အခန်း (၁၄၀)
Vol. 10 Ch. 140
"ငါ့ရဲ့ နေထိုင်ရာနေရာကို လာခဲ့ပါ။ မင်းရဲ့ တပည့်တိုကင်က လမ်းပြပေးလိမ့်မယ်"
မက်ဆေ့ချ်က တိုတောင်းသော်လည်း ဒေမီယန်အတွက် လိုအပ်သည့်အရာက ထိုအရာပင်။ သူ တစ်ပတ်လုံး သူ၏ သခင်သစ်ထံမှ သင်ကြားမှုများကို မျှော်လင့်နေခဲ့တာ ဖြစ်သည်။
ဒါဟာ သူ့သခင်သစ်၏ ခွန်အား သို့မဟုတ် ဂုဏ်ပုဒ်ကြောင့်သက်သက် မဟုတ်ပေ။ သူ့လို ဓာတ်တူညီမှုရှိသူက သူ့ကို သင်ကြားပေးမှာ ဖြစ်သောကြောင့်ပင်။
ဤလူ၏ နေရာနှင့် ပတ်သက်သော နားလည်မှုက သူ့ထက် အဆများစွာ သာလွန်နေမည်မှာ သေချာပါသည်။ ၎င်းကို တျန်ယန် တယ်လီပို့ လုပ်သည့်ပုံစံ ကြည့်ပြီးသာ ဆုံးဖြတ်နိုင်သည်။ တစ်စက္ကန့်လေးမျှ အချိန်မဖြုန်းဘဲ ဒေမီယန်တစ်ယောက် အဝတ်အစားလဲပြီး နေထိုင်ရာမှ ထွက်ခွာခဲ့သည်။
တပည့်အမျိုးအစား သုံးမျိုး၏ ကွဲပြားမှုကို တောင်ပေါ်မှ သူတို့၏ ရာထူးနေရာများကပင် သိသာစေပါသည်။ အပြင်စည်းတပည့်များက သူတို့၏ကိုယ်ပိုင်နေရာ မရှိပေ။ သူတို့သည် ဂိုဏ်း၏ အခြားလုပ်ငန်းဆောင်တာများ ရှိသည့် ကြယ်မြို့တော်ထဲမှာ နေထိုင်ကြသည်။
ထိုအရာက သူတို့ဂိုဏ်းမှာ တကယ်ပင် ရာထူးနေရာမရှိဘူးဆိုတာ ပြသသည့် နည်းလမ်းတစ်ခုပင်။ သူတို့ ဝင်လာခဲ့လျှင်တောင် အဆင့်အတန်းမြင့်အောင် မကြိုးစားကြပေ။ သို့သော် ၎င်းသည် သူတို့ဆန္ဒဆိုလျှင်လည်း ထိုအတိုင်းပင်။
ကြယ်တောင် တွင် အောက်ခြေမှ ထိပ်ဆုံးအထိ တောင်တစ်ခုလုံးကို ဖုံးအုပ်ထားသည့် ကြီးမားသော ရှေးဟောင်းလှေကားကြီး တစ်ခု ရှိသည်။ ဤလှေကားသည် ကျောက်ပြောင်ဖြင့် လုပ်ထားပြီး ဗိမာန်တစ်ခုတွင် မြင်တွေ့ရတတ်သည့် ပုံစံမျိုးပင်ဖြစ်သည်။ ခြေလှမ်းပေါင်း ထောင်နှင့်ချီ၊ သောင်းနှင့်ချီတောင် ရှိနိုင်သည်။
မည်သို့ပင်ဖြစ်စေ ကြယ်တောင်က ကြီးမားလှသည်။
အတွင်းစည်းက ကြယ်မြို့တော်ထက် တောင်ပေါ်၌ အနည်းငယ် ပိုမြင့်သည့်နေရာတွင် ရှိပြီး အပြင်စည်းတပည့်များအနေဖြင့် ထိုနေရာသို့ သွားနိုင်သည့် တစ်ခုတည်းသော နည်းလမ်းက ဤလှေကားကို တက်သွားရန်ပင်။
