← Chapters

လက်စားချေခြင်း

Vol. 123 Ch. 1836

လက်စားချေခြင်း

Vol. 123 Ch. 1836

“ သူ ပျောက်နေတာ နှစ်အတော်ကြာပြီ … ဒါပေမယ့် လင်းရီရဲ့ သေဆုံးမှုက သူ့ကို ပြန်ပေါ်လာစေမယ်လို့ ဘယ်သူက ထင်ထားမှာ …” ဝမ်ထင်ရှန်း မျက်လုံးတို့ ကျဉ်းမြောင်းသွားခဲ့လျက် ဆိုလိုက်သည်။

“ အဖေ … ကျွန်တော် ဒီလူအကြောင်း အရင်က အဖေတို့ ပြောတာ ကြားခဲ့ဖူးတာ … သူ့ကြည့်ရတာ အတော်လေး အင်အားကြီးတဲ့ပုံပဲ … ဒီကိစ္စနဲ့ ပတ်သက်ပြီး တစ်ခုခု ရှိနေနိုင်မလား …”

မူလတုန်းက ဝမ်မြန်လည်း လင်းကျင်ကျန့်အကြောင်းကို မသိချေ။ ယခုတလော သူ့မိသားစုထဲရှိ အကြီးအကဲတို့က အတိတ်က ကိစ္စများအား ရှေးဟောင်းနှောင်းဖြစ် ပြောဆိုချိန်မှသာ သူသည်လည်း လင်းကျင်ကျန့် အကြောင်းကို နာမည်မျှလောက် အနည်းအကျဉ်း ကြားဖူးခြင်း ဖြစ်၏။

ထိုလူက ယခင်တစ်ချိန်တုန်းက ရန်ကျင်းတွင် အတော်လေး အင်အားကြီးမားခဲ့သည့် လူတစ်ယောက် ဖြစ်သည်ကို သိနေခဲ့လေသည်။

“ လင်းရီ အထင်ကြီးဖို့ကောင်းတယ် ဆိုတာ ဘာမှ မဟုတ်သေးဘူး … အခု သူပြန်လာပြီ ဆိုတော့ ပြဿနာတော့ တော်တော်များပြီ …” ချိန်ချူဖုန်း ပြောလိုက်သည်။

“ ကျုပ်ကတော့ အဲ့လို မထင်ဘူး … ရန်ကျင်းက အရင် နှစ် ၂၀ ကျော်တုန်းက ရန်ကျင်း မဟုတ်တော့ဘူး … ဒီက အရာရာတိုင်းကို သူ ထိန်းချုပ်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး …”

ဝမ်ထင်ရှန်းသည် မီလီကို ကြည့်၍ “ အဲ့ကိစ္စ အပြင် မင်း တခြား ဘာသိခဲ့သေးလဲ …”

“ သူ့ကြည့်ရတာ ဒီနှစ်တွေထဲ နိုင်ငံခြားမှာ တော်တော် အဆင်ပြေနေတယ်တူတယ် သခင်ကြီး … သူ့လက်အောက်ငယ်သားတွေ အကုန်လုံးက နိုင်ငံခြားသားတွေချည်းပဲ … တော်တော်လေး သတ္တိကောင်းကြတယ်… မိသားစုကြီး ငါးခုအပြင် လုပေချိန်တို့လို ဒိတ်ဒိတ်ကျဲ ပုဂ္ဂိုလ်ကြီးတွေ ရှိနေတာတောင် သေနတ်ဆွဲထုတ်ဝံ့ကြတယ်… ဒါကိုတော့ သေချာလေး သတိထားစရာပဲ …’

ချိန်ချူဖုန်းသည် လက်ဖက်ရည်ကြမ်း ခွက်ကို လေမှုတ်၍ အအေးခံရင်း ထူးမခြားနားသည့် လေသံဖြင့် “ လုပေချိန်သာ သူ့ကို ကျောထောက်နောက်ခံ ပြုမထားပေးရင် ဒီကောင် ဒီလိုတွေ မလုပ်ရဲပါဘူး … ဒါက ဟွာရှ … နှစ်တွေလည်း ပြောင်းသလို ခေတ်အခြေအနေတွေကလည်း အရင်ကနဲ့ မတူတော့ဘူး … သူ ထင်ရာစိုင်းချင်သလို စိုင်းခွင့် ရှိသေးတယ်များ ထင်နေလား မသိဘူး …”

