သေပန်းပွင့်ချင်လို့
Vol. 123 Ch. 1844
“ အမှန်ပဲ … ပုံမှန်ဆို နင့်မြင်ရင်တောင် ဝေးဝေးကနေ ထွက်ပြေးနေကြတဲ့ ကောင်တွေက နင် သေတဲ့ သတင်းလည်းကြားရော အုပ်လိုက်ကြီး ရောက်ချလာတာပဲ … သူတို့ လူကြီး တစ်ချို့တောင် ပါလာလိုက်သေးတယ်… ” ချိုးယွီလော့ ဘီယာတစ်ကျိုက် မော့၍ ပြောလိုက်သည်။ “ ဒါပေမယ့် ကံကောင်းချင်တော့ နင့်ဖားသားကြီးက အချိန်မီ ဝင်လာပြီး အဲ့လူတွေကို အကုန် ဦးချိုးပစ်လိုက်လို့ပဲ …”
နင်ချဲ့ သူမ၏ ကိုယ်ဟန်အား ပြောင်းလဲ၍ လင်းရီကို စိတ်ဝင်တစား ကြည့်ရှုလိုက်သည်။
“ တကယ်တော့လေ… ငါ ဒီအကြောင်းကို တော်တော် သိချင်နေတာ သိလား … နင့် အဖေက ဘယ်ကလဲ … သူက မိသားစုကြီး ငါးခုကို ဦးချိုးရုံတင် မကသေးဘူး .. ချင်ရင်လုံကိုတောင် ဒူးထောက်ခိုင်းလိုက်သေးတယ်… သာမန်လူဆိုရင် ဒီလို လုပ်နိုင်မှာ မဟုတ်တာ သေချာတယ်…”
“ ငါလည်း မသိဘူး … မင်း ဘော့စ်လျိုကို မေးကြည့်ပေါ့ …”
“ ဟယ် … အံ့ဩပါ့ .. ကိုယ့်အဖေအကြောင်းကိုယ် မသိတဲ့ကောင်နဲ့ လာတိုးနေတယ်… ငါ မေးပြီးလို့ နင့် မေးနေတာပေါ့ … သူ ပြောတာ သူ့မှာ နင့်အဖေကို ဝေဖန်ဖို့ အခွင့်အရေး မရှိဘူးပြောလို့ … ပြီးတော့ သူ ဘာလုပ်လဲလည်း ငါ မသိဘူး… သူ့ကြည့်ရတာ အထင်ကြီးဖို့ကောင်းတဲ့ လူနဲ့တော့ တူတယ်…”
နင်ချဲ့ ပြောပြီးနောက် ဆက်လက်၍ “ ပြီးတော့ အဲ့ဒီနေ့ ချီပိုပါမှာတုန်းက စုန့်ကျင်းမင်ဆိုတဲ့ လူနဲ့ ပက်ပင်းတိုးတယ်… ဘာဖြစ်မလဲ နင် မှန်းကြည့်ကြည့် …”
“ မင်းကို အနှိပ်ခံဖို့ ခေါ်သွားပေးတာလား …”
“ ပေါက်ကရတွေ လျှောက်ပြောမနေနဲ့ …” နင်ချဲ့ မျက်မှောင်ကြုတ်သွားခဲ့ပြီး “ ငါ ခေါ်လာခဲ့တဲ့ လူဒါဇင်ကျော်ကို သူ့လက်အောက်ငယ်သား တစ်ယောက်တည်းက အကုန် အမှောက်သိပ်သွားခဲ့တာ သိလား … ငါပြောတာ သူ့လက်အောက်ငယ်သား တစ်ယောက်တည်းကနော်… စုန့်ကျင်းမင် ကိုယ်တိုင်တောင် မဟုတ်ဘူး …”
“ ဘာဆန်းလို့ … သူကဖြင့် အေ - အဆင့်တောင် ရောက်ပြီးနေပြီကို သူ့ လက်အောက်ငယ်သားတွေ မဆိုးတာက ဖြစ်သင့်တာပဲလေ… မင်းတို့ကို အနိုင်ယူဖို့ ဘယ်လောက်များ အားစိုက်ရမှာမို့လို့ …”
“ နင်ဘာပြောလိုက်တယ်… အဲ့ အရှုံးသမားက တကယ်ကြီး အဆင့် - အေ ရောက်နေတယ်ပေါ့ …”
“ သူလည်း တော်တော် အင်အားကြီးတဲ့လူပဲ …” လင်းရီ ခေါင်းညိမ့်လိုက်သည်။
“ ငါ ဒူဘိုင်းမှာ ဒုက္ခရောက်တုန်းက သူ အချိန်မီရောက်လာခဲ့လို့သာ မဟုတ်ရင် သေပြီးတာ ကြာပြီ … ဒါပေမယ့် သူက ဒီတိုင်း ဖြစ်ကတတ်ဆန်း နေတတ်လို့ပါကွာ … အရှုံးသမားကြီးတော့ မဟုတ်ပါဘူးဟ …”
“ တကယ်လို့ သူကတောင် အေ - အဆင့်ဆိုရင် နင့်အဖေက S အဆင့် ဖြစ်မသွားဘူးလား …”
လင်းရီ ဘီယာတစ်ကျိုက်မော့ပြီး နှုတ်ခမ်းကိုက်လိုက်သည်။
“ ဖြစ်နိုင်တယ်… ငါလည်း အတိအကျတော့ မသိဘူး .. ငါလည်း ခုမှ ပထမဆုံး မြင်ဖူးတာပဲ … ပြီးတော့ တစ်ယောက်နဲ့လည်း ကောင်းကောင်း ရင်းနှီးသေးတာ မဟုတ်ဘူး …”
