← Chapters

ကိုယ့်အတွက် အနစ်နာခံစရာမလိုဘူး …

Vol. 23 Ch. 316

ကိုယ့်အတွက် အနစ်နာခံစရာမလိုဘူး …

Vol. 23 Ch. 316

အာရန် သည် အကယ်ဒမီ တစ်ခုလုံးရှိ ကန့်သတ်ထားမှုများသည် ပိုမို အားကောင်းလာပြီဖြစ်ကြောင်းကို သိရှိလိုက်ပြီဖြစ်၏။

 ၎င်းသည် တိုက်ဆိုင်မှုတစ်ခုသာဖြစ်ပါစေဟု မျှော်လင့်မိသော်လည်း ၎င်းသည် တိုက်ဆိုင်မှုတစ်ခုမဟုတ်နိုင်ကြောင်း သူ၏ မသိစိတ်မှနေ၍ အလိုလိုသိရှိနေခဲ့သည်။

ယခု မစ်ထ် ပြန်ရောက်လာပြီဖြစ်ပြီးဖြစ်ကာ သူ့အား အကယ်ဒမီ တွင် ရှိနေသည်ဟု သိရှိထားပြီးဖြစ်သဖြင့် သူ၏ တည်နေရာကို ရှာဖွေတွေ့ရှိရန်မှာ အချိန်တစ်ခုသာ လိုအပ်မည် ဖြစ်သည်။

အာရန်သည် သူ၏ တပည့်များကို ကယ်တင်ရန် အလျင်လိုနေသဖြင့် အကယ်ဒမီ တွင် နောက်ယောင်ခံ၍ မလွယ်ကူအောင် ဖြည်းဖြည်းချင်း မသိမသာ ဝင်ရောက် ရောနှောနေထိုင်ဖို့ အချိန်မရှိခဲ့ပေ။

"ပိုမြန်မြန်လေး လုပ်လို့ရနိုင်မလား" ဟု အာရန်သည် သရဲဘုရင်မအား အနည်းငယ်တွန်းအားပေးလိုက်မိသည်။

"ကျွန်မ ဒီမှာ သုံးမိနစ် ခေါက်ဆွဲ လုပ်နေတယ်လို့များ ရှင်ထင်နေတာလား ဒါက နူးညံ့သိမ်မွေ့တဲ့ လုပ်ငန်းစဉ်တစ်ခုဖြစ်တယ် နည်းနည်းလောက် မှားယွင်းသွားရင်တောင် ကျိုးစားသမျှအရာတွေ အကုန်လုံး အလဟသတ် ဖြစ်သွားနိုင်တယ်ရှင့်" 

 သရဲဘုရင်မသည် ဤသို့ဖိအားပေးသည့် စကားအပြောခံရသောကြောင့်  အနည်းငယ်မကျေမနပ်ဖြစ်ကာ ပြန်ပြောလိုက်၏။

အာရန် သည် သူမ၏ ယခု အလုပ်သည် မည်မျှခက်ခဲကြောင်း အမှန်တကယ် မသိရှိခြင်းများလားဟု သူမသိလိုနေခဲ့သည်။

သူသည် သူမကို အမိန့်ပေးလိုက်သည်နှင့် အရာရာသည် ပိုမိုမြန်ဆန်လာနိုင်သည်ဟု မျှော်လင့်နေခဲ့ခြင်းများလား....။

"ကျွန်မ ရှင့်အကြောင်းတော့သိမထားဘူး ဒါပေမဲ့ ဝိညာဥ်လမ်းလျှောက်သူကို အသက်သွင်းပြီးမှ သူက ကျွန်မတို့ကို ပြန်တိုက်ခိုက်လာမှာမျိုးတော့ ကျွန်မ အဖြစ်မခံနိုင်ဘူး ဒါကြောင့် ဒီလုပ်ငန်းစဥ်တစ်ခုလုံးက ပြီးပြည့်စုံတဲ့အခြေအနေမျိုးမှာ ရှိနေဖို့ လိုအပ်တယ် ဝိညာဉ်၊ စည်းတံဆိပ်နဲ့ ခန္ဓာကိုယ် ပေါင်းစည်းမှုဖြစ်စဥ်မှာ ဘယ်လိုချို့ယွင်းချက်မျိုးမှ ဖြစ်သွားလို့မရဘူး" 

