← Chapters

ဖိအားကို တောင့်တခြင်း ... ။

Vol. 27 Ch. 316

ဖိအားကို တောင့်တခြင်း ... ။

Vol. 27 Ch. 316

ရှေးကျသော အဝတ်အစားများ ဝတ်ထားသည့် အဖိုးအို၏ အမည်မှာ ယွင်ပိုင် ဖြစ်သည်။ ၎င်းမှ လှမ်းထွက်လာသည်နှင့် အဝတ်အစားများ စုတ်ပြဲလျက် အရပ်ရှည် ထွက်လာပြီး အနက်ရောင် အကြေးခွံများ ပေါ်လာသည်။

မျက်ဝန်းများ နီမြန်းလာကာ နှုတ်ခမ်းထောင့်စွန်းတွင် လခြမ်းပုံသဏ္ဍာန် အစွယ်တစ်စုံ ပေါက်လာ၏။

ထို့ပြင် မူလနန်းတော်ရောင်ဝါများ ပေါက်ကွဲပြီး မီးမိစ္ဆာတစ်ပါးကဲ့သို့ ပျင်းပျသည့် ခံစားချက်များ ပေးစွမ်းနေသည်။

“ ဒါ ... ။ ”

လူတိုင်းထိတ်လန့်ကုန်ပြီး အသက်ရှူရ ခက်ခဲလာ၏။ အဘိုးအိုသည် အားလင်၊ ဆေဘာ ဓားသမားတို့ထက် သန်မာနေချေပြီ။

ငါးမီတာခန့် မြင့်သော ခန္ဓာကိုယ်ဖြင့် မီးတောက်များ ဖုံးလွှမ်းနေသည့် အသွင်သည် လူရိုင်းနတ်ဘုရားအလား ထင်မှားစေ၏။

အနည်းငယ် စိတ်မရှည်ဖြစ်နေသော စုရီသည်ပင် မျက်ခုံးပင့်ကာ တစ်ချက်ကြည့် လိုက်မိသည်။

“ မီးနတ်ဆိုးလား ... ။ ”

ဤသည်မှာ အစွမ်းထက်သော မျိုးဆက်သွေးနှင့် မီးရည်ရွယ်ချက်အပေါ် မွေးရာပါ ထိန်းချုပ်နိုင်သည့် ဝိညာဉ်နတ်ဆိုး မျိုးစိတ်တစ်ခုဖြစ်သည်။ ၎င်းက စုရီကို လက်သီးဖြင့် ထိုးချလာ၏။

လေဟာနယ် တစ်ခုလုံး ပရမ်းပတာ ဖြစ်သွားကာ အနက်ရောင် နတ်ဆိုးမီးလျှံများ တောက်လောင်လာသည်။ ပြိုင်ဘက်ကင်း ကြမ်းကြုတ်လွန်းသော စွမ်းအားဖြစ်၏။

“ ဝုန်း ... ။ ”

စုရီမှရှောင်တိမ်းခြင်းမပြုဘဲ လက်သီးဖြင့် ပြန်၍ ထိုးနှက်လိုက်သည်။ လေဟာနယ် ပုံပျက် သွားတော့၏။ စုရီအသွင်သည် အနည်းငယ် တုန်ခါသွားသော်လည်း လှုပ်ရှားခြင်းမရှိချေ။

အဘိုးအိုသည်သာ တုန်ယင်လျက် ခြေတစ်လှမ်း ပြန်ဆုတ်သွားလေသည်။ သို့တိုင် အေးစက်သော ရောင်ဝါများ ပေါက်ကွဲလာပြီး ထပ်မံဝင်ရောက်လာ၏။

“ ဝှီး ... ။ ”

ဤတစ်ကြိမ်တွင် လက်သီးသည် အဟုန်ပြင်းလှသဖြင့် ရင်ပြင်တစ်ခုလုံး တုန်ခါ သွားတော့သည်။

“ မလုံလောက်ဘူး ... ။ ”