“ သခင်ကြီး … ကျုပ်တို့ ရှေ့ ဘာဆက်လုပ်သင့်လဲ …”

“ ထပ်စုံစမ်းပြီး ဒီကိစ္စမှာ ဘာချို့ယွင်းချက်တွေ ရှိလဲ ဆန်းစစ်ကြည့် … မင်းတို့ကိုယ် မင်းတို့ မဖော်ထုတ်မိစေနဲ့ …” ဝမ်ထင်ရှန်း သက်တောင့်သက်သာ လေသံဖြင့် ပြောလိုက်၏။ သူ၏ လက်ရှိ သွင်ပြင်က ဤကိစ္စကို အမှုထားမနေသကဲ့သို့ပင်။

ထိုအခိုက် လီမီ၏ မျက်နှာအမူအရာမှာ အနည်းငယ် ပြောင်းလဲသွားခဲ့ပြီး

“ သခင်ကြီး … တကယ်တော့ ကျုပ် ပြောချင်နေတာ တစ်ခု ရှိသေးတယ်…”

“ ပြော … ဘာလဲ …”

“ ကျုပ်တို့ဘက်က ကိုယ့်ကိုယ်ကို မဖော်ထုတ်ဘူးဆိုရင်တောင် အလိုလိုနေရင်းလည်း သံသယက ကျုပ်တို့ဆီ ဦးတည်လာမှာပဲ ..” လီမီပြောလိုက်၏။ “ ဟွာရှ တစ်ခုလုံးမှာ ဒီလိုကိစ္စမျိုး လုပ်နိုင်တဲ့ မိသားစုကြီးတွေဆိုတာ သုံးခုထက် ပိုမရှိဘူး … ပြီးတော့ ကျုပ်တို့မှာက လင်းရီနဲ့ ရန်ငြိုးရန်စတွေက ရှိထားတယ်… ဒါကြောင့်မို့ သူ့ကို တိုက်ခိုက်ဖို့ ခိုင်လုံတဲ့ အကြောင်းအရင်းတွေလည်း ရှိနေတယ်… လုပေချိန်က ဉာဏ်ကောင်းတဲ့လူပဲဟာ … သူ ကျုပ်တို့ကို သံသယ စထားနေပြီလို့တော့ ထင်တယ်…”

“ ငါ ဒီရဲ့ ဖြစ်နိုင်ချေကို စဉ်းစားထားပြီးသား …” ဝမ်ထင်ရှန်း ပြောလိုက်ပြီး “ လောကကြီးမှာ လုံအောင် ကာနိုင်တဲ့ နံရံဆိုတာ မရှိဘူး …. ငါတို့ ဒီလိုမျိုး လုပ်လည်း သံသယဝင်ခံရမှာက ရှောင်လွှဲနိုင်တဲ့ ကိစ္စမဟုတ်ဘူး .. ဒါပေမယ့် ငါတို့ဘက်က နောက်ကွယ်မှာ ဘာခြေရာလက်ရာမှ မချန်ထားခဲ့ဘူး … လုပေချိန်မှာ ငါတို့ကို စွပ်စွဲရုံးတင်ဖို့ သူ့မှာ သက်သေအချက်အလက်တွေ မရှိဘူး .. ငါတို့ကို ဆန့်ကျင်ပြီး လှုပ်ရှားဖို့ဆို ပြောမနေနဲ့တော့ … ဝမ်မိသားစုက အရင်ကနဲ့ စာရင်သာ ကျဆင်းသွားရင် ကျဆင်းသွားမယ်… ဟွာရှရဲ့ မိသားစုကြီး ငါးခုအနေနဲ့တော့ ရပ်တည်နေတုန်းပဲ … ဘယ်သူကမှ ငါတို့ကို ပြစ်ဒဏ်လာခတ်လို့ မရဘူး …”

“ နားလည်ပါပြီ….”

