ပြိုင်ဘက်ကင်း ပညာတတ် လူကြီးမင်း
Vol. 123 Ch. 1843
လူနာခန်း အပြင်ဘက်တွင်တော့ ချိုးယွီလော့နှင့် နင်ချဲ့တို့က ပြန်သွားရန် အလျင်မလိုကြသေးဘဲ လင်းရီ၏ အသံကို ရံဖန်ရခါ ကြားနေရလေသည်။
ယင်းအသံက ညင်သာပြီး ငြိမ့်ညောင်းလှ၏။
သူမတို့၏ အမြင်တွင် ဤသည်က လင်းရီ၏ ပထမဆုံးအကြိမ် အခြားသူများအား ဤသို့သော သဘောထား ၊ ဤမျှညင်သာသည့် လေသံဖြင့် စကားပြောဆိုနေခြင်းပင်။
ဤသည်က သူ၏ နှလုံးသား အနက်ရှိုင်းဆုံး နေရာ၌ ဖုံးကွယ်ထားခဲ့ပြီး မည်သူ့ကိုမျှ မပြသခဲ့ဖူးသည့် သူ၏ တစ်ဘက်ခြမ်းပင်။
ညနေ ငါးနာရီတွင် နင်ချဲ့သည် လင်းရီကို စားစရာ တစ်ခုခု ယူလာခဲ့ပေး၏။
သူ့အား တစ်ခုခုစားဖို့ ဖြောင်းဖျချင်သော်လည်း မည်သို့ ဆိုရမှန်း မသိ ဖြစ်နေသည်။
အကယ်၍ သူမသာ ဖြစ်ခဲ့မည်ဆိုပါကလည်း စားချင်စိတ် ရှိမှာ မဟုတ်ချေ။ လင်းရီ ဖြည်းညင်းစွာဖြင့် စိတ်တည်ငြိမ်သွားပါစေဟု မျှော်လင့်ရုံသာ တတ်နိုင်သည်။ မည်သူကမျှ ကူညီပေးနိုင်မှာ မဟုတ်ချေ။
ညကိုးနာရီ ၀န်းကျင်တွင် ချောင်ရှင်း လူနာခန်းထဲသို့ ၀င်လာသည်။
ခေတ္တ အနားယူပြီးသည့်နောက်တွင် သူမ၏ အသားအရေက အနည်းငယ် သိသိသာသာ ကောင်းမွန်လာခဲ့သည်။ သို့သော် သူမ၏ စိတ်အခြေအနေက အပြည့်အ၀ ပြန်လည် သက်သာကောင်းမွန်လာခြင်းတော့ မရှိသေးချေ။
" အစ်ကိုရီ... ရှင်လည်း တစ်ခုခု သွားစားသင့်ပြီနော်...."
ချောင်ရှင်း ပြောလိုက်ပြီး သူမ၏ နှလုံးသားမှာ အနည်းငယ် နာကျင်သွားခဲ့၏။
" နောက်မှ ပြောကြတာပေါ့.. ငါ မဆာသေးဘူး... "
လင်းရီ တည်ငြိမ်စွာ တုံ့ပြန်လိုက်သည်။
ချောင်ရှင်း၏ အတွေးများသည်လည်း နင်ချဲ့နှင့် ထပ်တူကျနေသည်။ ယခုလို အချိန်မျိုး၌ မည်သူကမျှ စားသောက်ချင်စိတ် ရှိမှာ မဟုတ်ချေ။
စိတ်အတွင်း၌ .... ကြိတ်၍သာ သက်ပြင်းချလိုက်ရင်း ချောင်ရှင်း ကုတင်ဘေး၌ ထိုင်ကာ ဖြူလျော်ပြီး ပိန်သွယ်နေသည့် လီချူးဟန်ကို ကြည့်လိုက်သည်။
သူမ၏ နှလုံးသားမှာ ဆစ်ခနဲ နာကျင်သွားခဲ့ရ၏။
" အစ်ကိုရီ... အစ်မလီက ဘယ်အချိန်လောက် နိုးလာမယ်ထင်လဲ.... "
" ငါ ဟော်လန်ကနေ အထူးဆေးတစ်ချို့ ရထားတယ်... ခုနကပဲ သွားယူဖို့ လူလွှတ်လိုက်ပြီးပြီ... အလုပ်ဖြစ်မဖြစ် ကြည့်ကြတာပေါ့... "
ပြောနေသည့် လင်းရီ၏ လေသံထဲ၌ ယုံကြည်မှု အပြည့်အ၀ ရှိသည်ကို မြင်တွေ့မနေရချေ။
မာရှောင်ယန် ပြောသွားခဲ့သည့်အတိုင်း လီချူးဟန်က ဆေးရုံကိုတော့ အချိန်မီ ရောက်လာသည်။ ထို့ပြင် ဆေးလုံးများ အားလုံးကိုလည်း စုပ်ထုတ်ခဲ့ပြီး ဖြစ်သည်။ ပုံမှန်အခြေအနေအောက်တွင်ဆိုပါက ပြဿနာ ကြီးကြီးမားမား ရှိမှာမဟုတ်ချေ။
သို့သော် သူမက သေဖို့ကို စိတ်ဆုံးဖြတ်ထားပြီး ဖြစ်၏။ ဤသည်က အရေးကြီးဆုံး အချက်ပင်။
ရလဒ်အနေဖြင့် ဟွာရှတွင်း၌ အတော်ဆုံး ခွဲစိတ်ဆရာ၀န်ဖြစ်သည့် သူကိုယ်၌ပင် လီချူးဟန် ပြန်နိုးလာနိုင်ပါမည်လော ဆိုတာကို အာမ မခံဝံ့ ဖြစ်နေလေသည်။
“ အစ်ကိုရီ … မျက်နှာချင်းဆိုင်မှာ အိပ်ရာလွတ် တစ်ခု ရှိတယ်… သွားပြီး ခဏလောက် နားလိုက် … ညီမ ဒီမှာ စောင့်နေလိုက်မယ်…” ချောင်ရှင်း စိုးရိမ်သည့် လေသံဖြင့် ပြောလိုက်သည်။ “ ညီမတို့တွေ ဒီအတိုင်း ဆက်သွားနေလို့ ဖြစ်မှာ မဟုတ်ဘူး …”