ဤလှေကားတွင် ထူးဆန်းသည့် အင်္ဂါရပ်တစ်ခု ရှိသည်။ တပည့်တိုကင်၌ ခြေလှမ်းများတက်ရန် ခွင့်ပြုသည့် ခွင့်ပြုချက်မရှိပါက ခြေလှမ်းတစ်လှမ်းချင်းစီ တက်သည်နှင့်အမျှ ဖိအားများ တိုးလာသည်ကို ခံစားရမည်ပင်။
ဂိုဏ်းချုပ်၏ နေထိုင်ရာသို့ ရောက်သည့်အချိန်တွင် ဖိအားက သာမန် ဥပဒေချိတ်ဆက်မှု နယ်ပယ် ကျွမ်းကျင်သူများကိုပင် ကြေမွသွားစေနိုင်သည်ဟု ကောလာဟလများ ထွက်ခဲ့သည်။
၎င်းသည် ပြင်ပလူများ ဂိုဏ်းထဲတွင် အတားအဆီးမရှိ ရွေ့လျားခြင်းကိုရော၊ အဆင့်နိမ့်တပည့်များ အရည်အချင်းမပြည့်မီဘဲ လျှောက်သွားခြင်းကိုပါ ကာကွယ်ပေးသည်။ အတွင်းစည်းစာမေးပွဲ၏ တစ်စိတ်တစ်ပိုင်းမှာ ဤဖိအားကို ခံနိုင်ရည်ရှိစွာဖြင့် ဤလှေကားခြေလှမ်းများကို တက်လှမ်းရန်ပင်။
သို့သော် ဤအချက်များ မည်သည့်တစ်ခုမျှ ဒေမီယန်အတွက် အရေးမကြီးခဲ့ပေ။ သူသည် အတားအဆီးမရှိ တက်လှမ်းရန် လိုအပ်သည့် ခွင့်ပြုချက်ကို ရရှိထားပြီးသားပင်။ အတွင်းစည်း အဝင်ဝကို ပြသသည့် ခမ်းနားသော မုခ်ဦးသို့ ရောက်သောအခါ ဒေမီယန်၏ ခန္ဓာကိုယ်ကို ဖိထားသည့် အားကောင်းသော အငွေ့အသက်နှစ်ခုနှင့် ရင်ဆိုင်လိုက်ရသည်။
"ရပ်စမ်း ပြင်ပတပည့်ဖြစ်တဲ့ မင်းက အတွင်းစည်းမှာ ဘာကိစ္စရှိလို့လဲ" ဟူသော ကျယ်လောင်သောအသံတစ်သံ ဂိတ်ဝမှ ထွက်ပေါ်လာခဲ့သည်။
ဖိအားက သူ့ကို ဖိစီးနေသော်လည်း ဒေမီယန်ကိုကျုံ့သွားစေနိုင်လောက်အောင် အားမကောင်းခဲ့ပေ။ အစောင့်များ မြင်နိုင်ရန် သူ၏ တပည့်တိုကင်ကို မြှင့်ပြရင်း သူပြန်ဖြေလိုက်သည်။
"ကျွန်တော်ရဲ့ သခင်က သူ့နေထိုင်ရာကို ခေါ်ထားလို့ပါ"
သူခံစားနေရသော ဖိအားက များစွာ လျော့ကျသွားပြီး သူ့တိုကင်ကို စကင်ဖတ်နေသည့် မာနာလှိုင်းနှစ်ခုဖြင့် အစားထိုးခံလိုက်ရသည်။ ထင်ရှားသည်မှာ ဒေမီယန်သည် သူ့အသိစိတ်ကို ဖြန့်ကျက်နိုင်သူ တစ်ဦးတည်း မဟုတ်ပေ။
