← Chapters

ထောင်ချောက်ထဲသို့ ခုန်ဆင်းခြင်း

Vol. 123 Ch. 1839

ထောင်ချောက်ထဲသို့ ခုန်ဆင်းခြင်း

Vol. 123 Ch. 1839

“ အားးးး……”

“ သရဲ …”

ချိုးယွီလော့နှင့် နင်ချဲ့တို့ သံပြိုင် အော်ဟစ်မိသွားခဲ့ကြ၏။ သူမတို့မှာ အင်မတန် ကြောက်ရွံ့လွန်း၍ လျိုဟုန်နောက်သို့ ပြေးပုန်းကြလေသည်။

သတ္တိကောင်းသည့် လျိုဟုန်မှာလည်း အားကိုးချင်စရာ သူ၏ ကိုယ်လုံးကြီးဖြင့် ကတုန်ကယင် ဖြစ်နေလျက် ရှိသည်။ သုံးယောက်လုံး ခက်ခက်ခဲခဲ တံတွေးမျိုချမိလိုက်ကြ၏။

သူတို့ မျက်နှာထက်ရှိ အမူအရာမှာ ကြောက်ရွံ့မှုရော ၊ နားမလည်နိုင်မှုတို့ရောပါ ရောပြွမ်းနေလျက် ရှိသည်။

“ မင်း .. မင်း ဘယ်သူလဲ …” လျိုဟုန် မဝံ့မရဲလေး လှမ်းမေးသည်။

လင်းရီကို မီးသင်္ဂြိုဟ်ပြီးသည်မှာ သူတို့အားလုံး အမြင်ပင်။ သို့သော် ယခု ထိုကောင်က သူတို့ရှေ့တွင် ပေါ်လာပြီး အုတ်တံတိုင်းကိုလည်း ကျော်ဖို့ လုပ်နေသေး၏။

သူတို့ ဘယ်လို နားလည်ပေးရတော့မည်နည်း။

“ မင်းမှာ ဘာအညှိုးအတေးတွေ ရှိသေးလို့လဲ …” လျိုဟုန် မေးမြန်းလိုက်သည်။

“ ငါတို့ အမိန့်ပြန်တမ်းလည်း ထုတ်ပြီးပြီလေကွာ … ဒီနေရာက မင်းနဲ့ မဆိုင်တော့ဘူး … သွားတော့ … မင်း တခြား လက်စားချေချင်တာတွေ ရှိရင်လည်း ပြောခဲ့ … ငါတို့ လုပ်ပေးမယ်… ခေါင်းမာပြီး မထွက်သွားဘဲ မနေနဲ့ … နောင်ကျရင် စက္ကူမိန်းမရုပ်တွေ ဝယ်ပြီး မင်းအတွက် မီးလည်း ရှို့ပေးပါ့မယ်… မြန်မြန်သာ သွားပါတော့ ….”

လင်းရီ “ …..”

သေစမ်း … ခင်များက ကျုံးဝေ့တပ်ဖွဲ့ တိုက်ခိုက်ရေး အသင်းခေါင်းဆောင်ကြီးလေ… ဒီလောက်တောင် အယူသည်းပြီး ကြောက်နေရလားဟ …

“ စိတ်အေးအေးထားပါ ..” လင်းရီ သူ၏ လက်ကို ဖွင့်ပြလိုက်ပြီး “ ငါ မသေဘူး … အောက်ငုံ့ကြည့်လိုက် … အရိပ်ရှိနေတယ် တွေ့လား …”

ချိုးယွီလော့နှင့် နင်ချဲ့တို့မှာ မျက်နှာဖြူလျော်သည်အထိ ထိတ်လန့် တုန်လှုပ်နေလျက် ရှိပြီး “ ငါတို့ နင့်ကို မီးသင်္ဂြုဟ်ရုံအထိ လိုက်ပို့ပေးခဲ့တာလေ… နင့် ပြာကိုတောင် ယူလာခဲ့သေးတယ်… နင် မသေသေးဘူးဆိုတာ ဘယ်လို ဖြစ်နိုင်မှာလဲ … လင်းရီ … နင့်ကိုယ်နင် မသေဘူး ထင်နေတာလား … နင် တကယ်သေသွားပြီးပြီးနော်…”

