ဒဏ္ဍာရီလာ အခေါင်းထမ်းသမားကြီးလား
Vol. 123 Ch. 1833
“ ငါလခွမ်း စောက်ကျိုးနည်းကြီးတွေ ဖြစ်နေတာလား … မင်းလူကို ဒါမျိုးတော့ မနောက်နဲ့လေကွာ …”
စုန့်ကျင်းမင် ဘောင်းဘီထဲ သေးထွက်ကျလုမတတ် ထိတ်လန့်သွားခဲ့၏။ ပါးစပ်ထဲရှိ စီးကရက်သည်လည်း ပေါင်ပေါ်သို့ ပြုတ်ကျသွားခဲ့ကာ ဈာပနာကားက လမ်းလည်တွင် မြွေလိမ်မြွေကောက် ဖြစ်သွားခဲ့လေသည်။ ယင်းကို မြင်တော့ လမ်းသွားလမ်းလာတို့မှာ ကြက်သေသေသွားခဲ့၏။
ဒီ ဈာပနာကားက ဘာလို့ စတန့်ထွင် မောင်းနေတာ …
ဒါကရော အခုခေတ်စားနေတဲ့ ဈာပနာကား မောင်းနည်းများလား …
“ ဘာဖြစ်နေလဲ ငါလည်း မသိဘူး …” လင်းကျင်ကျန့် ပြောလိုက်သည်။
“ ငါလည်း စောနလေးတင် သူ့မျက်ခွံတွေ လှုပ်သွားခဲ့တာ မြင်လို့ တစ်ခုခုတော့ မှားပြီး ထင်လိုက်တာ ဒါကြောင့်မို့ မင်းကို လှမ်းခေါ်လိုက်တာပဲ …”
“ ငါ့ကို သတိရပေးလို့ ကျေးဇူးတင်တယ်…” စုန့်ကျင်းမင် မကျေမနပ် စောဒကတက်လိုက်ပြီး “ နောက်တစ်ခါ ဒီလို ကိစ္စမျိုးဆို ဟိုသုံးကောင်ကို ခေါ်…”
“ ပေါက်ကရတွေ တော်တော့ …”လင်းကျင်ကျန့် ပြောလိုက်ပြီး “ ငါတော့ တစ်ခုခု မဟုတ်သေးဘူးလို့ ခံစားနေရတယ်…”
“ မင်းပြောချင်တာ သူ မသေသေးဘူးပေါ့ ဟုတ်လား …” စုန့်ကျင်းမင်လည်း လေးနက်တည်ကြည်လာခဲ့သည်။ “ ဒါပေမယ့် သူ့ မျက်လုံး သူငယ်အိမ်တွေက ပြန့်ကားနေပြီးသားလေ… အသက်ရှင်လျက် ရှိသေးတယ်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး …”
“ ဒါဆို မင်း ဒါကို ဘယ်လို ရှင်းမလဲ …”
“ မင်းတို့ ဟွာရှန့်တွေမှာ အလောင်းကောင်တွေ ပြန် အသက်ဝင်လာတဲ့ စကားပုံ ဆိုရိုးတွေ အမြဲရှိတယ် မဟုတ်ဘူးလား … ဘာလို့ ငါ့ လာမေးနေတာလဲ …”
အချိန်အတော်ကြာအောင် တိတ်ဆိတ်ပြီးနောက် လင်းကျင်ကျန့် ဖြည်းညင်းစွာ ပြောလိုက်သည်။
“ ဖြည်းဖြည်းလေးမောင်းပြီး နည်းနည်းလောက် အချိန်ဆွဲဖို့ ကြိုးစားကြည့် .. ဒီကိစ္စ ဘယ်လိုကိုင်တွယ်ရင် ကောင်းမလဲ စဉ်းစားလိုက်ဦးမယ်…”
