မိမိကိုယ်ကို အဆုံးစီရင်ခြင်း
Vol. 123 Ch. 1832
“ ယုတ္တိအားလုံးကို လွန်ဆန်တယ် ….”
စနစ်၏ အသံကို ကြားတော့ လင်းရီ ရုတ်ချည်းဆိုသလို တောင်သူ အလုပ်အကိုင် အန္တိမ မစ်ရှင်ကနေ ရထားသည့် ဆုလဒ်တစ်ခုကို ပြန်အမှတ်ရသွားခဲ့သည်။
ဤ စိတ်ပျက်ဖွယ် အခြေအနေကနေ သူ ကယ်တင်ခံလိုက်ရချေပြီ။
ထိုစဉ်အချိန်တုန်းက သူသည် စနစ်ကို ထိုဆုလဒ်က ဘာကြီးလဲဟု မေးခဲ့ဖူး၏။ စနစ် ပြန်ဖြေခဲ့သည်မှာ သူ အန္တရာယ်ရှိသည့် အခါ၌ အလိုအလျောက် အသက်ဝင်လာခဲ့မည်ဆိုပင်။
ထင်မှတ်မထားစွာဖြင့် ယခုအချိန်၌ အသုံးဝင်လာခဲ့ပြီ ဖြစ်သည်။
အကယ်၍ ထိုဆုလဒ်ကြောင့်သာ မဟုတ်ပါက သူ တကယ်ကြီး မသာပေါ်ချေပြီ။
လင်းရီ သူ့ကံကြမ္မာသူ ညည်းညူနေခိုက်မှာပဲ ရုတ်ချည်းဆိုသလို သူ့ အသိစိတ်က ဖြည်းဖြည်းချင်း ဝေဝါးလာသည်ဟု ခံစားလိုက်ရပြီး အဖြူရောင် အလင်းတို့က သူ့တစ်ကိုယ်လုံးအနှံ့ ထိုးဖောက်ထွက်လာခဲ့ကာ အဖြူရောင် ပိုးကောင်အိမ် တစ်ခုနှယ် ဖြစ်လာခဲ့သည်။
တစ်ချိန်တည်းတွင် ဈာပနာခန်းမကြီးထဲ၌ နှုတ်ဆက်သည့် အခမ်းအနားက ပြီးဆုံးသွားခဲ့သည်။ နောက်ဆုံး ကျန်ရစ်သည်က ရုပ်အလောင်းကို မီးရှို့သင်္ဂြိုဟ်ဖို့ပင်။
လင်းရီနှင့် ကျိုးလျန်တို့ ရုပ်အလောင်းနှစ်ခုလုံးကို ကားအတွင်းသို့ တွန်းထည့်လိုက်၏။
ရှန်းရှုရီသည် ချင်ရင်ယွဲ့ကို ဖေးမပေးထားစဉ် လင်းကျင်ကျန့်က ကျောက်ချွမ်းဖူနှင့် ဝမ်ချွေ့ပင်းတို့ကို ကားထံသို့ ကြိုဆိုနေရာ ချပေးနေလေသည်။
“ အစ်ကိုကျောက် … မရီး … ကားထဲ အတူဝင်ကြပါ … ဒါက နောက်ဆုံးခရီးပဲ …”
“ ငါတို့ မလိုက်တော့ဘူး …”
ကျောက်ချွမ်းဖူသည် နာကျင်စွာဖြင့် လက်ဝှေ့ရမ်းလိုက်ရင်း “ သူ့ကို ဒီလောက် မြင်ရတာနဲ့ လုံလောက်ပြီ .. ဘယ်လိုပဲဖြစ်ဖြစ် လူက ပြန်ရှင်လာတော့မှာမှ မဟုတ်တာ …”
ဝမ်ချွေ့ပင်းလည်း ဘာမျှ မဆိုချေ။ သူမ စကားလည်း မပြောနိုင်သလို သွားလည်း မသွားဝံ့ခဲ့ချေ။
သူ့စိတ်သူ မနိုင်မှာကို စိုးရိမ်နေခဲ့၏။