စုရီမှ ခေါင်းခါလိုက်သည်။ ထို့နောက် သွေးနှင့်ချီလောင်ကျွမ်းစေလျက် လက်ချောင်း များကို ဓားကဲ့သို့ စုစည်းကာ လေထုအလယ် ခုတ်ပိုင်းပစ်လိုက်သည်။

“ ချွင် ... ။ ”

မူလစွမ်အင်များသည် ကြည်လင်တောက်ပသော ကြယ်များကဲ့သို့ လိုက်ပါလာ၏။

“ ဘန်း ... ။ ”

အဘိုးအို၏ လက်သီးသည် အလွန် ပြင်းထန်လှသော်လည်း စက္ကူကဲ့သို့ ကြေမွသွား တော့သည်။ တုန်လှုပ်စရာပေပင်။

သူဟူသည် တူညီသော နယ်ပယ်တွင် ပြိုင်ဘက်များကို အလွယ်တကူ အနိုင်ယူနိုင်စွမ်း ရှိချေ၏။ ထို့ကြောင့် ဤရလာဒ်သည် သူ့ကို မယုံနိုင်လောက်အောင် ဖြစ်စေသည်။

မိုးပြာတိုက်ကြီးတွင် သည်မျှ အစွမ်းထက်လွန်းသော ရှန်ရှင်သိုင်းသမားတစ်ဦး မည်သို့ရှိနေနိုင်သနည်း။

“ သတ် ... ။ ”

“ သတ် ... ။ ”

ထိုအချိန်တွင် အားလင်နှင့် ဆေဘာဓားသမားက တိုက်ပွဲအတွင်း ဝင်ရောက် လာတော့သည်။

“ ဝှီး ... ။ ”

ငွေလှံကို ဝှေ့ရမ်းထားသောကြောင့် ကောင်းကင်တခွင် နှင်းခဲအလွှာကြီး တစ်ခုကဲ့သို့ လေဟာနယ် အေးခဲသွားချေပြီ။

တစ်ဖက်တွင် ဆေဘာဓားသည်လည်း အလွန်ကြောက်မက်ဖွယ်ကောင်းသော ရောင်ဝါ ထုတ်ဖော်လာသည်။

ဆေဘာဓားတစ်လက်လုံး သွေးနီရောင်တောက်ပလျက် လေဟာနယ် နှင်းခဲလွှာကြီးကို နီမြန်းသွားစေ၏။

“ အကြွင်းမဲ့ ဖျက်ဆီးခြင်း ဆေဘာ။ ”

ဤသည်မှာ အံ့ဖွယ်သတ်ဖြတ်ခြင်း နည်းစနစ်ပေပင်။ ဆေဘာဓါးရည်ရွယ်ချက်က အဆုံးမရှိ စီးဆင်းနေ၏။

အဝေးမှကြည့်သော် အလွန်အမင်း ဖျက်ဆီးနိုင်စွမ်းရှိသော စွမ်အင်များနှင့် ပြည့်လျှံ နေသည့် ငရဲဘုံကြီးတစ်ခုလိုပင်။

ဆိုလိုသည်မှာ နှစ်ဦးစလုံးသည် ထိန်ချန်ထားခြင်းမရှိဘဲ ခွန်အားအကုန်အစင် အသုံးချလာခြင်းဖြစ်သည်။

“ ကျောက်တုံးကို ကြက်ဥနဲ့ ပေါက်ချင်နေတာပဲ။ ”

ဤအခိုက်တွင် တစ်ချိန်လုံး ခြေတစ်လှမ်းမျှပင် မရွေ့ဘဲနေခဲ့သော စုရီသည် ရှေ့တစ်လှမ်း လှမ်းတက်ပြီး ဓားအလင်းဖြင့် တောက်ထုတ်လိုက်သည်။

“ ရွှပ် ... ။ ”

