← Chapters

အမှောင်ခေတ်၊ အနှစ်သုံးသောင်း။

Vol. 27 Ch. 323

အမှောင်ခေတ်၊ အနှစ်သုံးသောင်း။

Vol. 27 Ch. 323

စုရီက မဟူရာရွှေကျောက်စိမ်းတုံးကို ကောက်ယူလိုက်သည်။ ဤသည်မှာ ရွှေဝိညာဉ် အနှစ်သာရဖြစ်၏။

နတ်အာရုံအတွင်း များပြားလှသော အချက်အလက်များ အသိစိတ်ပင်လယ်ထဲသို့ တိုးဝင်လာသည်။

ထို့နောက် ခန်းမကြီးအတွင်းရှိ ကျောက်စိမ်းစင်မြင့်ပေါ်၌ တစ်ယောက်တည်း ထိုင်နေသော ပြိုးပြက်လင်းလက်နေသည့် အလင်းတန်းကို မြင်လိုက်ရ၏။

အလင်းတန်းအလယ်တွင် အနက်ရောင်၀တ်စုံဖြင့် တစ်စုံတစ်ယောက် ထိုင်နေသည်။ ၎င်းမျက်လုံးများသည် နေနှင့် လကဲ့သို့ တောက်ပကာ ဆန်းကြယ်သော နိယာမများ ပါရှိနေ၏။

ဧကရာဇ်နယ်ပယ်ကို ဉာဏ်အလင်းအဆင့်၊ ငြိမ်းချမ်းခြင်းအဆင့်နှင့် ပေါင်းစည်းခြင်းအဆင့် အဖြစ် ပိုင်းခြားထားသည်။

ဤအနက်ဝတ်လူသည် ငြိမ်းချမ်းခြင်း အဆင့်တွင်ဖြစ်နိုင်သည်။ အရိုင်းမြေကိုးပါး၌ပင် ထိုအဆင့်သည် ထိပ်တန်းပုဂ္ဂိုလ်အဖြစ် မှတ်ယူကြ၏။

သို့သော် တားမြစ်စွမ်းအား တစ်ခုကြောင့် ၎င်းဧကရာဇ်အုတ်မြစ်သည် ပျက်စီးနေခဲ့ချေပြီ။ ကံမကောင်းစွာဖြင့် ပုံရိပ်ယောင် မြင်ကွင်းများ ဖြစ်သောကြောင့် တားမြစ်စွမ်းအား၏ ဆန်းကြယ်မှုကို မဖော်ထုတ်နိုင်ချေ။

“ ဘိုးဘေး၊ ဂိုဏ်းထဲကလူတိုင်း အသင့်ဖြစ်နေပါပြီ ထွက်သွားဖို့ အချိန်ကျပါပြီ။ ”

မြင်ကွင်းများ ပြောင်းလဲသွားပြီး တစ်စုံတစ်ယောက် ခန်းမထဲသို့ အလျင်အမြန် ပြေးဝင်လာလေသည်။

ထိုလူသည် ကျောက်စိမ်းစင်မြင့်ပေါ်တွင် ထိုင်နေသော နတ်ဆိုးဧကရာဇ်ထံ စိုးရိမ်တကြီး ဦးညွတ်လိုက်တော့၏။

၎င်းသည် ခရမ်းရောင် ၀တ်စုံကို ၀တ်ဆင်ထားပြီး မိုးမခလို မုတ်ဆိတ်မွေးများ ရှိနေသည်။

“ ချန်ဟန်၊ မင်းက ငါတို့ တန်ခိုးရှင် ဓားမျှော်စင်ရဲ့ ဂိုဏ်းချုပ်ကြီးတစ်ယောက်ပါပဲ အခု ကောင်းကင် ပြိုမကျသေးဘူး ... ဘာလို့ မင်းဒီလောက် ထိတ်လန့်နေရတာလဲ ...