လင်းကျင်ကျန့် သူတို့၏ ခံစားချက်များကို နားလည်သွားခဲ့သည်။ သူတို့နှစ်ယောက်လုံးက လင်းရီကို သားသမီးရင်းချာကဲ့သို့ ပြုစုပျိုးထောင်ပေးခဲ့ပြီး ယခုတော့ သူတို့သားက ထွက်သွားခဲ့ချေပြီ။ စိတ်ထဲ ဖြည်မဆည်နိုင် ဖြစ်နေသည်မှာ လုံးဝ ကျိန်းသေပေါက်ပင်။
“ ကိုယ်တို့ အတူသွားကြတာပေါ့ …” လင်းကျင်ကျန့်သည် ချင်ရင်ယွဲ့ကို ကြည့်ပြီး ပြောလိုက်၏။
“ ကျွန်မလည်း မသွားဘူး … ရှင်ပဲ ရှင့်သားကို ခေါ်သွားတော့ …” ချင်ရင်ယွဲ့ ပြောလိုက်သည်။ သူမ၏ မျက်ရည်တို့က ခမ်းခြောက်နေခဲ့ချေပြီ။ သူမ၏ အသားအရေသည်လည်း ဖြူလျော်နေခဲ့၏။
ထိုစကားကြားတော့ လင်းကျင်ကျန့် ဘာမျှ ထပ်မဆိုတော့ချေ။ ယခုအချိန်၌ တစ်စုံတစ်ယောက်ကတော့ လင်းရီကို နောက်ဆုံးအကြိမ် လိုက်ပို့ပေးဖို့ လိုအပ်လေသည်။
“ ငါ ဒီကားနဲ့ လိုက်ခဲ့မယ်…” လင်းကျင်ကျန့်သည် လျိုဟုန်ကို ကြည့်၍ ပြောလိုက်ပြီး “ မြန်မြန်လေး … ကျန်တာတွေကို စီစဉ်လိုက် .. ဒါနောက်ဆုံးကျန်တာပဲ ..”
“ ကောင်းပြီ …”
အောက်မေ့ဖွယ် ဈာပနာ အခမ်းအနားသို့ တက်ရောက်လာကြသည့် လူတိုင်းလည်း ကားကိုယ်စီသို့ စိတ်ဖိစီးနေသည့် အမူအရာတို့ဖြင့် ဝင်သွားခဲ့ကြပြီး ရုပ်အလောင်းနှစ်ခုကို မီးသင်္ဂြိုဟ်သည့် နေရာသို့ လိုက်ပို့ပေးရန် ဟန်ပြင်နေကြသည်။
ဒါဇင်ချီသည့် ကားများက တစ်စင်းပြီး တစ်စင်း ထွက်ခွာသွားခဲ့ကြပြီး ဈာပနာခမ်းမကြီးထဲရှိ လူအုပ်ကြီးသည်လည်း ဖြည်းဖြည်းချင်း နည်းပါး ပျောက်ကွယ်သွားခဲ့တော့လေသည်။
ချောင်ရှင်း ဘေးပတ်ဝန်းကျင်သို့ လိုက်လံရှာဖွေရင်း လီချူးဟန်ကို ရှာတွေ့ရန် ကြိုးစားနေခဲ့၏။ သို့သော် သူမကို ရှာမတွေ့နိုင်ခဲ့ချေ။
“ ဒီလို အရေးကြီးတဲ့ အချိန်ကျမှ အစ်မလီကလည်း ဘယ်သွားနေလဲ မသိပါဘူး …” ချောင်ရှင်း သူ့ကိုယ်သူ ရေရွတ်လိုက်ပြီး မြောင်ကော်ဖုန်းကို ကြည့်လိုက်သည်။
“ ဒါရိုက်တာမြောင် … ရှင် အစ်မလီ ဘယ်ကို ထွက်သွားလဲ မြင်မိလာ …”