“ သွား … အဲ့မှာ ဘာတွေ ဆက်ဖြစ်လဲ စောင့်ကြည့်နေ … ပြီးရင် ဒီကို သတင်းပြန်လာပို့ …”

“ ဟုတ်ကဲ့ …”

………….

မွန်းလွဲနှစ်နာရီတွင် လေယာဉ်က ရန်ချိန် လေဆိပ်သို့ ဆင်းသက်လာခဲ့၏။

လင်းရီ၏ မိသားစုအပြင် လေယာဉ်ပေါ်၌ လျန်ရူရွှယ်လည်း လိုက်ပါလာသည်။

ဤသည်က နောက်ဆုံးခြေလှမ်းဖြစ်၏။ မည်သည့်ကိစ္စပဲ ဖြစ်လာပါစေ ၊ သူမ ပြီးမြောက်အောင် ဖြည့်ဆည်းရမည် ဖြစ်သည်။

သူမတို့အပြင် လင်းရီအား နောက်ဆုံး အကြိမ်အဖြစ် လိုက်ပို့ပေးချင်သည့် ကျုံးဝေ့တပ်ဖွဲ့ထဲက လူတစ်ချို့လည်း အတူလိုက်ပါလာလေသည်။

သို့သော် လျိုဟုန်နှင့် ချိုးယွီလော့တို့က ရန်ချိန်သို့ မသွားကြချေ။ ထိုအစား သူတို့က ချွမ်ရှန်း သို့ သွားခဲ့ကြ၏။

ကျုံးဝေ့တပ်ဖွဲ့ ကိုယ်စားပြုအနေဖြင့် သူတို့တွေသည် ကျိုးလျန်၏ မိသားစုသို့ သွား၍ သူ၏ ဈာပနာသို့ တက်ရောက်ဖို့ လိုအပ်သည်။

လေယာဉ်ပေါ်က ဆင်းပြီးနောက် အုပ်စုမှာ အာဇာနည် ဗိဗ္မာန်သို့ ရောက်ရှိလာသည်။ ရန်ကွမ်းရှ၏ စီစဉ်ပေးမှုဖြင့် အရာအားလုံးက အဆင်ချောနေလျက် ရှိပြီး ထိုနေရာသို့ မည်သည့် တားဆီးပိတ်ပင်ခံရခြင်းမျှ မရှိပါဘဲ ရောက်ရှိသွားခဲ့သည်။

ပြာများကို မြုပ်နှံပြီးနောက် လူတိုင်းက ရှေ့သို့ တက်လာကြပြီး ဦးညွှတ်ကာ အရိုအသေပေးလိုက်ကြသည်။

ကျီချင်းရန်နှင့် လျန်ရူရွှယ်တို့ကြားထဲတွင်လည်း မည်သည့် အာဃာတ အမုန်းတရားတို့ကမျှ ရှိနေပုံ မရတော့ချေ။ ချင်ရင်ယွဲ့ ပြောခဲ့သည့်အတိုင်း သူက သေသွားခဲ့ပြီလေ။ ဒီတော့ ဘာလို့များ အမုန်းပွားနေဦးမှာလဲ။

အနောက်တွင် ရပ်နေသည့် လင်းကျင်ကျန့်ကတော့ လူများ အရိုအသေပေးနေသည့် မြင်ကွင်းကို ကြည့်ပြီး မှတ်ချက် မပေးဘဲ မနေနိုင်ချေ။

ဒီသူတောင်းစားလေးက နာမည်တော့ တော်တော်ကြီးသားပဲ …

နှစ်နာရီကျော်ကြာပြီးသည့်နောက် လုပ်ငန်းစဉ်များအားလုံး ပြီးဆုံးသွားခဲ့သည်။

ဒါဇင်ချီသည့် လူများက ဝမ်းနည်းနေသည့် မျက်နှာအမူအရာတို့ဖြင့် ပြန်လည်ထွက်ခွာသွားခဲ့ကြ၏။

