← Chapters

နတ်ကျင့်စဉ်ကို ဆည်းပူးခြင်း၊ အင်အား တစ်ဟုန်ထိုးမြင့်တက်ခြင်း_၃

Vol. 14 Ch. 184

နတ်ကျင့်စဉ်ကို ဆည်းပူးခြင်း၊ အင်အား တစ်ဟုန်ထိုးမြင့်တက်ခြင်း_၃

Vol. 14 Ch. 184

ဖန်းရှစ်ကျုံးသည်လည်း မြောက်များစွာသော ဓားသိုင်းကျမ်းများကို ပိုင်ဆိုင်ထား၏။

ချန်ကျဲ့သည် ဓားသိုင်းကျမ်းသုံးခုကိုရွေးထားပြီး သူ၏စံချိန်စံနှုန်းနှင့် ကိုက်ညီရုံမျှသာဖြစ်သော “လျင်မြန်ဓားလမ်းစဉ်၃၆ပါး”မှအပ အခြားသိုင်းကျမ်းများသည် အထူးတလည် အထင်ကြီးဖွယ်ကောင်းလှသည်မျိုး မရှိပေ။

အခြားဓားသိုင်းများသည် အတော်လေး သာမန်ဆန်သည်။

ထို့နောက် ချန်ကျဲ့သည် လှံနှင့်တုတ်လက်နက်သိုင်းကျမ်းများကို ဖတ်ကြည့်ပြီးနောက် တုတ်လက်နက်သိုင်းကျမ်းကို ချက်ချင်း ပယ်လိုက်သည်။

တုတ်လက်နက်သည် အဓိကအားဖြင့် ထိန်းချုပ်ရန်အတွက်ဖြစ်ပြီး သေစေနိုင်သည့်စွမ်းရည် လျော့နည်းသည်။ ချန်ကျဲ့သည် မိမိ၏အင်အားကို အလျင်အမြန် တိုးတက်စေနိုင်မည့် ကျင့်စဉ်ကို လိုအပ်နေခြင်းဖြစ်သည်။

ထို့ကြောင့် လှံတံသိုင်းကျမ်းဘက်ကို လှည့်လိုက်ပြီး သိုင်းကျမ်းနှစ်အုပ် သို့မဟုတ် တစ်အုပ်နှင့် တစ်ဝက်ခန့်မျှကို လှန်လှောကြည့်လိုက်သည်။

အဘယ်ကြောင့်ဆိုသော် ဤလှံတံသိုင်းကျမ်းနှစ်အုပ်တွင် တစ်အုပ်သာလျှင် အပြည့်အဝမှတ်တမ်းတင်ထား၏။ ကျန်တစ်အုပ်မှာ သိုင်းကွက်၃ကွက်သာ ပါဝင်သည်။

အပြည့်အဝမှတ်တမ်းတင်ထားသည့် သိုင်းကျမ်း၏အမည်သည် “သုန်းမိသားစုလှံ”ဟု အမည်ရသော သမာရိုးကျကျင့်စဉ်တစ်ခုဖြစ်သည်။ ၎င်း၏ စေ့စပ်သေချာသော မှတ်တမ်းတင်ထားရှိမှုကြောင့် “တံခါးချိုးဖျက်ကျားငါးကောင်”၊၊ “လျင်မြန်ဓားလမ်းစဉ်၃၆ပါး”တို့နှင့် အဆင့်တူညီပေသည်။

သို့သော် ချန်ကျဲ့သည် သိုင်းကွက်၃ကွက်သာ ပါဝင်သည့် စာအုပ်ပေါ်တွင်သာ အာရုံရောက်နေခဲ့သည်။

ဒါက လှံသိုင်းကျမ်းလား။

၎င်းသည် အလွန်တရာ ဟောင်းနွမ်းစုတ်ပြတ်နေသည့် လျှို့ဝှက်သိုင်းကျမ်းတစ်အုပ်ဖြစ်ပြီး စာလုံးအစိတ်အပိုင်း အများစုမှာ စုတ်ပြဲနေသောကြောင့် ရှေ့စာမျက်နှာ အနည်းငယ်သာလျှင် ကျန်ရှိ‌သည်။ စာအုပ်မျက်နှာဖုံးသည်လည်း ပိုးမွှားများကိုက်ဖြတ်ခြင်းကြောင့် ပျက်စီးနေပေသည်။