“ အိုကေ …”
စုန့်ကျင်းမင်သည် ပါးစပ်တွင် စီးကရက်ခဲလျက် ဇိမ်ပြေနပြေဖြင့် မောင်းနှင်နေလျက် ရှိပြီး တစ်ခါတစ်ရံ စစ်ဆေးရန်အလို့ငှာ နောက်သို့ လှည့်ကြည့်တတ်သည်။
လင်းရီ၏ လက်က သုံးလေးကြိမ်လောက် လှုပ်ရှားသွားတတ်သည်ကို သူ မြင်တွေ့လိုက်ရ၏။
“ သူ မသေဘူး …”
လင်းကျင်ကျန့် ရုတ်တရက် ပြောလာခဲ့ပြီး “ သူ့ မျက်လုံး သူငယ်အိမ်တွေက အလင်းပြန်ရလာပြီ … လက်ချောင်းတွေကလည်း စပြီး လှုပ်ရှားလာပြီ …”
စုန့်ကျင်းမင် ကြက်သီးဖြန်းသွားခဲ့ပြီး ကားထဲရှိ လေထုအပူချိန်က ထိုးဆင်းလာနေလေသည်။
သူ အရင်က ဟွာရှ ဖုတ်ကောင် တစေကား အများအပြား ကြည့်ခဲ့ဖူးပြီး ယခုအချိန်တွင်သာ လင်းရီသည် ရုတ်ချည်း မျက်လုံးပွင့်လာ၍ သူ့ကို အစွယ်တဖွေးဖွေးနှင့် ကိုက်လာခဲ့မည်ဆိုပါက အနည်းငယ် စိတ်ဝင်စားဖို့ ကောင်းသွားပြီ ဖြစ်သည်။
“ မီးသင်္ဂြိုဟ်ရမှာကတော့ ကျိန်းသေပေါက် မလွဲမသွေပဲ … မင်းမှာ အကြံဉာဏ်ရှိလား …”
“ တကယ်လို့ သူသာ မသေသေဘူးဆိုရင် ငါတို့ကောင်တွေ အလိုက်သင့်လေးမျှောပြီး ကစားသွားပေးလို့ရတယ်…”
“ မင်းက ဒီ အခွင့်အရေးကို အသုံးချပြီး ဒရာမာ ဇာတ်လမ်း တစ်ခု ရိုက်ချင်နေတာလား …”
“ လူသတ်သမားက ခုထိ ထွက်ပေါ်မလာသေးဘူး … ဒါပေမယ့် ငါကတော့ ရန်ကျင်း ဝမ်မိသားစု ဖြစ်မယ်လို့ စိတ်ထဲ ခံစားချက် သာနေတယ်… ဒီတော့ သူတို့ကို သူ့ဘာသူပဲ ကိုင်တွယ်ခိုင်းလိုက်… ဘာပဲဆိုဆို လူတိုင်းက သူ သေသွားပြီလို့ ထင်နေကြတာလေ…”
“ နောက်ပြီး ဒီနေရာက ဟွာရှ … ငါတို့ ကိုယ့်ဘာသာ ကိုင်တွယ်မယ်ဆို လုပေချိန်ရဲ့ အကူအညီကို ကျိန်းသေပေါက်လိုမှာ…”
လင်းကျင်ကျန့် ခေါင်းညိမ့်လိုက်သည်။ ယခုအချိန်တွင် သူတို့ဘက်က အတင်းအကြပ် ခွန်အားသုံး၍ အဆင်မပြေချေ။ လုပေချိန်က ဤကိစ္စပြုလုပ်ရန်အတွက် သင့်လျော်သည့် လူဖြစ်၏။
“ ခဏနေကျရင် မင်းတို့တွေ တခြားသူတွေ မပါဘဲ သူ့ကို သပ်သပ် အထဲခေါ်ခဲ့လိုက် ..”
