နတ်ကျင့်စဉ်ကို ဆည်းပူးခြင်း၊ အင်အား တစ်ဟုန်ထိုးမြင့်တက်ခြင်း_၅
Vol. 14 Ch. 186
သူခိုးမှ လျှို့ဝှက်သိုင်းကျမ်းကို ခိုးယူလုနီးတွင် နောက်ဆုံးစက်ယန္တရား အသက်ဝင်လာပြီး မီးစုန်းများ အစုလိုက်အပြုံလိုက် ထွက်လာလိမ့်မည်။ ထိလိုက်ပါက အဖြူရောင်မီးစုန်းများသည် ရုတ်ချည်း လောင်ကျွမ်းလိမ့်မည်ဖြစ်ပြီး သူခိုးများဟာလည်း ပြာကျသွားရပေလိမ့်မည်။
ထိုသို့ ခိုးမှုကာကွယ်ရေး ပြင်ဆင်ထားမှုများကြောင့် ကျမ်းစာစံအိမ်သည် တစ်ကြိမ်တစ်ခါမျှ ခိုးယူမခံရဖူးပေ။
သာမန်သူခိုးများသည်တော့ သတ္တိနည်းပါးကြမည်ဖြစ်ပြီး အတွင်းလူများသာလျှင် ထိုမျှအထိ သတ္တိရှိကြပေလိမ့်မည်။ ထိုသူတို့သည် နောက်ဆုံးစက်ယန္တရား၏ လျှို့ဝှက်နံပါတ်ကို မသိရှိသောကြောင့် ထိုစက်ယန္တရားပွင့်လာပြီး ဘာကိုမျှ မကာကွယ်နိုင်လိုက်ဘဲ ပြာမှုန်များအဖြစ်သာ ကျန်ရစ်ရမည်ဖြစ်ကြောင်း သိထားပေသည်။
ထို့ကြောင့် ထိုလျှို့ဝှက်သိုင်းကျမ်းများကို မည်သူမျှ ပေါ့ပေါ့တန်တန် ရယူရန် မတွေးဝံ့ကြဘဲ ထိန်းသိမ်းထားကြရသည်။
ချန်ကျဲ့သည် လှံသိုင်းသုံးကွက်ကို အလေးအနက်ထား မှတ်သားနေသည်။ သိုင်းကျမ်းသည် မပြီးပြည့်စုံသောကြောင့် အလျင်အမြန်ပင် မှတ်သားနိုင်ခဲ့၏။
တစ်နာရီခန့်အတွင်း၌ ချန်ကျဲ့သည် အများစုကို အလွတ်ရွတ်ဖတ်နိုင်လေပြီ။
သို့သော် ချန်ကျဲ့သည် ထွက်သွားရန် အလျင်မလိုပါ။ ထိုအစား စာလုံးတစ်လုံးတစ်လေသော်မျှ လွဲချော်မှုမရှိစေဘဲ စိတ်ထဲတွင် သေချာမှတ်သားပြီးဖြစ်စေရန် နာရီဝက်ခန့် ထပ်မံဖတ်နေခဲ့သည်။
ထို့နောက် ချန်ကျဲ့သည် ကျမ်းစာစံအိမ်မှ ထွက်ခွာခဲ့ပြီး လေ့ကျင့်ရေးကွင်းသို့ သွားခဲ့သည်။
အကြောင်းတိုက်ဆိုင်စွာပင် လေ့ကျင့်ကွင်းထဲတွင် လေ့ကျင့်ရန်ထားရှိသည့် လှံများရှိနေသည်။ ချန်ကျဲ့သည် စမ်းသပ်ကြည့်ရန် လှံတစ်ချောင်းကို ကောက်ယူလိုက်သည်။ အနည်းငယ်ပေါ့ပါးသည်ဟု ခံစားရသော်ငြား မကြာမီက သင်ယူထားခဲ့သည့် လှံသိုင်းသုံးကွက်ကို လေ့ကျင့်ရန်အတွက် ပြဿနာမရှိပေ။
