ရုပ်တုကြီးများ အသက်ဝင်လာခြင်း။
Vol. 27 Ch. 318
ချောင်ကျန်း၊ ထုံရှင်းဟိုင်နှင့် အခြားသူများသည် ချူရှထံ ရှုပ်ထွေးနေသော မျက်လုံးများဖြင့် ခိုးကြည့်လိုက်ကြသည်။
တိုက်ပွဲတစ်လျှောက် ချူရှသည် စုရီကိုသတ်ရန် အခွင့်အလမ်းများစွာ ရှိသည်။ သို့သော် မလှုပ်ခဲ့ချေ။ ယင်းသည် ထုံရှင်းဟိုင်နှင့် အခြားသူများကို မကျေမနပ်ဖြစ်စေ၏။
ချူရှ မည်မျှသန်မာသည်ကို သူတို့ အသိဆုံးဖြစ်သည်။ အကယ်၍ ထိုသူသည်သာ ဆန္ဒရှိသော် စုရီသည် ဤသို့လူများစွာကို သတ်နိုင်လိမ့်မည်မဟုတ်ချေ။
ချူရှက လူတိုင်းအပေါ် လျစ်လျူရှုလျက်၊
“ အရင်က ... မင်းအပေါ် ငါအခွင့်အရေးပေးခဲ့တယ် ဒါပေမယ့် အခုတော့ စိတ်ပြောင်းသွားပြီ မင်းလိုလူကို ဖျက်ဆီးပစ်ရမယ်။ ”
“ ဟမ့် ... စိတ်ပျက်စရာပဲ၊ ဒီလို ဆုံးဖြတ်ချက်လေးချဖို့ကို ... မင်းအတွက် ဒီလောက်အထိ အချိန်ယူနေရတာလား။ ”
ချူရှက စုရီ၏ လှောင်ပြောင်မှုကို မကြားဟန်ပြုပြီး ကျောက်လှေကားထစ်များထံ လက်ညှိုးညွှန်ပြလိုက်၏။
“ တာအိုစု ... ကျေးဇူးပြုပြီး ကြည့်ပါ။ ”
ကောင်းကင်မှ သွေးမြူများက ကျောက်လှေကားထစ်များအပေါ် ကျဆင်းကာ အကွေ့အကောက်များသော မြွေငယ်လေးများ ကဲ့သို့ ကျောက်ရုပ်တုများထံ စီးဝင်နေချေ၏။
ယင်းကြောင့် ကျောက်ရုပ်တုများသည် နီရဲတောက်ပသော ရောင်ဝါများ ထုတ်လွှတ်နေ ချေပြီ။
“ သွေးလောင်ကျွမ်းခြင်း အစီရင်။ ”
စုရီက မျက်ခုံးပင့်သွားသည်။
“ မှန်တယ် ... လွန်ခဲ့တဲ့ရက်တွေက ငါရောက်လာတဲ့အခါ ကျောက်ရုပ်တုကြီးတွေရဲ့ ဆန်းကြယ်မှုကို သတိထားမိခဲ့တယ် ...
... သူတို့ (၆၆)ရုပ်လုံးမှာ တားမြစ်အမိန့်တစ်ခုနဲ့ ချုပ်နှောင်ခံထားရတဲ့ ဝိညာဉ်တွေ ရှိနေတယ် ...
... ဝိညာဉ်သားရဲ သွေးအနှစ်သာရကို သွန်းလောင်းပေးရင် သူတို့အပေါ်အသုံးချနိုင်ပြီး ဧကရာဇ်နယ်ပယ်အောက်က ဘယ်သူ့ကိုမဆို သတ်ပစ်နိုင်တယ် ...