အကြည့်နှစ်ခုသည် ရင်ဘတ်ပေါ်တွင် တစ်မိနစ်ခန့် ကြာအောင် စိုက်ကြည့်နေပြီးနောက် ကျန်ရှိနေသော အငွေ့အသက် ဖိနှိပ်မှုနှင့်အတူ ပြန်လည်ပျောက်ကွယ်သွားခဲ့သည်။
"ကောင်းပြီ ဆက်သွားလို့ရပြီ"
အတွင်းစည်းသို့ ဝင်ပေါက် ဂိတ်များ ပွင့်သွားကာ ဒေမီယန်ကိုဖြတ်သန်းခွင့်ပြုခဲ့သည်။ သူမြင်တွေ့ရသော ရှုခင်းသည် ပြင်ပစည်းနှင့် နှိုင်းယှဉ်ပါက များစွာ တိုးတက်ကောင်းမွန်နေခဲ့သည်။
ကြီးမားသော စေတီပုထိုးများသည် သစ်တောသစ်ပင်များကြားတွင် ရောနှောနေပြီး လမ်းလျှောက်လမ်းများနှင့် ရေပန်းများက မြင်ကွင်းကို အလှဆင်ထားသည်။ ၎င်းသည် သေးငယ်သော မြို့လေးတစ်မြို့ကဲ့သို့ပင် ရှိနေသေးသော်လည်း ပြင်ပစည်းထက် ပိုမိုရှုပ်ထွေးမှုနည်းပါးခဲ့သည်။ ပတ်ဝန်းကျင်ရှိ မာနာ၏ အရည်အသွေး တိုးတက်လာသည်ကို ပြောရန်ပင် မလိုပေ။
သို့သော် ဒေမီယန်သည် ဤအရာများကို ဂရုမစိုက်ခဲ့ပေ။ သူသည် ဗဟိုစည်းသို့ ဦးတည်သော လှေကားကို ရောက်ရှိသည်အထိ ဆက်လျှောက်သွားပြီးနောက် တူညီသော လုပ်ထုံးလုပ်နည်းကို ထပ်မံပြုလုပ်ခဲ့သည်။
သူ၏ တပည့်တိုကင်ကို နောက်တစ်ကြိမ် စကင်ဖတ်ပြီးနောက် သူ့ကို ထပ်မံဝင်ရောက်ခွင့် ပြုခဲ့သည်။ သို့သော် ဗဟိုစည်းက သူ့ကို တကယ်ပင် မှင်တက်သွားစေခဲ့သည်။
သူ၏ ချက်ချင်းမြင်ကွင်းအတွင်း နေအိမ် အနည်းငယ်သာ ရှိသော်လည်း သူတို့အားလုံးသည် ကမ္ဘာပေါ်ရှိ ဈေးအကြီးဆုံး အိမ်ကြီးများ ဖြစ်နိုင်လောက်အောင် ခမ်းနားလှသည်။ တောင်ပေါ်ရှိ သစ်ပင်ပန်းမန်များသည် ဤနေရာတွင် ပိုမိုသက်ဝင်လှုပ်ရှားနေပြီး အပင်များသည် တကယ်ပင် သတိရှိခြင်းရရှိထားပုံရသည်။
အပင်များ မိမိကိုယ်ကို သိမြင်မှုရရှိပြီးနောက်တွင်ပင် အဘယ်ကြောင့် ဤမျှ နာခံမှုရှိနေသည်ကို ဒေမီယန် မသိခဲ့သော်လည်း ဂိုဏ်းက သူတို့ကို ထိုသို့ဖြစ်အောင် လေ့ကျင့်ပေးထားသည်ဟု သူယူဆခဲ့သည်။
သို့သော် သူ၏ အာရုံကို ဖမ်းစားခဲ့သည်မှာ တစ်ဖန်ပြန်၍ ပတ်ဝန်းကျင်မာနာပင်။ အတွင်းစည်းရှိ ပတ်ဝန်းကျင်မာနာသည် ပြင်ပစည်းနှင့် နှိုင်းယှဉ်ပါက သိပ်သည်းဆနှင့် သန့်စင်မှုတွင် အဆ ၁၀ ဆ တိုးလာခဲ့ပါက ဗဟိုစည်းသည် အဆ ၁၀၀ တိုးလာခြင်း ဖြစ်သည်။
