အခန်း (၃၁၇)
Vol. 23 Ch. 317
.....
ပြင်ဆင်မှုအားလုံး ပြီးပြည့်စုံသွားပြီဖြစ်ရာ အမှားအယွင်းဖြစ်စရာ အကြောင်းမရှိတော့ပေ။
မစ်ထ်သည် ယခုတစ်ကြိမ်တွင်မူ ဝါးမြိုသူတစ်ယောက် လုံးဝထွက်မပြေးနိုင်စေရန် တတ်နိုင်သမျှ ကြိုတင်ကာကွယ်မှုများအားလုံးကို လုပ်ဆောင်ထားခဲ့ပြီးဖြစ်၏။
တစ်ချိန်တည်းမှာပင် သူမပစ်မှတ်ထားနေသူမှာတော့ စားပွဲတစ်ခုကိုမှီလျှက်ထိုင်ကာ အဝင်ဝဆီသို့ ငေးကြည့်နေလေ၏။
“အရာအားလုံး ပြီးပြီ”
အာရန်တစ်ယောက် အာရုံပျံ့လွင့်နေမိစဉ် သရဲဘုရင်မ၏ အော်ခေါ်သံကို ကြားလိုက်သောအခါမှသာ သူ၏အာရုံကို ပြန်လည်စုစည်းလိုက်နိုင်သည်။
“အချိန်ကိုက်ပဲ”
အာရန်သည် ပျင်းရိစွာဖြင့် ထရပ်လိုက်ပြီး အလယ်ဗဟိုရှိ ဖန်ပေါင်းချောင်ဆီသို့ လျှောက်သွားလိုက်သည်။
ဖန်ပေါင်းချောင်အတွင်း၌ ဒဏ်ရာများ လုံးဝပျောက်ကင်းနေသော ဝိညာဥ်လမ်းလျှောက်သူကို တွေ့လိုက်ရ၏။
ဝိညာဥ်လမ်းလျှောက်သူ၏ မျက်လုံးများသည် ယခုအခါတွင်မူ ပွင့်လျက်ရှိနေကြပြီး အာရန်အားပြန်လည် စူးစမ်းကြည့်နေပုံရသည်။
ထိုမျက်လုံးများအတွင်းဝယ် သူ၏ ဝိညာဉ်အား စည်းတံဆိပ်ဖြင့် ဖိနှိပ်ခံထားရမှုအတွက် မလိုလားသည့် အရိပ်အယောင်များ ပေါ်လွင်နေသည်။
“နိုးနေပြီဆိုရင်လည်း မင်းဘာသာမင်း ထွက်ခဲ့တော့လေ”
အာရန်သည် ဝိညာဥ်လမ်းလျှောက်သူအား ပထမဆုံးအကြိမ် အဖြစ် ညွှန်ကြားချက်တစ်ခု ပေးလိုက်သည်။
ဝိညာဥ်လမ်းလျှောက်သူသည် ထိုအမိန့်ကို မလိုက်နာလိုနေသော်လည်း လက်သီးဆုပ်လိုက်ကာ အာရန်ရှိရာ အပြင်ဘက်သို့ ထိုးချလိုက်၏။
ထိုလက်သီးသည် ဖန်ပေါင်းချောင်နံရံများနှင့် ထိတွေ့မိချိန်တွင် သူ၏ခွန်အားကြောင့် ထိုနံရံများသည် အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားတော့သည်။
ဖန်စများ ကွဲကြေသွားသည်နှင့် ထူးဆန်းသော အရည်များသည် ထို ဖန်ပေါင်းချောင်အတွင်းမှ လျှံထွက်ကျလာပြီး ဝိညာဥ်လမ်းလျှောက်သူ တစ်ယောက်သာ အတွင်း၌ ကျန်ရစ်ခဲ့လေသည်။
သူသည် ကိုယ်လုံးပေါ် အပေါက်တစ်ခုကို ဖန်တီးရန် အနည်းငယ် ထပ်မံချိုးဖဲ့လိုက်၏။
ထို့နောက် ဝိညာဥ်လမ်းလျှောက်သူသည် ဖန်ပေါင်းချောင်အတွင်းမှ ထွက်လာခဲ့ရာ သူ၏ခန္ဓာကိုယ်တွင် အမည်မသိရသော အရည်များဖြင့် စိုရွှဲနေဆဲဖြစ်သည်။
“မင်းက အမှန်တကယ် ဘယ်သူလဲ”
ဝိညာဥ်လမ်းလျှောက်သူသည် သူ၏ ရှေ့တွင်ရှိနေသော အာရန်အား ပြန်မေးလိုက်သည်။
