ယောက်ကို အသုံးချခြင်း
Vol. 23 Ch. 319
….
တောင်ပိုင်းတိုက်ကြီးတွင် အင်အားအကြီးဆုံးဖြစ်သော မစ်ထ်သည် မည်သူမျှ ရန်သူအဖြစ် မလိုလားသောသူတစ်ဦးလည်း ဖြစ်သည်။
အကယ်ဒမီ၏ အကြီးတန်းပါမောက္ခများပင် သူမ၏ ခွန်အားကို ကြောက်ရွံ့ကြရလေသည်။
အကြီးတန်းပါမောက္ခများပင် မစ်ထ်၏ အင်အားအပြည့်အဝ အသုံးပြုခြင်းအား မမြင်တွေ့ရသည်မှာ အလွန်ကြာမြင့်နေခဲ့ပြီ ဖြစ်၏။
နောက်ဆုံးအကြိမ် သူမ အင်အားအပြည့်အဝ အသုံးပြုခဲ့သည်မှာလည်း ဝါးမြိုသူကို ဆန့်ကျင်တိုက်ခိုက်ခဲ့သည့်အချိန်က ဖြစ်လေသည်။
သို့သော် ထိုစဉ်က သူမတစ်ယောက်တည်းမဟုတ်ပဲ အခြား အရှင်သခင် သုံးဦးသည်လည်း သူမနှင့်အတူ ပါဝင်ခဲ့သေး၏။
ထိုအချိန်ကနှင့်မတူဘဲ ယခုမူ သူမတစ်ယောက်တည်းသာ ရှိနေခဲ့သည်။ သူမသည် ဤနေရာတွင် ဝါးမြိုသူကို ရင်ဆိုင်တိုက်ခိုက်နေသော တစ်ဦးတည်းသော အရှင်သခင် လည်းဖြစ်လေသည်။
အခြားသော အကြီးတန်းပါမောက္ခများမှာ ဝင်ရောက်စွက်ဖက်ခြင်းမျိုး မပြုဝံ့ကြပဲ တစ်စုံတစ်ခုပြုလုပ်မိပါက မစ်ထ်အတွက် အနှောက်အယှက် ဖြစ်သွားမည်ကို စိုးရိမ်မိကြသောကြောင့်လည်း ဖြစ်သည်။
သူတို့၏ တစ်ခုတည်းသော တာဝန်မှာ အာရန်အား ထွက်မပြေးနိုင်စေရန် စောင့်ကျပ်နေရုံသာဖြစ်လေ၏။
မြူခိုးငွေ့များသည် ဓာတ်ခွဲခန်းတစ်ခုလုံးကို အကာအရံတစ်ခုကဲ့သို့ လွှမ်းခြုံသွားပြီး သာမန်မျက်စိဖြင့် မြင်နိုင်စွမ်းများကို လုံးဝလျှော့ချပစ်လိုက်သည်။
ရှေ့သို့ အနည်းငယ်မျှပင် လှမ်းမမြင်နိုင်လောက်သည်အထိ မြူခိုးငွေ့များသည် ထူထပ်သိပ်သည်းလာခဲ့သည်။
ထူးဆန်းသည်မှာ ထိုမြူခိုးများသည် အာရန်နှင့် အတူ အဝေးတွင် ရပ်နေသော အမည်မသိ မျက်နှာဖုံးစွပ်ထားသောသူကိုသာ သက်ရောက်မှုရှိနေခဲ့ပြီး ထိုသူကို အကြီးတန်းပါမောက္ခအချို့ကလည်း စောင့်ကြည့်နေခဲ့ကြသည်။
သို့သော် မစ်ထ်ဘက်မှ မည်သူမျှ ထိုမြူခိုးငွေ့၏ သက်ရောက်မှုဒဏ်ကို မခံစားရဘဲ သရဲဘုရင်မလည်းထိုအထဲတွင် ပါဝင်လေ၏။
ယီလန်သည်လည်း ဤအခြေအနေတွင် အများမြင်ကွင်းမှ ပျောက်ကွယ်နေသူ တစ်ဦးဖြစ်သောကြောင့် သူမသည်လည်း ထိုမြူခိုးငွေ့ဒဏ်မှ ကင်းလွတ်နေခဲ့သည်။
ဝိညာဥ်လမ်းလျှောက်သူ၏ သေခြင်းအော်ရာကလည်း ယီလန်၏ သေးငယ်သော ဝိညာဉ်တည်ရှိမှုကို ဖုံးကွယ်ထားရန် လုံလောက်သော အာရုံလွှဲပြောင်းမှုတစ်ခု ဖြစ်စေခဲ့သည်။