“ နားလည်ပြီ…”
နာရီဝက်ကြာပြီးနောက် ကားက မီးသင်္ဂြိုဟ်ရုံသို့ ရောက်ရှိလာသည်။
လင်းကျင်ကျန့် စီစဉ်ထားသည့်အတိုင်း စုန့်ကျင်းမင်နှင့် ကျန်သူများက လင်းရီ၏ ခန္ဓာကိုယ်ကို ချိတ်ပိတ်ထားသည့် အခန်းထဲသို့ ရွေ့လာခဲ့ကြသည်။
ထို့နောက် လုပေချိန်ကို ခေါ်လိုက်ကြ၏။
“ ဘာကိစ္စလဲ … ခဏနေဆိုရင် သင်္ဂြိုဟ်ရတော့မှာကို မင်းတို့အကုန်လုံးက ဒီမှာ ဘာလုပ်နေကြတာ …”
“ အန်ကယ်လု … ခင်များ ယုံနိုင်မှာတောင် မဟုတ်ဘူး .. လုံးဝ ထင်မထားတာ တစ်ခု ဖြစ်ထားတယ်…”
“ မင်းတို့ကောင်တွေ အကုန်လုံး ဒီမှာ ရှိနေတာကို ဘာများ မှားယွင်းနိုင်မှာမို့လို့ …”
လင်းကျင်ကျန့် နှုတ်ခမ်းကိုက်လိုက်မိ၏။ သူ ဘာပြောလို့ ပြောရမှန်းပင် မသိတော့ချေ။
သူ စုန့်ကျင်းမင်နှင့် ကျန်သုံးယောက်ဘက် လှည့်ကြည့်လိုက်တော့ ထိုကောင်တွေက ကမန်းကတမ်း နောက်ဆုတ်သွားသည်ကို မြင်တွေ့လိုက်ရလေသည်။
“ ငါတို့ကို လာကြည့်မနေနဲ့ … ငါတို့က ဒီတိုင်း အလုပ်သမားပဲ … ဒီလို ကိစ္စမျိုးတွေ ဝင်မပါဘူး …”
“ မင်းတို့တွေ ဘာဖြစ်နေကြတာ .. ပြောစရာ ရှိတယ်ဆို တစ်ခါတည်း တန်းပြောလိုက်လေ…”
“ အန်ကယ်လု ကိုယ်တိုင် ကြည့်လိုက်တာပဲ ပိုကောင်းမယ် ထင်တယ်…”
လင်းကျင်ကျန့်သည် အဖြူရောင် လိုက်ကာကို ပင့်ပြလိုက်၏။
လုပေချိန်မှာ လင်းရီ၏ ရုပ်အလောင်းကို မြင်တော့ ကိုယ် ဒယီးဒယိုင် ဖြစ်သွားခဲ့ပြီး မေ့လဲကျလုနီးပါး ဖြစ်သွားခဲ့လေသည်။
“ သူ … သူ လက်ချောင်းတွေ လှုပ်နေတယ်…”
စစချင်း အခြေအနေတုန်းကနှင့် နှိုင်းယှဉ်ပါက လင်းရီ၏ လက်ချောင်းတို့မှာ ယခု ပို၍ပင် လှုပ်ရှားလာနေသည်။ နောက်တစ်ခါ ထပ်လှုပ်ရှားသည်ကို ကြည့်ရန်အတွက် အချိန်အကြာကြီး စောင့်ဆိုင်းရန် မလိုတော့ချေ။
“ သူ့လက်တွေတင် မကဘူး … သူ့မျက်လုံး သူငယ်အိမ်တွေကလည်း ပုံမှန် ပြန်ဖြစ်လာနေပြီ ..” လင်းကျင်ကျန့် ပြောလိုက်ပြီး “ ဒါက ပုံမှန် သိပ္ပံနည်းကျ အချက်အလက်တွေနဲ့ ဆန့်ကျင်နေတယ်ဆိုပေမယ့် သူ့ကြည့်ရတာ သေပြီး အသက်ပြန်ရှင်လာသလိုပဲ …”
ယခုလို အခြေအနေမျိုး၌ ဘဝအတွေ့အကြုံ အင်မတန်များသည့် လုပေချိန်သည်ပင် သူ၏ ရင်ဘက်အား ဖိနှိပ်ထားရုံမျှ တတ်နိုင်ခဲ့သည်။ အသိစိတ် ပြန်ကပ်လာခဲ့ဖို့ကို အချိန်အတော်လေး ပေးလိုက်ရ၏။
သူက ကျေးလက်ဒေသဘက်က ဖြစ်ပြီး သရဲပုံပြင်များကို နားထောင်ရင်းဖြင့် ကြီးပြင်းလာသူ တစ်ယောက်ပင်။
ယနေ့တွင်တော့ သူကိုယ်တိုင် ထိုဖြစ်ရပ်များကို မျက်မြင်ကြုံတွေ့နေရလေပြီ။
နောက်ဆက်တွဲက သူ သိထားသည့် သရဲပုံပြင်များနှင့် ကိုက်ညီခြင်း ရှိမရှိကိုပဲ စစ်ဆေးကြည့်ရတော့မည်။
အဟွတ် အဟွတ် အဟွတ် ..