အထူးသဖြင့် သူ့အား ကမ္ဘာကူးလာသူဖြစ်ကြောင်း ထိုသူမှ သိထားသောကြောင့်လည်း ဖြစ်သည်။
“အရင်ဆုံး အဝတ်လဲပြီး အဲ့ဒီမျက်နှာကို ဒါနဲ့ ဖုံးကွယ်ထားလိုက်ဦး”
အာရန်သည် အဖြေပြန်မပေးပဲ ဝိညာဥ်လမ်းလျှောက်သူထံ အဝတ်အစားများ ပစ်ပေးလိုက်ပြီး သူယခင်က တောင်ပိုင်းတိုက်ကြီးသို့ ဝင်ရောက်စဉ် အသုံးပြုခဲ့သော မျက်နှာဖုံး တစ်ခုကိုလည်း ထပ်မံ ပေးလိုက်သည်။
ဝိညာဥ်လမ်းလျှောက်သူသည် အာရန်ဆီမှ အဖြေကို လိုချင်နေသေးသော်လည်း သူ၏ခန္ဓာကိုယ်မှာမူ အာရန်၏ ညွှန်ကြားချက်များကို အလိုအလျှောက် တသွေမတိမ်း လိုက်နာနေမိခဲ့၏။
ဝိညာဉ်လမ်းလျောက်သူသည် သူ၏မျက်နှာအစစ်အမှန်ကိုဖုံးကွယ်ရန် မျက်နှာအပြည့်ဖုံးကွယ်ထားသော ထိုမျက်နှာဖုံးကို တပ်လိုက်ကာ အာရန်ပေးထားသော ကျန် အဝတ်အစားများကို ထပ်မံ ဝတ်ဆင်လိုက်သည်။
ထိုအဝတ်အစားများမှာ ဖန်းယုကို ကယ်တင်ရန် ကြိုးပမ်းခဲ့စဉ်က ဖေး၏ကိုယ်ပွားထံမှ အာရန်တစ်ယောက် ရယူထားခဲ့သော အဝတ်အစားများလည်း ဖြစ်လေသည်။
ယင်းအဝတ်အစားများသည် ဝိညာဥ်လမ်းလျှောက်သူနှင့် အလုံးစုံ အံဝင်ခွင်ကျ မဖြစ်နေသော်လည်း အလွန်အမင်း ချောင်ချိနေခြင်းမျိုးလည်း မရှိပေ။
ဝိညာဥ်လမ်းလျှောက်သူသည် သေရွာမှ ပြန်လာခဲ့ခြင်းဖြစ်ရာ သူ၏ ခန္ဓာကိုယ်ပတ်လည်တွင် သေခြင်းအငွေ့အသက်များမှာ ပြင်းပြင်းထန်ထန်ထွက်ပေါ်လျှက်ရှိ၏။
ထို့အပြင် သူ၏သွေးမျိုးဆက် အော်ရာသည်လည်း ထိုသေခြင်းအငွေ့အသက်များ၏ လွှမ်းမိုးမှုကြောင့် ထင်ပေါ်နေခြင်းမရှိတော့ပဲ သီးသန့် ထုတ်ဖော်မှသာ အများက ခံစားနိုင်မည့် အခြေအနေတွင် ရှိနေခဲ့သည်။
အာရန်၏ အမိန့်အတိုင်း ဝိညာဥ်လမ်းလျှောက်သူသည် သူ၏ မူလအော်ရာကို ဖျောက်ဖျက်ထားလိုက်ကာ ယခုတွင် သူသည် နစ်ခရိုမန်ဆာမျှော်စင်မှ မှော်ဆရာတစ်ဦးနှင့် ပိုမိုတူလာခဲ့လေသည်။
ထို့နောက် အာရန်သည် မစ်ထ် အပြင်ဘက်တွင် ပြင်ဆင်ရင်းအလုပ်များနေသည်ကို အခွင့်ကောင်းယူရင်း သရဲဘုရင်မအနီးသို့ ချဥ်းကပ်သွားလိုက်၏။
အာရန်သည် သရဲဘုရင်မရှေ့တွင် ရပ်လိုက်ကာ သူမ၏ပါးပြင်ပေါ်သို့ သူ၏ လက်ကို တင်လိုက်သည်။
“မင်းလုပ်တာအရမ်းကောင်းတယ် တကယ့်ကိုအထင်ကြီးစရာပဲ”
“ဟင်း...ရှင်ပြောတာ ဟုတ်ပေမဲ့ မစ်ထ်သာ ဝင်လာခဲ့ရင် ဒါတွေအားလုံးက အလကားဖြစ်သွားတော့မှာပဲလေ အဲ့ဒီကျရင် ကျွန်မတို့..”