... ကံမကောင်းစွာနဲ့ မင်းသတ်ခဲ့တဲ့ လူတွေမှာ သာမန်သွေးသားစွမ်းအင်ပဲ ရှိခဲ့တယ် ဒါကြောင့် အစီရင်ရဲ့စွမ်းအားက ဝိညာဉ်တာအို ပထမအဆင့်က ကျင့်ကြံသူလောက်ကိုပဲ သတ်နိုင်တော့တယ်။ ”
သူ့အသွင်မှာ ဝမ်းနည်းနေကြောင်း မြင်သာသော်လည်း စကားပါအကြောင်းအရာ များသည် လူတိုင်းကို ထိတ်လန့်သွားစေ၏။
“ သခင်၊ ဒါဆို စုရီကို မင်းဘာလို့ မသတ်သေးတာလဲ။ ”
ထုံရှင်းဟိုင်သည် နတ်ဆိုးကျင့်ကြံသူ တစ်ယောက်၏ အကျင့်စရိုက်အတိုင်း ပွင့်ပွင့် လင်းလင်း မေးမြန်းလိုက်သည်။
“ ဟမ့် ... ဒီအစီရင်ကို အသက်သွင်းဖို့ သွေးစွမ်းအင် လုံလုံလောက်လောက်လိုတယ် လူရှစ်ယောက်ရဲ့ သွေးတွေနဲ့တောင် သူတို့ကို နှိုးဖို့ ခက်ခဲနေပါသေးတယ်။ ”
စုရီက ထုံရှင်းဟိုင် မေးခွန်းကို ပြန်ဖြေပေး လိုက်သည်။ ချောင်ကျန်းနှင့် ထုံရှင်းဟိုင်တို့ခမျာ ခြေလက်များ အေးစက်သွား၏။
သေဆုံးသွား သူများသည် ဤအစီရင်အတွက် သားကောင်များ ဖြစ်လာခဲ့ သည်မှာ သံသယဖြစ်ဖွယ် မရှိချေ။
၎င်းတို့ထဲတွင် အားလင်၊ ငါးမန်းစိမ်းမိစ္ဆာနှင့် ချူရှ၏လက်အောက်ငယ်သားများ ပါရှိနေသည်။ ထိုမှသာ တစ်ဖက်လူသည် နှလုံးသားမဲ့ကြောင်း ချောင်ကျန်းတစ်ယောက် သိရှိလိုက်၏။
ချူရှက လူအုပ်၏ ထူးဆန်းသော အကြည့်များကို လုံးဝလျစ်လျူရှုထားသည်။ ၎င်းမှ စုရီထံ ပြုံးပြကာ၊
“ ဒါပေမယ့် တာအိုစု၊ မင်းမှန်းဆလို့ မရသေးတာတစ်ခု ရှိသေးတယ်။ ”
-ဟု ပြောကြားလာ၏။
“ ဟမ့် ... ။ ”
စုရီက မျက်ခုံးပင့်လိုက်လေသည်။
“ ငါတို့မှာ လုံလောက်တဲ့ သွေးအနှစ်သာ ရရှိနေသရွေ့ ... ကျောက်ရုပ်ထု (၆၆) ခုလုံးက နိုးထလာပြီး ဒီတံခါးမှာချိပ်ပိတ်ထားတဲ့ စွမ်းအားကို ဖယ်ရှားပေးနိုင်ပါတယ်။ ”
သို့သော် စုရီမှခေါင်းယမ်းကာ၊
“ ဒီခြောက်ဆယ့်ခြောက်ရုပ်သော ကျောက်ရုပ်တွေရဲ့ ဝိညာဉ်ကိုနိုးထဖို့ဆိုတာ သိပ်တော့မလွယ်ပါဘူး။ ”
-ဟု ငြင်းဆန်လိုက်၏။
ဤတစ်ကြိမ်တွင် ချူရှတစ်ယောက် သက်ပြင်းချလိုက်ပြီး၊
“ ဒါတော့ မှန်ပါတယ် ... ၊ ငါလည်း ဒီကိစ္စအပေါ် နည်းနည်းလေး စိတ်ပူနေမိတယ် ဒါကြောင့်လည်း တာအိုဂိုဏ်းတည်ထောင်ပြီး နောက်လိုက်တွေ စုဆောင်းဖို့ ဆုံးဖြတ်ချက် ချလိုက်တာပါ ...
... ဒီနည်းလမ်းက လုံလောက်တဲ့ သွေးအနှစ်သာရကို စုဆောင်းဖို့ အချိန်တစ်ခုပဲ လိုမယ် မဟုတ်လား။ ”
ထိုစကားကို ကြားချိန်၌ ယွင်ပိုင်နှင့် ဆေဘာဓားသမားမှတပါး လူတိုင်းထိတ်လန့်ပြီး ဒေါသထွက်ကုန်ကြတော့၏။
ဆိုလိုသည်မှာ ချူရှသည် ဂိုဏ်းသားများ စုဆောင်းခြင်းသည် ဤနန်းတော်တံခါးကိုဖွင့်ရန် သွေးစုဆောင်းခြင်းမည်ချေ၏။ သူ့မျက်လုံးထဲ၌ လူတိုင်းကို သားကောင်အဖြစ် ရှုမြင်နေချေပြီ။