ချန်ကျဲ့မှာ “အတိဒုက္ခဆယ့်သုံးပါးလှံ”ဟူသည့် စာလုံးများကိုပင် ခက်ခက်ခဲခဲဖြင့် ဖတ်ယူလိုက်ရ၏။

ပထမအက္ခရာသည် စုတ်ပြဲနေသောကြောင့် မည်သည့်စာလုံးဖြစ်ကြောင်း မသဲကွဲပေ။

ချန်ကျဲ့ ထိုလှံသိုင်းဆယ့်သုံးကွက်ကို ပြန်လည်ဖတ်ကြည့်ရာ သုံးကွက်သာ ကျန်ရစ်တော့ကြောင်း မြင်တွေ့ရသည်။ ထိုသိုင်းကွက်တစ်ကွက်စီကို ကဗျာတစ်ပိုဒ်စီဖြင့် တွဲဖက်ဖော်ပြထား၏။

“ပဲနီစေ့များဖြင့် ထွင်းအပ်သော အန်စာတုံး၊ အရိုးထိ နက်ရှိုင်းစွာသော လိုအင်ဆန္ဒ၊ သိသည်ဖြစ်စေ မသိသည်ဖြစ်စေ ပထမလှံဟာ လိုအင်ဆန္ဒဖြစ်တယ်!”

“အိပ်မက်တွေဟာ အရုဏ်တက်၅ချက်မျာ ပြိုကွဲပျောက်ကွယ်တယ်၊ ဦးချိုခရာသံဟာ လမင်းကို လွင့်ထွက်စေတယ်၊ ဒုတိယမြောက် လှံဟာ လေလွင့်ဝိဉာဉ်ဖြစ်တယ်!”

“မြစ်ရေပြင်ထက်က နေဝင်ချိန်၊ အထီးကျန်မှု အငွေ့အသက်တွေဟာ ‌တန်းတန်းမတ်မတ် အထက်ကိုပျံတက်သွားတယ်၊ မိုင်ထောင်ချီပျံသန်းတဲ့ ငန်းတွေဟာ မိတ်ဆွေဟောင်းကို အမှတ်ရလေတယ်၊ တတိယမြောက် လှံက ခွဲခွာခြင်းဖြစ်တယ်!”

ထိုသိုင်းကွက်၃ကွက်ကို အကြမ်းဖျင်းကြည့်လိုက်ရုံဖြင့် ချန်ကျဲ့ စိတ်ဝင်စားသွားခဲ့သည်။ အထူးသဖြင့် ဒုတိယ‌သိုင်းကွက်ဖြစ်၏။ မည်သည့်အကြောင်းကြောင့် မသိပေ.. ချန်ကျဲ့မှ ကဗျာကိုရွတ်ဆို၍ သိုင်းကွက်ပုံစံကို စမ်းသပ်ကြည့်လိုက်သည်နှင့် သူ၏“ယန်ချွမ်ကျင့်စဉ်”သည် လှုပ်ခတ်လှိုင်းထသွားတတ်သည်။

ချန်ကျဲ့ အရမ်းသိချင်နေမိ၏။

ဒါက တကယ်ပဲ ဘာလဲ။

“အိပ်မက်တွေဟာ အရုဏ်တက်၅နာရီမှာ ပြိုကွဲပျောက်ကွယ်တယ်၊ ဦးချိုခရာသံဟာ လမင်းကို လွင့်ထွက်စေတယ်”

သူ ဤကဗျာကို ဖတ်ဖူးသည်ဟု ခံစားနေရ၏။

ကြည့်ရတာတော့ စူးသုန်းဖောရဲ့စာပေတွေထဲက ဖြစ်လောက်တယ်။

ဤကဗျာကို စူးသုန်းဖောသည် ကျန့်ကျန်းတွင် တာဝန်ကျ၍ အိမ်နှင့်‌အဝေးရောက်နေစဉ် တစ်ချိန်တည်းတွင် ချင်းမင်ပွဲတော်ကာလ ဖြစ်နေခဲ့သည်။ စူးသုန်းဖောသည် ရိုးရာဓလေ့ထုံးတမ်းများ လုပ်ဆောင်ရန်အတွက် အိမ်မပြန်နိုင်သဖြင့် စိတ်ကူးဉာဏ်ကွန့်မြူးခဲ့ပြီး ဤကဗျာကို ရေးသားခဲ့ခြင်းဖြစ်လိမ့်မည်။

ချင်းမင်!

