← Chapters

နတ်ကျင့်စဉ်ကို ဆည်းပူးခြင်း၊ အင်အား တစ်ဟုန်ထိုးမြင့်တက်ခြင်း

Vol. 14 Ch. 182

နတ်ကျင့်စဉ်ကို ဆည်းပူးခြင်း၊ အင်အား တစ်ဟုန်ထိုးမြင့်တက်ခြင်း

Vol. 14 Ch. 182

ကျားဖြူခန်းမ!

ချန်ကျဲ့ ရထားလုံးပေါ်မှ ဆင်းလိုက်ပြီး စူးယွင်ကျင်းကို တွဲကူ‌ချပေးရန် ရည်ရွယ်လိုက်သည်။ သို့သော် စစ်ရှီးမှ ပြောသည်။

“သခင်၅ ကျားဖြူခန်းမထဲကို မိသားစုဝင်တွေ ဝင်ရောက်ဖို့ မသင့်ပါဘူး။ သခင်မအနေနဲ့ ရထားလုံးထဲမှာပဲ အနားယူနေသင့်ပါတယ်။ ကျွန်တော် သခင်မအနားမှာ စောင့်ကြပ်ပေးနေမှာပါ။ ဘာပြဿနာမှ မရှိ‌ေစရပါဘူး”

ထိုအခါ ချန်ကျဲ့ ခေါင်းညိတ်လိုက်သည်။

ချန်ကျဲ့မှ စူးယွင်ကျင်းကို ပြောလိုက်ရာ စူးယွင်ကျင်းမှ ခေါင်းညိတ်သည်။

“ယောက်ျား ရှင်သွားလိုက်ပါ။ ကျွန်မနဲ့ ရွေ့ရွေ့ အဆင်ပြေမှာပါ”

ချန်ကျဲ့ ခေါင်းညိတ်လိုက်ပြီး ရထားလုံးမှ ထွက်ခွာလာခဲ့သည်။ ဟူဇစ်သည် ချန်ကျဲ့နှင့်အတူ ကျားဖြူခန်းမသို့ လိုက်ဝင်ခဲ့သည်။

ကျားဖြူခန်းမသည် ခြံဝင်းကြီးသုံးခု ပေါင်းစည်းထားခြင်းဖြစ်သည်။ အပြင်ဘက်ခြံဝင်းသည် လေ့ကျင့်ရေးကွင်းတစ်ခုဖြစ်ပြီး အဖွဲ့သားများစွာ ရှိနေ၏။ ဒုတိယခြံဝင်းတွင် အမျိုးမျိုးသော စီမံအုပ်ချုပ်ရေးအလုပ်သမားများကို နေရာချထား၏။ ဥပမာ စာရင်းတွက်ချက်ခန်း၊ သတင်းအချက်အလက်ဌာန စသည်တို့ဖြစ်ကြသည်။

နောက်ဆုံးခြံဝင်းသည် ကျားဖြူခန်းမ၏ အဓိကခန်းမကြီးဖြစ်သည်။

ဖန်းရှစ်ကျုံး၏ အိမ်တော်လည်း ဖြစ်သည်။

ဖန်းရှစ်ကျုံးသည် အိမ်ထောင်မပြုထားရာ သူ၏ဘဝနေထိုင်မှုသည် ရိုးရှင်း၏။ သို့ဖြင့် ခြံဝင်းထဲတွင် သူနေ့စဉ်နေ့တိုင်း လေ့ကျင့်သည့် လေ့ကျင့်ရေးကွင်းသာ ရှိသည်။

“စွမ်းအင်ပြောင်းလဲခြင်းအဆင့် သိုင်းပညာရှင်ကြီးတစ်ဦးအတွက်တောင်မှ အဆုံးမရှိတဲ့ စောင့်ကြည့်မှုသတိတွေ လိုအပ်တယ်”

“ကျေးဇူးပြုပြီး ရပ်နားပေးပါ”

