နံပါတ်တစ်ရွက်လွှင့်သူ! ၃
Vol. 60 Ch. 899
ချင်းလင်အပန်းဖြေစံအိမ်_
ချင်လင်ကသူ့ရုံးခန်းထဲထိုင်နေသည်။ နေ့စဉ်တာဝန်များအပြီးသတ်ပြီးနောက် အင်တာနက်ပေါ်မှသတင်းများဖတ်လိုက်သည်။ ချင်းလင်ရွက်လွှင့်က ကြေးနီမြစ်ရွက်လွှင့်ထက်ပိုပြီးစိတ်ဝင်စားစရာကောင်းသည်ဆိုသောသတင်းကို သူလည်းတွေ့သည်။
သတင်းကို သူသံသယမရှိ။ ပြည်သူ့အမြင်ကရှင်းသည်ဟုသာပြောရမည်။
+၃ အရည်အသွေးကြောင့် ကြေးနီမြစ်က သူ့ထက်ပိုပြီးပျော်စရာကောင်းတယ်ဆိုရင်သာ ကြေးနီမြစ်ကလှည့်ကွက်သုံးသည့်သဘောပင်။
တစ်ဖက်တွင် ချူယဲ့ကလည်း သူ့သူငယ်ချင်းများကို ရွက်လွှင့်ပရောဂျက်ဆီခေါ်လာသည်။
ချင်းလင်စံအိမ်မှတခြားပရောဂျက်များကိုစိတ်မဝင်စားသောကြောင့် ရွက်လွှင့်သည့်နေရာတန်းသွားလိုက်သည်။ သို့ရာတွင် သူရောက်သောအခါ သူ့ရှေ့တွင်လူတန်းရှည်ကြီးရှိနေပြီး စည်ကားကြပ်သိပ်နေသည်။
ရွက်လွှင့်နေရာမှာ ဒီလောက်စည်ကားတာမျိုးမြင်ဖူးတာ ဒါပထမဆုံးပင်။
ရွက်လွှင့်တာ ပျော်စရာကောင်းပေမဲ့ အကုန်လုံးတပြိုင်တည်းလာဖို့တော့ မလိုဘူးမလား?
"ဒီချင်းလင်ရွက်လွှင့်က အရမ်းပျော်စရာကောင်းတာ... မနေ့ညကစီးပြီးတော့ မနေနိုင်လို့ထပ်လာတာ''
"အင်း... မနေ့က ကစားပြီးတော့ ဟာတာတာနဲ့... ဒီလိုစိတ်လွတ်လက်လွတ် မကစားရတာကြာပြီ''
"လူအကြာကြီးစောင့်နေရတာတစ်ခုပဲ... ဟင်း!''
"……"
သူတို့စကားဝိုင်းကို ပတ်ပတ်လည်မှခရီးသည်များစိတ်ဝင်စားပြီး လှမ်းကြည့်ကြသည်။ ပြောနေတဲ့သူတွေက မနေ့ကလာဖူးပုံရသည်။
ချူယဲ့တို့လည်းကြားပြီး တိုးတိုးတိုးတိုးပြောကြသည်။
"ကြည့်ရတာ ချင်းလင်ရွက်လွှင့်က သူတို့ကိုယ်သူတို့အမွှမ်းတင်နေတာထင်တယ်... သူတို့နည်းက မပိရိလိုက်တာ... ဒီလူတွေချီးကျူးနေပုံက ဟန်ဆောင်နေမှန်းအသိသာကြီး''
"အမှန်ပဲ... ဒါပေမဲ့ အဲဒီမပိရိတဲ့နည်းတွေက အသုံးဝင်နေတာ... မဟုတ်ရင် ဒီလောက်လူများပါ့မလား''
"သူ့နည်းတွေက မပိရိပေမဲ့ ပိုပြီးစည်ကားလာတယ်ဆိုတော့ သူကံကောင်းနေတာထင်တယ်!''