“ ဘော့စ်လျိုက နင့်အဖေကို သူ ဝေဖန်ဖို့ အရည်အချင်း မပြည့်မီဘူးပြောတာ မဆန်းတော့ပါဘူး … ငါ ပထမဆုံးအကြိမ် S အဆင့် ဒိတ်ဒိတ်ကျဲကြီးအကြောင်း ကြားဖူးတာပဲ .. ဒီတိုင်း မြင်နေရတာနဲ့ကို အထင်ကြီးဖို့ ကောင်းတယ်ဆိုတာ သိသာတယ်…” နင်ချဲ့ ဘီယာတစ်ပုလင်း ကောက်ယူလိုက်ပြီး တဂွတ်ဂွတ်မော့လိုက်၏။
“ ငါ နင့်ရဲဘော်တောင် မဖြစ်ချင်တော့ဘူး …”
“ မဖြစ်ချင်ရင် ဘာဖြစ်ချင်တာ …”
“ နင့် မိထွေးဖြစ်ချင်လို့ … ငါ တရားဝင် အဆင့်အတန်းတွေ ဘာတွေ မလိုချင်ဘူ ….. နင် ဆက်သွယ်ပေးမယ်မလားဟင် …”
“ စောက်ကျိုးနည်းကြီးတွေ လာမပြောနဲ့ … သောက်စရာရှိတာ အေးဆေးသောက် …”
……
ညတဖြည်းဖြည်းမှောင်လာသည်နှင့်တူ လက်ဇရီကား ၂၀ ကျော်မှာ ပြည်ထောင်စု ကောလိပ် ဆေးရုံ ဝင်ပေါက်ဝ၌ ထိုးရပ်လာသည်။
ညဉ့်နက်နေပြီ ဆိုသော်လည်း ဆေးရုံတွင်တော့ လူတို့ အများအပြား ရှိနေဆဲပင်။
ပြည်ထောင်စု ကောလိပ် ဆေးရုံတွင် ယာဉ်တို့က ညသန်းခေါင် အချိန်လောက်မှသာ လစ်လပ်ပြီး မဟုတ်ဘူးဆိုပါက ပါကင်တစ်နေရာ ရှာဖို့ ဆိုသည်မှာ အတော်လေး မဖြစ်နိုင်သည့် ကိစ္စပင်။
သို့ပေမယ့် … ဇိမ်ခံကား အစီး ၂၀ ကျော်က တစ်ပြိုင်တည်း မောင်းဝင်လာသည်ကိုမြင်တော့ ၎င်းဝန်းကျင်ရှိ ယာဉ်များအားလုံးမှာ ချက်ချင်းဆိုသလို ဖယ်ပေးလိုက်ကြပြီး အဆိုပါ ဇိမ်ခံကားများနှင့် အလှမ်း ခပ်ဝေးဝေး နေလိုက်ကြ၏။
အနှီကားများ အားလုံးက အနည်းဆုံး ယွမ် သန်းဆယ်ချီတန်သည့် ကားများပင်။ သူတို့ လက်ရှိ မောင်းနေသည့်ကားများက အဆိုပါ ကားတို့၏ တာယာတစ်လုံးစာပင် ရှိချင်မှ ရှိပေလိမ့်မည်။ ထို့ကြောင့် ဝေးဝေးရှောင်ပြီး အန္တရာယ်ကင်းကင်းနှင့် နေတာက ပိုကောင်းသည်။
ထို့ပြင် အဆိုပါ ဇိမ်ခံကားများ ဝင်ရောက်လာသည်နှင့် ကားပါကင် အစောင့်များက ဝန်ထမ်းများကို ပါကင်နေရာလွတ် ချက်ချင်းလုပ်ပေးဖို့ ညွှန်ကြားလိုက်၏။
အနှီ ထိပ်တန်းကားတို့က အထူးပါမစ် တစ်ခုလို ဖြစ်နေပြီး သူတို့ ပါကင် ရပ်လိုသည့် မည်သည့်နေရာ၌ မဆို ရပ်ခွင့်ရှိကြောင်း ဖော်ပြနေသည်။
ကားပါကင်ထိုးပြီးနောက် တံခါးများ အလိုအလျောက် ပွင့်လာပြီး ကျောက်မိုနှင့် ကျန်သူတို့ ထွက်လာခဲ့ကြ၏။
အကုန်လုံးက မိသားစု ၂၀ ကျော်က ချမ်းသာသည့် ဒုတိယမျိုးဆက် သခင်လေးများ ဖြစ်ကြပြီး ချင်မိသားစုက ချင်ရန်ဖူနှင့် ချင်ရန်လင်တို့ပါ လိုက်ပါလာခဲ့ကြလေသည်။
တိုက်ဆိုင်ချင်းသား ကောင်းစွာဖြင့် အနှီလူများအားလုံးက OT ဘားဝင်ပေါက်ဝတွင် လင်းရီ၏ ဆော်ပလော်တီးခြင်းကို ခံခဲ့ရသူများပင်။
ထိုလူများအားလုံးက ယခုလို အချိန်ကြီး ရောက်ချလာကြသည်။
“ စွန်းကြီး … လီချူးဟန်ဆိုတဲ့ ကောင်မက ဒီမှာရှိနေတယ် မင်းသေချာလား …” ကျောက်မို မေးမြန်းလိုက်သည်။
