← Chapters

အသက်ဝင်လာသော တားမြစ်ဇုန်လေးပါး။

Vol. 27 Ch. 321

အသက်ဝင်လာသော တားမြစ်ဇုန်လေးပါး။

Vol. 27 Ch. 321

စုရီက ရှက်ရွံ့စွာဖြင့် ခေါင်းငုံထားသော ဟွာရှင်းဖန်ကို ကြည့်ကာ ပြုံးလိုက်လေသည်။ ထို့နောက် လက်ဝှေ့ယမ်းကာ၊

“ ရတနာတွေ သိမ်းဖို့ ငါ့ကိုကူညီပါ။ ”

-ဟု ဆိုကာ ကောင်းကင်ရှဲ့ကျစ်ဓားကို လှမ်းဆွဲလိုက်သည်။

ဤဓားသည် လင်းရွယ်အတွက် လက်ဆောင်ကောင်းတစ်ခု ဖြစ်နိုင်ပေမည်။ သို့သော် သူမ မူလတာအိုနယ်ပယ်သို့ ရောက်ရှိရန် စောင့်ရမည်ဖြစ်၏။

မဟုတ်သော် လက်နက်ဝိညာဉ်ကို သူမနှိမ်နင်းနိုင်မည် မဟုတ်ချေ။ အတွေးများဖြင့် သိမ်းဆည်းလိုက်၏။ ဤဓား၌ အမှန်တကယ်ပင် ကောင်းမွန်သော အလားအလာ ရှိသည်။

အမှောင်နတ်ဓားသည်လည်း ဝိညာဉ်ဝါးမျိုခြင်းအမိန့်ဖြင့် ဓားဝိညာဉ်တစ်ပါး မွေးဖွားနိုင်မည်။

အတွင်း၌ တံဆိပ်ခတ်ထားသော ငရဲမီးတောက်ငှက်မိစ္ဆာ ဝိညာဉ်သည်လည်း ရှိသေးသည်။

ထို့ကြောင့် အရည်အသွေးအရ ကောင်းကင်ဘုံ ရှဲ့ကျစ်ဓားကို မမီသော်လည်း အလားအလာမှာ များစွာသာလွန်သည်။

လက်ရှိအချိန်၌ လက်နက်ဝိညာဉ်ကို မွေးဖွားနိုင်ပြီ ဖြစ်ရာ ကောင်းကင်ဘုံရှဲ့ကျစ်မှာ သူ့ဓားများအနက် အကောင်းမွန်ဆုံးဖြစ်၏။

များမကြာခင် ဟွာရှင်းဖန် ပြန်ရောက်လာသည်။ မျက်နှာတစ်ပြင်လုံး ထိန်းမနိုင်သိမ်းမရ ကြည်နူးမှုများ ဖြစ်ပေါ်နေ၏။

“ သခင်လေး ... ဒီတစ်​ခါတော့ ငါတို့တွေ တကယ်​ချမ်းသာပြီ။ ”

ဆဋ္ဌမတန်း ဝိညာဉ်ဆေးကိုးမျိုး၊ ဆဋ္ဌမတန်း ဝိညာဉ်ကျောက်တုံးနှင့် အခြားသော ရတနာများ ရရှိခဲ့သည်။

ဤသည်မှာ မူလတာအိုနယ်ပယ် ကွမ်းကျင်သူများအတွက်ပင် ကြီးမားသော ကံကြမ္မာအဖြစ် မြင်ကြ၏။

ထိုပြင် ပဉ္စမတန်း ဝိညာဉ်ဆေးပင် (၅၉)မျိုးနှင့် ပဉ္စမတန်း ဝိညာဉ်ကျောက်တုံး (၁၃၀) လည်းပါရှိသေးသည်။

၎င်းတို့သည် မူလနန်းတော် ဖွင့်လှစ်ထားသူများ အတွက်ပင် ရှားပါးရတနာ ဖြစ်သည်။

တန်ဖိုးအရှိဆုံး ရတနာများမှာ မူလတာအိုအဆင့် ဝိညာဉ်ရေးလက်နက် တစ်ဒါဇင်ကျော်ပေပင်။ အားလင်၏ လှံ၊ ချင်သွမ့်ရှ၏ ပုစိန်စသည်တို့ဖြစ်သည်။

