← Chapters

လျှပ်စီးခြေလှမ်း

Vol. 3 Ch. 44

လျှပ်စီးခြေလှမ်း

Vol. 3 Ch. 44

ချန်ထန်းနဲ့ပိုင်လင်းတို့ ဆွေးနွေးတဲ့အချိန်တ လျှောက်လုံး ကျိလင်တယောက်ဘေးမှာမလှုပ် မယှက်ရပ်နေခဲ့ပြီး သူမရဲ့စိတ်ခံစားမှုက လှိုင်း လုံးလိုတငြိမ့်ငြိမ့် တအိအိတိုးတက်လာနေတ ယ်။

သူမသဘောကျရတဲ့ အမျိုးသားက သူမကိုလ က်ခံပေးလိုက်တယ်မဟုတ်လား။ တန်တန်လေး ရဲ့ဖခင်ဖြစ်သူနဲ့ အိမ်ထောင်ကျစဥ်က သူမမှာ အချစ်မရှိပါဘူး။ မိန်းမငယ်တဦးအနေနဲ့ တစ် ယောက်တည်းရပ်တည်ဖို့ ခက်ခဲတဲ့အတွက် မ ဖြစ်မနေလက်ခံခဲ့ရတာမျိုးပါ။

တဖက်မှာ သူမစိုးရိမ်ခဲ့တာက သူမရဲ့အမည်း စက်ကိုပိုင်လင်းတယောက် ရွံရှာပြီး လက်မခံ မှာကိုပဲ ဖြစ်တယ်။ သူမမသိတာက ပိုင်လင်းအ တွက်ပျိုခြင်းအိုခြင်းက ချစ်ခြင်းမေတ္တာနဲ့ သံ ယောဇဥ် ပြီးတော့ တယောက်နဲတယောက်ကြား ကနားလည်မှုလောက် အရေးမပါဘူးဆိုတာပါပဲ ဒီ့အတွက် ပိုင်လင်းအနေနဲ့ ကျိလင်ကိုလက်ခံနိုင် ခဲ့ပါတယ်။

နေ့တဝက်နီးပါး အချေအတင်ဆွေးနွေးပြီးချိန် မှာတော့ ချန်ထန်းတို့စိတ်ကျေနပ်စွာနဲ့ ပြန်လည် ထွက်ခွာသွားကြတယ်။ သူတို့နဲ့ပိုင်လင်းကြား ဆက်ဆံရေးကလည်း ပိုနီးစပ်လာခဲ့ပြီး ပိုင်လင်း လိုပါရမီရှင်တဦးကို ဘယ်လိုအင်အားစုကငြင်း ပယ်နိုင်မှာတဲ့လဲ။

တရက်တာကို အနားယူရင်း တန်တန်လေးကို ထိန်းရင်း ကုန်ဆုံးလိုက်တယ်။ ညအချိန်ရော က်တော့ အသက်ရှုလေ့ကျင့်ခန်းကို ပြန်လုပ်ပြီး အဆင့်၄ နှောင်းပိုင်းထိချိုးဖြတ်ဖို့ ဆုံးဖြတ်လို က်တယ်။

ပိုင်လင်းတယောက် တင်ပျဥ်ခွေထိုင်ရင်း လေ့ ကျင့်နေစဥ်မှာပဲ ချီယောင်ရဲ့စကားသံခွက်ပေါ် လာတယ်။

“အထဲခဏဝင်ခဲ့”

အထဲဆိုတာ လက်စွပ်ထဲကလေဟာနယ်ဖြစ်ပြီး ချီယောင်ရှိတဲ့နေရာပါ။ ပိုင်လင်းတယောက်စိ တ်အာရုံကိုစုစည်းလိုက်ပြီး လက်စွပ်လေးထဲဝ င်ရောက်လိုက်တယ်။ အထဲရောက်တော့ ချီယောင်က လေဟာနယ်ထဲမှာ မျောနေပြီးသူမ ရဲ့မျက်နှာက အေးစက်စက်အမူအရာကိုအပြ ည့်အဝ ဖော်ဆောင်ထားတယ်။

“နင့်ကို ပေးစရာရှိလို့ခေါ်လိုက်တာ”

“ဘာပေးမလို့လဲ”

ချီယောင်က ပိုင်လင်းရဲ့အမေးကိုပြန်မဖြေပဲ ကျင့်စဥ်လို့ထင်ရတဲ့ ကျောက်စိမ်းပြားလေးတစ် ခုကိုထုတ်ပေးလာတယ်။

“ဒါက လျှပ်စီးခြေလှမ်းလို့ခေါ်တဲ့ ရွေ့လျားရေး ကျင့်စဥ်တမျိုးပဲ ခုခံတာ တိုက်ခိုက်တာ အခြေ နေနှစ်ခုလုံးမှာ သုံးနိုင်တယ်”

“ရေွ့လျားရေးကျင့်စဥ် ဟုတ်လား”

ပိုင်လင်းတယောက် အံ့သြသွားတယ်။ သူ့ကို ချီယောင်ပေးသမျှ ကျင့်စဥ်တွေကသာမန်အ ဆင့်တွေထက် သေချာပေါက်သာလွန်ပြီးသားဖြ စ်နေခဲ့တာပါ။