“ မပူနဲ့ … မမှားစေရဘူး …” စွန်းချဲ့ စီးကရက် ဖွာရင်း ပြောလိုက်ပြီး “ သူက လင်းရီရဲ့ ချစ်သူတွေထဲက တစ်ယောက် … သူတို့ချင်း စောက်ရမ်း ရင်းနှီးတယ်… လင်းရီကြောင့်နဲ့တောင် သူ့ကိုယ်သူ သတ်သေသွားတဲ့ပုံပဲ … အခု ၂၂ လွှာမှာ ဆေးကုနေတာ …”
“ အဲ့မိန်းမက တော်တော် ပိန်းတာပဲ … လင်းရီလို ငမြှာကောင်ကြောင့်နဲ့များ ဒီလောက်ထိ ရူးမိုက်ဝံ့ရတယ်လို့ …” ကျောက်မို နှာခေါင်းရှုံ့လိုက်သည်။
“ အမှန်ပဲ … လင်းရီ ဒီကောင် ဘယ်လို မှော်ဆေးရည်တွေများ တိုက်ထားလဲ မသိပါဘူး ..” စွန်းချဲ့ ပြောလိုက်ပြီး “ ရုပ်ရှင်ရိုက်နေတာများ ငါ လခွမ်း ကြက်သီးတွေပါထတယ်…”
“ ဝင်ပြီး တစ်ချက်ကြည့်ကြတာပေါ့ …” လုရွှမ် ပြောလိုက်ပြီး “ လင်းရီက သေပြီဆိုတော့ သူ့အပေါ် လက်စားချေဖို့က မဖြစ်နိုင်တော့ဘူး .. သူ့ကောင်မလေးနဲ့ အရင်စလိုက်ကြတာပေါ့ .. ပြီးရင် သေတာတောင် တမလွန်မှာ အေးဆေး မနေနိုင်အောင် လုပ်မယ်….”
သူတို့၏ မူလအစီအစဉ်က လင်းရီရဲ့ အုတ်ဂူကို တိတ်တိတ်လေး တူးဖို့ပင်။
သို့သော် လင်းကျင်ကျန့်ကြောင့် ထို အစီအစဉ်ကို လက်လျှော့လိုက်ရလေသည်။ သူတို့၏ မိဘများထံမှ လင်းကျင်ကျန့် မည်မျှ အင်အားကြီးကြောင်းကို ကြားသိခဲ့ရသည်။
ကောင်းကျိုးဆိုးပြစ်တို့က သေချာချင်တွယ်ကြည့်ပြီးနောက် လင်းရီ၏ အုတ်ဂူကို တူးဖော်သည်က အတော်လေး စွန့်စားရသည်ဟု ခံစားလိုက်ရ၏။ ထိုသို့ ပြုလုပ်မည်ဆိုပါက သူ့အဖေက လုံးဝ အလွတ်ပေးမှာ မဟုတ်ချေ။ ထို့ကြောင့် သူတို့တွေ တခြားသူတွေဆီ ပစ်မှတ်ထားလိုက်ကြ၏။
ထိုအချိန်မှာပဲ သူတို့တွေ လီချူးဟန်၏ သတင်းကို ကြားလိုက်ကြရပြီး ဤနေရာသို့ ချက်ချင်း ပြေးလာကြလေသည်။
ဤသည်က သူတို့ လုပ်ဝံ့သည့် အတိုင်းအတာ အတွင်း၌ ရှိသည်။ လင်းကျင်ကျန့်၏ အဆင့်အတန်းဖြင့် ဤမျှ ကိစ္စလေးလောက်ကို အမှုထားနေမှာမဟုတ်ချေ။
ကားပါကင်ထဲက ထွက်လာခဲ့ပြီးနောက် အုပ်စုမှာ ဆေးရုံထဲသို့ ဘယ်ခွေးမှလူမထင်သည့် အထာမျိုးဖြင့် အုပ်လိုက်ကြီး ဝင်လာခဲ့ကြပြီး ဓာတ်လှေကားဖြင့် ၂၂ လွှာသို့ တက်လာခဲ့ကြ၏။
၂၂ လွှာ တစ်ခုလုံးမှာ တိတ်ဆိတ်ငြိမ်သက်နေသည်။ တာဝန်ကျ နာ့စ်နှင့် ဒေါက်တာတစ်ချို့သာလျှင် ဤနေရာ၌ ရှိသည်။
လာရောက် ဆေးကုသမှု ခံယူနေသည့် ဒိတ်ဒိတ်ကျဲ ခေါင်းဆောင်ကြီးများ မရှိသဖြင့် သူတို့တွေက ပြည်ထောင်စုကောလိပ် ဆေးရုံ၌ အတော်လေး အလုပ် အသက်သာဆုံး ဆရာဝန်များဟု သတ်မှတ်၍ရသည်။
“ လူကြီးမင်းတို့ ဒီကို လူနာလာကြည့်တာလားရှင့် …” နာ့စ် အငယ်လေးက ရှေ့သို့ တက်လာပြီး သူတို့ အုပ်စုကိုမေးသည်။
“ အင်း …” ကျောက်မို ဘောင်းဘီ အိတ်ထောင်ထဲ လက်နှိုက်ထားပြီး အပြုံးလေးဖြင့် ပြန်ဖြေလိုက်သည်။
နာ့စ်အငယ်လေးမှာ မနှစ်မြို့သည့် မျက်နှာထားဖြင့် ဖြစ်သွားခဲ့၏။
ဒီလူတွေက ဒီထဲမှာကို တကယ်ကြီး ဆေးလိပ်သောက်နေကြတယ်… ဘယ်လိုလူစားမျိုးတွေလဲ မသိပါဘူး …