“ အယ်… စောနတုန်းက ငါ့ဘေးနား ရှိနေတာ မဟုတ်ဘူးလား … အခု ဘယ်ထွက်သွားတာပါလိမ့်…” မြောင်ကော်ဖုန်းလည်း ဘေးဘီသို့ လိုက်ကြည့်ရင်း ပြောလိုက်သည်။
“ သူ့ကို ဖုန်းဆက်ပြီး ကားပါကင်မယ့် ဆုံမယ့်အကြောင်း အသိပေးလိုက် …”
“ အွန်း …”
ချောင်ရှင်း ဖုန်းခေါ်တော့မည့် အချိန်မှာပဲ သူမ ရုတ်ချည်းဆိုသလို တစ်စုံတစ်ဦး၏ ထိတ်လန့်တကြား အော်ဟစ်သံကို ကြားလိုက်ရသည်။
“ Jing A1A839 … ဘလက် အက်ကော့က ဘယ်သူ့ကားလဲ …”
“ ဘလက် အက်ကော့ဒ် … “ မြောင်ကော်ဖုန်း ဗလုံးဗထွေး ရေရွတ်လိုက်သည်။ ကားက မာရန်ပေါ်နားမှ ငှားထားသည့်အတွက် လိုင်စင်နံပါတ်ကို သေချာလေးတော့ မမှတ်မိချေ။ သို့သော် ကားအမျိုးအစားကတော့ သူ မောင်းလာခဲ့သည့် ကားအမျိုးအစားပင်။
“ ငါတို့ဟာထင်တယ်… ဘာဖြစ်လို့လဲ …” မြောင်ကော်ဖုန်း တုံ့ပြန်လိုက်၏။
“ ဒါဆို ခင်များသွားပြီး တစ်ချက်ကြည့်ကြည့်ဦး … အထဲမှာ အနက်ရောင်ဝတ်စုံနဲ့ အမျိုးသမီး တစ်ယောက် ပါးစပ်မှာ အမြုပ်တွေနဲ့ တစ်ခုခု ဖြစ်နေလား မသိဘူး …”
“ အနက်ရောင် ဝတ်စုံနဲ့ အမျိုးသမီး …”
နှစ်ယောက်လုံး အကြည့်ချင်း ဖလှယ်မိလိုက်ကြသည်။ လီချူးဟန်က ဒီကနေ့ အနက်ရောင် အဝတ်အစားများ ဝတ်လာခဲ့သည်ကို သူတို့တွေ အမှတ်ရလိုက်ကြသည်။
ချက်ချင်းဆိုသလို ချောင်ရှင်း ဒုန်းဆိုင်း ပြေးထွက်သွားခဲ့ပြီး မြောင်ကော်ဖုန်းလည်း နောက်က ကပ်လျက် လိုက်ပါလာခဲ့၏။
သူတို့တွေ လူမှားပါစေဟုသာ စိတ်ထဲ၌ ဆုတောင်းနေခဲ့မိကြ၏။ အကယ်၍ တကယ်ကြီး လီချူးဟန်သာ ဖြစ်ခဲ့မည်ဆိုပါက ပျက်ကိန်းဆိုက်တာပင်။
ချောင်ရှင်း ကားပါကင်သို့ သို့ရောက်တော့ တံခါးကို ချက်ချင်း ဆွဲဖွင့်လိုက်၏။ သူမ၏ ဦးခေါင်းတစ်ခုလုံး တဝီဝီ မြည်ဟည်းသွားခဲ့ပြီး မေ့မြောလုနီးပါး ဖြစ်သွားခဲ့၏။
လီချူးဟန်မှာ ထိုင်ခုံနောက်တွင် ပက်လက် လဲကျနေပြီး သူမ၏ မျက်နှာမှာ သေမတတ် ဖြူလျော်နေသည်။ ကြမ်းပြင်တွင် ဗလာကျင်းနေသည့် ဆေးဘူးခွံ နှစ်ခု ရှိပြီး ၎င်းတို့က …..