သူမသည် အနည်းငယ် မကျေမနပ်ဖြစ်စွာ ထပ်မံပြောလိုက်သည်။

သူမ၏ မျက်လုံးများတွင် သူမသည် သိပ္ပံပညာရှင်တစ်ဦးနှင့်အသွင်တူနေပြီး အာရန် သည် ရှုပ်ထွေးမှုများကို နားမလည်ဘဲ ထိုသိပ္ပံပညာရှင်ကို စိတ်ထင်ရာရမ်းသမ်း၍ မေးခွန်းမေးခွန်းထုတ်နေသော ကလေးငယ်တစ်ဦးနှင့် တူနေခဲ့သည်။

အာရန်၏ အစေခံချိတ်စည်းဖြင့် သူမအားသက်ရောက်ခံထားရသည်ကို ခဏတာ မေ့လျော့နေခဲ့သော သရဲဘုရင်မသည် သူမ၏ အာရန်အပေါ် နှုတ်သီးကောင်းလျှာပါး ကပ်ကပ်လန် ပြန်ရန်တွေ့မိသောအဖြစ်အား သတိမပြုမိခဲ့ပေ။

 သို့သော် သူမ ပြောသည်မှာလည်း မှန်ကန်နေသောကြောင့် အာရန်သည်သူမအား ထိုအပြုအမူအတွက် လွှတ်ပေးထားလိုက်လေသည်။

ဤအခြေအနေတွင် ၎င်းတို့ နှစ်ဦးစလုံးသည် ကိုယ့်ဘက်မှကြည့်လျှင် မှန်ကန်နေခဲ့ကြသည်ချည်းသာဖြစ်၏။

 သို့သော် အခြေအနေမှာ ၎င်းတို့ထဲမှ တစ်ဦးကိုမျှ သက်တောင့်သက်သာ မဖြစ်စေခဲ့ပေ။

"မင်းကို မဖြစ်နိုင်တာတွေ လုပ်ခိုင်းတာတော့ မဟုတ်ပေမဲ့ ကျုပ်တို့မှာ အချိန်အများကြီး မရှိတော့တာတော့သေခြာနေတယ် မစ်ထ်ကိုယ်တိုင် ဒီဓာတ်ခွဲခန်းထဲကို အတင်းအကျပ်ဝင်ရောက်လာဖို့က အချိန်သိပ်မလိုတော့ဘူးလေ"

အာရန် သည် မစ်ထ်၏ ပင်ကိုယ် အကျင့်စရိုက်မည်သို့ရှိသည်ကို သိမထားခဲ့ပေ။

သို့သော် သူမသည် ကာလကြာရှည်စွာကတည်းက ဤတိုက်ကြီးတစ်ခုလုံးကို တစ်ဦးတည်း အုပ်ချုပ်နိုင်ခဲ့သူတစ်ဦး ဖြစ်လေသည်။

၎င်းသည် အဓိကအားဖြင့် သူမ၏ ခွန်အားကြောင့်ဖြစ်သည်ဟု ပြော၍ ရသော်လည်း သူမ၏ စဥ့်စားတွေးခေါ်ပုံ နိုင်ငံရေးရှုထောင့်အမြင်များသည်လည်း ထပ်တူပင် အရေးပါသည်။

 သူမတွင် ခွန်အားသာရှိပြီး ဉာဏ်ရည်နိမ့်ပါးမည်ဆိုပါက ယခုအချိန်တွင် အက်ဒရစ် သည် တောင်ပိုင်းတိုက်ကြီး၏ အရှင်သခင် တစ်ဦးဖြစ်နေနှင့်ပြီး ဖြစ်လိမ့်မည်။

အာရန်သည် မစ်ထ်အားအထင်မသေးဝံ့ပေ။

 သူမသည် သူ့အား မကြာခင်အချိန်အတွင်း ရှာတွေ့မည်ဆိုသည်ကိုမူ သူသံသယမရှိပေ။ သို့သော် သူ့အတွက် တစ်ခုတည်းသော မေးခွန်းမှာ သူမ ဤနေရာသို့ မည်သည့်အချိန်တွင် ရောက်လာမည်ဆိုသည်ကိုပင် ဖြစ်၏။