“ အဲ့တာက အကြီးအကဲ လု စီစဉ်ထားတဲ့ အယောင်ဆောင် သင်္ဂြိုဟ်ပွဲကြီး … ဘာလို့ဆို ငါ့မှာ တခြား လုပ်စရာ ကိစ္စတွေ ရှိလို့ ငါ့ရဲ့ အထောက်အထားကို ဖော်ထုတ်လို့မရဘူး …”

ပြောပြီးနောက် လင်းရီသည် သူ့ခြေထောက်အောက်သို့ ညွှန်ပြလိုက်သည်။

“ ဒီမှာ အရိပ် တွေ့လား … လူသေဆို အရိပ်ရှိမှာလား … ပြီးတော့ ဒီလောက် နေ့ခင်းကြောင်တောင်ကြီးကို ဘယ်က လာခြောက်နိုင်မှာ …”

သုံးယောက်လုံး ပြိုင်တူ လှမ်းကြည့်ကြပြီး လင်းရီ၏ ခြေထောက်အောက်တွင် အမှန်တကယ် အရိပ်တစ်ခု ရှိနေသည်ကို မြင်တွေ့သွားခဲ့ကြသည်။

သူတို့၏ အထိတ်ထိတ်အလန့်လန့် ဖြစ်နေသည့် အမူအရာတို့မှာ အနည်းငယ် စိုပြေလာသည်။

“ ဒါပေမယ့် ဆေးရုံက နင့်ကို သေပြီလို့ ပြောခဲ့တယ် မဟုတ်ဘူးလား .. အဲ့အပိုင်းမှာတော့ ဘာအမှားမှ မရှိနိုင်ဘူးမလား …” နင်ချဲ့ ပြောလိုက်၏။

“ အဲ့အချိန်တုန်းက ငါ အသက်ရှူနေတုန်းပဲ .. စက်တွေက အဲ့တာကို မဖမ်းမိတာ ဖြစ်မယ်…” လင်းရီ ပြန်ပြောလိုက်သည်။

“ ပြီးတော့ … ငါတို့ အကုန်လုံးက တန်းထျန်ထဲက အတွင်းအား ထုတ်နိုင်တဲ့ လူတွေချည်းပဲလေ… ငါတို့ရဲ့ ခန္ဓာကိုယ် အခြေအနေက တခြားသူတွေထက် ပိုကောင်းတယ်… ဒီတော့ ဖြည်းဖြည်းချင်း ပြန်သက်သာလာတာပဲ …”

ဘယ်လို ရှင်းပြရမလဲ လင်းရီ မသေချာပေ။ ထို့ကြောင့် ဤအချက်ကိုသာ အကြောင်းပြချက် ပေးလိုက်တော့၏။

ထိုအခါမှပဲ သုံးယောက်သားလုံး၏ စိတ်အခြေအနေမှာ ဖြည်းဖြည်းချင်း ပြန်လည် ကောင်းမွန်လာလေတော့သည်။

အနည်းဆုံးတော့ ချိုးယွီလော့နှင့် နင်ချဲ့တို့က မကြောက်ကြတော့ချေ။

နင်ချဲ့မှာ သူမ၏ ရှိစုမဲ့စု သတ္တိလေးများအား ကုပ်ခြစ်ရင်း လင်းရီအနားသို့ တိုးလာကာ သူ့အား လက်ညိုးနှင့် တို့ကြည့်၏။ မည်သည့် ထူးဆန်းတာမျှ ဖြစ်မသွားခဲ့ချေ။

ထိုအခါမှပဲ လင်းရီ အဆင်ပြေနေသည်ကို ယုံကြည်သွားခဲ့တော့၏။ သူကား အမှန်တကယ် အသက်ပြန်ရှင်လာခဲ့ခြင်းပင်။