"……"
ချူယဲ့က သူ့သူငယ်ချင်းများစကားကိုထောက်ခံလိုက်သည်။ သူလည်း ဒါကြံစည်ထားတာဟုထင်သည်။ ဒီရွက်လွှင့်ကို နည်းနည်းစိတ်ပျက်လာသလိုလို။
တစ်ဖက်ကအွန်လိုင်းမှာ ကြေးနီမြစ်ကိုနင်းပြီးကြော်ငြာထားပုံကလည်း မရိုးမဖြောင့်နှင့်။
အင်တာနက်ပေါ်ကသတင်းတွေနောက်ကွယ်မှာ တစ်ယောက်ယောက်ရှိလိမ့်မည်။ ဒါကောင်းတဲ့ကိစ္စမဟုတ်။
ဒီလိုသာဆို ဒီမှာရွက်လွှင့်ကြည့်ပြီးရင် အပြစ်အနာအဆာတွေကိုချရေးပြီး ဖိုရမ်မှာပြောရမည်။
ချူယဲ့ကအကြာကြီးတန်းစီရပြီးမှ လက်မှတ်စစ်ချိန်ရောက်လာသည်။ ထို့နောက် လုံခြုံရေးဦးထုပ်၊ အသက်ကယ်အင်္ကျီများဝတ်ပြီး ကယက်လှေမှာတန်းစီရသည်။
သို့ရာတွင် ကယက်လှေက ပထမလျှောစောက်ထဲဝင်ပြီးရေများစင်သောအခါ ချူယဲ့အငွေ့အသက်တစ်ခုကိုခံစားရသည်။ ကယက်လှေပေါ်မှခရီးသည်များမှာ အချိန်ကောင်းရောက်နေကြသည်။
နောက်ပြီး လူတိုင်းက အူလှိုက်သည်းလှိုက်ရယ်ကြ၏။ သူတို့အပျော်က ကူးစက်လာသည်။
ရေထဲပျော်ခြင်း +၃ အရည်အသွေးအပြင် ရေထဲကလေးလိုပျော်ခြင်း +၃ ကြောင့် သူလည်းအာနိသင်သက်ရောက်လာပြီး တခြားအရာများကိုမေ့သွားတော့သည်။
ခရီးသည်တစ်ဦးဆီမှ မတော်တဆသူ့ကိုရေစင်သောအခါ သူကကစားချင်လာပြီး လှော်တက်နှင့်ပြန်ပက်သည်။ သိသိမသိသိ ဂရုစိုက်မနေ။
ဒါက ရွက်လွှင့်ရတဲ့အပျော်တစ်မျိုး။
ထိုအချိန်တွင် သူ့သူငယ်ချင်းများလည်းအတူတူပင်။
+၃ အရည်အသွေးလွှမ်းမိုးမှုကြောင့် တချိန်လုံးဆက်ကစားကြသည်။ စိတ်လွတ်သွားမတတ် ပျော်ကြ၏။
ချူယဲ့မှာ ချင်းလင်ရွက်လွှင့်အကြောင်းမှတ်တမ်းတင်ထားရမည်ကိုပင်မေ့လျော့နေသည်။
သုံးနာရီကြာပြီးနောက် ချူယဲ့တို့အုပ်စု အဆုံးမှတ်နေရာရောက်ပြီး ကမ်းပေါ်တက်ကြသည်။
ကမ်းပေါ်ရောက်ရောက်ချင်း +၃ အရည်အသွေးကပျောက်သွားလေသည်။ ချူယဲ့က ချက်ချင်းဟာတာတာဖြစ်သွားသည်။
သူနှစ်နှစ်ကာကာချစ်သောမိန်းကလေးနှင့် ရုတ်တရက်လမ်းခွဲလိုက်ရသလိုပင်။ သူမနှင့်ပြန်မတွေ့ရမှာ ထိတ်လန့်မိသည်။
ချူယဲ့ ရုတ်တရက်ကြောင်သွား၏။
သူလုံးဝစိတ်နစ်ဝင်သွားပြီး မြစ်အကြောင်းမှတ်တမ်းတင်ဖို့တောင် မေ့ခဲ့ပြီ!