“လေလွင့်ဝိဉာဉ်၊ ခွဲခွာခြင်း၊ အရိုးထိတိုင်သော လိုအင်ဆန္ဒ”
ထိုလှံသိုင်းကွက်များကို များများလေ့ကျင့်ခြင်းနှင့်အတူ ဤလှံသိုင်းကျင့်စဉ်၏ နက်နဲဆန်းကြယ်မှုကို ပိုမိုသိရှိလာရသည်။
“အတိဒုက္ခဆယ့်သုံးပါးလှံ”၏ သိုင်းကွက်တိုင်းကို စိတ်ခံစားချက်များဖြင့် ပေါင်းစည်းရသည်။
“ချင်းမင်ကျင့်စဉ်”မှ ဆင့်ကဲဖြစ်ပေါ်လာသည့် ”လေလွင့်ဝိဉာဉ်”သိုင်းကွက်မှအပြင်
“အရိုးထိတိုင်သော လိုအင်ဆန္ဒ”နှင့် “ခွဲခွာခြင်း”တို့သည်လည်း ထိပ်တန်းအဆင့်သိုင်းကွက်များ ဖြစ်ပေသည်။ လှံသိုင်းကျင့်စဉ်ထဲသို့ စိတ်ခံစားချက်များ စီးဝင်သွားသည်နှင့်တစ်ပြိုင်နက် သိုင်းကွက်များသည်လည်း အသက်ဝင်လာပေသည်။
ဤလှံသိုင်းကျင့်စဉ်ကို ဖန်တီးသူသည် သေချာပေါက် သိုင်းပညာရှင်ကြီးတစ်ဦးဖြစ်လိမ့်မည်ဟု ချန်ကျဲ့ အသိအမှတ်ပြုရပေမည်။
သူကြုံတွေ့ခဲ့ဖူးသည့် သိုင်းပညာရှင်များအားလုံး ပေါင်းစည်းလိုက်ခြင်းထက်ပင် ပို၍အဆင့်မြင့်လိမ့်မည်။
“အရိုးထိတိုင်သော လိုအင်ဆန္ဒ”သိုင်းကွက်၌ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးကြားရှိ ရိုးစင်းသည့်ချစ်ခြင်းမေတ္တာ ပါဝင်သည်။ သိုင်းကွက်များသည် ရှက်ရွံ့မှုနှင့် စူးစမ်းမှု၊ အဆုံးမဲ့ ရစ်ပတ်လိမ်လှည့်ခြင်းများ ပါဝင်သည်။
“လေလွင့်ဝိဉာဉ်”သည် “ချင်းမင်”၏အနှစ်သာရကို သယ်ဆောင်ထားပြီး ကွယ်လွန်ပြီးသော အကြီးအကဲများအတွက် ဝမ်းနည်းပူဆွေးခြင်း၊ ထူအသော ခွေးတစ်ကောင်ကို ရိုက်နှက်သည့် ခံစားချက်များဖြင့်– ဖော်ပြ၍မရနိုင်သော စိတ်ရှပ်ထွေးခြင်းခံစားချက်များ ပါဝင်နေသည်။
ထို့နောက် နောက်ဆုံးဖြစ်သည့် “ခွဲခွာခြင်း”
ဤသိုင်းကွက်သည် သဲကန္တာရ၏ကျယ်ပြောမှု၊ အဝေးတိုက်ပွဲနေရာများသို့ စေလွှတ်ခံထားရသော မိတ်ဆွေများ၏ ဝေးကွာမှု၊ ထာဝရခွဲခွာရခြင်းလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။ တွေ့ဆုံခြင်းမှာ ရှားပါးလှပြီး မလိုလားသည့် ခွဲခွာခြင်းခံစားချက်များ ပါဝင်သည်။ သိုင်းကွက်သည် ရက်စက်ကြမ်းကြုတ်ခြင်းမှ ရှုပ်ထွေးပွေလီသည့် လှည့်ကွက်များအဖြစ် ပြောင်းလဲသွားပြီး နားလည်ရခက်ခဲပြီး လျှို့ဝှက်နက်နဲသော နူးညံ့သည့် ဝမ်းနည်းပူဆွေးမှုများ ပါဝင်သည်။