“ မင်းရဲ့ စိတ်ကူးတွေကို အခုလို ထုတ်ဖော်ပြောပြနေတာ အနိုင်ရဖို့ သေချာ နေပြီလား။ ”
စုရီက လှောင်ပြုံးဖြင့် မေးမြန်းလိုက်သည်။
“ မဟုတ်ဘူး ... ငါ့မှာကြင်နာတတ်တဲ့ နှလုံးသားရှိပါတယ် ရန်သူကိုသတ်ခဲ့ရင်တောင် နားမလည်ပဲ သေသွားမျိုး ငါမကြိုက်ဘူး။ ”
“ ဟား ဟား ဟား ... ။ ”
စုရီက ရယ်သည်။
“ ငါ့စကားမှာ ရယ်စရာပါလား။ ”
ချူရှက မျက်မှောင်ကြုတ်လျက် ပိုင်ချန်ဟန်ဟု ရေးထိုးထားသော ဓားပါးလေး တစ်လက်ကို ထုတ်ယူကာ၊
“ တာအိုစု၊ တန်ခိုးရှင် ဓားမျှော်စင်ရဲ့ ... တတိယဂိုဏ်းချုပ် ပိုင်ချန်ဟန် ခင်းကျင်းထားတဲ့ အစီရင်စွမ်းအားကို စမ်းသပ်ဖို့ မင်းဝံ့သလား။ ”
-ဟု မေးမြန်းလိုက်၏။
သူ စကားပြောနေစဉ် လက်ထဲရှိ ဓားပါးလေးကို ကျောက်ရုပ်များထံ ထိုးညွှန်ပြ လိုက်လေသည်။
“ ဂျိန်း ... ။ ”
ကျောက်ရုပ်ကြီးများထံမှ မထင်မရှား မြည်သံများ ကြားလာရ၏။ စုရီမှ ခေါင်းရမ်းပြီး၊
“ မင်းကို ထိုက်တန်တဲ့ ပြိုင်ဘက် ဖြစ်လိမ့်မယ်လို့ ... ငါထင်နေခဲ့တာ အခုတော့ တကယ် စိတ်ပျက်စရာပဲ။ ”
“ ဟား ဟား ဟား ... ၊ တာအိုစု ... ငါ့ရန်သူကိုသတ်နိုင်ရင် ပြင်ပအရာဝတ္ထုတွေ အပေါ် အားကိုးရလဲ ဘာအရေးလဲ။ ”
“ ဝူး ... ။ ”
ချူရှမှ မရှက်မကြောက် တုန့်ပြန်၏။ လှေကားထစ်များမှ ကျောက်ရုပ်တုကြီး (၁၈) ရုပ်သည် အဆုံးမဲ့အိပ်စက်ခြင်းမှ နိုးထလာ သကဲ့သို့ ပြင်းစွာတုန်ရင်လာချေပြီ။
တခဏအတွင်းမှာပင် အနက်ရောင် အခိုးအငွေ့များ ကျောက်ရုပ်ထုထံမှ တိုးထွက် လာကာ ကောင်းကင်ကို ဖုံးလွှမ်းသွား၏။
လူအုပ်ကြီး၏ ထိတ်လန့်နေသော အကြည့်များအောက်တွင် ကျောက်ရုပ်ထုများ အထက် ကောင်းကင်၌ ခိုအောင်းနေသော ဝိညာဉ်ရိပ်များ ဝိုးတဝါး ထွက်ပေါ်လာ၏။
အချို့သည် ခြင်္သေ့နှင့် ကျားသဏ္ဍာန်ရှိပြီး တောင်ကြီးများကဲ့သို့ ကြီးမားသော သားရဲကြီး ပေပင်။
အချို့သည် မြွေခေါင်းနှင့် လူ့ခန္ဓာကိုယ်ဖြစ်ကာ လက်နှစ်ဖက်စလုံးတွင် ပေါင်တူကြီးများ ကိုင်ဆောင်လျက် လျှပ်စီးများဖြင့် ဝန်းရံနေ၏။
ထူးဆန်းပြီး ရက်စက်ကြမ်းကြုတ်သော သတ္တဝါများပေပင်။ မကောင်းဆိုးရွားများကဲ့သို့ ကြောက်မက်ဖွယ်ဖိအားများ ပေးစွမ်းချေ၏။
လူတိုင်း ရေခဲလှိုဏ်ဂူထဲ ပြုတ်ကျသွား သည့်အလား လှိုက်မောကုန်သည်။ အသက်ရှူ ရန်ပင် လေးခံလာခဲ့၏။
“ ဘယ်လောက်တောင် ကြောက်စရာ ကောင်းလိုက်လဲ။ ”
ကျောက်ရုပ်တုကြီး (၁၈)ရုပ်သည် မူလတာအိုနယ်ပယ်ကို ကျော်လွန်သွားပြီး ဝိညာဉ်တာအိုနယ်ပယ်နှင့် ယှဉ်နိုင်သော ရောင်ဝါများ ထုတ်လွှတ်ထားသည်။