လင်းရီ ရုတ်တရက် ချောင်းဆိုးလာခဲ့ရာ စုန့်ကျင်းမင်နှင့် ကျန်သူများ သိမ့်ခနဲ တုန်ယင်သွားခဲ့ကြ၏။
“ ဟွာရှန့်လူမျိုးတွေ အကုန်လုံးက ဒီလိုမျိုး ဆန်းကြယ်ကြတာပဲလား …” မီရာသည် လက်မောင်းဖြင့် သူမကိုယ်သူမ ပြန်ဖက်ထားရင်း ပြောလိုက်၏။
“ ငါ ဘယ်လိုသိမှာလဲ …”
“ နင်လည်း ကိုးရီးယားကပဲ မဟုတ်လား… နင် ဒါတွေ သိနေသင့်တာပဲ …” မိုနီကာ ပြောလိုက်သည်။
“ အစ်မကြီး … မင်း ဒီလိုအချိန်မျိုးမှာတောင် ငါ့ကို မကပ်တွက်ဘဲ နေလို့ မရဘူးလား …”
လင်းကျင်ကျန့်နှင့် လုပေချိန်တို့ အခြား တစ်ဘက်ခြမ်းတွင် သွားပြီး မတ်တပ်ရပ်နေကြ၏။
မီးသင်္ဂြိုဟ်ရုံတွင် လူသေက ရုတ်တရက် ချောင်းထဆိုးနေသည်။ မည်သို့ပဲ ကြည့်ကြည့် ဤသည်က လုံးဝ ပုံမှန် မဟုတ်ချေ။
ထို့နောက် …
လင်းရီ၏ ကိုယ်မှာ လှုပ်ရှားလာပြီး ကုတင်ပေါ်တွင် ထထိုင်လာခဲ့၏။
“ အား …..”
မီရာနှင့် မိုနီကာတို့ လည်ချောင်းကွဲလုနီးပါး ကျယ်လောင်စွာ အော်ဟစ်မိသွားကြသည်။
စုန့်ကျင်းမင်နှင့် ဂေဆင်တို့လည်း ထူးပြီး သာမနေချေ။
လင်းရီ ကိုယ့်နဖူးကိုယ် ကိုင်ထားလျက် ရှိသည်။ သူက ယုတ္တိအားလုံးကို လွန်ဆန်ပြီး ပြန်လည်ရှင်သန်နိုင်သည့် စွမ်းရည်ကြောင့် အသက်ပြန်ရှင်လာခဲ့သော်လည်း သူ့ခန္ဓာကိုယ်က အချိန်အကြာကြီး လဲလျောင်းထားရသဖြင့် အဆစ်အမြစ်တို့က ထုံကျဉ်ကိုက်ခဲနေလေသည်။
အနည်းငယ်သော လှုပ်ရှားမှုသည်ပင် အလွန်အမင်း နာကျင်စွာ ခံစားနေရတော့၏။
အခန်းထဲရှိ လူများကို မြင်တော့ လင်းရီ၏ အမူအရာက အနည်းငယ် ထူးဆန်းသွားခဲ့သည်။
ယုတ္တိကျကျ ပြောရမယ်ဆိုရင် သူက အခု ဈာပနာခန်းမထဲမှာ ရှိနေသင့်တာလေ…
ဘာလို့ အခု ဒီလူတွေပဲ သူ့အနား ရှိနေတာ …
ဘယ်မှာလဲ ဒိတ်ဒိတ်ကျဲ ပုဂ္ဂိုလ်ကြီးတွေ ..