“ ခေါင်းဆောင် … သူ မသေဘူး … သူက တကယ့်ကို သာမန်လူပဲ … တစေ မဟုတ်ဘူး …”

လင်းရီ “ …. “

ဒါ ဘယ်လို နာမဝိသေသလဲကွ ဟမ် …

သို့သော် သူမ ပြောရင်းဖြင့် နင်ချဲ့မှာ စတင် ငိုကြွေးလာသည်။

သူမ လင်းရီကို လက်သီးဖြင့် ထုပြီး ခြေထောက်တွေနဲ့ ကန်သည်။

“ နင်ငါ့ကို လန့်သေအောင် လုပ်လိုက်တာပဲ သိလား … နင် ပြန်ကောင်းလာတယ်ဆိုလည်း ပွင့်ပွင့်လင်းလင်းပြောလေ…”

လင်းရီ အနည်းငယ် စိတ်မကောင်း ဖြစ်မိသွားခဲ့သည်။ နှစ်ယောက်မှာ သွေးသားပတ်သက်မှု အနည်းငယ်မျှသာ ရှိခဲ့ဖူးသော်လည်း သူမ၏ ယခုလို ငိုကြွေးနေသည့် ပုံစံလေးက သူ့ကို တကယ် ထိရှသွားခဲ့စေသည်။

ဘေးရှိ ချိုးယွီလော့မှာတော့ မျက်ရည်များအား တိတ်တဆိတ် သုတ်နေလျက် ရှိသည်။ နင်ချဲ့ကဲ့သို့ မဖော်ပြနေသော်လည်းပဲ သူမ၏ စိတ်လှုပ်ရှားမှုများသည်လည်း ဖော်ပြ၍ မရနိုင်လောက်အောင်ပင်။ မျက်ရည်များက လက်ရှိ သူမ၏ စိတ်ခံစားချက်များကို အကောင်းဆုံး သက်သေပြနိုင်သည့် နည်းလမ်းဖြစ်၏။

လျိုဟုန်၏ မျက်ဝန်းတို့ပင် အနည်းငယ် နီရဲနေခဲ့သည်။

“ မင်း အသက်ရှင်နေတာ ကောင်းတယ်…” လျိုဟုန် ရှေ့သို့ စိတ်လှုပ်ရှားတကြီးဖြင့် တက်လာခဲ့ပြီး လင်းရီ၏ ပခုံးကို ပုတ်လိုက်သည်။ သူ၏ မျက်နှာထက်တွင် ဒဏ်ရာတစ်ချို့ ရှိနေသေးသော်လည်းပဲ ပြဿနာ ကြီးကြီးမားမား မဟုတ်ချေ။

အဓိကက လင်းရီ အသက်ရှင်လျက် ရှိနေသေးပြီး သူတို့ ရှေ့တွင် အဆင်ပြေပြေ ရှိနေသည်။

“ မင်းက ရန်ကျင်းမှာ တစ်ချိန်လုံး ရှိနေတဲ့ ကောင်ပဲ … ဘာ သတင်းတွေ ထူးသေးလဲ …”

“ ကျုံးဝေ့တပ်ဖွဲ့ထဲက သစ္စာဖောက်နဲ့ အမှောင်ထဲက ပစ်သွားတဲ့လူကို တွေ့ပြီ … ကျုပ် ဒီလာခဲ့တာ သူတို့ကို စစ်ဆေးမေးမြန်းဖို့ပဲ …”

“ ဟင် …”

လင်းရီ၏ စကားလုံးများက သူတို့သုံးယောက်ကို ရှော့ခ်ရသွားစေခဲ့သည်။ တစ်ဖက်လူကို ဤမျှ လျင်လျင်မြန်မြန် ရှာတွေ့သွားလိမ့်မည်လို့ သူတို့ မျှော်လင့်မထားခဲ့ပါချေ။

