← Chapters

အမည်ခံ မူလတာအို နယ်ပယ်။

Vol. 27 Ch. 324

အမည်ခံ မူလတာအို နယ်ပယ်။

Vol. 27 Ch. 324

အနှစ်သုံးသောင်း ကြာမြင့်သော အမှောင်တားမြစ်စွမ်းအားများဟူသည် ရှုပ်ထွေး လှသော်လည်း အမှန်တွင် အလွန်ရိုးရှင်း၏။

ထိုစဉ်က မိုးပြာမူလ အသွင်ပြောင်းလဲခြင်းသည် ကောင်းကင်နှင့် မြေကြီးကြား စည်းမျဉ်းများအပေါ် ရုတ်ချည်း ပြောင်းလဲသွားစေသည်။

ကြီးစွာသော ဘေးဥပဒ်သည် တိုက်ကြီးအတွင်းရှိ ဂိုဏ်းဂဏကြီးအားလုံး အပေါ် အကျိုးသက်ရောက်ခဲ့၏။

အာကာသ အတားအဆီးတွင် အက်ကွဲကြောင်းများပေါ်လာပြီး အခြားကမ္ဘာမှ ကျင့်ကြံသူများအတွက် အခွင့်အရေးယူရန် အကောင်းဆုံးပေပင်။

မိုးပြာမူလ အရင်းအမြစ်သည် အနည်းဆုံး အနှစ်သုံးသောင်းတိုင်အောင် ဝိညာဉ်စွမ်းအင်ကို အဆက်မပြတ် ဝါးမျိုရန် လိုအပ်သည်။ ကျင့်ကြံသူ တစ်ဦးကဲ့သို့ ပေပင်။

အဆုံးတွင် စုပ်ယူထားသော ထိုဝိညာဉ်စွမ်းအင်များကို ပြန်လည်ထုတ်လွှတ် အသွင်ပြောင်းမည့်အချိန်သည် ရွှေခေတ် ဖြစ်သည်။

ယင်းသည် ပင်လယ်ဘုရင်ရရှိခဲ့သော ကျောက်ပြားပေါ်ရှိဝါကျများကို ပြန်လည် သတိရလာစေ၏။

ချိပ်ပိတ်ထားသော စွမ်းအားများ လွတ်မြောက်လာမည်ဆိုသည်မှာ အမှောင် တားမြစ်စွမ်းအင်မှ ဖိနှိမ်ထားသော အမွေများစွာ ပြန်လည်ထွက်ပေါ်လာမည်။

ပိတ်ဆို့ထားသော အတားအဆီးများ ပြိုကျမည်ဟူသည် အာကာသလမ်းကြောင်းများ ပြန်၍ ပွင့်လာကာ အခြားကမ္ဘာများဖြင့် အဆက်အသွယ်ရပေမည်။

ထိုအချိန်တွင် အခြားသော ကမ္ဘာများမှ ကျွမ်းကျင်သူများ မုချရောက်ရှိလာမည်ဖြစ်ရာ သွေးလွှမ်းသော တိုက်ပွဲများသည်လည်း ပြည့်နှက်လာမည်။

ပုံမှန်မဟုတ်သော အရာများသည် နိမိတ်ဖြစ်ချေပြီဟူသည် ဤကာလအတွင်း ကြုံခဲ့ရသော ခန္ဓာကိုယ်လုယူသူများအပေါ် ဆိုလိုသည်။

“ မိုးပြာမူလ တွင်းနက်ကြီး ဘယ်မှာလဲဆိုတာကို ရှာတွေ့နိုင်ရင် အမှောင် တားမြစ်စွမ်းအား ပေါက်ကွဲရတဲ့ အကြောင်းရင်းကို သိနိုင်မယ် ... ။ ”

ရုတ်တရက် သူ့မိခင် ရီယုဖေး၏ ငရဲမိုးကြိုးခေါင်းလောင်းကို သတိရလာသည်။ ၎င်းအပေါ်တွင် ကောင်းကင်ပေါ်တက်နေသော ထူးဆန်းသည့် သစ်ပင်ကြီးတစ်ပင်ရှိ၏။

၎င်းအကိုင်းအခက်များတွင် ကြယ်သေကြီးများ တွဲလျောင်းကျနေခဲ့သည်။ ထို့ကြောင့် မိုးပြာမူလကို ရှာဖွေရန် အာကာသ အတားအဆီးကို ဖြတ်ကျော်လာကြောင်း အကြမ်းဖျင်း ကောက်ချက်ချနိုင်၏။