“ ခရစ် ... ။ ”

ရေခဲလွှာများသည် သူ့အနားရှိ လေဟာနယ်ကို အေးခဲခြင်း မပြုနိုင်ခင်မှာပင် ကွဲအက်လျက် အားလင်ထံ ထိမှန်သွားသည်။

သူမ၏ ညာဘက် လက်ကောက်ဝတ် ဒဏ်ရာရရှိသွားခဲ့၏။ ဓားအလင်း နောက်ကွယ်မှ စွမ်းအားသည် သက်ရောက်မှု ပြင်းထန်ချေပြီ။

“ အဟွတ် ... အဟွတ် ... ဝေါ့ ။ ”

သွေးနှင့်ချီ ပြောင်းပြန်စီးဆင်းကာ သွေးချောင်းဆိုးလျက် ကြိုးပြတ်သွားသော စွန်ကဲ့သို့ လွင့်ပျံကုန်တော့၏။

“ ဝှစ် ... ။ ”

ထိုအချိန်တွင် စုရီသည် ကျန်ရှိနေသော ဆေဘာဓားသမားထံ လှည့်ကာပြေးသွားလိုက် လေသည်။ ဝတ်ရုံစများ တဖျပ်ဖျပ်ခတ်ကုန်၏။

ထက်ရှလွန်းသော သွေးနီဆေဘာဓား ရောင်ဝါသည် လေဟာနယ်အတွင်း ပြည့်နှက် နေခဲ့သည်။ ထိုဧရိယာအတွင်း စုရီဝင်ရောက် လိုက်သည်နှင့် ကြောက်မက်ဖွယ် အဖျက် စွမ်းအင်ကို ခံစားမိသည်။

သို့သော် ထိုအဖျက်စွမ်းအားသည် စုရီရုပ်သွင်နှင့် တစ်လက်မ အလို၌ အလိုလို ပျောက်ကွယ်သွား၏။

ကောင်းကင်အပြည့် ဖုံးလွှမ်းနေသော သွေးနီဆေဘာဓားရောင်ဝါသည် ပူဖောင်းများ နှင့် မခြားတော့ချေ။

“ ဘောင်း ... ဘောင်း ... ဘောင်း ... ။ ”

အသေးစား ပေါက်ကွဲမှုများစွာသည် စုရီဖြတ်သန်းရာလမ်းတစ်လျှောက် ဆက်တိုက် ဖြစ်ပွားလာခဲ့၏။

“ သေချင်နေတာပဲ ... ။ ”

ဆေဘဓားသမားမျက်နှာသည် ချက်ချင်း ပြောင်းလဲသွားပြီး သူ့ကိုသတ်ရန် လာနေသည့် စုရီထံသို့ ဓားဖြင့် လှမ်းခုတ်လိုက်ရသည်။ ကိုးချက်တိတိဖြစ်၏။

ထိုဓားချက်များတွင် ခွန်အားရှိသမျှ အသုံးချထားသဖြင့် ကောင်းကင်ကြီးတစ်ခုလုံး သွေးမီးတောက်များ ပြည့်နှက်သွားသည်။

သို့တိုင် စုရီ၏ မျက်လုံးများသည် အထင်အမြင်သေးမှုများ ဖြစ်ပေါ်လျက် လက်ကို ဝှေ့ယမ်းကာ ချိုးဖြတ်လိုက်၏။

“ ဝှစ် ... ။ ”

“ ဝုန်း ... ။ ”

သွေးနီဓားအလင်း ကိုးလက်ခမျာ ပေါက်ကွဲသွား​​ပြန်သည်။ ဆေဘာဓားသမားက မျက်လုံးပြူးသွားတော့၏။

“ ရွှပ် ... ။ ”

“ မကောင်းတော့ဘူး ... ။ ”

သတိပြန်ဝင်လာချိန်၌ နတ်တောင်ကြီးများကဲ့သို့ ဓားအလင်းတစ်လက် စုရီထံမှ ပြေးထွက်လာတော့သည်။