“ မစ်လီက ကျွန်မတို့ ၂၂ လွှာ၍ တစ်ဦးတည်းသော လူနာပါ .. ရှင်တို့က သူ့ကို လာတွေ့ကြတာလား မသိဘူး …” နာ့စ် အငယ်လေးက ပြောလိုက်ပြီး “ ဒါပေမယ့် ဒီနေရာက ဆေးရုံပါ .. ဆေးလိပ်သောက်တာကို တားမြစ်ထားတယ်… ရှင်တို့ သောက်ချင် အပြင်ထွက်သောက်ကြဖို့ မျှော်လင့်ပါတယ်… မဟုတ်ဘူးဆို ကျေးဇူးပြုပြီး ထွက်သွားပေးပါ …”
ဖြန်း …
ဘာစကားမျှ ပြောမနေဘဲ ကျောက်မိုသည် နာ့စ်၏ မျက်နှာကို ပိတ်ရိုက်လိုက်၏။ နာ့စ်အငယ်လေးမှာ သူမ၏ မျက်နှာကို အုပ်ရင်း ကြမ်းပြင်သို့ လဲကျသွားခဲ့သည်။
“ ရှင်တို့ ဒါဘာလုပ်တာလဲ … ဒီနေရာက အထူးကြပ်မတ် ဆေးကုသတဲ့နေရာ .. ရှင်တို့တွေ ထင်ရာစိုင်းလို့ ရတဲ့ နေရာမဟုတ်ူဘး … အခုချက်ချင်း ထွက်မသွားဘူးဆိုရင် ကျွန်မ ရဲခေါ်ပြီ ..”
“ သွားခေါ်လေ… ရဲတွေ ငါ့ကို ဖမ်းရဲမလား ကြည့်စမ်းမယ်…”
ထိုသို့ ပြောပြီးနောက် …. ကျောက်မိုနှင့် ကျန်သူများမှာ အရေးပေါ် ကုသခန်းထဲသို့ တန်းမတ်စွာ ဦးတည်လိုက်ကြသည်။
ထိုအချိန်တွင် တာဝန်ကျနေသည့် မာရှောင်ယန်သည် သူ့ရုံးခန်းထဲက ထွက်လာပြီး “ မင်းတို့ အဲ့တာ ဘာလုပ်နေတာလဲ … ဒီနေရာက ဘာလဲ သိလား ….”
“ ဒါပေါ့ … သိတာပေါ့ …” ကျောက်မို ပြောလိုက်ပြီး “ ဒါပေမယ့် ခင်များကြီးကိုလည်း ဝင်မပါဖို့ သတိပေးလိုက်မယ်… မဟုတ်ရင် ကြေးစားငှားပြီး ခေါင်းဖြတ်ခိုင်းလိုက်မယ်… “
ကျောက်မို၏ ခြိမ်းခြောက်စကားနှင့် ရင်ဆိုင်ရတော့ မာရှောင်ယန်မှာ အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားခဲ့ပြီး ဘာစကားတစ်ခွန်းမျှ ထပ်မပြောဝံ့သည်အထိ ကြောက်လန့်သွားခဲ့လေသည်။
ထို ကလေကချေ တစ်အုပ် အရေးပေါ်လူနာခန်းထဲသို့ ဝင်သွားသည်အား ဘေးမှ ရပ်ကြည့်နေရုံသာ တတ်နိုင်ခဲ့၏။
အရေးပေါ် ကုသခန်းထဲတွင် ချောင်ရှင်းက လီချူးဟန်ကို မျက်နှာသစ်ပေးနေသည်။
သူမ၏ အခြေအနေက တိုးတက်ကောင်းမွန်လာနေသည်ကို မြင်တော့ ချောင်ရှင်းမှာ အလုပ်တွေလုပ်ဖို့ မိုတီတွေ အများအပြား ရနေတော့သည်။
ထိုအချိန်မှာပဲ သူမ နောက်ကွယ်ကနေ တံခါးဖွင့်သံ ကြားလိုက်ရလေသည်။
ချောင်ရှင်း တွေးမိလိုက်သည်ကား လင်းရီ ပြန်ရောက်လာပြီ ဟူ၍ပင်။ သို့သော် သူမ လှည့်ကြည့်လိုက်သည့်အခါ၌ လူစိမ်းတစ်အုပ်စုက ပါးစပ်ထဲတွင် စီးကရက်များ ကိုက်၍ အထဲဝင်လာနေသည်ကို မြင်တွေ့လိုက်ရလေသည်။
“ ရှင်တို့ ဘယ်သူတွေလဲ …”
“ ငါ ဘယ်သူလဲ မင်းသိစရာ မလိုဘူး … ငါ ဒီလာတာ သူနဲ့ တွေ့ဖို့ပါပဲ … မစိုးရိမ်နဲ့ …”
ကျောက်မို အပြုံးလေးဖြင့် ပြောလိုက်သည်။ “ မိန်းကလေး … ဒီမိန်းမက သေတော့မှာကို ဘာလို့ ခွန်အားတွေ ဖြုန်းနေမှာ … သူ့ကို ကယ်တင်နိုင်ဦးမယ်ဆိုရင်တောင် ကိုမာဝင်နေတဲ့ အခြေအနေမှာပဲ ရှိနေမှာလေ… ဘာလို့ ဒီလိုတွေ လုပ်နေဦးမှာလဲ … အောက်ဆီဂျင်ပိုက် ဖြုတ်လိုက်ရင် ဒါတွေအကုန်ပြီးသွားမယ့် ကိစ္စကို အလုပ်ရှုပ်ခံနေသေးတယ်…”