“ မိုးပြာတိုက်ကြီးက တကယ့်ကို ... စိတ်ဝင်စားစရာ ကောင်းလာပြီ။ ”

ယခင်က သူ့ကျင့်ကြံမှု မြင့်မားလာပြီး လိုအပ်ချက်များကို မဖြည့်ဆည်းပေးနိုင်သော အချိန်၌ ဤတိုက်ကြီးမှ ထွက်ခွာသွားရန် စဉ်းစားထားခဲ့သည်။

ယခုမူ ရွှေခေတ် ရောက်ရှိလာတော့မည် ဖြစ်သည်။ ထိုအချိန်၌ လူမည်မျှ ပေါ်လာမည်ကို သူ သိချင်သည်။

၎င်းတို့အားလုံးသည် ကြက်သွန်မြိတ်များသာဆိုသော် အရမ်းပျင်းစရာ ကောင်းပေလိမ့်မည်။

ထို့နောက် အနန္တဓားသုတ္တန်ကို ဖတ်ကြည့်လိုက်သည်။ ဤဓားသုတ္တန်သည် အမှန်ပင် အလုံးစုံလွှမ်းခြုံထား၏။

၎င်းတွင် ဧကရာဇ်နယ်ပယ်အထိ ကျင့်ကြံရန်လုံလောက်သော အမွေအပြည့်အစုံ ပါရှိသည်။

အရိုင်းပြည်နယ်ကိုးပါး၏ အမြင့်မြတ်ဆုံး အမွေများနှင့် ယှဉ်နိုင်၏။ ဧကရာဇ်များသည်ပင် စွဲမက်နိုင်ပေမည်။

အဆုံးတွင် ဤအမွေတစ်ခုတည်းဖြင့် တာအိုဂိုဏ်းထူထောင်ပြီး အင်မော်တယ်ဘဝကို ဖြတ်သန်းရန် လုံလောက်သည်။

တာအိုကျမ်းများကို ပေါ့ပေါ့ပါးပါး ဖန်တီး၍မရဟူသည့် ဆိုရိုးစကားများအတိုင်း ဧကရာဇ်တစ်ပါး ဖန်တီးသောတာအိုကျမ်းသည် လေးနက်ချေပြီ။

သို့သော် ကံမကောင်းစွာဖြင့် သူ့အပေါ် သက်ရောက်မှုမရှိချေ။ အမွေ ပြတ်တောက်မှု မရှိသည့်အပြင် သူပိုင်ဓားသုတ္တန်များသည် အနန္တဓားသုတ္တန်ထက် ပိုလေးနက်သည်။

၎င်းဖြင့်နှိုင်းယှဉ်သော် အရိုးဖြူတံဆိပ်သည်သာ စိတ်ဝင်စားစရာပင်။ အဆုံးတွင် ဤတံဆိပ်ဖြင့် တားမြစ်အစီရင် အားလုံးကို ထိန်းချုပ်နိုင်မည်။

“ ဝှစ် ... ။ ”

အရိုးဖြူတံဆိပ်ကို ကိုင်ထားပြီး လက်ဝှေ့ယမ်းလိုက်ရာ လှေကားထစ်များအပေါ် ဖုံးအုပ်ထားသည့် အစီရင်မှာ ပျောက်ကွယ် သွားခဲ့သည်။

စောင့်ဆိုင်းနေသော ဟွာရှင်းဖန်မှ ထိုမြင်ကွင်းကြောင့် မျက်ဝန်းများတောက်ပပြီး ချက်ချင်းပြေးလာ၏။

“ သခင်လေး ... ၊ ဒါက ဘယ်လို အမွေမျိုးလဲ။ ”

စုရီက ရလာသမျှကို ဖုံးကွယ်မထားဘဲ ပြန်ပြောပြလိုက်သည်။ အဆုံးတွင် မဟူရာ ရွှေကျောက်စိမ်းတုံးကို ထုတ်ယူကာ၊

“ ဒါကို မင်းဖတ်ကြည့်လို့ ရတယ် ... ဒီအရိုးဖြူတံဆိပ်ကိုတော့ ငါမပေးနိုင်ဘူး။ ”

-ဟု ပြောကြားလိုက်၏။

“ ငါ ဒီနေရာမှာ အဆင့်ချိုးဖြတ်ဖို့ စီစဉ်ထားတယ် ... မင်းမှာ လုပ်စရာမရှိရင် ငါ့ကို မနှောင့်ယှက်ပါနဲ့။ ”