အိပ်ဆေးများပင်။
ဒါ သေကြောင်းကြံတာပဲ …
“ မြန်မြန် သူ့ကို ဆေးရုံ အမြန်ပို့ …”
မြောင်ကော်ဖုန်း ကျယ်လောင်စွာ အော်၍ ကားထဲသို့ ဝင်လိုက်၏။ သူ လီချူးဟန်ကို ခေါ်ပြီး ဆေးရုံသို့ အမြန်မောင်းလာသည်။
နောက်ခုံထဲတွင်တော့ ချောင်ရှင်းမှာ လီချူးဟန်ကို ပွေ့ဖက်ထားရင်း ရှိုက်တငင်ငင် ငိုကြွေးနေလျက် ရှိသည်။
“ အစ်မလီ …. အစ်မလီ …”
တစ်ကြိမ်ပြီး တစ်ကြိမ် ၊ သူမ လီချူးဟန်ရဲ့ နာမည်ကို မြည်တမ်းနေခဲ့သည်။
“ အစ်ကိုရီက မရှိတော့ဘူးဆိုရင်တောင် သူက အစ်မကို အသက်ရှင်လျက် နေစေချင်ဦးမှာပဲလေ… ဘာလို့ ဒီလိုမျိုးတွေ မိုက်မဲရတာလဲ ……”
ချောင်ရှင်းမှာ မေ့မြောလုနီးပါး ငိုကြွေးနေခဲ့မိသည်။
လင်းရီနှင့် လီချူးဟန်က သူမ၏ ဘဝထဲတွင် သူမ၏ မိဘများနှင့်မခြား အရေးပါဆုံးသော လူများ ဖြစ်ကြ၏။ ယခု သူတို့ နှစ်ယောက်လုံးက တစ်ယောက်ပြီး တစ်ယောက် ထွက်သွားနေကြချေပြီ။ ယင်း ဖိစီးမှုကို သူမ တောင့်မခံနိုင်ချေ။
လင်းရီ မရှိတော့သည့် နောက်ပိုင်းတွင် မည်သူကမျှ လီချူးဟန်၏ နာကျင်မှုဝေဒနာများကို နားလည်ပေးနိုင်မှာ မဟုတ်ချေ။ လင်းရီက သူမ၏ မျှော်လင့်ချက်ဖြစ်၏။ လင်းရီက သူမ၏ အိပ်မက် ဖြစ်၏။
သူမအဖို့ .. ချောင်ရှင်း၏ စကားကို ပြန်ဖြေရမည်ဆိုပါက လင်းရီ မရှိသည့် လောကကြီး၌ အဘယ်ကြောင့် တစ်ယောက်တည်း အထီးကျန်နေရဦးမည်နည်း။
ဈာပနာကားထဲတွင် ဒရိုင်ဘာအပါအဝင် လင်းကျင်ကျန့် တစ်ဦးတည်းသာ ရှိသည်။
မိဘ လေးယောက်ထဲတွင် အစမှ အဆုံးထိတိုင်အောင် သူက အတည်ငြိမ်ဆုံး ဖြစ်ပြီး ဖြစ်စဉ်တစ်ရပ်လုံး၌ မျက်ရည်တစ်စက် ကျခဲ့ခြင်း မရှိချေ။
ဤသည်က သူ့ကြမ္မာ ဖြစ်ကောင်းဖြစ်နိုင်သည်။ လင်းရီရဲ့ နောက်ဆုံးခရီးကို သူ့ရဲ့ အဖေအရင်းကပဲ ပို့ပေးခဲ့ရတာ ဖြစ်၏။
အဲ့တာက လုပ်ပေးသင့်တဲ့ ကိစ္စ ဆိုပေမယ်ပေါ့။
အဖြူရောင်ပိတ်စကို လှပ်ရင်း လင်းကျင်ကျန့်သည် လင်းရီ၏ ရုပ်အလောင်းကို ကြည့်၍ သူ့ကိုယ်သူ ပြောလိုက်၏။
“ ငါ စဉ်းစားမိတယ်… တကယ်လို့ မင်းသာ မင်းရဲ့ ရဲဘော်ရဲဘက် ဒါမှမဟုတ် ဘက်စ်ဆယ်ကီလိုကိုသာ ဂရုမစိုက်ခဲ့ဘူးဆိုရင် ဝိုင်းရံခံထားရတဲ့ အခြေအနေကနေ လွတ်မြောက်နိုင်ဦးမယ်… အဲ့တာက ရှက်စရာတောင် မဟုတ်ဘူး … အထင်ကြီးစရာတောင် ဖြစ်နေဦးမယ်… ဒါပေမယ့် မင်းက မင်းရဲ့ အသက်တစ်ချောင်းကို သူများဆီ ပေးခဲ့တယ်… အဲ့တာက အသက်မရှိတော့တဲ့ အလောင်းကြီးဆိုတာကို ထည့်မပြောသေးနဲ့ဦး … ဘယ်လိုပဲကြည့်ကြည့်ကွာ တန်တယ်ကို မထင်ဘူး … ဟူး …..”