သူက ဤနေရာသို့ ပြဿနာရှာရန် ရောက်လာသော်လည်း ကျောက်မိုသည် လွန်လွန်ကြူးကြူး မလုပ်ဝံ့ချေ။
အကယ်၍ လီချူးဟန်၏ အောက်ဆီဂျင်ပိုက်ကိုသာ ဖြုတ်ပစ်လိုက်မည်ဆိုပါက ဤသည်က ရည်ရွယ်ချက်ရှိရှိ လူသတ်ဖို့ ကြိုးပမ်းခြင်း ဖြစ်သွားလိမ့်မည်။
လင်းရီသေသွားခဲ့လင့်ကစား ကျုံးဝေ့တပ်ဖွဲ့က သူ့ကို အပြစ်မပေးဘဲ နေမှာ မဟုတ်ချေ။
ထို့ကြောင့် သူတို့ စကားနှင့် ကြိုက်သလို ပြဿနာ ရှာ၍ ရသည်။ ကိုယ်ထိလက်ရောက် ကျုးလွန်မည်ဆိုလျှင်တော့ ကိုယ်လည်း အန္တရာယ်များ၏။
“ ရှင်တို့အားလုံး ဒီက ထွက်သွားကြစမ်း … အစ်မလီ အနားယူနေတာကို လာမနှောင့်ယှက်နဲ့ …” ချောင်ရှင်း ကျယ်လောင်စွာ ပြောလိုက်၏။
“ ထွက်သွားရမယ်ပေါ့ …” ကျောက်မို ကျယ်လောင်စွာ တဟားဟား အော်ရယ်လိုက်ပြီး “ လင်းရီက သေပြီးနေပြီကို မင်းက ဘာတွေ စောင့်နေတာ .. သူ့ကောင်မလေးပါ သူ့နောက် တစ်ခါတည်း တန်းလိုက်သွားခိုင်းလိုက်လေ…”
“ အမြန် ထွက်သွားစမ်း … ရှင်တို့ကို ဒီကနေ မကြိုဆိုဘူး … ကျွန်မ အခုချက်ချင်း ရဲခေါ်ပစ်လိုက်မယ်ဆိုတာ ယုံလား …”
ချောင်ရှင်းသည် ရှေ့သို့ ပြေးတက်လာ၍ ကျောက်မိုကို အဝေးသို့ တွန်းကာ သူ့အား နှင်ထုတ်ဖို့ ကြိုးပမ်းလိုက်သည်။
ကျောက်မိုက အနည်းငယ် အားနည်းသော်လည်း ချောင်ရှင်းကဲ့သို့ နုနယ်သည့် မိန်းမသားတစ်ယောက်က လုပ်ချင်တိုင်း လုပ်နိုင်သည့် အဆင့်တော့ မဟုတ်သေးချေ။
သူ လက်မြှောက်၍ ချောင်ရှင်း၏ မျက်နှာကို ဖြတ်ရိုက်လိုက်လေသည်။
“ စောက်ကောင်မကများ ငါ့ကို လာထိနေတယ်… မင်းကိုယ်မင်း ဘာကောင်ထင်နေလို့ …”
ချောင်ရှင်းသည် မျက်နှာတစ်ဖက်ကို လက်ဝါးဖြင့် အုပ်၍ မျက်လုံးထဲ၌ မျက်ရည်တို့ ပြည့်နှက်လာသည်။ “ ရှင်တို့တွေ လွန်မလာနဲ့ … အစ်ကိုရီက ခွင့်လွှတ်မှာ မဟုတ်ဘူး …”
“ အစ်ကိုရီ … ဟားဟားဟား ……”
ကျောက်မိုနှင့် တခြားသူများက ကျယ်လောင်စွာ ရယ်မောလိုက်ကြသည်။ “ လင်းရီက ခု ငရဲမှာလေ… ဒါကို သူက ငါ့ကို ခွင့်မလွှတ်ဘူး ပြောနေတယ် … အဲ့ကောင်က ညကျ ငါ့အိမ်လာပြီး ခြောက်မှာလား … သေးနဲ့ ပန်းပေးလိုက်မယ်လို့ … ဟားဟားဟား …”
“ ဟားဟားဟား ….” ကျန်သူများလည်း အားရပါးရ လှောင်ရယ်လိုက်ကြ၏။
“ အစ်ကိုရီသေပြီလို့ ဘယ်သူပြောလဲ … အစ်ကိုရီ မသေဘူး .. သူ ရှင်တို့ကို ဒီအတိုင်းထားမှာ မဟုတ်ဘူး …”
ထိုစကားကို သူမ မပြောခဲ့ပါက ပိုကောင်းလိမ့်မည်။ သူမ ထိုသို့ ပြောလိုက်တော့ ကျောက်မိုနှင့် ကျန်သူများက ပို၍ပင် မောက်မာစွာ ရယ်မောလာခဲ့ကြ၏။
“ အဲ့ လင်းရီ မျိုးမစစ်က ဘာတွေများ ကောင်းနေလို့ …” ကျောက်မို ပြောလိုက်ပြီး “ ဟိုကောင်ကဖြင့် ပြာပုံဖြစ်နေပြီကို မင်းက မသေသေးဘူး ပြောနေတယ်… မင်းလည်း ဆရာဝန်ပြရင် ပြကြည့်ဦး … စောက်ကျိုးနည်းကွာ … ဒီမှာ လူကို ရယ်သေအောင် လာလုပ်နေတယ်….”