“ဟင်း ခုအခြေအနေကို ကြည့်ရင်း အတိတ် က နေ့ရက်တွေကိုတောင် ပြန်ပြောင်းသတိရမိချင်သလိုလို ဖြစ်လာတယ်”
အာရန်သည် သူ၏ သတ္တမအာရုံကို ထုတ်လွှတ်လိုက်ရင်း အတိတ်ကိုလွမ်းဆွတ်နေဟန်ဖြင့် ပြောလိုက်သည်။
ဤသည်မှာ အာရန်အနေဖြင့် အရှင်သခင်တစ်ဦးနှင့် ပထမဆုံးအကြိမ် ထိပ်တိုက် ရင်ဆိုင်မိခြင်းဖြစ်သော်လည်း ဝါးမြိုသူအတွက်မူ ထိုသို့မဟုတ်ခဲ့ပေ။
အရှင်သခင်လေးဦးသည် သူ့အား ဝိုင်းရံတိုက်ခိုက်ခဲ့စဉ်က ဝါးမြိုသူသည် ဤစွမ်းရည်နှင့် ရင်ဆိုင်ခဲဘူးမည်ဟု သူ သေချာနေခဲ့သည်။
မစ်ထ်၏ အသံသည် ဒေါသဖြင့် ဖုံးလွှမ်းနေသော မြူများထဲမှ ပဲ့တင်ထပ်လာသည်။
“ဒီတစ်ခါတော့ ရှင် ကြိမ်းသေ သေစေရမယ်”
အာရန်သည် တစ်ချက်ပြုံးလိုက်ပြီး သူ၏မျက်လုံးများက ဆိုးသွမ်းသောအရာတစ်ခု ပြုလုပ်တော့မည့်ဟန်ဖြင့် အရောင်များတောက်ပလာ၏။
“မင်း တကယ်ပဲ အဲဒီလိုလုပ်နိုင်မယ်လို့ သေခြာရဲ့လား”
အာရန်သည် ထိုသို့ပြန်ပြောနေစဉ် သူ့ဆီသို့ တည့်တည့်ပျံလာသော အမည်မသိစွမ်းအားဖြင့် ဖန်တီးထားသည့် ဓားမြှောင်များကို ဘေးသို့ ရှောက်ရှားလိုက်သည်။
မြူခိုးများထဲတွင် အာရန်သည် သူ၏ အမြင်အာရုံပေါ် မူတည်နေခြင်းမရှိခဲ့ပေ။
အာရန် ဆက်လက်မတုံ့ပြန်နိုင်ခင်မှာပင် ရုတ်တရက် ပြင်းထန်သော အင်အားတစ်ခုက သူ့အား ဘေးသို့ တွန်းထုတ်လိုက်ကာ နံရံနှင့် တိုက်ရိုက် ထိမှန်စေလိုက်သည်။
မြူခိုးများသည် ပို၍ ထူထဲလာပုံရပြီး အာာရန်၏လက်မောင်းများကို ချုပ်နှောက်လိုက်ကာ သူ့အား ထိုနေရာတွင် မြဲမြံစွာ ဖိနှိပ်ထားသည့် သံကြိုးများအဖြစ် ပြောင်းလဲသွားခဲ့လေသည်။
“ရှင့်ရဲ့ ပေါက်ကရအပြုအမူတွေ ရပ်လိုက်တော့”
မစ်ထ်၏ အသံသည် ယခုကထက် ပို၍ နီးကပ်လာခဲ့ကာ ထိုအသံထဲတွင် ဒေါသတရားများ ပြည့်နှက်နေခဲ့၏။
“ကျွန်မသမီးကို ခုပြန်ပေးရင် ရှင့်ကို ပိုမြန်တဲ့ သေခြင်းမျိုးကိုပေးမယ် ကျွန်မရဲ့ သည်းခံမှုကို ထပ်မစမ်းနဲ့တော့”
အာရန်သည် မစ်ထ်၏ ချုပ်နှောင်ခြင်းကို ခံထားရသော်လည်း သူ၏ မျက်နှာရှိ အပြုံးသည် ပျောက်ကွယ်မသွားခဲ့ပေ။
“စိတ်ဝင်စားစရာပဲ မင်းက ငါ့ကို အခုထိ အထင်သေးနေတုန်းပဲလား”
အာရန်သည် လှုပ်မရတော့အောင် ပြုလုပ်ခံထားရသော်လည်း မစ်ထ်သည် သူမ၏ အမှန်တကယ် ခွန်အားမှ အစိတ်အပိုင်းအနည်းငယ်လေးမျှပင် အသုံးမပြုရသေးကြောင်း သူ သေချာသိနေခဲ့သည်။