သုဿန်ရှိ လေထုက မှိုင်းပျပျနှင့် အေးစက်စက် ရှိနေသည်။ နေရောင်ချည်က အပြင်ဘက်တွင် တောက်ပစွာ ထွန်းလင်းနေလျက် ရှိသော်လည်း လေထု အခြေမှာ ခြွင်းချက်ဖြစ်စွာဖြင့် မွန်းကြပ်ဖွယ် ကောင်းနေတော့သည်။

လူတိုင်း ထွက်ခွာသွားခဲ့ပြီးနောက် ပုံရိပ်တစ်ခုက လင်းရီ၏ အုတ်ဂူရှေ့သို့ ထွက်ပေါ်လာခဲသည်။

နာရီဝက်ခန့်ကြာပြီးသည့်နောက် ဝမ်ရင်းသည် အနက်ရောင် ဝတ်စုံဖြင့် တိတ်ဆိတ်စွာ ပြန်လည်ရောက်ရှိလာခဲ့၏။

သူမရဲ့ အထောက်အထားကို သူမ ကောင်းစွာ သိသည်။ သူမက လင်းရီ၏ ချစ်သူဖြစ်၏။

ဤအချင်းအရာကို လူသိရှင်ကြား ကြေညာရန်က မဖြစ်နိုင်ချေ။ ထို့ကြောင့် သူမ တိတ်တိတ်လေး လာဖို့သာ တတ်နိုင်ခဲ့သည်။

“ ကောင်စုတ်လေး … နင် ဘာလို့ မပြောမဆိုနဲ့ ထွက်သွားခဲ့ရတာလဲ …”

ဝမ်ရင်းသည် လင်းရီ၏ အုတ်ဂူကို ထုနှက်လိုက်ပြီး မျက်ရည်တို့က သူမ၏ မျက်နှာထက်သို့ တသွင်သွင် စီးဆင်းလာခဲ့သည်။

“ နင် ထွက်သွားရင် ငါက ဘယ်လိုဆက်ပြီး အသက်ရှင်ရမှာလဲ ….”

လူတိုင်းအဖို့ .. မွေးဖွားခြင်း ၊ အိုမင်းခြင်း ၊ ဖျားနာခြင်းနှင့် သေဆုံးခြင်းတို့က ရှောင်လွှဲလို့ မရသည့် သဘာဝတရားကြီးပင်။

သို့သော် လင်းရီ၏ ထွက်ခွာသွားမှုက ရုတ်တရက် ဆန်လွန်းလှပြီး အသံတစ်သံလေးပင် ပေးမသွားခဲ့ချေ။

သူမ၏ စိတ်မှာ လုံးဝကို မပြင်ဆင်ထားရသေးဘဲ ဤ အသိမပေးဘဲ ရောက်လာခဲ့သည့် သတင်းက လူတိုင်းကို သတိလက်လွတ် ဖြစ်သွားစေခဲ့သည်။

အချိန်အတော်ကြာသည်ထိတိုင်အောင် ငိုကြွေးနေရင်း …

ဝမ်ရင်းသည် လင်းရီ၏ အုတ်ဂူရှေ့က ထွက်မသွားချင်သေးပေ။ သုဿန်က ပိတ်တော့မည့် အချိန်မှသာ သူမ ပြန်ထွက်လာခဲ့သည်။

………..