“ ယုံတာ မယုံတာ ရှင်တို့ အပိုင်းပဲ … ဘာပဲ ဖြစ်ဖြစ် အစ်ကိုရီက မသေဘူး … သူရှင်တို့ကို ဒီအတိုင်း မထားဘူး …”
“ မထားဘူးဆိုလည်း မထားနဲ့ပေါ့ကွာ ဟားဟားဟား ….”
ကျောက်မို သူ့လက်ကို ဝှေ့ရမ်းလိုက်ပြီး “ သွားစို့ ညီကိုတို့ … ဒီလာပြီး တစ်ချက်ကြည့်လိုက်တာ ငါ့ခံစားချက်တွေ စောက်ရမ်း ကောင်းသွားပြီ … ဒီနေ့ OT ဘားတစ်ခုလုံး ဘွတ်ကင်ယူထားတယ်… မမူးမချင်း အိမ်မပြန်ဘူး …”
“ သွားစို့ …”
တစ်ညနေခင်းလုံး သူတို့ သုံးယောက်မှာ ရွှေကော်ထန်ချွမ်၌ သောက်စားနေခဲ့ကြ၏။
သီးသန့်ခန်းထဲ၌ ရိုးရှင်းသည့် တွေ့ဆုံပွဲလေးက စားပွဲဝိုင်းအကြီးနှင့် သောက်စားပွဲကြီးသို့ ဦးတည်သွားခဲ့လေသည်။
သူတို့တွေ ညဉ့်နက်သည်အထိ သောက်နေခဲ့ကြပြီး ဘီယာပုလင်း ခြောက်ဆယ် ခုနစ်ဆယ် ကုန်သည့်တိုင် ရပ်တန့်ဦးမည့် အရိပ်အယောင် မမြင်ရသေးချေ။
ကလင် ကလင် ကလင် …
သူတို့တွေ အနည်းငယ် ရီဝေဝေ ဖြစ်နေချိန်မှာပဲ လင်းရီ၏ ဖုန်းသံ မြည်လာသည်။ ချောင်ရှင်းက ဆက်သွယ်လာခဲ့ခြင်း ဖြစ်၏။
တစ်ချို့သော အကြောင်းပြချက်တို့ကြောင့် လင်းရီ၏ အမူအရာမှာ ချက်ချင်း စိတ်လှုပ်ရှား တက်ကြွလာသည်။
ယခုအချိန်၌ ချောင်ရှင်း၏ ဖုန်းကောက သူ့အတွက် သိပ်ကို အရေးကြီးသည်။
“ အခြေအနေ ဘယ်လိုလဲ … သတိရလာပြီလား …”
“ အစ်ကိုရီ … အခုလေးတင်ပဲ လူတစ်အုပ်စု ဒီလာပြီး ပြဿနာ လာရှာသွားတယ်… မြန်မြန်ပြန်လာတော့ … ညီမ အရမ်းကြောက်တယ်…”
“ စောင့်နေ .. ငါ အခု ချက်ချင်း လာနေပြီ …”
ဖုန်းချပြီးနောက် လင်းရီ ဒေါနမောထနေသည့် အမူအရာဖြင့် မတ်တပ်ရပ်လိုက်၏။
“ ဘာဖြစ်တာလဲ … “ နင်ချဲ့ မတ်တပ်ရပ်ပြီး မေးလိုက်၏။
“ ချောင်ရှင်း ငါ့ဆီ ဖုန်းဆက်တယ်… သူ ပြောတာ လူတစ်အုပ်စုက ဆေးရုံလာပြီး ပြဿနာရှာသွားတယ်ဆိုပဲ … ငါ့ကို ပြန်လာပြီး တစ်ချက် လာကြည့်ပေးဖို့ ပြောတယ်…”
“ ၂၂ လွှာမှာကို ဘယ်သူက ပြဿနာ လာရှာဝံ့နေတာ …”
“ သွားကြည့်ကြတာပေါ့ …”
သုံးယောက်သား အဝတ်များ အလျင်အမြန် ဝတ်၍ ဆေးရုံသို့ မောင်းထွက်လာကြလေသည်။
“ အစ်ကိုရီ …."
အရေးပေါ် ကုသခန်းထဲ၌ လင်းရီ ပြန်လာသည်ကို မြင်တော့ ချောင်ရှင်း မတ်တပ်ထ၍ ချက်ချင်း မျက်ရည်ဝိုင်းသွားခဲ့၏။
လင်းရီ၏ အမူအရာမှာ အကျည်းတန်သွားခဲ့လေသည်။ ချောင်ရှင်း၏ မျက်နှာထက်တွင် နီရဲနေသည့် လက်ဖဝါးရာကြီးကို မြင်တွေ့လိုက်ရပြီး သူမ၏ မျက်နှာ တစ်ဝက်မှာ ဖူးယောင်နေခဲ့၏။
“ ဘာတွေ ဖြစ်ခဲ့တာလဲ .. မကြောက်နဲ့ … ဖြည်းဖြည်းလေးပြော ….”