“ ငါ အဆင်ပြေနေသေးတုန်းပဲ …” လင်းရီ၏ လေသံက လီချူးဟန်ကို ကြည့်ရင်း ညင်သာနေပြီး သူ၏ မျက်လုံးတို့က ချစ်မြတ်နိုးမှု ၊ ယုယမှုတို့ဖြင့် ပြည့်နှက်နေသည်။
“ ငါ အရင်က သူနဲ့ အချိန်နည်းနည်းပဲ ကုန်ဆုံးပေးနိုင်ခဲ့တယ်… ငါ အခု သူနဲ့ အချိန်တွေပိုပြီး ကုန်ဆုံးချင်တယ်…”
အချိန်က ဖြည်းဖြည်းနှင့် မှန်မှန် စီးဆင်းနေသည့် ရေအလျဉ်ကဲ့သို့ ရွေ့လျားနေသည်။
ဤသို့ဖြင့် တစ်ရက်နှင့် တစ်ည ကုန်ဆုံးသွားခဲ့ပြီး လီချူးဟန်မှာ နဂိုအတိုင်း ရှိနေဆဲပင်။
လင်းရီ ဟော်လန်ကနေ ရထားသည့် အထူးဆေးဝါးကလည်း လီချူးဟန် အပေါ်၌ အသုံးပြုပြီးသည့်တိုင် ဆေးစွမ်းမပြလာချေ။
သုံးရက် သုံးည ကြာညောင်းပြီးနောက် လီချူးဟန်၏ တည်ငြိမ်နေသည့် အသက်လက္ခဏာတို့က မတည်ငြိမ်လာသည့်အပြင် ယုတ်လျော့လာသည့် လက္ခဏာတို့ စတင် ပြသလာနေသည်.
သူမ တကယ်ကို သေဖို့ ဆန္ဒရှိနေခဲ့၏။ လင်းရီ မရှိသည့် ကမ္ဘာကြီးက သူမအဖို့ ငရဲအလားပင်။
ဤသို့သော နည်းလမ်းမျိုးဖြင့် သူ ရှိရာအရပ်ဆီ လိုက်လာနေသည်။
အကြောင်းမူကား … လင်းရီ ရှိရာအရပ်က သူမအဖို့ သုခဘုံ ဖြစ်သောကြောင့်ပင်။
လင်းရီသည် စောင်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားပြီး လူနာခန်းထဲတွင် ကြေကွဲဝမ်းနည်းစွာ တရှုံ့ရှုံ့ ငိုကြွေးနေလျက် ရှိ၏။
ချောင်ရှင်း မကြည့်ရက်တော့ချေ။ သူမ၏ ရင်ထဲ၌ လင်းရီသည် အမြဲတမ်း အနိုင်မခံ အရှုံးမပေးတတ်သည့် ယောက်ျားတစ်ယောက်ပင်။
သူက စိတ်ဓာတ်ကျမှာ မဟုတ်သလို မျက်ရည်ကျမှာလည်း မဟုတ်ပေ။
သို့သော် ယခုအချိန်၌ သူ၏ သွင်ပြင်က အတော်လေး ကူကယ်ရာမဲ့နေသည်။
ကုန်ဆုံးသွားခဲ့သည့် လေးရက်အတွင်း မရပ်မနားတမ်း စကားတွေ ပြောနေခဲ့ပြီး ရပ်တန့်သွားမည့်ပုံလည်း မပြပေ။ အဆုံး၌ သူ့ကိုယ်သူပင် ဘာတွေ လုပ်နေမိမှန်း မသိတော့သည်အထိ ဖြစ်လာခဲ့၏။
သူသည်လည်း သာမန်လူတစ်ဦးပင်။ လီချူးဟန်သေသွားခဲ့မှာကို အလိုမရှိပေ။ သူမရဲ့ အသံကို သူ ထပ်ပြီး နားထောင်ချင်သည်။
ဤနည်းလမ်းက အနည်းငယ် တုံးအရာ ကျကောင်းကျနိုင်သော်လည်းပဲ နက်ရှိုင်းသည့် ချစ်ခြင်း မေတ္တာကိုတော့ ကိုယ်စားပြုနေလျက်ပင်။
“ အစ်မလီ …”
ချောင်ရှင်းသည် လီချူးဟန်၏ အခြား လက်တစ်ဖက်ကို တင်းကြပ်စွာ ဆုပ်ကိုင်၍ “ အစ်မလီ … ညီမ တောင်းပန်ပါတယ်… မျက်လုံးဖွင့်ပြီး ညီမတို့ကို ကြည့်ပါဦး … ဒီမှာ အစ်ကိုရီ မသေဘူး … သူ အစ်မ နိုးလာမှာကို စောင့်နေတယ်… ညီမ တောင်းဆိုပါတယ်……”
ဘိ ဘိ ဘိ ဘိ …
ထိုအခိုက်အတန့်တွင် ECG စက်တွင် အသံမြည်လာခဲ့ပြီး ပြင်းထန်သည့် နှလုံးခုန်မှု တစ်ရပ် ဖြစ်ပေါ်သွားခဲ့၏။
နောက်တစ်စက္ကန့်၌ ပုံမှန် အားနည်းသည့် အခြေအနေသို့ ပြန်လည်ရောက်ရှိသွားခဲ့သည့်တိုင် ဤအချင်းအရာက ဆိုလိုသည်မှာ သူမ၏ နှလုံးခုန်နှုန်းက အတက်အကျ ဖြစ်သွားခဲ့သည်ကိုပင်။
ဤသည်က အခြေအနေ တိုးတက်လာသည့် လက္ခဏာ တစ်ရပ်ဖြစ်၏။
လင်းရီနှင့် ချောင်ရှင်းတို့ တစ်ယောက်ကို တစ်ယောက် လှမ်းကြည့်မိသွားခဲ့ကြပြီး နှစ်ဦးသားလုံး၏ မျက်ဝန်းထဲ၌ တောက်ပမှုများကို မြင်တွေ့လိုက်ရသည်။