“ ဘယ်သူလဲ …” လျိုဟုန် လေးနက်တည်ကြည်စွာ မေးမြန်းလိုက်သည်။

ကျုံးဝေ့တပ်ဖွဲ့ တိုက်ခိုက်ရေး အသင်း ခေါင်းဆောင် တစ်ယောက်အနေဖြင့် သူသည် ဤကိစ္စကို ထင်ထားသည်ထက်ပင် ပို၍ လေးလေးနက်နက်ထားသည်။

“ ချိန်ကွမ်းကျဲ့နဲ့ ချောင်ကျားတု …”

“ သူတို့နှစ်ယောက်လုံးလား …”

သုံးယောက်လုံး မတူကွဲပြားသည့် မျက်နှာ အမူအရာများဖြင့် အံ့အားသင့်သွားခဲ့ကြ၏။

အကယ်၍ လင်းရီသာ မပြောဘူးဆိုပါက သူတို့နှစ်ယောက်ကို ဆက်စပ်မိမှာတောင် မဟုတ်ချေ။

“ တကယ်လို့ ဒီ နောက်ကွယ်မှာ ချိန်ကွမ်းကျဲ့ ရှိနေတယ် ဆိုရင် ဒီကိစ္စက ဝမ်မိသားစုနဲ့ ဆက်စပ်နေဖို့များတယ်…”

လျိုဟုန်သည် ရန်ကျင်းရှိ ကွန်ယက်များ၏ ရှုပ်ထွေးမှုကို နားလည်လေသည်။

ချိန်ကွမ်းကျဲ့က ဝမ်မိသားစုနှင့် နီးကပ်သည့် ဆက်ဆံရေး ရှိထားသဖြင့် ဝမ်ထင်ရှန်းမှတပါး မည်သူကမျှ သူ့ကို အမိန့်ပေးနိုင်မှာ မဟုတ်ချေ။

“ တော်တယ်… ခင်များ မှန်းသွားတာ လုံးဝ ကွက်တိပဲ …”

လျိုဟုန်၏ အမူအရာမှာ အနည်းငယ် ရှုပ်ထွေးသွားခဲ့ပြီး သူ ခဏလောက် အတွေးနက်သွားလျက် ဆက်ပြော၏။

“ တကယ်လို့ ဒီကိစ္စက ဝမ်မိသားစုနဲ့ ဆက်နွယ်နေတယ်ဆိုရင် … ဒါပေမယ့် ဝမ်ထင်ရှန်းက . . . . “ စကား တစ်ဝက်တစ်ပျက်တွင် လျိုဟုန် ခေါင်းမော့ပြီး လင်းရီကို ကြည့်လိုက်မိသည်။ သူ ဆိုလိုသည်က ရှင်း၏။

သို့သော် လင်းရီက ပြုံးရုံမျှသာ ပြုံးလိုက်ပြီး ဘာမှ မရှင်းပြခဲ့ပေ။

နှုတ်ကနေပြီး ထုတ်ပြောရန်မလိုအပ်သည့် ကိစ္စတစ်ချို့ ရှိ၏။ အရိပ်ပြလိုက်သည်နှင့် လူတိုင်း နားလည်နိုင်လေသည်။

လျိုဟုန်၏ နှလုံးခုန်နှုန်းမှာ မြန်ဆန်သွားခဲ့ပြီး ဘယ်အချိန်ကမှန်း မသိ ထွက်လာသည့် နဖူးထက်ရှိ ချွေးအေးများကို သုတ်လိုက်သည်။

သူ ဝမ်မိသားစု၏ အဆင့်အတန်းကို မသိဘဲ ဘယ်နေပါမည်နည်း။ အကယ်၍ လင်းရီသာ ဤကိစ္စကို တိတ်တဆိတ် လုပ်ဆောင်ခဲ့သူ မှန်ပါက စစ်ပွဲဖန်တီးလိုက်သည်နှင့် ခြားလိမ့်မည် မဟုတ်ချေ။

သူ တကယ်ကြီး ဝမ်ထင်ရှန်းကို သတ်ခဲ့လေသည်။ ထိုကဲ့သို့ ကိစ္စမျိုးကို လျိုဟုန် အိပ်မက်ထဲပင် ထည့်မမက်ခဲ့ဖူးချေ။