“ ညီမလည်း ဘာတွေ ဖြစ်လဲ မသိဘူး … အစ်မလီကို မျက်နှာသစ်ပေးနေတုန်း လူ နှစ်ဆယ်ကျော်လောက် ရုတ်တရက်ကြီး အခန်းထဲ ဝင်လာတယ်… ပြီးတော့ ရိုင်းရိုင်းစိုင်းစိုင်းကြီးတွေ ပြောပြီး ပြန်ထွက်သွားကြတာပဲ …”
“ အဲ့တာကလွဲပြီး တခြား ဘာမှ မလုပ်သွားဘူးလား …”
“ သူတို့ တခြား ဘာမှတော့ မလုပ်သွားဘူး … ညီမကိုပဲ ရိုက်သွားတယ်… ဒါပေမယ့် သူတို့ပြောတဲ့ စကားတွေက အရမ်း ရိုင်းတယ်…”
“ မပူနဲ့ … ငါ ဒီကိစ္စ ရှင်းလိုက်မယ်…”
“ နင်တို့တွေ ဒီမှာ နေခဲ့ကြ … ငါ ကင်မရာတွေ သွားစစ်ကြည့်လိုက်ဦးမယ်… အဲ့လိုဆို ဘယ်သူလာသွားလဲ အမြန်သိရတယ် …”
ပြောပြီးနောက် ချိုးယွီလော့ ထွက်ခွာသွားခဲ့သည်။
လင်းရီသည် လီချူးဟန်၏ အခြေအနေကို ထပ်မံစစ်ဆေးလိုက်ပြီး သူမ၏ ခန္ဓာကိုယ် အခြေအနေက သူ ထွက်သွားခဲ့တုန်းကထက် ပိုကောင်းနေသည်ကို မြင်တော့မှ စိတ်ထဲက အလုံးကြီးလည်း ပြုတ်ကျသွားခဲ့လေသည်။
သူ့ ခေါင်းထဲ တခြား ဘာမျှ မရှိချေ။ လီချူးဟန် အဆင်ပြေသရွေ့ အခြားကိစ္စများက သူ့အတွက် အသေးအမွှားလေးများပင်။
ကျန်သည်ကို ဖြည်းဖြည်းချင်း ကိုင်တွယ်၍ရသည်။
မကြာမီ ချိုးယွီလော့ ပြန်လာပြီး “ ငါ တွေ့ခဲ့ပြီ … ကျောက်မိုနဲ့ သူ့လူတွေ ရောက်လာခဲ့တာပဲ …”
“ ကျောက်မို … ဒီကောင် အတော်လေး သေပန်းပွင့်ချင်နေပြီနဲ့တူတယ်…” လင်းရီ၏ မျက်လုံးတို့ အေးစက်သွားခဲ့သည်။
“ သူတို့က နင် သေပြီ ထင်နေလို့လေ… နင်နဲ့ ဒါရိုက်တာလီရဲ့ ဆက်ဆံရေးကို သိသွားတော့ ဒီလာပြီး ပြဿနာ လာရှာကြတာ … မဟုတ်ရင် သူတို့တွေ ဒီလာပြီး အကြောင်းမဲ့ ပြဿနာ ရှာရဲမှာ မဟုတ်ဘူး …”
“ ဒါကြောင့်မို့ ငါ အမြဲတမ်း ပြောတာ ချမ်းသာတဲ့ ဒုတိယ မျိုးဆက်တွေက စားဖို့ပဲ သိပြီး သူရဲဘောကြောင်တဲ့ ကောင်စားမျိုးတွေပါလို့ …”
လင်းရီ နှာမှုတ်လိုက်ပြီး “ သူတို့ အခု ဘယ်မှာလဲ မင်းရှာနိုင်လား … အခု အားနေမှတော့ သူတို့နဲ့ သွားပြီး စကားသွားပြောပေးရမှာပေါ့ ….”
“ မြို့ရဲ့ ယာဉ်ကြော စောင့်ကြည့်ရေး ကင်မရာတွေကနေ ရှာကြည့်ရမှာပဲ … အချိန်တော့ နည်းနည်းကြာမယ်…” ခဏစဉ်းစားပြီးနောက် ချိုးယွီလော့ အဖြေပေးလိုက်သည်။
“ အဆင်ပြေတယ်… သူတို့ကိုသာ အရင်ကူရှာပေး … ဒီတစ်ခါတော့ နောင်ကြဉ်သွားအောင်ကို သင်ခန်းစာ ပေးပေးရမယ်…”
“ ခဏပဲ … နင် စိတ်ချလိုက် …”
“ အင်း …”
ချိုးယွီလော့ ထွက်ခွာသွားခဲ့ပြီးနောက် လင်းရီနှင့် နင်ချဲ့တို့ လူနာခန်းထဲ ရှိနေကြသည်။
သတင်းကို စောင့်နေရင်း လင်းရီသည် လီချူးဟန်ကို အဖော်ပြုပေးနေသည်။
လင်းရီ၏ ဆေးဝါး အတွေ့အကြုံများအရ လက်ရှိ လီချူးဟန်၏ အခြေအနေအတိုင်းဆိုလျှင် သတိပြန်လည်လာသင့်ပြီ ဖြစ်၏။ သို့ပေမယ့် ဤသို့ ကြာရှည်စွာ ဖြစ်နေမည်ဆိုပါက ကိုမာ ဝင်သွားသည်အထိ ဖြစ်သွားနိုင်လေသည်။ ထို့ကြောင် သူ့အတွင်းစိတ်တစ်နေရာ၌ ပူပင်ကြောင့်ကြနေမိ၏။
“ အစ်ကိုရီ … အခုက စိုးရိမ်စရာလည်း မရှိတော့ဘူး … အစ်ကို ခဏလောက် အိပ်လိုက်ပါလား … ဒီရက်ပိုင်းထဲ ကောင်းကောင်းလည်း မအိပ်ရသေးဘူး … ကိုယ့်ကိုယ်ကို ဒီလောက်ထိ ဖိအားပေးဖို့ မလိုပါဘူး …”
ဤရက်ပိုင်းထဲ၌ လင်းရီ အမှန်ပင် စိတ်ပင်ပန်း၊ လူပင်ပန်း ဖြစ်ခဲ့ရ၏။ ၎င်းအပြင်ကို လက်ရှိ အနှိပ်ခံထားသည့် အရှိန်ဖြင့် ခန္ဓာကိုယ်က သက်တောင့်သက်သာ ဖြစ်နေပြီး အတော်လေး နွမ်းနယ်လာနေသည်။
“ မထူးတော့ပါဘူး … နည်းနည်းထပ်စောင့်လိုက်ဦးမယ်… ဒီကိစ္စတွေ ကိုင်တွယ်ပြီးမှပဲ နားတော့မယ်….”