ရန်ကျင်း ၊ ရွှေကော်ထန်ချွမ် ။

လင်းရီနှင့် စုန့်ကျင်းမင်တို့နှစ်ယောက် တစ်နေ့ခင်းလုံး ဘယ်မှမသွားကြချေ။

သီးသန့်ခန်းထဲ၌သာ အချိန်ကုန်ဆုံးနေခဲ့ကြပြီး ဗိုက်ဆာလာသည့် အချိန်၌ အစားအသောက်မှာစားလိုက်၏။ သူတို့ကိုယ်သူတို့ အကောင်းဆုံး ဇိမ်ခံနေခဲ့ကြပြီး နတ်ပြည်ရောက်နေသည့်နှယ် ခံစားနေခဲ့ကြရသည်။

နောက်ဆုံးဆက်ရှင်ပြီးသွားတော့ စုန့်ကျင်းမင် နာရီကို တစ်ချက်ကြည့်လိုက်ရာ ည ဆယ်နာရီ ကျော်နေပြီ ဖြစ်ကြောင်း သတိထားမိလိုက်၏။

“ အချိန်ကျပြီ … အလုပ်စကြစို့ …”

စု့န်ကျင်းမင် ဖန်ခွက်မြောက်၍ လင်းရီနှင့်အတူ သောက်လိုက်ပြီး ပုလင်းထဲရှိ ဘီယာလက်ကျန်ကို ဖြတ်လိုက်ကြ၏။ အညောင်းအညာများ ဆန့်ရင်း သူတို့ ရေချိုးစင်တာထဲက ထွက်လာခဲ့ကြပြီး ကားထဲသို့ ဝင်ကာ ဝမ်မိသားစု နေထိုင်သည့် နေရဦသို့ ဦးတည်လာခဲ့ကြသည်။

တစ်ချိန်တည်းတွင် ဝမ်မိသားစု ဗီလာအတွင်း၌ စာကြည့်ခန်းထဲရှိ မီးအလင်းရောင်တို့က ယခုထိတိုင် လင်းနေမြဲပင်။

ဝမ်မြန်က အနားယူရန်အတွက် ထွက်သွားခဲ့လေပြီ။ ချိန်ချူဖုန်းနှင့် ဝမ်ထင်ရှန်းတို့သာလျှင် စာကြည့်ခန်းထဲ၌ ရှိနေခဲ့ကြ၏။

“ ကြည့်ရတာ လင်းကျင်ကျန့်တော့ တကယ်ကြီး အဆုံးသတ်သွားတဲ့ပုံပဲ … သူ တကယ်ကြီး ဒီတိုင်းလေးပဲ ပြန်ထွက်သွားခဲ့တာပဲ …”

ချိန်ချူဖုန်း သက်ပြင်းချလိုက်သည်။

“ ကျုပ် ထင်တာတော့ လုပေချိန်က သူ့ကို ပေးဝင်လိုက်တာပဲ ဖြစ်မယ် …” ဝင်ထင်ရှန်း ပြောလိုက်ပြီး “ သူ့ အဆင့်အတန်းကို သုံးပြီး ဟွာရှထဲ တိတ်တိတ်လေး ခေါ်သွင်းလာတာနေမှာ … ဟွာရှထဲမှာ အချိန်အကြာကြီး နေဖို့က ဘယ်လိုမှ မဖြစ်နိုင်ဘူး …”

“ လင်းကျင်ကျန့်က တကယ် အရွယ်ရလာပြီပဲ …” ချိန်ချူဖုန်းသည် သက်ပြင်းနောက်တစ်ကြိမ် ပြန်ချရင်း ပြောလိုက်ပြီး “ လင်းကျင်ကျန့်ရဲ့ မောက်မာတဲ့ စရိုက် ၊ တဇောက်ကန်း စိတ်နဲ့ … အရင် လင်းကျင်ကျန့်သာဆိုရင် လုပေချိန် ပြောလာခဲ့ရင်တောင် ဒီလိုမျိုး ကိစ္စကြီးကြီးမားမား ဖြစ်ပြီးမှတော့ ဒီအတိုင်းလေးပဲ ထွက်သွားခဲ့မှာ မဟုတ်ဘူး …”

“ ကျုပ်လည်း အဲ့လို တွေးနေတာ … အစတုန်းက ပြင်ဆင်မှုလေး နည်းနည်းလောက် လုပ်ထားပြီး သူ့ကို လက်တုံ့ပြန်မလို့ဆို အခုကျတော့ ဒီတိုင်းလေးပဲ လာပြီး ပြန်ထွက်သွားတယ်…” ဝမ်ထင်ရှန်းသည် စီးကရက် တစ်လိပ်အား မီးညှိ၍ သူ့ကြည့်ရသည်မှာ အနည်းငယ် စိတ်ခံစားချက်တို့ ပြင်းထန်နေပုံ ပေါ်သည်။