သူ့တွင် အမှန်တကယ် အချိန်မည်မျှကျန်ရှိတော့သည်ကို သူ အတိအကျ မသိနိုင်ပေ။

အကယ်၍ အချိန်သာ မလုံလောက်တော့ပါက အာရန်သည် ဝိညာဥ်လမ်းလျှောက်သူကို ဆက်လက် ကုသမှုမပြုလုပ်တော့ပဲ သူ့နှင့်အတူ ခေါ်သွားရင်ကောင်းမလားဟုပင် တွေးလိုက်မိသည်။

"မစ်ထ်ပြန်လာနေတာလာ ဘာလို့ ရုတ်တရက်..."

သရဲဘုရင်မ သည် အာရန် ၏ စကားကို ကြားပြီးနောက် ရုတ်တရက် အတော်လေး တုန်လှုပ်သွားခဲ့သည်။

 မစ်ထ် ပြန်ရောက်လာမည်ဆိုလျှင်ပင် အဘယ်ကြောင့်သူမ၏ ဤနေရာကို ချက်ခြင်းရောက်လာရမည်နည်း။ ပုံမှန်အချိန်များတွင်လည်း သူမ ဤနေရာကို တော်တန်ရုံအချိန်များတွင် လာရောက်ခဲ့ခြင်းမရှိပေ။

အာရန်ကို တစ်ချက်ပြန်ကြည့်လိုက်မိမှသာ သူမသည် အခြေအနေမှန်ကို သဘောပေါက်လိုက်မိ၏။ သူမသည် သက်ပြင်းတစ်ချက်ချရင်း ကိုယ့်နဖူးကိုယ် ပြန်ရိုက်လိုက်သည်။

"ဒါလဲ ရှင့်ကြောင့်ပဲ မဟုတ်လား" ဟု သူမက မျက်နှာတွင် သွေးဆုတ်လျှက်ရှိကာ ပြန်ပေး မေးလိုက်၏။

"မစ်ထ်က ရှင် ဒီရောက်နေတာကို သိထားတယ်ပေ့ါ အဲ့လိုလား"

သရဲဘုရင်မသည် မည်သို့ တုံ့ပြန်ရမည်ကိုပင် မသိတော့ပေ။

အာရန် သည် သူမအား အကယ်ဒမီ ကို သိမ်းပိုက်ရာတွင် ကူညီရန် မဆိုထားနှင် ယခုပင် သူမကို အကယ်ဒမီ တစ်ခုလုံး၏ ဘုံရန်သူ ဖြစ်စေတော့မည်ဖြစ်လေသည်။

"သူ့ကို အရင်ဆုံးအောင်မြင်အောင် ကုသဖို့ပဲအာရုံစိုက်ထားပါ ကျုပ်မှာ ကိုယ်ပိုင်အစီအစဉ်တစ်ခု ရှိတယ်"

 အာရန် သည် ဓာတ်ခွဲခန်း၏ ဝင်ပေါက်ကို ကြည့်ရင်း ပြန်ပြောလိုက်သည်။

"ချီးထဲမှပဲ ကျွန်မဒီည ဒီမှာ သေရမယ်ဆိုရင်တောင် သူမကို ဒုက္ခပေးရင်း သေရတာ ပိုကောင်းပါတယ်"

သရဲဘုရင်မသည် သက်ပြင်းတစ်ချက်ချလိုက်ပြီးနောက် ဝိညာဥ်လမ်းလျှောက်သူ ဘက်သို့သာ အာရုံပြန်စိုက်လိုက်သည်။ သူမ၏ အာရုံကို မပျံ့လွင့်စေတော့ပဲ လုပ်ငန်းစဉ်ကို ပိုမို မြန်ဆန်စေရန်သာ အစွမ်းကုန် ကြိုးစားနေတော့၏။

လုပ်ငန်းစဉ် မြန်ဆန်လာသည်နှင့်အမျှ အခန်းတွင်းရှိ စွမ်းအင် လှိုင်းများဖြင့် ပြည့်နှက်သွားခဲ့ပြီး ကြမ်းပြင်ပေါ်တွင် ရေးထွင်းထားသော သင်္ကေတများမှာ ပိုမို၍ အရောင်အသွေးများ တောက်ပလာခဲ့သည်။