“ သခင်လေး သတိထား။ ”
ဟွာရှင်းဖန်က တုန်လှုပ်ချောက်ချားစွာ အော်ဟစ် သတိပေးတော့၏။ စုရီမှပြုံးလျက် သူမထံ လှည့်ကြည့်ကာ၊
“ စောစောက ... အရမ်း သတ္တိကောင်းနေတာ မင်းမဟုတ်လား အခု ဘာလို့ ကြောက်ရွံ့သွားရတာလဲ။ ”
-ဟု ဟာသနှောလိုက်သည်။
“ သွား ... ။ ”
ထိုအချိန်တွင် ချူရှတစ်ယောက် သည်းမခံနိုင်တော့ဘဲ စုရီထံ ဓားပါးလေးဖြင့် ညွှန်ပြလိုက်သည်။
“ ဝူး ... ။ ”
ကြောက်မက်ဖွယ်ကောင်းသော ကျောက်ရုပ်တုကြီး (၁၈)ရုပ်သည် လျှပ်စီးကဲ့သို့ ချက်ချင်း ရွေ့လျားတော့၏။ ဦးတည်ရာသည် စုရီထံဖြစ်ချေပြီ။
ဦးဆောင်သူသည် ပေါင်တူနှစ်လက် ကိုင်ဆောင်ထားသော မြွေခေါင်းနှင့် လူသား ခန္ဓာကိုယ်ရှိသည့် ဝိညာဉ်ဖြစ်သည်။
ထိုပေါင်တူကြီးသည် ကလေးငယ် တစ်ယောက်၏ လက်မောင်းနီးပါးထူထဲကာ အနက်ရောင် လျှပ်စီးလက်များ လက်နေ၏။
“ ဝှီး ... ။ ”
မျက်စိတစ်မှိတ်အတွင်း ဆယ်ပေ အကွာအဝေးသို့ ရောက်ရှိလာကာ ပြင်းပြင်း ထန်ထန် ထုနှက်ချလိုက်သည်။
ကောင်းကင်ဘုံမှ ပစ်ချလိုက်သော မိုးကြိုးတစ်စင်းနှင့်တူ၏။ ၎င်း၏ ဖျက်ဆီးခြင်း ရောင်ဝါများသည် အဝေးရှိအခြားလူများကို စိတ်ပျက်အားငယ် အကူအညီမဲ့စေသည်။
“ ဟမ့် ... ။ ”
သိုတိုင် စုရီကပြုံးကာ သူ့နောက်ကျော သုံးမီတာအကွာရှိ နန်းတော်တံခါးထံ လှမ်းဆွဲ လိုက်လေသည်။
“ ဘရူး ... ။ ”
နန်းတော်တံခါးရွက်ပေါ်၌ ရှင်းလင်းပြတ်သားသော အခင်းအကျင်းတစ်ခု ချက်ချင်းထွက်ပေါ်လာသည်။
“ ဒါ ... ။ ”
ဟွာရှင်းဖန်က ထိတ်လန့်တကြား လှည့်ကြည့်လိုက်သည်။ သူမသည် တံခါးဝနှင့် အနီးဆုံးအရပ်တွင် ဖြစ်နေရာ ထိုအစီရင်ကို မှတ်မိသွားတော့၏။
ထိုစဉ်က တံခါးဖွင့်ရန် စုရီတစ်ယောက် ရေးဆွဲခဲ့သော အစီရင်ပေပင်။ တံခါးမပွင့်သဖြင့် ရှန့်လောယွီမှ လှောင်ပြောင်ခဲ့ဖူးသည်။
အစီရင် အသက်ဝင်လာသောအခါ တားမြစ်စွမ်းအားသည် မြင်သာသော နှုန်းဖြင့် စုရီလက်ထဲ အမျှင်များသဖွယ် တိုးဝင်သွား လေသည်။ အဆုံးတွင် ဓားအဖြစ်သို့ ပေါင်းစပ်ပြောင်းလဲသွား၏။
“ ရွှပ် ... ။ ”
“ ဝုန်း ... ။ ”
စုရီမှ မဆိုင်းမတွ ခုတ်ချလိုက်သည်။ မြွေခေါင်းနှင့် လူသားခန္ဓာကိုယ် ရုပ်တုကြီးခမျာ စက္ကူတစ်စလို ထက်ခြမ်းကွဲသွားချေပြီ။
ထိုမြင်ကွင်းသည် တန်ခိုးရှင်တစ်ပါးမှ နတ်ဆိုးကို ခုတ်သတ်ပစ်လိုက်သကဲ့သို့ ခမ်းနား လွန်းလှ၏။ ထုံရှင်းဟိုင်နှင့် အဖွဲ့မှာ ထိတ်လန့် တုန်လှုပ်သွားပြီး ထိုနေရာတွင် မှင်တတ်စွာ ရပ်နေကုန်သည်။
တစ်ချိန်လုံး တည်ငြိမ်လွန်းသော ချူရှသည်ပင် ပထမဆုံးအကြိမ် အနည်းမျှငယ် မျက်နှာပျက်ယွင်းသွားတော့၏။
***