အနှီ ရိုးရှင်းသည့် နှလုံးခုန်သံက သာမန်လူတစ်ဦး နှလုံးခုန်သံ၏ ခုနစ်ဆယ် ရာခိုင်နှုန်းမျှသာ ရှိသော်လည်းပဲ သူတို့ နှစ်ယောက်အဖို့တော့ ယင်းက အသက်၏ သင်္ကေတပင်။
“ အစ်မလီ …”
ချောင်ရှင်း တစ်ဖန် မျက်ရည်လည်ရွဲနှင့် ဖြစ်သွားခဲ့၏။ သို့သော် ဤတစ်ကြိမ်တွင်တော့ ဝမ်းသာမှုကြောင့် ဖြစ်သည်။
နှလုံး ခွဲစိတ်ဆရာဝန် တစ်ဦးအနေဖြင့် ဤအချင်းအရာက မည်သည်ကို ဆိုလိုကြောင်း သူမ သိသည်။ နောက်ထပ် အနည်းငယ်လောက်ပဲ ကြံ့ကြံ့ခံထားမည်ဆိုပါက လီချူးဟန်ကို သေမင်းနှုတ်ခမ်းဝနားမှ ကယ်တင်နိုင်လေသည်။
လင်းရီ သူမ၏ လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားပြီး သူ၏ ကိုယ်အနွေးဓာတ်ကို သူမထံသို့ ရောက်အောင် ကူးပြောင်းဖို့ ကြိုးစားနေသည်။
ချောင်ရှင်းကဲ့သို့ မဖြစ်ပျက်နေသော်ငြား သူသည်လည်း ဝမ်းသာလုံးဆို့နေလေသည်။
ဝမ်းနည်းကြေကွဲဖွယ်ရာ အဖြစ်အပျက် တစ်ခုနှင့် ကြုံတွေ့ခဲ့ရပြီးသည့် နောက်တွင်မှ သတင်းကောင်းတစ်ခု ရရှိလိုက်သည့် ပျော်ရွှင်မှုက လူတစ်ချို့တို့ အပြည့်အဝ နားလည်နိုင်မှာ မဟုတ်သည့် အရာပင်။
အနှီ ပြင်းထန်သည့် နှလုံးတစ်ချက် ခုန်ပြီးနောက် လီချူးဟန်၏ အခြေအနေက နဂိုအတိုင်းပဲ ကြီးကြီးမားမား ပြောင်းလဲမှု မရှိသည့် သွင်ပြင်သို့ ပြန်လည် ကျရောက်သွားခဲ့သည်။
သုံးနာရီကြာပြီးသည့်နောက် … နောက်ထပ် ပြင်းထန်သည့် နှလုံးခုန်သံတစ်ခုကို ထောက်လှမ်းမိ၏။ ဤကဲ့သို့ သိမ်မွေ့သည့် လက္ခဏာလေးများမှတဆင့် လီချူးဟန်သည် အချိန်မရွေး သေဆုံးသွားနိုင်သည့် အန္တရာယ်တွင်းကနေ လွတ်မြောက်လာခဲ့ပြီ ဖြစ်ကြောင်း သိရှိလိုက်သည်။
ယခု လိုအပ်တော့သည်ကား စောင့်ဆိုင်းနေရန်ပင်။
တစ်ညတာ ကုန်ဆုံးပြီး နောက်တစ်နေ့ နံနက် ငါးနာရီတွင် ။
သူမ၏ နှလုံးခုန်သံ ဖြစ်ပေါ်သည့် ကာလက သုံးနာရီမှတဆင့် နာရီဝက်ခြား တစ်ခါသို့တိုင် တိုတောင်းလာခဲ့သည်။ ကိုယ်တိုင် ကြုံတွေ့ဖူးသူသာလျှင် ထိုအချင်းအရာ၏ လေးနက်ပြီး ပျော်ရွှင်ဖွယ်ကောင်းသည့် ခံစားချက်ကို အပြည့်အဝ ခံစားနားလည်ပေးနိုင်လိမ့်မည်။
ခုနစ်နာရီထိုးတော့ ချောင်ရှင်း၏ မှတ်တမ်းတို့က ပြောပြနေသည်မှာ သူမ၏ ပြင်းထန်သည့် နှလုံးခုန်နှုန်းတို့က ပို၍ပင် အကြိမ်ရေ များပြားလာပြီး ဆယ်မိနစ် တစ်ကြိမ်တိုင်းတွင် ဖြစ်ပေါ်လာသည်။
လင်းရီ၏ အမြင်တွင်တော့ အကယ်၍ သူမသာ ကံကောင်းခဲ့မည်ဆိုပါက ယနေ့၌ပင် သတိပြန်လည်လာနိုင်သည်။
ထိုအချိန်တွင် ချိုးယွီလော့နှင့် နင်ချဲ့တို့ လက်ထဲတွင် မနက်စာ ကိုယ်စီဖြင့် ရောက်လာခဲ့ကြ၏။
ယခင်ရက်များ၌ လင်းရီ လီချူးဟန်ကို အဖော်ပြုပေးနေစဉ်အတောအတွင်း သူမတို့နှစ်ယောက်မှာ လင်းရီနှင့် ချောင်ရှင်းတို့အတွက် အစားအသောက်များ အမြဲတမ်း လာပို့ပေးလေ့ရှိသည်။
သို့သော် ယနေ့တွင်တော့ … သူမတို့နှစ်ယောက်လုံး မတူကွဲပြားနေသည့် တစ်စုံတစ်ရာကို သတိပြုမိလိုက်လေသည်။
လင်းရီ သို့မဟုတ် ချောင်ရှင်းဖြစ်စေ ၊ သူတို့၏ မျက်နှာထက်၌ ဝမ်းနည်းနေသည့် မျက်နှာ အမူအရာတို့ကို မမြင်တွေ့ရတော့ချေ။ ထိုအစား အသက်ပါ တက်ကြွနေသည့် အရိပ်အငွေ့အသက်တို့ကို မြင်တွေ့နေရ၏။
သူမတို့တွေ ပျော်ရွှင်နေသည်ဟုတောင် ပြော၍ရလေသည်။