သူမသည် သူ့အား မတော်တဆ သတ်မိသွားမည်ကို အထူးစိုးရိမ်နေသည်မှာ ထင်ရှားနေ၏။
အစောပိုင်းက ပစ်လွှတ်လိုက်သော ဓားမြှောင်များသည်ပင် သူ၏ အသက်အန္တရာယ် မရှိသော နေရာများကိုသာ ချိန်ရည်ထားခဲ့ခြင်းဖြစ်သည်။
နောက်ဆုံးတွင် သူမသည် သူမ၏ သမီးအား စိုးရိမ်နေကြောင်းမှာ ထင်ရှားနေလေသည်။
ထိုစဥ်စွမ်းအင်တစ်ခု ရုတ်တရက် ထပ်မံ ပေါက်ကွဲထွက်လာကာ အာရန်၏ခန္ဓာကိုယ်အတွင်းမှ မှောင်မိုက်ပြီး ကြောက်မက်ဖွယ်ကောင်းသော အော်ရာတစ်ခု ထွက်ပေါ်လာခဲ့ပြီး သူ၏ ပတ်လည်ရှိ မြူခိုးများကို ဖျက်ဆီးပစ်လိုက်၏။
ထို့နောက် တဖြည်းဖြည်းချင်းဖြင့် သူ၏ လှုပ်ရှားတိုင်းသည် မစ်ထ်၏ချုပ်နှောင်ထားမှုများကို အားနည်းလာစေခဲ့ပြီး မကြာမီမှာပင် သူသည် လွတ်မြောက်သွားကာ အက်ဇယ်၏ စွမ်းရည်ကို အသုံးပြု၍ မစ်ထ်၏ မြင်ကွင်းမှ ထပ်မံ ပျောက်ကွယ်သွားခဲ့သည်။
မစ်ထ်သည် သူမ၏ မျက်လုံးမျာကို ကျဉ်းမြောင်းထားလိုက်သည်။
“ဒါက...ရဲ့ စွမ်းရည်ပဲ”
“မင်းရဲ့ ပါမောက္ခတွေမှာ တကယ်ပဲ ကောင်းမွန်တဲ့ စွမ်းရည်တွေ ရှိနေတာပဲ”
အာရန်သည် သက်တောင့်သက်သာပင် ပြန်ပြောလိုက်သည်။
သို့သော် သူသည် မစ်ထ်နှင့် ဝေးကွာသော နေရာသို့ထွက်သွားရမည့်အစား အံ့အားသင့်စရာပင် မစ်ထ်၏နောက်တွင် ပေါ်လာခဲ့ခဲ့ကာ သူမ၏ ခါးကို ဖက်ထားလိုက်သည်။
ထို့နောက်အာရန်သည် သူ၏နှုတ်ခမ်းများကို သူမ၏ နားတစ်ဖက်အနီးသို့ ကပ်လိုက်ကာ တိုးတိုးလေးပြောလိုက်သည်။
“မင်းရဲ့ သမီး လုံလုံခြုံခြုံပဲရှိနေတယ်... ဒါပေမဲ့ အခုချိန်အထိပဲဆိုပါတော့ ဒါပေမဲ့ ငါ့ကို ပိုပြီး ဖိအားပေးရင်တော့ သူမရဲ့ လုံခြုံမှုကို ငါ အာမခံနိုင်တော့မှာ မဟုတ်ဘူး သူမကို ထူးခြားတဲ့ အစီအရင်တစ်ခုထဲမှာ ထည့်သိမ်းထားခဲ့တာဖြစ်တယ် ဒါ့ကြောင့် သူမရဲ့တည်နေရာကို မင်းဘယ်လိုမှ ရှာဖွေလို့ရမှာမဟုတ်ဘူး ငါသာ အချိန်မီ ပြန်မရောက်နိုင်ဘူးဆိုရင် မင်း ငါ့မှတ်ဉာဏ်တွေကို ဖတ်ကြည့်ပြီး သူမကို ရှာတွေ့ခဲ့ရင်တောင် သူမရဲ့ အလောင်းကိုပဲ ပြန်တွေ့ရလိမ့်မယ်”
မစ်ထ်သည် ထိုစကားကိုကြားသောအခါ ခဏတာခန့် တုန်ယင်သွားခဲ့၏။
“ရှင် ဒီလိုလုပ်ရဲမှာ မဟုတ်ဘူး”
သူမ၏ စိတ်ထဲတွင် သူမ၏သမီးအကြောင်းသာ လုံးဝပြည့်နှက်နေသည်ဖြစ်ရာ အာရန်၏ ဖက်တွယ်ထားမှုကို မခုခံမိခဲ့ပေ။