... ဒီအမှောင်တားမြစ်စွမ်းအင်က ကန့်သတ်ထားရုံပါပဲ သေတဲ့အထိ မလုပ်နိုင် သေးပါဘူး။ ”

အနက်ဝတ်လူမှ ခေါင်းရမ်းကာ ထိုင်ရာမှမထချေ။ သူသည် ကောင်းကင်ဘုံ နတ်ဆိုးဧကရာဇ်ဖြစ်ချေ၏။

ခရမ်းရောင် လူကြီးသည် တန်ခိုးရှင် ဓားမျှော်စင်၏ တတိယဂိုဏ်းချုပ် ပိုင်ချန်ဟန် ဖြစ်သည်။

နန်းတော်အပြင်ဘက်ရှိ ‘သွေးလောင် ကျွမ်းခြင်း အစီရင်’ကို ၎င်းမှ ခင်းကျင်းထားခြင်း ဖြစ်ချေ၏။

“ ကျေးဇူးပြုပြီး ... ငါ့ကို ခဏစောင့်ပါ။ ”

အလင်းရောင်များလက်လာပြီး ကောင်းကင်ဘုံ နတ်ဆိုးဧကရာဇ် လက်ဖဝါးတွင် အရိုးဖြူတံဆိပ်တစ်ခု ထွက်ပေါ်လာသည်။

“ အနာဂတ်မှာ ... ၊ ဒီအမှောင် တားမြစ်စွမ်းအင်တွေကြောင့် မိုးပြာတိုက်ကြီး တစ်ခုလုံး ဝိညာဉ်စွမ်းအင်တွေ ပျောက်ကွယ် သွားလိမ့်မယ်၊ ...

.. ဒါက မဟာတာအိုကင်းမဲ့ပြီး ... စွမ်းအင်မြုံနေတဲ့ သေမျိုးကမ္ဘာအဖြစ် ပြောင်းလဲ သွားခြင်းရဲ့အစပါပဲ၊ အဲဒီအချိန် မိုးပြာတိုက်ကြီး ဖွံ့ဖြိုးခဲ့တာကို ဘယ်သူမှ သိနိုင်တော့မှာ မဟုတ်ဘူး ...

... အချိန်ကာလက အကြင်နာတရား ကင်းမဲ့ပြီး ရက်စက်တယ် ... ကမ္ဘာကြီးကိုအမြဲ ပြောင်းလဲတယ် ... ။ ”

“ ဘိုးဘေး၊ ဒါက အနာဂါတ်ပဲ ... ။ ”

ပိုင်ချန်ဟန်မှ တုန့်ဆိုင်းစွာတုန့်ပြန်သည်။

“ မှန်တယ်၊ အထူးသဖြင့် ငါတို့ရဲ့ တန်ခိုးရှင် ဓားမျှော်စင်ဆိုတာ တန်ခိုးကြီးတဲ့ နတ်ဆိုးဂိုဏ်း (၃)ဂိုဏ်းထဲမှာ ရှိခဲ့တယ် ဆိုတာကို ...

... အဲဒီအနာဂါတ်မှာ လူတိုင်းက မေ့ကုန်ကြလိမ့်မယ် ... ဒီမိုးပြာတိုက်ကြီးဟာ အမှောင်ထုအောက်မှာ သွေးစွန်းခဲ့ဖူးအကြောင်း လူတွေကို အနည်းဆုံး အသိပေးပါရစေ ...

... ဒါ့ပြင် နှစ်ပေါင်း (၃)သောင်း ကုန်လွန်ပြီးရင် အမှောင်တားမြစ်စွမ်းအားတွေ ပြန်လည်ပျောက်ကွယ်သွားပြီး ဒီကမ္ဘာကြီးဟာ မကြုံစဖူး ကြွယ်ဝတဲ့ ရွှေခေတ်ကို ...