လက်နက်များ၏တန်ဖိုးသည် အခြားသောရတနာများ ပေါင်းစပ်တန်ဖိုးထက် အဆပေါင်းများစွာ ကျော်လွန်နေသည်။

“ မဆိုးဘူး။ ”

ဟွာရှင်းဖန်နှင့် ယှဉ်သော် စုရီသည် ပို၍ တည်ငြိမ်နေသည်။ ရတနာများ၊ ဆေးဝါးများ၊ ဝိညာဉ်ကျောက်တုံးများ၊ လက်နက်များစသည့် အရာအားလုံးသည် မူလတာအိုနယ်ပယ် အရင်းအမြစ်များဖြစ်၏။ ရှားပါးပြီး အဖိုးတန်လှသည်။

သို့သော် သူ့အတွက်မူ ရှားပါးအဆင့် မဝင်သေးချေ။ လိုအပ်ချက်များကို ဖြည့်ဆည်း ပေးနိုင်ရုံမျှသာ ရှိသည်။

“ ဝိညာဉ်ကျောက်တုံးနဲ့ ဝိညာဉ်ဆေးတွေ အားလုံးကို ငါယူမယ် ... ကျန်တာတွေထဲကနေ မင်းရဲ့ဝေစုကို ကြိုက်ရာရွေးပါ။ ”

“ သခင်လေး၊ မင်းက ရက်ရောတယ်။ ”

“ သတိရပါ ... (၉၀) ... (၁၀)။ ”

ဟွာရှင်းဖန်မှ ပြုံး၏။ ဤအတွက် ပြောစရာမရှိချေ။ လူသေများထံမှ ယူပေးရုံဖြင့် (၁၀ %) ရရှိခြင်းဖြစ်သည်။

အဆုံးတွင် သူမသည် ဤတိုက်ပွဲ၌ ပါဝင်ခဲ့ခြင်း မရှိခဲ့ချေ။ များမကြာမီ ရတနာအချို့ ရွေးချယ်ပြီး ကျန်အရာများ ပေးအပ်လိုက်၏။

စုရီက အားလုံးကို သိမ်းဆည်းလျက် သက်ပြင်းချလိုက်သည်။ ၎င်းတို့၌ စစ်မှန်သော ရတနာများ ပါရှိလာပုံမရချေ။ ယင်းသည် အဓိပ္ပာယ်ရှိသည်။

မည်သူမဆို ကံကြမ္မာကို ရှာဖွေရန် ဝိညာဉ်ပင်လယ်သို့ ရောက်ရှိလာကြခြင်းဖြစ်၏။ ရှားပါးသော ရတနာများကို ယူဆောင်ခဲ့ရန် ဆန္ဒမရှိကြချေ။ သဘာဝပေပင်။

အကြည့်များက တိုက်ပွဲမြေပြင်ပေါ် ပျံဝဲသွားသည်။ ချူရှသည် သူ့နောက်လိုက်များ အပေါ် ဝိညာဉ်ကျိန်စာများ ချထားသည်။

ထိုကျိန်စာသည် သူ့ရုပ်သေးနှင့် ချိတ်ဆက် ထားသောကြောင့် ရုပ်သေးရုပ် ဖျက်ဆီးခံရသော အခါ ကျိန်စာအသက်ဝင်သွားသည်။

“ နန်းတော်ထဲ ဝင်ရအောင်။ ”

ခေါင်းယမ်း’လျက် နန်းတော်တံခါးထံ လျှောက်လှမ်းသွားတော့သည်။ ဤသည်မှာ ကာလအတန်ကြာ ပျောက်ကွယ်သွားခဲ့သော ရှေးဟောင်းဂိုဏ်း တစ်ဂိုဏ်းဖြစ်၏။

စုရီက အစီရင်ကို အသက်သွင်းသည်။ ‌ရွှေရောင်များလင်းလက်လျက် တံခါးရွက်များ ဖြည်းညှင်းစွာ ပွင့်လာ၏။ ထို့နောက်တွင် နှစ်ယောက်သား ဝင်ရောက် ပျောက်ကွယ် သွားတော့သည်။

***

ဝိညာဉ်ပင်လယ်ပြင်တွင် သွေးမြူများ ရုတ်တရက် ရစ်သိုင်းလာပြီး အရိုးဖြူဖြူများနှင့် ပြုလုပ်ထားသည့် မျှော်စင်ကြီးတစ်ခု ဝိုးတဝါး လွင့်မျောလာသည်။