စကားဆုံးသည်နှင့် တင်ပျဉ်ခွေထိုင် ချလိုက်ကာ စုရီမျက်လုံးများ မှိတ်သွားခဲ့သည်။ ဟွာရှင်းဖန်က လိမ္မာပါးနပ်စွာဖြင့် မဟူရာ ရွှေကျောက်စိမ်းတုံးကို ယူကာ အောက်ဆင်း သွားတော့၏။

ထို့နောက် မဟူရာ ရွှေကျောက်စိမ်းတုံးအတွင်း နတ်အာရုံဖြင့် စူးစမ်းလျက် နစ်မြုပ်သွားတော့သည်။

“ ဝှစ် ... ။ ”

စုရီက လက်ဝှေ့ယမ်းလိုက်ရာ ဝိညာဉ်ကျောက်တုံးများအပြင် ဝိညာဉ်ရေး ဆေးမျိုးစုံ ထွက်ပေါ်လာ၏။

ဤအရာများသည် ကြိုတင်ပြင်ဆင် ထားသော ရတနာများဖြစ်သည်။ ၎င်းတို့သည် ထူးကဲသော အရည်အသွေးရှိကာ ရှားပါးပြီး အဖိုးတန်လှ၏။

အဆုံးတွင် လက်ဖဝါးအရွယ်ရှိ ရုပ်တုတစ်ခုကို ထုတ်ယူလိုက်သည်။ အဖြူဝတ် သူတော်စင်တစ်ပါးသည် ကြာပန်းတံဆိပ်ကို ဖန်တီးလျက် နဂါးပေါ်ထိုင်နေ၏။

၎င်းကို စစ်မှန်သော နဂါးအရိုးဖြင့် ပြုလုပ်ထားပြီး ဝိညာဉ်ပျောက်ကွယ်နေခဲ့သည်။ သို့သော် ထိုစဉ်က နဂါးသွေးတစ်စက်ကို ဤအတွင်း တံဆိပ်ခတ်ထား၏။

မူလတာအိုနယ်ပယ်ကို ဝင်ရောက်ရန် ကြိုးစားသောအခါ ဤသွေးအပေါ် အသုံးပြုရန် ကြံစည်ထားသည်။ ထိုနည်းဖြင့် အသန်မာဆုံး တာအိုမျိုးစေ့ကို ရရှိပေမည်။

သက်ပြင်းများ မှုတ်ထုတ်လျက် အာရုံထွေပြားသော အတွေးများ အားလုံးကို ဖယ်ရှားကာ နစ်မျောသွားတော့သည်။

များမကြာခင် စိတ်ဝိညာဉ်ကြည်လင် လာပြီးနောက် သူ့ကိုယ်သူ မေ့လျော့သွားကာ စွမ်းအင်စီးဆင်းနေသံများသာ ကြားနေရ၏။

အချိန်များ တရွေ့ရွေ့ ကုန်လွန်သွားသည်။ စုရီရှေ့ရှိ ဝိညာဉ်ရေး ဆေးဘက်ဝင်အပင်များနှင့် ဝိညာဉ်ကျောက်တုံးများမှာ တဖြုတ်ဖြုတ် ပျောက်ကွယ်နေခဲ့၏။

သုံးရက် ကုန်လွန်ပြီးနောက် ကျောက်စိမ်းစင်မြင့်ပေါ်တွင် တောက်ပသော အလင်းရောင်များဖြင့် နစ်မြုပ်နေသည်။

ခန္ဓာကိုယ်အနှံ့ရှိ အပ်စိုက်မှတ်များတွင် ငရဲဘုံကိုးပါး ဓားတစ်လက်စီ ဖြစ်ပေါ်လာသည်။ သို့သော် အသိစိတ်ပင်လယ် အတွင်းရှိ ဓားကဲ့သို့ သံကြိုးများ မပါရှိချေ။

တစ်ချိန်တည်းမှာပင် လျှို့ဝှက် သွေးပြန်ကြောသည် ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ် အကြားချိတ်ဆက်ကာ ဝိညာဉ်လမ်းကြောင်း (၁၀၈)ပါးထံ ပေါင်းကူးတော့၏။

အတွင်းအင်္ဂါငါးပါးသည် ဝိညာဉ်အလင်းများ တောက်ပလျက် ကြီးမားသော မီးဖိုကြီးနှင့်တူပြီး ဒြပ်စင်ငါးပါးရောင်ဝါကို အဆက်မပြတ် ထုတ်လွှင့်နေခဲ့သည်။