ဤလှံသိုင်းကျင့်စဉ်၏ လောကအတွင်း နစ်မြုပ်နေခြင်းသည် ကျင့်ကြံသူ၏ စိတ်ခံစားချက်များကိုပါ သက်ရောက်မှုရှိနိုင်ပြီး ကြီးကျယ်ခမ်းနားလှစွာသော ကူးစက်တတ်သောစွမ်းအင်ကို ပိုင်ဆိုင်ပေသည်။
ချန်ကျဲ့ အရင်က ကြားဖူး၏။ သီချင်းကောင်းများတွင် ပြင်းထန်သော ကူးစက်တတ်သောစွမ်းအင်ရှိပြီး အံ့အားသင့်ဖွယ်ကောင်းလှစွာပင် ဤလှံသိုင်းကျမ်းသည်လည်း စိတ်ခံစားချက်များအပေါ် တူညီသည့်သက်ရောက်မှု ရှိပေသည်။
“ပဲနီစေ့များဖြင့် ထွင်းအပ်သော အန်စာတုံး၊ အရိုးထိ နက်ရှိုင်းစွာသော လိုအင်ဆန္ဒ၊ သိသည်ဖြစ်စေ မသိသည်ဖြစ်စေ ပထမလှံဟာ လိုအင်ဆန္ဒဖြစ်တယ်!”
“အိပ်မက်တွေဟာ အရုဏ်တက်၅ချက်မျာ ပြိုကွဲပျောက်ကွယ်တယ်၊ ဦးချိုခရာသံဟာ လမင်းကို လွင့်ထွက်စေတယ်၊ ဒုတိယမြောက် လှံဟာ လေလွင့်ဝိဉာဉ်ဖြစ်တယ်!”
“မြစ်ရေပြင်ထက်က နေဝင်ချိန်၊ အထီးကျန်မှု အငွေ့အသက်တွေဟာ တန်းတန်းမတ်မတ် အထက်ကိုပျံတက်သွားတယ်၊ မိုင်ထောင်ချီပျံသန်းတဲ့ ငန်းတွေဟာ ငမိတ်ဆွေဟောင်းကို အမှတ်ရလေတယ်၊ တတိယမြောက် လှံက ခွဲခွာခြင်းဖြစ်တယ်!”
သိုင်းကွက်သုံးကွက်ကို သရုပ်ဖော်ကြည့်ပြီးနောက်တွင် ချန်ကျဲ့၏စိတ်ခံစားချက်များ ရုတ်ချည်း ပြတ်တောက်သွားသည်။ ခံစားချက်များမှာ သည်းမခံနိုင်လောက်အောင်ဖြင့် ပြိုလဲလုနီးပါးပင်။ သို့သော် ကံကောင်းထောက်မစွာဖြင့် ယန်ချွမ်ကျင့်စဉ်သည် လျင်မြန်စွာ လှည့်ပတ်စီးဆင်းနေသောကြောင့် ခံစားချက်များကို ပြန်လည်တည်ငြိမ်စေခဲ့သည်။
မွေးစားအဖေမှ သူ့အား ဤသိုင်းကျမ်းကို မရွေးချယ်ရန် အကြံပေးခဲ့ခြင်းမှာ မထူးဆန်းတော့ပေ။
ဤရုတ်တရက်ဆန်သော ခံစားချက်များပြိုကွဲမှုသည် အမှန်တကယ်ပင် ရူးလောက်အောင် ပြင်းထန်၏။ ကျင့်ကြံသူသည် တစ်ကြိမ်၊ နှစ်ကြိမ်တော့ ကိုင်တွယ်နိုင်လိမ့်မည်။ သို့သော် အချိန်ရှည်ကြာလာပါက သေချာပေါက် ကျင့်ကြံသူ၏စိတ်ကို အားနည်းစေလိမ့်မည်။
