← Chapters

တိုက်ကြီးများကြား စစ်ပွဲ

Vol. 23 Ch. 322

တိုက်ကြီးများကြား စစ်ပွဲ

Vol. 23 Ch. 322

....

"မိစ္ဆာဂိုဏ်းက ဘုရားကျောင်းနဲ့ပူးပေါင်းပြီး တခြားတိုက်ကြီးနှစ်ခုကို တိုက်ခိုက်ဖို့ လျှို့ဝှက် ကြံစည်နေတယ်ဆိုတာ အမှန်ပဲလား"

"ငါတော့ ဟုတ်မယ်လို့ ထင်တယ် နစ်ခရိုမန်ဆာမျှော်စင်က မိစ္ဆာဂိုဏ်းရဲ့ သံတမန်တွေကို ဘာလို့ တိုက်ခိုက်ခဲ့လဲဆိုတာ ဒါကသက်သေပဲမဟုတ်လား သူတို့ လျှို့ဝှက်သဘောတူညီချက်တစ်ခုခုကို ရှာတွေ့သွားတာ ဖြစ်ရမယ်"

"ဒီသတင်းသာ တကယ်အမှန်ဆိုရင် အနောက်တိုက်ကြီးဟာ မတည်ငြိမ်မှုတွေနဲ့ စတင်ရင်ဆိုင်ရတော့မှာပေါ့ အရှေ့တိုက်က အနောက်တိုက်ကို မြောက်ဘက်တိုက်နဲ့ တိုက်ပွဲမှာ လာရောက် ပူးပေါင်းတော့မယ်ဆိုရင် အနောက်တိုက်ကလည်း တောင်ဘက်တိုက်ကို ဆန့်ကျင်ဖို့ ရည်ရွယ်ထားတယ်လို့ ဆိုလိုမနေဘူးလား"

"ဒါဟာ တိုက်ကြီးတွေကြားက စစ်ပွဲတွေရဲ့ အစပဲလား"

ကုန်သည်သင်္ဘောပေါ်မှ အများစုမှာ တောင်ပိုင်းနိုင်ငံသားများဖြစ်ကြသော သူတို့၏ အဖွဲ့ဝင်များအပေါ် အထူးစိုးရိမ်ပူပန်လျက်ရှိနေကြ၏။

 ယခုအချိန်အထိ တောင်ဘက်တိုက်နှင့်အနောက်ဘက်တိုက်ကြီးတို့သည် ငြိမ်းချမ်းသော ဆက်ဆံရေးကို ထိန်းသိမ်းထားလျက်ရှိနေခဲ့ပြီး ကျန်တိုက်ကြီးနှစ်ခုနှင့် ပတ်သက်သည့် ကိစ္စရပ်များကို သီးခြားစီ အခက်အခဲမရှိ ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့ကြသည်။

အကယ်၍ ကောလာဟလများသာ အမှန်ဖြစ်ခဲ့ပါက တိုက်ကြီးများကြား ဆက်ဆံရေးတွင် အက်ကြောင်းများ ဖြစ်လာခဲ့မည်ဖြစ်ပြီး ၎င်းသည် ကုန်သည်များအတွက် သတင်းဆိုးတစ်ခုဟုလည်း ဆိုနိုင်လေသည်။

 ယခုအချိန်တွင် သင်္ဘောပေါ်ရှိ လူတိုင်းသည် ထိုသတင်းများကြားသိပြီးဖြစ်၍ အနောက်ဘက်တိုက်ကြီးသို့ ဆက်လက်ထွက်ခွာခြင်းသည် ပညာရှိသော ဆုံးဖြတ်ချက် ဟုတ်မဟုတ်ကို ပြန်လည်သုံးသပ်နေကြရပြီ ဖြစ်၏။