... ဦးမော့လာဦးမှာပါ ... ရွှေခေတ်ကို ငါတို့မြင်နိုင်ခွင့် မရှိပေမယ့် အနာဂတ်မှာ ငါတို့ရဲ့ မျိုးဆက်တွေက မြင်ခွင့်ရမှာပါ ... အဲဒီအတွက် မျှော်လင့်ချက်လေး တစ်ခုလောက် ထားခဲ့ရအောင် ... ။ ”

ဤသို့ပြောကြားပြီးနောက် အရိုးဖြူ တံဆိပ်ပေါ်တွင် အစီရင်တစ်ခုကို ရေးထွင်း လိုက်လေသည်။ ထို့နောက် ကျောက်စိမ်း သေတ္တာထဲ ထည့်ကာ၊

“ ဒီတံဆိပ်နဲ့ တန်ခိုးရှင်ဓားမျှော်စင်ရဲ့ တားမြစ်အစီရင်တိုင်းကို ထိန်းချုပ်နိုင်လိမ့်မယ် သူ့ထဲမှာ ငါတို့အမွေဖြစ်တဲ့ အနန္တဓားသုတ္တန်ကို ထည့်ထားတယ် ...

... ဒီအနန္တဓားသုတ္တန်ကို အမွေဆက်ခံသူ ရှိနေသမျှ ကာလပတ်လုံး တန်ခိုးရှင်ဓားမျှော်စင် ပြန်ပြီးမွေးဖွားလာဖို့ မျှော်လင့်ချက်ရှိပါတယ်။ ”

ကောင်းကင်ဘုံ နတ်ဆိုးဧကရာဇ်က နောက်ထပ် မဟူရာရွှေကျောက်စိမ်းတုံးတစ်တုံး ထုတ်ယူကာ နတ်အာရုံဖြင့် ထိုအကြောင်းအရာ များကို ရေးထွင်းလိုက်သည်။

“ ဒီမဟူရာ ရွှေကျောက်စိမ်းတုံးထဲမှာ ... ငါတို့ဘာတွေ လုပ်ခဲ့တယ်ဆိုတဲ့ မှတ်တမ်းအချို့ ရေးထားတယ် တစ်ယောက်ယောက် မြင်ရင် နားလည်ပါလိမ့်မယ်။ ”

ထိုသို့ ပြောကြားပြီးနောက် အမှောင် နတ်ဆိုးဧကရာဇ်က ကျောက်စိမ်းသေတ္တာကို ပိတ်ပစ်ကာ သူ့ရှေ့တွင်ထားလျက် ခေါင်းမော့ကြည့်လိုက်သည်။

နက်ရှိုင်းသော ထိုအကြည့်စူးစူးများက အချိန်ကာလအပေါ် ဖြတ်ကျော်သွားပြီး စုရီကို မြင်နေသကဲ့သို့ စိုက်ကြည့်နေခဲ့ချေပြီ။

ထို့နောက်တွင် စုရီမြင်ကွင်းရှိ ပုံရိပ်များ မှုန်ဝါးပျောက်ကွယ်သွား၏။ စုရီမှ သက်ပြင်းချ လိုက်တော့သည်။

“ ဒီလိုအမွေမျိုးဟာ တခြားလူတွေအတွက် ရူးသွပ်သွားစေလောက်တယ် ငါ့အတွက်တော့ ကံမကောင်းစွာနဲ့ပဲ အသုံးမဝင်ဘူး ...