မာနာသည် အလွန်အမင်း သန့်စင်လွန်းသဖြင့် ဒေမီယန်သည် လမ်းလျှောက်နေစဉ် သူ၏ ပခုံးပေါ်တွင် ၎င်း၏ အလေးချိန်ကို တကယ်ပင် ခံစားနိုင်ခဲ့သည်။ ၎င်းသည် ရေတိမ်ထဲတွင် ရေကူးခြင်းနှင့် တူညီသော်လည်း လေထုတစ်ခုလုံးက ထိုသို့ ခံစားရခြင်းပင်။
ဒေမီယန် ဆက်လက် ရှေ့ဆက်သွားနေခဲ့ပြီး သူသွားရမည့် နေအိမ်ကို ရှာဖွေနေခဲ့သည်။ အဝေးမှ ဂိုဏ်းချုပ် နေထိုင်ရာ ခမ်းနားသော နန်းတော်ကို သူ မြင်နေရသည်။
နန်းတော်နှင့် အရမ်းမနီးစပ်သလို အရမ်းမဝေးသည့်နေရာတွင် ဗဟိုစည်း၏ ကျန်ရှိသည့် ပတ်ဝန်းကျင်နှင့် လုံးဝမကိုက်ညီသော နောက်ထပ်နေအိမ်တစ်ခုကို သူတွေ့လိုက်ရသည်။ ၎င်းသည် နှစ်ထပ်တိုက်အရွယ်အစားရှိသည့် စေတီပုထိုးငယ်လေးတစ်ခု ဖြစ်သည်။ သာမန်မိသားစုတစ်စုနေထိုင်မည့် နေရာမျိုးလို ရိုးရှင်းပြီး သက်တောင့်သက်သာရှိပုံရသည်။
သို့သော်လည်း ၎င်းသည် သူ့၏ ဦးတည်ရာပင်။ ၎င်းသည် ကောင်းကင်ကြယ်နန်းတော်၏ အဘိုးအိုကြီး၏ နေအိမ်ပင်ဖြစ်သည်။
'ဒီအဘိုးအိုကြီးနဲ့ တန်တယ်' ဟု ဒေမီယန်က အိမ်သို့ ရောက်သောအခါ တွေးလိုက်သည်။ ဂိုဏ်းထဲ၌ အဘိုးကြီး၏ ဂုဏ်ပုဒ်မရှိဘူးဆိုလျှင် ဤအစီအစဉ်က "ဝက်ကလေးအယောင်ဆောင်ပြီး ကျားကိုစား" ဆိုသည့် စကားပုံနှင့် အလွန်ကိုက်ညီမည်ဟု သူ ခံစားရသည်။
ဒေမီယန်၏ ရှိနေခြင်းကို ကြေညာရန်ပင် မလိုဘဲ နေအိမ်တံခါးက ပွင့်သွားပြီး ရိုးရှင်းပြီး အလှဆင်ထားတာနည်းပါးသည့် အခန်းကို မြင်လိုက်ရသည်။
"ကြိုဆိုပါတယ် ဒေမီယန်။ မင်း ငါနဲ့အတူ သင်ခန်းစာအများစုကို ဒီမှာပဲ ဖြတ်သန်းရလိမ့်မယ်၊ ဒါကြောင့် ဒါနဲ့ အသားကျအောင်နေပါ။ ဒါပေမယ့် ချက်ချင်းတော့ မစသေးဘူး။ မင်းရဲ့ အစ်မကြီး ရောက်လာဖို့ ငါတို့စောင့်ရမယ်။"
"ဟမ်"
ဒေမီယန် အံ့အားသင့်စွာ ပြောလိုက်သည်။
အစ်မကြီး ဟုတ်လား။