"အကယ်ဒမီဘက်က ဘာမှ အရေးယူဆောင်ရွက်ခြင်းမျိုး မရှိသေးဘူး နယ်စပ်ကိုလည်း ပိတ်ပင်တာမျိုး မလုပ်သေးဘူးဆိုတော့ အခြေအနေက အဲဒီလောက်ထိ ဆိုးမှာ မဟုတ်ပါဘူး ပြီးတော့ အနောက်တိုက်က ဒါကို စီစဉ်နေခဲ့ရင်တောင် ငါတို့ကို အာရုံစိုက်နိုင်မှာမဟုတ်သေးပါဘူး သူတို့မှာက နစ်ခရိုမန်ဆာမျှော်စင်နဲ့ ရင်ဆိုင်ရဖို့က ပထမဦးစားပေးအနေနဲ့ ရှိနေနှင့်ပြီးသားလေ"

"အမှန်ပဲ အရှေ့တိုက်ရဲ့ အကူအညီနဲ့တောင် နစ်ခရိုမန်ဆာမျှော်စင်က လွယ်ကူတဲ့ ပြိုင်ဘက်တစ်ခု ဖြစ်လာဦးမှာ မဟုတ်သေးဘူး နစ်ခရိုမန်ဆာမျှောင်စင်ဆိုတာ လူအင်အား အသာစီးရထားရုံ

နဲ့ အနိုင်ရဖို့မလွယ်ကူတဲ့ တစ်ခုတည်းသော သီးခြား တည်ရှိမှုတစ်ခု ဖြစ်နေလို့ပဲ"

သင်္ဘောပေါ်ရှိ သင်္ဘောသားအများအပြားနှင့် ဧည့်သည်တော်များသည် ၎င်းတို့၏ ဘေးကင်းရေးအတွက် စိုးရိမ်နေခဲ့ကြသည်။

 သို့သော် အခြေအနေသည် ကြားရသည့်အတိုင်း မဆိုးရွားသေးကြောင်းကို အချို့လည်း သဘောပေါက်ကြသည်။

 အနည်းဆုံးတော့ တောင်ပိုင်းတိုက်သည် ယခုအချိန်ထိ အကယ်ဒမီ နယ်စပ်ကို ပိတ်ဆို့ရန် အမိန့်မထုတ်ပြန်သေးသောကြောင့်လည်း ဖြစ်လေသည်။

သင်္ဘောပေါ်မှ ဆွေးနွေးနေသမျှ အရာအားလုံးကို တိတ်ဆိတ်စွာ နားထောင်နေသူ တစ်ဦး ရှိနေခဲ့၏။

 ထိုသူမှာ အခြားသူမဟုတ် အာရန်ပင်ဖြစ်

လေသည်..။

 အာရန်သည် ဤမျှ ကြီးမားသည့် ကိစ္စမျိုး ဖြစ်ပွားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

"သူတို့ ဘာလျှို့ဝှက်သဘောတူညီချက်အကြောင်း ပြောနေကြတာလဲ မြောက်ပိုင်းတိုက်ကြီးကို တိုက်ခိုက်ဖို့ လျှို့ဝှက်သဘောတူညီချက်ဆိုတာ ဘယ်တုံးကရှိသွားရတာလဲ"

သံတမန်သုံးဦးနှင့် ပတ်သက်၍မူ ၎င်းတို့၏ ရည်ရွယ်ချက်များကို အာရန်သည် ဤနေရာရှိ လူတိုင်းထက်ပို၍ပင် ကောင်းစွာ သိရှိထား၏။

 အထူးသဖြင့် သူသည် ၎င်းတို့ထဲမှ တစ်ဦး ဖြစ်ခဲ့သောကြောင့်ပင် ဖြစ်သည်။

အကြီးအကဲသုံးဦးသည် ဘုရားကျောင်းမှ ပေးပို့သော သဝဏ်လွှာကြောင့် သူတို့၏ အငယ်ဆုံးတပည့်များကို အတွေ့အကြုံရအောင် ခေါ်ဆောင်သွားခဲ့ကြခြင်းမျှသာ ဖြစ်၏။

 အာရန်ကိုယ်တိုင်ပင် ထိုစာကို မြင်ခဲ့ရပြီး ၎င်းတွင် ယခုပြောဆိုနေသည့်အတိုင်း ပြဿနာဖြစ်စေနိုင်သည့် အကြောင်းအရာများ လုံးဝမပါဝင်ခဲ့ပေ။