ဤအခိုက်အတန့်တွင် များပြားလှသော တာအိုကျက်သရေပါရှိသော တာအိုကြယ်ချီများ အားလုံး မီးတောင်ကဲ့သို့ ပေါက်ကွဲလျက် မူလ စွမ်းအင်အဖြစ် အသွင်ပြောင်းနေခဲ့၏။

“ ဝှစ် ... ။ ”

စုရီက နဂါးသွေးတစ်စက်ကို မျိုချလိုက်သောအခါ အတားအဆီးအလွှာအပေါ် ချိုးဖျက်လိုက်သကဲ့သို့ မြည်သံထွက်လာ၏။

ခန္ဓာကိုယ်သည် ပြင်းစွာတုန်ခါလျက် စူးရှသော ဓားရောင်ဝါများ ပေါက်ကွဲထွက်လာ တော့၏။ ထိုမြင်ကွင်းအပေါ် ဟွာရှင်းဖန်မှ ခေါင်းမော့ကြည့်မိသည်။

“ မူလတာအိုကို တက်လှမ်းနေတာလား။ ”

အတွေးဖြင့် စိုးရိမ်စိတ်များ ဝင်ရောက်လာတော့၏။ ကြည့်နေဆဲမှာပင် စုရီခန္ဓာကိုယ်မှ ထွက်နေသောရောင်ဝါသည် တဖြည်းဖြည်း ပြန်၍ဆုတ်သွားချေပြီ။

“ ဘာဖြစ်တာလဲ ကျရှုံးသွားတာလား။ ”

ခဏအကြာတွင် ရောင်ဝါများအားလုံး ပြန်လည်ငြိမ်သက်သွားတော့၏။ ဟွာရှင်းဖန်မှ အံ့အားသင့်သွားသည်။

တင်ပျဉ်ခွေထိုင်နေသော စုရီ၏ မျက်နှာပေါ်တွင် တုန်ယင်နေသောအမူအရာမျိုး ဖြစ်ပေါ်လာ၏။

မူလတာအိုသို့ ချိုးဖြတ်ခြင်းသည် အလွန်ချောမွေ့ခဲ့သော်လည်း ဒါန်တမ်အတွင်း၌ တာအိုမျိုးစေ့ ဖွဲ့စည်းရာတွင် ကျရှုံးသွားချေပြီ။

ရှေးဦးခေတ်မှ ယနေ့အထိ အရိုင်းမြေကိုးပါး၌ပင် ထိုအဆင့်တာအိုမျိုးစေ့ကို မည်သူမျှ မဖွဲ့စည်းနိုင်သည်မှာ အံ့ဩစရာ မရှိတော့ချေ။

သို့သော် ငရဲကမ္ဘာတွင် ဤတာအိုမျိုးစေ့ အကြောင်း အခိုင်အမာ မှတ်တမ်းတင်ထား၏။ ယခင်ဘဝ စူးစမ်းလေ့လာမှုများအရ လက်ရှိဘဝ အုတ်မြစ်ဖြင့် သူ အောင်မြင်သင့်သည်။

သို့သော် နောက်ဆုံးအဆင့်တွင် မလုပ်ဆောင်နိုင်ခဲ့ချေ။ အဘယ်ကြောင့်နည်း။ တစ်နေရာရာ၌ တစ်စုံတစ်ရာ လွတ်သွားခဲ့ သည်လော။

သို့မဟုတ် ကောင်းကင်တာအိုကို စိန်ခေါ်စေချင်သည်လော။ သေချာသည်မှာ တာအိုမျိုးစေ့ကို ဖွဲ့စည်းရန် အရင်းမြစ်များဖြင့် မဖြစ်နိုင်ကြောင်း သိရှိလိုက်သည်။

ဆိုလိုသည်မှာ အခွင့်အရေးတစ်ခု လိုနေပုံပေပင်။ သို့မှသာ ကောင်းကင်တာအို၏ ဒေါသကိုခံယူလျက် ဖွဲ့စည်းရမည်ဖြစ်၏။ ခဏအကြာတွင် ထရပ်လိုက်သည်။

“ သခင်လေး အဆင်ပြေလား။ ”

ဟွာရှင်းဖန်မှ အနားရောက်လာပြီး အနည်းငယ်စိုးရိမ်သွားသည်။

“ ငါအဆင်မပြေတဲ့ပုံ ပေါ်နေလို့လား။ ”

စုရီက ပြန်ဖြေသည်။

“ စိတ်ဓာတ်မကျနဲ့ ... ငါ့အမြင်အရတော့ သခင်လေးရဲ့ ရှန်ရှင်းအုတ်မြစ်က အရမ်းသန်မာ လွန်းတာကြောင့် အခက်အခဲတွေက ...