အကယ်၍ သူမ၏သမီးမှာ အာရန်ပြောသည့်အတိုင်း အချိန်အကန့်အသတ်ဖြင့် ချုပ်နှောင်ထားသည့် အစီအရင်တစ်ခုအတွင်း ရှိနေခဲ့ခြင်းဖြစ်ပါက သူမသည် ဤလူကို တားဆီးထားနိုင်မည်မဟုတ်ပေ။
ကံမကောင်းစွာဖြင့် အာရန်သည် လိမ်ညာပြောနေခြင်းလော အမှန်တကယ်လောဟူသည်ကို သူမမည်သို့မျှ သေချာမသိနိုင်ပေ။
ထို့ပြင် မျက်မမြင်အကြားအမြင်ဆရာမပင် သူမ သမီး၏ တည်နေရာကို မရှာဖွေနိုင်ခဲ့ခြင်းဖြစ်ရာ ၎င်းသည် ပေါ့ပေါ့တန်တန် အစီအရင်တစ်ခုဟု ယူဆ၍တော့မရပေ။
ဤလူ၏ အသက်ဓာတ်စွမ်းအင်နဲ့ ချိတ်ဆက်ထားခြင်းမျိုးလည်းဖြစ်နိုင်သည်။
အာရန်၏ အကြည့်သည် ရုတ်တရက်ခက်ထန်သွားခဲ့ကာ ...
“မင်းမယုံရင် စမ်းကြည့်လိုက်လေ”
မစ်ထ်တစ်ယောက် သူ၏ရင်ဘတ်အတွင်း ရှိနေစဉ်မှာပင် အာရန်သည် သူ၏ ဗီလိန်အသွင်ယူထားခြင်းကို မမေ့လျော့ခဲ့ပေ။
သူသည် သူမကို နောက်ပြောင်ရန်လည်း မမေ့လျော့ခဲ့ဘဲ သူ၏စကားဆုံးသည်နှင့် သူမ၏ နားရွက်ဖျားလေးများကို တစ်ချက်မျှ ကိုက်လိုက်၏။
မစ်ထ်သည် အာရန်၏ နှုတ်ခမ်းဆီမှ နွေးထွေးမှုတစ်ခုကို ခံစားလိုက်ရကာ သူမ၏ ကျောရိုးတစ်လျှောက် စိမ့်တက်သွားခဲ့မိသည်။
သို့သော် အာရန်သည် မကြာမီမှာပင် သူမဖက်ထားခြင်းအား လွှတ်လိုက်ပြီး သူ၏လက်များသည် သူမ၏အောက်ပိုင်းဆီသို့ မသိမသာဆင်းသွားခဲ့သည်။
မစ်ထ်သည် တစ်စုံတစ်ယောက်က သူမ၏တင်ပါးကို ခပ်ဆက်ဆက်ကလေး ရိုက်လိုက်သည်ဟု ခံစားမိလိုက်သည်။
သူမ၏မျက်နှာသည် ဒေါသကြောင့် နီရဲသွားသော်လည်း ယခုအချိန်တွင် အာရန်အား တားဆီးရန် ထပ်မံ မဝံ့ရဲတော့ပေ။
“နှစ်ရက်... မင်းဆီက ကိုယ်လိုချင်တာ ရပြီးပြီဖြစ်လို့ မင်းရဲ့ သမီးကို နှစ်ရက်အတွင်း ပြန်ပေးမယ်”
အာရန်သည် သူ၏ခြေသံများသူမအနားမှ တဖြည်းဖြည်းဝေးကွာသွားရင်း ပြောလိုက်သည်။
“ဒါပေမဲ့ မင်း အခု ငါ့ကို တားဆီးဖို့ ကြိုးစားရင်တော့ သူမရဲ့ အလောင်းကိုပဲ ပြန်မြင်ရ လိမ့်မယ်”
“မင်းကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်အရမ်းရှိနေရင်တော့ ကိုယ့်ကို တားဆီးဖို့ ကြိုးစားကြည့်နိုင်ပါတယ်”
အာရန်က ရိုးရှင်းစွာ လှည့်ထွက်သွားလိုက်ပြီး သူ၏ရှည်လျားသော ဝတ်ရုံရှည်ကြီးသည် သူ၏ နောက်တွင် တလူလူလွင့်လျက်ရှိနေခဲ့ပြီး ဓာတ်ခွဲခန်း တံခါးပေါက်ရှိရာ ဆီသို့ သက်တောင့်သက်သာပင် လျှောက်လှမ်းသွားလိုက်၏။