ထိုစာတွင် ဘုရားကျောင်းသည် ၎င်းတို့နယ်မြေအတွင်းတွင် ကျင့်ကြံသူများသာ ဝင်ရောက်နိုင်သည့် လျှို့ဝှက်ဂူသင်္ချိုင်းနယ်မြေတစ်ခုကို တွေ့ရှိခဲ့သည်ဟု ဆိုကာ ဖိတ်ကြားခြင်းသာ ပါဝင်နေခဲ့သည်။

 ထိုစာသည် တိုက်ကြီးနှစ်ခုကြားမှ ဆက်ဆံရေးကောင်းမွန်သည်ဆ်ုသည့် ပြယုဂ်တစ်ခု မျှသာဖြစ်ပြီး အခြားဘာမျှမရှိကြောင်းလည်း ဖော်ပြထားသည်။

ထို့ကြောင့်ပင် ဖန်းယုသည် အငယ်တန်းကျင့်ကြံသူ ဂိုဏ်းသားများအတွက် လေ့ကျင့်ရေး ကောင်းမွန်သော အခွင့်အရေးဟု ယုံကြည်ကာ သာမန်အကြီးအကဲ သုံးဦးနှင့် ၎င်းတို့၏ အငယ်ဆုံးတပည့်များကို တာဝန်ပေးအပ်ခဲ့ခြင်းလည်း ဖြစ်လေသည်။

'မြောက်ပိုင်းတိုက်က ငရဲတံခါးဖွင့်ဖို့ ပြင်ဆင်နေရတာနဲ့ အလုပ်များနေတာမဟုတ်လား ဒါကြောင့် သူတို့အတွက် အရေးပါတဲ့ မျှော်စင်အဖွဲ့ဝင်တစ်ဦးကို ဆုံးရှုံးပြီးတာတောင် မှ ဝိညာဉ်လောကကို သွားရောက် တိုက်ခိုက်ဖို့ အချိန်ပေးနိုင်ခဲ့တာမဟုတ်ဘူး'

ဤအခြေအနေတစ်ခုလုံးသည် အာရန်အတွက် အမှန်တကယ်ပင် ထူးဆန်းနေခဲ့သည်။

 နစ်ခရိုမန်ဆာမျှော်စင်သည် ဝိညာဉ်လောကကို လက်စားချေဖို့ပင် အချိန်မပေးနိုင်ခဲ့ပေ။

ထိုသို့အခြေအနေမျိုးတွင် သူတို့သည် အရှေ့တိုက်ကြီးကို ဆန့်ကျင်ရန် ထိုသို့ကိစ္စမျိုးကို ပြုလုပ်ရန် အမှန်တကယ်ဖြစ်နိုင်ပါ့မလား...။

 အရင်ဆုံး အနောက်ဘက်မှ ဖိတ်ကြားမှု၊ ထို့နောက် မြောက်ပိုင်းတိုက်ကြီးဆီမှ ရုတ်တရက်တိုက်ခိုက်မှု။

ထိုအရာများအားလုံးသည် သာမန်တိုက်ဆိုင်မှုများ အားလုံးထက်ပင် ပိုနေခဲ့ပြီး သေခြာစဥ့်စားကြည့်ပါက အနောက်တိုက်သည် အားလုံးထဲတွင် အကျိုးအမြတ်အများဆုံးရလိုက်သူဟု ဆို၍ရပေသည်။

'ဒီတိုက်ခိုက်မှုနောက်ကွယ်မှာ တကယ်ပဲ နစ်ခရိုမန်ဆာမျှော်စင်က ပါဝင်ပတ်သတ်နေတာလား ဒီဖြစ်နိုင်ခြေက လျစ်လျူရှုလို့တော့မရပေမဲ့ ဘုရားကျောင်းနဲ့ ပိုပြီး ပတ်သက်နေမယ်လို့တော့ ငါခံစားမိနေတယ်'