“စိတ်မပူပါနဲ့ မင်းကိုသူ သတ်မှာကို ငါ ခွင့်ပြုမှာမဟုတ်ဘူး”
အာရန်က သူမ၏စကားကို ဖြတ်ပြောလိုက်သည်။
“ဘာလို့လဲဆိုတော့ မင်းကို သတ်မဲ့သူက ငါကိုယ်တိုင်ဖြစ်နေလို့ပဲ”
အာရန်၏လက်များက သူမ၏ပါးပြင်ပေါ်မှ အောက်သို့ လျှောဆင်းသွားကာ သူမ၏ လည်ပင်းကို ကိုင်ဆုတ်ထားလိုက်သည်။
ထို့နောက် သူမအား အပေါ်သို့ ပင့်မြှောက်လိုက်ကာ စားပွဲဆီသို့ ခေါ်ဆောင်သွားခဲ့၏။
သရဲဘုရင်မသည် ခုခံရန် ကြိုးစားလိုက်သော်လည်း သူမ၏ခုခံမှုမှာ အချည်းနှီးသာဖြစ်လေသည်။
အထူးသဖြင့် ဤနေရာတစ်ခုလုံးကို ပိတ်ဆို့ထားသောကြောင့် သူမ၏ စွမ်းရည်အများစုမှာ ကန့်သတ်ခံထားရသည်ဖြစ်ရာ ပို၍ပင် ဆိုးရွားသွားခဲ့သည်။
“ရှင် ရှင် ... ကလိမ်ကကျစ်ကျတာလား”
သရဲဘုရင်မ၏မျက်နှာသည် ဖြူဖျော့သွားခဲ့၏။
အာရန်သည် သူလိုချင်တာရပြီဖြစ်၍ သူမအား အမှန်တကယ်ပင် သတ်တော့မည်ဟု ခံစားရသောကြောင့်လည်း ဖြစ်လေသည်။
စက္ကန့်အနည်းငယ် ကြာပြီးနောက်မှ တစ်ခုခုမှားယွင်းနေသည်ကို သူမခံစားလိုက်မိသည်။
သူသာ သူမအား အမှန်တကယ်သတ်ဖြတ်လိုပါက ခုချိန်တွင် သူမသည် သေလူတစ်ယောက် ဖြစ်နေနှင့်ပြီးသား ဖြစ်နေလိမ့်မည်မှာ သေခြာနေခဲ့သည်။ ဤသို့ဆိုပါက အဘယ်ကြောင့်နည်း...။
သူမအတွေးများ၍ အသက်ရှူရန် အသဲအသန် ကြိုးစားနေစဥ်မှာပင် အာရန်သည် စားပွဲပေါ်တွင် ထိုင်ချလိုက်ပြီး သရဲဘုရင်မအား သူ၏ ပေါင်ပေါ်တွင် ထိုင်စေကာ သူ၏ ညာလက်ဖြင့် သူမ၏ ဝမ်းဗိုက်နေရာကို ပွတ်သပ်နေလိုက်သည်။
သူ၏ဘယ်ဘက်လက်က သူမ၏လည်ပင်းပေါ်တွင် ရှိနေဆဲဖြစ်ပြီး သူမ၏ နားရွက်ဖျားလေးများကို ကိုက်လိုက်ပြီးနောက် သူမကို တုန်လှုပ်သွားစေမည့် စကားတစ်ခွန်းကို သူမ၏နားအတွင်းသို့သို့ တိုးတိုးလေး ပြောလိုက်၏။
အပြင်ဘက်တွင် အမှန်တကယ် ဘာတွေဖြစ်ပျက်နေသည်ကို မသိနိုင်သော စက္ကန့်တိုင်းသည် ထာဝရကဲ့သို့ ခံစားရကာ အချိန်များသည် ဖြည်းညှင်းစွာ ကုန်လွန်နေခဲ့သည်။
နောက်ထပ် ငါးမိနစ်ခန့်ကြာသောအခါ အဝင်ဝရှိ သတ္တုတံခါးမှ အသံတစ်ခု ထွက်ပေါ်လာကာ တံခါးသည် သူ့အလိုလို ပွင့်သွားခဲ့၏။
အပြင်ဘက် တံခါးတစ်ဖက်တွင်မူ တောင်ပိုင်းတိုက်ကြီးတစ်ခုလုံးကို အုပ်စိုးထားသော အမျိုးသမီးတစ်ဦး ရပ်နေလေသည်။
အာရန်သည် မစ်ထ်အား ပေါ့ပေါ့ပါးပါးပင် ပြုံးပြလိုက်သည်။