ချန်ကျဲ့၏မျက်လုံးများ တောက်ပသွား၏။

ဒါက ချင်းမင်ကျင့်စဉ်နဲ့များ ဆက်စပ်နေမလား။

“ချန်ချွမ်းကျင့်စဉ်”သည် “ရာသီလေးပါးနက္ခတ်တာရာကျင့်စဉ်”မှ ဆင်းသက်လာခြင်းဖြစ်သည်။

“ရာသီလေးပါးနက္ခတ်တာရာကျင့်စဉ်”သည် “သူရိန်စက်ဝန်းနှစ်ဆယ့်လေးသွယ်” အခေါ်အဝေါ်မှ ပြောင်းလဲဖြစ်ပေါ်လာခြင်း ဖြစ်သည်။ “ချန်ချွမ်းကျင့်စဉ်”တွင် ရာသီ‌၆ပါးကို မှတ်တမ်းတင်ထား၏။

ထိုရာသီတစ်ခုလျှင် သိုင်းပညာတစ်ခုနှင့် ညီမျှသည်။

ဥပမာဆိုရသော် “ယန်ချွမ်ကျင့်စဉ်”သည် “လီချွမ်း”နှင့် တူညီသည်။

“ရေထိန်းချုပ်လက်ဝါးသိုင်း”သည် “ယွီရွှေ”နှင့် တူညီသည်။

ချန်ချွမ်းကျင့်စဉ်၏ ရာသီခြောက်ပါးမှာ “လီချွမ်း၊ ယွီရွှေ၊ ကျင်းကျယ်၊ ချွမ်းဖန်း၊ ချင်းမင်၊ ကူယွီ” တို့ဖြစ်သည်။

ချင်းမင်သည် ထိုရာသီခြောက်ပါးထဲမှ တစ်ခုဖြစ်သည်။

ဤလှံသိုင်းကွက်သည် ယန်ချွမ်ကျင့်စဉ်၏ အတွင်းအားကို မိတ်ဆွေဟောင်းတစ်ယောက်နှင့် ပြန်လည်ဆုံတွေ့လိုက်သည့်အလား တိုးတက်စေနိုင်သည့် အချက်သည် ဤလှံသိုင်းကျမ်းသည် သူရိန်စက်ဝန်းနှစ်ဆယ့်လေးသွယ်တောင်ကြား၏ ရာသီလေးပါးနက္ခတ်တာရာကျင့်စဉ်မှ “ချင်းမင်”ကို အခြေခံ၍ ဖြစ်တည်လာသော သိုင်းကျင့်စဉ်ဖြစ်နိုင်ကြောင်း ပြသနေပေသည်။

ထို့ပြင် ဤသိုင်းကျင့်စဉ်သည် အင်အားကြီးမားကြောင်း သံသယဖြစ်ဖွယ် မရှိပေ။ အဘယ်ကြောင့်ဆိုသော် “ယွီရွှေ”မှ ဆင်းသက်လာသည့် ရေထိန်းချုပ်လက်ဝါးသိုင်း၂၄ကွက်သည် ထိုအသုံးအနှုန်းကို ကိုယ်စားပြုနိုင်ဖို့ရာ လိုအပ်ချက် များပြားလွန်းလှသော်ငြား ဤတစ်ကွက်သည် “ချင်းမင်”ကို သိသာထင်ရှားစွာ ကိုယ်စားပြုနေပေသည်။ သူ၏အင်အားမှာ ပိုမိုကြီးမားကြောင်းကိုလည်း ပြသနေခဲ့၏။

ဤှလှံသိုင်းကျမ်းမှာ မပြည့်စုံသည့်တိုင် သိုင်းကွက်တစ်ကွက်တည်းဖြင့်ပင် ဤပျက်စီးနေသည့် လှံသိုင်းကျမ်းသည် အခြားသိုင်းကျမ်းများထက် မိမိနှင့် ပိုမိုသင့်တော်သည်ဟု ခံစားရပေသည်။