“ ကလန် ... ။ ”

ရှောင်တိမ်းရန် အချိန်မရတော့သဖြင့် ဆေဘာဓားကို မြှောက်ကာ ပျယ်ဖျက်လိုက်ရ လေသည်။ သို့သော် အဟုန်သည် ပြင်းထန်လွန်း သောကြောင့် ​​ဆေဘာဓား ပြုတ်ကျသွား၏။

“ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ”

အံ့အားသင့်သွားပြီး အနားရောက်လာသော စုရီထံ ကူကယ်ရာမဲ့စွာ မော့ကြည့်လိုက်မိသည်။ သူ့အတွက် ရှောင်တိမ်းရန် အချိန်မရှိတော့ချေ။

“ ဝှစ် ... ။ ”

ထိုစဉ် အဖိုးကြီးယွင်ပိုင်က အနက်ရောင်လှံတိုနှင့် စုရီ၏နောက်ကျောကို ထိုးသွင်းလာခဲ့သည်။

စူးရှသော လေခွင်းသံကြောင့် စုရီက လှည့်မကြည့်ခဲ့ဘဲ လက်ပြန်ဝှေ့ယမ်းလိုက်၏။ အလင်းတန်းကဲ့သို့ ဓားအလင်းတစ်လက် ပြေးထွက်လာပြီး အနက်ရောင် လှံတိုကို ထိမှန်လွင့်စဉ်သွားစေသည်။

“ ..... ။ ”

အဖိုးအိုသည်လည်း ယိမ်းယိုင်လျက် လေထုအလယ် ဆုတ်ခွာသွား၏။ ထိုမျှသော တဒင်္ဂလေးသည်ပင် ဆေဘာဓားသမားအတွက် ဆုတ်ခွာရန် အခွင့်အရေးရသွားတော့သည်။

သာမာန် မြေကြီးအဆင့် အင်မော်တယ်များထက် အဆပေါင်းများစွာ အစွမ်းထက်လှသော ဤသုံးယောက်သည် စုရီလက်၌ ရှုံးနိမ့်သွားကြချေပြီ။

ချင်သွမ့်ရှနှင့် အခြားသူများခမျာ နဖူး၌ ချွေးများသီး လာတော့၏။ လမ်းတွင်မဆင်မခြင် စုရီကိုတိုက်မိသော် သေပြီးဖြစ်ပေမည်။

“ မင်း ... သူတို့နဲ့အတူတူ လာသင့်ပြီ။ ”

စုရီက ဆက်မလိုက်တော့ဘဲ လေထုအလယ်ရပ်တန့်ပြီး ချူရှထံ လှည့်ကြည့် လိုက်လေသည်။ ချူရှမှ သူ့စကားကို မကြားချေ။

“ ခစ် ခစ် ခစ် ... ကမ္ဘာခြားဝိညာဉ်တွေကို အရမ်းအစွမ်းထက်တဲ့လူတွေလို့ ငါထင်နေခဲ့တာ အခုတော့ လိပ်တစ်ကောင်ထက် မပိုပါဘူး။ ”

ဟွာရှင်းဖန်မှ လှောင်ပြောင် လိုက်၏။ သို့တိုင် ချူရှသည် ယခင်အတိုင်း မတုန်မလှုပ် ရပ်နေလျက်မှ၊

“ မင်းတို့အားလုံးသွားကြ ... ။ ”

-ဟု အမိန့်ပေးလိုက်၏။

ထုံရှင်းဟိုင်၊ ကောင်းကင်မြွေနတ်ဆိုး၊ ငါးမန်းစိမ်းရေသခင်နှင့် ရွှေရောင်အလောင်းမိစ္ဆာ တို့သည် ချက်ချင်း ထရပ်လိုက်ကြပြီး အမိန့်ကို ခံယူလိုက်တော့သည်။ ရောင်ဝါများ တဟုန်ထိုး ပေါက်ကွဲလာကြ၏။