“ သွားကြမယ် ဘော့စ်လျို … ဒီနေရာက စကားပြောလို့ ကောင်းတဲ့ နေရာမဟုတ်ဘူး .. အရင် အထဲ ဝင်ကြတာပေါ့ …” နင်ချဲ့ ပြောလိုက်၏။

“ ငါ ရှေ့ပေါက်ကနေ ဝင်လို့မရဘူး … ဖုန်းထဲကပဲ ဆက်သွယ်ကြတာပေါ့ …”

“ မင်းမှာ ဖုန်းရော ရှိသေးလို့လား …”

“ အင်း … ခု အသစ်လုပ်ထားတယ်…”

“ အဲ့လိုဆို ကောင်းတယ်…”

စကား အနည်းငယ် ပြောပြီးနောက် လေးယောက်မှာ လူစုခွဲလိုက်ကြပြီး ကျုံးဝေ့တပ်ဖွဲ့ အခြေစိုက်စခန်းအတွင်းသို့ ဝင်ရောက်လိုက်ကြသည်။

မိနစ် နှစ်ဆယ်ခန့် ကြာပြီးနောက် SUV တစ်စင်းက အခြေစိုက် စခန်းဝင်ပေါက်ဝသို့ ထိုးရပ်လာခဲ့၏။

ချိန်ကွမ်းကျဲ့နှင့် ချောင်ကျားတုတို့ ကားထဲက ထွက်လာကြသည်။

နှစ်ယောက်လုံးက မနက်ခင်းတွင် ဝမ်ထင်ရှန်း၏ အောက်မေ့တမ်းတခြင်း အခမ်းအနားကို တက်ရောက်နေခဲ့ကြခြင်းပင်။ ကျုံးဝေ့တပ်ဖွဲ့က အမိန့်ကို လက်ခံပြီးနောက် နှစ်ယောက်မှာ အတူ ရောက်လာခဲ့ကြလေသည်။ မည်သူကမျှ လုပေချိန်၏ ဆင့်ခေါ်မှုကို ပေါ့တန်တန် သဘောမထားဝံ့ချေ။

ဝမ်ထင်ရှန်း၊ ချိန်ချူဖုန်းနှင့် ဝမ်မြန်တို့ သေဆုံးသွားခဲ့သည့် ကိစ္စရပ်ကို တွေးတော ဆင်ခြင်နေရင်းဖြင့် သူတို့၏ မျက်နှာ အမူအရာတို့မှာ လေးနက်တည်ကြည်နေသည်။

“ မတော်တဆ ဖြစ်သွားတာကြောင့်လို့ မင်းထင်လား …” ချောင်ကျားတု မေးမြန်းလိုက်သည်။

“ လုံးဝပဲ …” ချိန်ကွမ်းကျဲ့ တုံ့ပြန်လိုက်ပြီး “ သူတို့ အကုန်လုံးမှာ ဒရိုင်ဘာတွေ ရှိတယ်… ဘာလို့ ကိုယ်တိုင် မောင်းမှာ … ပြီးတော့ အစ်ကိုဝမ်က အဲ့လို ပစ္စည်းမျိုးတွေ မကိုင်ဘူး … ဒီတော့ ထင်ယောင်ထင်မှား ဖြစ်တယ်ဆိုတာတွေ ကျောက်လိုက်တော့ … ဒါက လူသတ်မှုဆိုတာ အသိသာကြီးပဲ …”

စက္ကန့်အနည်းငယ်ကြာအောင် တိတ်ဆိတ်သွားခဲ့ပြီးနောက် ချောင်ကျားတု ဖြည်းညင်းစွာ ဆိုလိုက်သည်။ “ လင်းကျင်ကျန့် လုပ်သွားခဲ့တာများလား ….”

“ သူကလွဲပြီး တခြားလူရော ရှိနိုင်သေးလို့လား ….”