လင်းကျင်ကျန့်သည် လေးပင်စွာ သက်ပြင်းမှုတ်ထုတ်လိုက်ပြီး “ ဒါပေမယ့် မင်းလုပ်ရပ်က မှန်တယ်လို့တော့ ငါထင်တယ်… သူတို့ရဲ့ သူငယ်ချင်းနဲ့ ရဲဘော်ရဲဘက်တွေကို စွန့်ပစ်တဲ့ လူစားမျိုးတွေက ရွံစရာ သတ္တဝါ တွေပဲ … မင်းလုပ်ခဲ့တာ ကောင်းတယ်.. ငါ ပေးတဲ့ လေးစားမှုနဲ့ ထိုက်တန်တယ်…”
“ ဟင်း …”
လင်းကျင်ကျန့် နက်နက်ရှိုင်းရှိုင်း သက်ပြင်းချလိုက်သည်။ သူ၏ အပေါ်ယံ ဖုံးအုပ်ထားသည့် အလွှာကို ချွတ်၍ တစ်စုံတစ်ရာကို ပြောရန် ကြိမ်ဖန်များစွာ ကြိုးစားခဲ့သော်လည်း သူ့ကိုယ်သူ ပြောမထွက်ခဲ့ချေ။
“ ငါ မင်းအကြောင်းတွေ မင်းအမေဆီကနေ အများကြီး ကြားဖူးတယ်… မင်းနဲ့ တော်တော်လေး တွေ့ချင်နေခဲ့တာ .. ဒါပေမယ့် ငါ တွေးနေခဲ့မိတာက မင်း တစ်ခုခုကို အောင်မြင်အောင် လုပ်ဆောင်နေနိုင်တဲ့အချိန် ငါလည်း လုပ်ဆောင်နေနိုင်တယ်… ဒီလိုနဲ့ မင်း တဖြည်းဖြည်းချင်း အထိတ်အထိပ်ကို ရောက်လာတဲ့အချိန်ကျ ငါတို့နှစ်ယောက် တွေ့ပြီး တစ်ခွက် တစ်ဖလား အတူသောက်ကြမယ်… အဲ့လိုဆို ဘဝကြီးက ပြီးပြည့်စုံသွားပြီ … ဒါပေမယ့် ငါ လုပ်ခဲ့သမျှ အပြစ်တွေ ၊ မကောင်းမှုတွေက မင်းအပေါ် လာစုပြုံနေခဲ့လား မသိပါဘူး … ကောင်းကင်က မင်းကို အသက်ရှည်ရှည် ပေးမနေခဲ့ဘူးပဲ … ဒီ ကိစ္စတွေ ရှင်းပြီးသာနဲ့ မင်းနဲ့ သောက်ဖို့ တစ်ခေါက် ….. ဟင် …”
သူ စကားမဆုံးသေးခင်မှာပဲ လင်းကျင်ကျန့် ကြက်သေသေသွားခဲ့၏။ သူပဲ ထင်ယောင်ထင်မှားတွေ ဖြစ်နေတာလား ၊ ဒါမှမဟုတ် တကယ့် လက်တွေ့ဖြစ်ရပ်မှန်လားဆိုတာ ကိုယ့်ကိုယ်ကို မသဲကွဲတော့ချေ။
သူ လင်းရီ၏ မျက်ခွံတို့ လှုပ်ခတ်သွားသည်ကို မြင်တွေ့လိုက်ရလေသည်။
လင်းကျင်ကျန့်ကဲ့သို့ … မုန်တိုင်းများစွာကို မတုန်မလှုပ်နှင့် ရင်ဆိုင်ခဲ့ဖူးသူပင် ယခုလို အခိုက်အတန့်၌ တည်ငြိမ်စွာ ထိုင်မနေနိုင်ခဲ့ချေ။
ဒါ ..... ဖုတ်ဝင်တာများလား …
ဈာပနာကားထဲရှိ လေထုက အလွန်အမင်း တိတ်ဆိတ်နေခဲ့ပြီး လင်းကျင်ကျန့်မှာ ချွေးအေးတို့ ပျံသွားခဲ့၏။
ဒါ .. ဒါကြီးက နည်းနည်း … နည်းနည်း ကြောက်စရာပဲ ….