၎င်းရွေ့လျားရာ လမ်းတစ်လျှောက် ပတ်ဝန်းကျင်တစ်ခုလုံး သွေးမြူအခိုးအငွေ့များ ဖုံးလွှမ်းလာ၏။

ထိုသွေးမြူများသည် သူ့လမ်းကြောင်းရှိ သက်ရှိတိုင်းအပေါ် တိုက်စားကာ အသက်ဓါတ် ကင်းမဲ့သွားစေသည်။ ယင်းသည် မည်သို့သော အရာဖြစ်သည်ကို မည်သူမျှ မသိချေ။

သေချာသည်မှာ အနားကပ်သွားသော် သွေးမြုများဖုံးလွှမ်းလျက် အရိုးနှင့်အရေပြားသာ ကျန်ရစ်စေသော တားမြစ်ဇုန်ဖြစ်ချေ၏။

***

ပြန်လမ်းမဲ့ကျွန်းကြီးနှင့် ဆယ်မိုင်ကျော် အကွာတွင် မျောက်ဝံဖြူနှင့် အမျိုးသမီးတစ်ဦး ရပ်နေသည်။

ညအချိန်ရောက်ရှိနေပြီ ဖြစ်သောကြောင့် ကျွန်းပေါ်ရှိ လေဟာနယ်အတွင်း အစိမ်းရောင် မီးတောက်များ လွင့်မျောနေ၏။ ၎င်းတို့သည် ထောင်ပေါင်းများစွာသော ကြယ်များကဲ့သို့ တဖျပ်ဖျပ်ခတ်နေကြသည်။

ကျွန်းမြေပြင်တွင် သွေးမြစ်၊ အရိုးစု တောင်ကုန်းနှင့် သွေးပန်းခင်းကြီး ရှိနေ၏။ အမျိုးသမီးက ငှက်မွှေးယပ်တောင်ကို ခတ်ပြီး ထိုမြင်ကွင်းကို မှေးစင်းကြည့်နေသည်။

“ ချုံးယန် ... ဒီကျွန်းပေါ်မှာ တစ်ခုခု ရှိနေပုံရတယ် ဒါက အရမ်းကြီးအန္တရာယ် မရှိရင် ဆင်းကြည့်ချင်တယ်။ ” ”

မျောက်ဝံဖြူကြီးက တိတ်ဆိတ်နေ၏။ အဆုံးတွင် အမျိုးသမီးမှ သက်ပြင်းချလိုက်ကာ၊

“ သွားရအောင် ... ။ ”

-ဟု ပြောကြားသည်။

ကျွန်းနှင့် ဆယ်မိုင်အကွာအဝေးမှပင် စိတ်ဝိညာဉ်ကို ဆွဲငင်နေသည့် စွမ်းအားအချို့ကို သူမခံစားမိ၏။

သူမ၏ ဗီဇအသိသည် ဝိညာဉ်တာအို အထက်အဆင့် ဖြစ်နေခဲ့လျှင်ပင် ပြန်လမ်း မရှိကြောင်း သတိပေးနေသည်။

မျောက်ဝံကြီးက ကျွန်းပေါ်တွင် လွင့်မျောနေသော မီးတောက်များထံ ကြည့်ပြီး လှည့်ထွက်လာသည်။

အမျိုးသမီး၏ ‘သွားရအောင်’ဟူသည် မည်သည့်အရပ်သို့ ရည်ညွှန်းနေမှန်း မေးစရာ မလိုခဲ့ချေ။

ရိုင်းစိုင်းကြမ်းကြုတ်လွန်းသော သူ့ဗီဇအသိဖြင့်ပင် ထိုအရပ်ထံ ခြေချလိုခြင်း မရှိသည်မှာ သဘာဝပေပင်။

“ ဖျစ် ဖျစ် ... ။ ”

အမျိုးသမီးနှင့် မျောက်ဝံဖြူတို့ လှည့်ထွက်သွားပြီး အစိမ်းရောင်မီးတောက်နှစ်ခု ကောင်းကင်ပေါ် ရုတ်ချည်း ပျံတက်လာ၏။

ယင်းသည် ကြီးမားသော သတ္တဝါကြီး တစ်ကောင်၏ မျက်ဝန်းတစ်စုံအလား တန်ခိုးရှင် ဓားမျှော်စင်ထံ စိုက်ကြည့်နေ၏။