ချိန်ကွမ်းကျဲ့ သက်ပြင်းချလိုက်သည်။ “ ငါတို့ အားလုံး စီစဉ်ခဲ့ကြတယ်… ဒါပေမယ့် လင်းကျင်ကျန့်ကိုတော့ ထည့်မစဉ်းစားခဲ့မိကြဘူး … ငါ ထင်ခဲ့တာ သူ သေသွားတာ မဟုတ်ရင် အပြင်မှာ အခြေအနေ ဆိုးရွားနေမယ် ထင်နေခဲ့တာ .. ဒါပေမယ့် သူက အကောင်းအတိုင်း ရှိနေသေးပြီး ဒီခုလို အခြေအနေမျိုးထိ ရောက်လာမယ် မထင်ဘူး … ငါတို့ အတွက်မှားသွားခဲ့ကြတယ်…”

“ ငါတို့တွေ ပတ်သက်နေတာ ဖော်ထုတ်ခံလိုက်ရပြီလား မသိဘူး …” ချောင်ကျားတု အနည်းငယ် စိုးရီမ်သွားခဲ့၏။

“ မပူနဲ့ .. အဲ့လိုက လုံးဝ မဖြစ်နိုင်ဘူး …” ချိန်ကွမ်းကျဲ့ ယုံကြည်ချက် အပြည့်နှင့် ပြောလိုက်ပြီး “ သူတို့ ဒီလို လုပ်ခဲ့တာက လူသတ်သမား ဘယ်သူလဲ ဆိုတာ မသိလို့ … ဒါပေမယ့် ဝမ်မိသားစုက သံသယ ဝင်ချင်စရာ အကောင်းဆုံးပဲလေ… ဒါကြောင်မို့ သူတို့ဘက်က လှုပ်ရှားခဲ့တာ .. အခု ဘာသက်သေမှလည်း မရှိဘူး .. သံသယ ကိုလည်း ရှင်းပြီးပြီဆိုတော့ အသာလေး ငြိမ်နေရုံပဲ …”

ချောင်ကျားတု ခေါင်းညိမ့်လိုက်သည်။ ယခုမတိုင်ခင်ကတည်းက သူသည်လည်း သူတို့တွေ အပြစ်တင်ခံရဖို့ မဖြစ်နိုင်ဟု ယုံကြည်သည်။ မိမိတို့၏ ခြေလှမ်းတိုင်းကို ကောင်းစွာ ဖုံးကွယ်ထားခဲ့သဖြင့် ဖော်ထုတ်ခံရဖို့ဆိုသည်မှာ မဖြစ်နိုင်ချေ။ ယခု ချိန်ကွမ်းကျဲ့ထံကနေ ထပ်ဆောင်း အာမခံသည့် လေသံကို ကြားလိုက်ရသဖြင့် ချောင်ကျားတုမှာ ပို၍ စိတ်သက်သာ ရသွားခဲ့သည်။

“ ငါ သိတော့ သိချင်မိသား .. လုပေချိန် ငါတို့ကို ခေါ်လိုက်တာ ဘာကိစ္စ ရှိလို့လဲ မသိဘူးနော်….”

“ ဒီတိုင်း အစည်းအဝေးအတွက် နေမှာပေါ့ …” ချိန်ကွမ်းကျဲ့ ပြောလိုက်ပြီး “ ဒီလောက် ကိစ္စကြီး ဖြစ်သွားခဲ့မှတော့ ကျုံးဝေ့တပ်ဖွဲ့လည်း အတွင်းပိုင်း ပြန်ပြီး စစ်ဆေး သုံးသပ်တာတွေ လုပ်ဖို့ လိုပြီလေ… ဒါကြောင့်မို့ ကျုပ်တို့ကို ဆင့်ခေါ်လိုက်တာ ဖြစ်မယ်… လင်းရီရဲ့ ကိစ္စနဲ့ နောက်ဆက်တွဲ လက်စားချေမယ့် အစီအစဉ် ဘာညာပေါ့ … ပြီးတော့ အဲ့လို လုပ်ဖို့ကလည်း ကျုပ်တို့ ပူးပေါင်းဆောင်ရွက်ပေးတာ လိုတယ်လေ…”

All Chapters