“ ကံကြမ္မာလှည်းဘီးက မပြတ်လည်နေတာပဲ … သူ အရင်တုန်းက ဆိုးခဲ့ ၊ မိုက်ခဲ့ ၊ မောက်မာခဲ့တယ်ဆိုပေမယ့် အခုကျတော့ သူရဲဘောကြောင်သွားခဲ့ပြီ … သူ့သား တစ်ယောက်လုံး သေသွားခဲ့တာတောင် ဒီလိုပဲ ထွက်သွားခဲ့တယ်ဆိုတော့ သူက အရင် လင်းကျင်ကျန့်လို မဟုတ်တော့ဘူး .. ကြည့်ရတာ ကျုပ်တို့တွေ အကြောင်းမဲ့ စိုးရိမ်နေခဲ့မိတယ်တူတယ်…”

“ သေချာ ပြန်သုံးသပ်ကြည့်တော့မှ ငါတို့တွေ သူ့ကို ရှိန်နေတယ်ဆိုတာ တစ်ချိန်က သူ့ရဲ့ အရှိန်အဝါတွေကြောင့်ပဲ .. အခုတော့ သူလည်း အရင်ကလောက် ဖြုံစရာ ဘယ်ကောင်းတော့မှာ …”

“ အဲ့တာက လက်တွေ့ အမှန်တရားပဲ မဟုတ်လို့လား … ကိုင်းဗျာ အကြီးအကဲချိန် … နောက်တောင် ကျနေပြီ … အနားယူကြတာပေါ့ …” ဝမ်ထင်ရှန်း သူ့ခုံကနေ ထရပ်လိုက်၏။

“ လင်းကျင်ကျန့် မရှိတော့ဘူးဆိုတော့ သူ့အကြောင်းတွေးပြီး ကျုပ်တို့ရဲ့ ခွန်အားတွေကို ဖြုန်းတီးနေစရာ အကြောင်း မရှိတော့ဘူး …”

“ အင်း … နားတာပေါ့ ….”

ဝမ်ထင်ရှန်းသည် အနားသို့ ရောက်လာခဲ့ပြီး ချိန်ချူဖုန်းကို မတ်တပ်ရပ်နိုင်ရန် ကူညီပေး၍ ဘေးရှိ အခန်းထဲသို့ ခေါ်သွားပေးသည်။

ဒုတိယထပ် ကော်ရစ်ဒါရှိ မီးများက မှိတ်ထား၏။ ဝမ်ထင်ရှန်း မီးဖွင့်တော့မည့် အချိန်မှာပဲ အပေါ်လှေကားထပ်က ခြေသံများကို ကြားလိုက်ရလေသည်။

ဤသည်က သူတို့ နှစ်ယောက်၏ အနည်းငယ် နားဝေတိမ်တောင် ဖြစ်သွားစေခဲ့၏။

အိမ်တစ်ခုလုံးမှာ သူတို့ သုံးယောက်ပဲ ရှိတာလေ … သူ့သားကလည်း အနားယူနေပြီ … ဆိုတော့ ဒီခြေလှမ်းသံကနေ ဘယ်ကနေ ရောက်လာခဲ့တာ ….

ဘယ်ကောင် ဝမ်မိသားစုရဲ့ ပိုင်နက်ထဲကို ကျူးကျော်လာဝံ့တာလဲ …

မကြာမီ သူတို့တွေ လှေကားထစ်များ ထိပ်၌ အနက်ရောင် လူရိပ်တစ်ခုကို မြင်တွေ့လိုက်ရသည်။

လရောင်အောက်တွင် သူတို့ မျက်နှာတစ်ခုကို မြင်တွေ့လိုက်ရ၏။

ယင်းက လင်းရီ၏ မျက်နှာပင်။

All Chapters