... ရွယ်တူတွေထက် ကျော်လွန်နေတာပါ အနာဂတ်မှာ သေချာပေါက် အောင်မြင်မယ်လို့ ငါယုံကြည်တယ်။ ”

ဟွာရှင်းဖန်မှ ပြန်မဖြေဘဲ နှစ်သိမ့်ပေးလာသည်။ စုရီတစ်ယောက် မျက်ခုံး ပင့်လိုက်၏။

“ ဟမ့် ... ငါကျရှုံးတယ်လို့ မင်းကို ဘယ်သူပြောလဲ။ ”

သိုင်းတာအိုနယ်ပယ်ကို ကျော်ဖြတ်ရန် အသုံးပြုခဲ့သော အရင်းမြစ်များမှာ မိုးပြာတိုက်ရှိ ကျွမ်းကျင်သူများစွာအပေါ် ရူးသွပ်စေနိုင်၏။

အထူးသဖြင့် ထိုနဂါးသွေးတစ်စက်ကို မြင်သောအခါ ဝိညာဉ်တာအိုနယ်ပယ်ပင်လျှင် သွားရည်ကျပေလိမ့်မည်။ ထိုအရာများကို ဖြုန်းတီးမိသော် ရယ်စရာပေပင်။

“ အမ် ... မဟုတ်ဘူးလား။ ”

ဟွာရှင်းဖန်မှ အံ့အားသင့်သွားတော့သည်။

“ ဘယ်ဟုတ်မလဲ ... ငါတစ်ဝက် အောင်မြင်တယ် ... စွမ်းအင်မျိုးစေ့ကိုဖွဲ့စည်းဖို့ ခြေလှမ်းတဝက်ပဲလိုတော့တယ် ... ဒါကလည်း အခွင့်အရေးကို စောင့်နေတာ။ ”

လက်ရှိ ကျင့်ကြံမှုအဆင့်သည် အမည်ခံမူလတာအိုအဆင့်ဖြစ်၏။ တာအိုမျိုးစေ့ ဖွဲ့စည်းနိုင်မှသာလျှင် စစ်မှန်သော မူလတာအို နယ်ပယ်ရောက်ပေမည်။

“ အခွင့်အရေးလိုသလား။ ”

ဟွာရှင်းဖန်မှ အနည်းငယ် စိတ်ရှုပ်သွားချေပြီ။ သူမ သိသ၍ ဤလောက၌ ကျင့်ကြံသူများသည် စွမ်းအင်မျိုးစေ့ဖွဲ့စည်းရန် အခွင့်အရေး မလိုအပ်ချေ။

ယင်းအစား ၎င်းတို့စုစည်းထားသော စွမ်းအင်မျိုးစေ့သည် ခိုင်ခံ့ပြီးသန့်စင်မှု ရှိ-မရှိ အပေါ်သာ ဆန်းစစ်ကြ၏။

သူမသည်လည်း မူလတာအိုနယ်ပယ်ထဲ ဖြတ်ကျော်ဝင်ရောက်စဉ် အရာအားလုံးသည် အလွန်ချောမောခဲ့သည်။

ခုနစ်ရက်ကြာ တရားထိုင်ပြီးနောက် ပထမတန်းစား စွမ်းအင်မျိုးစေ့မျိုးကို သဘာဝ အတိုင်း ပေါင်းစည်းနိုင်ခဲ့၏။

“ ငါမင်းကို ပြောပြရင်တောင် မင်းနားမလည်နိုင်ဘူး။ ”

စုရီမှ ခေါင်းခါကာ ရှင်းပြရန် ပျင်းသွားသည်။

“ သွားကြရအောင် ... ။ ”

အဆုံးတွင် ထွက်ခွာရန် ဆုံးဖြတ်လိုက်၏။ ဤအရပ်တွင် သူ သုံးရက်ကြာနေပြီ ဖြစ်သည်။ ထို့နောက် သူ့လက်ထဲရှိ အရိုးတံဆိပ်ပြားထံမှ လေဟာနယ်လှိုင်းအချို့ ထွက်ပေါ်သည်။

များမကြာမီ စုရီနှင့် ဟွာရှင်းဖန်တို့၏ ပုံရိပ်များသည် ထိုအရပ်မှ ‌ပျောက်ကွယ်သွား ကြတော့၏။

***

Book-27

All Chapters