ချန်ကျဲ့နှင့် ရှောင်ဟူတို့ ဝင်ပေါက်သို့ရောက်သောအခါ ဖန်းရှစ်ကျုံး၏ ကိုယ်‌ေရးအစောင့်အရှောက်သည် သူတို့နှစ်ဦးကို တတိယခြံဝင်းတွင် ရပ်တန့်စေပြီး မေးသည်။

“ဘယ်သူက သခင်၅ ချန်၊ ချန်ကျိုစစ်လဲ”

ချန်ကျိုစစ်မှ ပြန်ပြောသည်။

“ကျွန်တော်က ချန်ကျိုစစ်ပါ”

ထိုအခါ ကိုယ်ရေးအစောင့်အရှောက်မှ ပြောသည်။

“သခင်၅ ကျေးဇူးပြုပြီး အထဲဝင်ပါ။ ဒီညီနောင်လေးကတော့ ကျေးဇူးပြုပြီး ဘေးအခန်းမှာ လက်ဖက်‌ရည်သုံးဆောင်ရင်း စောင့်ဆိုင်းပေးပါ”

ရှောင်ဟူသည် ချန်ကျဲ့ကို ကြည့်လိုက်သည်။

ချန်ကျဲ့ ခေါင်းညိတ်ပြလိုက်၏။

“ဟူဇစ် ငါ့ကို ဒီမှာစောင့်နေလိုက်ပါ”

“ကောင်းပါပြီ အစ်ကိုကျိုစစ်”

ထို့နောက် ချန်ကျဲ့သည် အစောင့်အရှောက်နှင့်အတူ အတွင်းခြံဝင်းထဲသို့ လိုက်ဝင်သွားခဲ့သည်။ အတွင်းခြံဝင်း၏ အပြင်အဆင်သည် အပြင်ခြံဝင်းနှင့်မတူဘဲ ပို၍ ထူးခြားတင့်တယ်သည်။

“သခင်၅ ကျေးဇူးပြုပြီး ကြွပါ။ ခန်းမအရှင်သခင်နဲ့ မိသားစုခေါင်းဆောင်တွေက သခင်၅ကို စောင့်ဆိုင်းနေကြပါတယ်”

ထိုအခါ ၎င်း’မိသားစုခေါင်းဆောင်များ’ဟူသည် ဖန်းရှစ်ကျုံး၏ မွေးစားသားလေးယောက်ဖြစ်လိမ့်မည်ဟု ချန်ကျဲ့ တွေးလိုက်သည်။

ထိုသို့တွေးတောလျက် အဓိကခန်းမကြီး၏ ဝင်ပေါက်သို့ရောက်လာခဲ့သည်။ ထိုအခါ လူနှစ်ယောက်၏ တင်ပြပြောဆိုသံကို ကြားလိုက်ရသည်။

ထိုလူနှစ်ဦးထဲမှ တစ်ယောက်သည် ခန္ဓာကိုယ်ဝဖြိုးသန်မာသည်။ ကျန်တစ်ဦးသည်တော့ ချောမောခန့်ညားပြီး စာသင်သားတစ်ယောက်ကဲ့သို့ ဝတ်ဆင်ထားကာ ခေါက်ယပ်တောင်ကိုကိုင်လျက် အသိပညာကြွယ်ဝသူတစ်ဦးကဲ့သို့ အသွင်အပြင်မျိုး ရှိလေသည်။

သူတို့နှစ်ဦးသည် လွန်ခဲ့သည့်နှစ်ရက်အတွင်း အလုပ်ကိစ္စများအကြောင်းကို ‌အစီရင်ခံတင်ပြနေခြင်းဖြစ်ပြီး ဖန်းရှစ်ကျုံးမှ ခပ်သာသာ ခေါင်းညိတ်နေသည်။

သူတို့၏တင်ပြပးမှု ပြီးဆုံးလုနီးတွင် ဖန်းရှစ်ကျုံးသည် တံခါးဝရှိ ချန်ကျဲ့ကို မြင်သွားပြီး ပြောသည်။

“အခု‌ေတာ့ အဲဒီကိစ္စတွေတင်ပြတာ တော်လောက်ပြီ။ ကျိုစစ် ဝင်ခဲ့”

