်းက တကိုယ်တော်ကျင့်ကြံရေးသမား ဖြစ်ပြီး ယုလုံကတော့ဂိုဏ်းနောက်ခံတခုရှိထား တာကြောင့် ချန်အိမ်တော်ကိုဆွဲသွင်းရာမှာ ပိုင် လင်းကဖြစ်နိုင်ချေပိုများတယ်လို့ သူတို့ယူဆ ကြတယ်လေ။
“ဒီလောက်ဆိုရပြီ လာမယ့်ဗိုလ်လုပွဲမှာအကော င်းဆုံးကြိုးစားပေးပါ ပြိုင်ပွဲပြီးတာနဲ့ လုပ်ငန်းခွဲ တွေစတင်လည်ပတ်မှာဖြစ်ပြီး ငါ့သမီးတွေနဲ့ မင်းကြားက ဆက်ဆံရေးတခုတည်ဆောက်နိုင် အောင် ငါတို့စီစဥ်ပေးပါ့မယ်ယ်”
ချန်ထန်းတို့ဘက်က ပိုင်လင်းကိုဆွဲဆောင်ဖို့ အဆုံးထိလိုက်လျောတာလို့ ယူဆနိုင်တယ်။ တ ခုတော့ရှိတာပေါ့လေ တကယ့်ပါရမီရှင်တွေကို တောင်လက်မခံတဲ့ ချန်ညီအစ်မက ပိုင်လင်းကို လက်ခံဖို့ဆိုတာက ရာနှုန်းအရမ်းနည်းတာကို လည်း သတိပြုရမယ်။
ထိုသို့နဲ့ စကားအချို့ဆက်ဆွေးနွေးခဲ့ကြပြီး ချန်ထန်းက အဆင့်မြင့်ဒဏ်ရာကျက်ဆေးနဲ့ အဆင့်မြင့်ဓားတချောင်းကို ပိုင်လင်းဆီပေး လာတယ်။ သူတို့က ပိုင်လင်းအနေနဲ့ရုပ်ခွန်အား တခုတည်းကျင့်ကြံထားတာမဟုတ်မှန်း သိနေ ကြပြီးသားပါ။
………………………………………………..