“ အခြေအနေ တိုးတက်လာပြီလား …” နင်ချဲ့ စကားအစ်ကြည့်လိုက်သည်။
“ အင်း …” လင်းရီ ပြုံးလျက် ခေါင်းညိမ့်ပြလိုက်သည်။
“ သူ့ရဲ့ နှလုံးခုန်နှုန်းက နှေးရာကနေ အခု ပုံမှန် ပြန်ဖြစ်လာနေပြီ … တိုင်းတာတဲ့ စက်ကလည်း ထိပြီး ပြန်ခုန်တက်တဲ့ လက္ခဏာတွေ ပြနေတယ်… ကံကောင်းရင် ဒီနေ့တောင် သတိပြန်လည်ရင် လည်လာနိုင်တယ်… ဘယ်အချိန် နိုးလာမလဲဆိုတာတော့ တပ်အပ်ကြီး မပြောနိုင်သေးဘူးပေါ့ … ဒါပေမယ့် ဒီလောက်ကိုကပဲ အတော်လေး ကောင်းနေပါပြီ… အတော်လေး ကျေနပ်လှပြီ …”
လင်းရီမှာ ပုံမှန်ထက် အတော်လေး စကားများနေသည်ကို ချိုးယွီလော့ သတိထားမိလိုက်သည်။
သူမက ဤအတိုင်း မေးမြန်းလိုက်သော်လည်း ဆယ်ခွန်းမက ပြန်ရောက်လို့လာသည်။
ဤသည်ကလည်း သူမနှင့် နင်ချဲ့တို့မှာ လီချူးဟန်ဟု ခေါ်သည့် ဤအမျိုးသမီးနှင့် ပတ်သက်ဆက်နွယ်မှု သိပ်မရှိသောကြောင့် ဖြစ်ကောင်း ဖြစ်နိုင်သည်။ သူမတို့အား ဤအကြောင်း လာပြောပြနေလျှင်ပင် သူမတို့ဖို့ ထွေထူး အဓိပ္ပာယ် ရှိနေမှာ မဟုတ်ချေ။
သို့ပေမယ့်လည်း လင်းရီမှာ ဤအမျိုးသမီး အကြောင်းကို အချိန်တွေယူပြီး သူမတို့အား ရှင်းပြနေသည်။
သူ စိတ်ထဲ၌ အတော်လေး ပျော်ရွှင်နေသည်မှာ သိသာလှသည်။ ဤသို့သော နည်းလမ်းမျိုးဖြင့် သူ၏ ဝမ်းသာပျော်ရွှင်မှုအား ဖော်ပြနေခြင်းပင်။
အကယ်၍များ ကုတင်ပေါ်ရှိ အမျိုးသမီးသာ တကယ်ကြီး သေဆုံးသွားခဲ့မည်ဆိုပါက လင်းရီ၏ စိတ်ခံစားချက်တို့က မည်သို့ ဖြစ်သွားနိုင်မည်နည်း။
ချိုးယွီလော့ ဆက်မတွေးဝံ့တော့ချေ။
“ တိုးတက်တဲ့ လက္ခဏာတွေ ပြလာတာ ကောင်းတဲ့ ကိစ္စပဲ … နောက်ဆုံးတော့ အသက်အန္တရာယ် စိုးရိမ်စရာ မလိုတော့ဘူးပေါ့ …” နင်ချဲ့ အပြုံးလေးဖြင့် ပြောလိုက်ပြီး “ နင်တို့နှစ်ယောက်လည်း ဒီအတိုင်းပဲ နေမနေကြနဲ့ဦး … ဒီကိုလာပြီး စားကြ …”
“ ကျေးဇူးပဲ အစ်မနင် … ရှင်တို့ အစ်ကိုရီနဲ့ အတူစားလိုက်ကြ … ကျွန်မကတော့ အစ်မလီကို ကြည့်ချင်သေးတယ်…”
“ အဆင်ပြေနေပြီကိုပဲ ဘာကြည့်စရာ လိုသေးဦးမှာ …” နင်ချဲ့ ပြောလိုက်ပြီး “ လာပြီးစားလှည့် … မစားဘူးဆို နောက်ရက်ကျ ဆယ်ကီလိုလောက် ကျသွားတော့မှာ …. ဗိုက်ဆာရင် ရင်ဘက်က ပိုသေးလာတတ်တယ်… နင် နောင်ကျ အိမ်ထောင်မပြုချင်တော့ဘူးလား …”
ချိုးယွီလော့ ဆွံ့အစွာဖြင့် ခေါင်းခါရမ်းမိလိုက်၏။
အစ်မနင်ကတော့ ဆေးမမီတော့ဘူး …
အနှီ ငယ်ရွယ်သည့် ကောင်ချောလေးများအား လက်ရဲဇက်ရဲရှိသည့် အစ်မကြီး တစ်ယောက် သဖွယ် စနောက်သည်က ပြဿနာ မရှိပေ။ သို့သော် အဘယ်ကြောင့် သူမအား လာစနောက်နေရသနည်း။
“ ဒီရက်တွေထဲမှာ ဝိတ်ကျသွားတာတော့ အမှန်ပဲ .. ဒါပေမယ့် ကံကောင်းချင်တော့ ကျွန်မရဲ့ ရင်ဘက်က အစ်မချိုးထက် ကြီးနေသေးတယ်လေ… ဒီတော့ မစိုးရိမ်ပါဘူး …”
ချိုးယွီလော့ “ ??? “
“ ငါက ဒီထဲ ဘယ်လိုဖြစ်ပြီး ဆွဲထည့်ခံလိုက်ရတာလဲ …”
နင်ချဲ့ ချိုးယွီလော့ကို တစ်ချက်ကြည့်လိုက်ပြီး သူမ၏ ရင်ဘက်ကို ရည်ရွယ်ချက်ရှိရှိ ရှေ့သို့ ကော့လိုက်၏။
“ နင့်အဲ့ဒီ နှမ်းစေ့လေး နှစ်ခုနဲ့ … အစ်ကိုရီရဲ့ ရင်ဘက်လောက်တောင် မရှိတဲ့ဟာ .. နင်တော့ နင့်ထက် ပို အထင်ကြီးဖို့ကောင်းတဲ့လူနဲ့ ယှဉ်ဖို့ လိုနေပြီ…”
“ ဟက် ..”