ထိုသို့နားလည်လိုက်ပြီးနောက်၌ ချန်ကျဲ့သည် ဟောင်းနွမ်းပျက်စီးနေသည့် လှံသိုင်းကျမ်းစာအုပ်ကို ဆုပ်ကိုင်ကာ အနားတွင် လက်ဖက်ရည်သုံးဆောင်နေသည့် ဖန်းရှစ်ကျုံးကို ပွင့်လင်းစွာ ပြောလိုက်သည်။

“မွေးစားအဖေ ကျွန်တော်ရွေးချယ်ပြီးပါပြီ၊ ဒီတစ်ခုပါ”

ထိုအခါ ဖန်းရှစ်ကျုံးသည် စာအုပ်ကို တစ်ချက်လှမ်းကြည့်လိုက်ပြီး ပြောသည်။

“အဲဒီလှံသိုင်းကျမ်းရဲ့ သိုင်းကွက်၃ကွက်က တကယ့်ကို အင်အားကြီးမားပါတယ်။ ဒါပေမဲ့ အဲဒီသိုင်းကျမ်းက မပြည့်စုံဘူး။ အဲဒီသိုင်းကျမ်းကို လေ့ကျင့်ရင် သဟဇာတမဖြစ်တာမျိုး ကြုံတွေ့ရနိုင်တယ်။ ‘တံခါးချိုးဖျက်ကျားငါးကောင်’နဲ့ ‘’လျင်မြန်ဓားလမ်းစဉ်၃၆ပါး’ထဲက ပြန်စဉ်းစားကြည့်ပါလား။ အဲဒီသိုင်းတွေက အတော်လေး ကောင်းမွန်တယ်”

“အကယ်၌ လှံသိုင်းကို သင်ယူချင်တာဆိုရင်တော့ ‘သုန်းမိသားစုလှံသိုင်းကျမ်း’လည်း မဆိုးလှဘူး။ အဲဒီသိုင်းကျမ်းက အထင်ကြီးလောက်တဲ့‌ နောက်ခံသမိုင်းကြောင်းရှိတယ်။ ချင်းစုန့် အရှေ့ဖျင်ပြည်နယ်စစ်တပ်ရဲ့ မြင်းစစ်သည်‌အုပ်ချုပ်သူ ရွှမ်းချန်းစစ်သူကြီး သုန်းဖျင်ချန်ရစ်ခဲ့တဲ့ လှံသိုင်းတွေထဲက ပြင်ဆင်ပြုစုထားတာဖြစ်နိုင်တယ်။ အဲဒီသိုင်းကျမ်းကို တတ်မြောက်နိုင်ရင်လည်း ‌အတော်လေး အံ့မခန်းစွမ်းရည်ကို ပိုင်ဆိုင်ပါလိမ့်မယ်”

ထိုအခါ ချန်ကျဲ့မှ ပြောသည်။

“မွေးစားအ‌ဖေ ကျွန်တော် ဒိပျက်စီးနေတဲ့စာအုပ်ကို လိုချင်ပါတယ်။ အမှိုက်တစ်သိုက်ကြီးထက် ထူးကဲကောင်းမွန်တဲ့အရာတစ်ခုကို ပိုင်ဆိုင်နိုင်တာက ပိုကောင်းပါတယ်”

ထိုစကားကိုကြားသည်တွင် ဖန်းရှစ်ကျုံးသည် ချန်ကျဲ့ကိုကြည့်လျက် ဤလူငယ်လေးမှာ မည်မျှအထိ ရည်မှန်းချက်ကြီးမားသနည်းဟု စဉ်းစား‌နေခဲ့သည်။

ဖန်းရှစ်ကျုံးသည် သူ၏ဘဝတစ်သက်တာတွင် လူများစွာနှင့် ဆုံတွေ့ခဲ့ဖူးသည်။ တချို့သည် ချန်ကျဲ့ထက်ပင် ပို၍ ရည်မှန်းချက်ကြီးမားကြသည်။ သို့သော် ရည်မှန်းချက်သည် လုပ်‌ဆောင်နိုင်စွမ်းရည်နှင့် ကျိန်းသေပေါက် အပြန်အလှန် ဆက်စပ်နှီးနွှယ်နေသည် မဟုတ်ပေ၊ သို့တည်းမဟုတ် ထူးချွန်ပြောင်မြောက်စေနိုင်သည် မဟုတ်ပေ။