အာရန် ၏ အာရုံခံမှုများသည်လည်း အမြင့်ဆုံး သတိအနေအထားတွင် ရှိနေခဲ့ပြီး မစ်ထ် ၏ အော်ရာလွှမ်းခြုံထားမှုသည် အကယ်ဒမီ ပတ်ပတ်လည်တွင် ပိုမိုတင်းကျပ်လာနေကြောင်း ခံစားမိနေခဲ့၏။

"သတင်းဆိုးတစ်ခု ရှိတယ်"

ယီလန်မှ စကားစပြောလိုက်သောအခါ အာရန် ၏ မျက်လုံးများမှာ စမ်းသတ်ခန်း ဝင်ပေါက်တွင်သာ စိုက်ကြည့်နေခဲ့သည်။

"ဘာ သတင်းဆိုးလဲ"

အာရန် သည် အလွန်အမင်း အံ့သြဟန်မပြပဲ ပြန်မေးလိုက်သည်။

အဘယ်ကြောင့်ဆိုသော် မစ်ထ် ရောက်ရှိလာတော့မည်ဖြစ်သဖြင့် မည်သည့်အရာကမျှ သူ့အား ထိုအရာထက်ပို၍ ဆိုးရွားစေနိုင်တော့မည်မဟုတ်သောကြောင့်ဖြစ်လေ၏။

"ဓာတ်ခွဲခန်းတစ်ခုလုံးကို ချိတ်စည်းတံဆိပ်တွေခတ်ထားလိုက်ကြပြီ ဝိညာဉ်လောကနဲ့  ဆက်သွယ်မှုကိုတောင်ကျွန်မ မခံစားရတော့ဘူး" ဟု ယီလန်သည် အာရန် စိုးရိမ်တကြီးဖြင့် ပြန်ပြောလိုက်သည်။

သို့သော် အာရန်သည် မည်သည့် တုံ့ပြန်မှုမျှ မပြခဲ့ပေ။ သူသည် ၎င်းကို ကြိုတင်မျှော်လင့်ထားပြီးဖြစ်သကဲ့သို့ပင်ဖြစ်နေသည်။

"အရင်တစ်ခေါက်က သူမပြုလုပ်မိခဲ့တဲ့ အမှားမျိုး ဒီတစ်ခေါက် ထပ်လုပ်လိမ့်ဦးမယ်လို့ ရှင် တကယ်မျှော်လင့်နေခဲ့တာလား" ဟု အာရန်အား ယီလန်က ပြန်မေးလိုက်၏။

"သူမ ဒီလိုမျိုး တစ်ခုခု မလုပ်ခဲ့ရင်မှ ပိုပြီး ထိတ်လန့်စရာကောင်းနေလိမ့်မယ်"

"ရှင်က ဒါကို ကြိုတင်မျှော်လင့်ထားတာလား အဲ့ဒီလိုဆိုရင် ဘာလို့ ဝိညာဥ်လောကကို အစောက မထွက်သွားခဲ့တာလဲ သရဲဘုရင်မ ကို စောင့်ကြည့်ဖို့ပဲ ဆိုရင် ရှင် ကျွန်မတစ်ယောက်ထဲ ချန်ထားခဲ့လို့ရတယ်လေ ကျွန်မကို မစ်ထ်က ဖမ်းမိခဲ့ရင်တောင်.."

"မင်းကိုကိုယ် နောက်ချန်ထားခဲ့မှာ မဟုတ်ဘူး ပြီးတော့ ဘယ်သူမှ ဒီနေရာမှာ သေမှာလည်း မဟုတ်ဘူး ကိုယ် စောစောက မပြောခဲ့ဘူးလား ကိုယ့်မှာ အစီအစဉ်တစ်ခု ရှိတယ်လို့" ဟု အာရန် က ယီလန် ၏စကားကို ဖြတ်တောက်ရင်း ပြန်ပြောလိုက်သည်။