လီချူးဟန်၏ အခြေအနေ တိုးတက်ကောင်းမွန်လာမှုကြောင့် အခန်းထဲရှိ လေထုက ပေါ့ပါးနေသည်။
“ ကောင်းပြီ .. စကားပြောနေတာတွေ တော်တော့ .. လာပြီး တစ်ခုခု စားလှည့် … ငါတို့လည်း မစားရသေးဘူး .. ဝယ်ပြီးတာနဲ့ ဒီကို တန်းလာခဲ့လိုက်တာပဲ …”
“ ကျေးဇူးတင်ပါတယ် အစ်မနင် …”
အရေးပေါ် ကယ်ဆယ်ရေးအခန်းက ICU အသေးစားလေးကဲ့သို့ ဖြစ်သောကြောင့် အစားစားသောက်သည်က မသင့်လျော်ချေ။
ချောင်ရှင်းက ပေါက်စီ သုံးလေးလုံးလောက်နှင့် ပဲနို့ တစ်ဘူး ယူလိုက်ကာ လီချူးဟန်ကို စောင့်ကြည့်ရင်း စားသောက်နေလျက် ရှိ၏။
လင်းရီတို့ သုံးယောက်ကတော့ လူနာခန်း ပြင်ပ၌ သွားရောက် စားသောက်လေသည်။
“ ချောင်ကျားတုနဲ့ ချိန်ကွမ်းကျဲ့တို့ ဘယ်လိုဖြစ်သွားပြီလဲ …”
“ သူတို့တွေ စစ်ခုံရုံးမှာ …” နင်ချဲ့ ပြောလိုက်ပြီး “ ဒါပေမယ့် ဒီကိစ္စကို မထုတ်ဖော်သေးတော့ သူတို့ကို ဘာလုပ်မယ် မသိရသေးဘူး …”
“ ဒီလို ကြီးကြီးမားမား ကိစ္စ ဖြစ်ထားမှတော့ ဘယ်သူက လူသိရှင်ကြား ဖြစ်အောင် ကြေညာနေမှာ … ငါ့အထင် သူတို့ နှစ်ယောက် သေသွားတာကို သိမယ့်လူတောင် များများစားစား ရှိမယ် မထင်ဘူး ….”
“ အဲ့လိုဖြစ်ဖို့ များပါတယ်… ဘယ်လိုပဲ ဖြစ်ဖြစ် ကောင်းတဲ့ ကိစ္စမှ မဟုတ်တာ …”
လင်းရီ သဘောတူစွာ ခေါင်းညိမ့်လိုက်သည်။
“ ချောင်ကျားတုနဲ့ ချိန်ကွမ်းကျဲ့တို့ နှစ်ယောက်လုံး သေပြီဆိုတော့ ကျုံးဝေ့တပ်ဖွဲ့က သူတို့နေရာ အစားထိုးဝင်မယ့်လူရော ရှာတွေ့ပြီလား …”
“ ငါ ဘော့စ်လျိုဆီက ကြားမိတာတော့ အသင်း ၅ ကနေ ၈ အထိကို အကြီးအကဲလျန်ကနေ လက်လွှဲတာဝန်ယူမယ် ဆိုလားပဲ … ဘာပဲ ဖြစ်ဖြစ် ဒီရဲ့ သုတေသန တပ်ဖွဲ့တွေက တိုက်ခိုက်စရာမှ မလိုအပ်တာ … ဒါမေပယ့် အသင်း ၄ ကတော့ တိလိရာ့ကျွန်းပေါ်က သူတို့ရဲ့ မစ်ရှင်ကို ရပ်ဆိုင်းထားပြီး မကြာခင် နိုင်ငံပြန်လာဖို့ လုပ်နေတယ်… ခေါင်းဆောင် အသစ်ကတော့ မသေချာသေးဘူး .. ဒါပေမယ့် ရှန်းလုံအသင်းက တစ်ယောက်ယောက် ဖြစ်ဖို့ များပါတယ်…”
လင်းရီသည် ကျုံးဝေ့တပ်ဖွဲ့ထဲတွင် များသောအားဖြင့် ရေသာခိုနေလေ့ ရှိသော်လည်း အကြောင်းကိစ္စတော်တော်များများကိုတော့ သိရှိထား၏။
ရှန်းလုံအသင်းက ကျုံးဝေ့တပ်ဖွဲ့ထဲ၌ အမြင့်ဆုံး တိုက်ပွဲဝင်ခွန်အားနှင့် အသင်းကြီး တစ်သင်းဖြစ်ပြီး လုပေချိန် ကိုယ်တိုင် တိုက်ရိုက် အမိန့်ပေး အုပ်ချုပ်သည့် တပ်ဖွဲ့ပင်။
တစ်နည်းဆိုရသော် ယင်းက ကျုံးဝေ့တပ်ဖွဲ့၏ ကျောရိုးကြီး ဖြစ်၏။ ကျန်လေးသင်းက တိုက်ခိုက်ရေး တာဝန်များအား ဆောင်ရွက်ရင်း အလားအလာ ရှိသည့်လူဆိုပါက ရှန်းလုံ အသင်းသို့ ပို့ဆောင်ခြင်း ခံရလေသည်။
“ အဲ့လို လုပ်တာက သင့်ပါ့မလား … ချိန်ကွမ်းကျဲ့ မရှိတော့ဘူးဆိုတော့ နောက်တက်မယ့်လူကလည်း အသင်း ၄ ထဲကပဲ ဖြစ်သင့်တယ် မဟုတ်ဘူးလား …”