“မင်း ငါ့ကို ရှာတွေ့ပြီဆိုတော့ အခု မင်းပုန်းဖို့ အလှည့်ပဲ ငါက မင်းကို ပြန်ရှာရတော့မှာပေ့ါ”
“ဒီလောက်ဆို ကစားတာ လုံလောက်ပြီ ကျွန်မ သမီး ခု ဘယ်မှာလဲ”
မစ်ထ်က အာရန်ကို မေးလိုက်စဉ် အခြား S အဆင့် သူရဲကောင်းများသည်လည်း ဓာတ်ခွဲခန်းထဲသို့ ဝင်လာကြပြီး အာရန်အား ဝိုင်းထားလိုက်ကြသည်။
ဤအချိန်မှာမူ ဤနေရာသည် ဓာတ်ခွဲခန်းတစ်ခုထက် လူတစ်ဦးတည်းကို ရည်ရွယ်ပြီး ဖန်တီးထားခဲ့သော အကျဥ်းထောင်တစ်ခုနဲ့ပင် ပိုမိုတူနေခဲ့လေပြီ။
“ငါ မပြောခဲ့ဘူးလား ငါတို့ ကစားပွဲလေးပြီးရင် မင်းရဲ့ သမီးကို မင်းဆီ ပြန်ပို့ပေးမယ်လို့”
အာရန်က သက်တောင့်သက်သာပုံစံဖြင့် ပြန်ပြောလိုက်သည်။
အာရန်သည် ထိုသို့ စကားပြောနေစဉ် သူ၏လက်မှာမူ သရဲဘုရင်မ၏လည်ပင်းကို ဆုပ်ကိုင်ထားလိုက်ရာမှ တစ်စုံတစ်ခု လွဲမှားနေသည်ကို ခံစားလိုက်ရသည်။
သရဲဘုရင်မသည် သူ၏လက်များအတွင်းမှ ပျောက်ကွယ်သွားကာ သူမအစား အရာတ္ထုတစ်ခုဖြင့် အစားထိုးခြင်း ခံလိုက်ရလေ၏။
ထိုစွမ်းရည်ကို မြင်သောအခါ အာရန်သည် အတော်လေး အံ့အားသင့်သွား ဟန်ဆောင်လိုက်သည်။
သူသည် ဘေးပတ်လည်သို့ တစ်ချက် ကြည့်လိုက်သောအခါ သူရဲကောင်းတစ်ဦးမှာ သရဲဘုရင်မကို ထွေးပွေ့ထားသည်ကို တွေ့လိုက်ရသည်။
ဤနေရာတစ်ခုလုံးကို ချိတ်ပိတ်ထားသော်လည်း မစ်ထ်သည် သူမဘက်မှ သူရဲကောင်းများ၏ စွမ်းရည်များကိုမူ ကန့်သတ်မထားသောကြောင့် ထိုသူရဲကောင်းသည် လူနှင့်အရာဝတ္ထုများကြား နေရာပြောင်းလဲနိုင်သော သူ၏စွမ်းရည်ကို အသုံးပြုခွင့် ရသွားခဲ့ခြင်းလည်း ဖြစ်၏။
“အမ အဆင်ပြေရဲ့လား”
သူရဲကောင်းက သရဲဘုရင်မအား မေးလိုက်သည်။
အကြောင်းမှာ သူတို့၏ မျက်လုံးထဲတွင် သရဲဘုရင်မသည်လည်း အာရန်၏ သားကောင် ဖြစ်သွားခဲ့သူ တစ်ဦးဟုသာ ယူဆထားကြသောကြောင့် ဖြစ်လေသည်။
“အဟွတ် အဟွတ်”
သရဲဘုရင်မက အသက်ရှူရန်မနည်းပင် ကြိုးစားရင်း ချောင်းတစ်ချက် ဆိုးလိုက်ကာ သူမသည် အမှန်တကယ် သေလုဆဲဆဲအခြေအနေဖြစ်ခဲ့ကြောင်း ပိုမိုပီပြင်စေလိုက်သည်။
“ရှင် နည်းနည်း နောက်ကျတာနဲ့ ကျွန်မသေနေလောက်ပြီ”
“ဒါ မကောင်းဘူးနော် ငါ ကစားလို့ မပြီးသေးဘူးလေ မင်းတို့က ငါ့အရုပ်ကို ဘယ်လိုများတောင် လာလုရဲရတာလဲ”
အာရန်က သူ့ထံမှ သရဲဘုရင်မကို ယူသွားခဲ့သော သူရဲကောင်းကိုတစ်ချက် စိုက်ကြည့်လိုက်၏။
#Catfoot