လေဟာနယ်တစ်ခုလုံး လှိုင်းဂယက်များ ပျံ့ကျဲလျက် ကောင်းကင်ကြီး အရောင်ပြောင်း သွားသည်။ ဤလူများအနက် အညံ့ဆုံးသည် အတွင်းပိုင်းသန့်စင်ခြင်းဖြစ်ကာ အသန်မာဆုံး လူသည် မူလနန်းတော်အဆင့်ဖြစ်၏။

၎င်းတို့၏ ရောင်ဝါများ ပေါင်းစပ်ခြင်းဖြင့် မြင်ကွင်းသည် ကြောက်စရာ ကောင်းပေသည်။ ဓား၊ လှံနှင့် လက်နက်မျိုးစုံ ထွက်ပေါ်လာပြီး လေဟာနယ်တုန်ယင်နေ၏။ ပြိုကျမတတ် ပေပင်။

“ ကောင်းတယ် ... ။ ”

စုရီတစ်ယောက် မျက်လုံးများ တောက်ပလာ၏။ အသက်ပြင်းပြင်းရှူလျက် သွေးနှင့်ချီသည် ယန်ဇီမြစ်ကဲ့သို့ တဝုန်းဝုန်း ပေါက်ကွဲလာတော့သည်။

ထို့နောက်တွင် မြေကြီးအဆင့် အင်မော်တယ်ခုနစ်ဦးနှင့် ရှန်ရှင်းသိုင်းသမား တစ်ဦးတို့၏ ကမ္ဘာတုန်လုလု တိုက်ပွဲကြီး ဖြစ်ပွားလာခဲ့သည်။

တိုက်ပွဲ၌ စုရီသည် အားနည်းချက် လုံးဝမပြချေ။ ပြိုင်ဘက်များ၏ ဝိုင်းရံပိတ်ဆို့မှု အပေါ် အကြိမ်ကြိမ် ဖြတ်ကျော်ခဲ့သည်။

လှုပ်ရှားမှုတိုင်းသည် လက်သီးများ၊ လက်ဖဝါးများ၊ ဓားအလင်းများ စသည်ဖြင့် မတူညီသော တိုက်ပွဲဝင် နည်းစနစ်များကို ပြသထားသည်။

“ ဒီကောင်လေးရဲ့ အုတ်မြစ်က ဘယ်လောက်တောင် ကြောက်စရာကောင်းလဲ မယုံနိုင်စရာပါပဲ။ ”

ချူရှက မျက်ဝန်းများတောက်ပလျက် စုရီ၏လျှို့ဝှက်ချက်များအားလုံးကို ဖြတ်ကျော် ကြည့်ရန် ကြိုးစားနေခဲ့သည်။

သူ့သက်တမ်း အတွေ့အကြုံဖြင့်ပင် စုရီကဲ့သို့သော ကြောက်မက်ဖွယ်ကောင်းသည့် တစ်စုံတစ်ယောက်ကို မမြင်ဖူးခဲ့ချေ။

“ ချင်သွမ့်ရှ ... မင်းဘာရပ်လုပ်နေတာလဲ မဟုတ်လို့ မင်းတို့ကို ငါသတ်တဲ့အခါ ပျင်းစရာ ကောင်းလိမ့်မယ်။ ”

စုရီက ချင်သွမ့်ရှအသံ ရုတ်တရက် ထွက်ပေါ်လာသည်။ သူသည် အရပ်ရပ်မှ ဝင်ရောက်လာသော တိုက်ခိုက်မှုတိုင်းကို ချေဖျက်နေရာမှ လှည့်ကာပြုံးပြ၏။

“ မင်း ... ။ ”