ချန်‌ကျဲ့ ဝင်လိုက်သည်။

ဖန်းရှစ်ကျုံးမှ မတ်တပ်ရပ်လိုက်ပြီး မိတ်ဆက်ပေးသည်။

“အားလုံးကို မိတ်ဆက်ပေးပါရစေ။ ဒါက ငါ အသစ်လက်ခံခေါ်ယူထားတဲ့ မွေးစားသား ချန်ကျိုစစ်ပါ”

“ကျိုစစ် ငါမင်းကို မိတ်ဆက်ပေးမယ်။ ဒီလေးယောက်က အခုကစပြီး မင်းရဲ့အစ်ကိုတွေပဲ။ မင်း ဒီနှစ်ယောက်ကိုတော့ သိမှာပါ၊ မင်းရဲ့အစ်ကိုအကြီးဆုံး ဖုန်းရွှမ်နဲ့ မင်းရဲ့အစ်ကို၂ ကျန်းချွမ်”

ဖန်းရှစ်ကျုံးမှ ဆက်ပြောသည်။

“ဒီပြည့်ပြည့်ဝိုင်းဝိုင်းနဲ့တစ်ယောက်က မင်းရဲ့အစ်ကို၃ လုရုံပဲ”

“ညီ‌ငယ် ၅”

လုရုံသည် ခပ်သာသာ ခေါင်းညိတ်၍ ချန်ကျဲ့အား “ညီငယ် ၅”ဟု အသိအမှတ်ပြုနှုတ်ဆက်သည်။

ဖန်းရှစ်ကျုံးမှ ဆက်ပြောသည်။

“ဒါကတော့ မင်းရဲ့အစ်ကို၄ တန်းကွမ်းမင်”

“ညီငယ် ၅”

တန်းကွမ်းမင်သည် ချန်ကျဲ့ကို လက်သီးယှက်လျက် တက်ကြွစွာ နှုတ်ဆက်သည်။

ချန်ကျဲ့ ပြန်နှုတ်ဆက်လိုက်သည်။

“အစ်ကို ၄”

မိတ်ဆက်ပြီးနောက် ဖန်းရှစ်ကျုံးမှ ပြောသည်။

“ကောင်းပြီ၊ အခု မင်းတို့အားလုံးက မိသားစုတွေဖြစ်သွားကြပြီဆိုတော့ အချင်းချင်း လေးစားချစ်ခင်ကြပါ။ ပြီးတော့ သဘက်ခါကျရင် သားငယ်၅ကို တရားဝင်အသိအမှတ်ပြုဖို့အတွက် စားသောက်ပွဲကြီးကျင်းပမယ်။ အဲဒီအတွက် မင်းတို့အားလုံး သေချာလေး ဂရုစိုက်ပေးရမယ်”

ထိုအခါ အားလုံးသည် လက်သီးယှက်လျက် ပြန်လည်တုံ့ပြန်သည်။

“ဟုတ်ကဲ့!”

ဖန်းရှစ်ကျုံးမှ ချန်ကျဲ့ကို ပြောသည်။

“ကျိုစစ် ဒီနှစ်ရက်အတွင်း ကိုယ့်ကိုယ်ကိုယ် မြို့နဲ့ရင်းနှီးကျွမ်းဝင်အောင် လုပ်ထားလိုက်ပါ။ သုံးရက်ကြာပြီးရင် ဧည့်သည်တွေဖိတ်ကြားပြီး မင်းက ငါဖန်းရှစ်ကျုံးရဲ့ မွေးစားသားဖြစ်ကြောင်းကို လူသိရှင်ကြားကြေညာမယ်!”