အာရန်သည် အကြီးအကဲသုံးဦးကို ရင်ဆိုင်ရန် မည်ကဲ့သို့သော အင်အားမျိုးကို စေလွှတ်ခဲ့သည်ကိုပင် မသေချာနေခဲ့ပေ။

ထိုပြင် ၎င်းတို့သည် မည်သည့်သတင်းမှ မိစ္ဆာဂိုဏ်းသို့ ပြန်လည်ပို့ဆောင်ရန်ပင် အချိန်ရလိုက်ပုံမပေါ်ပေ။ 

အာရန်သည် ထိုသင်္ဘောပေါ်တွင် မပါဝင်မိခဲ့သည့်အတွက်ပင် စိတ်သက်သာရာရသင့်သလား ဟု တွေးမိလိုက်သည်။

သာမန် အကြီးအကဲသုံးဦး ပျောက်ဆုံးမှုသာဆိုလျှင် သူသည် ရန်နစ်ခရိုမန်ဆာမျှော်စင်အပေါ် သံသယအချို့ဖြင့် ရှုမြင်မိလိမ့်မည် ဖြစ်သည်။

 သို့သော် ဤဖြစ်ရပ်နှင့် ပတ်သက်သည့် ကောလာဟလများမှာ အလွန်လျင်မြန်စွာ ပျံ့နှံ့သွားခဲ့ခြင်းဖြစ်နေသည်။

 ရက်အနည်းငယ်မျှသာ ရှိသေးသော်လည်း ဤအရာသည် မည်သို့မျှ မပတ်သက်သည့် တောင်ပိုင်းတိုက်ကြီးအထိပင် ပျံ့နှံ့သွားခြင်းမျိုးဖြစ်၏။

နစ်ခရိုမန်ဆာမျှော်စင်သာ နောက်ကွယ်မှပါဝင်နေခဲ့မည်ဆိုပါလျှင် သူတို့သည် ထိုကဲ့သို့ သက်သေများကို ချန်ထားခဲ့မည်မှာ မဖြစ်နိုင်သလောက်ပင်။

 မိစ္ဆာဂိုဏ်းသည် ထိုပျောက်ဆုံးမှုကို သိရှိခဲ့လျှင်တောင် ဤသတင်းကို အများပြည်သူသိအောင် ဖြန့်ဝေဖြစ်ခဲ့မည်မဟုတ်ပေ။

ဘုရားကျောင်းအတွက်မူ ၎င်းတို့သာ ထိုနေရာအနီးတစ်ဝိုက်တွင် ရှိမနေခဲ့ပါက ဤအကြောင်းကို သိရှိနိုင်စရာအကြောင်းမရှိပေ။

 သို့ဆိုလျှင် ဤကောလာဟာလများသည် မည်သည့်နေရာမှ ပျံ့နှံ့လာခဲ့ခြင်းဖြစ်မည်နည်း။

မြောက်ဘက်တိုက်မှ ဖြန့်ဝေခဲ့ခြင်းမှာလုံးဝဖြစ်နိုင်ချေမရှိဟု ယူဆရသည်။

အဘယ်ကြောင့်ဆိုသော် ထိုနစ်ခရိုမန်ဆာများသည် ဤမျှ မိုက်မဲသူများ မဟုတ်သောကြောင့်ပင် ဖြစ်လေသည်။

တစ်စုံတစ်ယောက်က ဖန်းယုအား တမင်တကာပင် ဤစစ်ပွဲအတွင်း ဆွဲခေါ်ရန် ကြိုးစားနေကြောင်း ရှင်းလင်းနေ၏။

 တိုက်ကြီးလေးခုလုံး ထိုအကြောင်းကိုသိရှိသွားပြီးနောက်တွင်ပင် ဖန်းယုမှာ ထို နစ်ခရိုမန်ဆာမျှော်စင်ကို ပြန်လည် မတိုက်ခိုက်ခဲ့လျှင် သူမကို သူရဲဘောကြောင်သည်ဟု ရှုမြင်ကြမည် ဖြစ်လေသည်။