“ အမှန်ပဲ … ဒါမေပယ့် ဒီနှစ်တွေမှာ အသင်း ၄ က ချိန်ကွမ်းကျဲ့နဲ့ ဝမ်မိသားစု သစ္စာခံတွေရဲ့ ဦးနှောက်ဆေးတာ ခံထားရတယ်လေ… အသင်းထဲက လူကိုပဲ ရာထူးတိုးပေးလိုက်တာက တည်ငြိမ်စေသွားမှာ မဟုတ်ဘူး … မဟုတ်ရင် အကြီးအကဲလုလည်း သူတို့ရဲ့ မစ်ရှင်တွေကို ရပ်ဆိုင်းပြီး တာဝန်ဆောင်ရွက်ချက်တွေကို ပြန်ပြီး အစီရင်ခံခိုင်းမှာ မဟုတ်ဘူး …”
“ ဘာလို့ အဲ့လောက်တောင် ဇာချဲ့နေတာ ..”
“ အမှန်ပဲ … အကြီးအကဲလု ဒီတစ်ကြိမ်တော့ တော်တော်လေးကို ဒေါသထွက်သွားတယ်…”
ပြောရင်းဖြင့် နင်ချဲ့သည် ပတ်ဝန်းကျင်သို့ ကျီးကန်းတောင်မှောက် တစ်ချက် ကြည့်လိုက်ပြီး ဂနာမငြိမ်သည့် မျက်လုံးတို့ဖြင့် “ ပြီးတော့ ငါ ကောလဟာလတွေ ကြားထားတာ အကြီးအကဲလုက သံသယဖြစ်ဖို့ ကောင်းတဲ့လူတွေ အကုန်လုံးကို ဖယ်ရှားပြီး အိမ်ပြန်ခိုင်းဖို့ ပြင်နေတယ်လို့လည်း ကြားမိတယ်… ပွင့်ပွင့်လင်းလင်း အဆက်အသွယ် လုပ်နေကြတဲ့ လူတွေ ဆိုရင်တော့ သူတို့ မိသားစုတွေပါ ဖိနှိပ်ခံထားရနိုင်တယ်…”
“ စိတ်ဝင်စားဖို့တော့ ကောင်းပြီ .. သူတို့ ကျုံးဝေ့ တပ်ဖွဲ့လာတာက အကျိုးဆောင်မှတ်တွေ စုဆောင်းပြီး အနားယူတဲ့ အချိန်ကျ သူတို့ မိသားစုကို တိုးတက်အောင် လုပ်ဖို့ပါဆို အခု … အကြီးအကဲလုက သူတို့ကို ပထုတ်ပြီး ဘာမှ မပေးဘဲ ထွက်သွားခိုင်းနေတယ်…”
“ ဘာလို့ဆို ဒီနှစ်တွေထဲမှာလည်း ကျုံးဝေ့တပ်ဖွဲ့နဲ့ ဝမ်မိသားစုရဲ့ လျှို့ဝှက် ပံ့ပိုးပေးမှုအောက်မှာ အကျိုးအမြတ်တွေ အများကြီး ရထားပြီးပြီမို့လေ.. ရှေးခေတ်တုန်းကသာဆိုရင် မြေရှင် ပဒေသရာဇ်တွေနဲ့ အတူတူပဲ .. ထုတ်ဖော်ပြမထားဘူးဆိုပေမယ့် သူတို့ရဲ့ ခွန်အားတွေက သွားရှုပ်လို့တော့ ရမှာ မဟုတ်ဘူး …”
လင်းရီ မျက်လုံးလှိမ့်လိုက်မိပြီး ယွီဟန်တွင် သူတွေ့ခဲ့ရသည့် ချန်မိသားစုကို သတိရမိသွားခဲ့သည်။ နင်ချဲ့က ထိုကဲ့သို့သော လူများကို ညွှန်းဆိုနေဟန်ပင်။
သို့ပေမယ့် ချန်မိသားစုကတော့ အမှိုက်ဟုသာ သတ်မှတ်၍ ရနိုင်သည်။
အကယ်၍ ထိုလူများသာ ကျုံးဝေ့တပ်ဖွဲ့က အနားယူလိုက်ရမည် ဆိုပါက ခွန်အား အနည်းငယ်မျှသာ ကျန်ရစ်တော့မည် ဖြစ်ပြီး ကျုံးဝေ့တပ်ဖွဲ့၏ အရှိန်အဝါ မပါရှိဘဲ ဆက်လက် ရပ်တည်ဖို့က အတော်လေး ရုန်းကန်ရမှာ ဖြစ်၏။
လုပေချိန်၏ လုပ်ရပ်များက ကြမ်းတမ်းသည်ဟု မှတ်ယူ၍ ရလေသည်။
သူတို့က ဤလူများကို လျှို့ဝှက်လည်း ဖိနှိပ်ထားပြီး ကျုံးဝေ့တပ်ဖွဲ့၏ တည်ငြိမ်မှုကို ထိန်းသိမ်းထားသည်။ သို့သော် အရာရာတိုင်း၌ အမြဲတမ်း အစွန်းနှစ်ဖက်ဆိုတာ ရှိ၏။
လုပေချိန်၏ လုပ်ရပ်တို့ကို ချောမွေ့စွာနှင့် အကောင်အထည် ဖော်ခွင့် ရရှိဖို့ဆိုသည်မှာ ထင်သလောက် လွယ်ကူနေမှာ မဟုတ်ချေ။ ကြုံတွေ့ရမည့် ဖိအားများကို မြင်ယောင်ကြည့်နိုင်သည်။
ယင်းကို လုပေချိန် မသိဘူးဆိုတာ မဖြစ်နိုင်ပေ။