“ ဖက်ခ်ပဲ …”
လင်းကျင်ကျန့် ကျိန်ဆဲလိုက်မိ၏။
အဘယ်ကြောင့်ဆိုသော် လင်းရီ၏ မျက်ခွံတို့ လှုပ်ရှားသွားသည်အား ပြတ်သားစွာ မြင်လိုက်ရသောကြောင့်ပင်။
ဤတစ်ကြိမ်တွင်တော့ သူ့ကိုယ်သူ ထင်ယောင်ထင်မှား ဖြစ်နေတာ မဟုတ်ဘူးဆိုတာ သေချာသည်။
ယင်းက တကယ်ကြီး ရွေ့လျားသွားခဲ့တာ ဖြစ်၏။
မသိစိတ်အလျောက် လင်းကျင်ကျန့်သည် သူ့ရှေ့ရှိ ဒရိုင်ဘာကို ကြည့်လိုက်မိသည်။ မောင်းနေသူက စစ်တပ်ထဲမှ ဖြစ်သောကြောင့် ကိုယ်ကို မတ်မတ်ထိုင်ပြီး ရှေ့ကိုပဲ တည့်တည့်ကြည့်နေသဖြင့် ထိုလူမှာ မည်သည့်အချင်းအရာကိုမျှ သတိမထားမိခဲ့ချေ။ အကယ်၍ သူသာ လင်းရီ လှုပ်ရှားသွားခဲ့သည်ကို မြင်တွေ့ခဲ့ပါက မည်သို့ ပြုမူလာမည်ကို သူ မသိပေ။
“ ညီကို … ရှေ့နားလေးမှာ ရပ်လိုက် … ငါ တခြား တစ်ယောက်ကို မောင်းခိုင်းလိုက်မယ်…”
“ တစ်ခြားတစ်ယောက်ကို ဟုတ်လား …”
“ ဒါကကွာ ... ဈာပနာကား မောင်းတယ်ဆိုတာ သိပ် မင်္ဂလာရှိတဲ့ အလုပ် ဟုတ်တာ မဟုတ်ဘူး … ငါ တခြားတစ်ယောက် မောင်းခိုင်းလိုက်မယ်.. ငါ ပြောတဲ့အတိုင်းလုပ် …”
“ အိုကေ …”
ဒရိုင်ဘာလည်း စကားတွေ ထွေထူး ပြောမနေခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် ဤလူကြီးမင်းက ကွယ်လွန်သူ၏ ဖခင် ဖြစ်ပြီး သူတို့ ခေါင်းဆောင်ကြီးနှင့်လည်း အင်မတန် ထူးခြားသည့် ဆက်ဆံရေးတို့ ရှိထားသည်။ ထို့ကြောင့် သူပြောသည့်အတိုင်း လုပ်ပေးလိုက်တာက ပိုကောင်း၏။
ထို့နောက် လင်းကျင်ကျန့်သည် စုန့်ကျင်းမင်ကို လှမ်းခေါ်လိုက်၏။
တစ်ဖက်သူမှာ ချက်ချင်းဆိုသလို ရောက်ချလာပြီး ဈာပနာကားကို လက်လွှဲယူလိုက်ကာ ဒရိုင်ဘာနှင့် နေရာချင်း ချိန်းလိုက်လေသည်။
“ ငါ့ကို ဘာလို့ ဒရိုင်ဘာ လုပ်ခိုင်းတာ …”
ကားထဲသို့ ဝင်ပြီးနောက် စုန့်ကျင်းမင်သည် စီးကရက်ကို ပါးစပ်တွင် ခဲရင်း မေးလိုက်သည်။
“ ဒါ မင်းရဲ့ သား ရုပ်အလောင်းကြီးလေကွာ .. မင်း ကြောက်တယ်တော့ ငါ့ လာမပြောနဲ့ …”
“ နောက်လှည့်ကြည့်လိုက် …”
“ ဘာလို့လဲ ….”
စုန့်ကျင်းမင် နောက်သို့လှည့်ပြီး ကြည့်လိုက်ရာ လင်းရီ၏ လက်ချောင်းတို့က အနည်းငယ် လှုပ်ရှားသွားသည်ကို မြင်တွေ့လိုက်ရ၏။
“ ဟ ငါငိုးပဲ …”