စိတ်ဓာတ်ကျခြင်းကဲ့သို့သော စိတ်ရောဂါကိုပင် ဖြစ်စေလိမ့်မည်။
ကံကောင်းထောက်မစွာဖြင့် “လေလွင့်ဝိဉာဉ်”သည် ယန်ချွမ်ကျင့်စဉ်နှင့် အဆက်အနွယ်တစ်ခုတည်းမှ ဆင်းသက်လာခြင်းဖြစ်သည်။ ထို့ကြောင့် လေ့ကျင့်နေစဉ်တွင် ချန်ကျဲ့သည် “လေလွင့်ဝိဥာဉ်”ကို သိုင်းကွက်သုံးကွက်တွင် နောက်ဆုံးအကွက်အဖြစ် အသုံးပြုရန် ကြိုးစားသည်။ ထို့နောက် ယန်ချွန်ကျင့်စဉ်နှင့် ဖြေရှင်းရာ ပို၍ခံနိုင်ရည်ရှိစေသည်။
စိတ်ခံစားချက်များ ဆက်လက်ဖြစ်ပေါ်ပြိုကွဲနေခြင်း မရှိစေတော့သည့်တိုင် အနည်းဆုံးတော့ ရုတ်တရက် ထိတ်လန့်ချောက်ချားမှုကို ကာကွယ်ပေးခြင်းဖြင့် အဆင်ပြေချောမွေ့စေသည်။
“အတိဒုက္ခဆယ့်သုံးပါးလှံ”ကို လေ့ကျင့်ပြီးနောက် ချန်ကျဲ့သည် ပြီးပြည့်စုံသည့် သိုင်းကွက်၁၃ကွက်လုံးကို စိတ်ဝင်စားမိလာသည်။
သိုင်းကွက်၁၃ကွက်လုံးသာ ပြည့်စုံသွားရင် ဘယ်လောက်တောင် အင်အားကြီးမားလိုက်မလဲ!
တစ်နေ့နေ့တွင် သိုင်းကွက်၁၃ကွက်လုံး ပြည့်စုံအောင် စုဆောင်းနိုင်ရမည်ဟု ချန်ကျဲ့ စိတ်ထဲမှတွေးလိုက်သည်။
ချန်ကျဲ့သည် ညနေခင်းအထိ မရပ်မနား လေ့ကျင့်နေခဲ့ပြီးနောက် မိမိ၏စွမ်းရည်ဇယားကို ဖွင့်ကြည့်လိုက်သည်။
ဇယား :
[ချန်ကျဲ့]
[ကျင့်ကြံဆင့် : ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်]
[ကျင့်စဉ် : ယန်ချွမ်ကျင့်စဉ် (တတ်မြောက်ခြင်းအဆင့်)၊ ရေထိန်းချုပ်လက်ဝါးသိုင်း (တတ်မြောက်ခြင်းအဆင့်)၊ အတိဒုက္ခဆယ့်သုံးပါးလှံ (အခြေခံအဆင့်)၊ ဘိုးဘေးကြီးလက်ဝါးသိုင်း (အောင်မြင်မှုငယ်အဆင့်)]
[သုံးသပ်ချက် : သင် နောက်ထပ် သင့်တင့်လျောက်ပတ်တဲ့ သိုင်းပညာတစ်ခုကို သင်ယူခဲ့ပုံရပါတယ်။ အဲဒါက မပြည့်စုံနေတာတော့ နှမြောစရာပါပဲ~]
ချန်ကျဲ့သည် သုံးသပ်ချက်ကိုကြည့်၍ အချိန်အတော်ကြာ အံ့ဩနေမိခဲ့သည်။
မပြည့်စုံလို့ နှမြောစရာ? မင်းဘယ်သူ့ကို လှောင်နေတာလဲကွ။ မပြည့်စုံလည်း ငါလိုချင်တယ် ဘာဖြစ်တုန်း?