ထို့နောက်တွင် တစ်ချိန်လုံး ငြိမ်သက်နေခဲ့သော ပြန်လမ်းမဲ့ကျွန်းဆိုသည့် တားမြစ်ကျွန်းသည် ရေမျက်နှာပြင်ပေါ်သို့ ရွေ့လျားလာတော့သည်။

***

“ အဘိုးကြီး၊ ဒါ ကြယ်လှေလား။ ”

အဝေးက ပင်လယ်ပြင်တွင် လှိုင်းလုံးများ ထန်နေပြီး ကောင်းကင်ကြီးတစ်ခုလုံး လင်းထိန် နေသည်။

အလင်းရောင်သည် ကြည်လင်လှကာ အိပ်မက်ဘုံတစ်ခုလို ခံစားချက်များ ပေးစွမ်း၏။ ၎င်းအလင်းရောင်အတွင်း သုံးမီတာရှည်သော လှေငယ်တစ်စင်း လွင့်မျောလာသည်။

( မြန်မြန်၊ ရောင်ဝါကို ချိုးနှိမ်ထား။ )

အဘိုးအို၏ စကားသံသည် အလောတကြီးနိုင်ချေ၏။ ပြောစရာ မလိုအောင် သူ့ရောင်ဝါကို ထိန်းထားပြီးဖြစ်သည်။

“ ဟမ့် ... ဒါကရော ဘာကြီးလဲ။ ”

ကောချင်မှ မျက်ခုံးပင့်သွားတော့၏။ အဘယ့်ကြောင့်ဆိုသော် အနောက်တောင်ဘက် ကောင်းကင်သည် သွေးနီရောင်များ တောက်ပ လာသောကြောင့်ဖြစ်သည်။

များမကြာခင် ပင်လယ်ရေမျက်နှာပြင်၌ သွေးမှုန်များ ရစ်သိုင်းလျက် ပေတစ်ထောင်ခန့် မြင့်မားသော ဘုံကျောင်းတစ်ခု ပေါ်လာ၏။

“ အဖိုးကြီး ဘာတွေ ဖြစ်နေတာလဲ။ ”

တစ်ဆက်တည်းမှာပင် အရှေ့မြောက်ဘက် ရေမျက်နှာပြင်၌လည်း ကျွန်းမျောကြီးတစ်ကျွန်း ဖြည်းညှင်းစွာ ရွေ့လျားလာပြန်သည်။

ကျွန်းပေါ်တွင် ရာနှင့်ချီသော အစိမ်းရောင်မီးတောက်များ ပျံဝဲလျက် မရဏ ကမ္ဘာကြီးအလား ထင်မှားစေသည်။

( ဟမ့် ... ဒီလိုမြင်ကွင်းလေး တစ်ခုကိုများ ငါ့အတိတ်မှာ ဒီထက်ကြီးမားတဲ့ မြင်ကွင်းတွေ အများကြီး မြင်ဖူးတယ် ...

... လက်ရှိ အခြေအနေအရ စိတ်ပူစရာ မရှိသေးပါဘူး တကယ်လို့ မမျှော်လင့်ထားတဲ့ အရာတွေသာ ဖြစ်လာရင် ... )

ထို့နောက် ကောချင်စိတ်ဝိညာဉ် ပင်လယ်အတွင်းမှ အဘိုးအိုက အသက်ပြင်းပြင်း ရှူလျက်၊

“ မြန်မြန်ပြေးပါ ... ။ ”

-ဟု လေးနက်စွာ ပြောကြားလာသည်။

ကောချင်မှ ကူကယ်ရာမဲ့သွား၏။ အရေးကြီးသောအခိုက်တွင် ဤအဖိုးကြီးသည် သူ့ထက်ပင် ပို၍ကြောက်တတ်ချေပြီ။

***

ထိုအချိန်တွင် အရှေ့ဘက်ပင်လယ် အထက်၌ အဖြူရောင် မျောက်ဝံကြီးတစ်ကောင် ရပ်နေ၏။

၎င်းပခုံးပေါ်တွင် ယောက်ျားလေး တစ်ယောက်အသွင်အပြင် ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦး ထိုင်နေလေသည်။