သို့ပေမယ့်လည်း ဟွာရှ၏ စည်ပင်ဝပြောမှုနှင့် ငြိမ်ဝပ်ပိပြားရေးအတွက် သူသည် ဖိအား အလုံးစုံကို ကြံ့ကြံ့ခံလိုသည့် ဆန္ဒရှိ၏။
ပြိုင်ဘက် မရှိသော ပညာတတ် လူကြီးမင်း တစ်ယောက်ကဲ့သို့ပင်။
“ တကယ်လို့ ဒီအတိုင်းသာ ဆက်သွားနေရင် ဟွာရှရဲ့ အနာဂတ်က မလွယ်ကူလောက်ဘူး …”
ချိုးယွီလော့နှင့် နင်ချဲ့တို့ ခေါင်းညိမ့်လိုက်ကြသည်။
ချိုးယွီလော့က “ ဒီရဲ့ စစ်ဆင်ရေးက ရှေးခေတ်မှာ သာဆို ကျွန်စနစ်ကို ဖျက်သိမ်းလိုက်တာနဲ့ အတူတူပဲ .. လက်မောင်းတစ်ဖက်က ပေါင်တစ်ချောင်းကို မဆန့်ကျင်နိုင်ဘူးဆိုပေမယ့် မကောင်းတဲ့ အကျိုးသက်ရောက်မှုတွေတော့ ကျိန်းသေပေါက် ရှိဦးမှာပဲ …”
“ အဲ့ဒီ စက်ဆုပ်ဖို့ ကောင်းတဲ့ မိသားစုကြီးတွေက ဒီကိစ္စကို နောက်ကွယ်ကနေ မီးလောင်ရာလေပင့် လုပ်ပေးနေဦးမှာ ငါ မြင်ယောင်သေးတယ်… သူတို့ ဘယ်လောက်ထိ သတ္တိကောင်းလဲပေါ် မူတည်ပြီးတော့ ဘယ်လောက်ထိ အုတ်အုတ်ကျက်ကျက် ဖြစ်အောင် လုပ်နိုင်လဲ ဆိုတဲ့ အပေါ်ပဲ မူတည်တယ်…
“ အမှန်ပဲ … ရှိုးပွဲကို ဒီတိုင်းပဲ စောင့်ကြည့်ကြတာပေါ့ … ငါတို့ အသုံးချနိုင်တာ တစ်ချို့ ရှိကောင်း ရှိနိုင်တာပဲလေ…” ချိုးယွီလော့ ပြောလိုက်သည်။
“ ကောင်းပြီ … ဒီကိစ္စ လောလောဆယ် မပြောကြစို့ … အခုက အလုပ်ချိန် မဟုတ်ဘူး …. ငါ အဲ့ဒီ အလုပ်စွဲနေတဲ့လူကြီး မဖြစ်ချင်ဘူး …”
နင်ချဲ့ပြောပြီးနောက် လင်းရီကို ကြည့်၍ “ ငါတော့ အခု နိုင်ငံထဲမှာ ဘာစိုးရိမ်စရာမှ မရှိတော့ဘူးလို့ ထင်တာပဲ … နင် သေရာကနေ ပြန်လာတဲ့ ကိစ္စ ဖုံးကွယ်ထားချင်သေးလား … ဒီလို လုပ်စရာလည်း မလိုတော့ပဲဟာ ….”
လင်းရီ ခေါင်းညိမ့်လိုက်သည်။ သူ ဟန်ဆောင် သေပြခဲ့သည်က ဝမ်မိသားစုကို လက်စားချေဖို့ရာပင်။ ယခု … ကိစ္စက ဖြေရှင်းသွားပြီဖြစ်ရာ ဆက်ပြီး ဖုံးကွယ်ထားနေစရာ မလိုအပ်တော့ချေ။
ထို့ပြင် ထိုကဲ့သို့ အရာမျိုးကို ဖုံးကွယ်ထားနိုင်သည့် နည်းလမ်းလည်း မရှိပေ။
အသက်ရှင်သန်နေသည့် လူတစ်ယောက်အနေဖြင့် သူသည် အခန်းထဲ၌ပဲ တစ်နေ့လုံး မနေထိုင်နေချေ။ လူတွေနှင့် ထိတွေ့ဆက်ဆံရမှာက အနှေးနှင့် အမြန်ပဲ ဖြစ်၏။
“ ဒါပေမယ့် ဒီတိုင်း သဘာဝအတိုင်းပဲ ထားလိုက် … ဒီကိစ္စကြီးကို လူတကာ သိအောင် လိုက်ကြေညာနေစရာ မလိုဘူး …”
လင်းရီ၏ စိတ်အခြေအနေမှာ မကောင်းတော့ချေ။ တစ်စုံတစ်ရာ ရှိနေသကဲ့သို့ တိတ်ဆိတ်စွာ စားသောက်နေလေသည်။
တကယ်တော့ သူက ထွက်ပြေးနေခြင်းပင်။
အတိအကျ ပြောရမည်ဆိုလျှင်တော့ …. သူမကို ရှောင်ပြေးနေခြင်း ဖြစ်၏။
သင့်တင့်မျှတမည့် ဖြေရှင်းနည်းလမ်းတစ်ခုကို သူ ယခုထိတိုင် မစဉ်းစားမိသေးချေ။ တစ်နည်းဆိုရသော် သူ ကျီချင်းရန်ကို မည်သို့ မျက်နှာပြသင့်လဲဆိုတာကို စဉ်းစားရ ကြပ်နေသည်။
ဤသည်က ပြဿနာကြီး ဖြစ်၏။ မည်သို့ ကိုင်တွယ်ရမလဲဆိုတာကို သူ အချိန်ပိုပေးပြီး စဉ်းစားဖို့ လိုအပ်သည်။