ဖန်းယုကဲ့သို့ ဂုဏ်သိက္ခာကို တန်ဖိုးထားသူတစ်ဦးအတွက် ဤသည်မှာ အကောင်းဆုံး ကိုင်တွယ်မှုတစ်ခုဟုပင် ယူဆနိုင်သည်။

'သန့်စင်ပရောဟိတ်မက ဖန်းယုကို သူမရဲ့ ရန်သူတွေကို ဆန့်ကျင်ဖို့ အငှားဓားအဖြစ် အသုံးပြုဖို့ ကြိုးစားလိုက်ပုံရတယ်'

အာရန်သည် သက်ပြင်းတစ်ချက်ချလိုက်ကာ အခြေအနေများမှာ အလွန်ရှုပ်ထွေးနေကြောင်း သဘောပေါက်လိုက်သည်။

မည်သို့ပင်ဆိုစေ အရှေ့တိုက်ကြီးသည် ဤရှုပ်ထွေးမှုထဲသို့ ဆွဲသွင်းခံလိုက်ရပြီး ဖြစ်နေ၏။

 သံတမန်သုံးဦးကို တိုက်ခိုက်ခဲ့သူမှာ မြောက်ပိုင်းတိုက် သို့မဟုတ် အနောက်ပိုင်းတိုက်မှ ဖြစ်နေသည်။

 မည်သူ့ကြောင့်ဖြစ်စေ မိစ္ဆာဂိုဏ်းသည် ဤပဋိပက္ခအတွင်း ပါဝင်ပတ်သတ်မိပြီးသား ဖြစ်သွားခဲ့ပြီးလည်း ဖြစ်၏။

၎င်းတို့အရှေ့ဘက်တိုက်ကသာ မြောက်ပိုင်းတိုက်ကို စတင်တိုက်ခိုက်ပါက တောင်ပိုင်းတိုက်သည် ၎င်းတို့ကြားတွင် ပါဝင်တိုက်ခိုက်မည်ဖြစ်ကာ အနောက်ပိုင်းတိုက်ကြီးသည် အရှေ့ဘက်တိုက်နှင့် မဟာမိတ်ဖွဲ့ရလိမ့်မည်ဖြစ်သည်။

 ထိုသို့မဟုတ်ပဲ အနောက်ပိုင်းတိုက်ကြီးကိုသာ တရားခံဟုယူဆပြီး ပြန်လည် တိုက်ခိုက်ပါကလည်း မြောက်ပိုင်းတိုက်မှာ  အရှေ့ဘက်တိုက်နှင့် အလိုလို မဟာမိတ်သဖွယ် ဖြစ်သွားမည် ဖြစ်ကာ တောင်ပိုင်းတိုက်နှင့် အနောက်ဘက်တိုက်တို့မှာ တစ်ဖန် မဖြစ်မနေ မဟာမိတ်ဖွဲ့မိသွားမည် ဖြစ်လေသည်။

ဤအရာများကို ရပ်တန့်ရန် တစ်ခုတည်းသော နည်းလမ်းမှာ မိစ္ဆာဂိုဏ်းမှ အကြီးအကဲသုံးဦး၏ သေဆုံးမှုကို လျှော်ပေးလိုက်ရန်သာ ဖြစ်သော်လည်း ထိုအရာသည် ထိုမျှမလွယ်ကူပေ။

ဖန်းယုသည် သူမ၏လူများ သေဆုံးမှုကို ဘာမျှမလုပ်ဘဲ လက်ပိုက်ကြည့်နေနိုင်မည် မဟုတ်ပေ။

 ဤအရာကို စီစဉ်ခဲ့သူသည် မည်သူပင် ဖြစ်သည်ဆိုစေကာမူ အရှေ့တိုက်ကြီးသည် ထိုပဋိပက္ခအတွင်း အလိုလို ဝင်ပါပြီးဖြစ်နေ၏။

မည်သူ့က မည်သူ့ကို အပြစ်တင်သည်ဖြစ်စေ တိုက်ကြီးများအကြားတွင် စစ်ပွဲကြီးတစ်ခု မကြာမှီ အစပျိုးရတော့မည်မှာ အမှန်ပင် ဖြစ်လေသည်။

#Catfoot

All Chapters