ငါတစ်ယောက်လုံး သေသွားတာတောင် တစ်ကောင်မှ မလာကြဘူးလားဟ ….
တခြား အရာများအပြင် လုပေချိန် ဤနေရာ၌ ရှိနေသည်ကိုတော့ လင်းရီ နားလည်နိုင်သည်။ သို့သော် အဘယ်ကြောင့် စုန့်ကျင်းမင်ကလည်း ဤနေရာသို့ ရောက်နေရသနည်း။
“ လင်းရီ … မင်း မသေဘူးမလား …. “ လုပေချိန် မဝံ့မရဲလေး မေးလိုက်၏။
ထူးခြားအံ့ဖွယ် သဘာဝဖြစ်ရပ်တစ်ခုကို မျက်မြင်ကြုံတွေ့လိုက်ရပြီးနောက် သူ မည်သို့မျှ စိတ်တည်တည်ငြိမ်ငြိမ် မထားနိုင်ပေ။
“ ကျွန်တော် မသေသေးပါဘူး … “ လင်းရီ ပြန်ပြောလိုက်ပြီး “ အသက်တစ်မျှင်စာလောက်တော့ ကျန်နေသေးတယ်… ဒါပေမယ့် ဆေးပစ္စည်းတွေက ဘယ်လို အသက်ရှင်သေးတဲ့ လက္ခဏာမှ မပြတော့ အကြီးအကဲတို့တွေ ကျွန်တော့်ကို သေပြီဆိုပြီး အထင်လွဲသွားတာ ထင်တယ်…”
သူတို့ အကုန်လုံး မယုံကြည်ကြချေ။ သို့သော် လင်းရီက တကယ်ကြီး သေသွားခဲ့ခြင်း မရှိပေ။ အမှန်တရားက သူတို့ မျက်စိရှေ့တွင် ရှိနေသဖြင့် ရွေးချယ်စရာ မရှိ၊ မျက်စိမှိတ်ယုံကြည်ရန်သာ တတ်နိုင်သည်။
ဤ ဖြစ်ရပ်ကို ထူးခြားအံ့ဖွယ် သဘာဝလွန် ဖြစ်ရပ်တစ်ခုဟုသာ ခေါင်းစဉ်တပ်၍ ယုံကြည်ဖို့သာ ရှိတော့သည်။
“ မင်း မသေသေးတာ ကောင်းတယ်… မင်းသာ နည်းနည်းလေး နောက်ကျပြီးမှ နိုးလာခဲ့ရင် မီးရှို့ခံနေရလောက်ပြီ …”
လင်းရီ တစ်ကိုယ်လုံး ချမ်းစိမ့်သွားခဲ့ရသည်။ အကယ်၍ သူသာ မီးသင်္ဂြိုဟ်ခံနေရစဉ် နိုးလာခဲ့မည်ဆိုပါက နှစ်ခါသေမှာ ဖြစ်၏။ မည်မျှ ကံဆိုးလိုက်မည်နည်း။
တွေးကြည့်ရုံမျှနှင့် လင်းရီ ကြက်သီးချမ်းလာလေသည်။
သို့သော် သူ၏ အကြည့်က လင်းကျင်ကျန့်ထံသို့ အလျင်အမြန် ကျရောက်သွားခဲ့ပြီး ၎င်းအား စုံချည်ဆန်ချည် တစ်ချက် အကဲခတ်ကြည့်လိုက်မိသည်။
ဤ လူထံကနေ သူ ပြောမပြနိုင်သည့် ရင်းနှီးမှု တစ်စုံတစ်ရာကို ခံစားနေခဲ့ရ၏။
“ ကြည့်မနေနဲ့ .. အဲ့တာ မင်းအဖေ … လင်းကျင်ကျန့်ပဲ …”
“ ကျ … ကျွန်တော့် အဖေ ….”