သူ ဒီမှာ ဘယ်သူ့ကိုမှ မသိသလို ရန်သူလည်း မရှိသေးဘူးဆိုတော့ သူမရောက်လာသည့်အထိ စိတ်အေးအေးနှင့် စောင့်နေခဲ့သည်။
သို့သော် သူ ကြာကြာစောင့်စရာ မလိုခဲ့ပေ။ မိနစ်အနည်းငယ်အတွင်းမှာပင် သာယာကြည်လင်သည့် အသံတစ်သံ အခန်းထဲ ပဲ့တင်ထပ်လာခဲ့သည်။
"ဆရာ ဘာလို့ ကျွန်မကို ဒီကိုခေါ်တာလဲ။ ကျွန်မ ယင်ဒြပ်စင်ကို တိုးတက်ဖို့ ကြိုးစားနေတယ်ဆိုတာ ဆရာသိပါတယ်"
ဒေမီယန်က ထိုအသံကို ကြားဖူးသလိုလို ရင်းနှီးနေသည်ဟု ခံစားလိုက်ရသည်။ သို့သော် ထိုအသံ၏ လေသံက သူ နောက်ဆုံးကြားခဲ့ရသည့် လေသံနှင့် လုံးဝမတူခဲ့ပေ။ ဤအချက်ကြောင့် သူလှည့်ကြည့်လိုက်သောအခါ မြင်ရမည့်သူကို သူမျှော်လင့်မထားခဲ့ပေ။
သူတို့နှစ်ဦး အကြည့်ချင်းဆုံသွားပြီး အမျိုးသမီး၏ အကြည့်က ချက်ချင်းဆိုသလို အေးစက်သွားခဲ့သည်။
"ဘာကြည့်နေတာလဲ"
၎င်းသည် သူမျှော်လင့်ထားသည့် လေသံပင်။ အေးစက်ပြီး၊ မာနကြီးကာ အနည်းငယ် စက်ဆုပ်ရွံရှာသည့် အမူအရာလည်း ပါနေခဲ့သည်။
"ဟင်။ ကောင်းပြီ၊ ကျွန်တော့်ဆရာက ကျွန်တော့် အစ်မကြီးနဲ့ တွေ့ရမယ်လို့ ပြောလို့ သူမကို ကြည့်ဖို့ လှည့်ကြည့်လိုက်တာပဲ"
ဒေမီယန်က မျက်နှာသေနှင့် ပြန်ဖြေလိုက်သည်။
လူဂွစာမိန်းမကများ ဟွန့်…..
ဤကောင်မလေးက မာနကြီးနိုင်သော်လည်း ဤနေရာ၌ သူရှုံးမည်မဟုတ်ပေ။ သူက သူ့မာနကို ပိုမြင့်သည့်တောင်များကို ကြည့်ပြီး ထိန်းချုပ်ထားတတ်ခြင်းသာ ရှိသည်။
သို့သော် ဤအမျိုးသမီးက သူ၏ ရှိနေခြင်းကို အမြဲတစေ စက်ဆုပ်ရွံရှာနေပုံရခြင်းကို သူ မကြိုက်ပေ။ သူ သူမကို စော်ကားရန် ဘာမှ မလုပ်ခဲ့သော်လည်း ဤကဲ့သို့ ဆက်ဆံမှုကို ခံနေရခြင်းပင်။ သူ ဤသို့ အထင်သေးတာမျိုးကို လဲလျောင်းပြီး ခံမည်မဟုတ်ပေ။
ဒေမီယန်၏ ပြောင်လှောင်သည့် အဖြေက အမျိုးသမီးကို ပိုမို စိတ်ဆိုးစေခဲ့သည်မှာ ရှင်းလင်းလှသည်။ သူတို့နှစ်ဦး အချင်းချင်း စိုက်ကြည့်နေစဉ် တျန်ယန်က ရယ်မောပျော်ရွှင်စွာ ပြုံးနေခဲ့သည်။
“ဒေမီယန် မင်းရဲ့ အစ်မကြီး ရွှယ်ယုယွဲ့ပဲ”