အားလုံးမှ တုံ့ပြန်သည်။

“ညီငယ် ၅ကို ဂုဏ်ပြုပါတယ်”

ကျန်းချွမ်ပင်လျှင် လက်သီးယှက်လျက် အသိအမှတ်ပြု တုံ့ပြန်လာ၏။

ထို့နောက် ဖန်းရှစ်ကျုံးမှ ပြောသည်။

“ကောင်းပြီ၊ သားကြီးက စားသောက်ပွဲအတွက် စီစဉ်စရာရှိတာတွေကို တာဝန်ယူပြီး သားငယ်၃က ကူညီပေးလိုက်ပါ။ သားငယ်၂နဲ့ သားငယ်၄ကတော့ ဒီနောက်နှစ်ရက်အတွင်း ကုန်သည်အဖွဲ့ရဲ့ကိစ္စတွေကို အဓိကထား ကိုင်တွယ်ပါ”

“ဟုတ်ကဲ့”

အားလုံးသည် အမိန့်နာခံကာ ထွက်ခွာသွားကြသည်။

ချန်ကျဲ့လည်း ထွက်ခွာရန်ပြင်လိုက်သော်ငြား ဖန်းရှစ်ကျုံးမှ ပြောသည်။

“ကျိုစစ် ခဏစောင့်ဦး”

ချန်ကျဲ့ ရပ်လိုက်သည်။ ဖန်းရှစ်ကျုံးမှ လက်ဝှေ့ရမ်းလိုက်ရာ လူတစ်ယောက်မှ သော့တစ်တွဲကိုကိုင်၍ ဝင်လာသည်။ ထို့နောက် ဖန်းရှစ်ကျုံးမှ ပြောသည်။

“ငါ့မှာ အသီးအရွက်ဈေးလမ်းမကြီးထဲမှာ ခြံဝင်းငယ်လေးတစ်ခု ရှိတယ်။ ဝယ်ထားတာ နှစ်တော်တော်ကြာနေပြီ။ အခုတော့ မင်းကို ယာယီနေအိမ်အဖြစ် ပေးလိုက်မယ်”

“ကျေးဇူးတင်ပါတယ်…”

ချန်ကျဲ့ တွန့်ဆုတ်‌နေ၏။ စားသောက်ပွဲမှာ မကျင်းပရသေး၊ သူတို့၏ဆက်ဆံရေးသည်လည်း တရားဝင် အတည်မပြုရသေးပေ။

သို့သော် ဖန်းရှစ်ကျုံးသည် သူ့ကို မွေးစားသားအဖြစ် အသိအမှတ်ပြုထားကြောင်းမှာ သိသာထင်ရှားသည်။

ငါ ဘယ်လိုသုံးနှုန်းရမလဲ?

ဖန်းရှစ်ကျုံးမှ ပြုံးလိုက်ပြီး‌ ပြောသည်။

“ငါ့ကို မွေးစားအဖေလို့ခေါ်ပါ”

“ဟုတ်ကဲ့ပါ မွေးစားအဖေ”

ချန်ကျဲ့သည် ဖန်းရှစ်ကျုံးအား အလျင်အမြန်ပင် မွေးစားအဖေဟု ခေါ်ဝေါ်သုံးနှုန်းလိုက်သည်။

ထို့နောက် ဖန်းရှစ်ကျုံးမှ ဆက်ပြောသည်။

“လာ မွေးစားအဖေနဲ့အတူ လေ့ကျင့်ကွင်းကို လိုက်ခဲ့ပေးပါဦး။ ငါမင်းရဲ့အင်အားကို မြင်ချင်တယ်”

ထိုစကားကြောင့် ချန်ကျဲ့ ထိတ်လန့်သွားခဲ့သော်ငြား လေ့ကျင်းကွင်းထဲသို့ လိုက်သွားခဲ့သည်။ လေ့ကျင့်ကွင်း၌ အပြင်လူများ ရှိမနေဘဲ အစောင့်များသည် ဝင်ပေါက်ကို စောင့်ကြပ်နေသည်။

ဖန်းရှစ်ကျုံးမှ အမိန့်ပေးသည်။

“တိုက်ခိုက်‌တော့!”

ချန်ကျဲ့ အမြန်ပြောလိုက်သည်။

“ကျွန်တော် မွေးစားအဖေကို မတိုက်ခိုက်ဝံ့ပါဘူး!”