လင်းရီ ကြက်သေသေသွားခဲ့ပြီး …
အချိန်အတော်ကြာသည်ထိအောင် စကားမပြောနိုင်ဘဲ ဆွံ့အသွားခဲ့ရသည်။
လင်းကျင်ကျန့်လည်း ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိ ဖြစ်နေခဲ့၏။ အသက်မရှိတော့သည့် ရုပ်ခန္ဓာနှင့် ရင်ဆိုင်ရစဉ်တွင် သူ တည်တည်ငြိမ်ငြိမ်နှင့် တုံ့ပြန်နိုင်သော်လည်းပဲ သို့သော် ယခု လင်းရီက အရှင်လတ်လတ်ကြီး သူ့ရှေ့တွင် ရှိနေသည် ဖြစ်ရာ သူတို့၏ ဆက်ဆံရေးကို မည်သို့ ရင်ဆိုင်ရမှန်း မသိ ကြောင်အမ်းသွားခဲ့၏။
“ ခင်များက နှစ်တွေ အကြာကြီး ပျောက်နေခဲ့တာပဲ … ဒါပေမယ့် ကျွန်တော့်ရဲ့ ဈာပနာကိုတော့ လာတက်သေးတယ်ဆိုတော့ အနည်းဆုံး တာဝန်သိစိတ်လေးတော့ ရှိသေးတယ် ပြောရမယ်….” လင်းရီ ကိုးရို့ကားယားနိုင်စွာ ဆိုလိုက်သည်။
“ မင်းက သေပြီလေ… ဒီတော့ လာပြီး အရိုအသေပေးသင့်တာ သဘာဝပါပဲ .. ဘာပဲပြောပြော မင်းက ငါ့သားပဲဟာ …” လင်းကျင်ကျန့် ပြောလိုက်သည်။ “ ဒါပေမယ့် ဒီလိုမျိုး တွေ့ရတာက နည်းနည်းတော့ အဆင်ပြေမနေဘူး …”
“ အမှန်ပဲ … ဒါပေမယ့် … ကျုပ်ကို လိုက်ပို့ကြတာက ဒီလူတွေချည်းပဲလား …”
“ သူတို့ အကုန် အပြင်ဘက်မှာ .. ငါ မင်း ခန္ဓာကိုယ်က လှုပ်ရှားမှုတွေကို သတိထားမိတော့ ကြိုပြီး မင်းကို ဒီနေရာ ခေါ်လာခဲ့တာ …”
လင်းရီ ခေါင်းငဲ့စောင်း၍ စုန့်ကျင်းမင်နှင့် တခြားသုံးယောက်ကို ကြည့်လိုက်သည်။
“ သူတို့ကရော ဘာလို့ ဒီရောက်နေတာ …”
“ မင်းကို သယ်လာခဲ့တဲ့လူတွေလေ….”
လင်းရီသည် လူမည်း ဂေဆင်ကို ကြည့်လိုက်၏။
ဒါ ဒဏ္ဍာရီလာ လူမည်း အခေါင်းထမ်းသမား ဆိုတာလား …
( ဟို …. လူမည်း လေးယောက်လား ခြောက်ယောက်လား .. သူတို့က ခေါင်းတလားထမ်းရင်း အကနဲ့ လိုက်ပို့တဲ့လူတွေလေ .. fb မှာတောင် တော်တော် viral ဖြစ်သွားသေးတာ လူတိုင်း သိကြမှာပါ )