“ဟုတ်တယ် ဒီကျင့်စဥ်မှာ အဆင့်၅ဆင့်ပါဝင် တယ် အစပျိုးအဆင့် အခြေခံအဆင့် အလယ် လတ်အဆင့် နှောင်းပိုင်းအဆင့်နဲ့ ပြီးပြည့်စုံတဲ့ အဆင့်တွေပဲ နင်သာဒီနှစ်ရက်အတွင်း အစပျိုး အဆင့်ကိုရောက်နိုင်ရင် ပြိုင်ပွဲမှာအားသာချက် တခုတိုးလာလိမ့်မယ် သွားတော့”

ရှည်လျားစွာပြောဆိုပြီးနောက် သူမကချက်ချင် ပင်မောင်းထုတ်တော့တယ်။ ဘာလဲဟ.. ချက် ချင်းကြီးမောင်းထုတ်တာလား။

“ငါ့စိတ်ဝိဉာဥ်က အားဖြည့်ဖို့လိုတယ် ငါအိပ် တော့မယ် သေရေးရှင်ရေးမဟုတ်ရင် ဒီဘုရင်မ ကိုနှောင့်ယှက်ဖို့မစဥ်းစားနဲ့ မဟုတ်ရင်တော့”

သူမက ဘုရင်မဆိုတဲ့စကားလုံးကို အများဆုံး ပြောပြီး မာနကလည်းခေါင်ခိုက်နေတဲ့သူပါ။ ဒါ ပေမယ့်ပိုင်လင်းက လျစ်လျူရှုလိုက်ပြီး လျှပ်စီ ခြေလှမ်းဆိုတဲ့ ကျောက်စိမ်းစလစ်ပြားကိုဆုပ် ကိုင်ပြီး ခြံဝန်းထဲတိုက်ရိုက်သွားလိုက်တယ်။ ဒီ ကျင့်စဥ်ကိုလေ့ကျင့်ဖို့ အတော်လေးစိတ်အား ထက်သန်နေတာပါ။

ခြံဝန်းထဲရောက်တော့ စလစ်ပြားထဲစိတ်အာရုံ အနည်းငယ်ထည့်လိုက်တယ်။ ကျောက်စိမ်းစ လစ်ပြားက အလင်းရောင်ထွက်ပေါ်လာပြီးအ ထဲမှာတော့ အဆင့်၅ဆင့်ကို တဆင့်ချင်းစီရဲ့ လှု ပ်ရှားမှုပုံရိပ်နဲ့ ကျင့်ကြံရေးနည်းလမ်းတွေကိုပြ ည့်ပြည့်ဝဝ ရေးပြထားတယ်။

သိပ်တော့လွယ်မယ့်ပုံမပေါ်ဘူး။ ဘာပဲဖြစ်ဖြစ် စမ်းကြည့်တာမမှားဘူး။ ငါသာဒီဟာကိုကျွမ်း ကျင်သွားရင် လက်ဝေ့နည်းစနစ်နဲ့တွဲသုံးလို့ရနို င်ပြီ။ ချီယောင်ကလည်း ပိုင်လင်းရဲ့လက်ဝေ့ နည်းစနစ်ကိုမြင်ခဲ့တာကြောင့် ထုတ်ပေးခဲ့တာ ဖြစ်တယ်။

ညဦးပိုင်းကစပြီး ပိုင်လင်းတယောက် လှုပ်ရှား မှုတွေကို နားလည်အောင်အရင်ဖတ်ကြည့်တယ် စာသားတွေက နည်းပေမယ့် ရှုပ်ထွေးတဲ့လှုပ် ရှားမှုကိုယ်ဟန်ကြောင့် အခက်တွေ့စေတယ်။

ဟမ့် ဒီလောက်ရိုးရှင်းတာကို ဘာလို့မရရမှာလဲ။

ခြံဝန်းထဲ ပိုင်လင်းတယောက် ပြေးလွှားနေရင်း အစပိုင်းရွေ့လျားမှုတွေက ကသိုက်ကရိုက်နဲ့အ ဆင်မပြေဖြစ်ပြီး အရာအတော်များများကိုအရှိ န်မထိန်းနိုင်ပဲ ခဏခဏဝင်တိုက်မိနေခဲ့တယ်။

ဒါပေမယ့် ညလယ်ကိုရောက်လာချိန်မှာတော့ ရွေ့လျားမှုကိုအသားကျလာတယ်။ ရာနှုန်းအ များစုရှောင်ရှားလာနိုင်ပြိီး မြန်ဆန်တဲ့အရှိန်နဲ့ လက်သီးချက်တွေကို တွဲပြီးလေ့ကျင့်ကြည့်တ ယ်။

ဟုတ်တယ်ဟ.. ဒါကအရှိန်တခုထပ်ပါလာတော့ ပိုထိရောက်နေတာပဲ။ အရင်ပွဲစဥ်တွေက ခုလို ကျင့်စဥ်မျိုးရှိထားရင် ပိုင်လင်းအတွက်တဖက် သူအနားကပ်ဖို့က ထမင်းစားရေသောက်အဆင့် ပါပဲ။

အချိန်က တဖြေးဖြေးညနက်လာတယ်။ ကျိလ င်တယောက်မအိပ်နိုင်သေးပဲ သူမအခန်းထဲက နေတဆင့် ပိုင်လင်းရဲ့လေ့ကျင့်မှုကို ငေးကြည့် နေခဲ့တယ်။

ပိုင်လင်းကတော့ပတ်ဝန်းကျင်နဲ့ အရာအားလုံး ကိုမေ့ပြီး ကျင့်ကြံရေးမှာ စျာန်ဝင်နေခဲ့တယ်။

………………………………………………..

All Chapters