ဖန်းရှစ်ကျုံးမှ ပြန်ပြောသည်။

“ဘာမှကြောက်မနေနဲ့။ မင်းရဲ့အင်အားအကြီးဆုံးတိုက်ကွက်နဲ့ ငါ့ကိုတိုက်ခိုက်စမ်းပါ”

ချန်ကျဲ့ စဉ်းစားလိုက်ပြီးနောက် လှိုင်းတံပိုးလက်ဝါးသိုင်းကို ပြသသည်။ သို့သော် ဖန်းရှစ်ကျုံးမှ ခေါင်းခါသည်။

“အဲဒါမဟုတ်ဘူး။ ရေထိန်းချုပ်လက်ဝါးသိုင်းကို သုံး!”

“ဟမ်?!”

ချန်ကျဲ့ ထိတ်လန့်သွား၏။ သို့သော် ဖန်းရှစ်ကျုံးမှ ရယ်မောသည်။

“မင်းရဲ့မွေးစားအဖေကိုတောင် ဖုံးကွယ်ထားမလို့လား”

ချန်ကျဲ့ အမြန်ပြောလိုက်သည်။

“ကျွန်တော် မလုပ်ရဲပါဘူး”

ဖန်းရှစ်ကျုံးမှ ချန်ကျဲ့ကို စိတ်ချစေသည်။

“ဘာမှစိုးရိမ်ဖို့မလိုပါဘူး။ ငါအဲဒီလက်ဝါသိုင်း ရေထိန်းချုပ်လက်ဝါးသိုင်းကို သိတယ်.. တစ်ဝက်လောက်ကို သိတယ်”

“မွေးစားအဖေလည်း သိတာလား”

ဖန်းရှစ်ကျုံး ရယ်မောလိုက်သည်။

“ရေထိန်းချုပ်လက်ဝါးသိုင်းက ချန်ချွမ်းကျင့်စဉ်ကနေ ဆင်းသက်လာတာပဲ။ ဆေးဘုရင်တောင်ကြား ဖျက်ဆီးခံလိုက်ရပြီးနောက်မှာ အဲဒီကျင့်စဉ်က သိုင်းလောက,ကနေ ပျောက်ကွယ်သွားခဲ့တယ်။ နောက်ပိုင်းကျ ကုစုန့်လို့အမည်ရတဲ့ သိုင်းလောကသားတစ်ယောက်က ဒီသိုင်းပညာနဲ့ သိုင်းလောကကို အုပ်စိုးခဲ့ဖူးတယ်။ ငါ့ဆရာက ကုစုန့်နဲ့ အပြန်အလှန်ဆက်သွယ်မှုရှိခဲ့ပြီး တစ်ယောက်နဲ့တစ်ယောက်ရဲ့ သိုင်းပညာတွေကို တိုက်ဆိုင်စစ်ဆေးခဲ့ကြတယ်။ အဲဒါကြောင့်ပဲ ရေထိန်းချုပ်လက်ဝါးသိုင်းတစ်ဝက်ကို လဲလှယ်နိုင်ခဲ့တယ်”

“ငါက ဆရာ့ရဲ့သိုင်းပညာကို ဆက်ခံခဲ့တာကြောင့် အလိုအလျောက်ပဲ ဆက်စပ်နေတဲ့သိုင်းကျမ်းတွေကို ပိုင်ဆိုင်ခဲ့တယ်။ မင်း ပြိုင်ပွဲမှာ တိုက်ခိုက်တဲ့နေ့ကတည်းက မင်းသုံးနေတဲ့သိုင်းပညာက ရေထိန်းချုပ်လက်ဝါးသိုင်းဆိုတာကို ငါမှတ်မိတယ်။ အဲဒါက လှိုင်းတံပိုးလက်ဝါးသိုင်းနဲ့ ဆင်တူပေမဲ့ သိုင်းကျမ်းအကြောင်း နည်းနည်းသိထားတဲ့သူဆိုရင် ကွာခြားချက်ကို မြင်တွေ့နိုင်တယ်”

ထိုအခါ ချန်ကျဲ့မှ ပြောသည်။

“မွေးစားအဖေ ကျွန်တော်ရှက်ရွံ့မိပါတယ်၊ ကျွန်တော်က ဒီတိုင်း… ကျွန်တော့်ရဲ့သိုင်းကျင့်စဉ်က…”

All Chapters