“ အွန်း အွန်း …”
ချောင်ရှင်း လေးပင်စွာ ခေါင်းညိမ့်လိုက်သည်။ အနှီ ပြဿနာလာရှာသူတို့က အတော်လေး စက်ဆုပ်ဖို့ကောင်းလှသည်။
ထိုလူများကို ကျိန်းသေပေါက် သင်ခန်းစာပေးကာမှ တော်ကာကျလိမ့်မည်။
တစ်နာရီကျော်ကြာပြီးနောက် ချိုးယွီလော့ အထဲ ပြန်ရောက်လာသည်။
“ တွေ့ပြီ … သူတို့တွေ ဆေးရုံက ထွက်သွားပြီးတော့ OT ဘားကို ဦးတည်သွားခဲ့ကြတယ်… သူတို့ အခု အဲ့နေရာမှာပဲ …”
လင်းရီ မတ်တပ်ရပ်လိုက်ပြီး ခန္ဓာကိုယ် အညောင်းဆန့်လိုက်ကာ တင်းမာနေသည့် မျက်နှာအမူအရာဖြင့် “ တစ်ချက်သွားကြည့်ကြစို့ …”
ထိုညတွင် OT ဘားက အတော်လေး လှုပ်ရှားတက်ဝင်နေသည်။ အဝင်ဝလမ်း၏ ဘေးနှစ်ဖက်စီ၌ ဇိမ်ခံကားများဖြင့် ပြည့်နှက်နေခဲ့ပြီး စူပါကား မျိုးစုံကို ဤနေရာ၌ မြင်တွေ့နေရသည်။
မိနီစကတ်လေးများနှင့် မိန်းကလေးတို့ကလည်း ကိုယ်ဟန် အမျိုးမျိုးဖြင့် အနှီကားတို့ရှေ့၌ ဓာတ်ပုံပို့စ်ပေးနေကြသည်။ သူမတို့၏ ပုံစံက ကားတစ်စင်းသော်မျှ အလွတ်မပေးချင်သည့်ပုံ ပေါက်နေသည်။
သူတို့၏ အသိုင်းအဝိုင်း ကိုယ်စီကနေ သတင်းကြားမိသလောက်တော့ OT ဘား၌ ယနေ့ည ပွဲကြီး တစ်ခု ရှိသည်ဟူ၍ပင်။
ရန်ကျင်းက ချမ်းသာသည့် ဒုတိယမျိုးဆက် သူဌေးသားများ အကုန်လုံးက ဤနေရာသို့ လာပြီး ပါတီ ပေးကြမည်။ ထို့ကြောင့် သူတို့တွေအားလုံး ပျော်ပါးကြဖို့ ပြေးလာခဲ့ကြခြင်း ဖြစ်၏။
အကယ်၍ သူတို့သာ ချမ်းသာသည့် ဒုတိယမျိုးဆက် တစ်ယောက်နှင့် ချိတ်မိသွားခဲ့မည်ဆိုပါက အမြတ်ပင်။
ဘားအပြင်ဘက်တွင် ကားတို့ အပြည့်ဖြစ်နေပြီး ဘားအတွင်းတွင်လည်း ထူးပြီး ခြားနားမနေချေ။ လူတို့က နေရာတိုင်းကို တိုးမပေါက်နိုင်အောင် ရှိနေသည်။
အမျိုးသားနှင့် အမျိုးသမီးတို့က ခန္ဓာကိုယ်ကို တွန့်လိမ်ကောက်ကွေး၍ ခန္ဓာကိုယ်ထဲရှိ ဟော်မုန်းများအား လှုံ့ဆော်နေကြသည်။ တစ်ချို့က ဘီကီနီလေးများပဲ ဝတ်ထားကြ၏။ လေထုက တောက်လောင်ကျွမ်းကျင်စရာပင်။
ဘားအရှေ့ရှိ booth တွင် လူ အယောက် ၂၀ ကျော် စုဝေးနေသည်။
ကျောက်မိုနှင့်ကျန်သုံးယောက်အပြင် ချင်ရန်ဖူနှင့် ချင်ရန်လင်တို့လည်း စုဝေးပွဲသို့ တက်ရောက်လာခဲ့၏။
“ လာကြ … ညီကိုတို့ … ငါတို့ ဒီနေ့ လက်စားချေနိုင်ခဲ့ပြီ … ပျော်တယ်… အမူးကစ်ကြမယ်…” ကျောက်မို သူ့လက်ထဲရှိ ဖန်ခွက်ကို မြင့်မြင့်မြှောက်ပြီး ပြောလိုက်သည်။