ထိုလှံသိုင်းကျမ်း၏ သိုင်းကွက်သုံးကွက်သည် အမှန်တကယ်ပင် ထူးကဲကောင်းမွန်၏။ အကယ်၍များ သိုင်းကွက်၁၃ကွက် ပြီးပြည့်စုံနေပါက စွမ်းအင်ပြောင်းလဲခြင်းအဆင့် အထက်တွင် ရှိလိမ့်မည်ဟု ဖန်းရှစ်ကျုံး မှန်းဆမိသည်။

သို့သော် သိုင်းကွက်၃ကွက်သာ ရှိနေပြီး အဆက်အစပ်မရှိနေရာ ကိုယ်တွယ်မှုမှားယွင်းသွားပါက အကျိုးရှိလိမ့်မည် မဟုတ်ပေ။ မလျော်ကန်စွာ ဖြစ်သလိုကြုံရာကျပန်း ဖန်တီးကျင့်ကြံလိုက်ခြင်းသည် ၎င်းသိုင်းကွက်များ၏ ကျွမ်းကျင်လှပစွာ ဖန်တီးထားသော စိတ်ကူးရင်းမြစ်ကို ဖျက်ဆီးပစ်လိုက်နိုင်၏။

ရည်မှန်းချက်၏ တိုက်တွန်းစေစားမှုကြောင့် ရွေးချယ်မှုတစ်ခုခုနှင့် ရင်ဆိုင်ရချိန်တွင် ပြစ်ချက်ရှိနေသော သိုင်းကျင့်စဉ်ကို ရွေးချယ်ကြပြီး မိမိကိုယ်ကိုယ် အခြားသူများနှင့် မတူကွဲပြား၍ အကြွင်းမဲ့နတ်ကျင့်စဉ်ကို ကျင့်ကြံနိုင်စွမ်းရှိသည်ဟု တွေးထင်နေကြသူများစွာကို ဖန်းရှစ်ကျုံး မြင်တွေ့ခဲ့ဖူးသည်။ အဆုံးသတ်တွင်တော့ ထိုလူများသည် လူအုပ်ကြီးနှင့် ထူးမခြားနားသော လူများအဖြစ်သာ အဆုံးသတ်သွားကြရပေသည်။

ဒါပေမဲ့ ကျိုစစ်ကရော ဘယ်လိုဖြစ်လိမ့်မလဲ။

ဖန်းရှစ်ကျုံး စဉ်းစားဆုံးဖြတ်လိုက်သည်။

ဘယ်လိုပဲဖြစ်ဖြစ် ဒီလူငယ်လေးက ငါ အထင်ကြီးတန်ဖိုးထားရတဲ့သူပဲလေ။ နည်းနည်းလောက် အကြံပေးလိုက်ရင် သူ့အတွက် အကူအညီဖြစ်နိုင်မှာပါ။

ဖန်းရှစ်ကျုံးသည် နောက်ဆက်တွဲသိုင်းကွက်မရှိသည့် ပြီးပြည့်စုံခြင်းမရှိသော သိုင်းကျမ်းများ သို့မဟုတ် အလားတူသိုင်းကျင့်စဉ်များကို ‌ကျင့်ကြံခြင်းဖြင့် ကြုံတွေ့ရနိုင်သည့် ဘေးအန္တရာယ်များကို ရှင်းပြသည်။ တစ်သက်တာလုံး သာမညောင်ညအဖြစ်သာ ကျန်ရစ်နေရခြင်း သို့မဟုတ် တစ်သက်တာလုံးတွင် ထူးခြားပြောင်မြောက်သော အောင်မြင်မှုမျိုး မရရှိခြင်းတို့ ဖြစ်နိုင်ကြောင်း ရှင်းပြခဲ့သည်။

ဖန်းရှစ်ကျုံး၏ ထိုစကားများသည် သူ့အတွက် ကောင်းစေချင်၍ဖြစ်ကြောင်း ချန်ကျဲ့နားလည်သည်။

သို့သော် ချန်ကျဲ့သည်တော့ ဖန်းရှစ်ကျုံးနှင့် အတွေးမတူပေ။ ချန်ကျဲ့သည် သူ၏ ကြီးမားလှသော အစီအစဉ်ကြီးအတွက် စဉ်းစားချိန်ဆနေခြင်း ဖြစ်သည်။ ၎င်းကို ဖန်းရှစ်ကျုံး နားမလည်နိုင်ပါချေ။

All Chapters