... မေ့လိုက်ပါ အခွင့်အရေးရရင် မင်းရဲ့ တန်ခိုးရှင်ဓားမျှော်စင်အတွက် ဆက်ခံမယ့်သူကို ငါကူညီပြီးရှာပေးပါ့မယ်။ ”

စုရီက ရေရွတ်ပြီးနောက် ထပ်မံ အာရုံစိုက်လိုက်ရာ မဟူရာ‌ရွှေကျောက်စိမ်းတုံးမှ အချက်အလက်များစွာ စီးဝင်လာပြန်၏။

ဤသည်မှာ ကောင်းကင်ဘုံ နတ်ဆိုး ဧကရာဇ် ချန်ထားရစ်ခဲ့သော အမှောင်တားမြစ် စွမ်းအင် ထွက်ပေါ်လာရသည့် အကြောင်းအရာ ဖြစ်သည်။ ၎င်းကိုဖတ်ရှုပြီးနောက် အရာအားလုံး နားလည်သွားတော့၏။

လွန်ခဲ့သော နှစ်ပေါင်း သုံးသောင်း နီးပါးခန့်က မိုးပြာတိုက်ကြီးတွင် ပြောင်းလဲမှု တစ်ခု စတင်ခဲ့ခြင်းဖြစ်သည်။

ဧကရာဇ်တစ်ပါးသည် ရှေးဟောင်း ဖရိုဖရဲ တွင်းနက်ကြီးဟူသော တားမြစ်နယ်မြေတစ်ခု၌ အခွင့်အလမ်းများ ရှာဖွေစဉ် တားမြစ်တံဆိပ် တစ်ခုကို မတော်တဆ ချိုးဖြတ်မိ၏။

တံဆိပ်ထံမှ အလွန်ကြောက်စရာ ကောင်းသော တားမြစ်စွမ်းအင်များ ထွက်ပေါ် လာခဲ့သည်။

တစ်ရက်မပြည့်မီ ထိုစွမ်းအင်သည် မိုးပြာတိုက်ကြီးအနှံ့ပျံ့နှံ့သွားကာ နိယာမများကို ရုတ်ချည်းပြောင်းလဲသွားစေ၏။

ထိုအချိန်တွင် ဝိညာဉ်တာအို အဆင့်ထက် သာလွန်သော ကျင့်ကြံသူတိုင်း တာအိုအုတ်မြစ် ယိုင်နဲ့သွားကုန်သည်။

ဧကရာဇ်များသည်ပင် ထိုစွမ်းအား၏ သက်ရောက်မှု အောက်မှ မလွတ်ကင်းခဲ့ချေ။ ထိပ်တန်းအဆင့် ဧကရာဇ်များစွာက တံဆိပ်ကို ပြန်လည်ပိတ်ဆို့ပစ်ရန် ကြိုးစားခဲ့သည်။

သို့သော် ထိုရှေးဟောင်း ဖရိုဖရဲ တွင်းနက်ကြီးတဝိုက် ချည်းကပ်နိုင်ခြင်းမရှိဘဲ လူတိုင်းဆုတ်ခွာလိုက်ရသည်။ အဆုံးတွင် အန္တရာယ်ဇုန် ဖြစ်သွား၏။

ထိုနောက်တွင် တွင်းနက်ကြီးသည် အသွင်ပြောင်းကာ ကောင်းကင်နှင့်မြေကြီးကြား ဝိညာဉ်စွမ်းအင်များကို အဆုံးမဲ့ စုပ်ယူလာ တော့သည်။

ဧကရာဇ်များမှာ ထိတ်လန့်ကုန်ပြီး အကြောင်းရင်းအပေါ် အသက်စွန့် ကြိုးပမ်း စုံစမ်းကြည့်ကြ၏။

ယင်းကြောင့် ရှေးဟောင်း ဖရိုဖရဲ တွင်းနက်ကြီးအောက်၌ ‘မိုးပြာမူလ’ ဟူသော မိုးပြာတိုက်ကြီး၏ အရင်းအမြစ်တစ်ခုထံမှ ဖြစ်ကြောင်း နားလည်လိုက်သည်။

ဆိုလိုသည်မှာ ထိုမိုးပြာမူလ၏ အသွင်အပြောင်းခြင်း ဖြစ်စဉ်သည် အထက်ပါ အဖြစ်အပျက်များ၏ အကြောင်းရင်း ဖြစ်နေချေပြီ။