ထို့ပြင် ဘိုးဘေးကြီးလက်သီးသိုင်းသည် သူ၏သိုင်းပညာတိုးတက်မှုနှင့် ဟန်ချက်မညီနိုင်တော့ပေ။ ချန်ကျဲ့လည်း မလေ့ကျင့်သည်မှာ ကြာမြင့်နေပြီဖြစ်သောကြောင့် တိုးတက်မှု လုံးဝ မရှိလုနီးပါးပင်။
ယန်ချွမ်ကျင့်စဉ်နှင့် ရေထိန်းချုပ်လက်ဝါးသိုင်းတို့သည်တော့ ပုံမှန်တိုးတက်နေကြသည်။
ဒါပေမဲ့ အတိဒုက္ခဆယ့်သုံးပါးလှံရဲ့ တိုးတက်မှုက နည်းနည်းလေး မြန်လွန်းနေတယ် မဟုတ်ဘူးလား!
သူ အခုတစ်နေ့ခင်းလေးပဲ လေ့ကျင့်လိုက်တာ အခြေခံအဆင့်ကို ရောက်သွားပြီ။
ယန်ချွမ်ကျင့်စဉ်၏ လွှမ်းမိုးမှုကြောင့်လော သို့မဟုတ် လေ့ကျင့်မှုတွင် စိတ်ခံစားချက်များ ပါဝင်သောကြောင့်လော မသိပေ။ လျင်မြန်စွာ တိုးတက်သွားခဲ့သည်။
အချိန်နောက်ကျနေပြီဖြစ်ကြောင်း သတိထားမိသောကြောင့် အစောင့်တစ်ယောက်သည် စားစရာများသယ်ယူ၍ ရောက်လာသည်။
“သခင်၅ သခင် ဒီနေ့အတွက် လေ့ကျင့်တာလုံလောက်ပါပြီ၊ အလွန်အကျွံမဖြစ်အောင် ထိန်းချုပ်နိုင်ဖို့က အဓိကသော့ချက်ပါပဲလို့ ခန်းမအရှင်သခင်က ပြောလိုက်ပါတယ်။ သခင်၅ သုံးဆောင်ပြီးသွားရင် မိသားစုဆီ သွားကြည့်လိုက်ပါ။ လေ့ကျင့်ဖို့ အလျင်မလိုပါနဲ့တဲ့”
ချန်ကျဲ့မှ ပြန်ပြောသည်။
“ဒီက ညီနောင်ကို ကျေးဇူးတင်ပါတယ်။ ကျွန်တော် တကယ်တော့ အရမ်းဗိုက်ဆာနေတာ။ ဒါနဲ့ ကျွန်တော့်မွေးစားအဖေ ဘယ်မှာလဲဗျ”
“အို ခန်းမအရှင်သခင်က စားသောက်ရင်း ဖျော်ဖြေမှုနားဆင်ဖို့ သွားပါတယ်။ ဒီနေ့ တောင်ပိုင်းပြဇာတ်အဖွဲ့က နွေဦးလေပြေပြဇာတ်ရုံမှာ ဖျော်ဖြေနေပါတယ်”
မြို့၏လူချမ်းသာများသည် ဘဝကို မည်သို့ပျော်မွေ့ခံစားရမည်ကို သေချာသိသည်ဟု ချန်ကျဲ့တွေးလိုက်ပြီး ခေါင်းညိတ်လိုက်သည်။ ဤနေရာရှိ နေ့စဉ်ဘဝသည် တိုက်ခိုက်ကြရုံမကပေ။ ပြဇာတ်နားထောင်ခြင်းလည်း ပါဝင်သည်။
ဤသို့အေးဆေးဇိမ်ကျသည့် ဘဝသည် လက်ရှိအချိန်တွင်တော့ ချန်ကျဲ့အနေဖြင့် လက်လှမ်းမမီနိုင်ပေ။
ချန်ကျဲ့ အစောင့်ယူလာပေးသည့် စားစရာများကို စားလိုက်သည်။ ဖန်းစံအိမ်တော်၏ စားစရာများသည် အတော်လေး ကောင်းမွန်၏။ ဂျုံဖြူပေါက်စီများ၊ နီရဲရဲ ဝက်သားနှပ်တို့နှင့် အလျှံပယ်ဖြစ်သည်။