ချင်သွမ့်ရှနှင့် အဖွဲ့မှာ မျက်ခုံးပင့် လိုက်ကြသည်။ ကျားနှစ်ကောင်ကြား တိုက်ပွဲထံ စောင့်ကြည့်ရန် စီစဉ်နေစဉ် စုရီသည် သူတို့ကို တိုက်ပွဲအတွင်း ဆွဲသွင်းနေ၏။

“ တာအိုစု ပြောတာမှန်တယ် ... ဂုံးနဲ့ငှက်တွေရန်ဖြစ်တဲ့အခါ တံငါသည်တွေ အကျိုးရှိတယ်ဆိုပေမဲ့ မင်းတို့ဟာ တံငါသည် ဖြစ်ဖို့တောင် အရည်အချင်းမရှိသေးဘူး ... အခုရွေးချယ်ခွင့်ပေးမယ် တိုက်မှာလား သေမှာလား။ ”

ချူရှသည်လည်း ချင်သွမ့်ရှတို့ထံ လှမ်းကြည့်ကာ မေးလိုက်၏။ မျက်ဝန်းများမှာ စူးရှနေသောကြောင့် ချင်သွမ့်ရှတို့၏ နှလုံးသားများ အေးခဲသွားသည်။

“ ကောင်းပြီ ... ငါတို့ အတူတူသတ်ရအောင်။ ”

အသက်ပြင်းပြင်းရှူလျက် ချင်သွမ့်ရှမှ သဘောတူလိုက်၏။ ချောင်ကျန်း၊ ယွီချောင်ခုန်၊ လင်းယွီပိုင်နှင့် ရှန့်လောယွီက သဘာဝအတိုင်း မငြင်းချေ။

“ မင်းတို့လည်း သွားကြ ... ။ ”

ချူရှက နင်ရှင်းခုန်နှင့် ကူချင်တုထံ ကြည့်ကာ အမိန့်ပေးလိုက်၏။ နှစ်ယောက်သား ခေါင်းညိတ်လျက် ရုတ်တရက် လေထဲ ပျံတက်သွားလေသည်။

ချင်သွမ့်ရှ၊ ချောင်ကျန်း၊ ယွီချောင်ခုန်နှင့် ကူချင်းတုတို့သည် မူလနန်းတော် အဆင့်တွင် ရှိနေပြီး မဟာချင်မင်းဆက်၏ ထိပ်တန်း ကျွမ်းကျင်သူများဖြစ်၏။

နင်ရှင်းခုန်၊ ရှန့်လောယွီနှင့် လင်းယွီပိုင် တို့သည် ၎င်းတို့ထက် အားနည်းချေ၏။ သို့တိုင် အတွင်းပိုင်း သန့်စင်အဆင့်၌ ရှိနေသေးသည်။

ထိုအချိန်တွင် အသာစီးရ နေခဲ့သော စုရီသည် အနည်းငယ် ဖိအားများ ခံစားလာရ တော့သည်။ အရပ်ရပ်တွင် ရန်သူများဖြင့် ပြည့်နှက်လာပြီး အသက်ရှူုကြပ်သွား၏။

“ ဟမ့် ... ဒီအခြေအနေအပေါ် မင်းဘယ်လောက်ကြာကြာ ထိန်းထားနိုင်မလဲ ငါကြည့်မယ်။ ”

ချူရှက သူ့လက်ကို နောက်ပို့လျက် ပြုံးကာရေရွတ်လိုက်၏။ သို့သော် သူ မသိခဲ့ သည်မှာ ဤအခြေအနေသည် စုရီအတွက် အလိုအပ်ဆုံး ဖြစ်ကြောင်းကိုပင်။

ထို့ကြောင့် ကာလရှည်ကြာ ပျောက်ဆုံးနေသော စုရီ၏တိုက်ပွဲဝင်ဆန္ဒများ ပေါက်ကွဲလာတော့သည်။ တိုက်ပွဲများမရှိသော် ဓားတစ်လက်အတွက် အဓိပ္ပါယ်မဲ့ချေမည်။

***

All Chapters