အသွင်ပြောင်းခြင်းသည် နှစ်ပေါင်း (၃)သောင်း ကြာမြင့်နိုင်မည်ဟု တွက်ချက်ကြည့် နိုင်ခဲ့ကြ၏။

အဆုံးတွင် ထိပ်တန်းဂိုဏ်းများသည် မိုးပြာတိုက်ကြီးမှ ထွက်ခွာရန် ရွေးချယ်ခဲ့ကြပြီး ကြယ်ရောင်စုံ ကောင်းကင်ကြီးထံသို့ ပြောင်းရွေ့ကုန်ကြသည်။

ဧကရာဇ်နယ်ပယ် တန်ခိုးရှင်မရှိသော ဂိုဏ်းများသည်သာ ဤကပ်ဆိုး၌ ပိတ်မိလျက် သေခြင်းကို စောင့်မျှော်နေခဲ့ရ၏။

တစ်ဆက်တည်းမှာပင် အပြောင်းအလဲများ သည်လည်း ဆက်တိုက်ဖြစ်ပေါ်လာပြီး မည်မသိ ကမ္ဘာ့တစ်ခုဆီသို့ ဦးတည်နေသော အာကာသ အက်ကြောင်းများ ပေါ်လာချေပြီ။

ထို့ကြောင့် အခြားကမ္ဘာမှ အစွမ်းထက်သော ကျွမ်းကျင်သူများစွာ မိုးပြာတိုက်ကြီးကို စတင် ကျူးကျော်လာကြသည်။

၎င်းတို့သည် ဤကမ္ဘာကြီး၏ ကျင့်ကြံမှု အရင်းအမြစ်များကို သိမ်းယူရန်အတွက် စစ်ပွဲ များစွာဖြင့် မငြိမ်မသက်မှုများ ခေါ်ဆောင်လာ၏။

အဆုံးတွင် မိုးပြာတိုက်ကြီး၏ လက်ကျန် ဂိုဏ်းများစွာက ပေါင်းစည်းလျက် အောင်မြင်စွာ အနိုင်ယူပြီး အက်ကြောင်းများကို ပိတ်ရန် တားမြစ်ဝင်္ကပါများ အသုံးပြုခဲ့ကြသည်။

သို့သော် အချိန်ကြာလာသည်နှင့်အမျှ ဝိညာဉ်စွမ်းအင်များ ရှားပါးပြီး မဟာတာအိုများ တဖြည်းဖြည်း ဆုတ်ယုတ်လာတော့၏။

ထိုအချိန်ကာလကို ‘အမှောင်ခေတ်’ ဟုခေါ်ကြောင်း အဆုံးသတ်ထားချေပြီ။ စုရီမှ မျက်လုံးများ ပြန်ဖွင့်လိုက်၏။

“ ဒါဆို ရတနာဘုံကျောင်း နတ်ဆိုး တောင်တန်း ဉာဏ်အလင်းခြံဝင်းရဲ့ ဘုန်းကြီးက ဒီသက်ရောက်မှုကြောင့် ထွက်သွားတာကိုး။”

နဂါးစီးနင်းပြီး ကောင်းကင်ပေါ် ထွက်ခွာသွားသော အဖြူဝတ်ဘုန်းတော်ကြီး တစ်ပါးကို သတိရလာခဲ့သည်။ ဤကပ်ဘေးကို ရှောင်ရှားရန် ကြိုးစားခဲ့ပုံရချေ၏။

မဟာကျိုးမင်းဆက်၏ နတ်ဆိုး တောင်တန်းရှစ်လုံးရှိ အာကာသ အတားအဆီး များသည် ထိုစဉ်က ချမှတ်ထားသော ဝင်္ကပါများ ဖြစ်ပေသည်။ အခြားကမ္ဘာမှ ကျွမ်းကျင်သူများ ကျူးကျော်မှုကို တားဆီးရန်အတွက် ဖြစ်ချေ၏။

***

All Chapters