မှင်တက်နေသော အခြားအကြီးတန်ပါမောက္ခများသည် ထိုအခါမှသာ အာရန်အား ပိတ်ဆို့ရန်သတိရလိုက်ကြသည်။
“ရပ်လိုက်ကြစမ်း”
မစ်ထ်သည် ရုတ်တရက်အမိန့်ပေးလုက်သည်။
“သူ့ကို မတားနဲ့”
သူမ သမီး၏ အသက်သည် ပိုမို အရေးကြီးသည့်အခြေအနေတွင် ရောက်ရှိနေခြင်း ဖြစ်ရာ သူမသည် သူ့အား နောက်ဆုံးတစ်ကြိမ်အနေဖြင့် ယုံကြည်ပေးရန်သာ ရွေးချယ်မိခဲ့သည်။
မစ်ထ်သည် သူမ၏လက်ကို တစ်ချက် လက်ဝှေ့ယမ်းလိုက်ပြီး ဓာတ်ခွဲခန်းကို ပိတ်ဆို့ထားသော အကာအကွယ်လွှာအတွင်းမှ ထွက်ပေါက်တစ်ခုကို ဖန်တီးပေးလိုက်သည်။
“ကျွန်မ နှစ်ရက် စောင့်မယ် ဒါပေမဲ့ နှစ်ရက်အတွင်း ကျွန်မသမီးကို ပြန်မတွေ့ရဘူးဆိုရင် ရှင့်ကို မြေလှန်ရှာပြီး ရှင့်လည်ပင်းကို ချိုးပစ်နိုင်တဲ့အချိန်အထိ တိုက်ကြီးလေးခုလုံးကို သွေးနီရောင်ခြယ်သပေးလိုက်မယ်”
မစ်ထ်က ဖြည်းဖြည်းချင်း ဝေးကွာသွားသော အာရန်၏ နောက်ကျောကို ကြည့်ရင်းတစ်လုံးခြင်းပြောလိုက်၏။
ဝိညာဥ်လမ်းလျှောက်သူသည်လည် အာရန်နောက်တွင် လိုက်သွားခဲ့ကာ သူ မည်သူမည်ဝါဖြစ်သည်ကို ဤနေရာရှိလူတိုင်းအတွက် ဗဟေဠိတစ်ခု အဖြစ်သာ ကျန်ရှိခဲ့လေသည်။
မစ်ထ်၏ ခြိမ်းခြောက်မှုကို တုံ့ပြန်သည့်အနေဖြင့် အာရန်သည် ရိုးရှင်းစွာပင်သူ၏ လက်အား ဝှေ့ယမ်း၍ သူမအား နှုတ်ဆက်လိုက်သည်။
သူသည် အတည်ပြုစကားတစ်ခွန်းမျှ မဆိုခဲ့ပေ။
မကြာမီပင် အာရန်သည် ဓာတ်ခွဲခန်းမှ ထွက်ခွာနိုင်ခဲ့ပြီး သူရဲကောင်းအကယ်ဒမီမှ သက်တောင့်သက်သာပင် ထွက်ခွာသွားခဲ့သည်။
ပါမောက္ခများသည် သူတို့၏ အဆိုးဝါးဆုံးအိပ်မက်များတွင်ပင် ဝါးမြိုသူသည် အကယ်ဒမီထဲသို့ သာသာယာယာဝင်ရောက်ကာ သူတို့၏ ပါမောက္ခများကို သတ်ဖြတ်၍ သူတို့၏ ကျောင်းအုပ်ကြီးရှေ့တွင်ပင် ဤကဲ့သို့ သက်တောင့်သက်သာဖြင့် ဘေးကင်းလုံခြုံစွာ ထွက်ခွာသွားနိုင်မည်ဟု မမျှော်လင့်မိခဲ့ကြပေ။
သို့သော် ဤသည်ကား သူတို့ကိုယ်တိုင် မျက်စိဖြင့် မြင်တွေ့ခဲ့ရသော အမှန်တရားပင် ဖြစ်လေသည်။
အာရန်သည် အကယ်ဒမီမှ ထွက်ခွာရန်ပြင်လိုက်စဉ် ပြတင်းပေါက် တစ်ခုနောက်ကွယ်မှ ပရောဖက်သည် သူ့အား အလွန်စိတ်ဝင်စားသော အကြည့်ဖြင့် စိုက်ကြည့်နေခဲ့သည်ကိုမူ သူ သတိမထားမိလိုက်ပေ။
#Catfoot