“ ဟမ့် ... တစ်ခုခုတော့ မှားနေပြီ ဝိညာဉ်သင်္ချိုင်းတောင်ကုန်းကလွဲလို့ တားမြစ် ဇုန်တွေအားလုံးက တန်ခိုးရှင်ဓားမျှော်စင်ကို စိတ်ဝင်စားနေပုံပဲ။ ”

အရပ်မျက်နှာအသီးသီးထံမှ လွင့်မျောလာသော ပြန်လမ်းမဲ့ကျွမ်း၊ အရိုးဖြူ မျှော်စင်နှင့် ပြန်လမ်းမဲ့ကျွန်းတို့ကို ကြည့်ကာ အမျိုးသမီးက ထိတ်လန့်လာသည်။

“ ဟမ့် ... ။ ”

ထွက်ပြေးလိုလျှင်ပင် လမ်းမရှိတော့ချေ။ အဘယ့်ကြောင့်ဆိုသော် သူမ ပြောကြားနေစဉ် အနောက်တောင်ဘက်မှ မီးခိုးရောင်မြူထုကြီး ရွေ့လျားလာသောကြောင့် ဖြစ်သည်။

မြူထဲတွင် ပေတစ်ထောင်မြင့်သော တောင်ကြီးတစ်လုံးပါရှိပြီး စပါးအုံးမြွေများကဲ့သို့ ထူထဲသော အနက်ရောင် သံကြိုးလေးချောင်းကို မြင်နေရချေပြီ။

သံကြိုးတစ်ခုစီတွင် ထူးဆန်းသော အလောင်းတစ်လောင်းစီကို ချည်နှောင်ထား၏။ ထို့ကြောင့် တိတ်ဆိတ်စွာ စောင့်ကြည့်လိုက်ရ လေသည်။

ဤလေးပါးလုံးသည် တန်ခိုးရှင် ဓားမျှော်စင်နှင့် အနီးတွင်ရပ်ပြီး တစ်စုံတစ်ရာ စောင့်မျှော်နေသကဲ့သို့ ငြိမ်သက်စွာ ရပ်နေတော့၏။

လှိုင်းလုံးများဖြင့် တဝုန်းဝုန်း မြည်ဟည်းနေသော ပင်လယ်လေများသည်ပင် သဲလွန်စမရှိဘဲ ငြိမ်သက်နေသည်။

“ မိန်းကလေး ... ၊ ငါတို့ဘာလုပ်ကြမလဲ။ ”

မျောက်ဝံဖြူကြီးက မျက်ဝန်းများ မှေးစင်းသွားသည်။ ဝိညာဉ်သင်္ချိုင်းတောင်ကုန်း၊ အရိုးဖြူဘုံကျောင်း၊ ကြယ်လှေနှင့် ပြန်လမ်းမဲ့ ကျွန်းထံကြည့်ကာ ကျောရိုးတစ်လျှောက် အေးစက်လာ၏။

သူ့ပခုံးပေါ်ရှိ အမျိုးသမီးက တန်ခိုးရှင်ဓားမျှော်စင်ထံ တစ်ချက်ပြန်ကြည့်ပြီး၊

“ အန္တရာယ် တစ်ခုခု ရှိလာရင် ဒီထဲဝင်ပြေးပါ။ ”

-ဟု ပြောကြားလိုက်၏။

ဤသည်မှာ အမိန့်လည်း ဖြစ်သည်။ မျောက်ဝံဖြူကြီးအတွက် ထွက်ခွာရန် နည်းလမ်း မရှိတော့ချေ။

ထိုနည်းဖြင့် သူမနည်းတူ ပင်လယ်ရေအောက်ကြမ်းပြင်မှ ချောင်းကြည့် နေသော ကောချင်သည်လည်း ပိတ်မိသွားတော့၏။

အချိန်များ တရွေ့ရွေ့ ကုန်လွန်လာသည်။ တိတ်ဆိတ်ခြင်းသည်သာ ပင်လယ်ပြင်တစ်ခုလုံး အပေါ် လွှမ်းခြုံထား၏။

တားမြစ်ဇုန်လေးပါး၊ မျောက်ဝံဖြူနှင့် အမျိုးသမီး၊ ကောချင်၊ မည်သူမဆို သက်ဆိုင်ရာ အကြောင်းပြချက်များကြောင့် အသက် မရှူဝံ့ကြတော့ချေ။

***

All Chapters