"ဒါ့အပြင် မင်းက ကိုယ်အတွက် အနစ်နာခံဖို့ ရုပ်သေးတစ်ရုပ် မဟုတ်ဘူး မင်းက ကိုယ့်အပိုင်ပဲ ကိုယ် အသက်ရှင်သရွေ့ ကိုယ့်ဆီကနေ မင်းကို ဘယ်သူမှ ခေါ်သွားခွင့်ပြုမှာ မဟုတ်ဘူး"

ယီလန် သည် အာရန် ၏ စကားကို ကြားသောအခါ လုံးဝ တိတ်ဆိတ်သွားခဲ့၏။

စိတ်နှလုံး နက်ရှိုင်းစွာတွင် အာရန်သည် သူမအား ချန်ထားခဲ့ရန် ဆန္ဒမရှိသည့်အတွက် သူမသည် အနည်းငယ် ပျော်ရွှင်သွားမိသည်။ တစ်ချိန်တည်းမှာပင် သူမသည် သူ့အတွက် ပိုမို စိုးရိမ်လာမိလေသည်။

သူ့တွင် အစီအစဉ်တစ်ခု ရှိနေသည်ဟု ပြောနခဲ့‌သော်လည်း အထူးသဖြင့် ဤအစီအစဉ်၏ ပစ်မှတ်မှာ အရှင်သခင်များထဲမှ တစ်ဦးဖြစ်သော မစ်ထ်ကိုယ်တိုင် ဖြစ်နေသောကြောင့် ထိုအစီအစဉ်မှာ အလုပ်ဖြစ်မည်ဟု အာမခံချက်မရှိပေ။

.....

တစ်ချိန်တည်းတွင် ဓာတ်ခွဲခန်းအပြင်ဘက်တွင် မစ်ထ် ၏ ညွှန်ကြားချက်များအရ အကြီးတန်းပါမောက္ခများသည်လည်း သူတို့၏တာဝန်များကို အကောင်အထည် ဖော်နေခဲ့ကြသည်။

ယခုအခါတွင် ဓာတ်ခွဲခန်းတစ်ခုလုံးကို လုံးဝချိတ်ပိတ်ထားလိုက်ပြီဖြစ်၏။

ပါမောက္ခများထဲမှ တစ်ဦး၏ စွမ်းရည်ဖြင့် ဓာတ်ခွဲခန်းကို အဓိက အကယ်ဒမီ မှ လုံးဝခွဲထုတ်လိုက်ကာ ၎င်းအား ကိုယ်ပိုင်နယ်မြေတစ်ခုဖန်တီးကာ ထိုနေရာတွင် စည်းတံဆိပ်ခပ်ကာ ချိတ်ပိတ်ထားခြင်းဖြစ်သည်ဟု ပြောလျှင်ပိုမှန်ပေလိမ့်မည်။

ဓာတ်ခွဲခန်းအတွင်းရှိ အာရန် သည် ပြင်းထန်သော ဖိအားတစ်ခု၏ သက်ရောက်ခြင်းကို စတင် ခံစားလိုက်မိသည်။ ထို့အပြင် အပြင်ဘက်တွင် ခံစားမိနေသည်မှာ မစ်ထ် ၏ တည်ရှိမှု တစ်ခုတည်း မဟုတ်ပေ။

အခြား တည်ရှိမှုများစွာသည်လည်း အပြင်ဘက်တွင်‌ရောက်ရှိနေကြပြီး ဤဓာတ်ခွဲခန်းကို လေးဘက်လေးတန်မှ ဝိုင်းရံထားခြင်းဖြစ်ကြောင်း ရှင်းလင်းစွာ ဖော်ပြလျက်ရှိ၏။

 မစ်ထ် သည် ဓာတ်ခွဲခန်းဝင်ပေါက်တံခါးရှေ့တွင် ရပ်နေခဲ့သည်။

"သူမ ဒီရောက်နေပြီ" ဟု အာရန်သည် တီးတိုးပြောလိုက်ရာ ယီလန် သို့မဟုတ် သရဲဘုရင်မ ကို ရည်ရွယ်သည်ထက် အာရန်သည် သူ့ကိုယ်သူ ရည်ရွယ် ပြောလိုက်ခြင်းသာ ဖြစ်လေသည်။

#Catfoot

All Chapters