“ ဒါဆိုလည်း ဒီတိုင်းလေးပဲ ထားလိုက်ကြတာပေါ့ … ဘယ်လိုပဲဖြစ်ဖြစ် ကြီးကြီးမားမား ကိစ္စလည်း မဟုတ်ပါဘူး …”
နင်ချဲ့သည် မနက်စာကို စားပွဲဘေးသို့ ချလိုက်ပြီး “ ဒါတွေ စားစရာ အကြောင်း မရှိတော့ဘူး … အခု တစ်နေရာသွားပြီး အနှိပ်ခံကြမယ်… သောက်ကြမယ်…”
“ အင်း … နေဦး .. ငါပြန်ပြီး တစ်ချက် သွားကြည့်လိုက်ဦးမယ်…”
လီချူးဟန်၏ အခြေအနေက တိုးတက်လာပြီ ဖြစ်သဖြင့် လင်းရီ၏ စိတ်အခြေအနေမှာ နဂိုမူလသို့ ပြန်လည်ရောက်ရှိလာလေသည်။
ညမတိုင်မီတွင်တုန်းက လင်းရီသည် လီချူးဟန်ကို ပြည့်ပြည့်စုံစုံ တစ်ချက် စစ်ဆေးခဲ့သေးသည်။ စက်များအားလုံးက ကောင်းသည့် လက္ခဏာများ ပြသနေသည်။
ထို့ကြောင့် သူ ဆက်ပြီး မစိုးရိမ်မိတော့ချေ။
ထို့ပြင် ဆေးရုံ၌ လေးရက်ကျော် နေထိုင်ပြီးနောက် တစ်နေရာသွား၍ ရေမိုးချိုးဖို့ လိုအပ်လေသည်။ မဟုတ်ပါက အနံ့ထွက်လာတော့မှာ ဖြစ်၏။
“ မနက် အစောကြီး ရှိသေးတာကို နင်တို့နှစ်ယောက်က အဲ့ကို သွားနေကြပြီပေါ့ … ဒါ အကြံကောင်းတော့ ဟုတ်မနေဘူးနော်…”
“ အဲ့တာ ဘာမှားလို့လဲ … ငါက မနက်ခင်းဆို ခွန်အားလည်း အပြည့်နဲ့ တက်တက်ကြွကြွလည်း ရှိတယ်… တစ်ချို့ ကိစ္စတွေက မနက်ခင်းပိုင်းမှာပဲ လုပ်ရတာ နင်သိလား … အဲ့တာရဲ့ အကျိုးကျေးဇူးတွေက ခန့်မှန်းလို့ မရအောင်ကိုပဲနော်….” နင်ချဲ့ လက်ဝှေ့ရမ်းပြီး ပြောလိုက်သည်။
“ မင်း သူ့ကို ဘာလို့ အဲ့တာတွေ သွားပြောပြနေတာ … သူမှ နားမလည်ပဲ ဥစ္စာ …”
ချိုးယွီလော့ “ …. “
လင်းရီ လူနာခန်းထဲသို့ ပြန်လာ၍ လီချူးဟန်ကို တစ်ချက် ပြန်လည် စစ်ဆေးကြည့်လိုက်သည်။ အခြေအနေက မနေ့ညတုန်းကထက်ပင် ပိုပြီး ကောင်းမွန်လာနေသည်။
သူ လုပ်ဖို့ လိုအပ်တော့သည့် အရာကား …. စောင့်ဆိုင်းနေဖို့ပင်။
လီချူးဟန်ကို ခေတ္တ အဖော်ပြုပေးပြီးနောက် လင်းရီတို့ သုံးယောက်သည် နေ့လည်ရောက်ခါနီးတော့ ဆေးရုံထဲက ထွက်လို့လာသည်။ ထို့နောက် သက်တောင့်သက်သာ အနားယူရန်အတွက် ရေချိုးစင်တာသို့ ထွက်လာခဲ့ကြသည်။
သီးသန့်ခန်းထဲ၌၊ နင်ချဲ့သည် ဝိုင်နှင့် သောက်စရာ အများအပြားကို မှာယူလိုက်၏။ သုံးယောက်မှာ ထုတ်မပြောကြဘဲ အလိုလိုနားလည်မှု ရှိစွာဖြင့် စိတ်ကျေနပ်အားရမှု ရှိသည်အထိ သောက်ခဲ့ကြ၏။ သောက်ဖို့ အတင်းဖြောင်းဖျရန်ပင် မလိုဘဲ တစ်ဖန်ခွက်ပြီး တစ်ဖန်ခွက် ပါးစပ်ထဲ မော့နေကြလေသည်။
ယခုလို ကိစ္စရပ်များ ဖြစ်ပျက်ပြီးသည့်နောက်တွင် သူတို့ ပင်ပန်းထားခဲ့သမျှ အရာအားလုံးကို ယမကာ တန်ခိုးဖြင့် ဖြေလျှော့ဖို့ လိုအပ်နေသည်။
“ ချောင်ရှင်းပြောတာ ငါ့ ဈာပနာနေ့တုန်းက ကျောက်မိုနဲ့ ကျန်တဲ့ကောင်တွေ လာသွားသေးတယ် ဟုတ်လား …” လင်းရီ သူ၏ ဝိုင်ခွက်ကို ကိုင်ရင်း တည်ငြိမ်စွာ ပြောလိုက်သည်။